Chapter 132
ထိုအခါ လင်းယောင်ယောင် သည် သူ့မျက်နှာပေါ်က နှုတ်ခမ်းမွှေးစိမ်းနုနုလေးများကို စိတ်မကောင်းဖြစ်စွာ တို့ထိလိုက်သည်။
"ကိစ္စမရှိပါဘူး"
ထို့နောက် သူမသည် လင်းရွှမ် ၏နဖူးကို ဖိကပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင်၊သူမသည် မျက်လုံးများကိုမှိတ်ထားပြီး အစိမ်းရောင်အလင်းတန်းများ ရွှေရောင်စိတ်စွမ်းအင် စက်ဝန်းများကို ထွက်စေလိုက်သည်။ စက်ဝန်းအမြီးမှာ ဝိုင်းဝိုင်းပုံသဏ္ဍာန် ရှိပြီး အတော်ချစ်စရာကောင်းသည်။
လင်းရွှမ် သည် သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို သူမအတွက် အချိန်ကြာမြင့်စွာ ဖွင့်လှစ်ခဲ့ပြီး နီညိုရောင်သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ညင်ညင်သာသာ ဖြန့်ကျက်လိုက်၏။ သူ၏ SSS အဆင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် လင်းယောင်ယောင် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထက် ဆယ်ဆပိုကြီးသည်။ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်အစွန်အဖျားရှိ စက်ဝန်း(စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်း နဲ့တူ ၊ အရမ်းရှည်ပြီး စာဖတ်သူနားလည်နိုင်မယ်ထင်လို့ တစ်ခါတစ်လေ စက်ဝန်းလို့သုံးပါမယ်နော်) များသည် အာဟာရစွမ်းအင်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးသည်။
လင်းရွှမ်၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် စိတ်ပိုင်းဆိုင်ရာ နိယာမကြားတွင်၊ အနက်ရောင် အဖျက်စွမ်းအင်အစုအဝေးများစွာရှိသည်။ ၎င်းတို့သည် အလယ်ဗဟိုရှိ စိတ်ပိုင်းဆိုင်ရာ ဟင်းလင်ပြင်(nebula)မှ ထုတ်လွှတ်သော စွမ်းအင်ကို ကြားဖြတ်၊ စုပ်ယူထားကြသည်။
စစ်မြေပြင်တွင် ဆက်လက်သတ်ဖြတ်နေသောအခါတွင် အဆိုပါ အဖျက်စွမ်းအင်များသည် တိုက်ခိုက်ရေးသမားများအား တိုက်ခိုက်ရေးစွမ်းအင် ထုတ်ရာမှာ အတားအဆီးသဖွယ် ဖြစ်နေရ၏။အဖျက်စွမ်းအင် အရေအတွက် တိုးလာသည်နှင့်အမျှ၊တိုက်ခိုက်ရေးသမားများကို တိုက်စစ်စွမ်းအင်နှင့် သတ်ဖြတ်စွမ်းရည်တို့မှာ အားယုတ်လျော့လာပြီး စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှ စွမ်းအင်များ မကုန်ဆုံးမချင်း လူပင်ပန်းပြီး သေသည်အထိ တွန်းအားပေးလာမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာနယ်ပယ်ချင်း လိုက်ဖက်မှုမြင့်မားသော အရန်ကုထုံးပညာရှင်များသည် ဤအဖျက်စွမ်းအင်များကို နူးညံ့သိမ်မွေ့၍ သေးသိမ်ဖျော့တော့လာစေရန်နှင့် လုံးဝပျောက်ကွယ်သွားစေရန် သူတို့၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို အသုံးပြုနိုင်သည်။
