အခန်း (၅) ဝေါလုံကျေးရွာမှ မုန်တိုင်း
Viewers 5

အိမ်ထဲတွင် ခုတင်ခေါင်းရင်းနံရံကို မှီထားသည့် ကျန်ရှင်းယွမ်သည် အပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံခံမိပြီး ရင်ထဲတွင် တုန်လှုပ်သွားရသည်။ 

 

လင်းရွှယ်၏ နောက်ကြောင်းကို သူ့ထက်ပိုသိသူ မရှိပေ။ 

 

ငယ်စဉ်ကတည်းက အမြဲဖျားနာတတ်သော သခင်မလေးသည် ကျင့်စဉ်လေ့လာခြင်း၌ စိတ်မဝင်စားခဲ့ရုံသာမကနူးညံ့သော ပိုးထည်များကိုပင် လေးလံသည်ဟု ထင်ရလောက်အောင် အားနည်းလွန်းသူ ဖြစ်ရာ သူ့မှာ အမြဲပင်သနားဂရုဏာ သက်ခဲ့ရသည်။

 

ထိုသို့သော အခြေခံမျိုးနှင့် လွန်ခဲ့သော နှစ်နှစ်ကမှစိတ်ဓာတ်ပြောင်းလဲပြီး ကျင့်စဉ်လမ်းကို စိတ်ရောကိုယ်ပါနှစ်မြုပ်ခဲ့သည်ဆိုဦးတော့၊ သူမ၏ မွေးရာပါအားနည်းချက်များကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ 

 

သူမသည် ယခုအခါ မသေမျိုး အမတတံခါးကို ဖြတ်ကျော်ပြီး ချီစုစည်းမှုအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။

 

သို့သော်လည်း မျက်မှောက်တွင် ဖြစ်ပျက်နေသည်များမှာစိတ်ကူးယဉ် အိပ်မက်တစ်ခုကဲ့သို့ မယုံနိုင်စရာ ကောင်းနေဆဲပင်။

 

သူ့အမြင်အရဆိုလျှင် ရက်စက်ကြမ်းကြုတ်မှုကို အခြေခံပြီး ဒုစရိုက်မျိုးစုံ ကျူးလွန်ထားသည့် နျူအာကို တိုက်ခိုက်ဖို့ နေနေသာသာ၊ လင်းရွှယ်အနေနှင့် သူ၏ တိုက်ကွက်တစ်ဝက်ကိုပင် မရှုံးနိမ့်ဘဲ ခံနိုင်ရည်ရှိမည်ဆိုလျှင် သူသည်သခင်မလေးကို လက်ခုပ်တီး ချီးကျူးမိမည်။

 

ယခုကဲ့သို့ တိုးတက်မှုမျိုးမှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီပင်။

 

သို့သော် အံ့သြတုန်လှုပ်နေစဉ်မှာပင် သူ၏ သခင်မလေးတွင် ထူးခြားဆန်းပြားသော ပါရမီရှိကြောင်း ရုတ်တရက်သတိပြုမိသွားသည့်အတွက် သူသည် ပို၍ပင် အပြစ်မကင်းသလို ခံစားလိုက်ရ၏။

 

သူသည် မိသားစုကြီးတစ်ခုမှ အစေခံဟောင်းတစ်ဦး ဖြစ်သည့်အတွက် ထျန်းယွမ်ဂိုဏ်း၏ ပြင်ပ တပည့်ဆိုသည့်ဂုဏ်ပုဒ်မှာ မည်မျှအစွမ်းထက်ကြောင်း အပြင်က ရွာသားများထက် ပိုနားလည်သည်။ 

 

ထျန်းယွမ်ကျောင်းတော်သည် တပည့်ရွေးချယ်ရာတွင်အလွန်တင်းကျပ်လှ၏။

 

တံခါးစောင့် အိမ်တော်ကို သန့်ရှင်းရေးလုပ်ရသည့် အစေခံတပည့်များပင်လျှင် ထူးချွန်သော အရည်အချင်းရှိကြသည်ဆိုလျှင် တရားဝင် ပြင်ပတပည့်တစ်ဦးကို ဆိုဖွယ်ရာ မရှိပေ။ 

