Part 613
ချီဖုန်းရှို့က အုပ်ချုပ်ရေးမှူး ကို သူ့ဘာသာသူ သွားရှာခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးက သူ့ကိုတွေ့ကို တစ်နေကုန်ထိုင်စောင့်နေခြင်းမဟုတ်သဖြင့် မတွေ့ခဲ့ပါချေ။
ချီဖုန်းရှို့ ဒေါသတလူလူထွက်လာသည်။
" ငါ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာပဲ..."
တာဝန်ခံ ကေဒါကို ရှာမတွေ့သဖြင့် ရှက်ရွံ့သော မျက်နှာနှင့်ပင် ပညာတတ်လူငယ်များဆီသို့ ပြန်သွားကာ ရှန်ယွီနှင့်ဟောင်ဟုန်ကျန်း ချက်ပြုတ်နေသည်ကိို ကြည့်နေခဲ့ရသည်။
သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။
သူက ရုတ်တရက် ထပေါက်ကွဲလိုက်၏။
"ငါသတိပေးမယ်...ရိုးသားတဲ့လူတွေကို အနိုင်မကျင့်နဲ့... ငါ့ကို မစားခိုင်းရင် မင်းတို့လည်းမစားချင်ကြနဲ့... "
သူက ရှန်ယွီလက်ထဲက ဆန်ကို ရုတ်ချည်း မြေကြီးပေါ် ရိုက်ချလိုက်လေသည်။
အားလုံးက မထင်မှတ်ထားသဖြင့် ကြက်သေသေသွားကြသည်။
တစ်ခဏမျှ လေထုက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူမျှ စကားမပြောနိုင်ကြပေ။
ထို့နောက် တစ်စုံတစ်ယောက်က စတင်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများ ထွက်ပေါ်လာကြသည်။ ရှန်ယွီနှင့်ဟောင်ဟုန်ကျန်းတို့က မြေပြင်ပေါ်ရှိ အစားအစာများကို သွားကောက်ခဲ့ကြပြီး ဝူဝမ်ယီ၊ရှုတုန်ရှင်း၊ကျောက်မင်ကျယ် နှင့် အခြားသူများက ချီဖုန်းရှို့ကို ရိုက်နှက်ရန် ရှေ့တက်သွားကြသည်။
သူတို့အားလုံး ဆာလောင်ပြီး အထိတ်တလန့်ဖြစ်နေကြသော်လည်း ဒေါသက ချီဖုန်းရှို့ ၏နှာခေါင်းမှာ ပွန်းပဲ့ပြီး မျက်နှာက ဖောရောင်ကာ မြေကြီပေါ်ကမထနိုင်သည်အထိ လောင်ကျွမ်းသွားစေခဲ့သည်။
ချီဖုန်းရှို့ အစပိုင်းတွင် ခုခံချင်ခဲ့သော်လည်း သူ့တွင် ခွန်အားမရှိသောကြောင့် သူတို့ကို ပြစ်တင်ကြိမ်းမောင်းရုံသာတတ်နိုင်ခဲ့သည်။
ပရမ်းပတာဖြစ်နေစဥ်က တစ်စုံတစ်ယောက်က ချီဖုန်းရှို့ ၏ ပါးစပ်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး ညည်းသံတစ်ချက်နှင့်အတူ အသံမထွက်နိုင်တော့ပေ။
လုံးလုံးလျားလျား ရပ်တန့်သွား၏။
.....
