"ဝါး... မိုက်လိုက်တာ၊ တကယ့်ကို အံ့ဩဖို့ကောင်းတယ်"
လျှိုခယ်က သက်ပြင်းချရင်း ဝမ်းသာအားရ လက်ခုပ်တီးကာ အားပေးတော့မလိုပင်။
ကျန်းရှောင် နှင့် ကျူဝမ် တို့ အပြန်အလှန် တိုက်ခိုက်နေကြသည်ကို သူမ အံ့အားသင့်စွာ ကြည့်နေမိသည်။
"နေဦး၊ နေဦး"
ကျန်းရှောင်က နောက်တစ်လှမ်းဆုတ်ကာ ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်ဖြင့် အမောတကော အသက်ရှူနေရသည်။
ကွာခြားချက်က အလွန်ကြီးမားလှ၏။
ကျန်းရှောင်အနေဖြင့် ကြယ်တာရာ အတတ်ပညာများ၏ အကူအညီမပါဘဲ ကျူဝမ်ကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။
အပြင်ပန်းတွင် တိုက်ပွဲက ပြင်းထန်ပြီး အပြန်အလှန် ထိုးနှက်နေကြသည်ဟု ထင်ရသော်လည်း၊ ကျန်းရှောင်ကိုယ်တိုင်မူ သူသည် အလွန်အမင်း နိမ့်ပါးနေကြောင်း ခံစားမိသည်။
ကျူဝမ်သည် ငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့ခြင်းဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
သူသည် Kickboxing စတိုင်ဖြင့် စတင်ခဲ့သော်လည်း၊ တဖြည်းဖြည်းနှင့် အခြားသော ရိုးရာသိုင်းပညာရပ်မျိုးစုံကို ထုတ်ဖော်ပြသလာခဲ့သည်။
သူသာ ကြယ်တာရာစွမ်းအားကို အသုံးပြုမည်ဆိုလျှင် အမှန်တကယ် ထူးကဲသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူ၏ ကန်ချက်များကလည်း အလွန်ကောင်းမွန်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်"
ကျူဝမ်က ကျူဝူကို ကြည့်ပြီးနောက်၊ Eurasian အလှလေးဖြစ်သူ ရီလျန်နာ ကို လှည့်ကြည့်လိုက်သည်။
ကျူဝူက ခေါင်းညိတ်ရင်း တွေးလိုက်မိသည်။
'အမှန်ပဲ၊ အထက်တန်းကျောင်းသားတွေအပေါ် အများကြီး မျှော်လင့်ထားလို့ မရဘူး'
ဒါပေမဲ့ တုံ့ပြန်မှုတစ်ခုတည်းကို ကြည့်ရင်တောင် သူတို့အတန်းကို ပြောင်းလာတဲ့ ကျောင်းသားတွေက ကျန်းရှောင်ထက် သာချင်မှသာလိမ့်မယ်။