ထို့ကြောင့် လင်းယောင်ယောင်နှင့် လင်းရွှမ်တို့ စိတ်ထဲမှာ နဖူးချင်းထိထားပြီး မကြာမီ သက်တောင့်သက်သာနှင့် အံ့သြစရာကောင်းသည့် ခံစားချက်တို့ကို ဖြည်းဖြည်းချင်း ခံစားခွင့်ရလာ၏။
စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းသည် အလွန်ရင်းနှီးသော သူများမှာသာ လုပ်ရသည့် ကုထုံးတစ်မျိုးဖြစ်သည်။ 80% ထက်ပိုသော စိတ်ပိုင်းဆိုင်ရာ ယုံကြည်ကိုးစားမှု(လိုက်ဖက်မှု)ရှိသော အရန်ကုထုံးပညာရှင်များနှင့် တိုက်ခိုက်ရေးသမားများသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ထိတွေ့ခြင်းဖြင့် တစ်ဖက်သား၏ အတွေးကို သိရှိနိုင်သည်။
သူတို့နှစ်ဦးသည် ဝိညာဉ်ရေးအရ သဟဇာတဖြစ်သော အိမ်ထောင်ဖက်များဖြစ်လျှင်ပင်၊ မလိုအပ်ပါက စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို မကြာခဏ ပြုလုပ်၍ ရမှာမဟုတ်ပေ။
စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို မလုပ်ဆောင်မီ၊ သူတို့၏ သီးခြားအတွေးများကို ခွဲထုတ်ရမည်ဖြစ်သည်။ဥပမာ၊အရင်းနှီးဆုံး သူအချင်းချင်းတောင် ဘယ်သူ့ကိုမှ မသိစေချင်သည့် ကိုယ်ရေးကိုယ်တာကိစ္စများ ရှိတတ်ကြ၏။
လင်းရွှမ် သည် ယခု စိတ်အနှောင့်အယှက်အနည်းငယ် ဖြစ်နေရုံမျှသာ ဖြစ်သည်။ အကယ်၍ ဇာ့ခ် ဘုရင်မ၏ ခြိမ်းခြောက်မှုကြောင့်သာ မဟုတ်ပါက၊ ဖြည့်စွက်စာစားသုံးခြင်းဖြင့် သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ် အတွင်းရှိ အဖျက်စွမ်းအင်၏ အရွယ်အစားနှင့် အရေအတွက်ကို တဖြည်းဖြည်း လျှော့ချနိုင်ပေလိမ့်မည်။သို့သော်၊ယခုလို ကုသမှုမျိုးက ပိုကြာသည်။ ထို့အပြင် ရောဂါလက္ခဏာများ မဆိုးလာအောင်သာ ကုသနိုင်သော်လည်း အဖျက်စွမ်းအင်သည် သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ တဖြည်းဖြည်းနှင့် ရူးသွပ်ခြင်း အဖြစ်သို့ ရောက်သွားစေသည်။
အစက သူ့တောင်းဆိုချက်ကို လင်းယောင်ယောင် ငြင်းပယ်မည်ဟု ထင်ခဲ့သည်။ သို့မဟုတ် သူမ ခဏတုံ့ဆိုင်းနေပြီး၊ သူမ၏ အတွေးများကို ရှင်းထုတ်ပြီးမှသာ ဝိညာဉ်ရေးရာ လမ်းညွှန်မှု လုပ်ရန် သူ့ကိုကူညီမည်ဟု ထင်မိသည်။
မထင်မှတ်ပဲ၊ဤမိန်းကလေးက ဘာစကားမှတောင် မပြောဘဲ သူ့နဖူးကို လာကပ်ထားရာ မကြာမီ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများက သူ့ဆီ ရောက်လာတော့သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများ ရောက်ရှိလာလျှင် သူ့ရင်ထဲက သူမကို ချစ်စိတ်၊စိတ်ပူခြင်း..စသည့် ရှုပ်ထွေးသော ခံစားချက်များကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်လိမ့်မည်။သူ၏ ဖုံးကွယ်၍မရသော အတွေးများကိုလည်း သူမ ခံစားရနိုင်သည်။
'အရမ်းပျော်တယ်…သက်တောင့်သက်သာရှိတယ်… အရမ်းချစ်တယ်… နမ်းချင်တယ်…ဖက်ချင်တယ်..."
