အပိုင်း ၉၂
Viewers 43k

Chapter 92


ထို့အပြင် သူ၏ စိတ်ကူးယဉ်ပုံဖော်နိုင်စွမ်းမှာလည်း အလွန် ကြွယ်ဝလှသည့်အတွက် ထိုဝတ္ထုကို ဖတ်နေစဉ် စိတ်ထဲတွင် သူနှင့် ကျိမြန်၏ မျက်နှာကို မြင်ယောင်မိပြီးဖြစ်ရာ နမ်းသည့်စာသားများကို ပုံရိပ်အဖြစ် အလိုအလျောက် ပြောင်းလဲမိသွားတော့သည်။ ကျိကောက သူ့ကို နံရံတွင်ဖိကာ အတင်းအဓမ္မ နမ်းနေပြီး ရောယှက်နေသည့် လျှာဖျားတို့မှာ မကြားဝံ့စရာ အသံတို့ကို ထုတ်လွှင့်နေသည်။ တံ‌တွေးတို့က တစ်ယောက်မှ တစ်ယောက်သို့ ကူးလူးစီးဆင်းသွားပြီး ဟော်မုန်းနံ့ ခပ်ပြင်းပြင်းကိုပင် ခံစားမိလာတော့သည်။ 


အားးးးး ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရှောင်ကျားရှု မင်း ဆက်မဖတ်နဲ့တော့ ... 


မျက်နှာကို အုပ်ကာ ‌ဗလုံးဗထွေး ရေရွတ်လိုက်သည်။ သူ့နှလုံးသားမှာ တစ်စက္ကန့်လျှင် ရှစ်မိုင်နှုန်း ပြေးထားရသည့်နှယ် တဆတ်ဆတ် ခုန်နေသည်။ မျက်နှာကို အုပ်ထားသည့်တိုင် လက်ချောင်းကြားမှတစ်ဆင့် စာပိုဒ်ကို ဆက်မြင်နေရဆဲဖြစ်သည်။ 


"ညီလေး မင်းရဲ့ အပြစ်ဒဏ်အနေနဲ့ ကိုယ့်ကို တက်စီးပြီး မင်းဘာသာမင်း လှုပ်ရှားတော့ " 


တက်စီးပြီး ကိုယ့်ဘာသာကိုယ် လှုပ်ရှား ... တအားကို ကွက်ကွက်ကွင်းကွင်းကြီး ရေးထားတာပဲ ... 


ရှောင်ကျားရှုမှာ သူ့ခေါင်းတစ်ခုလုံး ရေနွေးငွေ့ပင် ထွက်လုမတတ် ပူနေပြီဖြစ်ကြောင်း သတိထားလိုက်မိသည့်အတွက် မျက်လုံးကို မှိတ်၊ ဖုန်းကိုပိတ်ကာ ထိတ်လန့်မှုကြောင့် တဆတ်ဆတ် တုန်ရီလာတော့သည်။ 


ထိုအချိန်တွင် သူ့နောက်ကျောဘက်မှ "ဘန်း" ဟူသည့်အသံ အကျယ်ကြီးကို ကြားလိုက်ရသည်။ မျက်စိဖွင့်ကာ လှည့်ကြည့်လိုက်သည့်အခါ ကျိကော၏ လက်ထဲမှ ကတ်တီနှစ်ရာကျော် အလေးချိန်ရှိ ဝိတ်တုံးများ လွတ်ကျသွားကြောင်း တွေ့လိုက်ရသည်။ ကြွက်သားများ ဒဏ်ဖြစ်မသွား၍သာ တော်သေးသည်။ 


"ကျိကော အဆင်ပြေရဲ့လား ..." 


ရှောင်ကျားရှုက ချက်ခြင်း ထရပ်ကာ မေးလိုက်သည်။ သူ့အမူအယာမှာ အလွန် စိုးရိမ်နေဟန်ပင်။ 


ကျိမြန်က လက်ကောက်ဝတ်ကို ပွတ်သပ်လျက် သူ့ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်တို့မှာ ဒွိဟဖြစ်နေဟန်ပင်။ မိနစ်ဝက်ခန့် ကြာကာမှ အက်ကွဲနေသည့် အသံဖြင့် ပြန်မေးလိုက်သည်။ 


"ရှောင်ကျားရှု ဘာတွေ ကြည့်နေတာလဲ မင်းမျက်နှာက တော်တော်ကို နီရဲနေတယ် ..." 


