အပိုင်း ၁၈၃
Viewers 43k

Chapter 183




<<ဧကရီဘုရင်မ>>သည် ဇာတ်လိုက်မ အသားပေး ရုပ်ရှင်တစ်ကားဖြစ်ရာ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရမည့် ရွှယ်မြောင်၏ တာဝန်မှာ လွန်စွာလေးလံလှပေသည်။ အချိန်ကာလ အပိုင်းအခြားမှာလည်း အသက် ၁၈ နှစ် အရွယ်မှသည် ၈၀ အထိ များစွာ ကျယ်ပြန့်ပြီး မိန်းမငယ်တစ်ဦး၏ နုံအရိုးသားမှုကိုသာမက ဧကရီတစ်ပါး၏ ခမ်းနားကြီးကျယ် အသရေတင့်တယ်ပုံကိုပါ ပေါ်လွင်အောင် ဖော်ပြရမည်ဖြစ်သည်။ လုံလောက်သည့် ဘဝအတွေ့အကြုံနှင့် ကြွယ်ဝသည့် သရုပ်ဆောင်စွမ်းရည်ကိုသာ ပိုင်ဆိုင် မထားပါလျှင် ဤဇာတ်ကောင်ကို လုံးဝ ကိုင်တွယ်နိုင်မည် မဟုတ်ချေ။


ရွှယ်မြောင်မှာ ထိုလိုအပ်ချက်နှစ်ခုလုံးကို ပိုင်ဆိုင်ထား၍သာ တော်သေးသည်။ လုံးဝ ရင့်ရော်မလာသည့် သူမ၏ မျက်နှာကို အနည်းငယ် မွမ်းမံပြင်ဆင်လိုက်ရုံမျှဖြင့်ပင် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ နုပျိုလတ်ဆတ်မှုကို ထိန်းထားနိုင်နေဆဲ ဖြစ်ပေသည်။ ဒါရိုက်တာက သူမ၏ သရုပ်ဆောင်မှုကို လွန်စွာ နှစ်ထောင်းအားရကာ ရှောင်ကျားရှုကဲ့သို့ သားလိမ္မာမျိုး ပိုင်ဆိုင်ထား သည့်အတွက် အားကျစိတ်တို့ပါ ထပ်ဆောင်း ထွက်ပေါ်လာတော့သည်။


ရှောင်ကျားရှု သရုပ်ဆောင်ရမည့် လီရှန်းကျစ်ဇာတ်ကောင်မှာ များစွာ မလေးလံ၊ လဝက်ဖြင့်ပင် အပြီးသတ် ရိုက်ကူးနိုင်ပေသည်။ သူ ရိုက်ကွင်းသို့ လာရမည့်အချိန် မရောက်သေးသည့်တိုင် နေ့တိုင်း ရွှယ်မြောင်ကို လာစောင့်နေတတ်ပြီး အားလပ်ချိန်တိုင်း ဘေးနား ထိုင်ကာ ဇာတ်ညွှန်းဖတ်လျှင်ဖတ်၊ သို့မဟုတ်ပါလျှင် စာသားများ ကျက်နေတတ်သည်အထိ လွန်စွာ ဇွဲကောင်းလှပေသည်။ ရသစုံရှိုး ကို နှစ်ပိုင်းခန့် ကြည့်ပြီးလေတိုင်း ဇာတ်ညွှန်းကို ပြန်ထုတ်ကာ လေ့လာဆန်းစစ်တတ်ပြီး ပြဿနာတစ်ခုခု ရှိလေတိုင်း စာအုပ်ထဲ ချရေးကာ ဒါရိုက်တာ အားလပ်ချိန်ကိုစောင့်၍ အကြံဉာဏ်တောင်းလေ့ ရှိပေသည်။


“ရှောင်ရှု ဒီဇာတ်ညွှန်းကို လေ့လာဖို့ မလိုတော့ဘူး ငါ ဒါကို ပြန်တည်းဖြတ်ပြီးပြီ ဒီနား လာကြည့်လှည့်ဦး ...”


