Chapter 77 End
Viewers 9k

အပိုင်း (၇၇) ဇာတ်သိမ်းပိုင်း 


"ကျ--"


အရပ်ရှည်ရှည်နဲ့ ရက်စက်ခက်ထန်တဲ့ သားရဲလူတစ်ယောက်က သူ့သားကောင်အား အလျင်အမြန် ဖမ်းဆီးလိုက်ပြီး သူ့လက်သည်းတွေက တခြားသူရဲ့လည်မြိုကို မြဲမြံစွာ ကုပ်ဆွဲပြီး သူ့ပုခုံးပေါ်ကနေ ကျော်၍ မြေကြီးပေါ်သို့ ကိုင်ပေါက်ပစ်လိုက်၏။


သားကောင်ရဲ့ မေးရိုးက အဆစ်လွဲသွားလိုက်ပြီး သူတို့မျက်လုံးသူငယ်အိမ်များက လျော့ရဲသွားလိုက်တယ်။ ရွဲ့နေတဲ့ သူ့ပါးစပ်ထောင့်‌စွန်းပေါ်တွင်တော့ ညစ်ပတ်နံဟောင်တဲ့ သားရေပုတ်တွေ ထွက်ကျလာလိုက်ကာ ကြည့်ရတာ မခံမရပ်နိုင်အောင် နာကျင်သွားပုံရတယ်။


သားရဲလူသားက သားကောင်၏ ဦးခေါင်းပေါ်သို့ နင်းချလိုက်ကာ သူ့ခြေသည်းတွေကို ပြန်ရုတ်လိုက်ခဲ့တယ်။ အဲဒီနောက် သူ့မျက်လုံးနက်နက်တွေကို နောက်လှည့်၍ သူ့နောက်မှ ကလေးငယ်ကို တည့်တည့် ကြည့်လိုက်ကာ "မင်း သေချာ မြင်လိုက်ရလား"


သစ်ပင်အောက်တွင်တော့ တိရိစ္ဆာန်အရေခွံတွေ ၀တ်ဆင်ထားတဲ့ အပြာရင့်ရောင်မျက်လုံးလေးတွေ အတူတူရှိတဲ့ ကလေးငယ်က ခေါင်းညိတ်ပြပြီး "သေချာ မြင်လိုက်ရတယ်"


သားရဲလူသားက ဒီစကားကို ကြားလိုက်ကာ သူ့၏စွမ်းဆောင်ရည်ကို သံသယဝင်သွားလိုက်တယ်။ ဆင်ခြေလျှောအောက်ရှိ ခွေးအ အုပ်စုအား သူ လက်ညှိုးထိုးပြပြီး သူ ညှာတာမှုကင်းမဲ့စွာ ပြောလိုက်တယ်။ "မင်း ဒါတွေကို ဖြေရှင်းပြီးမှ ပြန်လာလို့ရမယ်" 


ခွေးအတွေက ရေတွက်ကြည့်ရင် ခေါင်း နှစ်ဆယ် သုံးဆယ် ရှိပြီး တစ်ကောင်စီက မထီမဲ့မြင်ဟန်ဖြင့် သွားဖြီးနေကြပြီး ရိုင်းစိုင်းရက်စက်တဲ့ မျက်နှာထားတွေ ရှိနေကြကာ အားလုံးက ကြည့်လို့ကောင်းသူတွေ မဟုတ်ကြပေ။


ကောင်ငယ်လေးက ရှစ်နှစ်အရွယ် မျက်နှာပုံပန်းသွင်ပြင်ရှိနေကာ သူ့မျက်နှာပေါက်က အလွန်လှပ သိမ်မွေ့လေတယ်။ သူ့မျက်ခုံးရိုးက သားရဲလူတွေလို ကြမ်းကြမ်းတမ်းတမ်းဖြစ်မနေဘဲ ပိုသိသာထင်ရှားပြီး ပိုချောမွေ့ကာ လူသားကလေးတစ်ယောက်နဲ့ ပိုတူနေခဲ့၏။


သို့ပေမဲ့လည်း နောက်တစ်စက္ကန့်တွင်တော့ သူ အံကြိတ်လိုက်ကာ ချွန်ထက်တဲ့ သွာစွယ်တွေကို ထုတ်ဖော်ပြလိုက်ပြီး သူ့ရဲ့သားရဲသဘာဝက ပေါ်ထွက်လာလိုက်တယ်။


"ဒါတွေကို လုပ်ပြီးသွားတာနဲ့ သား အမေ့ကို လာတွေ့လို့ရပြီလား" ကောင်ကလေးက မေးလိုက်၏။


သားရဲလူအမျိုးသားက ပြောလိုက်တယ်။ "တစ်ပတ်မှာ တစ်ခါပဲရမယ်။ ဒါက ငါတို့ နဂိုမူလ သဘောတူထားတဲ့အတိုင်းပဲ"


ကောင်ကလေးက ခွန်းတုံ့ပြန်လိုက်တယ်။ "အဲဒါက အမေပစ္စည်းတွေနဲ့ အဖေက သားကို အသက်ရှင်သန်တဲ့ ကျွမ်းကျင်မှုတွေ သင်ပေးမယ်ဆိုလို့လေ! တကယ်လို့ အဲဒီ အသက်ရှင်သန်တဲ့ ကျွမ်းကျင်မှုတွေဆိုတာက သားကို ဝံပုလွေကလန်ဆီ သေဖို့ ပစ်ပေါက်လိုက်တာမှန်း အမေသာ သိသွားရင် သူ အဖေ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး"


သားရဲလူအမျိုးသားက သွားပေါ်အောင် ပြုံးရယ်လိုက်ပြီး ကလေးလေးကို တည့်တည့်ကြည့်လိုက်ကာ "ဒါဆိုလည်း သူ့ကို လုံးဝ မသိစေနဲ့ပေါ့"


သူ သူ့လက်အား ကောင်ကလေးရဲ့ခေါင်းပေါ် တင်လိုက်ပြီး အေးစက်စွာ သတိပေးလိုက်၏။ "နားထောင်စမ်း။ တစ်နေကုန် မင်းအမေနဲ့ ငါ့ကို လာလာပြီး ခြိမ်းခြောက်မနေနဲ့။ သူက ငါ့အမျိုးသမီးပဲ၊ ငါက သူနဲ့ အမြဲတမ်း တစ်ဖက်တည်းမှာပဲ ရပ်မှာ။ ငါ မင်းကို ဝံပုလွေကလန်ဆီ ပစ်ပေါက်ပေးလိုက်လို့ ငါ့ကိုတောင် မင်းက ကျေးဇူးတင်သင့်တယ်။ ကျားသစ်တစ်ကောင် ဖြစ်လာပြီးတော့ ဝံပုလွေငတုံးကောင်တွေကို ငါတို့ရဲ့ အကောင်ပေါက်တွေက မဖြေရှင်းနိုင်ရင် မင်းနဲ့ အမှိုက်ကြားမှာ ဘာများကွာခြားဦးမှာလဲ။"


ကလေးလေးက သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး အဲဒီညက အိပ်မက်ဆိုးတွေကို သတိရသွားလိုက်ကာ သူက ဘာမှ ထပ်ပြောမလာတော့ပေ။