ညီအစ်ကိုနှစ်ယောက်၏ ထောက်ခံမှုကို ရရှိပြီးနောက်၊ တိတ်ဆိတ်နေသော ရီလျန်နာက နောက်ဆုံးတွင် စကားပြောလာသည်။
အဖွဲ့အတွင်း တာဝန်ခွဲဝေမှုက တော်တော်လေး ရှင်းလင်းသည်။
"ဟေး၊ အတန်းဖော်ကျန်း၊ ငါ့နာမည်က ရီလျန်နာပါ" ဟု အနောက်တိုင်းရုပ်ပေါက်နေသော ထိုမိန်းကလေးက ပြုံးလျက် ပြောလိုက်သည်။
အနောက်တိုင်းသူနှင့်တူသော မိန်းကလေးတစ်ယောက်က တရုတ်စကားကို ပီပီသသ ပြောနေခြင်းမှာ ထူးဆန်းသလို ခံစားရ၏။
"မင်းရဲ့ မျိုးရိုးနာမည်က ဘာလဲ"
ကျန်းရှောင်က မေးလိုက်သည်။
သူသည် စစ်ပညာသင်တန်း နောက်ကျခဲ့သဖြင့် အဖွဲ့ဝင်ရန် ခက်ခဲမည်ဟု ထင်ထားသော်လည်း၊ ယခုကဲ့သို့ အားကောင်းသော အဖွဲ့နှင့် ဆုံရခြင်းမှာ ကံကောင်းခြင်းပင်ဟု တွေးနေမိသည်။
အကယ်၍ သူသည် အတန်း (၂) ကိုယ်စားပြု တိုက်ပွဲဝင်လိုပါက၊ အတန်း (၂) ထဲတွင် ထင်ပေါ်နေရန် ဦးစွာ လိုအပ်သည်။
"ရီ လေ၊ ငါ့အဖေရဲ့ မျိုးရိုးနာမည်က 'ရီ' ပါ" ဟု ရီလျန်နာက ပြုံးလျက် ပြန်ဖြေသည်။
ကျန်းရှောင်က "ဩော်၊ မင်းနာမည်က အနောက်တိုင်းနာမည်ကို အသံလှယ်ထားတာလို့ ငါထင်နေတာ"
"ရီ ဆိုတဲ့ မျိုးရိုးက သိပ်မတွေ့ရဘူးနော်" ဟု ဆိုသည်။
ရီလျန်နာက "ဒါက 'မျိုးရိုးအမည်တစ်ရာ' စာအုပ်ထဲမှာ ပါတယ်လေ"
"ရှန်မင်းဆက်က ဝန်ကြီး ရီရင် အကြောင်း မကြားဖူးဘူးလား" ဟု ပြန်ပြောသည်။
ကျန်းရှောင်က "အားနာပါတယ်၊ ငါမသိလို့ပါ" ဟု တောင်းပန်လိုက်သည်။
ရီလျန်နာသည် တရုတ်နိုင်ငံသားဖြစ်သော်လည်း အနောက်တိုင်းရုပ်သွင် ရှိသည်။
သူမက သူ့ကို တရုတ်ယဉ်ကျေးမှုအကြောင်း ပြန်သင်ပေးနေခြင်းကို ကျန်းရှောင် ထူးဆန်းစွာ ခံစားနေရသည်။
"ဟီးဟီး၊ ငါ့မိသားစုက အသံလှယ်ရတာ လွယ်
မယ့်နာမည်ကို ရည်ရွယ်ချက်ရှိရှိ ရွေးပေးခဲ့တာ၊ ဒါကြောင့် လျန်နာ လို့ ပေးခဲ့တာပေါ့"
"ငါ့အမေဘက်က အမျိုးတွေ ခေါ်ရလွယ်
အောင်လို့လေ" ဟု ရီလျန်နာ (အသံထွက်မှာ အီလီနာ နှင့် ဆင်တူသည်) က ပြုံးလျက် ရှင်းပြသည်။
"ဩော်..."