ဒါရိုက်တာဘေးနားတွင် ရပ်နေသည့် ဇာတ်ညွှန်းရေးသူက သူ့ကို လက်ယပ်ပြရင်း ရွှယ်မြောင်ဘက်လှည့်ကာ ပြောလိုက်သည်။


“ရွှယ်ကျဲ ကျဲရဲ့ အခန်းတွေလည်း တိုးလာတယ်နော် ...”


“ဘာလို့ ရုတ်တရက်ကြီး ဇာတ်ညွှန်းပြောင်းလိုက်ရတာလဲ ...”


သူမက သိလိုစိတ် ပြင်းပြစွာ မေးလိုက်သည်။


“<<ချင်မင်းဆက်၏ ပျက်သုဉ်းခြင်း>> က စစချင်းမှာပဲ ရုပ်သံလွှင့်ခွင့် အပိတ်ခံလိုက်ရတာကို သိတယ်မဟုတ်လား ကြားတာတော့ အဲဒီ့ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးတဲ့သူက သမိုင်းဝင် ပုံရိပ်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တယ်ဆိုပြီး ပရိသတ်ရဲ့ ဝေဖန် တာကို ခံလိုက်ရတယ်တဲ့ ဧကရီ ဆိုတာကလည်း တရုတ်သမိုင်းမှာ အကျော်ကြားဆုံး အုပ်စိုးသူတစ်ပါးဆိုတော့ ကျွန်တော်တို့ရဲ့ ဇာတ်ညွှန်းက သမိုင်းကြောင်းနဲ့ သွေဖယ်လို့ မရဘူးလေ ပြီးတော့ ပရိသတ်ကို ဧကရီရဲ့ သဘာဝအကျဆုံး ဘက်ခြမ်းတွေကို ချပြမှ ရမယ် ...”


ဇာတ်ညွှန်းရေးသူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။


ဤအကြောင်းပြချက်မှာ လွန်စွာ ခိုင်လုံလှ၍ သူမလည်း မငြင်းဆန်နိုင်တော့၊ ဇာတ်ညွှန်းအသစ်ကို ပြန်ဖတ်ကြည့်ပြီးနောက် သူမ၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ 


“အပြောင်းအလဲက အရမ်းကြီး မကြီးလွန်းနေဘူးလား ဘာလို့ လီရှန်းကျစ်နဲ့ ဝေ့ဝူကျိုးတို့ရဲ့ အခန်းတွေကို ဒီလိုကြီး ပြောင်းပစ်ရတာ လဲ ပရိသတ်က စောဒကတက်လာမှာ မကြောက်ဘူးလား ...”


သူမက အခန်းတစ်ခန်းကို ထောက်ပြကာ မေးလိုက်သည်။


“ဒါပေမယ့် သမိုင်းမှာလည်း ဝေ့ဝူကျိုးနဲ့ လီရှန်းကျစ်က ဒီလိုဆက်ဆံရေးမျိုး ရှိခဲ့တာပဲလေ ဇာတ်ညွှန်းထဲက သူတို့ရဲ့ ဇာတ်သိမ်းက သမိုင်းစာအုပ်တွေထဲမှာ ရေးထားတဲ့အတိုင်းပဲဆိုတော့ ပရိသတ်မှာ စောဒကတက်စရာအကြောင်း မရှိပါဘူး ...”


ဇာတ်ညွှန်းရေးသူမှာ လွန်စွာ နစ်နာသည်ဟု ခံစားမိလာပေသည်။


အခုခေတ်က ဘယ်လိုကြီးလဲ သမိုင်းကို ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတော့လည်း မှားတယ် သမိုင်းကြောင်းကို လေးစားပြီး အရှိကို အရှိအတိုင်း ထည့်ရေးတော့လည်း မဟုတ်ပြန်ဘူး ဒီရှေးရိုးစွဲလူတွေကတော့ ...