ခဏကြာပြီးနောက်တွင် ကောင်ငယ်လေးက ပြောလာလိုက်တယ်။ "သား သားအမေကို မပြောပြတော့ဘူး။ အလဲလှယ်အနေနဲ့ အဖေက သူ့ကို သား ပြီးခဲ့တဲ့ရက်က သမင်တွေတော်တော်များများကို အမဲလိုက်ခဲ့တယ်ဆိုတာ လုံးဝ မပြောပြရဘူး"


အသားစား မျိုးစိတ်တွေက အသီးရွက်စားမျိုးစိတ်တွေအား သတ်ဖြတ်စားသောက်ကြပြီး အခြားမျိုးနွယ်တွေကို အမဲလိုက်ရတာ ပြဿနာမရှိပေမဲ့ သမင်မျိုးနွယ်သာလျှင် အလုပ်မဖြစ်ပါလေ။


-----ဘာလို့လဲဆိုတော့ သူ့အမေမှာက သမင်မျိုးနွယ်မှာ သူငယ်ချင်းတွေ ရှိလို့ပါပဲ။


သားရဲလူအမျိုးသားက သူ့မျက်ခုံးကို ပင့်လိုက်ကာ သူ့သားဖြစ်သူရဲ့ ပြုမူပုံအား ကန့်ကွက်တဲ့ပုံ မပေါက်လိုက်ခဲ့ပေ။


"ရတာပေါ့"


ကောင်ငယ်လေးက သူ့ခေါင်းကို နှိမ့်လိုက်ကာ ရှေ့သို့ ကုန်းလိုက်ပြီး သူ့ရှေ့က ခွေးအတွေဆီ တဟုန်ထိုး ပြေးသွားလိုက်ခဲ့တယ်။


သူတို့တွေက သူက ကျားသစ်ပေါက်လေးတစ်ကောင်သာဖြစ်တာကို မြင်လိုက်ရတော့ သူတို့တွေ များများစားစား ဂရုမစိုက်ခဲ့ကြပေ။


ဒါပေမယ့် ကောင်ငယ်လေးက ရှေကို တစ်ဟုန်ထိုး ပြေးလိုက်တဲ့အချိန်မှာပဲ သူ အဆင်သင့်ပြင်လိုက်ခဲ့တယ်။ သူ သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ချွန်ထက်တဲ့သွားတွေကို ပြသလိုက်ပြီး သူတို့ရဲ့အဆိပ်ရှိတဲ့ ကိုက်ခဲမှုက သူနဲ့ အနီးဆုံးမှာရှိတဲ့ ခွေးအရဲ့လည်ပင်းကို ဆတ်ခနဲ့ ဟပ်လိုက်မယ်ဆိုတာ ဘယ်သူကသိမှာတဲ့လဲ။


အခုဆို သူတို့တုံ့ပြန်မှုကို စောင့်နေတဲ့ ကျားသစ်ငယ်လေးက ခွေအနှစ်ကောင်ကြား လှစ်ခနဲ ပြေးသွားလိုက်ပြီး ရမ် စောစောကလုပ်လိုက်တာကို အတုယူသင်ကြားလိုက်ပြီး သူ့ရဲ့လက်သည်းတွေနဲ့ သူတို့လည်မြိုအား ရိုက်ပုတ်လိုက်ကာ သူတို့ပုခုံးတွေအား ဆောင့်ချလိုက်ကာ သူတို့အား အားနဲ့ ရှေ့သို့ ပစ်လှဲလိုက်ခဲ့တယ်။


ပြင်းပြင်းထန်ထန် ဆောင့်ချမှုနှစ်ခုနဲ့အတူ ခွေးအနှစ်ကောင်က သူတို့ မေ့စေ့အား အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားပစ်လိုက်ခြင်းခံခဲ့ရတော့တယ်။


. . .


သူ့ဘေးပတ်လည်မှာရှိတဲ့ ခွေးအတွေက ဒေါသထွက်သွားကြကာ သူ့ဆီ အုံကာ ပြေးလာလိုက်ကြတော့တယ်။


တစ်ကောင်ပြီး တစ်ကောင်အား ကောင်ငယ်လေးက သူတို့အား ပတ်ရှောင်တိမ်းလိုက်ပြီး တစ်ကောင်နောက်သို့ ခြေချလိုက်ကာ နောက်တစ်ကောက်ဆီ ခုန်ကူးလိုက်ပြီး သူ့လက်မောင်းအား ဆွဲဆန့်လိုက်ခဲ့တယ်။ သူ နောက်တစ်ကောင်ရဲ့ လည်ပင်းအား လှမ်းချိတ်လိုက်ခဲ့ပြီး သူ့မေ့စေ့အား စက်ဝိုင်းခြမ်းလို ဆွဲလိမ်လိုက်ခဲ့တယ်---


ခွေးအ ခမျာ ချက်ချင်းပင် မြေပြင်ပေါ် တုံးခနဲ လဲကျသွားတော့တယ်။


တခြားအကောင်တွေ မခုန်အုပ်သေးခင် ကောင်ငယ်လေးက သူ့ခြေထောက်အား မြေကြီးပေါ် ဆောင့်ချလိုက်ပြီး အဝေးသို့ ခုန်သွားလိုက်တယ်။ သူ့ပါးစပ်ကို သုတ်လိုက်ရင်း သူပြောလိုက်တယ်။ "အရမ်း ညစ်ပတ်လိုက်တာ"


ရမ်က လက်ပိုက်လျက်သားနဲ့ သူ့သားဖြစ်သူအား ခွေးအတွေ ဝိုင်းနေတာအား မလှုပ်ရှားဘဲ ကြည့်ရှုနေခဲ့တယ်။


ခွေးအတစ်ကောင်က ကျားသစ်ခေါင်းဆောင်ဖြစ်သူက ကူညီဖို့ ရှေ့ကို ရှေ့တိုးမလာတာကို မြင်လိုက်ပြီး နောက်ကနေ တိတ်တဆိတ်ချဉ်းကပ်သွားလိုက်ပြီး သူ့ညစ်ပတ်တဲ့ လက်သည်းတွေကို ထုတ်ဖော်ကာ အလစ်ကုတ်ဆွဲဖို့ ကြိုးပမ်းလိုက်ခဲ့တယ်။


သူ မအောင်မြင်လိုက်ခဲ့ပေ ဘာလို့လဲဆိုတော့ သူ ရမ့်ဆီကနေ ကန်ထုတ်ခံလိုက်ရလို့ပါပဲ။


ရမ် သူ့ခြေတံရှည်ရှည်အား မြေကြီးပေါ်ကနေ ပြန်ရုတ်သိမ်းလိုက်ပြီး သားပေါက်အား ပြောလိုက်တယ်။ "မင်း အိမ်မသွားခင် ဆေးကြောဖို့ မှတ်ထား။ သူက သွေးနံ့ကို မကြိုက်ဘူး"


ဂရီဗာဒီ ခေါင်းညိတ်လိုက်ပြီးတာနဲ့ ချက်ချင်း သူ့သားကောင်နှစ်ကောင်ရဲ့ လည်ပင်းအား လိမ်ချိုးလိုက်တယ်၊ အဲဒီနောက် သူ့နောက်ပြန်လှည့်ကြည့်လိုက်ပြီး ထွက်သွားပြီဖြစ်တဲ့ ရမ့်ကို ရှာလိုက်ခဲ့တယ်။


