Chapter-1
Viewers 2k

အပိုင်း-1

(အဟောင်းအဆုံးအသစ်အစ)


ဖုန်းဟွာတစ်ယောက် အလုပ်ကပြန်လာပြီး

သူ့တိုက်ခန်းထဲမှာဘဲအေးအေးဆေးဆေးနားနေ

ရင်းအိပ်ပျော်သွားခဲ့တယ်

သူမနိုးထလာတော့သူမမသိတဲ့နေရာကြီးဆီမှာရောက်နေခဲ့တယ်

သူမအခုချိန်ထိသူဘယ်နေရာရောက်နေလဲဆိုတာ

ဘယ်လိုလုပ်ပြီဒီနေရာကိုရောက်လာရတာရယ်

ကို မသေချာဖြစ်နေတုန်းပင်

နေရာတစ်ခုလုံးကလည်းမှုံမှိုင်းလို့

မီးခိုး‌ေတွကလည်းတလူလူနဲ့

သူမဘေးနားမှာလည်း နီရဲနေတဲ့အရောင်တွေနဲ့ရေတွေရှိတဲ့မြစ်ကြီးတစ်စင်းကလည်းစီးဆင်းနေတယ်

သူမနားထဲမှာလည်းတစ်နေရာရာကနေသူမနာမည်ကိုခေါ်နေတာကိုကြားနေရတယ်

သူမလည်းဘေးပါတ်ဝန်းကျင်ကိုကြည့်မိတော့

ဝေဝေဝါးဝါးအရိပ်တွေကနေရာအနှံလျှောက်သွားနေတာကိုမြင်လိုက်ရတယ်

သူမလည်းထိုအရာတွေကိုမြင်လိုက်တာနဲ့လန့်သွားပြီးကြောက်စရာကောင်းတဲ့အတွေးကသူမစိတ်ထဲ့ဝင်ရောက်လာတယ်

'ဝိဉာဉ်တွေလား

အဲ့တော့ငါကသေသွားတော့တာပေါ့'

ဖုန်းဟွာလည်းသူမဘယ်လိုသေခဲ့တယ်ဆိုတာကိုပြန်တွေးနေခဲ့တယ်

သူမတွေးရင်းတွေးရင်းနဲ့တဖြည်းဖြည်းပြန်သတိရလာခဲ့တယ်

သူမကမိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်

သူမကကျောင်းကိုလည်းစကော်လာတွေနဲ့ဘဲတက်နိုင်ခဲတယ်

ကျောင်းပြီးဘွဲ့ရတော့ လုပ်ငန်းတစ်ခုကသူမကိုလာလုပ်ကိုင်ဖို့ကမ်းလှမ်းလာခဲ့တယ်

သူမကလည်းလက်ခံပြီးအလုပ်လုပ်ရင်းနေထိုင်ခဲ့တယ်

တစ်နေ့သူမအလုပ်ကအပြန်ခနအိပ်ပျော်သွားတယ်

အိပ်ပျော်နေတုန်းငလျင်လှုပ်ခဲ့ပြီးသူမနေတဲ့ကွန်ဒိုကပြိုကျသွားခဲ့တယ်

သူမကလည်းပြိုကျသွားတဲ့အထဲမှာပါသွားခဲ့ကာသေခဲ့ရခြင်းပင်

ဖုန်းဟွာတစ်ယေညက်တွေးရင်းတွေးရင်းသူမုရဲ့ကံကြမ္မာကိုအပြစ်တင်ခဲ့တော့တယ်

'မွေးလာတော့လည်းမိဘတွေကမလိုချင်တော့လို့ဇွတ်ပစ်ခဲ့ကြ

သေတော့လည်းလောကကြီးကငါ့ကိုမလိုချင်တော့လို့ထင်တယ်ဇွတ်ဘဲ

သေတော့လည်းသေတယ်ပေါ့ ဒီဘဝကကံဆိုးမှုတွေကုန်ဆုံးသွားတာပေါ့

နောက်ဘဝကိုဘဲရှေုးရှုရင်းဘဝအသစ်စကြတာပေါ့'

