အခန်း၁၃၃
Viewers 12k

Chapter 133

(တစ်အိပ်ရာတည်းအတူအိပ်ခြင်း)



နှစ်နာရီကြာပြီးနောက်တွင် လင်းယောင်ယောင်၏ စိတ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ သို့သော်၊  လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်တို့သည် အလွန်များပြားသော်လည်း၊ သူမသည် 60% ခန့်ကို သုတ်သင်ပစ်လိုက်နိုင်သည်။သူမ နောက်ဆုံး စက်ဝန်းများကို ပြန်ဖြည်ချကာ  မျက်လုံးဖွင့်၍ ပြောလိုက်သည်။


 "တောင်းပန်ပါတယ် ညီမလေးက အရမ်းအားနည်းနေတယ်..."


လင်းရွှမ် သည် သူ့မိန်းကလေး၏ ပျော့ပျောင်းသော ဆံပင်ကို ပွတ်သပ်ရင်း နွေးထွေးစွာပြောသည်။


 " အတွင်းစိတ်က ပုံမှန်ပြန်ဖြစ်နေပါပြီ... နှစ်အတော်ကြာအောင် မသက်သာဘူး ဖြစ်နေတာ…အခု မင်းကြောင့် အဆင်ပြေသွားပြီး… စိတ်မပူပါနဲ့ အချိန်ယူရမယ်မလား"


အပျော့စား စိတ်ကြွရူးသွပ်ရောဂါရှိသော တိုက်ခိုက်ရေးသမားများသည် ဝိညာဉ်ရေးရာ အကြံဉာဏ်ပေးခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်ညီသော အရန်ကုထုံးပညာရှင်ကို တွေ့ရှိသောအခါ၊ တစ်ကြိမ်လုပ်လျှင် ဆယ်ပုံတစ်ပုံခန့် လျှော့ချခြင်းကပင် အလွန်ကောင်းမွန်သည့် ရလဒ်ဖြစ်သည်။


သူမသည် သူ၏ အဖျက်စွမ်းအင်ကို လျင်မြန်စွာပင် လျှော့ချနိုင်ခဲ့သည်။ပထမတစ်ချက်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ပေါင်းစပ်အသုံးပြုထားခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ သူမ၏ လျှင်မြန်သော အရှိန်ကြောင့်ပင်။ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အဖျက်စွမ်းအင်သည် သူမ၏ ကုသမှုကို အတော်လေး ခံနိုင်ရည်ရှိသည်။ဆိုလိုသည်မှာ သူတို့နှစ်ယောက်သား၏ စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုသည် 90% မျှသာမဟုတ်ဘဲ   95% ထက်များနိုင်ချေရှိ၏။ဤသည်ကလည်း သူမ၏ စိတ်စွမ်းအားကို အသုံးပြုရန် သင်ယူပြီး လအနည်းငယ်အကြာတွင် ဤကဲ့သို့ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နောင်တစ်ချိန်တွင် ပို၍ကျွမ်းကျင်လာသောအခါ၊ သူမ၏ စက်ဝန်းများသည် ပိုမိုဖျတ်လတ်သွက်လက်လာနိုင်ပြီး အရှိန်လည်း ပိုမြန်လာမည်ဖြစ်သည်။



ယိလန်၏ ညချမ်းချိန်ခါ...


အလုပ်များသည့် နေ့တစ်နေ့ပြီးနောက် လင်းယောင်ယောင်၏ စိတ်စွမ်းအင်မှာ ပင်ပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်ကလည်း မလုပ်ချင်မကိုင်ချင် ဖြစ်နေရသည်။ယခုတော့ သူမသည် သက်တောင့်သက်သာဖြစ်စေသည့် အိပ်ယာပေါ်မှာ ချစ်သူနှင့်အတူ ရှိနေ၏။သူမသည် အိပ်ချင်စိတ်ဖြစ်လာ၍ မှိန်းနေပြီဖြစ်သည်။