မကြာသေးမီက သူ့အတွေးများကိုပင် ခံစားခဲ့ရသည်။
'သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် အဆင့်ကို မြှင့်တင်ရမယ်…မဟုတ်ရင် အိပ်ယာထဲမှာ လေ့ကျင့်ခန်းလုပ်လို့ ရမှာ မဟုတ်ဘူး... ငါက သူမရဲ့ အပိုင်ဆိုတဲ့အကြောင်းကို သူများတွေသိအောင် ခဏလောက် နမ်းရမယ်'
တစ်ဖက်တွင် လင်းရွှမ် သည် သူမ၏ စိတ်ပူပန်မှု ၊ ယုံကြည်မှု ၊ ရှက်စိတ် နှင့် အဆင်မပြေမှု အနည်းငယ်ကိုလည်း ခံစားသိရှိခဲ့ရသည်။
'အို လင်းရွှမ် စုတ်က ငါ့ကို အိပ်ရာထဲ ခေါ်လာပါလား… ငါ ဘာလုပ်သင့်သလဲ… ငါအဆင်သင့်မဖြစ်သေးဘူး... ဒီလူဆိုးက ငါ့ကို ဘာလို့ နမ်းနေတာလဲ…သူ့ကို မမုန်းပေမယ့် သူက ငါ့ကို နာကျင်အောင်လုပ်မယ့် အမှိုက်စုတ်ပဲ'
သူတို့၏ စက်ဝန်းများက တစ်ခုနှင့်တစ်ခု ရောယှက်ဆက်နွယ်နေကြသည်။ ထို့ကြောင့် လူနှစ်ယောက်၏ စိတ်ကို ဖုံးကွယ်ထားခြင်းမရှိပဲ တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း ဖြစ်ကုန်ကြသည်။
လင်းရွှမ်က ပိုပျော်ရွှင်လာသော်လည်း လင်းယောင်ယောင်၏ မျက်နှာလေးမှာ ချက်ချင်းနီရဲသွားတော့သည်။ သူမ လင်းရွှမ် ကို တွန်းထုတ်ချင်မိသော်လည်း သူကမူ နှစ်ယောက်သား ဝေးရမှာကို ကြောက်နေသည့်အလား အားကောင်းသော လက်များဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။
သူမ၏ စိမ်းဖျော့ဖျော့ စက်ဝန်းများသည် လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှ ဆုတ်ခွာသွားလိုသော်လည်း ထိုလူ၏ ပြင်းထန်ပြီး အားကောင်းသည့် စက်ဝန်းများကြောင့် ရုန်းမထွက်သွားနိုင်ပေ။
လင်းရွှမ် က သူမကို အတွေးများမှတစ်ဆင့် ပြောလိုက်သည်။
"မထားခဲ့ပါနဲ့…ကိုယ့်ကို ခဏလောက် ကူညီပါဦး"
ထို့အပြင် သူ မပို့စေချင်သော နောက်ထပ်စကားတစ်ခွန်းရှိသော်လည်း လင်းယောင်ယောင် ကြားနေရဆဲ။
"အာ.. ကလေးမလေးက ရှက်နေတာ ပိုချစ်ဖို့ကောင်းလိုက်တာ... တစ်ကယ်စားပစ်လိုက်ချင်တယ်..."
သူမကိုယ်သူမ ကောက်ကျစ်ယုတ်မာရက်စက်သည့် ဝံပုလွေ ပိုင်နက်ထဲကို လမ်းလွဲသွားခဲ့သည့် အဖြူရောင် ယုန်သူငယ်လေးလို ခံစားရသည်။ သူမ ရှက်ပြီး ဒေါသ ထွက်နေသော်လည်း နည်းနည်းလေး ကြည်နူးမိသည်။ ဤအတွေးများက လင်းရွှမ် သည် သူမအပေါ် ရိုးသားကြောင်း ပြသပြီး လိမ်ညာခြင်းမရှိဟု ဆိုခြင်းပင်။ထို့နောက် သူမသည် သူ့စက်ဝန်းများထဲမှ လွတ်မြောက်ရန် အတင်းတွန်းထိုးရုန်ကန်လိုက်သည်။
" ကောင်စုတ်...ဖယ်ပေး ကိုယ့်ဘာကိုယ် လုပ်ချင်တယ်"
လင်းရွှမ် ဆီကလည်း အတွေးတစ်ခုက ချက်ချင်း ပြန်ရောက်လာသည်။
"ဒါပေမယ့် မင်းကို နှောင့်ယှက်ရတာ ကိုယ့်အတွက် အရမ်းအဆင်ပြေတယ်..."
သူ နောက်သာနောက်ရသော်လည်း အခြေအနေက အရေးတကြီးဖြစ်နေမှန်းသိ၏။ ခဏကြာမှ သူမ၏စက်ဝန်းများကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည့် သူ၏ စက်ဝန်းများအား လွှတ်ပေးလိုက်သည်။
လင်းယောင်ယောင်: 'အမလေး… ဝိညာဉ်ရေးရာ အကြံဉာဏ်ပေးတယ်ဆိုတာ အရမ်း ရှက်စရာကောင်းတာပဲ... privacy လုံးဝမရှိဘူး...'
