အပိုင်း (၇၆) *
ကားက တောင်ပေါ်လမ်းအတိုင်း ကွေ့ပတ်ဆင်းလာလိုက်ပြီး သူ့အရှိန်နဲ့သူ တရိပ်ရိပ် မောင်းနှင်လာလိုက်ခဲ့တယ်။
မြင့်မားတဲ့ အဆောက်အအုံတန်းတွေနဲ့ ဝေးသထက် ဝေးကွာလာတာနဲ့အမျှ မြူခိုးများဖုံးလွှမ်းလာတဲ့ တောင်တန်းတွေဆီ သူတို့တွေ ဝင်ရောက်ပျောက်ကွယ်သွားတဲ့ အချိန်ထိပင်ဖြစ်၏။
လေတိုးဝေ့သံက ကျယ်လောင်လာခဲ့တော့ ကျီရှောင်အုံး အလွန်ကိုပင် အသက်ရှူမှားသွားရလေတယ်။
ရမ်က ပြီးခဲ့တုန်းက သူမကို ကူပြီး ကားမောင်းပေးမယ်လို့ ပြောတဲ့အချိန်တုန်းက သူမက သာမာန်ကာလျှံကာလို ပြောလိုက်တယ်လို့သာ ထင်လိုက်ခဲ့ပြီး စိတ်ထဲ ထည့်မထားလိုက်ခဲ့ပေ။
သူ မောင်းတတ်ရင်တောင် သူမ မောင်းတတ်သလောက်ပဲ မောင်းတတ်မယ်လို့ပင်။
ဒါပေမဲ့ အခုတော့ သူက နာရီဝက်လောက်နဲ့ ကားတွေကို နောက်မှာ ချန်ထားခဲ့ပြီး အဲဒီလို မောင်းနှင်ပြီးနောက်တွင်တောင် သူ လုံးလုံး စိတ်အေးအေးလူလူနဲ့ပဲပင် . .
သူ ဘယ်လိုများ သင်ထားခဲ့တာလဲ။
'အရှိန်နှုန်းနဲ့မောင်းဖို့ သူ ဘယ်တုန်းက သင်ထားခဲ့တာလဲ???'
ကျီရှောင်အုံးတစ်ယောက် ဒါရိုက်ဘာထိုင်ခုံတွင် ထိုင်နေတဲ့ ရမ့်ကို ကြည့်ရှုလိုက်ပြီး အတော်ကလေး စိတ်အခြေအနေမကောင်းတော့ပါပေ။
ကံကောင်းတာက သူမ သူ့ကို မြို့ထဲမှာ မောင်းခွင့်မပေးထားလို့ပေပဲ သူမ တွေးလိုက်မိတယ် မဟုတ်လို့က သူမ လန့်လို့ သေမှာပဲ။
ရမ် စတီယာရင်ဘီးပေါ်က သူ့ညာဘက်လက်အား ဖြေလျော့လိုက်ပြီး သူ့လက်ကို ကျီရှောင်အုံးရဲ့ မျက်နှာလေးဆီ ဆန့်တန်းလိုက်ပြီး သူမ၏ပြုတ်ကျနေတဲ့ မေးရိုးကို ဖွဖွ ထိတွေ့လိုက်ပြီး ရယ်ချင်စိတ်နဲ့ မေးလိုက်တယ်။ "ဒီအပင်ပဲ မလား"
ကျီရှောင်အုံး သူမပါးစပ်ကို စေ့ပိတ်လိုက်ပြီး လှည့်ကြည့်လိုက်ခဲ့တယ်။ ချောက်ကမ်းပါးထက်က "၁၀၀၁" လို့ရေးထွင်းထားတဲ့ သစ်ပင်ပဲဖြစ်၏။
သူမ ခေါင်းညိတ်လိုက်ပြီး မျက်လုံးပြူးစွာနဲ့ ရမ့်ကို လှည့်ကြည့်လိုက်ပြီး သူမမေးချင်တာကို သတိရသွားလိုက်ကာ "ရမ့် နင် ကားမောင်းတာကို ဘယ်လိုလုပ် သင်ထားလိုက်တာလဲ"
ရမ်က ကားဘေးတံခါးကိုဖွင့်လိုက်ပြီး တစ်ပတ်လှည့်ကာ သူမထိုင်ခုံမှာပဲ ရှိနေတဲ့ ကျီရှောင်အုံး ဆွဲခေါ်လိုက်ပြီး ရိုးသားစွာ ပြောလိုက်တယ်။ "ကိုယ် မသင်ခဲ့ဖူးဘူး"