******



အိမ်ထဲတွင်တော့ ကျီရှောင်အုံးက သူမမိဘတွေဆီကလာတဲ့ စာတစ်စောင်အား ဖတ်ရှုနေခဲ့ပါတယ်။


စာက သူမ နောက်ဆုံးတစ်ခေါက် အစစ်မှန်ကမ္ဘာကို သွားတုန်းက ပြန်ယူလာတာဖြစ်ပြီး သူမရဲ့ မေးဘောက်ထဲမှာ နှစ်လကြာမျှ ထိုင်နေခဲ့ရတာဖြစ်တယ်။


သူမ ဘွဲ့ရသွားပြီးတည်းက ပြန်တာရှားသွားခဲ့တာပင်။


သူမအမေနဲ့ အဖေကတော့ သူမနဲ့ရမ် အတူတူရှိနေတယ် တွေးတောလိုက်ပြီး သံသယတွေ မရှိခဲ့ပေ။


စာထဲမှာတော့ သူမအဖေက ကျန်းမာရေးဆိုးရွားနေပြီး သူ့မှတ်ညဏ်တွေ တဖြည်းဖြည်း ချို့ယွင်းလာနေတာမို့ ကျီရှောင်အုံးအား သူတို့တွေဆီ လာတွေ့ခိုင်းစေချင်နေခဲ့တယ်။


——ဒါပေမဲ့ သူတို့ရဲ့မြေးလေးကိုလည်း ခေါ်လာစေချင်နေခဲ့တယ်။


ကျီရှောင်အုံး သားလေးတစ်ယောက် မွေးထားတာကို သူမအဖေသိပေမဲ့ သူတို့တွေ သူတို့မြေးလေးကို တစ်ခါမှ မတွေးဖူးသေးကြပေ။


သူမ သူ့ကို တမင် ဝှက်ထားတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဂရီဗာဒီ ဒီကောင်လေးက အရမ်းအထွားမြန်နေတာပဲ! 


သူက ဒီနှစ်မှ နှစ်နှစ်သာ ရှိသေးတယ်လို့ အကြောင်းပြချက်ပေးလို့ရပေမဲ့ သူ့ပုံစံက လူသားကလေး ဆယ်ကျော်သက်တစ်ယောက်ပုံ ပေါက်နေခဲ့တယ်။


'တကယ်လို့ သူမမိဘတွေသာ မြင်လိုက်ရင် သူတို့တွေ လန့် မသေသွားလောက်ပါဘူးနော်။'


သူမ ဂရီဗာဒီကို ပထမဆုံးမွေးတဲ့အချိန်တုန်းက သူမ တစ်နေ့ တစ်ခါကြည့်ကြည့်ပြီး သူမကိုယ်တိုင်တောင် ထိတ်လန့်ရတာက မပေါ့ပါးခဲ့ပေ။


နောက်ပိုင်းကျမှ ကျီရှောင်အုံး အကြီးအကဲဘာဆန်းဆီကနေ သိလာရတာက ကျားသစ်သားရဲလူငယ်တွေက လူသားတွေထက် ငါးဆနှုန်း ကြီးထွားမြန်တယ်လို့ပင်။


ဒီအကြောင်းကို ပြောရမယ်ဆိုရင် သူမ သူမမှာ ကိုယ်ဝန်ရှိနေတာကို သိလိုက်တဲ့အချိန်တည်းက သူမမှာ စိတ်မအေးနိုင်ခဲ့ရပေ။


မျိုးနွယ်စုမတူတဲ့ မျိုးနွယ်တွေကနေ ကျန်းမာရေးချို့ယွင်းတဲ့ ကလေးတစ်ယောက် မွေးထုတ်မှာကို သူမ စိုးရိမ်နေခဲ့ရပြီး သူမ ကောလိပ်ကလည်း ဘွဲ့မရသေးဘဲ သူမ ကလေးမယူရဲပေ။


ကိုယ်ဝန်ဖျက်ချခြင်းက သူမကျန်းမာရေးကို ထိခိုက်နိုင်တာကို ရမ်က သိခဲ့ရတော့ သူမကို ကလေးမွေးဖွားလိုက်ဖို့ မလျော့တမ်း ပြောလိုက်ခဲ့တယ်။


နောက်ပိုင်းကျတော့မှ သူ ဆုံးဖြတ်ချက်အား နောင်တရနေတာနဲ့ အဆုံးသတ်လိုက်ခဲ့တယ်။


သူမ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကျီရှောင်အုံး တစ်နှစ်လောက် အချိန်ယူခဲ့ရပြီး သူမတို့ကလေးရဲ့ ကျန်းမာရေးပြဿနာအား စိုးရိမ်နေခဲ့တာကြောင့် သူမရဲ့စိတ်အခြေအနေကလည်း အလွန်ကို မတည်မငြိမ် ဖြစ်သွားလိုက်ခဲ့တယ်။


သူမက အရင်တုန်းကထက် ပိုပိုကာ အထိခိုက်မခံဖြစ်လာပြီး ဒေါသလဲ လွယ်လွယ်ထွက်လာခဲ့ပါတယ်။


အဲဒီအချိန် တစ်ချိန်လုံး ရမ့်ခမျာ ကြီးစွာ နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။ နေ့စဉ်နေ့တိုင်း အခက်ခဲဆုံးအရာကတော့ သူ့မိန်းမပျိုလေး‌ ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ။


ကျီရှောင်အုံး သူမရှိသမျှ ဒေါသအားလုံးအား သူ့အပေါ် ပုံချလိုက်ခဲ့တယ်။ သူ့အား ခေါင်းကိုက်စရာတွေ မျက်မှောင်ကြုတ်စရာတွေ ပေးလိုက်ခဲ့တယ်။ ဒီကလေးက သူ့မှာ တာဝန်တစ်ဝက်ရှိတယ်လို့ ဘယ်သူကများ သတ်မှတ်လိုက်တာများလဲ။


ကျီရှောင်အုံး တစ်ခါက ချင်ချင်းတက်ပြီး သူမ ရုတ်တရက် ငါးရှဉ့်နှပ်စားချင်နေခဲ့တယ်။


သူမ ညသန်းခေါင်ကြီး သူ့ကို နှိုးပြီးတော့ သူမစားဖို့ အရှေ့အရပ်ကိုသွားပြီး ငါးသွားဖမ်းဖို့ ပြောလိုက်ခဲ့တယ်။


သူတို့တွေနဲ့ အရှေ့အရပ်ကြားက အကာအဝေးက ကီလိုမီတာ ထောင်ချီရှိပြီး အဲဒီနေရာရောက်ဖို့ ဝင်းတားတောင်မှ တစ်လကြာ သွားရတာဖြစ်တယ်။


ရမ်တစ်ယောက် ဘာမှမပြောခဲ့ဘဲ သူမပါးစပ်လေးကို ကိုက်ခဲလိုက်ကာ အရှေ့ပင်လယ်ကို သွားဖို့ သူ့ကိုယ်သူ ဖိအားပေးလိုက်ရလေတယ်။


ဆယ်ရက်ကြာပြီးနောက်မှာတော့ သူ့လက်ထဲမှာ ငါးရှဉ့်အရှင်နှစ်ကောင်နဲ့အတူ သူပြန်ရောက်လာခဲ့လိုက်တယ်။


နောက်ဆုံး သူ ငါးရှဉ့်နှပ်ကို ချက်ပြုတ်ပြီးစီးသွားတဲ့အချိန်တွင်တော့ ကျီရှောင်အုံး မအီမသာဖြစ်လာပြီး အော့အန်ချင်လာခဲ့တယ်။


ကျီရှောင်အုံး အဲဒီအချိန်တုန်းက ရမ့်ရဲ့မျက်နှာပေါ်က အကြည့်ကို သူမ မှတ်မိနေသေးတယ်။ သူ အံကြိတ်လိုက်ပြီး သူမအား သင်ခန်းစာတစ်ခု သင်ကြားပေးချင်ပေမဲ့ သူ သူမရဲ့တစ်စုံတစ်ခုအတွက် ကိုယ်ကို ကိုင်းနေရတာ မြင်လိုက်ရပြီး သူမရဲ့သနားစဖွယ်အမူအရာပေါ်မှာ ဒေါသမထွက်နိုင်တော့ပေ။ ဒါ့ကြောင့် သူ နှလုံးသားသား ပျော့ညံ့သွားလိုက်ကာ သူမခေါင်းလေးကို နမ်းရှုပ်လိုက်ကာ ခြိမ်းခြောက်လိုက်တယ်။ "နောက်ထပ် ဘယ်တော့မှ ထပ်မလုပ်နဲ့" 


. . .