လင်းရွှမ် က သူမအတွေးကို သတိပြုမိသော်ငြား
"ကိုယ်ကတော့ ကြိုက်သလိုပဲ"
လင်းရွှမ် ၏ အတွေးများသည် ညစ်ညမ်းသော ဦးတည်ရာသို့ တစ်ဖန် လှည့်သွားသည်ကို လင်းယောင်ယောင် သတိပြုလိုက်မိသည်။ထို့ကြောင့် သူမ လက်တွေ့ကမ္ဘာထဲသို့ အမြန်သွားပြီး သူ့ခါးကို လိမ်ဆွဲလိုက်သည်။
"လျှောက်ပြောမနေနဲ့"
လင်းရွှမ်၏အတွေး: "မင်း ကိုယ့်ယောက်ျားကို သတ်ဖို့ ကြိုးစားနေတာလား... မင်းက အခု ကိုယ့်ရင်ခွင်ထဲမှာ ရှိနေတာ...မင်းရဲ့ စက်ဝန်းတွေကလည်း ကိုယ့် စိတ်ထဲမှာ ရှိနေတုန်းပဲ ဆိုတော့ ဘယ်လိုလုပ် ဟန်ဆောင်နိုင်မှာလဲ"
သူမ တစ်ဖန်ထပ်ပြီး ရုန်းကန်လိုက်ရာ လင်းရွှမ် က သူမကို အနည်းငယ် ထိန်းထားလိုက်သည်။ ထို့နောက် သူ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို အရှိန်မြှင့်၍ လှုပ်ရှားလိုက်ရာ မကြာမီ အဖျက်စွမ်းအင်များ တည်ရှိရာနေရာသို့ သူမ၏ စက်ဝန်းများ ရောက်ရှိသွားသည်။
သူမသည် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းကို တစ်ခါမှ မလုပ်ဖူးသော်လည်း၊ သူမသည် ဤနယ်ပယ်ရှိ အသိပညာများကို သင်ယူရန်နှင့် နားလည်ရန် ရည်ရွယ်ထားသည်။ တစ်ကယ်တမ်းမှာ၊ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းသည် ဤအဖျက်စွမ်းအင်များကို သက်သာစေရန် သူမ၏ ပျော့ပျောင်းပြီး ငြိမ်းချမ်းသောစက်ဝန်းများကို အသုံးပြုရခြင်းပင်။မကြာမီ၊ ချဲ့ထွင်နေသော အဖျက်စွမ်းအင်၏ အမှောင်ထုသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ ပုံသဏ္ဍာန် တဖြည်းဖြည်း သေးငယ်လာသည်။
ထို့နောက် သူမသည် အဖျက်စွမ်းအင် အစိတ်အပိုင်းကို ဖယ်ရှားရန် သူမ၏ စွမ်းအင်စက်ဝန်းများအား ဖျားယောင်းခေါ်ဆောင်၍စုပ်ယူလိုက်သည်။ထို့နောက် သူ၏ စက်ဝန်းများအား သက်သာစေကာ သူ၏စိတ်ပိုင်းဆိုင်ရာဟင်းလင်းပြင်ကို အားကောင်းစေမည့် အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေလိုက်သည်။
စိတ်ပိုင်းဆိုင်ရာ ဟင်းလင်းပြင် နှင့် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကြားရှိ စွမ်းအင်ထုတ်လွှတ်မှုလမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်သည်နှင့်၊ တိုက်ခိုက်ရေးသမား၏ စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုတုံ့ပြန်မှုသည် ပိုမိုသွက်လက်မြန်ဆန်ပြီး အတားအဆီးမဲ့လာနိုင်သည်။ ထို့နောက် သူတို့၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို အသုံးချနိုင်သည်။
လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို မည်သူမျှ လမ်းညွှန်မပြဖူးသဖြင့် အနက်ရောင် အဖျက်စွမ်းအင်သည် မသေးငယ်ပေ။မူလက အနည်းငယ်သာရှိသော်လည်း သူသည် တိုက်ပွဲပြင်းထန်သော အခြေအနေတွင် အချိန်အတော်ကြာ နေနေခဲ့ပြီး မရေမတွက်နိုင်သော ဇာ့ခ်များကို သတ်ဖြတ်ခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အနက်ရောင်အဖျက်စွမ်းအင်သည် ရူးသွပ်မှုအခြေအနေသို့ ရောက်လုနီးပါးပင်။ထို့ကြောင့်၊ သူ၏ စိတ်စွမ်းအင်ကို