 

ထိပ်တန်းပါရမီရှိပြီး ငယ်စဉ်ကတည်းက ကြိုးစားအားထုတ်လာသည့် ကျင့်ကြံသူများသာ ဝင်ခွင့်

စာမေးပွဲကို အောင်မြင်နိုင်ခြင်းပင်။

 

လမ်းခုလတ်မှ စတင်ခဲ့သော လင်းရွှယ်နှင့် ၎င်းတို့ကိုနှိုင်းယှဉ်ရသည်မှာ လက်နက်ညံ့ဖျင်းသည့် ဓားပြစစ်သည်က ချပ်ဝတ်တန်ဆာနှင့် ဓားကိုင်ထားသော စစ်သည်တော်ကို ယှဉ်တိုက်

သကဲ့သို့ပင် အနိုင်ရနိုင်ခြေ အလျဉ်းမရှိချေ။

 

လင်းရွှယ်၏ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီသည်ဤနေရာ၌ပင် မြုပ်နှံရတော့မည် ဖြစ်သည်။ 

 

တန်ကူအနေနှင့် လှပသော ပန်းတစ်ပွင့်ကို ဖျက်ဆီးရန် စိတ်မရှိလျှင်ပင် အနာဂတ်တွင် အတိုင်းအဆမရှိ တောက်ပနိုင်သော သခင်မလေးသည် လွတ်လပ်မှု ဆုံးရှုံးရသည့်လှောင်အိမ်ထဲမှ ငှက်ကလေးတစ်ကောင် (သို့မဟုတ်) ဇနီးငယ်တစ်ဦးသာ ဖြစ်သွားပေတော့မည်။

 

ကျန်ရှင်းယွမ်သည် နှုတ်ခမ်းကို တင်းတင်းစေ့၊ မှုန်ရီသောမျက်လုံးများကို မှိတ်ထားပြီး မျက်နှာတွင် နာကျင်မှုနှင့်နောင်တများ အရိပ်ထင်နေလျက်။

 

ရုတ်တရက် လျှပ်စီးလက်ပြီး နားကွဲမတတ် ထစ်ချုန်းလိုက်သော မိုးကြိုးသံက သူ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။

 

သည်းထန်သော မိုးရေများက ပိုမိုပြင်းထန်စွာ ရွာသွန်းချလာ၏။

 

ရွမ်စန်းနှင့် သူ၏ သွေးသောက်ညီအစ်ကိုမှာ ညီအစ်ကိုအရင်းများ မဟုတ်ကြပေ။ 

 

ယခုအခါ နျူအာ၏ ကြောက်မက်ဖွယ် အခြေအနေကို မြင်ရသောအခါ ‘ယုန်သေလျှင် မြေခွေးဝမ်းနည်း’ သည့်နှယ်အနည်းငယ် ကြောက်လန့်ရုံမှအပ ဘာမျှမခံစားရပေ။ 

 

နေ့စဉ် အရက်သောက်ရင်း ပြောခဲ့သည့် သူရဲကောင်းဆန်သော စကားများမှာလည်း လေထဲသို့ လွင့်ပါးသွားပြီပင်။

 

အကယ်၍ တန်ကူသာ ဤနေရာတွင် မရှိလျှင် သူသည်အဝေးက 'ကျောက်စိမ်းမျက်နှာနှင့် အသူရာနတ်မင်း' ထံမှအဝေးဆုံးသို့ ထွက်ပြေးချင်နေပြီ ဖြစ်သည်။ 

 

သူသည် နောင်တများဖြင့် ဗိုက်အောင့်မတတ် ခံစားနေရ၏။

 

ဤလင်းမိသားစု သခင်မလေး ဘာဖြစ်သွားမှန်း သူလည်းမသိပေ။

 