သို့ပေမဲ့ နောက်တစ်ခါတွင်လည်း သူမက သူ့ကို အမိန့်ပေးစေခိုင်းတာကို သူ ခွင့်ပြုချင်နေတုန်းပင်။


ကျီရှောင်အုံးတစ်ယောက် သူမ ကိုယ်ဝန်ရှိနေတဲ့အချိန်တုန်းက ဘာတွေ တွေးနေမိလိုက်လဲ မသိတော့ဘူးပဲ။ စာကို ကိုင်ထားရင်းနဲ့ သူမကို တစ်စုံတစ်ယောက်က ကြည့်ရှုနေတာကို မသိလိုက်ခဲ့ပေ။


ရမ်က သူမခါးလေးကို သူ့လက်မောင်းတွေနဲ့ သိုင်းဖက်ပြီး "ဘာတွေ ဒီလောက်တောင် သဘောကျနေတာလဲ"


ကျီရှောင်အုံး နောက်လှည့်ပြီး သူမနှုတ်ခမ်းက ကွေးညွှတ်သွားလိုက်ကာ "နင့်ကို ရယ်နေတာလေ"


ရမ်က ဘာတွေများ ဒီလောက် ရယ်စရာတွေ့နေလဲဆိုတာ မေးချင်နေတဲ့အတိုင်း သူ့မျက်ခုံးတွေကို ပင့်လိုက်တယ်။


ကျီရှောင်အုံး: "ငါ ဒီအကြောင်းကို ခုတလော တွေးမိနေတာ။ နင်က ဂရီဗာဒီကို သိပ်သဘောမကျသလိုပဲနော်။ အဲဒါ ငါ နင့်ကို အရမ်း နှိပ်စက်ခဲမိလိုက်လို့လား"


ရမ်က ကလေးကိုတောင် မမြင်ချင်တော့ပေမဲ့ အဲဒါကို ဘာမှလည်း လုပ်လို့မရတော့ပါဘဲလေ။ "မင်းက ကိုယ့်ကို လျော်ကြေးပေးချင်လို့လား"


ကျီရှောင်အုံးက ခြေဖျားထောက်ကာ သူ့လည်ပင်းကို နမ်းလိုက်ပြီး "ငါတို့ နောက်ထပ်ကလေး ပြန်ဖန်တီးရင်ရော ဘယ်လိုလဲ"


ရမ့်မျက်နှာက ဖြူရော့သွားလိုက်ပြီး သူမခါးလေးကို သူ့လက်သည်းတွေနဲ့ တင်းတင်းပွေ့ကိုင်လိုက်ကာ "ကိုယ် မလိုချင်ဘူး"


အကောင်ပေါက်တစ်ကောင်ကတောင် သူမအာရုံတွေများစွာအား သိမ်းပိုက်နေတာပဲ နောက်ထပ်တစ်ယောက်ဆိုရင်တော့ သူ သည်းခံနိုင်တော့မှာ မဟုတ်ဘူးပဲ။


ကျီရှောင်အုံး သူမနှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး သူ့အဖြေကို မကျေမနပ်ဖြစ်သွားလိုက်ကာ "ဒါပေမယ့် ဂရီဗာဒီက တသီးတခြားဆန်လွန်းတယ်၊ သူက ငါ့ကိုဆို ကပ်ကိုမကပ်ဘူး..."


ဒီလိုပြောလိုက်ပြီး သူမ ရမ့်ရဲ့နောက်ကို လှမ်းကြည့်လိုက်တော့ ဂရီဗာဒီကို မမြင်လိုက်ခဲ့ပေ။ "ဟမ်.. နင် သူ့ကို သွားခေါ်တာ မဟုတ်ဘူးလား"


"သူ ဒီနေ့ရဲ့တာဝန်ကို မပြီးသေးဘူး။ ကိုယ် သူ့ကို ပြန်လာခွင့်မပြုထားဘူး" ရမ် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြောလိုက်တယ်။


သံသယဝင်စရာပင်မလိုဘဲ ရက်စက်ပြီး ရွံရှာဖွယ်ကောင်းတဲ့ ခွေးအတွေက "တာဝန်" ပင်ဖြစ်၏။


ကျီရှောင်အုံး အနည်းငယ်လေး စိတ်မချမ်းမသာ ဖြစ်သွားလိုက်ပြီး "ရမ်.. နင် သူ့ကို နည်းနည်းလောက်ပိုပြီး လျော့ပေါ့ပေးလို့ မရဘူးလား။ သူက နှစ်နှစ်ပဲ ရှိသေးတာလေ!"


ရမ်က ပြောလိုက်တယ်။ "ကျားသစ်တွေဟာ နှစ်နှစ်သားကနေစပြီး သီးခြားနေနိုင်နေပြီ။ မိဘတွေနဲ့ အတူနေတာကြာသွားရင် အသက်ရှင်သန်ဖို့ သူ့ရဲ့အလိုအလျောက်တုံ့ပြန်နိုင်တဲ့ ဗီဇတွေက လျော့ကျသွားလိမ့်မယ်"


ကျီရှောင်အုံး: " ..."


ဒီလိုတွေကြောင့် သူမ လုံးဝ ပြန်မချေပနိုင်တော့ပေ။


ကျားသစ်မျိုးနွယ်နဲ့ လူသားကလေးတွေရဲ့ ပတ်ဝန်းကျင်အနေအထားက အရမ်းကွာခြားတာပင်။ သူမမှာ မိခင်ဘဝရဲ့ အတွေ့အကြုံကိုတောင် မမြည်းစမ်းခဲ့ရဘဲ သူမကလေးက ကြီးပြင်းလာလိုက်တာပဲ! 