လင်းရွှမ် သည် စိတ်ပိုင်းဆိုင်ရာအရ ပို၍ ပေါ့ပါးသွားသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာမှာ ပင်ပန်းနွမ်းနယ်နေပြီး ချစ်လှစွာသော ကောင်မလေးကို ဖက်ထားရင်း အနားယူချင်နေမိသည်။သို့သော် အိပ်ရာမဝင်မီ လင်းယောင်ယောင် သည် ဆေးဖက်ဝင် စွပ်ပြုတ်နှင့် ဟင်းလျာများ အပြည့်ထည့်ထားသော သေတ္တာကြီးတစ်လုံးကို ယူလာသေးသည်။  ထို့နောက် သူမသည် ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးသည့် လက်ကျန်ဆေးရည် ရှစ်မျိုးအပါအဝင် တခြားဆေးဖက်ဝင်ဟင်းများအား အနားမယူခင် သူ့ကို စားခိုင်းနေသည်။


 ပြောစရာမလိုအောင်ပင်၊ ဤအရာတွေအားလုံးကို လင်းယောင်ယောင် ကိုယ်တိုင်လုပ်ထားမှန်း လင်းရွှမ် သိသည်။


သူမသည် ဇာ့ခ်ဘုရင်မကို အနိုင်ယူရန် ပြင်ဆင်သည့်အနေဖြင့် ဖြည့်စွက်စာများ စားသုံးခဲ့သည်ကို အမှတ်ရလိုက်သည်။ထို့ကြောင့် သူမလည်း အားအင်ကုန်ခမ်းနိုင်၍ ဟင်းဘူးများကို လွှင့်ပစ်လိုက်၏။ပြီးလျှင်၊ဆေးဖက်ဝင် ဟင်းချိုဗူးကို ထုတ်ပြီး ဖွင့်လိုက်ကာ သူမ၏ နှုတ်ခမ်းဆီသို့ ခွံ့လိုက်၏။

  

"မင်း ပင်ပန်းနေပြီ…မင်းလည်းစား"


သူမလည်း တစ်ထုပ်လုံးကုန်အောင် စားပြီးနောက် သူမ၏ အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။  


"အစ်ကိုကြီးလည်း နောက်ထပ်နည်းနည်းသောက်ပါဦး…မလောက်ရင် ထပ်လုပ်ပေးမယ်လေ"


လင်းရွှမ်က သူမ၏စိုစွတ်နေသောနှုတ်ခမ်းများကို နမ်းလိုက်ပြီး သူမကို သနားသလို ကြည့်ကာ


 "ကောင်းပြီ…အခု အတူအိပ်မယ်လေ"


"ကောင်စုတ်...ရှင်နဲ့ အတူမအိပ်ချင်ပါဘူး"


သို့သော်၊ သူမ မျက်လုံးကို ချက်ချင်းမှိတ်လိုက်ပြီး လင်းရွှမ် ဘေးမှာ အိပ်လိုက်၏။ ဝိညာဉ်ရေးနယ်ပယ်တွင် အတွင်းကျကျ ဖလှယ်မှုများ ပြုလုပ်ပြီးနောက်၊ လင်းရွှမ် သည် ထိုအရာမျိုးကို အမြဲလိုလို လိုချင်နေသော်လည်း သူမ ဆန္ဒကို လေးစားမည် ဖြစ်ကြောင်း သူမ သိထားပြီးသားပင်။ထို့ကြောင့်၊လှဲအိပ်ပြီး တစ်မိနစ်မပြည့်သေးခင်မှာ သူမ ပင်ပန်းနေသဖြင့် အိပ်ပျော်သွားရသည်။