ပြန်လည်ဖြည့်တင်းရန် ခက်ခဲလှသည်။ အတင်းအဓမ္မ အသုံးပြုပါကလည်း၊ အချိန်မရွေး သူ၏စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ပြိုလဲသွားစေနိုင်သည်။
ဤအရာများ တည်ရှိနေခြင်းကြောင့် သူ၏ SSS အဆင့် စိတ်စွမ်းအင်၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်ရန် မဖြစ်နိုင်တော့ပေ။ ထို့နောက် ရက်ပေါင်းများစွာ အနားမယူဘဲ အဆက်မပြတ် တိုက်ခိုက်ရပြီး ဖြည့်စွက်ဆေးဝါး အမျိုးမျိုးနှင့် ဖြစ်လာသော ဘေးထွက်ဆိုးကျိုးများကြောင့် သူ့ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေရသည်။သို့မဟုတ်ပါက၊ သူ့ အရည်အချင်းများနှင့် လက်ရှိအဆင့်က SSS မိုင်းနပ်စ်မှာသာ ရှိသေးသည့် ဇာ့ခ်ဘုရင်မကို ထိုမျှလောက် ခက်ခဲစွာ တိုက်နေစရာ မလိုပေ။ သို့သော် ယိလန်၏ လုံခြုံရေးအတွက် ဆက်လက်အားတင်းထားရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည်။
လင်းယောင်ယောင်သည် ယခင်က လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်အတွင်းမှ အခြေအနေကို မသိခဲ့ပေ။ အခုမှ မြင်လိုက်ရလျှင် သူမ စိတ်မကောင်းဖြစ်မိသည်။ သူမသည် 21 ရာစုမှ ပြန်လည်ထွက်ခွာလာချိန်တွင် သူ့အတွက် ဝိညာဉ်ရေးရာလမ်းညွှန်မှုပေးရန် ငြင်းဆန်ခဲ့သည်။ သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရှိ အနက်ရောင်အဖျက်စွမ်းအင်သည် ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့မှုကို ဟန့်တားရန်နှင့် သူ၏ကိုယ်ပိုင်ဆန္ဒကို ထိခိုက်စေရန် လုံလောက်သောပြင်းထန်မှုမရှိသော်လည်း နှစ်ပေါင်းများစွာ စုဆောင်းပြီးဖြစ်၍ တော်တော် အားကောင်းလာသည်။အကယ်၍ သူမသာ ထိုအချိန်က သူ့ကိုကူညီခဲ့မည်ဆိုလျှင်၊ ယခုလိုမျိုး စိတ်ဤတစ်ကြိမ်တွင် သူသည် စိတ်ကမောက်ကမဖြစ်ရသည့် အခြေအနေကို လျင်မြန်စွာ ကျရောက်လိမ့်မည်မဟုတ်သလို ပိုမိုလွယ်ကူစွာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သူမရင်ထဲက တောင်းပန်သည့် ခံစားချက်ကို ခံစားလိုက်ရသောအခါ လင်းရွှမ် သည် သူမ မျက်နှာကို ညင်သာစွာ ပွတ်သပ်၍ နှစ်သိမ့်လိုက်သည်။
"အဲဒါ မင်းအပြစ်မဟုတ်ပါဘူး…ကိုယ် အခု နေကောင်းနေတယ်လေ…ကံကောင်းလို့ပဲ အခုလို ပြန်ကုသနိုင်တာမလား..."
"ကောင်းပြီ၊ ညီမလေး အလုပ်စတော့မယ်"
ထို့နောက် လင်းယောင်ယောင် သည် သူမ၏ စက်ဝန်းများနှင့် အစွန်းရှိ အသေးငယ်ဆုံး အနက်ရောင် အဖျက်စွမ်းအင်အုပ်စုကို ပထမဆုံး ထိတွေ့ခဲ့သည်။ ထိုအခါ အနက်ရောင်စွမ်းအင်သည် ပြူထွက်စပြုနေသော ၎င်း၏သွားများနှင့် ခြေသည်းများမှာ ရုတ်တရက်ဆုတ်ခွာသွားပြီး အရွယ်အစားမှာလည်း ရုတ်တရက် သေးငယ်သွားခဲ့သည်။
ယေဘူယျအားဖြင့်၊ တိုက်ခိုက်ရေးသမား၏ အသိစိတ်သည် ယုံကြည်ရသော အရန်ကုထုံးပညာရှင်ကို မထိခိုက်စေချင်သလို၊ပညာရှင်ဘက်မှလည်း လူနာဘက်ကို မထိခိုက်စေလိုပေ။