မွန်းတည့်ချိန်ကလေးများ အိမ်ပြန်ရောက်သောအခါ ချီဖုန်းရှို့ ၏ ခရီးဆောင်အိတ် အနွေးကုတင်ပေါ်တွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး သူတို့၏ဝမ်းသာသွားမှုများကို ဖော်ပြကြသော်လည်း အားဝမ် အုပ်ချုပ်ရေးမှူးဆီသွားသည့်ကိစ္စကို ဘယ်သူမှ ထုတ်မပြောကြပေ။
လင်းလန်က တဝမ် အတွက် ငရုတ်သီး ဟင်းခတ်အမွှေးအကြိုင်များ ပြုလုပ်နေပြီး သူတို့အတွက် ပြုလုပ်ထားသည့် ခရမ်းခွက်ကြော် များကို ပေးခဲ့သည်။သူမ မကြော်ချင်သော်လည်း ကြော်သည်မှာ အဆင်ပြေနေဆဲဖြစ်သည်။
အိမ်မှာ ဝက်သားမရှိပေမဲ့ လင်းလန်က ဝက်ဆီတချို့ကို သိုလှောင်ထား၏။ ကြက်သွန်မြိတ်များကို ပါးပါးလှီး၊ ဝက်ဆီနှင့် ရောမွှေပြီး ပဲငံပြာရည် အနည်းငယ်ထည့်ကာ ခရမ်းသီးခွက်ထဲတွင် ထည့်ပြီး မုန့်နှစ်ထဲမှာနှစ်ပြီး ဒယ်အိုးထဲတွင် ကျက်သည်အထိ ထည့်ကြော်ရသည်။ ကြက်သွန်မြိတ်၏ အရသာ၊ ကြော်ထားသော မုန့်ကြွပ်တို့နှင့်အတူပေါင်းစပ်ထားသော ခရမ်းသီး၏ နူးညံ့မှုသည် ကလေးများအတွက် အလွန်ဆွဲဆောင်မှုရှိလေ သည်။
"ဝိုး ခရမ်းခွက်ကြော်ရှိတယ်... အရမ်းပျော်တာပဲ"
ရှောင်ဝမ်က ဝမ်းသာအားရ တစ်ချက်ရှူလိုက်ပြီးဆို၏။
"အနံ့က အရမ်းမွှေးတယ်"
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"ဒီနှစ် သားရဲ့အကူအညီနဲ့ ဟင်းသီးဟင်းရွက်ခင်းက အသီးအရွက်တွေက ပိုကောင်းလာတာ...အရင်နှစ်တွေကထက် ပိုကောင်းတယ်...တခြား အိမ်တွေထက်လည်းပိုကောင်းတယ်...မားမား ခရမ်းသီးတွေ နိုင်အောင် မစားနိုင်တော့ဘူး”
မိုင်စွေ့က ပန်းကန်လုံးအကြီးကြီးတစ်လုံး ယူလာကာဆို၏။
“မားမား...အဖေ့အတွက် တစ်ပန်းကန်ကို ဖယ်လိုက်မယ်"
လင်းလန်က ပြုံးပြီး ပြောသည်။
"မလိုဘူး...စားပဲစားလိုက်... ခရမ်းခွက်ကြော်က အရသာရှိအောင် လတ်လတ်ဆတ်ဆတ် လုပ်ရမှာ...မားမားက မင်းတို့အဖေအတွက် ညနေခင်းမှာ ချက်ပေးမှာပါ"
ဟန်ချင်စုန့်က အလုပ်မှာ နေ့လည်စားပြီး ရာသီဥတုက ပိုအေးလာသည့်အတွက် ဟင်းအမယ်အပိုတွေ ပြန်သယ်လာသည်ကို ရပ်လိုက်ပြီး အလုပ်မှာပဲ ပေါ့ပေါ့ပါးပါး စားခဲ့သည်။ သူ့မှာ ပြင်းပြသည့် အစာစားချင်စိတ်မရှိပေမဲ့ တစ်မျိုးမဟုတ်တစ်မျိုး လောဘတက်နေရန်က အဆင်ပြေပုံပေါ်၏။ လင်းလန်က သူ့ကို ညဘက်တွေမှာ ပုံစံအမျိုးမျိုးနှင့်အရသာရှိသည့် အစားအစာတွေကို
ချက်ပြုတ်ပေး နေတုန်းပါပင်။သူမ ကျွေးသရွေ့ သူက စားလိမ်မည်ဖြစ်ပြီး ဘယ်တော့မှ မဖြုန်းတီးပါချေ။ သူက ကလေးထက်ပင် ပိုလိမ္မာလေသည်။