ထို့နောက် လင်းရွှမ် သည် ဆေးဟင်းချို5ထုပ်နှင့် အခြားအာဟာရဖျော်ရည်များကို သောက်ခဲ့သည်။ ထို့နောက် သူ၏ ချွေးနံ့ကို ရလိုက်သည်။ သူသည် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြဲဂရုစိုက်သော်လည်း တိုက်ပွဲများအတွင်း အလုပ်များနေချိန်မှာတော့ ဂရုမစိုက်နိုင်ပေ။ လင်းယောင်ယောင်ကလည်း သူ့မုတ်ဆိတ်မွေးအတိုလေးများကို ပါးများစူး၍ မကြိုက်ကြောင်း သိသာပေသည်။ယခုက  နှစ်ယောက်သား အိပ်ယာအတူတူ အတူတူအိပ်ကြခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ထို့ကြောင့် သူ့ပုံစံကိုသူ  တတ်နိုင်သမျှ ကောင်းကောင်းထိန်းထားဖို့ ဆုံးဖြတ်လိုက်၏။


ထို့နောက် သူမအား စောင်ခြုံထားပေးကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်၍  သူ့ကိုယ်သူ တတ်နိုင်သမျှ သန့်ရှင်းအောင် ‌လုပ်လိုက်၏။သွားရလာရ၊နေရထိုင်ရ လွယ်ကူစေရန်အတွက် အားကစားဝတ်စုံနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားလိုက်သည်။ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် သူသည် များသောအားဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို သူ့အင်္ကျီအား


ကုတင်ပေါ်တင်ထားလိုက်၏။ထို့နောက် အပေါ်ပိုင်းမှာ အနည်းငယ် အစိုဓာတ်အနည်းငယ်ကျန်နေသဖြင့် ဂရုတစိုက် အိပ်ရာထဲသို့ ဝင်လာခဲ့သည်။


လင်းယောင်ယောင် သည် သူ့ခန္ဓာကိုယ်မှ အေးမြမှုကို ခံစားမိပြီး အအေးဒဏ်ကို ကြောက်ရွံ့ကာ နောက်ပြန်ဆုတ်ချင်သော်လည်း လင်းရွှမ် ၏ရှည်လျားသော လက်မောင်းများက သူမကို ဆုပ်ကိုင်ထားသည်။ ထို့နောက် ကောင်မလေး၏ နူးညံ့နွေးထွေးသော ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲသို့ ခေါ်ထားလိုက်၏။


 ကျောက်စိမ်း နတ်သမီးလေး၏ နူးညံ့သော ကိုယ်သင်းရနံ့သည် မွှေးကြိုင်နေ၏။ သူမ၏ မွှေးရနံ့ကြောင့် လင်းရွှမ်သည် အချို့အရာများကို တွေးတောလာခဲ့သည်။ သို့သော်လည်း သူအလွန် ပင်ပန်းနေရသလို၊ သူ့အပေါ်ထားသည့် ကလေးမလေး၏ ယုံကြည်မှုကို သစ္စာမဖောက်ချင်ပေ။ထို့ကြောင့် ရှုပ်ထွေးနေသော အတွေးများကို မျိုသိပ်ကာ မိန်းကလေး၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး "ကောင်းသောညပါ" ဟု  ပြောကာ မျက်လုံးမှိတ်ချလိုက်သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော်လည်း အချိန်တိုင်း သတိရှိရှိနေခဲ့သည်။နှစ်နာရီကြာပြီးနောက် သူ နိုးလာရ၏။


 ဤသည်မှာ စစ်ပွဲအတွင်း သူရနိုင်သည့် တစ်ခုတည်းသော ငြိမ်းချမ်းရေး အခိုက်အတန့်ဖြစ်သော်လည်း သူ စွဲလမ်းနေ၍ မရပေ။


သူတို့နှစ်ဦးသည် ဇာ့ခ်ဘုရင်မကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည့်အကြောင်း မပြောခဲ့ကြသော်လည်း စက်ဝန်းအချင်းချင်း ကာလကြာရှည်စွာ ရင်းနှီးစွာ ထိတွေ့မှုမှတစ်ဆင့် လင်းယောင်ယောင်သည် ဇာ့ခ်ဘုရင်မကို မသတ်ပစ်နိုင်ကြောင်း သူသဘောပေါက်ခဲ့ပြီးဖြစ်သည်။  Win-Win ဖြေရှင်းချက် ရှိနိုင်သည်ဟုလည်း သူမက ထင်နေခဲ့သည်။