မနေ့ကအထိ ယဉ်ပါးသော စာကလေးတစ်ကောင် ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ သစ်ကိုင်းပေါ် နားနေသော ဟင်္သာတစ်ကောင် ဖြစ်သွားလေပြီ။ 

 

သူ၏ ပညာမတတ်သော ဦးနှောက်ဖြင့် မည်မျှပင် စဉ်းစားစေကာမူ အဖြေရှာမရ ဖြစ်နေသည်။

 

သူမသည် တကယ်ကို အလျှော့မပေးနိုင်သူပင်။

 

တန်ကူ၏ မျက်နှာအမူအရာမှာ အေးစက်နေသော်လည်းမျက်လုံးများထဲတွင်မူ ရှားပါးရတနာတစ်ခုကို မြင်လိုက်ရသည့်အလား ပြင်းပြသော အလိုဆန္ဒများဖြင့် ပြည့်နှက်နေသည်။ 

 

နျူအာ၏ အခြေအနေကို သူ လုံးဝ ဂရုမစိုက်ပေ။ 

 

သူ၏ တစ်ခုတည်းသော အတွေးမှာ ခေါင်းမာလှသော ဤဟင်္သာမလေးကို အကြမ်းနည်းဖြင့် နှိမ်နင်းရန်၊ သူမ၏ ဖြူလွှလွှခြေထောက်များကို ခွဲထုတ်ရန်နှင့် သူမ၏ လှပသောမျက်နှာပေါ်က အရှက်ရမှုနှင့် မုန်းတီးမှုများကို ကြည့်ရင်းစိတ်ကြိုက် ကစားရန်သာ ဖြစ်သည်။ 

 

သူမ၏ ခန္ဓာကိုယ်မှာ စိတ်ကို သစ္စာဖောက်ပြီး စမ်းချောင်းလေးတစ်ခု စီးဆင်းလာသလို သူမ အလျော့ပေးစေရန်အနိုင်ကျင့်ပစ်မည်ဟု တွေးထား၏။

 

သူမ၏ ငိုရှိုက်သံများကို နားထောင်ရင်း၊ ပြင်းထန်စွာ ခုခံမှုမှသည် တဖြည်းဖြည်း လုံးဝအရှုံးပေးလာသည့် အလှတရားကို တစိမ့်စိမ့် ခံစားလိုခြင်း။

 

မည်သို့ပင်ဖြစ်စေ၊ နောက်ဆုံးတွင် သူမသည် သူ့နောက်သို့ကိုယ်လုပ်တော်အဖြစ် လိုလိုလားလား လိုက်လာရမည်သာ။

 

သူမသည် သံမဏိကဲ့သို့ မာကျောနေလျှင်ပင်၊ သူ့လက်ချောင်းများတွင် ရစ်ပတ်ထားသည့် ပိုးချည်မျှင်လေးကဲ့သို့ နူးညံ့သွားအောင် သူ သင်ပေးမည်။

 

တန်ကူ၏ အကြည့်မှာ တည်ငြိမ်နေသော်လည်း သူ၏ ဆန္ဒများကို ဓားအိမ်အတွင်းမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည့် ရှပ်ကနဲ အသံအဖြစ် ပြောင်းလဲလိုက်သည်။ 

 

မိုးရေများမှာ ဓားအိမ်အောက်ခြေမှ တစက်စက် စီးကျနေလျက်။

 

ရုတ်တရက်၊ ကောင်းကင်က လျှပ်စီးထက်ပင် ပိုမိုတောက်ပသော အေးစက်သည့် အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်။ 

 

သူသည် ရှည်လျားသော ဓားကို တည့်တည့်ကိုင်ကာ မိုးစက်များကို ဓားပေါ်တွင် ကခုန်စေလျက်၊ အဝေးက မိန်းကလေးကို ညွှန်ပြကာ ပြောလိုက်၏။

 

"မင်း အခု ဒူးထောက်ပြီး အသက်ရှင်ခွင့်တောင်းမယ်၊ ပြီးတော့ ငါ့အိမ်ကို လိုက်ခဲ့မယ်ဆိုရင်..."