ထမင်းစားချိန်အတွင်း ကလေးတွေက ချီဖုန်းရှို့အကြောင်း မေးကြ၏။
လင်းလန်ကပြောလိုက်သည်။
“သူကအမှားလုပ်မိလို့ အပြစ်ပေးခံရမှာ”
ကလေးများက အချင်းချင်းကြည့်ကာ ခေါင်းညိတ်ပြကြ၏။
“နားလည်ပါပြီ မားမား”
နေ့လည်စာစားပြီးနောက် ရှန်ရွေ့စိုက်ခင်းမှ လူများက ပစ္စည်းများ လှည်းနှစ်စီးတိုက်စာ သယ်ယူလာကာ ညွှန်မှူးဟန်က ရှန်ရွေ့ကျေးရွာ တပ်မဟာကိုယ်စား ဟန်က ဝယ်ခဲ့သည်ဟုဆိုကြသည်။
လင်းလန် နှင့် ကလေးတွေ အကုန်လုံးကို သွားကြည့်ခဲ့ကြပြီး ဟန်ရုံဖန် နှင့် အုပ်ချုပ်ရေးမှူးတို့လည်း ရောက်ရှိလာခဲ့ကြသည်။ ပစ္စည်းအများအပြားကို မြင်လိုက်ရာတွင် ဝမ်းသာသွားကြပြီး ပါးစပ် နားရွက်ချိတ်အောင်ပြုံးနေကြသည်။
အုပ်ချုပ်ရေးမှူးက လက်ဝှေ့ယမ်းပြပြီးဆိုလိုက်၏။
“မြန်မြန်...တပ်မဟာရဲ့ အခန်းနှစ်ခန်းကို ပြင်ဖို့ အဖွဲ့ဝင်တချို့ကို စုစည်းပြီး အဲဒီမှာပဲ အိပ်ပြီး ချက်ပြုတ် ခိုင်းလိုက်”
တပ်မဟာ၏ အခန်းတွေကို ပြုပြင်ခြင်းအတွက် အလုပ်မှတ်တွေလည်းရှိလေသည်။ ရွာက ပန်းရံဆရာတွေက ကျွမ်းကျင်ကြပြီး လေးငါးယောက်လောက်နှင့် ရက်အနည်းငယ်အတွင်း ပြင်နိုင်၏။
ကလေးတွေကိုမြင်သောအခါ ဟန်ရုံဖန်က သူ့မျက်နှာတည်တည်ပေါ်မှာ ရှားပါးသည့်အပြုံးတစ်ခု ပြသာလာပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
"အားဝမ် လာ...စကားပြောလှည့်"
အားဝမ်က သူ့အစ်ကိုကို နောက်မှ ကျောင်းလာမည်ဟုပြောလိုက်ပြီး သူတို့ကို အရင်လွှတ်လိုက်၏။
"အဘိုး ဒီရက်ပိုင်း စိတ်ရှုပ်နေလား"
အားဝမ်က ပြုံးပြီး ပြောလိုက်သည်။
ဟန်ရုံဖန်က သူ၏ဆေးတံ အတိုနှင့်ဆေးအိုးကို ပါးစပ်ထဲတွင် ကိုက်ထားရင် သူ၏ ခြောက်သွေ့အိုမင်းနေသော မျက်လုံးများကို မှိတ်ထားကာ သူ့ အဆုတ်များ၏ နက်နဲသော နေရာမှ သက်ပြင်းချလိုက်သည်။
အားဝမ်: "အဘိုး ဘာမှ စိုးရိမ်စရာ မလိုပါဘူး... မျက်လုံးဖွင့်ပြီး အလုပ်သွား... မျက်လုံးမှိတ်ပြီး အိပ်လိုက်ရုံပဲ"
သူက ထိုသို့ပြောက ရယ်မောလိုက်၏။
"ဒါက ဒီလိုကိစ္စပဲ ဒါပေမဲ့... ခေါင်းမီးလောင်နေတာ ကောင်းတဲ့ခံစားချက်တော့ မဟုတ်ဘူး"
ဟန်ရုံဖန်က ဆေးတံနှင့်ဆေးအိုးကို သူ့လက်ထဲမှာ ကိုင်ထားလိုက်သည်။
အားဝမ်: "အဘိုး... တကယ်တော့ ကျွန်တော် ထင်တာ... ဒီပညာတတ်လူငယ်တွေအားလုံးက ပိန်ပိန်ပါးပါး အသားအရည်နုနုနယ်နယ် တွေချည်းဆိုတော့ ကာယလုပ်အားအတွက် မသင့်တော်ဘူး"