ရမ်က သူမရဲ့ အလွန်ညိုးငယ်နေတဲ့ပုံကို တွေ့လိုက်တော့ သူမနေနိုင်စွာ သူမနှုတ်ခမ်းတွေကို ငုံ့နမ်းဖို့ ကွေးညွှတ်ခဲ့လိုက်တယ် "မင်း ကပ်ချင်ရင် ကိုယ့်ကို လာရှာလေ"


ကျီရှောင်အုံး၏ ပါးပြင်တွေက နီမြန်းလာလိုက်ကာ သူမ ငြင်းဆန်လိုက်ချင်ပေမဲ့ သူက သူမကို နမ်းရှိုက်နေပြီဖြစ်တယ်။


ကျီရှောင်အုံး ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း သူ သူမကို မထိတွေ့ရသလို သူ သူမတစ်ကိုယ်လုံးကို မမြည်းစမ်းခဲ့ရတော့ပေ။


အခုလို ကျီရှောင်အုံး သူ့ရဲ့နမ်းရှုပ်တာကို ခံလိုက်ရတော့ သူမ သူ့အလိုလို တုန်ရီလို့သွားခဲ့တယ်။


မကြာမီမှာပဲ သူမ အနမ်းတွေထဲ အရည်ပျော်ဝင်သွားလိုက်ကာ နူးညံ့စွာ ညီးထွားလိုက်သံတစ်ခုက သူမနှုတ်ခမ်းတွေမှ ထွက်ရှိသွားလိုက်တယ်။


ရမ် နဂိုတုန်းကတော့ သူမကို နမ်းပဲနမ်းချင်တာ ဖြစ်ပေမဲ့ သူမခန္ဓာကိုယ်က အလွန်အံ့သြစရာကောင်းတဲ့ အသံတစ်ခု ပြုလုပ်လိုက်မှုက တောင့်မခံနိုင်တော့ပေ။


သူ သူမကို ကောက်ပွေ့လိုက်ပြီး စားပွဲခုံပေါ် ချထားလိုက်ကာ သူ့လက်တွေက အဲဒီနေရာကို ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ရာ သူမအဝတ်စားတွေကို ချွတ်ဖို့ သွားခဲ့လိုက်တယ်--- 


ရုတ်တရက် အိမ်ထဲသို့ ကောင်လေးတစ်ယောက်က ချိုးဖောက်ဝင်လာခဲ့ပြီး စားပွဲခုံပေါ်က လူနှစ်ယောက်ကို မြင်လိုက်တော့ မျက်ကွယ်ပြုလိုက်ပြီး သူမအား ပျော်ရွှင်စွာ ပြောလိုက်တယ်။ "အမေ သားပြန်လာပြီ" 


ကျီရှောင်အုံး ရမ့်အား အလျင်အမြန် တွန်းဖယ်လိုက်ပြီး စားပွဲခုံပေါ်မှ ခုန်ဆင်းလိုက်ကာ သူမပါးပြင်တွေက မည့်နေတဲ့ ပန်းသီးတွေလို ရဲရဲတွတ်နီမြန်းနေခဲ့တယ်။


နောက်တစ်စက္ကန့်အကြာတွင်တော့ သူမရဲ့အာရုံအားလုံးအား သူမ မတွေ့ရတာ တစ်ပတ်ကြာပြီဖြစ်တဲ့ သားဖြစ်သူအပေါ် အာရုံစူးစိုက်လိုက်ခဲ့တယ်။ "ဂရီဗာဒီ သား ပြန်လာပြီပဲ။ ဒီတစ်ပတ်ရော အဆင်ပြေရဲ့လား။"


ဂရီဗာဒီက ခေါင်းညိတ်လိုက်တယ်။ "အဆင်ပြေပါတယ်။ အဖေက သားအတွက် သားကောင်တွေ အများကြီး ပြင်ဆင်ပေးထားတယ်။ သား ပျင်းနေဖို့ မပူရတော့ဘူး"


ကျီရှောင်အုံးက ရမ့်ကို တစ်ချက်လှမ်းကြည့်ပြီး ဂရီဗာဒီ ဘက်လှည့်လိုက်ကာ "သားအဖေ ပြောတာကို နားမထောင်နဲ့။ တကယ်လို့ သား အပြင်မှာနေရတာ မကောင်းဘူးလို့ ခံစားရရင် အိမ်ကိုသာ ပြန်လာခဲ့လိုက်"


ဂရီဗာဒီက ကျားသစ်ပေါက်ကလေးအဖြစ်သို့ အသွင်ပြောင်းလဲလိုက်ပြီး ကျီရှောင်အုံးရဲ့ လက်မောင်းထဲ ခုန်ဝင်လိုက်ခဲ့ကာ သူမ၏ ရင်ဘတ်ကို ပွတ်တိုက်လိုက်ပြီး "မဟုတ်ဘူး အမေ။ သား အမဲလိုက်ရတာ ကြိုက်တယ်"


နတ်ဆိုးလေးက သူ့ရဲ့ ကိုယ်လက်နှီးနှောတာကို နှောင်ယှက်လိုက်ရုံတင်မကသေးဘူး နေရာကိုပါ ခိုးယူသွားခဲ့တာကို မြင်လိုက်ခဲ့ပြီး ရမ့်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားတော့တယ်။


"ဂရီဗာဒီ ငါ တစ် ကနေ သုံး အထိရေမယ်။ တကယ်လို့ မင်း အောက်မဆင်းသေးဘူးဆိုရင် ငါ မင်းကို အစွယ်ကွေးကျားတွေဆီ ပစ်ပေါက်ပစ်လိုက်မယ်"


ကျားသစ်လေးက တောင့်ခဲသွားလိုက်ပြီး သူ ရမ့်ရဲ့ "တစ်"လို့ အော်လိုက်တဲ့အသံကို စောင့်ဆိုင်းလိုက်ပြီး အဲဒီနောက် သူ သူမလက်မောင်းထဲကနေ ခုန်ချသွားတော့၏!


ကျီရှောင်အုံး: " ..."


သူမသားက ဘာဖြစ်လို့ သူမနား မကပ်ရတာလဲဆိုတာ သူမနောက်ဆုံးတော့ နားလည်သွားလိုက်သလိုပဲ . .


*


ညစာက ဂရီဗာဒီ ဖမ်းမိတဲ့ သားကောင်နဲ့ ချက်ပြုတ်လိုက်ခဲ့တယ်။


ညစာ စားပြီးသွားတဲ့နောက် ကျီရှောင်အုံး သူမသားဖြစ်သူရဲ့ လက်နောက်ဘက်က ဒဏ်ရာအား ဂရုစိုက်ပေးလိုက်ကာ မေးလိုက်တယ်။ "သား သားအဘိုးနဲ့ အဘွားကို သွားတွေ့ချင်လား" 


ဂရီဗာဒီက သူ့ရဲ့ နောက်လက်တစ်ဖက်က ဒဏ်ရာကို လျှာနဲ့ လျက်လိုက်ပြီး သူ့မျက်နှာသေးသေးလေးက သံသယဝင်မှုနဲ့အတူ စောင်းပါးရိပ်ခြည် ပြောလိုက်တယ်။ "အဘိုးနဲ့ အဘွားဆိုတာ ဘာလဲ" 


ကျားသစ်မျိုးနွယ်က မိဘနှင့် သားသမီး မျိုးဆက်သုံးဆက်ကြား ဆက်ဆံရေးဆိုတာ မရှိသလောက် ရှားလေတယ်။ တကယ်လို့ သူတို့တွေမှာ ရှိခဲ့ရင်တောင် သူတို့တွေက ဂရီဗာဒီနဲ့ နီးနီးကပ်ကပ် အဆက်အသွယ်မရှိခဲ့တဲ့အပြင် ဒီစကားနှစ်လုံးကို သူ တစ်ခါမှ မထိတွေ့ခဲ့ဖူးတာပင်။


ကျီရှောင်အုံးက ပြောလိုက်တယ်။ "အဲဒါက အမေ့ရဲ့ အမေနဲ့ အဖေပဲ"


ကောင်လေးက ခဏလောက်စဉ်းစားလိုက်ပြီး ပွင့်လင်းစွာ ပြောလိုက်တယ်။ "သား မတွေ့ချင်ဘူး" 