ကျန်းရှောင်က ခေါင်းညိတ်လိုက်သည်။
ကျန်းရှောင်က ထိုမျှနှင့် ရပ်သွားသဖြင့် အခြေအနေမှာ ရုတ်တရက် အနေခက်သွားသည်။
ချစ်စရာ ကလေးမလေး လျှိုခယ်က တိုးတိုးလေး မှတ်ချက်ချသည်။
"စကားပြော ကောင်းလိုက်တာနော် (ရွဲ့ပြောခြင်း)"
ကျန်းရှောင်က သတိပြန်ဝင်လာပြီး မေးလိုက်
သည်။
"မင်းတို့အဖွဲ့မှာ လူလိုနေတာလား၊ မင်းတို့က လေးယောက် ရှိနေပြီ မဟုတ်ဘူးလား"
လျှိုခယ်က အလန့်တကြား ပြောလိုက်သည်။
"ငါက လူစာရင်းပြည့်အောင် လာဖြည့်ပေးတာပါ"
"ငါက မတိုက်နိုင်ဘူး၊ ကျောင်းက ငါ့ကို ကြယ်တာရာပုတီးစေ့တွေ ပေးပေမဲ့ ငါက ပေါက်ကွဲစေသော မီးလျှံ အတတ်ပညာကို မရခဲ့ဘူး"
"ကျောင်းက ပုတီးစေ့တွေပါ ပေးတာလား"
ကျန်းရှောင်က အံ့အားသင့်ကာ အသံကျယ်သွားသည်။
"ဒါပေါ့၊ ဟုတ်သားပဲ၊ မင်းက မနေ့ကမှ ရောက်တာဆိုတော့ ပုတီးစေ့ဝေတဲ့ အချိန်ကို လွတ်သွားတာပေါ့" ဟု လျှိုခယ်က ပါးစပ်ကလေးပိတ်ကာ တခိခိ ရယ်မောရင်း ပြောသည်။
ရီလျန်နာက ရှင်းပြသည်။
"စစ်ပညာသင်တန်း အစမှာ ကျောင်းက လူတိုင်းရဲ့ ကြယ်တာရာမြေပုံအလိုက် ပုတီးစေ့တွေ ဝေပေးတယ်"
"တိုက်ခိုက်ရေး မြေပုံရှိသူတွေကို ပုတီးစေ့ ၃ စေ့ ပေးပြီး၊ စည်းမျဉ်း မြေပုံရှိသူတွေကို လာဗာ ဘီလူးဖြူပုတီးစေ့ တစ်စေ့စီ ပေးတယ်"
'လာဗာ ဘီလူးဖြူပုတီးစေ့လား'
'မီးတောင်ထဲက သီးခြာဒကမ္ဘာသတ္တဝါတွေလား'
လာဗာ ဘီလူးဖြူပုတီးစေ့တွေက ငွေအဆင့် ဖြစ်ပြီး၊ ဘီလူးဖြူပုတီးစေ့တွေက ကြေးဝါအဆင့်သာ ဖြစ်သည်။
နှစ်မျိုးလုံးမှာ ပေကျန်းဒေသထွက် အခြေခံစွမ်းရည်များ ဖြစ်သော်လည်း၊ အရည်အသွေးချင်း အလွန်ကွာခြားသည်။
"ထူးခြားတဲ့ ကြယ်တာရာမြေပုံရှိတဲ့ ကျောင်းသားအနည်းငယ်ကိုတော့ ဘီလူးဖြူစုန်းမ ပုတီးစေ့တွေ ပေးတယ်"
"ကံမကောင်းတာက ဘယ်သူမှ ဆေးကုသရေး အတတ်ပညာ မနိုးထလာကြဘူး"
ရီလျန်နာက ကျန်းရှောင်ကို စိုက်ကြည့်ရင်း မေးသည်။
"မင်းက ဆေးကုသရေးသမားလို့ ပြောနေတော့၊ အခြေခံကုသရေးစွမ်းရည် တစ်ခုခုတော့ ရှိမှာပေါ့"
"ဘာလဲ၊ ကောင်းချီးပေးခြင်း လား"
"အင်း၊ ဟုတ်တယ်"
ကျန်းရှောင်က ခေါင်းညိတ်ဝန်ခံသည်။