"ဘာမှ မဟုတ်ပါဘူး ..." 


သူ ဖတ်လက်စပို့စ်ကို အမြန်ထွက်ပြီးကာမှ ဖုန်းကို မြှောက်ပြလိုက်သည်။ 


"ဒီတိုင်း Weibo မှာ လျှောက်ကြည့်နေတာပါ စောစောက လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ထားလို့ မျက်နှာ နီနေတာ နေမှာ ခဏနေရင် သက်သာသွားမှာပါ ..." 


ကျိကောကို ငါ ဖတ်နေတဲ့ဟာတွေ ပြလိုက်လို့ မရပါဘူး မဟုတ်ရင် ငါ့ကို နှာဘူးလို့ ထင်သွားမှာပေါ့ ... 


ကျိမြန်၏ နှုတ်ခမ်းထောင့်စွန်းတို့ အသာကော့တက်သွားကာ လမ်းပျောက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"ပင်ပန်းရင် နားနေခန်းထဲ သွားပြီး ခဏ လှဲနေလိုက်လေ ပြီးရင် ပရိုတင်းမှုန့် တစ်ခွက်လောက်လည်း သောက်လိုက်ဦး ..." 


"ကော လေ့ကျင့်ခန်း လုပ်ပြီးမှ အတူတူ သောက်ရအောင်လေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေ ယူလာတယ် အမေပြင်ပေးလိုက်တာ အဲဒါ တကယ်ကို အရသာရှိတယ် သိလား ..." 


ရှောင်ကျားရှုက လှုပ်ရှားရန်ပင် ဆန္ဒမရှိ။ ကျိကော လေ့ကျင့်ခန်း လုပ်သည်ကိုသာ စောင့်ကြည့်လိုပေသည်။ 


ကျိမြန်လည်း ဘာမှ မတတ်နိုင်တော့။ ထိုစာကို ဆက်ဖတ်ရန် ရည်ရွယ်ချက် မရှိတော့ကြောင်း သေချာမှသာ အလျော့ပေးလိုက်တော့သည်။ 


"အိုကေ ငါက နှစ်နာရီ လေ့ကျင့်ရမှာဆိုတော့ ဒီမှာပဲ စောင့်လေ ကြမ်းပေါ် မလှဲနဲ့ အေးတယ် ဟိုနားမှာ ယောဂဖျာတွေ ရှိတယ် ..." 


သီးသန့်လေ့ကျင့်ရေးအခန်းနှင့် မျက်နှာချင်းဆိုင်ရှိ ပစ္စည်းကိရိယာထားသည့်အခန်းကို ညွှန်ပြလိုက်သည်။ 


ရှောင်ကျားရှုက နာကျင်နေသည့် ခြေထောက်များကို မျက်နှာချင်းဆိုင်အခန်းအထိ တရွတ်ဆွဲသွားကာ ဖျာယူပြီးနောက် ကျိမြန်၏ မနီးမဝေးတွင် ပြန်ထိုင်နေလိုက်သည်။ အခန်း၏ နံရံလေးဖက်လုံးကို မှန်အပြည့် တပ်ဆင်ထားရာ ပြုတ်ထားသည့် ပုစွန်တစ်ကောင်နှယ် ရဲရဲနီနေသည့် သူ့ပါးနှင့် လည်ပင်းတို့ကို အတိုင်းသား မြင်နေရပေသည်။ 


ကျိကောက တစ်ချက်လောက် ကြည့်ရုံနဲ့တင် မူမမှန်မှန်း တန်းသိတာ မဆန်းတော့ပါဘူး သူ့အရေပြားက တော်တော်လေး ပါးတာကိုး ... 