ဇာတ်ညွှန်းတွင် ဖော်ပြထားသည်များမှာ သမိုင်းစာအုပ်ထဲရှိ မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီနေသည့်တိုင် ရွှယ်မြောင်မှာမူ ထိုအခန်း ကို ဖတ်ပြီးနောက် မသက်မသာ ခံစားမိလာတော့သည်။ သို့သော် နောက်ဆုံးတွင်တော့ ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းငြိမ့်၍သာ နားလည်ကြောင်း ပြသလိုက်တော့သည်။ သူမသည် အလုပ်အပေါ် လွန်စွာ အလေးထားတတ်သည့် သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည့်အတွက် ကိုယ်ရေးကိုယ်တာခံစားချက်များကို လုပ်ငန်းခွင်သို့ ယူဆောင်လာမည် မဟုတ်ချေ။ 


အသစ်ပြင်ဆင်ထားသည့် ဇာတ်ညွှန်းကို ရပြီးသည့်အခါ ရှောင်ကျားရှုက အသေးစိတ် ဖတ်ကြည့်ရုံမှအပ မည်သည့်ခံစားချက်ကိုမှ ထုတ်မပြချေ။ ဇာတ်ညွှန်းအဟောင်းနှင့်အသစ် နှစ်ခုလုံး ကျိကော၏ လက်ထဲမှ ထွက်လာခြင်းဖြစ်ကြောင်း သိသည့်တိုင် မည်သူ့ကို မှ ထုတ်ပြောမည် မဟုတ်ချေ။


ရွှယ်မြောင်က သရုပ်ဆောင်စာရင်းကို ဖတ်ကြည့်ရင်း မေးလိုက်သည်။


“ဝေ့ဝူကျိုးနေရာကို ဘယ်သူ သရုပ်ဆောင်မှာလဲ ...”


“နျဲ့ကျားရွှမ်လေ ဒီနေ့လည်လောက် ရောက်လာမယ်ထင်တယ် ...”


ဒါရိုက်တာက ပြန်ဖြေလိုက်သည်။


ထိုအခါမှ ရွှယ်မြောင်၏ သုန်မှုန်နေသော မျက်နှာလည်း အနည်းငယ် ပြေလျော့သွားတော့၏။


နေ့လည်ပိုင်းတွင် ဝေ့ဝူကျိုးအဖြစ် သရုပ်ဆောင်မည့် နျဲ့ကျားရွှမ်၊ ပဉ္စမမင်းသား လီရှန်းချန်အဖြစ် သရုပ်ဆောင်မည့် လျှိုရီလိန် အပါအဝင် အသက် ၂၀/၂၅ နှစ်အရွယ် သရုပ်ဆောင်များ ဖျတ်လက်တက်ကြွစွာဖြင့် သတင်းပို့ရန် ရိုက်ကွင်းသို့ ရောက်လာကြတော့ သည်။


လူငယ်လေးများ၏ ဆူညံသံကို နားမခံနိုင်သည့် ရွှယ်မြောင်က သားဖြစ်သူကို တီးတိုး စောဒက တက်လိုက်သည်။


“လောကကြီးက ပြောင်းလဲသွားပြီပဲ ငါတို့ငယ်ငယ် ရုပ်ရှင်ရိုက်တုန်းကဆို ဆူဆူညံညံ လုပ်ရဲတဲ့သူ ဘယ်သူမဆို ဒါရိုက်တာ ဆူတာကို ခံရတာပဲ ဘာလို့လဲ သိလား ရုပ်ရှင်ရိုက်တယ်ဆိုတာ စိတ်အာရုံအလုံးစုံကို နစ်မြှုပ်ထားရလို့လေ ပြီးတော့ အသံသွင်းတဲ့အချိန်မှာ ဘေးက ဆူညံသံတွေ ရှိနေရင် သရုပ်ဆောင်ရဲ့ စိတ်အခြေအနေကို သက်ရောက်စေလို့ အသံဖမ်းတာက အကျိုးမရှိတော့ဘူး ...”


“မားရယ် ကမ္ဘာကြီးက အမြဲတမ်း ပြောင်းလဲနေတာလေ မားလည်း လိုက်လျောညီထွေဖြစ်အောင် နေသင့်တယ်နော် ...”


ရှောင်ကျားရှုက ဇာတ်ညွှန်းကိုသာ အာရုံစိုက်နေကာ ခေါင်းပင် မော့ကြည့်မလာခဲ့။


“ကမ္ဘာကြီး ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ ယောကျ်ားနှစ်ယောက် အတူတူ ရှိတာကိုတော့ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး ...”