သူမလည်းသူမနာမည်ခေါ်သံကြားရတဲ့ဆီကိုအာရုံပြုရင်းလမ်းဆက်လျှောက်လာခဲ့တယ်

သူမလမ်းလျှောက်တယ်

ဆက်လျှောက်တယ်

မရပ်မနားဆက်လျှောက်တယ်

နားထဲမှာကြားနေရတဲ့ခေါ်သံကလည်းတဖြည်းဖြည်းကျယ်လာခဲ့တယ်

ဒါပေမယ့် ခေါ်သံကြားရတဲ့နေရာကိုတော့မမြင်ရသေးဘူး

သူမအချိန်တွေအကြားကြီးလမ်းလျှောက်ခဲ့တယ်

တစ်နာရီလား တစ်ရက်လား

တစ်ပါတ်လား တစ်လလား တစ်နှစ်လား

အချိန်တွေဘယ်လောက်ကုန်သွားအောင်လမ်းလျှောက်မိမှန်းသုမမမှတ်မိတော့တဲ့အချိန်မှာ

သူမပါတ်ဝန်းကျင်ကဝေဝါးသွားခဲ့ပြီးသူမကခန်းမကြီးတစ်ခုအလယ်မှာရောက်ရှိနေတယ်ဆိုတာရှုတွေ့သွားခဲ့တယ်

သူမလည်းလန့်သွားပြီးပါတ်ဝန်းကျင်ကိုကျီးကန်းတောင်မှောက်လိုက်ကြည့်လိုက်တော့

ခန်းမရဲ့ထိပ်မှာထိုင်နေတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်

အဲ့ဒီလူကြီးကထူးထူးဆန်းဆန်းဝတ်စုံကိုဝတ်ဆင်ထားပြီး

သူ့ကိုကြည့်လေကြည့်လေဖုန်းဟွာရဲ့စိတ်ထဲကြည်ညိုလေးစားစိတ်တွေပေါပေါက်လာခဲ့တယ်

"အဟမ်းးး ငါ့နာမည်ကရှောင်ထင်

ငါကမင်းတို့ရဲ့သေခြင်ရှင်ခြင်းကိုထိန်းညှိပေးရတဲ့သူပါ "

'ရှောင်ထင် သူကသေခြင်းရှင်ခြင်းကိုထိန်းချုပ်နိုင်တယ်ဆိုတော့အင်မော်တယ်တွေဘာတွေလိုတ်ခိုးရှင်လားမသိဘူး'

"ရှင်ကနောက်ဘဝဝင်စားမယ့်ဝိဉာဉ်တိုင်းကိုလက်ခံတွေ့ဆုံပေးရတဲ့သူလား"

"ဘယ်ကသာငါကမင်းအပေါ်အကြွေးတင်နေလို့ခေါ်တွေ့လိုက်ရတာပါ

ပံုမှန်ဆိုငါနဲ့တွေ့ဖို့ဆိုတ။လုံးဝမဖြစ်နိုင်ဘူး

ငါရဲ့လက်အောက်ငယ်သားတွေနဲ့ဘဲတွေ့နိုင်မယ်"

"ရှင်ကကျမအပေါ်ဘာတွေအကြွေးတင်ထားလို့လဲ"

"အဟမ်းးအဲ့တာကဟိုလေ

ငါမင်းတို့ကမ္ဘာကိုပိုမိုတိုးတက်အောင်ပြုပြင်တုန်းက

အမှားနည်းနည်းဖြစ်ခဲ့ပြီး မင်းကိုသေသွားစေခဲ့တယ်တကယ်တော့မင်းကသေချိန်မတန်သေးပါဘူး

အဲ့တာကြောင့်ပါ"

"ရှင်ကအဲ့ဆိုအခြားကွန်ဒိုပြိုလို့သေသွားတဲ့သူတွေကိုရောအကြွေပြန်ဆပ်ရမှာပေါ့"

"တကယ်တော့မင်းတစ်ယောက်တည်းဘဲသေတာပါကျနိတဲ့သူတွေကမသေပါဘူး"

"ဘာာာာာ ငါ‌တစ်ယောက်တည်းကွက်သေတာ

မဖြစ်နိုင်တာ လောကကြီးမမျှတချက်ကမလွန်လွန်းဘူးလား မတရားဘူး မတရားဘူး

ရှင်ကျမကိုကောင်း‌ေကာင်းအကြွေးဆပ်ရမယ်

အကြွေးအနေနဲ့ဆုငါးခုပေးရမယ်ရလား"

"ကောင်းပြီ မင်ကြိုက်ရာငါးခုတောင်းငါဖြည့်ဆည်းပေးနိုင်ရင်ဖြည့်ပေးမယ်"