အာ မဟုတ်သေးပါဘူး ငါ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က စက်ရုပ်လေ စက်ရုပ်တစ်ရုပ်က ဘယ်လိုလုပ် ရှက်သွေးဖြာနိုင်မှာလဲ မဟုတ်သေးပါဘူး ဒီအမူအရာလေးကိုတောင် မထိန်းချုပ်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီဇာတ်ကောင်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်မှာလဲ ဒီ ရှက်သွေးဖြာနေတဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းမှ ရတော့မယ် ... 


ထိုသို့ အတွေးပေါက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုသည် လဲလျောင်းမနေနိုင်တော့။ ချက်ခြင်း ထထိုင်ကာ မှန်ကို ကြည့်လျက် အမူအယာကို ထိန်းချုပ်ရန် ကြိုးစားလိုက်တော့သည်။ နီမြန်းနေမှုတို့ အလျင်အမြန် ပျောက်ကွယ်စေလိုသော်ငြား စိတ်မရှည်လေ မျက်နှာမှာ ပိုနီလာလေပင်ဖြစ်သည်။ 


ဒီလိုအရည်အချင်းမျိုးနဲ့ အေးစက်ရက်စက်တဲ့ ဇာတ်ကောင်ကို ဘယ်လိုလုပ် သရုပ်ဆောင်နိုင်တော့မှာလဲ ...


ဤရုပ်ရှင်ထဲတွင်သာမက အနာဂတ်တွင် ရိုက်ကူးမည့် ရုပ်ရှင်များကိုပါ ချောချောမွေ့မွေ့ ရိုက်နိုင်ရေးအတွက် ခံစားချက်ကို ကောင်းစွာ ထိန်းချုပ်ရမည်ဖြစ်သည်။ ၎င်းမှာ သရုပ်ဆောင်တို့အတွက် မရှိမဖြစ် လိုအပ်လှသည်။ နားရွက်နှင့် ပါးတို့ကို စိတ်မရှည်စွာ ဆွဲဆိတ်ရင်း အတွေးထဲတွင် စကားလုံးလေးလုံး ပေါ်လာတော့သည်။ "အဆိပ်ကို အဆိပ်နဲ့တိုက် " 


ဒီလိုဝတ္ထုမျိုး ဖတ်လို့ ရှက်သွေးဖြာလာတယ်ဆိုရင် ဒါမျိုးနဲ့ ထပ်ကြုံတဲ့အခါ မအံ့ဩရတော့အောင် ပုံစံတူတွေ အများကြီး ထပ်ဖတ်ထားမှ ဖြစ်မယ် ဒီလို ရိုက်ခတ်မှုတွေကို သည်းခံနိုင်သွားရင် ဘယ်လိုအရာတွေကမှ သက်ရောက်နိုင်တော့မှာ မဟုတ်ဘူး ... 


ရှောင်ကျားရှုက သူ့ကိုယ်သူ ချီးကျူးကာ တဆတ်ဆတ် တုန်ရီနေသော လက်ချောင်းတို့ဖြင့် အလားတူဝတ္ထုမျိုးကို လိုက်ရှာလိုက်သည်။ စာရေးသူ၏ အကြံပြုချက်များကို လိုက်လံကြည့်ရှုရင်း ရှက်စရာအကောင်းဆုံး ခေါင်းစဉ်ကို ရွေးချယ်လိုက်၏။ 


"မှောင်မိုက်တဲ့ ညအလယ်က တမန်တော်ရဲ့ စိတ်ဆန္ဒ" 


တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့တင် အဲဒါက ဝါရင့် ဒရိုင်ဘာမောင်းတဲ့ ကားမှန်း သိသာနေတယ် ခါးပတ်ကို မြန်မြန်လေး ပတ်ထားကြ ... 


ရှောင်ကျားရှုက စိတ်ကို လုံလုံလောက်လောက် ပြင်ဆင်ထားသည့်တိုင် ပါးနှစ်ဖက်မှာမူ နီရဲနှင့်နေပြီဖြစ်သည်။ ကျိမြန်မှာ ခေါင်းကိုက်ဝေဒနာ ခံစားနေရသည့်နှယ် ‌နဖူးကိုသာ ဆက်တိုက် ဖိနှိပ်နေလိုက်တော့သည်။ 


"ရှောင်ကျားရှု ဒီနားလာခဲ့ ..." 