ရွဲ့တဲ့တဲ့ပြောကာ ထွက်သွားသူကြောင့် ရှောင်ကျားရှုပင် ကြောင်တောင်တောင် ဖြစ်သွားတော့၏။


ဒီတိုင်းလေးပဲ ပြောလိုက်မိတာပါ ဘယ်လိုဖြစ်ပြီး အမေ့ကို စိတ်ဆိုးအောင် လုပ်မိသွားပြန်ရတာလဲဟ ...


ဒါရိုက်တာကို သတင်းပို့ပြီးနောက် အသစ်ရောက်လာသော သရုပ်ဆောင်အားလုံး ကိုယ်ပိုင် နားနေခန်းအသီးသီးသို့ ပြန်သွားလိုက် ကြတော့၏။လျှိုရီလိန်က လက်ထောက်အား တံခါးကို လော့ချခဲ့ရန် ပြောပြီးကာမှ နွမ်းနယ်နေသည့် အမူအယာတစ်ရပ်ကို လှစ်ဟပြ လိုက်သည်။သူသည် ယခုနှစ်အတွက် အကျော်ကြားဆုံး လူငယ်သရုပ်ဆောင်များအနက် တစ်ဦးအပါအဝင်ဖြစ်ကာ သရုပ်ဆောင်စွမ်းရည် ပြောင်မြောက်လှသည့်အပြင် ရုပ်ရည်သွင်ပြင်မှာ ပို၍ပင် တင့်တယ်ချောမောလှသည်မှာ ထူးချွန် ထက်မြက်သည့် စာသင်သားတစ်ဦးအလားပင်။ထို့ကြောင့် သူရိုက်ကူးခဲ့သည့် ရုပ်ရှင်အများစုမှာ ဤအားသာချက်ကို မီးမောင်းထိုးပြ နိုင်သည့် ရှေးခေတ်နောက်ခံဇာတ်လမ်းများသာ ဖြစ်ပေသည်။ 


“အခန်းက ဘာလို့ တအားသေးရတာလဲ ...”


လက်ထောက်၏ လေသံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေဟန်ပင်။


“ပြောကြတာတော့ ရှောင်ကျားရှုရဲ့ အခန်းက ရေချိုးခန်းနဲ့ မီးဖိုတောင် ပါတဲ့ အခန်းကြီးတဲ့ ပရိဘောဂတွေကလည်း ငါတို့ထက်တောင် ပိုပြည့်စုံတယ်ဆိုပဲ သီအိုရီကျကျ ပြောရရင် မင်းက သူ့စီနီယာလေ သူ့ထက်လည်း အဆင့်မြင့်တဲ့ဟာ မင်းအခန်းက ပိုကောင်းသင့် တာပေါ့ ...”


“သူ့အမေက ရွှယ်မြောင်လေ ငါတို့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ ...”


လျှိုရီလိန်၏ အကြည့်တို့တွင် အမှောင်ထုတစ်ခု ဖြတ်ပြေးသွားသည်။


“ဟုတ်တယ် အခုခေတ်ကတော့ အလုပ်မှန်သမျှ အကုန်လုံးနီးပါးလောက် မိဘတွေကပဲ လုပ်ပေးတဲ့ ခေတ်ပါကွာ ...”


လက်ထောက်က ကျောပိုးအိတ်ကိုဖွင့်ကာ နေ့စဉ်သုံးပစ္စည်းများကို တစ်ခုချင်း ထုတ်နေရင်း ရေရွတ်လိုက်သည်။