"ဟာ..ဘီလူးဖြူစုန်းမ ပုတီးစေ့တွေပေါ့"
လျှိုခယ်က မနာလိုစိတ်ဖြင့် ပြောလိုက်သည်။
ဘီလူးဖြူစုန်းမ ပုတီးစေ့ဆိုသည်မှာ အလွန်အဖိုးတန်သည်။
သူမ တွေးလိုက်မိသည်မှာ...သူသည် ထိုပုတီးစေ့ကို မိသားစုထံမှ ရခြင်းဖြစ်စေ၊ သို့မဟုတ် နှင်းတောထဲတွင် အသက်နှင့်ရင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ လျှိုခယ်အတွက်မူ မနာလိုစရာပင်။
"ဟား...ငါ နှင်းတောထဲကို အခေါက်အနည်းငယ် ရောက်ဖူးပါတယ်"
ကျန်းရှောင်က ပြုံးလျက် ဆိုသည်။
"ဩော်"
ကျူဝမ်က မျက်လုံးများ တောက်ပသွားပြီး "မင်း ကျွမ်းကျင်တာက လေ့ကျင့်တာ မဟုတ်ဘဲ ရန်သူကို သတ်ဖြတ်တာ ဖြစ်ပုံရတယ်" ဟု ဆိုသည်။
"အေးဆေးပါ၊ အေးဆေးပါ" ကျန်းရှောင်က ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သည်။
"လက်မှာ သွေးစွန်းဖူးတဲ့လူတွေကို ငါ သဘောကျတယ်"
"မင်းက ဟို မိန်းမလျာတွေထက် အဆပေါင်းများစွာ သာပါတယ်" ဟု ညီဖြစ်သူ ကျူဝူက ပြောသည်။
ကျန်းရှောင်က "အဟမ်း..." ဟု လည်ချောင်းဟန့်လိုက်သည်။
"ညီအစ်ကို၊ မင်းမှာ ကြယ်တာရာ နေရာ ဘယ်နှခုရှိလဲ၊ အတတ်ပညာရော ဘယ်နှခုရှိလဲ"
ကျူဝမ်က မေးလိုက်ပြီးနောက် ဆက်ပြောသည်။
"ငါ့မှာ ကြယ်တာရာ နေရာ၂၀ ရှိပြီး၊ ကြေးဝါအဆင့် အတတ်ပညာ နှစ်ခု ဖြစ်တဲ့ အစိမ်းရောင်အလင်းတန်း နဲ့ ခံနိုင်ရည် ရှိတယ်"
ညီဖြစ်သူ ကျူဝူကလည်း "ငါလည်း အတူတူပဲ၊ ကြယ်တာရာ နေရာ၂၀ နဲ့ စွမ်းရည်နှစ်ခု ရှိတယ်"
"ငါတို့နှစ်ယောက်လုံးက ကြယ်မှုန်အဆင့်ရဲ့ အစောပိုင်းမှာ ရှိနေတာ" ဟု ဆိုသည်။
'ကြယ်မှုန်အဆင့် အစောပိုင်းလား'
ကျန်းရှောင်၏ အတွင်းပိုင်း ကြယ်တာရာမြေပုံအရ ဆိုလျှင် သူတို့၏ အဆင့်မှာ ၀ မှ ၃ အတွင်း ရှိပေလိမ့်မည်။
ကြယ်တာရာ နေရာ ၂၀ သာ ရှိသော်လည်း သူတို့သည် အတန်း (၂) ထဲ ရောက်နေကြပြီ။
ကြယ်တာရာ နေရာ ၁၉ ခု ရှိသည်ဆိုသော ဝတုတ်ကြီး လျှိုပုဖန်ကဲ့သို့ပင်။
ကြယ်တာရာ နေရာ ၂၀ ပြည့်သူများကို အရည်အချင်းကောင်းသူများဟု သတ်မှတ်ပုံရသည်။
သာမန်အရည်အချင်းရှိသူများတွင် ကြယ်တာရာ နေရာ ၁၅ ခုသာ ရှိတတ်ကြောင်း ကျန်းရှောင် သိထားသည်။