ကျီရှောင်အုံးက သူ့လည်တိုင်ကို ချိတ်တွယ်လိုက်ပြီး နားလည်ရခက်စွာနဲ့ "ဒါဆို နင် ဒီလောက်ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဘယ်လိုလုပ် မောင်းတတ်နေတာလဲ"
ရမ်- "မနေ့က သေတ္တာထဲမှာ ပြောခဲ့တာ"
ကျီရှောင်အုံး နှုတ်ဆိတ်သွားလိုက်ပြီး အဲဒီနောက် ရမ်ပြောတဲ့ "သေတ္တာ"ဆိုတာ TVကို ဆိုလိုတာမှန်း သဘောပေါက်လိုက်တယ်။
ဒါပေမယ့်က သူမ ဘယ်အချိန်တုန်းက ကားမောင်းတဲ့ ချန်နယ်ကို လှည့်လိုက်တာလဲ။
ရမ်က သူမရဲ့စိတ်ရှုပ်ထွေးနေတဲ့ပုံကို မြင်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်ကာ သူမအား ကားရှေ့ဖုံးမှာ တင်ထားလိုက်ကာ တစ်ချက်ကိုက်ခဲလိုက်ကာ "မင်း ကြောင်ငတုံးကို ရေချိုးပေးတဲ့အချိန်တုန်းက"
"......" ကျီရှောင်အုံး အဲဒါကို ပြန်စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ဘယ်လိုဖြစ်သွားတာလဲဆိုတာ နားလည်သွားလိုက်တယ်။
သူမခွမ့်ခွမ့်ကို ပြန်ခေါ်လာတဲ့ အဲဒီညတုန်းက သူမ တီဗီလိုင်းကို ကြုံသလို ဖွင့်ထားခဲ့ပြီး ရေချိုးခန်းထဲကို သွားလိုက်ခဲ့တာပဲ။ ခွမ်ခွမ်က အရမ်းတက်ကြွနေတာမို့ TVအသံကလည်း ငြိမ်နေခဲ့တယ်။
နောက်တော့ သူ ရေချိုးခန်းထဲ သွားလိုက်တဲ့အချိန် ဘာအစီအစဉ်လာနေတာမှန်း သူမ အာရုံမထားလိုက်မိဘူးပဲ။
အခုမှ သူမ အဲဒါကို တွေးတောလိုက်မိတော့ အဲဒါက ကျွမ်းကျင်သူတွေရဲ့ စုဝေးပွဲတစ်ခုလိုပဲလားပဲ။
ကျီရှောင်အုံး ရမ့်မျက်လုံးတည့်တည့်ကို ကြည့်ရှုလိုက်ပြီး သူမရဲ့တောက်ပနေတဲ့ မျက်ဝန်းနက်နက်လေးတွေက လင်းလက်နေခဲ့ကာ "နင်က အဲဒါကို နားလည်တာလား"
ရမ်က မျက်ခုံးပင့်ပြီး 'အဲဒါက လွယ်ပါတယ်'လို့ ပြောလိုက်တယ်။
ဒီအတွေးက ဒီလောက် သက်ရောက်မှု ကောင်းကောင်းရှိသွားလိုက်တော့ ကျီရှောင်အုံး အဲဒါကို အထူးလုပ်ပြီး နောက်ထပ်မတွေးလိုက်တော့ပေ။
အဲဒီနောက် ရမ်က ကားဘောက်ထဲမှ ထောင့်မှန်ပုံသေတ္တာတစ်ခုကို ထုတ်လိုက်ခဲ့တယ်၊ ကျီရှောင်အုံးက မေးလိုက်တယ်။ "အဲဒါက ဘာကြီးလဲ"
ရမ်က သူမရှေ့မှာပဲ သေတ္တာကို ဖွင့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ်။ "သေနတ်တစ်လက်"
. . .