 သူမ၏ foodie အတွေးနှင့်၊ ဇာ့ခ်ဘုရင်မကို ပြုစုပျိုးထောင်နိုင်လျှင် အနာဂတ်မှာ အမြဲတမ်း ဇာ့ခ်အသားများအား ပေါပေါသီသီ စားနိုင်မည်ဟုတောင် တွေးခဲ့သည်။သေချာသည်က၊ သူမသည် ဇာ့ခ်ဘုရင်မကို အစာကောင်းကောင်း ကျွေးပေလိမ့်မည်။


လင်းရွှမ် သည် ဇာ့ခ်ဘုရင်မကို မဖြစ်မနေ သတ်ရန် မလိုအပ်ပေ။သို့သော်၊  အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် အဖျက်စွမ်းအင်ကြောင့် ထိခိုက်ခဲ့သည်။ထို့ကြောင့်လည်း သတ်ပစ်ဖို့ အတွေးများ ဖြစ်လာရခြင်းပင်။ယခု  ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါက ဇာ့ခ်ဘုရင်မကို သတ်ရန် မလိုအပ်ကြောင်းကိုလည်း သူ သဘောတူမိသည်။  သို့သော်လည်း သူမ၏ နုံအသော အကြံဥာဏ်ကို သဘောမတူပေ။ တစ်ကယ်တမ်းတွင် ဇာ့ခ်ဘုရင်မအတွက် စားစရာပမာဏမှာ ဘယ်လိုပင်ဖြစ်စေ၊ လုံလောက်မှာမဟုတ်ပေ။  ထို့အပြင် ဇာ့ခ်ဘုရင်မသည် သူ့ကိုယ်ပိုင်အသားများအား လှီးဖြတ်ခွင့် ပေးမည်မဟုတ်။ဖြစ်နိုင်လျှင် ဇာ့ခ်ဘုရင်မ၏ အသားအစား  ဇာ့ခ် သားပေါက်လေးများကိုသာ မွေးမြူနိုင်၏။



လင်းရွှမ်မှာ နောက်ထပ် အစီအစဉ်တစ်ခုရှိသေးသည်။ သူသည် နယ်စပ်ကို ကြိုရောက်နေခဲ့သည့် အကြောင်းရင်းမှာ ချန်ပင်း ယခင်တစ်ခေါက်က ဝင်သွားခဲ့သော ပိုးပေါက်စုပ်ဝဲကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာဖို့ပင်။သို့သော်၊ နယ်စပ်ကိုရောက်သောအခါ ပိုးကောင်ရေများသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြားနေရာများတွင်လည်း ပိုးပေါက်စုပ်ဝဲ မရှိချေ။ သို့တည်းမဟုတ်၊ သူကသာ တွေ့အောင်မရှာနိုင်ခြင်းဖြစ်နိုင်သည်။သို့မဟုတ်ပါက၊ဇာ့ခ်ဘုရင်မသည် ယိလန် မှာ တိတ်တဆိတ် ပေါ်လာမှာ မဟုတ်ချေ။


အကယ်၍ တာဇာကြယ်ပွင့်မဟာမိတ် သည် ပိုးပေါက်စုပ်ဝဲကိုဖွင့်ရန် အစပြုခြင်းမရှိပါက၊ တာဇာကြယ်ပွင့်မဟာမိတ်၏ ကြယ်ကွင်းပြင်ထဲသို့ဝင်ရောက်ရန် သူ့မှာ အခွင့်အလမ်းမရှိပေ။