 

"မင်းရဲ့ နောက်နောင် အပြုအမူပေါ် မူတည်ပြီး ငါ့ရဲ့တရားဝင်ဇနီးအဖြစ် ထားဖို့ ငါ စဉ်းစားပေးမယ်"

 

ထက်မြက်သော ဓားဖြင့် တိုက်ရိုက် ချိန်ရွယ်ခြင်းကို တစ်ခါမျှ မခံခဲ့ရဖူးသော လင်းရွှယ်သည် ထိုအခိုက်အတန့်တွင်အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အကြည့်ကို ခံနေရသလို တစ်

ကိုယ်လုံး နေရခက်သွားသည်။ 

 

ထိုစဉ် သူမသည် အခြားကမ္ဘာမှ ပါလာသော သူမ၏ကိုယ်ပိုင်ဓားကို သတိရလိုက်သည်။ 

 

ဘဝနှစ်ခုစာ၊ နှစ်ပေါင်း ၂၀ နီးပါး တစ်ခါမျှ အိမ်မှမထုတ်ရသေးသည့် ဓား၊ စစ်တပ်များကို ဖောက်ထွက်နိုင်ပြီး နတ်ဘုရားနှင့် မိစ္ဆာအားလုံးကို နှိမ်နင်းနိုင်သည်ဟု ဆိုကြသောဓား။

 

'တပ်ဖြိုခွင်းဓား'

 

သူမသည် မသိစိတ်ဖြင့် ဓားအိမ်ကို စမ်းမိလိုက်၏။

 

ထိတွေ့လိုက်သည့် ခံစားချက်မှာ ရွာသွန်းနေသော မိုးထက်ပင် ပိုအေးစက်နေသော်လည်း ထိုနက်ရှိုင်းလှသော အအေးဓာတ်ထဲတွင် ထူးခြားသော အပူရှိန်တစ်ခုက သူမ၏လက်ဖဝါးထဲ၌ လောင်မြိုက်နေသကဲ့သို့။

 

ထိုအပူရှိန်သည် သူမ၏ သွေးကြောများထဲရှိ သွေးကြောစုစည်းခြင်းအဆင့် ကျင့်စဉ်စွမ်းအားများကို လှုံ့ဆော်ပေးလိုက်ပြီး တစ်ကိုယ်လုံးရှိ အကြောအခြင်များသို့ စီးဆင်းကာ ရင်ထဲတွင် ပြင်းပြသော စိတ်ဓာတ်များကို ဖြစ်ပေါ်စေသည်။

 

သူမ ခန့်မှန်းခဲ့သည်မှာ မမှားပေ။ 

 

မသေမျိုး အမတတံခါးကို တွန်းဖွင့်ပြီးနောက်တွင် သူမသည် ဤကမ္ဘာရှိ ကျင့်ကြံသူများ အသုံးပြုသော မူလချီစွမ်းအားကို အသုံးပြု၍ ရှေးဟောင်းဓားကို ပူဇော်နိုင်ပြီး၎င်းကို ဆွဲထုတ်နိုင်မည် ဖြစ်သည်။

 

သို့သော် ဤအရေးကြီးသော အချိန်တွင် သူမ ဝေခွဲမရ ဖြစ်နေ၏။

 

အဘယ်ကြောင့်ဆိုသော် ဤတပ်ဖြိုခွင်းဓားကို ဆွဲထုတ်လိုက်လျှင် သူမ၏ စွမ်းအားအားလုံး ကုန်ခမ်းသွားမည်ကိုသိနေသောကြောင့်ပင်။

 

သူမသည် အစွမ်းကုန် ကြိုးစားသော်လည်း ဤလူကို မသတ်နိုင်မည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ 

 

အမှတ်မထင် သတ်မိသွားပြီးနောက် သူမ ပတ်ဝန်းကျင်ရှိလူများအပေါ် ကြီးမားသော ဘေးဒုက္ခများ သယ်ဆောင်လာမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။ 

 

တန်ကူမှာ တစ်ယောက်တည်း မဟုတ်ပေ။ 

 