သူက အလေးတုံးကို အောက်ချကာ ချွေးသုတ်လိုက်သည်။ 


"ကျိကော ကျွန်တော် ဘာလုပ်ပေးရမလဲ ..." 


ရှောင်ကျားရှုမှာ စာဖတ်ရန်ပင် သတိမရတော့။ သူ့အနားသို့ ချက်ခြင်း ပြေးလာလိုက်တော့သည်။ 


"ထိုင်လိုက် ..." 


ကျိမြန်က ခုံတန်းရှည်တွင် ထိုင်နေကာ ရှောင်ကျားရှုက သူ့ပေါင်ပေါ်သို့ သက်တောင့်သက်သာ ဝင်ထိုင်လိုက်သည်။ 


ကျိမြန်က သူ့ဖုန်းကို ယူကြည့်လိုက်သည့်အခါ ပင်မစာမျက်နှာသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် သူ့မေးရိုးကို လက်ခုပ်ထဲထည့်ကာ ဓာတ်ပုံရိုက်၍ Weibo တွင် တင်စေလိုက်သည်။ 


"မင်းရဲ့ ပရိသတ်တွေကို ဇာတ်ကောင်အသစ်အတွက် ဝိတ်ချနေတယ်လို့ အသိပေးလိုက် ပြီးရင် မှတ်ချက်တွေကို ကြည့်နေ ဒီရက်ပိုင်းထဲ "The Zerg Wars" ရယ် "တမန်တော်" နဲ့ ပတ်သက်တာတွေကို များများစားစား တင်ပေး ဒါ မင်းအလုပ်ပဲ ဟုတ်ပြီလား ..." 


ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြကာ မှတ်ချက်များကို စိတ်ဝင်တစား ဖတ်ကြည့်နေလိုက်တော့သည်။ အမူအယာကို ထိန်းချုပ်ရန်နှင့် အဆိပ်ကို အဆိပ်ဖြင့် တိုက်ထုတ်ရန် လုံးဝ မေ့လျော့သွားတော့၏။ 


ထိုအခါမှ ကျိမြန်လည်း စိတ်အေးချမ်းသွားကာ နောက်ကျောကြွက်သားလေ့ကျင့်ခန်းကို ပြန်လည်စတင်လိုက်တော့သည်။ 


ရှောင်ကျားရှုမှာ သူ့ကိုယ်သူ အိုင်ဒေါတစ်ယောက်ဟုပင် သတ်မှတ်ထားဟန်မတူ။ အခြားသူများက တစ်နေ့လျှင် selfie တစ်ဒါဇင်ထက်မနည်း တင်နေကြသော်လည်း သူကမူ ဆယ်ရက်နေ၍ပင် ပုံတစ်ပုံ မတင်။ တင်သည့်ပုံမှာလည်း ရိုက်ကူးရေးနှင့် သက်ဆိုင်သည့် ပုံများသာ ဖြစ်ရာ ထိုပုံတင်လိုက်သည်နှင့် တစ်ပြိုင်နက် update ချို့တဲ့နေသူ သစ်စေ့လေးများအားလုံး အုပ်စုလိုက် ရောက်လာကြတော့သည်။ ပုံကို မြင်လျှင်မြင်ချင်း တိတ်ဆိတ်သွားသော်ငြား ချက်ခြင်းပင် အောင်ပွဲခံလိုက်ကြတော့သည်။ 


"ငါပဲ အတွေးလွန်နေတာလားတော့ မသိပေမယ့် ဒီပုံက နည်းနည်း ထူးဆန်းနေ‌သလိုပဲ ... 