ကျီရှောင်အုံး ဆို့နင့်သွားလိုက်တယ်။ "ဘာလို့လဲ သားရဲ့"


ဂရီဗာဒီ- "သားက အမေတစ်ယောက်တည်းကိုပဲ လိုအပ်တာ။ အမေ့ရဲ့အမေကိုမှ မလိုအပ်တာ"


"... "


ကျီရှောင်အုံး ရွေးချယ်စရာမရှိဘဲ ရမ်နဲ့ပဲ သူမမိဘတွေကို သွားတွေ့လိုက်ရတယ်။


ထွက်ခွာမဲ့နေကျတော့မှ ဂရီဗာဒီက ကောက်ခါငင်ခါနဲ့ သူ့စိတ်ကို ပြောင်းလဲလိုက်ပြီး သူမတို့နဲ့တူတူ သွားချင်စိတ်ရှိလာလိမ့်မယ်လို့ ဘယ်သူက သိမှာတဲ့လဲ။


နှစ်တိုင်းနှစ်တိုင်း သူ့မိဘတွေက သစ်ပင်တစ်ပင်ဆီသွားပြီ အခြားကမ္ဘာလောကတစ်ခုကို ကူးသန်းတာကိုပဲ သူ သိလေတယ်။


ဒါပေမယ့် တခြားကမ္ဘာလောကက ဘယ်လိုပုံစံလဲဆိုတာ သူတစ်ခါမှ မမြင်ဖူးဘူးပေ။


အရင်တုန်းကတော့ အဲဒီ့ကမ္ဘာခြားကို သူ နည်းနည်းလေးမှ စိတ်မဝင်စားပေမယ့် မနေ့က သူ့အဖေရဲ့ သေတ္တာထဲက သေနတ်ကို မြင်ပြီးမှ သူ စိတ်ပြောင်းသွားခဲ့တာပင်။


ကျီရှောင်အုံးကတော့ သူ ဘာတွေတွေးနေမှန်း မသိခဲ့ဘဲ သူ့အား အလွန်ဝမ်းသာ ပျော်ရွှင်စွာနဲ့‌ ခေါ်ဆောင်သွားခဲ့ပါတယ်။


ခေါင်းခဲရမဲ့အရာကတော့ တစ်ခုပဲ ရှိလေတယ်။ သူမမှာ ဒီလိုအရွယ်ကြီးနေတဲ့ သားတစ်ယောက်ရှိတာကို သူမမိဘတွေကို သူမ ဘယ်လိုရှင်းပြရမှာပါလိမ့်။


သူမ အိုင်ယာလန်သို့ ရောက်တဲ့အခါမှ သူကြောက်လန့်နေတာက မလိုတော့မှန်း သူမ တွေ့ရှိလိုက်ခဲ့တယ်။


မစ္စတာကျီက အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီး အကြောင်းအရာများစွာကို သူ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ဘဲ သူ့အသက်ကိုပင် သူ မသိတော့ဘဲ သူ့မြေးလေးအသက်ထက်တောင် နည်းနေသေးတယ်။


သူ့အမေအတွက်ကတော့..... သူ့သမီးလက်ထပ်ခဲ့တဲ့လူက "သာမန်လူ"တစ်ယောက် မဟုတ်ဘူးဆိုတာ သူမ ခန့်မှန်းပြီးသားပဲ။


သူမ သေသေချာချာ စစ်ဆေးကြည့်ခဲ့တယ်၊ ကမ္ဘာပေါ်မှာ ဘော်နီးယားလို့ခေါ်တဲ့ နိုင်ငံမရှိပေ။


ကံမကောင်းစွာပဲ သူမက နိုင်ငံရပ်ခြားကို ရောက်နေပြီဖြစ်ပြီး သူမ နောင်တရနေရင်တောင်မှ အကူအညီဖြစ်မှာ မဟုတ်ဘူးပဲ။


ကံကောင်းထောက်မစွာပဲ သူမသမီးဖြစ်သူက ပြီးခဲ့တဲ့နှစ်တွေမှာ အလွန်ပျော်ရွှင်နေခဲ့တာမို့ သူမ မျက်စိတစ်ဖက်ကိုပဲ မှိတ်ထားလိုက်ကာ အဲဒါကို သတိမထားမမိသယောင်ပဲ ဆောင်လိုက်တော့တယ်။


အခုတော့ ဒီလို ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက်ပါ ရှိလာခဲ့တော့ သူမနှလုံးသားထဲက ပူပင်သောကတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့တယ်။ သူမ ဂရီဗာဒီနဲ့ပဲ ရင်းနှီးချင်တော့တယ်။


ကံမကောင်းတာကတော့ ဂရီဗာဒီက သူ ငယ်ငယ်လေးကတည်းက သူ့အဖိုးအဖွားတွေကို တစ်ခါမှမတွေ့ဖူးတာမို့ သူက သူစိမ်းတွေနဲ့ ထိတွေ့ရတာ မကြိုက်လေဘူး။ မစ္စတာကျီရဲ့ စိတ်အားထက်သန်နေတဲ့ မျက်နှာထဲမှာ သူ သူ့နှုတ်ခမ်းတွေကို သပ်လိုက်ခဲ့တယ်။


"ဗာဒီ... လာပါဦး အဘိုးနဲ့အဘွားဆီကို" မစ္စတာကျီက နေမကောင်းဖြစ်သွားတည်းက သူ အတော်လေး ပြုံးခဲတာပင်။


ဂရီဗာဒီက သူ့ရှေ့က အဘိုးအိုကို ကြည့်ရှုလိုက်ပြီး အသံကျယ်ကျယ် နဲ့ ပြောလိုက်တယ်။ "အဘိုး သားနာမည်က ဂရီဗာဒီပါ" 


သူ ခဏရပ်သွားလိုက်ပြီး "ဩဂတ်စတပ်စ် ဂရီဗာဒီပါ" 


မစ္စကျီက ကျီရှောင်အုံးကို ကြည့်ရှုလိုက်ပြီး ပွစိပွစိလုပ်လိုက်တယ်။ "နာမည်ကြီးက ဘာလို့ ဒီလိုရှုပ်နေရတာလဲ နင့်အဖေနဲ့ ငါ မဖတ်တတ်တော့ဘူး" 


ကျီရှောင်အုံး ပြုံးလိုက်တယ်။ "ချစ်ရသူရဲ့လက်ကို ကိုင်ဆွဲပြီး အသိမြင်ကြွယ်ဝမှုကို မတောင်းဆိုပါနဲ့တဲ့... အမေ အဲဒါက အမေ သမီး ကို အမြဲတမ်းသင်ပေးခဲ့တာ မဟုတ်လား။"


မစ္စကျီက တုန်လှုပ်သွားလိုက်ပြီး ချက်ချင်းပင် ဆို့နင့်သွားကာ ဘာမှ ပြောမလာတော့ပေ။


သို့ပေမဲ့ ဂရီဗာဒီက ဒီစကားကို ကြားပြီးတော့ သိချင်သွားလိုက်တယ်။ "အမေ သားနာမည်က ဘာအဓိပ္ပာယ်ရလို့လဲ" 


ကျီရှောင်အုံးက သူ့ခေါင်းလေးကို ထိတွေ့လိုက်ကာ သူမကိုယ်ကို စောင်း၍ ရမ့်ကို လှမ်းကြည့်လိုက်ပြီး "ဆိုလိုတာက အမေ့မှာ သားရှိနေလို့ အမေ နောက်ထပ် ဘာမှသွားရှာဖို့ မလိုတော့ဘူး"