၁၅ ခုအောက်ဆိုလျှင် အရည်အချင်းညံ့သူဟု သတ်မှတ်ခံရပြီး၊ ၁၅ ခုအထက်ဆိုလျှင် နေရာ တစ်ခု တိုးတိုင်း ပါရမီတစ်ခု တိုးသည်ဟု ဆိုနိုင်သည်။
၂၀ ထိ ရောက်ခြင်းမှာ သိသာထင်ရှားသော စွမ်းဆောင်ရည်ဖြစ်သည်။
ကျန်းရှောင်သည် ရှယန် နှင့် ဟန်ကျန်းရွှယ်တို့ကို သတိရသွားသည်။
သူတို့တွင် ကြယ်တာရာ နေရာ ၂၈ ခုနှင့် ၃၀ အသီးသီး ရှိကြရာ၊ သူတို့သည် မည်မျှအစွမ်းထက်ကြောင်း ယခုမှ သိနားလည်တော့သည်။
သူတို့က တကယ့်ကို ထူးချွန်သူတွေပဲ။
ရီလျန်နာက သူမ၏ တိုတောင်းသော ဆံပင်ညိုလေးများကို သပ်ရင်း နေရောင်အောက်တွင် လှပစွာ ပြောလိုက်သည်။
"သူတို့ နှစ်ယောက်လုံးရဲ့ ကြယ်တာရာမြေပုံက လက်သီးဆုပ်ပုံစံလေ"
ညီဖြစ်သူက အမြဲလိုလို အရှုံးမပေးလိုစွာဖြင့်....
"အဲဒီလက်သီးက ထိုးအိတ်လောက်ကို ကြီးတာ" ဟု အော်ပြောသည်။
ရီလျန်နာက သက်ပြင်းချရင်း "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"
"ငါက ကြယ်မှုန်အဆင့်မှာပဲ ရှိသေးပြီး ကြယ်တာရာ နေရာ ၄ ခု ပြည့်သွားပြီ"
"ထူးထူးခြားခြားတော့ မရှိပါဘူး။ ငါ့မှာ အစိမ်းရောင်အလင်းတန်း၊ ခံနိုင်ရည်၊ လောင်ကျွမ်းစေသောမီးလျှံ နဲ့ ပေါက်ကွဲစေသောမီးလျှံပဲ ရှိတယ်"
"ဩော်၊ ငါ့မြေပုံကတော့ လက်နှစ်ဖက်သုံး မှော်တုတ်တံပုံစံ၊ ကြယ်တာရာ နေရာ ၂၁ ခု ရှိတယ်" ဟု ဆိုသည်။
ကြေးဝါအဆင့် စွမ်းရည်များကို ဖယ်ထားလျှင်ပင်၊ သူမ၏ ငွေအဆင့်စွမ်းရည်နှစ်ခုမှာ လာဗာ ဘီလူးဖြူပုတီးစေ့များမှ ရရှိခြင်းဖြစ်ပြီး တစ်စေ့လျှင် ယွမ် ၃,၀၀၀ ခန့် တန်ဖိုးရှိသည်။
ဒီကောင်မလေးက ကိုယ်တိုင်ရှာထားတာလား၊ သူ့မိသားစုက ဝယ်ပေးတာလား ဟု ကျန်းရှောင် တွေးနေမိသည်။
ရှယန်နှင့် ဟန်ကျန်းရွှယ်တို့တွင်လည်း ထိုစွမ်းရည်များ ရှိသဖြင့် သူ ရင်းနှီးပြီးသားဖြစ်သည်။
ထိုစွမ်းရည်များသည် အသားထူသော သားရဲများကိုပင် ဒုက္ခပေးနိုင်ရာ၊ အထက်တန်းကျောင်းသားများအတွက်မူ အလွန်အစွမ်းထက်လှ၏။
ရီလျန်နာသည် အနည်းဆုံးတော့ ယခုအချိန်တွင် အလွန်ပင် လွှမ်းမိုးထားနိုင်သူဖြစ်သည်။