လျှိုရီလိန်က ဆိုဖာပေါ်ထိုင်ကာ ဖုန်းထဲမှ ရုပ်ရှင်တစ်ခုကို ကြည့်နေလိုက်သည်။ သူ၏ နောက်ဆုံးဇာတ်လမ်းတွဲမှာ <<နဂါးနှစ်ကောင်ရဲ့ ရာဇဝင်>> ဖြစ်ပေသည်။ မူရင်းလက်ရာကို ဖတ်ကြည့်ပြီးနောက် ဤဇာတ်လမ်းတွဲအပေါ် များစွာ မျှော်လင့်ခဲ့ပြီး ရှောင်ကျားရှုကို ရိုက်ကူးရေးအဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း သိလိုက်ရသည့်အခါ ဇာတ်လမ်းမှာ ပို၍ပင် ကောင်းမွန်လာလိမ့်မည်ဟု ထင်မြင်ခဲ့သည်။သို့သော် အမှန်တကယ် ဖြစ်လာသည်များမှာ အတွေးတို့နှင့် တစ်ခြားစီပင်။


ပထမဆုံးအပိုင်းအချို့မှာ မူရင်းဇာတ်ကြောင်းနှင့် တစ်ထပ်တည်း ဖြစ်သည့်တိုင် ချာတူးလံလှသည့် သရုပ်ဆောင်ချက်တို့ကြောင့် မည်သို့မှ ကြည့်ရှုခံစား၍ မဖြစ်။ လတ်တလောပြသနေသည့် အပိုင်းများတွင်မူ ပို၍ပင် အထိန်းအကွပ် မဲ့လာတော့သည်။ ဦးစွာပထမ လီယွမ်ဟောက်၏ အစေခံမိန်းကလေးက လီကွေ့ရီနှင့် ချစ်ကျွမ်းဝင်ကာ သူမ၏ သခင်ဖြစ်သူကို ရောင်းစားခဲ့သည့်အတွက် လီယွမ်ဟောက်မှာ အမှန်တရားဘက်တော်သားတို့၏ ဖိအားအောက်တွင် သေလုမတတ် ဖြစ်သွားတော့သည်။ ထို့နောက် တွဲဖက် အမျိုးသား က အမျိုးသမီးဇာတ်လိုက်ကို ရုတ်ချည်း ချစ်ကြိုက်သွားကာ သူမအတွက် အသက်ပင် စတေးရဲသည်အထိ ဖြစ်လာတော့သည်။ ဤသည်ကို အပိုင်းများစွာ ကြာသည်အထိ ရိုက်ကူးလိုက်သေး၏။ မူရင်းဝတ္ထုတွင် ဤအပိုင်းနှစ်ပိုင်း မပါဝင်၊ တီဗီတွင် ပြသသည့် သရုပ်ဆောင်ချက်များမှာ မူရင်းဇာတ်ကောင်နှင့် လုံးဝ ကွဲလွဲနေပေသည်။ 

(ဒီမှာ သူက male match လို့ သုံးထားတော့ တွဲဖက်အမျိုးသားလို့ပဲ ရေးပါမယ်နော် )


မူရင်းဝတ္ထုထဲရှိ အစေခံအမျိုးသမီးမှာ လီယွမ်ဟောက်၏ သစ္စာခံခွေးဖြစ်ကာ သူ့ကိုယ်သူ ဖျက်ဆီးမည်အား တားဆီးရန် လီကွေ့ရီကို ပင် လုပ်ကြံခဲ့သေးသည်။ သူမသည် အလွန်အမင်း ခက်ထန်ကာ သတ္တိနှင့် ပြည့်စုံသည့် ဇာတ်ကောင်တစ်ခု ဖြစ်ပေသည်။ သို့သော် ကျိစဲယွဲ့ကျီ၏ ပြင်ဆင်မှု အပြီးတွင် သူမ၏ ပြောင်မြောက်လှသည့် ဇာတ်ကောင်စရိုက်တို့ ပျောက်ကွယ်ကာ အချစ်ကိုသာ အရူးအမူး ကိုးကွယ်နေသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ တွဲဖက်အမျိုးသားသည် အညှာအတာ ကင်းမဲ့သည့် တာအိုဝါဒ ကျင့်သုံးသူ ဖြစ်ကာ ချစ်ခြင်းမေတ္တာ မရှိသည့် ကောက်ကျစ်စဉ်းလဲဖွယ်ဘဝကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သူနှင့် လီယွမ်ဟောက်ကို မိစ္ဆာမောင်နှံ ဟု ခေါ်ဝေါ်ကြပေသည်။ အလွန်သဘောကျဖွယ်ရာ ကောင်းလှသည့် ဇာတ်ကောင်တစ်ခု ဖြစ်သော်ငြား အချစ်နွံထဲ နစ်နေသည့် အရူးတစ်ယောက်သဖွယ် ပြောင်းလဲရေးသားခြင်းကို ခံလိုက်ရတော့သည်။