ရမ်က သူ့အသည်းလေးရဲ့ဆိုလိုရင်း နားလည်လိုက်ပြီး တိတ်တဆိတ်ပြုံးနေတဲ့ သူ့သားဖြစ်သူကို ကြည့်ရှုလိုက်ကာ ပြုံးရယ်လိုက်တယ်။


'ငတုံး.. မင်းအမေက မင်းအဖေကို ဖွင့်ပြောနေတာကို မင်းက ကန်းပြီး အရမ်းပျော်နေတာပဲ။'


*


ကျီရှောင်အုံး အိုင်ယာလန်မှာ သူမမိဘတွေနဲ့ ဆယ်ရက်ကြာမျှ နေထိုင်လိုက်ခဲ့ပြီး ဆောင်းရာသီမတိုင်ခင်ထိ ပြန်ရတော့မှာမှန်း မသိသေးပေ။


သူမမိဘတွေက သူမတို့ကို လေဆိပ်ကို လိုက်ပို့လိုက်ကြကာ သူတို့မြေးလေးနဲ့ ခွဲဖို့ ဝန်လေးနေခဲ့ပါတယ်။


ကျီရှောင်အုံးက ဂရီဗာဒီအား သူတို့နဲ့ မကြာမကြာတွေ့ဖို့ ခေါ်လာပါ့မယ်လို့ ကတိပေးလိုက်မှ သူတို့တွေ ကျေနပ်သွားကြတော့တယ်။


ဂရီဗာဒီ၏ ကြီးထွားမှုနှုန်းက အလွန်မြန်ဆန်ပြီး သုံးနှစ်အတွင်းမှာပဲ သူက ရှစ်နှစ် ကိုးနှစ်သားအရွယ်ကနေ ဆယ့်ခုနှစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်သားအရွယ် ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိနိုင်တာပင်။


သူမမိဘတွေ အံအားသင့်ရတာကို မဆိုတာနှင့် ကျီရှောင်အုံးတောင်မှ သူမရဲ့ဒီသားက အရပ်အလွန်ရှည်လာပြီး သန်မာထွားကြိုင်းလာတာကို မြင်လိုက်ရချိန် သူမကိုယ်တိုင် လန့်သွားခဲ့ရတယ်။


'သူ အချိန်မတန်သေးဘဲနဲ့ သေသွားမှာတော့ မဟုတ်ဘူးမလား။'


ရမ် လက်ချောင်းကိုကွေးပြီး သူမရဲ့နံဖူးလေးကို ဖိလိုက်ကာ ထိုရှုပ်ထွေးနေတဲ့ အတွေးတွေကို လွင့်ပြယ်စေလိုက်တယ်။ "ကျားသစ်တွေက အရွယ်ရောက်ပြီးသွားရင် သူတို့ရဲ့ကြီးထွားမှုနှန်းက နှေးသွားလိမ့်မယ်။ ကိုယ်တို့တွေက တူညီတဲ့ ဘဝသက်တမ်းရှိတယ်။ မင်း အဲဒီအတွက် စိတ်ပူနေဖို့မလိုဘူး" 


ကျီရှောင်အုံး သူမရဲ့နှလုံးအိမ်က ပြန်တည်ငြိမ်သွားစေလိုက်တယ်။


ဂရီဗာဒီ အရွယ်မရောက်သေးခင်မှာပဲ သူမအဖေက အဆုတ်ရောင်ရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားတာကတော့ စိတ်မကောင်းစရာပင်။


ကျီရှောင်အုံးက သူမဖခင်ရဲ့သေဆုံးမှုကို သိရှိသွားပြီးတော့ သူမအဖေဖြစ်သူကို နောက်ဆုံးအကြိမ် တွေ့ဖို့ အလောတကြီးနဲ့ အိုင်ယာလန်ကို သွားလိုက်ခဲ့တယ်။


မစ္စကျီက သူမယောက်ျားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကို လက်မခံနိုင်ခဲ့ဘဲ ကျီရှောင်အုံးနဲ့အတူတူ ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ခဲ့တယ်။


ရမ်က သူမအား သူမအမေဖြစ်သူကို နှစ်သိမ့်ပေးဖို့ရာ ခွင့်ပြုပေးခဲ့ပြီး မြေမြှပ်သင်္ဂြိုဟ်ဖို့အတွက် တစ်ဦးတည်း စီစဉ်ပေးခဲ့လိုက်ရတယ်။


ဈာပနပွဲပြီးသွားပြီးနောက် ကျီရှောင်အုံးနဲ့ သူမအမေ၏ စိတ်အခြေအနေက တည်ငြိမ်သွားခဲ့ပါတယ်။


ကျီရှောင်အုံးက တအောင့်လောက် စဉ်းစားချင့်ချိန်လိုက်ပြီး အဲဒီနောက် သူမကို ပြောလိုက်တယ်။ "အမေ အမေ ဂရီဗာဒီကို သဘောကျတယ်မလားဟင်။ နောက်ကျရင် အမေ သမီးတို့နဲ့ လာနေရင် မကောင်းဘူးလား"


"အသည်းလေးရယ်" သူမအမေက ပြောလိုက်တယ်။ "အမေက ဒီနေရာမှာပဲ တစ်သက်လုံးနေလာခဲ့တာ။ ကမ္ဘာသစ်တစ်ခုကို လက်ခံဖို့ မဖြစ်နိုင်ပါဘူး"


ကျီရှောင်အုံး၏မျက်လုံးတွေက သူမအမေ အဲဒါကို ရှာတွေ့သွားလိုက်တာကြောင့် အံအောဘနန်းကြီးစွာနဲ့ ပြူးကျယ်သွားလိုက်တော့တယ်။


သူမအမေက ပြောလိုက်တယ်။ "အမေက သမီးရဲ့ရွေးချယ်မှုကို အလေးထားပါတယ် ပြီးတော့ သမီးလည်း အမေ့ကို အလေးထားပေးမယ်လို့ အမေမျှော်လင့်တယ်။ အသည်းလေး... အမေ သမီးအဖေရဲ့နေရာမှာပဲ အမေနေသွားချင်တယ်"


ကျီရှောင်အုံး အကြာကြီး နှုတ်ဆိတ်နေခဲ့ပြီးမှာ ခက်ခက်ခဲခဲ ပြောစရာ ရှာတွေ့လိုက်ခဲ့တယ်။ "...သမီး သိပါပြီ အမေ"


သူမရင်ထဲကလာတဲ့ အပြစ်ရှိတဲ့ ခံစားချက်ကြောင့် ဖြစ်နိုင်လေတယ်၊ အဲဒီအချိန်ကနေစပြီးတော့ ကျီရှောင်အုံးတစ်ယောက် ကမ္ဘာတွေကြားထဲမှာ မကြာခဏဆိုသလို ခရီးသွားလာလိုက်ခဲ့ပါတယ်။


သို့ပေမဲ့လည်း အချိန်နှင့်နေရာလွတ်ကို မကြာခဏ ခရီးသွားလာခြင်းက သူမခန္ဓာကိုယ်ကျန်းမာရေးအတွက် မကောင်းခဲ့ချေ။ အဲဒီအချိန်အတောအတွင်း သူမ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပိန်ကျသွားခဲ့ပြီး သူမ အလွန်လည်း ပင်ပန်းနွမ်းနွယ်လာခဲ့ကာ တစ်ခါတစ်လေကျ စကားပြောနေရင်းနဲ့တောင် အိပ်ပျော်သွားတတ်သေးတယ်။