တိုက်ခိုက်ရေးသမားသည် သက်တောင့်သက်သာရှိလာသောအခါ သူ့ရင်ထဲမှ စိုးရိမ်မှုအနည်းငယ်မှာ ပျောက်ကွယ်သွားကာ အနက်ရောင် အဖျက်စွမ်းအင်အပိုင်းကလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါ အဖျက်စွမ်းအင်များက ကြားဖြတ် စုပ်ယူခံရသော စွမ်းအင်သည် စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲသို့ ပြန်လည် လွတ်မြောက်သွားမည်ဖြစ်သည်။
ရိုးရှင်းစွာ ပြောရလျှင် တိုက်ပွဲများ အဆက်မပြတ် တိုက်ခိုက်ခြင်းကြောင့် လိုက်ပါလာသော အပျက်သဘောဆောင်သော ခံစားချက်များသည် အဆက်မပြတ် လျော့ကျသွားလိမ့်မည် ဟု ဆိုလိုသည်။
နှစ်ဦးကြားရှိ စိတ်ပိုင်းဆိုင်ရာမှု မြင့်မားလေလေ၊ကုထုံးပညာရှင်၏ စက်ဝန်းများက ညင်သာစွာ ချေဖျက်ပေးပြီးနောက် ဤအနက်ရောင် အဖျက်စွမ်းအင်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားမည်ဖြစ်သည်။
လင်းယောင်ယောင် သည် အကြိမ်အနည်းငယ်ကြိုးစားကြည့်ရာ လုံးဝမခက်ခဲကြောင်း တွေ့ရှိခဲ့သည်။ သူ့ကိုယ်ပိုင် စိတ်စွမ်းအင်ကို သုံးစွဲဖို့သာလိုပေသည်။သူမသည် လှုပ်ရှားမှုကို ကျွမ်းကျင်လာပြီးနောက်၊ လင်းရွှမ် ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲသို့ နောက်ထပ် စက်ဝန်းများကို ထုတ်လွှတ်ရန် မတွန့်ဆုတ်ခဲ့ပေ။ သူမ ထိန်းချုပ်နိုင်သော အမြင့်ဆုံးပမာဏဖြစ်သည့် ထောင်ဂဏန်းအထိပင် လွှတ်ပေးခဲ့သည်။
တစ်ကယ်တမ်း ထိုသို့လုပ်ခြင်းက နည်းနည်း အန္တရာယ်များသည်။ လင်းရွှမ် ၏ စိတ်စွမ်းအားက သူမထက် ဆယ်ဆ ပိုသန်မာသည်။ သူ့မသိစိတ်ထဲမှ အနည်းငယ်ငြင်းဆန်လိုခြင်း သို့မဟုတ် မယုံကြည်မှု အနည်းငယ်ခံစားရပါက၊သူ၏ စက်ဝန်းများက သူမအား တိုက်ခိုက်ကာ သူမ၏ စက်ဝန်းများအား ဖြတ်တောက်၍ သူမ၏ကို ပြင်းထန်စွာပျက်စီးစေမည်ဖြစ်သည်။ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်ကိုးစားမှုက လုံလောက်စွာ မနက်နဲသောအခါ၊ အရန်ကုထုံးပညာရှင်သည် တိုက်ခိုက်ရေးသမားအတွက် ဝိညာဉ်ရေးရာ လမ်းညွှန်ချက်ကလည်း ပေး၍မရပေ။ မဖြစ်မနေ ပေးရမည်ဆိုလျှင်တောင် အတော်သတိထားရမည်ဖြစ်၏။ ထို့ကြောင့် လူတစ်ချို့သည် သူမလောက်တောင် သတ္တိရှိမှာမဟုတ်ပေ။
လင်းရွှမ် သည် သူ၏ အတွင်းစိတ် အတွေးများကို မျိုသိပ်ကာ လင်းယောင်ယောင်၏ ခန္ဓာကိုယ်ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်၍ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကိုလည်း သူမအတွက် လုံးဝဖွင့်ပေးထားလိုက်၏။ မတော်တဆဖြစ်လျှင် သူမကို ထိခိုက်စေမှာထက် သူသာ စိတ်ဒဏ်ရာ ပိုရချင်မိသည်။ ကံကောင်းစွာပင်၊ သူကလည်း သူမ အပေါ်စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ထားသည်။သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် စွမ်းအင်များ ပိုမိုများပြားလာလေလေ၊ သူ၏စိတ်နှလုံးကို ပိုပျော်ရွှင်လာလေလေဖြစ်၍ ဝိညာဉ်ရေးရာလမ်းညွှန်မှုမျိုးက တစ်ကယ်ကို အကျိုးရှိစေသည်။
xxxxx