!!!
ကျီရှောင်အုံ ဘောက်ထဲက အရာကို မြင်လိုက်ရချိန် သူမတစ်ကိုယ်လုံး အေးခဲစွာနဲ့ ထိတ်လန့်သွားတော့တယ်။
ဘောက်ထဲတွင်တော့ သေနတ်သုံးလက် ရှိနေခဲ့ကာ သူတို့ရဲ့နက်မှောင်တဲ့ သေနတ်ပြောင်းဝတွေက လက်နက်တွေရဲ့ တမူထူးခြားတဲ့ အေးစက်မှုတွေကို ထုတ်ဖော်ပြနေလေတယ်။
ကျီရှောင်အုံး သေနတ်တွေနဲ့ပတ်သတ်လို့ သိပ်ထဲထဲဝင်ဝင် နားမလည်ပေမဲ့လည်း ပစ္စတိုတစ်လက်၊ ရိုင်ဖယ်တစ်လက်နဲ့ စနိုက်ပါ ရိုင်ဖယ်တစ်လက်မှန်းတော့ နားလည်နိုင်ပါသေးတယ်....
ဘောက်က ပစ္စည်းပစ္စယများ ပြည့်စုံစွာပါရှိပြီး ထောင့်တွင် လက်ပစ်ဗုံးနှစ်လုံး ရှိနေခဲ့တယ်။
"ရမ်.... နင် ဒါတွေ ဘယ်ကရလာတာလဲ" ကျီရှောင်အုံး သူမအသံ ပြောင်းလဲသွားခဲ့ကာ မယုံကြည်နိုင်စွာနဲ့ မေးလိုက်တယ်။
ရမ်က ပစ္စတိုသေနတ်ကို ဆွဲယူ၍ သူ့ခါးကြားထဲတွင် ထိုးထည့်လိုက်ပြီး ကျန်တာတွေကိုတော့ ဘောက်ထဲမှာပဲ ချန်ထားလိုက်ခဲ့တယ်။ "မှောင်ခို ဈေးကွက်က"
ကျီရှောင်အုံး: "နင်က မှောင်ခိုဈေးကွက်ကိုတောင် သိနေတာလား"
'—— သူ အစစ်မှန်ကမ္ဘာမှာ ဘယ်တွေလျှောက်သွားခဲ့တာလဲ။'
သူက သူမနဲ့အတူတူ အမြဲလိုလိုရှိနေခဲ့ပြီး တစ်ယောက်တည်း မထွက်ဖူးတာကို သူမ သတိရသွားလိုက်တယ်။
ရမ် သူမမျက်နှာလေးဆီ ကိုင်းညွှတ်လိုက်ပြီး သူမပါးစပ်ထောင့်လေးကို ရွှတ်ခနဲ နမ်းလိုက်ကာ "မင်း လန့်သွားတာလား"
ကျီရှောင်အုံး ရိုးသားစွာ ခေါင်းညိတ်လိုက်တယ် တကယ်လည်း သူမ ကြောက်သွားတာပဲ။ "ဒါဆို..... နင် ဒါကို ဘယ်လို ဝယ်လိုက်တာလဲ"
ကျီရှောင်အုံးက မှောင်ခိုဈေးကွက်ကို မရောက်ဖူးတာတောင် အရောင်းအဝယ်ဈေးနှုန်းက မနိမ့်ပါးလောက်ဘူးဆိုတာ သူမလည်း သိနေပါတယ်၊ ပြီးတော့ ရမ်က အခြားလောက က သားရဲလူတစ်ယောက်ဆိုတော့ သူ့မှာ ဘာငွေကြေးမှ မရှိတာပဲ။