ဒီလိုပြောင်းလိုက်တော့ သူတို့ သရုပ်ဆောင်ရမယ့် အခန်းတွေ တိုးသွားတယ် ဆိုပေမယ့် လူထုကို ဖမ်းစားနိုင်တဲ့ အရည်အသွေးကတော့ မရှိတော့ဘူးလေ ဒါမျိုးကို ပရိသတ်က လိုလိုချင်ချင် ဝယ်မှာတဲ့လား ...


ဤသို့ဖြင့် မှတ်ချက်ကဏ္ဍတစ်ခုလုံး အလွန်အမင်း ပွင့်လင်းမြင်သာလှသည့် ဆဲဆိုစကားတို့ဖြင့် ပြည့်နှက်သွားတော့သည်။ မူရင်းဝတ္ထု၏ ပရိသတ်များမှာ စိတ်အတိုဆုံး ဖြစ်ပေသည်။ ဤအသစ်ပြန်ပြင်ထားသည့် ဗားရှင်းကို ကြည့်ရခြင်းသည် ခွန်အားသုံးကာ သူတို့၏ လည်ချောင်းကို ဆွဲဖွင့်၍ ရွံရှာဖွယ် အညစ်အကြေးများ တရစပ် လောင်းချခြင်းနှင့်ပင် တူညီစွာ အော့နှလုံးနာဖွယ် ကောင်းလှ သည်ဟု ပြောလာကြတော့သည်။ 


နောက်ပိုင်းတွင် မူရင်းစာရေးသူ ချင်းယွင်ကျစ်ရှန့်က ဒါရိုက်တာနှင့်ဇာတ်ညွှန်းရေးသူကို တရားစွဲမည်ဟု ရှေ့နေထံမှတစ်ဆင့် အကြောင်းကြားစာ ထုတ်ပြန်လိုက်သည့်အခါ ပရိသတ်အားလုံး ဝမ်းသာလုံးဆို့သွားကြတော့သည်။ ဤသို့ဖြင့် <<နဂါးနှစ်ကောင်ရဲ့ ရာဇဝင်>> သည် ရာဇဝင် စာတင်ရလောက်သည်အထိ အဆင့်ကျသွားကာ ၂.၄ အထိ ရောက်သွားတော့၏။ဤသည်မှာ ဇာတ်ညွှန်းကို မတော်မတရား ပြောင်းလဲခဲ့သူများနှင့် ဆိုးဝါးလှသည့် စွမ်းရည်ပိုင်ရှင် သရုပ်ဆောင်များ ခံစားရမည့် အကျိုးဆက်ပင် ဖြစ်ပေသည်။ ကျန်းပင်းကျဲ၏ တည်းဖြတ်ချက်များက ပရိသတ်ကို အော့အန်ချင်စိတ်များပင် ဖြစ်ပေါ်စေကာ အမျိုးသားဇာတ်လိုက်နှစ်ဦး၏ ဂုဏ်သတင်းမှာလည်း တစ်မဟုတ်ချင်း ပြိုကွဲသွားတော့သည်။ သူတို့၏ သရုပ်ဆောင်စွမ်းရည်မှာလည်း အခြားသူများနှင့် အလားတူ၊ ဖော်ပြခြင်းငှာပင် မစွမ်းသာတော့ချေ။


လျှိုရီလိန်က သက်ပြင်းအသာချကာ ပြောလိုက်သည်။


“ချင်းယွင်ကသာ ဒီဇာတ်လမ်းကို ဖြုတ်ချပေးဖို့ တောင်းဆိုလိုက်ရင် တစ်ဖွဲ့လုံး အအေးနန်းဆောင်ထဲ ရောက်ပြီပဲ သန်းတစ်ရာကျော် ရင်းနှီးမြှုုပ်နှံထားတဲ့ “အရုဏ်ဦိး” နဲ့ “Skyworth” လည်း ဒီတစ်ခေါက်တော့ တော်တော်လေး အထိနာသွားလောက်ပြီ ...”