သူ့နောက်ကွယ်တွင် ထျန်းယွမ်ဂိုဏ်း ဟူသည့် အင်အားကြီးအဖွဲ့အစည်းရှိနေ၏။

 

ဘာမျှ ဆုံးရှုံးစရာမရှိသူသာလျှင် ဘာကိုမျှ မကြောက်ဘဲနေနိုင်သည်။ 

 

သူမသည် နှစ်နှစ်တာ နေထိုင်ခဲ့သည့် ဤရွာကလေးကိုသံယောဇဉ် ရှိနေပြီး၊ ဤရွာသားများကို အဆုံးမရှိသောပြဿနာများထဲသို့ မဆွဲသွင်းလိုပေ။

 

လင်းရွှယ်က ဓားကို ကိုင်ထားသည်ကို မြင်သောအခါ တန်ကူ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခုပေါ်လာသည်။ 

 

သူသည် မိမိဂိုဏ်းမှ အသိအမှတ်ပြုထားသော ဓားသမားတစ်ဦး ဖြစ်သဖြင့် လင်းရွှယ်၏ ဓားကိုင်ပုံမှာ အပျော်တမ်းအဆင့်သာ ရှိကြောင်း တစ်ချက်ကြည့်ရုံနှင့် သိသည်။ 

 

သူမ ခါးတွင် ချိတ်ထားသော ဓားနက်မှာ ရဲရင့်သော အလှကို ဖော်ဆောင်ရန်အတွက်သာ ဆင်မြန်းထားသော အလှဆင်ပစ္စည်းဟု သူ ထင်နေပုံရသည်။

 

သူမ ဓားကို ကိုင်လိုက်ခြင်းမှာလည်း သူ၏ ဖိအားကြောင့်ဖြစ်လာသော မသိစိတ်တုံ့ပြန်မှုသာ ဖြစ်လိမ့်မည်။ 

 

ဓားကို မည်သို့ကိုင်ရမည်မှန်း မသိသော အပျော်တမ်းသမားတစ်ယောက်က၊ ငယ်စဉ်ကတည်းက ဓားနှင့် ကစားလာပြီးအခြေခံ တိုက်ကွက်များကို အလွယ်တကူ လုပ်ဆောင်နိုင်သော သူ့ရှေ့တွင် ဓားထုတ်ပြခြင်းမှာ ‘ပုဆိန်ကိုင်သူရှေ့အသားပြသလို’ သာ ဖြစ်ပေမည်။

 

ခေါင်းမာသော ဤဟင်္သာမလေးသည် လွယ်လွယ်နှင့် ဒူးထောက်မည် မဟုတ်ကြောင်း သိသောကြောင့် တန်ကူသည်မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်ရင်း လင်းရွှယ်ကို အထက်စီးမှ ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

 

"ငါ့ရှေ့မှာ ဓားထုတ်ဖို့ မကြိုးစားပါနဲ့လို့ ငါ အကြံပေးပါရစေ"

 

"မင်း ငါ့ကို မယှဉ်နိုင်ပါဘူး၊ မင်း လက်ထဲက ဓားကိုအလကား အရှက်ခွဲရာပဲ ရောက်လိမ့်မယ်"

 

လင်းရွှယ်က ဘာမျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ 

 

သူမသည် ရွှဲရွှဲစိုနေပြီး နားထင်နှင့် ဓားအိမ်မှ မိုးရေများ တစက်စက် ကျနေသည်။ 

 

သူမ၏ ကိုယ်လုံးပေါ်တွင် ကပ်နေသော စိုရွှဲနေသည့် အစိမ်းရောင် ဝတ်စုံက ဆွဲဆောင်မှုရှိသော အလှတရားကို ဖော်ဆောင်နေသည်။

 

ဝူသာ့ကျူသည် သူ၏ ရှေ့တွင် ရပ်နေသည့် မိုးလေကြားကနတ်မိမယ်လေးကဲ့သို့သော အစိမ်းရောင် ဝတ်စုံနှင့် ပုံရိပ်ကိုကြည့်ရင်း သူမ၏ စိုးရိမ်မှုကို နားလည်သွားပုံရသည်။ 