ရမ်က တည်ငြိမ်စွာ ပြောလိုက်တယ်။ "အဲဒါကို ဝယ်လာတာ မဟုတ်ဘူး"
ကျီရှောင်အုံး မျက်လုံးပြူးကျယ်သွားလိုက်ကာ "နင် ဒါတွေကို ဘယ်လိုရလာတာလဲ" 'သူ ခိုးလာတာများလား။'
ရမ် သူ့လက်ညိုးကို ကွေးပြီး သူမနဖူးလေးကို ခေါက်လိုက်ကာ သူမခေါင်းထဲက မဟုတ်တရုတ် အတွေးတွေကို ရပ်အောင်လုပ်လိုက်ခဲ့တယ်။ သေချာတာပေါ့ လုယက်လို့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ ဒါပေမယ့် ကမ္ဘာရဲ့တရားဥပဒေတွေနဲ့ ညီညွတ်အောင် လုပ်နည်းကိုင်နည်းတွေက အများကြီးရှိတာပဲလေ။ အမှားတစ်ခုလောက်နဲ့ အဲဒါက ကျီရှောင်အုံး ပါဝင်ပတ်သတ်လိုက်ရင် သူ သူ့ရဲ့အသည်းလေးကို ပြဿနာတွေ မဖြစ်စေချင်လေဘူး။
ရမ်- "အဲဒါကို အလဲလှယ်လုပ်ပြီးရလာတာ"
ကျီရှောင်အုံး: "ဘာနဲ့ လဲလိုက်တာလဲ"
ရမ် ထပ်မဖြေချင်တော့ဘဲ သူ့ရဲ့အောရှတဲ့ ဖြားယောင်သွေးဆောင်မှု အပြည့်ရှိတဲ့ လေသံဖြင့် "လိမ်မာပါတယ်။ မင်း မသိချင်လောက်ဘူး"
မှောင်ခိုဈေးကွက်ကား လွတ်လပ်တဲ့ သဘာဝဥပဒေတွေရဲ့ ဈေးကွက်ပင်။ အဲဒီနေရာမှာ လုယက်တာတွေ၊ သတ်ဖြတ်တာတွေ ၊ လူကုန်ကူးတာတွေနဲ့ အကြမ်းဖက်မှုတွေ တောထနေလေတယ်။
အဲဒီနေရာမှာ သားရဲကမ္ဘာထဲမှာထက် ပိုအကျဉ်းတန်တဲ့ အရာတွေတောင် ရှိနေလေ၏။
ကျီရှောင်အုံး အနည်းငယ်လေး အံ့သြသွားလိုက်တယ်။ ရမ်က ဟာသလုပ်နေတာ မဟုတ်မှန်း မြင်လိုက်ရတော့ သူမ သူ့အင်္ကျီစကို ဆွဲကာ မေးလိုက်တယ်။ "ဒါဆိုရင် ငါ့ကိုပြော.. နင် ဘယ်အချိန်ကနေစပြီး တစ်ယောက်တည်း အပြင်ထွက်တာလဲ"
ရမ် သိသိသာသာပင် ဝန်ခံလိုက်ခဲ့တယ်။ "နောက်တစ်နေ့မှာပဲ"
ကျီရှောင်အုံး: "......" နေက်တစ်နည်းပြောရရင် သူက သူမ ကျောင်းကို ပြန်သွားတဲ့နေ့မှာပဲ တစ်ယောက်တည်း ထွက်သွားခဲ့တာပဲ။ သူ အပြင်မထွက်ပါဘူးလို့ သူမကို ကတိပေးခဲ့တယ်လေ!