"ကောင်းပြီ ပထမဆုံးဆုက သိုင်းဝိဉာဉ်တွေနဲ့ကျင့်ကြံခြင်းကမ္ဘာကအင်အားအကြီးဆုံးမိသားစုကအဓိကအရေးကြီးဆုံးလူဆီမှာပြန်လည်မွေးဖွားခြင်တယ်"

"ရတယ်ပထမဆုကိုဖြည့်ဆည်းပေးနိုင်တယ်"

"ဒုတိယကငါ့ရဲ့သိုင်းဝိဉာဉ်ကိုဖီးနစ်ငှက်သိုင်းဝိဉာဉ်တွေထဲကအကောင်းဆုံးကိုရချင်တယ်အဆင်ပြေလား"

"ကောင်းပြီး မင်းအတွက်ဖီးနစ်တို့ရဲ့ဧကရီ

ပထမဦးဆုံးသောဖီးနစ်ဖြစ်တဲ့ကမ္ဘာဦးဖီးနစ်ကိုသိုင်းဝိဉာဉ်အဖြစ်ရမယ်ကျေနပ်ရဲ့လား"

"အွန်း အွန်း ကျေနပ်တယ်

တတိယကငါရဲ့မှတ်ဉာဏ်တွေကိုမပျက်စေချင်ဘူး"

"ရတယ်အဲ့တာလည်း"

စတုတ္ထကငါသန္ဓေတည်ကတည်းကစပြီးကျင့်ကြံချင်တယ်အဲ့အတွက်ကျင့်ကြံနည်းအကောင်းဆုံးကိုလည်းလိုချင်တယ်"

"ငါးခုမြောက်ဆုကတော့ ငါကကံအကောင်ဆုံးဖြစ်ရမှာဖြစ်ပြီးတော့ ပါရမီရှင်တွေလို့ခေါ်တဲ့ဟာတွေထပ်အဆပေါင်း၁၀၀၀၀လောက်ထိကိုပိုပြီးပါရမီပါရမယ်ဒါဘဲ"

"ကောင်မလေးမင်ကလောဘကြီးလှပါလား

ငါကကံအကောင်းဆုံးဆိုတာကြီးကိုမတတ်နိုင်ပင်မယ့်ကံအလွန့်အလွန်ကောင်းအောင်တော့လုပ်ပေးနိုင်တယ် ကံအကောင်းဆုံးဖြစ်အောင်တော့မင်းဘာသာမင်းကြိုးစားရမှာနော်"

"ဘယ်လိုလုပ်ရမှာလဲအဲ့လိုဖြစ်အောင်"

"မင်းရဲ့ကျင့်ကြံဆင့်ပိုမြင့်လာရင်သိလာလိမ့်မယ်"

"ကာင်းပြီငါသွားတော့မယ်အ့ဆို"

"အေးအေးသွားတော့"

ဆိုပြီးလက်လေးယမ်လိုက်ကာ

ဖုန်းဟွာရဲ့နားမှာတွင်းနက်ကြီးတစ်ခုကိုဖြစ်ပေါ်စေလိုက်တယ်

ဖုန်းဟွာလည်းကံမကုန်ရင်ပြန်တွေ့မယ်လို့ပြော

ရင်းတွင်းနက်ထဲခုန်ဆင်းလိုက်တော့တယ်

ရှောင်ထင်လည်း

ဖုန်းဟွာခုန်ဆင်းသွားတာကိုကြည့်ရင်

ကံကတော့မကုန်ပါဘူးလို့ပြောလိုက်တော့တယ်

ဖုန်းဟွာထွက်သွားပြီးတဲ့နောက် ခန်းမထဲကိုဝတ်စုံအမဲဝတ်ထားတဲ့လူ‌တစ်ယောက်ရောက်လာခဲ့တယ်

ထိုသူကိုမြင်မြင်ချင်းရှောင်ထင်လည်း အရှင်ဟုခေါ်ကာဒူထောက်ချလိုက်တော့တယ်

"သူမသွားပြီလား"

"ဟုတ်ပါတယ်အရှင်"

ထို့နောက်ထိုလူဟာပြန်လည်ပျောက်ကွယ်သွားတော့တယ်ဘယ်တုန်းကမှသူမရှိခဲ့တဲ့အတိုင်း

ရှောင်ထင်ကတော့ဒူးထောက်လျက်အတွေးထဲမျောရင်ကျန်ခဲ့တော့တယ်