လင်းယောင်ယောင် ၏ မိဘများ ၊ ဝေ့လင်း နှင့် ချမ့်ယောင် တို့ကို ကယ်တင်မည့် အစီအစဉ် သို့မဟုတ် တာဇာများကို ကြိုတင်သတ်ပစ်မည့် အစီအစဉ်ကို ပြောနေစရာတောင် မလိုတော့‌ေပ။သို့သော် ဇာ့ခ်ဘုရင်မ ကြီးပြင်းလာသောအခါ၊သူမသည် အချိန်နှင့်နေရာများအား ကျော်ဖြတ်၍ တစ်နေရာမှ တစ်နေရာသို့ ခုန်ကူးနိုင်သည်။ သူ၏ သုတေသနပြုချက်အရ ဇာ့ခ်ဘုရင်မသည် ယိလန် မှ အနီးနားရှိ ကြယ်ပွင့်များဆီသို့ ခုန်ဆင်းနိုင်ရုံသာမကချေ။


တာဇာများသည် ဇာ့ခ်များကို ထိန်းချုပ်ပြီး ပိုးပေါက်စုပ်ဝဲ ကို လွတ်လပ်စွာ ဖွင့်နိုင်သည်။


 ပိုးပေါက်စုပ်ဝဲကို ဖွင့်ဖို့သော့က ဇာ့ခ်ဘုရင်မရဲ့ အဆင့်မြင့်ဆုံးအဆင့်မှာ ရှိတယ်လို့ ဆိုလိုတာလား...


လင်းယောင်ယောင် သည် ဇာ့ခ်ဘုရင်မနှင့် ဆက်ဆံပုံကို အကဲဖြတ်၍ ညှိနှိုင်းရန် မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ထို့ကြောင့်၊ သူသည်လည်း မကြာမီ ဇာ့ခ်ဘုရင်မနှင့် တွေ့ဆုံတော့မည်ဖြစ်သည်။ သတ်ရန်မဟုတ်၊ လိမ်ရန်သာ ဖြစ်ပေတော့သည်။


 ထို့ကြောင့် လင်းရွှမ် သည် မီးဖိုချောင်သို့ သွားခဲ့ပြီး စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်တွင် မကြာသေးမီက သူ စုဆောင်းထားသော အစားအသောက်ကုထုံးပညာရှင်များ၏  ဖြည့်စွက်အစားအစာများအားလုံးကို ယူဆောင်လာခဲ့သည်။ ထို့နောက် ယခုမှစ၍ များများလုပ်ရန် တောင်းဆိုခဲ့သည်။


ဤဖြည့်စွက် အစားအစာများသည် လင်းယောင်ယောင်၏ လက်ရာလောက်အရသာမရှိသလို၊ စွမ်းအင်သည် SS-အဆင့် ဇာ့ခ်အသားများကဲ့သို့ မပေါများသော်လည်း၊ အထူးသဖြင့် လင်းယောင်ယောင် သင်ကြားပြသပေးသည့် ဗီဒီယိုများမှတစ်ဆင့် လိုက်ချက်ထားခြင်းဖြစ်သည်။ ဤအစားအစာကုထုံးပညာရှင်များသည် သူမ၏ ချက်ပြုတ်နည်းများမှ သင်ယူခဲ့ကြ၍ အရသာက မဆိုးလှချေ။


ဇာ့ခ်ဘုရင်မသည် ချက်ပြုတ်ထားသော အစားအစာများကို လက်ခံနိုင်သောကြောင့် အသားစိမ်းစားရန် မလိုအပ်တော့ပေ။ ထိုအခါ၊ချက်ပြုတ်ထားသော အစားအစာကို နှစ်သက်သည့် ဇာ့ခ်ဘုရင်မအား တဖြည်းဖြည်း အကျင့်ဖြစ်လာအောင် လုပ်ရပေမည်။


လင်းရွှမ် သည် အစားအသောက်များကိုယူ၍ မီးဖိုချောင်မှ ထွက်ခွာခါနီးတွင် သွေးစပျစ်နွယ်ပင်ကို သတိထားမိသွား၏။ ပင်မစစ်သင်္ဘောပေါ်တက်ပြီးနောက် လင်းယောင်ယောင်သည် 012 ကို သူ့ဘာသာသူစားဖို့ နေရာရှာခိုင်းခဲ့သည်။  ယခုအချိန်တွင် နွယ်ပင်များတွင် နူးညံ့သော ကြက်ကင်လည်း ရှိနေသည်။ မီးဖိုချောင်ရှိ အစားအသောက်ကုထုံးပညာရှင်များနှင့် မည်သို့ဆက်သွယ်ပြီး အစာတောင်းထားမှန်း မသိပေ။