 

ဤအမျိုးသမီး နေ့ရောညပါ ကျင့်စဉ် လေ့လာခဲ့ပုံများကိုသူ သတိရလိုက်သည်။ 

 

သူမသည် ဇွဲရှိသူဖြစ်ပြီး သူမ၏ လက်များတွင် အသားမာများ ထပ်နေခဲ့သည်။ 

 

နေ့စဉ် နာကျင်မှုများကို အံတုရင်း ဒဏ်ရာများပေါ်တွင်ဆေးများ လိမ်းခဲ့ရသည်။ 

 

ထိုမြင်ကွင်းများက သူ့မျက်စိထဲတွင် ပြန်လည် မြင်ယောင်လာသည်။ 

 

နှစ်နှစ်တိုင်တိုင် သူမ၏ ကြိုးစားအားထုတ်မှုများသည်တစ်စုံတစ်ဦး၏ ကိုယ်လုပ်တော်အဖြစ် နေထိုင်ရန်အတွက်မတန်သလို ခံစားရ၏။

 

သူမ ဤနေရာတွင် ရပ်တန့်မသွားသင့်ပေ။ 

 

ထိုသို့တွေးမိသည်နှင့် သူ၏ သွေးများ ဆူပွက်လာပြီး မိုးထဲရေထဲတွင် အားကုန် အော်ဟစ်လိုက်သည်။

 

"လင်းရွှယ်၊ မင်း ငါ့ကို ပြောခဲ့ဖူးတယ် မဟုတ်လား၊ မင်းဟာ လောကကို အေးအေးဆေးဆေး လှည့်လည်ချင်တယ်"

 

"ဓားတစ်လက်နဲ့ တစ်သက်တာ နေချင်တယ်လို့"

 

"သူက ဘာမို့လို့လဲ၊ ဂိုဏ်းက ပြင်ပတပည့် ဖြစ်ရုံနဲ့ မင်းကိုဘာလို့ ကစားစရာ ငှက်ကလေးတစ်

ကောင်လို သဘောထားရမှာလဲ"

 

"မင်း ဘာလို့ သူ့ရှေ့မှာ ဒူးထောက်ရမှာလဲ"

 

"မင်း မလိုက်ချင်ရင် သူ့ကို ဓားနဲ့ တစ်ချက်တည်း သတ်ပစ်လိုက်"

 

"ဒီဝေါလုံရွာက လူတွေကို ကောင်းကင်ကြီးတောင် မနိုင်ပါဘူး၊ သူတို့ရဲ့ ထျန်းယွမ်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ"

 

ထိုစကားမှာ မိုးထစ်ချုန်းသံကဲ့သို့ပင်။

 

ရွာလူကြီး ဝူဟုန်ရှင်းသည် သူ၏ သားကို မျက်လုံးအပြူးသားနှင့် ကြည့်နေမိသည်။ 

 

သူ၏ နှုတ်ခမ်းများ တုန်ရီနေပြီး သားဖြစ်သူ၏ မရိုမသေပြောလိုက်သော စကားများကြောင့် အလွန် ထိတ်လန့်သွားရသည်။ 

 

ဤသည်မှာ ကျင့်ကြံသူများကို စော်ကားခြင်း။

 

တန်ကူ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များကို မြင်လိုက်ရသောအခါ 'သွားပြီ' ဟု စိတ်ထဲက ကျိန်ဆဲမိတော့သည်။ 

 

တန်ကူက သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်ကာ ဓားကွက်တစ်ခု ထုတ်ဖော်လိုက်စဉ် ရွာလူကြီးက သူ၏လက်နက်ကို ဆွဲကိုင်ကာ အော်ပြောလိုက်သည်။

 

"မြန်မြန်...သာ့ကျူကို ကယ်ကြ"

 

အလွန်ကြမ်းတမ်းသော လျှော်တေဝတ်ရွာသားများသည်ထိုအမိန့်ကို စောင့်နေကြခြင်း ဖြစ်သည်။ 

 