"ဘယ်သူက မသိလို့လဲ...ဒါကကျေးလက်ကိုအတင်းလာခိုင်းတာ အလုပ်လုပ်ဖို့မဟုတ်ဘူး ... ကစားဖို့သက်သက်လာကြတာ... ဘယ်လိုလုပ်ရမလဲ...ငါတို့က သူတို့ကိုကောင်းကောင်း ခစားမနေနိုင်ဘူး...ဒါပေမဲ့ ဘယ်တော့ပြန်သွားမယ်ဆိုတာ ငါတို့မသိသလို သူတို့ကို ထောက်ပံ့ဖို့ စားစရာအကြွင်းအကျန်လည်း မရှိဘူး”
သူတို့တပ်မဟာ၏ စားနပ်ရိက္ခာက အလွန် ကြပ်တည်းနေဆဲဖြစ်သည်။ မိုးခေါင် ရေကြီးသည်နှင့် ဗိုက်ဟောင်းလောင်းနေရပေလိမ့်မည်။
ဟန်ရုံဖန်က ဖြည်းဖြည်းချင်း တွက်ချက်ပြီး နှစ်တိုင်း အရာရာတိုင်းကို အမြဲတုံ့ဆိုင်းနေတတ်သည်။
အားဝမ်: "အဘိုး...ကျွန်တော်တို့ တပ်မဟာက အရမ်းကြပ်တည်းတယ်...ကြည့်... အိမ်နှစ်လုံးကို ပြင်ဖို့ ပိုက်ဆံတောင် မရှာနိုင်ဘူး"
သူတို့ အကြွေးဝယ်ရမည်ဖြစ်ပြီး တပ်မဟာ၏ တစ်ပြားတစ်ချပ်စီတိုင်းက သုံးပြီးနေပြီဖြစ်သည်။
ယင်းက မကောင်းပါချေ။
Xxxxxx
Part 614
ဟန်ရုံဖန်က ဖြည်းဖြည်းချင်း တွက်ချက်ပြီး နှစ်တိုင်း အရာရာတိုင်းကို အမြဲတုံ့ဆိုင်းနေတတ်သည်။
အားဝမ်: "အဘိုး...ကျွန်တော်တို့ တပ်မဟာက အရမ်းကြပ်တည်းတယ်...ကြည့်... အိမ်နှစ်လုံးကို ပြင်ဖို့ ပိုက်ဆံတောင် မရှာနိုင်ဘူး"
သူတို့ အကြွေးဝယ်ရမည်ဖြစ်ပြီး တပ်မဟာ၏ တစ်ပြားတစ်ချပ်စီတိုင်းက သုံးပြီးနေပြီဖြစ်သည်။
ယင်းက မကောင်းပါချေ။
ဟန်ရုံဖန်က သန်မာသူတစ်ယောက်ဖြစ်ပြီး အုပ်ချုပ်ရေးမှုးက သူ့စကားကို နားထောင်ကာသူပြောသမျှကို လုပ်ဆောင်လေ့ရှိသည်။ သူ့က လူတိုင်းရှေ့မှာ မားမားမတ်မတ်ရပ်နေသည့်အတွက်စိတ်ပူစရာတွေမလိုခဲ့ပေ ။ဘာပဲဖြစ်ဖြစ် ကောင်းကင်က ပြိုကျနေပြီး အရပ်မြင့်သည့်လူတွေက ထမ်းထားရလေသည် ဟန်ရုံဖန်တွင် အကြောင်းအရာတွေကို ဆွေးနွေးမယ့်သူမရှိသလို တစ်ခါတလေ အရမ်းစိတ်ဖိစီးနေပေမဲ့ သူက စကားပြောရသည်ကိူ မကြိုက်ပါချေ။သူက သူတပါးကို ဘယ်တော့မှ ညည်းညူမပြတတ်ဘဲ အမြဲ ချုပ်တည်းထားခဲ့၏။
သို့ပေမဲ့ ထိုအကြောင်း ပြောနိုင်သည့် အားဝမ် တစ်ယောက်ရှိနေလေသည်။
ဟန်ရုံဖန်က စကားအနည်းငယ်ပေါက်ပေါက်ဖောက်နေခဲ့ပြီး သူကမရှက်မကြောက်ဘဲ ပိုပျော်သွားသည်။
အားဝမ်: "အဘိုး ကျွန်တော့်မှာ ... အကြံတစ်ခုရှိတယ်...အဲဒါကို နားထောင်မှာလား"
ဟန်ရုံဖန် : "ပြောပါ"
အားဝမ်: "ဒါဆို စိတ်မဆိုးပါနဲ့"
ဟန်ရုံဖန်က ပြုံးပြီးဆို၏။
"ကလေး ...အဘိုးက မင်းအပေါ်မှာ ဘယ်တုန်းက ဒေါသထွက်လို့လဲ"
အားဝမ် : "အဘိုး ကြည့်... တခြားတပ်မဟာတွေမှာ ဘေးပေါက် အလုပ်တွေရှိတယ်...ကျွန်တော်တို့ ....."