ရမ်က စိတ်သောကရောက်ခဲ့လိုက်ပြီး သူမအား သူမသွားလာတဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးဖို့ တောင်းဆိုလိုက်ခဲ့ပေမဲ့ သူမ ဘယ်လိုနေနေ ငြင်းဆန်လိုက်ခဲ့ပါတယ်။


"ရမ် ငါ့အမေက သူ ငါ့ကို မွေးတဲ့အချိန်တုန်းက အသက် လေးဆယ်လေးနှစ်ရှိနေတာ။ ဒီနှစ်ဆို သူ့အသက်က ခြောက်ဆယ့်ကိုးနှစ်ရှိနေပြီ။ ဘဝသက်တမ်းက နှစ်ခုနှစ်ဆယ်ပဲရှိတာ။ တကယ်လို့ ငါ အခုနေ သူ့ကို သွားမတွေ့ရင် ငါ သူ့ကို အကြိမ်ဘယ်လောက်တွေ့ရဦးမှာမို့လို့လဲ" သူမက သူ့လည်တိုင်ကို ကိုင်ကာ လေးလေးနက်နက် မေးလိုက်ခဲ့တယ်။


ရမ် မေးခွန်းကို မဖြေလိုက်ခဲ့ပေ။ သူ့အတွက်ကတော့ ဒီလိုမေတ္တာတရားကို နားမလည်နိုင်တာကြောင့် သွားတွေ့တာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ခြားနားမှုမရှိတာပင်။


သူ့အတွက်ကတော့ သူမလေးရဲ့ ကျန်းမာရေးကသာ အရေးကြီးဆုံးပဲ။


ကံအားလျော်စွာပဲ နှစ်နှစ်ကြာပြီးနောက်မှာတော့ သူမအမေ ဆုံးပါးသွားခဲ့ပါတယ်။


သူမ စိတ်ကနေ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပေမဲ့လည်း သူမ သူမအမေကို ကြည့်လိုက်တဲ့အချိန်မှာ သူမ မငိုဘဲမနေနိုင်တုန်းပင်။


မစ္စကျီက မသေဆုံးမီတည်းက အရာအားလုံးကို ကြိုပြင်ထားခဲ့တာဖြစ်ပြီး သူမကို သူမအဖေဘေးမှာ မြှုပ်နှံထားလိုက်ပါတယ်။


ရာသီဥတု ကြည်လင်ပြီး နေသာတဲ့ နေ့လေးမှာပဲ ကျီရှောင်အုံးနဲ့ ရမ်တို့ သူမကို သင်္ဂြိုဟ်ပေးခဲ့ကြတယ်။


ဈာပနပွဲကိစ္စပြီးစီးသွားတဲ့နောက်မှာတော့ ကျီရှောင်အုံး သုသာန်ကနေ ထွက်လာလိုက်ပြီး ရမ့်ကို ရှာဖို့ သူမနောက်ပြန်လှည့်ကြည့်မလို့ လုပ်လိုက်ချိန်မှာပဲ သူမ မြေပြင်ပေါ် ပုံလျက်သား လဲကျသွားခဲ့ပါတယ်။


ကျီရှောင်အုံး သုံးရက်ကြာမျှ သတိလစ်မေ့မြောသွားခဲ့ပြီး သူမ ပြန်နိုးလာတဲ့အချိန်မှာတော့ သူမတို့တွေကျားသစ်မျိုးနွယ်စုဆီ ပြန်သွားလိုက်ကြပါတယ်။


သူမမေ့လဲသွားတာကြောင့်ဖြစ်နိုင်လေတယ် ဖျားနာမှုက သူမဆီကို တောင်ကြီးတစ်လုံးလို ကျရောက်လာခဲ့ပြီး သူမ အိမ်ရာထဲမှာ လဝက်လောက်တောင် လဲလျောင်းနေခဲ့ရပါတယ်။


သူမ နေမကောင်းဖြစ်လိုက်ချိန်မှာတော့ ရမ်က သူမကို ပွေ့ဖက်ပေးထားပြီး နေရောင်အောက်ရှိ ခေါင်မိုးပေါ်တွင် ထိုင်နေခဲ့ကာ သူ ပါးစပ်ကိုဖွင့်ကာ သူမပါးလေးကို ကိုက်ခဲလိုက်ခဲ့တယ်။


ကျီရှောင်အုံး အသံထွက်ကာ သည်းညူလိုက်ပြီးတော့ "နင် ဘာလို့ ငါ့ကို ကိုက်တာလဲ"


ရမ်က ပြန်ဖြေရင်းနဲ့ သွားကိုက်ရာအမှတ်လေးအား လျှာနဲ့လျက်လိုက်ကာ "နောက်တစ်ခါ မင်းခန္ဓာကိုယ်ကို ဂရုမစိုက်ရင် ကိုက်ရုံလေးနဲ့ ပြီးသွားမှာမဟုတ်ဘူး" 


ကျီရှောင်အုံး ခဏလောက် ငြိမ်ကျသွားလိုက်ပြီးနောက် သူ့ လည်ပင်းကို ပွေ့ဖက်လိုက်ကာ ကတိပေးလိုက်ခဲ့တယ်။ "နောက်တစ်ခါဆိုတာ မရှိတော့ပါဘူး..."


အဆုံးသတ်မှာတော့ သူမ သူမမိဘတွေ ဆုံးရှုံးခဲ့ရပြီး သူမ တခြားဘယ်သူကိုမှ မဆုံးရှုံးချင်တော့ဘူး။


ရမ်က သူမအတွေးတွေကို မြင်သွားလိုက်ကာ သူ့လက်က သူမရဲ့ မေးစေ့ကို ကိုင်လိုက်ပြီး "အသည်းလေး"


ကျီရှောင်အုံး: "အမ်"


ရမ်- "မင်းသိလား... မင်းမိဘတွေအပြင် မင်းမှာ ကိုယ်ရှိတယ်လေ"


သူ သူမနှုတ်ခမ်းသားတွေကို နမ်းရှုပ်လိုက်ပြီး "မင်းကိုယ့်ကို ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်ဘူး အဲ့တော့ မင်း မင်းရဲ့ခံစားချက်တွေအကုန်လုံး ကိုယ့်ဆီမှာပဲ ပုံအပ်ထားလို့ရတယ်"


ကျီရှောင်အုံး သူမပါးစပ်ထောင့်စွန်းတွေက အပြုံးတစ်ပွင့်သို့ ကွေးတက်သွားလိုက်ပြီး သူ့မျက်လုံးပြာပြာတွေထဲ စိုက်ကြည့်လိုက်ခဲ့တယ်။


——"နင်က ငါ့နောက်မှ သေမယ်မလား။"


--"ဟုတ်တယ်လေ"


The End....


T/N- အဆုံးထိ လိုက်ပါဖတ်ရှုပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်. နောက်ထပ်လည်း ဖတ်လို့ကောင်းတဲ့ Novel လေးတွေ ဘာသာပြန်ပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။

ဒါပြီးရင် Buy Me Coffee Chapter အလွတ်‌ေလးတွေ ထည့်ထားပါတယ်နော်❤️❤️❤️

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်❤️ဖတ်ပေးတဲ့သူတွေရှိလို့ ခုလိုဆက်ရေးနိုင်တဲ့ အားရှိသွားတာပါ❤️❤️❤️