ယခုအခါ အမိန့်ကြားသည်နှင့် တန်ကူထံသို့ ဝိုင်းအုံ ပြေးဝင်သွားကြသည်။

 

တန်ကူ၏ မျက်လုံးထဲတွင် အထင်သေးမှုများ ပိုမိုသိသာလာသည်။ 

 

သူ၏ လက်အရှိန်မှာ ရုတ်တရက် မြန်ဆန်သွားသည်။ 

 

ဓားကွက်က မိုးရေထဲတွင် ပွင့်အာလာသည်နှင့်အမျှ သူ၏နောက်ကွယ်တွင် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာသည်။ 

 

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် 'ချင်းယွမ်ဓား' ထံမှလျှပ်စီးကဲ့သို့ မြန်ဆန်ပြီး အေးစက်သော အလင်းတန်းတစ်ခုသည် သူ့ကို စော်ကားခဲ့သည့် သာ့ကျူထံသို့ တည့်တည့်ဦးတည်သွားတော့သည်။

 

ထိုဓားအရှိန်သည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်

နှက်နေသည်။ 

 

ဝူသာ့ကျူကို ချက်ချင်း မသေစေလျှင်ပင် လုံးဝ ဒုက္ခိတဖြစ်သွားစေမည်မှာ သေချာသည်။

 

လင်းရွှယ်၏ မျက်လုံးများ လှုပ်ခတ်သွားလေ၏။

 

ထိုအေးစက်သော အလင်းတန်းထဲတွင် သူမ၏ ယခင်ဘဝနှင့် ယခုဘဝမှ မြင်ကွင်းများစွာကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

 

ယခုအခါ မုန်တိုင်းနှင့် မိုးရေများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

 

သူမသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးတစ်ကိုယ်လုံးရှိ စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

 

ကမ္ဘာကြီးသည် ရုတ်တရက် တိတ်ဆိတ်ပြီး နှေးကွေးသွားသလို ခံစားရသည်။ 

 

သူမ၏ အာရုံငါးပါးမှာ မြန်ဆန်ထက်မြက်လာပြီး မိုးစက်များကို ဖြတ်သန်းလာသည့် အလင်းတန်းအပါအဝင် အရာအားလုံး၏ ပြောင်းလဲမှုကို ရှင်းလင်းစွာ မြင်နေရသည်။

 

ထိုအခါမှသာ သူမ၏ ကိုယ်ခံပညာဝိညာဉ်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမ နားလည်သွားတော့သည်။

 

မြွေစိမ်းကလေး ရစ်ပတ်ထားသော ဓားနက်ပုံရိပ်ယောင်မှာသူမ၏ နောက်ကွယ်တွင် မိုးရေထဲ၌ ဆေးရောင်စုံ ပန်းချီကားတစ်ချပ် ဖြန့်လိုက်သလို ပေါ်ထွက်လာသည်။

 

ရုတ်တရက်၊ အိပ်ပျော်နေသော နဂါးတစ်ကောင်ဟိန်းဟောက်လိုက်သကဲ့သို့ ဓားဆွဲထုတ်သံမှာ တောင်တန်းတစ်ထောင်ကို မြည်ဟည်းသွားစေသည်။

 

လင်းရွှယ်သည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီ။

 

ပြီးနောက်... တစ်ချက်တည်း တိုက်ခိုက်လိုက်သည်။

 

မှောင်မိုက်နေသော ကျေးရွာသည် လေနှင့် မိုးအောက်တွင်ပိုမို လေးလံနေသည်။ 

 

ထိုအခိုက်အတန့်တွင် ကောင်းကင်မှ မိုးကြိုးသံနှင့်အတူကြွေလွင့်နေသော သစ်ရွက်များမှာ မိုးရေထဲတွင် ဝဲပျံကုန်ကြသည်။

 

လင်းရွှယ် မည်သို့ ဓားထုတ်ပြီး တိုက်ခိုက်လိုက်သည်ကိုမည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ 