ကြယ်မှုန်အဆင့်ရှိ နိုးထသူများသည် စွမ်းရည် ၄ ခုအထိသာ ရနိုင်သဖြင့်၊ ရီလျန်နာတွင် ကြယ်တာရာ နေရာ၂၁ ခု ရှိသော်လည်း သူမ၏ စွမ်းအားကို အဆင့်မြှင့်မရသေးပါက အပိုပင်ဖြစ်သည်။
သူမ၏ စွမ်းရည်ပေါင်းစပ်မှုမှာ ပေကျန်းဒေသ နိုးထသူများအတွက် အသက်သာဆုံးနှင့် လက်တွေ့အကျဆုံး ပေါင်းစပ်မှုဖြစ်သည်။
ထူးခြားသည်မှာ ကျူညီအစ်ကိုများသည် ငွေအဆင့်စွမ်းရည်များကို မယူထားခြင်းပင်။
သူတို့တွင် ပုတီးစေ့ဝယ်ရန် ပိုက်ဆံရှိမည်မှာ သေချာသော်လည်း၊ သူတို့၏ မိသားစုက သူတို့အတွက် နေရာ တစ်ခုချင်းစီကို အနာဂတ်အတွက် သေချာစဉ်းစားပြီး စီစဉ်ပေးထားခြင်း ဖြစ်နိုင်ပေသည်။
ကျန်းရှောင်က နှုတ်ခမ်းဆူနေသော လျှိုခယ်ကို လှည့်ကြည့်လိုက်သည်။
"ငါ့မှာ ကြယ်တာရာ နေရာ ၁၈ ခုပဲရှိပြီး၊ အတတ်ပညာ ကတော့ လောင်ကျွမ်းသောမီးလျှံတစ်ခုပဲ ရှိတယ်"
"မိသားစုပိုက်ဆံတွေ အများကြီး ကုန်ခဲ့ပေမဲ့ ပေါက်ကွဲစေသောမီးလျှံ ကိုတော့ မရခဲ့ဘူး" ဟု သူမက ဆိုသည်။
"ရပါတယ် လျှိုခယ်၊ ကြိုးစားရင် တစ်နေ့ ရမှာပါ" ဟု ညီဖြစ်သူက အလန့်တကြား အားပေးလိုက်သည်။
"ဘယ်သူသိမှာလဲ"
လျှိုခယ်က သူ့အားပေးမှုကို သိပ်မမှု။
ရီလျန်နာက သူမလက်ကို ဆွဲလိုက်မှသာ သူမ စိတ်အာရုံပြန်ဝင်လာပြီး ညီဖြစ်သူကို ပြုံးပြလိုက်သည်။
သူ စိတ်မကောင်းမဖြစ်ရခင်မှာပင်၊ သူမ၏ ချစ်စရာကောင်းသော အပြုံးကြောင့် သူ စိတ်ဓာတ်များ ပြန်တက်ကြွသွားသည်။
"မင်းရော" ကျူဝမ်က မေးလိုက်သည်။
"ငါ့မှာ ကြယ်တာရာ နေရာ အများကြီးမရှိဘူး၊ အတိအကျပြောရရင် အရမ်းနည်းတယ်" ဟု ကျန်းရှောင်က ခဏစဉ်းစားပြီးမှ ရိုးရိုးသားသားပင် ပြောလိုက်သည်။
"နည်းတယ်၊ ဘယ်လောက်တောင် နည်းလို့လဲ"
ကျူဝူက အံ့ဩတကြီး မေးသည်။
"ကိုးခု" ကျန်းရှောင်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဖြေလိုက်သည်။
"ဗြူး..."
လျှိုခယ်က မအောင့်နိုင်ဘဲ ထူးဆန်းသော အသံတစ်ခု ထွက်သွားသည်။
"ကိုးခု" ညီဖြစ်သူ ကျူဝူက မှင်တက်သွားသည်။
"ကိုးခုလေ" ကျန်းရှောင်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"အလိုလေး..."