“သူတို့ဘာသာသူတို့ ကောင်းကောင်းမရိုက်တဲ့ဟာ ဘယ်သူ့ကို သွားပြီး အပြစ်တင်လို့ ရမှာလဲ ...”


လက်ထောက်က ထိုင်ခုံကို ဖုန်သုတ်ရင်း ပြောလိုက်သည်။


လျှိုရီလိန်က Weibo ကို ဆက်ကြည့်နေစဉ် <<သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြည့်လိုက်ကြ>> ဟူသည့် ခေါင်းစဉ်ဖြင့် ဈေးကွက်ရှာဖွေရေးအကောင့်တစ်ခုမှ ရှောင်ကျားရှု၏ ချောမောကာ ဆွဲဆောင်မှု ပြင်းထန်လှသည့် မျက်နှာကို တင်ထားကြောင်း တွေ့လိုက်ရသည်။ သူ့အကြည့်တို့ အနည်းငယ် အမှောင်လွှမ်းကာ ထိုပို့စ်ကို စိတ်မထိန်းနိုင်စွာ ဖွင့်ကြည့်လိုက်မိတော့သည်။


ထိုဗီဒီယိုကို ဖွင့်ကြည့်လိုက်သည့်အခါ နဖူးတွင် အနက်ရောင်နှင့် အနီရောင် မီးတောက်နှစ်ခု ဆွဲထားသည့် ရှောင်ကျားရှု၏ မျက်နှာ ပေါ်ထွက်လာတော့သည်။ နှစ်ထပ်ဖြစ်နေသော မျက်ခုံးတို့က ကော့ပျံတက်ကာ ကျဉ်းမြောင်းစူးရှလှသည့် မျက်ဝန်းတို့ဖြင့် သူ့အရှိန်အဝါသည် ခြိမ်းခြောက်နိုင်စွမ်းတို့ လျှံထွက်နေပေသည်။ ဓားတစ်ချောင်းကို လက်က ကိုင်ထားပြီး ရှေ့တည့်တည့်သို့ ထိုးလိုက်ကာ ရုတ်ချည်း လက်ကို ပြန်ရုတ်လိုက်၏။ အရှေ့သို့ အနည်းငယ် ယိုင်သွားသည့် သူ့ခန္ဓာကိုယ်မှာလည်း အမျိုးသမီးဇာတ်လိုက်၏ ဓားအဖျားဖြင့် ပြင်းပြင်းထန်ထန် ထိုးမိကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာတော့သည်။ မျက်လွှာအနည်းငယ်ချကာ ငွေဖြူရောင် ဓားမှတစ်ဆင့် သူ့ပုံရိပ်ကို ငုံ့ကြည့်လိုက်ပြီး တစ်ဖန် အမျိုးသမီး ဇာတ်လိုက်ကို မယုံကြည်နိုင်လေဟန်ဖြင့် ပြန်မော့ကြည့်လိုက်သည်။ အေးစက်လှသည့် မျက်ဝန်းတစ်စုံကို အရည်ကြည်တို့ ရစ်သိုင်း သွားပြီး ရက်စက်မုန်းတီးမှု အားလုံးကို နက်ရှိုင်းဝမ်းနည်းဖွယ် အချစ်က အစားထိုး ဝင်ရောက်လာတော့သည်။


“စုပိုင် ...”


ဇာတ်လိုက်မ၏ နာမည်ကို လှမ်းခေါ်လိုက်သော်ငြား ခြောက်ကပ်နေသည့် လည်ချောင်းတို့ကြောင့် ပါးစပ်လှုပ်သွားရုံမှအပ လေသံမျှပင် ထွက်မလာခဲ့။ မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခ

ါ အစစ်အမှန်ချီအများစုကို ထုတ်ကာ လွင့်ပျံစေလိုက်၏။ သူ့အကြည့်တို့မှာမူ ဇာတ်လိုက်မထံမှ ဖယ်ခွါမသွား။




Xxxxxz