 

အားလုံး သတိပြန်ဝင်လာချိန်တွင်မူ ထိုမာန်တက်နေသောအလင်းတန်းမှာ လုံးဝ ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ 

 

လူတိုင်း၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုများဖြင့်ပြည့်နှက်နေလျက်။

 

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆွဲထုတ်လိုက်သော ဓားကို ကိုင်ထားသည့် လင်းရွှယ်၏လက်ယာဘက်မှာ အနည်းငယ် တုန်ရီနေသည်။ 

 

သူမ၏ လှပသော မျက်နှာမှာ စွမ်းအားကုန်ခမ်းသွားခြင်းကြောင့်သော်လည်းကောင်း၊ စိတ်လှုပ်ရှားမှုကြောင့်သော်လည်းကောင်း ဖြူလျော်နေ၏။

 

နောက်ဆုံးတွင် သူမသည် ဓား၏ စစ်မှန်သော ပုံရိပ်ကို မြင်လိုက်ရပြီ ဖြစ်သည်။

 

၎င်းမှာ အပြစ်အနာအဆာကင်းသော အနက်ရောင်ဖြစ်ပြီးရှေးဟောင်းဓား၏ ထည်ဝါမှုကို ဖော်ပြနေသည်။ 

 

တစ်ချက်ကြည့်လိုက်ရုံနှင့် အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲသို့ ကျသွားသလို ခံစားရစေသည်။

 

တန်ကူ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှ သွေးစက်များစွာ စင်ထွက်လာပြီး သူ၏ ဂုဏ်ယူရသော ဂိုဏ်းဝတ်စုံကိုသာမကလင်းရွှယ်၏ အစိမ်းရောင် ဝတ်စုံကိုပါ စိုသွားစေလေ၏။

 

တန်ကူသည် မျက်မှောင်ကြုတ်လျက်၊ မယုံနိုင်သောမျက်လုံးများဖြင့် သူ၏ ရင်ဘတ်မှ နက်ရှိုင်းလှသော ဓားဒဏ်ရာကို စမ်းကြည့်ရင်း "ဒါ... မဖြစ်နိုင်ဘူး" ဟု ရေရွတ်လိုက်သည်။

 

လင်းရွှယ်က ပြောလိုက်၏။

 

"ကျွန်မလည်း မယုံနိုင်အောင် ဖြစ်ရပါတယ်"

 

"ဒီဓားတစ်ချက်က ဒီလောက် အားပါလိမ့်မယ်လို့ မထင်ခဲ့သလို၊ ကျွန်မရဲ့ ဒီဘဝ ပထမဆုံး သတ်ဖြတ်မှုက ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း မထင်ခဲ့ဘူး"

 

တန်ကူသည် နာကျင်မှုနှင့် ဒေါသတို့ဖြင့် ဓားကို ပြန်မြှောက်ရန် ကြိုးစားသော်လည်း အားအင်

ကုန်ခမ်းသွားရသည်။ 

 

နောက်ဆုံးတွင် သူ၏ ခန့်ညားသော မြင်းဖြူကြီးမှာထိတ်လန့်တုန်လှုပ်ကာ လဲကျသွားတော့သည်။

 

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ 

 

လင်းရွှယ်သည် ထိုနေရာ၌ ရပ်မနေဘဲ ကျန်ရှိနေသောစွမ်းအားကို အသုံးပြု၍ မြေပြင်ပေါ်တွင် လူးလိမ့်နေသည့်နျူအာနှင့် ထွက်ပြေးရန် ပြင်နေသော ရွမ်စန်းတို့ကိုပါ ဓားဖြင့် အပြီးသတ် သတ်ဖြတ်လိုက်သည်။

 

မိုးရေဗွက်အိုင်များထဲသို့ သွေးနီရောင်များ စီးဝင်သွားသည်။

 

ဝေါလုံကျေးရွာ၏ လေနှင့် မိုးကြားတွင် ဓားကိုင်ဆောင်ထားသော အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ဦးရပ်နေလျက်။