"ရှောင်ကျားရှုရဲ့ မေးစေ့ကို ကိုင်ပြီး ခေါင်းမော့ခိုင်းတဲ့ လက်တစ်ဖက်ကို တွေ့လိုက်မိသလိုပဲနော် ဆံပင်တွေ အသားအရေတွေက ချွေးတွေ ရွှဲနစ်နေတာပဲ ပါးတွေလည်း နီရဲပြီး မျက်လုံးကလည်း မျက်ရည်လေးတွေကို လည်လို့ အပြစ်ကင်းပြီးတော့ ရှုပ်ထွေးနေတဲ့ ပုံလေး နီရဲနေတဲ့ နှုတ်ခမ်းကိုလည်း သာသာလေး ဟထားသေးတယ် တစ်ခုခု ပြောချင်နေတဲ့ ပုံစံမျိုးနော် ဒါပေမယ့် နမ်းပါနမ်းပါဆိုပြီး တောင်းဆိုတဲ့ ပုံမျိုးလည်း ဖြစ်နေသေးတယ် သူ့ရုပ်ရည်က အရင်ကတည်းကကို မင်သက်ချင်စရာ ကောင်းနေပြီးသားဆိုပေမယ့် အခုပုံစံက တော်တော်ကြီးကို ညှို့ဓာတ်ပြင်းနေတာ ..." 


ပရိသတ်‌တစ်ယောက်က ပြောလိုက်သည်။ 


နင် အတွေးလွန်နေတာ မဟုတ်ဘူး တကယ်ကို အထွတ်အထိပ်ရောက်နေတဲ့ မျက်နှာမျိုးလေး ..." 


"အရင်ဆုံး အာသာသွားဖြေလိုက်ဦးမယ် ..." 


"ငါ့အမေက ပြောတယ် ဘာလို့ ဖုန်းကြည့်နေရင်း နှာခေါင်းသွေးတွေ လျှံလာတာလဲတဲ့ #မျက်နှာအုပ်ထားတဲ့စတစ်ကာ# ..." 


"မင်းရဲ့ မေးစေ့ကို ဘယ်သူ မြှောက်ခိုင်းထားတာလည်း ပြောပါဦး သူ့ကို တစ်နှစ်တာအတွက် အကောင်းဆုံး Fling ဆု ပေးချင်လို့ ..."


(Fling က fuck buddy ကို ပြောတာပါတဲ့) 


"စခရင်ကို လျာနဲ့လျက်လိုက် နှာခေါင်းသွေးတွေ ထွက်လိုက်နဲ့ ငါတော့ သေတော့မှာပဲ တစ်‌ယောက်လောက် ၁၂၀ ကို ဖုန်းဆက်ပေးကြပါဦး ရှောင်ရှုမြောင်ရဲ့ မျက်နှာက တကယ်ကို ဥပဒေနဲ့ ဆန့်ကျင်နေတယ် မျက်နှာတစ်ခုလုံး ချွေးတွေ စိုရွှဲနေတာ သူ ဘာလုပ်ထားလို့လဲ ..." 


မသင့်လျော်သည့် မှတ်ချက်များ တစ်စထက်တစ်စ များပြားလာသည့်အတွက် ရှောင်ကျားရှုမှာ မျက်ပြူးဆန်ပျာဖြင့် အထပ်ထပ်အခါခါ ရှင်းပြလိုက်ရတော့သည်။ 


"လေ့ကျင့်ခန်း လုပ်နေလို့ မျက်နှာက နီပြီး ချွေးတွေ ထွက်နေတာပါ တကယ် အတည်ပြောနေတာလို့ ..." 


"ယုံပါတယ် ယုံပါတယ် ..."


သစ်စေ့လေးများက သာမန်ကာလျှံကာပင် ပြန်တုန့်ပြန်ကာ စခရင်ကို လျာဖြင့် ပြန်လျက်ရင်း နှာခေါင်းသွေးထွက်ရင်း အလုပ်များကုန်ကြတော့သည်။ 


မှတ်ချက်ကဏ္ဍတစ်ခုလုံး အထိန်းအကွပ် မဲ့သွားသည့်အတွက် ရှောင်ကျားရှုမှာ အော်ဟစ်ငိုယိုလိုစိတ်ပင် ဖြစ်လာတော့သည်။ ဓာတ်ပုံကို ပြန်ဖျက်လိုက်ချင်သော်ငြား သူ့ပရိသတ်များက screenshot ရိုက်ထားပြီးဖြစ်ကြောင်း ပြောလာကြ၏။ 


မင်းမေကြီးတော်ကြီးကို အာသာဖြေ "အထွတ်အထိပ်ရောက်နေတဲ့ မျက်နှာ" ဆိုတာကြီးကရော ဘယ်လိုတောင် စောက်ကျိုးနည်းတာကြီးလဲ ... 