"ငါတို့လည်း လုပ်တာပေါ့"
ဟန်ရုံဖန်က ပြောလိုက်သည်။
"ဖျာယက်ပြီး တို့ဟူးကြိတ်တယ်"
"အဘိုး ဒါမဟုတ်ဘူး...ဒီဘေးပေါက် အလုပ်က ကျွန်တော်တို့အဖွဲ့ဝင်တွေအတွက် အဆင်ပြေတယ်... ဆိုလိုတာက… တပ်မဟာပြင်ပကလူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့”
ဟန်ရုံဖန်က အနည်းငယ် တောင့်တင်းနေပြီမှန်း သူနားလည်သည်။ ယခု သူက အရင်းရှင်စနစ်၏ အမြီးကို ဖြတ်နေ၏။ ပိုက်ဆံရှာသည့်ရန် ဘေးပေါက်အလုပ်ထဲမှာ တိုက်ရိုက်ပါဝင်ဖို့ ပြောပါက သေချာပေါက် သဘောတူမှာမဟုတ်ချေ။
ဟန်ရုံဖန်က လွှမ်းမိုးချုပ်ခြယ်တတ်ပြီး သြဇာကြီးမားသည်။ မူဝါဒက ခွင့်မပြုသို့မဟုတ် မူဝါဒအပေါ် သူ၏ နားလည်မှုက ဤအတိုင်းပင်ဖြစ်ပြီး အခြားသူများ၏ စကားကို နားထောင်,ခဲ,သည်။
အုပ်ချုပ်ရေးမှူးနှင့် တခြားသူတွေက သူ့လောက် ပညာမတတ်ပေ။
ထို့အပြင်၊ အရေးကြီးဆုံးအချက်မှာ ဟန်ရုံဖန်က အပြန်အလှန်အကူအညီပေးရေးအဖွဲ့များ၊ အငယ်တန်း၊ အလယ်အလတ်နှင့် အဆင့်မြင့်သမဝါယမအဖွဲ့များမှ လူထုကွန်မြူနတီများ၊ မဟာခုန်ပျံကျော်လွှားရေး၊ မဟာသံနှင့်သံမဏိအရည်ကျိုမှု၊ အပ်ချုပ်လုပ်ငန်း၊ချင်မင်းဆက်လေးဆက် ၊ ယဉ်ကျေးမှု တော်လှန်ရေးတို့မှ အပင်တွေစိုက်ခြင်းအထိ နက်နက်ရှိုင်းရှိုင်း နားလည်မှုရှိလေသည်။
အသီးအနှံပင်၏ ထိပ်ဖျားသည် မျက်စိပသာဒ ဖြစ်လိမ့်မည်မဟုတ်၊၎င်းတို့ကို ခုတ်လှဲပစ်စေ။ ကြက်၊ ဘဲ၊ ငန်းတို့က အရင်းရှင်စနစ်၏အမြီးဖြစ်သည့်အတွက် ၎င်းတို့ကို့ သတ်ကြစေ။သို့သော်လည်း ကောက်ပဲသီးနှံများက မဟုတ်သည့်အတွက် အချိန်မရွေး စိုက်ပျိုးကြပါစေ။(အရင်းရှင်စနစ်ရဲ့ အမိန့်မှန်သမျှလိုက်နာရတာကိုပြောချင်တာထင်တယ်)
ထို့ကြောင့် သူက အပိုငွေရှာရန် အခြားအရာများကို မည်သည့်အခါမျှ စိတ်အားထက်သန်ခြင်းမရှိခဲ့ပေ အခြားသူများကလည်း သူ့ကို အကြံမပေးရဲကြပေ။
ယခု အားဝမ်က ဤအကြောင်းအရာကို ပြောပြသောအခါ သူစိတ်မဆိုးဘဲ အနည်းငယ် အံ့သြသွားခဲ့သည်။
"ဘေးပေါက် အလုပ်... ငါတို့ ဘာလုပ်နိုင်မလဲ"
အားဝမ်င သူ့အတွေးတွေကို မြင်ပြီး ရယ်မောကာဆို၏။
"ဒါက လွယ်ပါတယ်... ဘာမဆို လုပ်လို့ရတယ်... အဘိုး အလုပ်တစ်ခုစလုပ်ဖို့အတွက် ဦးနှောက်၊ အသိပညာနဲ့ အရည်အချင်းတွေ လိုအပ်တယ်...အခု ကျွန်တော်တို့မှာ ...အဆင်သင့် အဖွဲ့တစ်ဖွဲ့ရှိနေပြီ..သူတို့ကို ကာယအလုပ်လုပ်ခိုင်းမယ်ဆို ဘယ်လောက် ဖြုန်းတီးရာကျလဲ... ကျွန်တော်တို့ အဖွဲ့ဝင်တွေထဲက တစ်ယောက်က သူတို့ ကိုးယောက်လုပ်စာ လုပ်နိုင်တယ်"