ကျူဝူက သူ့ခေါင်းနောက်စေ့ကို သူ ရိုက်လိုက်
မိသည်။
ကြယ်တာရာ နေရာဤမျှနည်းသောသူကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်သည်။
သူသည် ကြယ်တာရာ ၂၇ ခု၊ ၂၈ ခု ရှိသော ထူးချွန်သူများကို မြင်ဖူးသော်လည်း၊ ၉ ခုတည်းရှိသော အစွန်းရောက် လူညံ့ မျိုးကိုမူ မမြင်ဖူးပေ။
တစ်ဘက်က ကြည့်လျှင် ကျန်းရှောင်သည် ဟန်ကျန်းရွှယ်ကဲ့သို့ပင် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
"ဟေး၊ ကြယ်တာရာ နေရာတွေက အရေးမကြီးပါဘူး"
"စဉ်းစားကြည့်လေ၊ ငါတို့အားလုံးက ကြယ်မှုန်
အဆင့်မှာပဲ ရှိနေတာ"
"ငါ့မှာ ကြယ်တာရာ နေရာဘယ်လောက်ရှိရှိ အတတ်ပညာ ၄ ခုပဲ ရမှာ"
"ငါ့ရဲ့ အလားအလာကို ထားလိုက်ဦး၊ တိုက်ခိုက်
နိုင်စွမ်းကိုပဲ ကြည့်"
"ငါတို့ပန်းတိုင်က ပြိုင်ပွဲမှာ နိုင်ဖို့ မဟုတ်လား" ဟု ကျန်းရှောင်က သူ့ကိုယ်သူ ခုခံကာကွယ်ပြောဆိုလိုက်သည်။
"အဲဒါတော့ ဟုတ်သားပဲ"
အစ်ကိုဖြစ်သူ ကျူဝမ်က ခေါင်းညိတ်သည်။
"ညီအစ်ကိုရာ၊ မင်း နိုးထသူတစ်ယောက် ဖြစ်လာဖို့ တော်တော် ခက်ခဲခဲ့မှာပဲနော်"
ညီဖြစ်သူ ကျူဝူက ကျန်းရှောင်၏ ပုခုံးကို ပုတ်ရင်း သနားစရာကောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။
ကျန်းရှောင်က တိုးတိုးလေး ပြောလိုက်သည်။
"ငါ့မှာ အတတ်ပညာ ၃ ခု ရှိတယ်"
"အစိမ်းရောင်အလင်းတန်း၊ ကောင်းချီးပေးခြင်း နဲ့ ခေါင်းလောင်း တို့ပဲ"
"ငါ့မှာ ကြယ်တာရာ နေရာ နည်းချင်နည်းမယ်၊ ဒါပေမဲ့ မင်းတို့ကို ကုသပေးဖို့တော့ လုံလောက်ပါတယ်"
ကျူဝူ၏ လက်မှာ လေထဲတွင် တန့်သွားပြီး၊ သနားနေသော မျက်နှာမှာလည်း ရုတ်တရက် အနေခက်သော အမူအရာသို့ ပြောင်းလဲသွားသည်။
'ငါ ဘာတွေ လုပ်နေတာလဲ'
'လူကောင်ကြီးကြီး တစ်ယောက်ကို သနားနေတာလား'
'အတတ်ပညာ ၃ ခုတောင်'
'အရည်အသွေးမြင့် စွမ်းရည်တွေ'
ခေါင်းလောင်း ဆိုသည်မှ
ာ စစ်မှန်သော ငွေအဆင့် အတတ်ပညာ ဖြစ်သည်။
ဤကလေးသည် ဆေးကုသရေးသမား ဖြစ်ရုံသာမက၊ သူ၏ အစွမ်းမှာလည်း အလွန်ကြီးမားသည်။
သူသည် ငွေအဆင့် အတတ်ပညာ ခေါင်းလောင်းကိုပါ ထည့်ပြောလိုက်ခြင်းလား။
အစ်ကိုဖြစ်သူ ကျူဝမ်၏ မျက်လုံးများ တောက်ပသွားပြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်"