ရှောင်ကျားရှုက မျက်နှာကို အုပ်လျက် မကျေမနပ် ညဉ်းတွားလိုက်သော်ငြား ကျိမြန်ကိုလည်း ထုတ်မပြောရဲ။ 


ဓာတ်ပုံရိုက်ပြီး ပို့စ်တင်လိုက်တာက သူ(ကျိမြန်) ဆိုပေမယ့် ဒါကလည်း သူ(ရှောင်ကျားရှု) ကောင်းဖို့ လုပ်ပေးတာလေ ဘယ်လိုလုပ် သွားပြီး အပြစ်တင်လို့ ရမှာလဲ အပြစ်တင်ချင်ရင် မဟုတ်တရုတ် တွေးလွန်းတဲ့ မင်းပရိသတ်တွေကိုသာ အပြစ်တင်...


ကျိမြန်မှာ လေ့ကျင့်ခန်း ဆက်လုပ်လိုခြင်း အလျဉ်းမရှိတော့။ 


အိမ်မွေးတိရိစ္ဆာန်တွေက သခင်နဲ့ ဆင်တူတတ်ကြတယ်တဲ့ အိုင်ဒေါနဲ့ ပရိသတ်တွေဆိုတာလည်း ဒီအတိုင်းပဲ ရှောင်ကျားရှုက အဆိပ် ပြင်းသလို သူ့ဖန်တွေကလည်း ထပ်တူထပ်မျှကို အဆိပ်ပြင်းလိုက်ကြတာမှ ...


ဖုန်းကို ဖွင့်ကြည့်လိုက်ပြီးနောက် ကျိမြန်၏ အကြည့်အားလုံး ထိုဓာတ်ပုံပေါ်တွင်သာ ရပ်တန့်သွားတော့သည်။


ထိုဓာတ်ပုံကို ရိုက်လိုက်စဉ်က မည်သည့် ခံစားချက်မှ မရှိ၊ သို့သော် မှတ်ချက်များကို ဖတ်ပြီးနောက် ပုံကို ပြန်ကြည့်လိုက်သည့်အခါ သိသိသာသာပင် မျက်မှောင်ကြုတ်လိုက်မိတော့သည်။


ရှောင်ကျားရှုရဲ့ မျက်နှာက တကယ်ကြီးကို ကြည့်လို့ကောင်းတာပဲ ရီဝေငေးမှိုင်နေတဲ့ အကြည့်ရယ် ချွေးတွေ စိုရွှဲပြီး နီရဲနေတဲ့ မျက်နှာ ရယ်က တကယ်ကို ...


ကျိမြန်က သူ့အတွေးတို့ နယ်လွန်မလာစေရန် ထိန်းချုပ်ကာ နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။


“ပုံကို ဖျက်လိုက်တော့ ...”


“ဖျက်လိုက်ရင် ပိုပြီး ထူးဆန်းမသွားဘူးလား ...”


ရှောင်ကျားရှုက သူ့အနား လျှောက်လာကာ ငုတ်တုတ်ထိုင်ချရင်း မျက်နှာကို ညွှန်ပြလျက် ပြောလိုက်သည်။


“ကျိကော ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ရိုက်ပေးလို့ ရသားပဲ ဒါပေမယ့် ဒီတစ်ကြိမ်ကျ မျက်နှာကို ပိုပြီး တင်းတင်းလေး ညှစ် ပေးနော် ရုပ်ဆိုးလေ ပိုကောင်းလေပဲ ...”