ဟန်ရုံဖန် ထိုအကြောင်းကို တွေးကြည့်သည်။
"ဟေး ဒါကအမှန်ပဲ"
အားဝမ်: "အဘိုး... ဘာလို့ ဆပ်ပြာအရင်မထုတ်တာလဲ... ပညာတတ်လူငယ်ရှန်က အရမ်းတော်တာ...သူနားလည်တယ်"
သူ့မားမားက အိမ်မှာ ဆပ်ပြာအလုံအလောက်မရှိမှာကို တစ်နေကုန်စိတ်ပူနေတတ်သည်။ထို့ကြောင့် သူမမှာ အသားတွေနာကျင်နေရင်း
တစ်ဖက်က ဝယ်ရသေး၏။
ဟန်ရုံဖန် : "ဆပ်ပြာလား... ငါတို့တောလူတွေက ဒီပစ္စည်းကို မလိုအပ်ဘူး"
"အဘိုး အဲဒါကို မသုံးရင်တောင် ရှိရင် သုံးလို့ရတယ်မလား...ပြီးတော့ အပြင်က မြို့ကလူတွေကိုပါ ရောင်းလို့ရတယ်"
ဟန်ရုံဖန်: "အခု အရင်းရှင်အမြီးဖြတ်နေတာက ခေတ်ထနေတာ... ငါအရင်က အစည်းအဝေးတစ်ခုသွားတုန်းက အရင်းရှင်ရဲ့မြက်ထက် ဆိုရှယ်လစ်စနစ်ရဲ့ပျိုးပင်တွေကို ပိုလိုချင်တယ်လို့ ပြောခဲ့တယ်"
အားဝမ်: "အဘိုး...ဆပ်ပြာဆိုတာ ဆိုရှယ်လစ်စနစ်ရဲ့ မြက်ပဲ...အရင်းရှင်စနစ်ရဲ့ ပျိုးပင်အတွေ အကြာကြီးရှိနေပြီ ... ... အဆင့်မြင့်ဆပ်ပြာ၊တန်းမြင့် အဆင့်မြင့်ဆပ်ပြာမှုန့်"
သူ လင်းလန်ထံမှ ဆပ်ပြာမှုန့်ကို ချေးယူပြီး အသုံးပြုခဲ့သည်။
အချို့အရာများကို ဤနည်းဖြင့် သို့မဟုတ် ထိုနည်းဖြင့် ခွင့်မပြုသော်လည်း အခြားနည်းဖြင့် ထားလျှင် တရားဝင်အကြောင်းပြချက်များရှိလျှင် ဖိအားမရှိပါချေ။
ဟန်ရုံဖန်က ခေါင်းကုတ်ပြီးဆို၏။
"စဉ်းစားကြည့်ပါရစေဦး "
အားဝမ်: "အဘိုး...အဲဒါကို ဖြည်းဖြည်းချင်းစဉ်းစား...စိတ်မပူပါနဲ့..ဒီပညာတတ်လူငယ်တွေကို အရင်လေ့ကျင့်ပေးလိုက်ပါ"
သူတို့အားလုံးက မာနကြီးပြီး အမိန့်ကို မနာခံကြပေ။ လူတွေများလာလေလေ ဖရိုဖရဲဖြစ်လေလေပါပင်။
ဟန်ရုံဖန် စဥ်းစားနေသည်ကို မြင်လိုက်ရာတွင် သူ အိမ်ပြင်နေသည်က ဘယ်သူလဲဆိုသည်ကို သိရန် လင်းလန်ဆီ အရင်သွားလိုက်သည်။
ဟန်ရုံဖန် ထိုဟာကို အဖြေရှာနိုင်သွားသည့်အတွက် သူ့ စိတ်တွေ တက်ကြွလာပြီး သူ့ ခြေလှမ်းတွေ သွက်လက်လာ၏။
အုပ်ချုပ်ရေးမှူးက သူ့ကိုကြည့်ပြီးမေးသည်။
"ဘာဖြစ်နေတာလဲ... ပျော်ရွှင်စရာကိစ္စရှိလား"
ဟန်ရုံဖန်: "နီးပါးပဲ"
အုပ်ချုပ်ရေးမှူး : "ဒါဆို ပစ္စည်းအတွက် ပိုက်ဆံအရင်ရှင်းရမှာလား"
"ဒီလောက်ပိုက်ဆံလေးကို အသည်းအသန်ဖြစ်နေသေးတယ်... အရင်ဆုံး အကြွေးထားလိုက်မယ်" ပြောပြီးသည်နှင့် လက်နောက်ပစ်ကာ ထွက်သွားလေသည်။
အုပ်ချုပ်ရေးမှူး: "..."