သို့သော် လင်းရွှမ်သည် ပင်မကိုင်းပေါ်ရှိ အထူးအာကာသလက်စွပ်ကို မြင်သောအခါ အနည်းငယ် နားလည်သွားသည်။ ဤအပင်က ယောင်ယောင် ပြုလုပ်သော ဟင်းများကို ယူဝံ့နေခြင်းပင်။


ထိုစဉ် မီးဖိုချောင်တာဝန်ခံက အမြန်ပြေးလာပြီး 


"ဒီအပင်မှာ အိမ်မွေးတိရစ္ဆာန် ဦးနှောက်အာရုံခံနိုင်တဲ့ ဗီဇပါပါတယ်…အဲဒါက မစ္စယောင်ယောင် ရဲ့ ဂြိုလ်သားအိမ်မွေးတိရစ္ဆာန်(အပင်)လို့ ကျွန်မတို့ကို ပြောပါတယ်.. မစ္စယောင်ယောင်က သူ့ကို  စားစရာလည်း  မ‌ေပးသွားလို့ဆိုတော့ ကျွန်မတို့ ဟင်းနည်းနည်း ကျွေးထားတာပါ"


012သည် အရင်လို စာမတတ်၊ပေမတတ် ကလေးမဟုတ်တော့ပေ။ လူတို့၏ စကားကို နားလည်ပြီး စာရိုက်နိုင်သော အဆင့်မြင့် ဂြိုလ်သားအပင်ဖြစ်လာသဖြင့် သခင်မပါဘဲ စားသောက်နိုင်သေးသည်။


လင်းရွှမ် မျက်ခုံးပင့်လိုက်သည်။  နောက်ဆုံးတွင်၊ သူကိုယ်တိုင်အမည်ပေးထားသော ဤဂြိုလ်သားအိမ်မွေးတိရစ္ဆာန်လေးကို အနည်းငယ်သဘောကျသွားရ၏။  


"မင်းရဲ့သခင်က အိပ်ပျော်နေတုန်းပဲ နောက်မှ သွား‌တွေ့"


 012  အကိုင်းအခက် အရွက်များ လှုပ်ယမ်းသွားရကာ အာကာသလက်စွပ်ထဲက အလင်းပြဦးနှောက်ကို ကျွမ်းကျင်စွာ ထုတ်ယူပြီး ဖန်သားပြင်ပေါ်မှာ စာရိုက်လိုက်သည်။


"သခင်က ကောင်းကောင်းအနားယူဖို့ လိုတယ်… ငါလည်း သခင့်ရဲ့ သခင်နဲ့ အတူတိုက်ချင်တယ်… ဇာ့ခ်တွေကို များများသတ်ပစ်ချင်တယ်"


လင်းရွှမ်: ...........


 "သခင်ရဲ့ သခင်" ဆိုသည့် စကားလုံးကို သူ နားမလည်နိုင်လောက်အောင် သဘောကျသွားရ၏။


လင်းယောင်ယောင် မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်နှင့်ဆိုပါက ဇာ့ခ်ဘုရင်မကို ထိန်းထားလို့ ရပါ့မလား…


 သူ့ချစ်သူကို စွန့်စားခွင့် မပေးဘဲ သွေးစပျစ်နွယ်ပင်ကိုသာ သူနှင့်အတူ ယူသွားဖို့ ပို၍ ဆန္ဒရှိမိသည်။


 "မင်း ငါ့ကို မနှောင့်ယှက်နဲ့…ငါ့အမိန့်ကို သေချာနားထောင်… မဟုတ်ရင် သွေးစပျစ်နွယ်ပင်ကြော်ဆိုပြီး လုပ်စားပစ်လိုက်မယ်နော်"


 012 တုန်လှုပ်သွားရ၏။  


'...သခင် အိုးးးးးး'




xxxxx