ကျိမြန်မှာ တစ်ခဏမျှ နားဝေတိမ်တောင် ဖြစ်သွားတော့သည်။ ထို့နောက်မှ ခပ်တိုးတိုး ရယ်မောလိုက်၏။


“အိုကေ နည်းနည်းလေး ခါးကိုင်းပြီး ထိုင်လိုက် ...”


ရှောင်ကျားရှုက သူ့ခြေထောက်နှစ်ဖက်ကြား ဝင်ထိုင်ကာ အနည်းငယ် နီရဲနေသည့် မျက်နှာလေးကို မော့ထားလိုက်သည်။


အစောပိုင်းက ဖတ်ရှုထားသည့် ရှက်ဖွယ်လိလိ ကွက်ကွက်ကွင်းကွင်း ရေးသားထားသည့် လိင်တူအချစ်ဇာတ်လမ်းများနှင့် မဆီလျော် လှသည့် မှတ်ချက်တို့ကြောင့် ကျိမြန်၏ မျက်နှာကို စိုက်မကြည့်ရဲတော့။ မျက်လွှာချ၍ သူ၏ နှာတံရှည်ပေါ်သို့သာ အကြည့်တို့ကို ပို့လွှတ်လိုက်တော့သည်။ သူ့ပုံစံမှာ အလွန်နာခံတတ်ကာ အနမ််းတစ်ပွင့် တောင်းခံနေပုံနှင့် လွန်စွာ တူနေကြောင်းကိုတော့ သတိ မပြုမိသေး။ နှင်းဆီရောင် နှုတ်ခမ်းပါးကို အနည်းငယ် ဖိကိုက်ထားသည့် သွားဖြူဖြူလေးများကြောင့် ပို၍ပင် သွေးဆောင်ညှို့ယူနေပုံ ပေါက်သွားတော့သည်။


ကျိမြန်က သူ့ကို စိုက်ကြည့်နေပြီးနောက် ချက်ခြင်း အကြည့်လွှဲလိုက်သည်။ အချိန်အနည်းငယ်အကြာ သူ့စိတ်ကို ငြိမ်သက်အောင် ထိန်းချုပ်ပြီးကာမှ တစ်ဖန် ပြန်လှည့်လာကာ ရှောင်ကျားရှု၏ မျက်နှာလှလှလေးကို အညှာအတာမဲ့ ဖျစ်ညှစ်လျက် ဓာတ်ပုံရိုက်ပေး လိုက်တော့သည်။ 


ရှောင်ကျားရှုက ထိုပုံဆိုးပန်းဆိုးများကို အမြန်ပင် ပြန်တင်လိုက်၏။


“နောက်ထပ်လက်ဆောင်လေး ပေးလိုက်မယ်”


“ဖာ့ခ် ငါ့မျက်လုံးတွေ”


ပရိသတ်များက သနားဖွယ်ကောင်းစွာ ညဉ်းတွားလိုက်သည်။


“တအားကို လှပခဲ့တဲ့ မျက်နှာလေးက အခုတော့ အရမ်း ရုပ်ဆိုးသွားပြီ ရှောင်ရှုမြောင်ရေ ငါတို့ကို အပြစ်ပေးနေတာလား”


“မင်းက သုံးစက္ကန့်ပဲ လှတယ်ဆိုတာ သိသားပဲ အခု expression pack တစ်ခု ထွက်လာပြန်ပြီ ရဲဘော်တို့ အမြန်လာသိမ်းကြ”


သစ်စေ့လေးများမှာ ရယ်ရခက် ငိုရခက်နေတော့သည်။ သို့သည့်တိုင် လက်ဆောင်အပေါ်လည်း အလွန် သဘောတွေ့နေဆဲပင်။ အမြဲ လိုလို စတိုင်ပြောင်းလဲတတ်သည့် အိုင်ဒေါကို အားပေးရခြင်းမှာ အလွန်ပင်ပန်းဖွယ် ကောင်းလှသော်ငြား တစ်ချိန်တည်းမှာပင် ပျော် စရာလည်း ကောင်းလှသည်။


Xxxxxxxx