.....
တဝမ်က သူ့ညီအကိုမောင်နှမတွေကို ကျောင်းခေါ်သွားချိန်၌ ဂိတ်ပေါက်မရောက်ခင်မှာ ဖန်းရှောင်က ဝိုင်ကြီးပတ်ပတ်သွားနေသည်ကို တွေ့လိုက်ရသည်။
"စန်းတိ ရှောင်ဝမ်ကော...ကျောင်းသွားမလိုလား"
ဖန်းရှောင်က အားနည်းနေပုံရသည်။
သူတို့က ဖန်းရှောင်ကိုကြည့်ပြီး ရယ်မောလိုက်၏။
"အစ်မဖန် ဘာလုပ်နေတာလဲ"
ဖန်းရှောင်က ပြောလေသည်။
"ငါတို့ တစ်ခုခု ဆွေးနွေးလို့ရမလား"
တဝမ်နှင့် မိုင်စွေ့လည်း သူမကို လာကြည့်ကြ၏။
ဖန်းရှောင် : "အနာဂတ်မှာ ...အစ်မ ကလေးတို့ မိသားစုဆီကနေ အစားအစာကို ဝယ်လို့ရမလား...အစ်မကို ထမင်းစားဖို့ ထန်းသီးအရွယ် ပန်ကိတ်တစ်လုံး၊ ဟင်းတစ်ပန်းကန်နဲ့ ဟင်းရွက်ချဉ်နည်းနည်းပဲပေးပါ... တစ်နေ့ကို ထမင်းလက်မှတ်တစ်စောင်နဲ့နောက်ထပ် ဆယ့်ငါးဆင့် ပေးပါ့မယ် ဟုတ်ပြီးလား... ဒီနည်းနဲ့ စာအုပ်နဲ့ ဘတ်စကတ်ဘောဝယ်ဖို့ ပိုက်ဆံစုလို့ရတယ်"
ကလေးများက တဝမ်ကို လှမ်းကြည့်ကြသည်။
တဝမ်: "ဒါက စျေးကစားတာလား"
ဖန်းရှောင် ဖြောင့်မတ်မှန်ကန်သည့် မျက်နှာဖြင့်ဆို၏။
"ဒါက ဘာလို့စျေးကစားတာဖြစ်ရမှာလဲ... လူ့အသက်တစ်ချောင်းကို ကယ်တင်တာက ခုနစ်ထပ်ဘုရားကို တည်တာထက်ပိုကောင်းတယ်"
သူမက ပညာတတ်လူငယ်များ၏အဖြစ်ဆိုးအကြောင်းလည်းပြောပြလိုက်သည်။သူမမှာ ချီဖုန်းရှို့ကြောင့် မနက်စာဝဝလင်လင်မစားရပေ။ ချီဖုန်းရှို့က ဆန်တစ်ဝက်လောက်သွန်ပစ်ခဲ့ပြီး ရှန်ယွီ ပြန်ကောက်ထားသည့် ကျန်သည့်ဟာတွေက သန့်စင်၍မပြီးသေးသည့်အတွက် လူတိုင်းက နှစ်လုပ်စီလောက်ပဲစားခဲ့ရသည်။
သူမ ဆာလောင်မှုကြောင့် ရူးသွပ်သွားခဲ့သည်။
Xxxxxxxxx