ကျီရှောင်အုံး စိတ်နည်းနည်း ဆိုးသွားလိုက်ကာ တိတ်ဆိတ်စွာဖြင့် ကားကို သူမနေရာလွတ်ထဲ ထည့်လိုက်ပြီး သူမ ရေးထွင်းထားတဲ့ သစ်ပင်ရှိတဲ့ ချောက်ကမ်းပါးရှိရာသို့ ဆင်းချသွားလိုက်တယ်။
ရမ်က အနောက်ကနေ သူမကို ပွေ့ချီလိုက်ပြီး သူ့လက်နဲ့ သူမခေါင်းလေးအား သူ့ပုခုံးပေါ်တွင် ထားလိုက်ကာ "မင်းက ကိုယ့်ကိုတောင် စကားမပြောချင်တော့ဘူးလား"
ကျီရှောင်အုံး တုံ့ပြန်မှုတစ်ခုတောင် မဟလိုက်ခဲ့ပေ။
ရမ်က သူမခေါင်းလေးအား သူ့လက်ဖဝါးနဲ့ ပွတ်သပ်လိုက်ပြီး "ဟင် အသည်းလေး"
ရမ် သူမရဲ့ ငယ်နာမည်ကို သိသွားကတည်းက သူ သူမကို တစ်ချိန်လုံး ဒီလိုခေါ်ရတာကို နှစ်ခြိုက်နေလေတယ်။
သူ့အသံက အလွန်တိုးတိတ်ပေမဲ့ "အသည်းလေး" ဆိုတဲ့ စကားလုံးတွေကိုတော့ တိုးညှင်စွာ ပြောလိုက်ပြီး သူ့ရင်ဘတ်ထဲမှာ တုန်ခါမှုတွေနဲ့အတူ သူ့စကားလုံးထဲက အညှင်သာဆုံး ကွဲပြားခြားနားနေသလိုလိုပင်။
ကျီရှောင်အုံးက သူ့ပခုံးကို ကိုက်ခဲလိုက်ပြီး မကျေမနပ်ပြောလိုက်တယ်။ "အဲဒါက ဘယ်လောက်အန္တရာယ်များလဲဆိုတာ နင် သိလား"
ရမ် သူ့ပါးစပ်ထောင့်စွန်းက ဆွဲကပ်သွားခဲ့ပြီး "အခု ကိုယ်သိပါပြီ"
ကျီရှောင်အုံးက သူမကိုက်ခဲတာကို ဖြေလျှော့လိုက်ပြီး ကိုယ်ကိုဆန့်လိုက်ပြီး သူမလက်သေးသေးလေးတွေနဲ့ သူ့မျက်နှာကို ကိုင်တွယ်လိုက်ပြီး သူမ အလေးနက်ထားပြောလိုက်တယ်။ "ဒါဆို ငါ့ကို ကတိပေး နင် အဲလို ထပ်မလုပ်တော့ပါဘူးလို့"
ဒီလိုအရာမျိုးတွေက အလွန်အန္တရာယ်များပြီး သားရဲကမ္ဘာကထက်ကို အများကြီး ပိုအန္တရာယ်ရှိလေတယ်၊ သူသာ တစ်ခုခုဖြစ်သွားရင် သူမ ဘယ်လိုလုပ်မလဲ။
ရမ်က သူမရဲ့ အတွေးတွေကို ထွင်းဖောက်မြင်နေသည့်အတိုင်း စိတ်အေးသွားစေဖို့ နှစ်သိမ့်လိုက်တယ်။ "စိတ်ချချ ထားပါ၊ ကိုယ်မင်းကို တစ်သက်လုံး စောင့်ရှောက်ပေးသွားမှာပါ"
အဲဒီလိုပြောတာ ကြားလိုက်တော့ ကျီရှောင်အုံး မနေနိုင်စွာဘဲ သူမအဖေကို သူ ကတိပေးထားခဲ့တာအား သတိရသွားလိုက်ပြီး အော်လိုက်တယ်။ "ရမ့်......"
ရမ်က ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားလိုက်ပြီး သူမတင်ပါးလေးကို ပွေ့ကာ ဆက်တိုက် ခုန်ချသွားလိုက်ပြီး အောက်ကို ရောက်ရှိသွားလိုက်ကာ "ဟမ်"
သူမ သူမရင်ထဲမှာ အချိန်အကြာကြီး မျိုသိပ်ထားရတဲ့ မေးခွန်းကို မေးလိုက်ခဲ့တယ်။ "အဲဒီနေ့က ငါ့မိဘတွေကို နင် ဘာပြောလိုက်ခဲ့တာလဲ"
သူတို့တွေ သူမကို အိုင်ယာလန်ကို မည်သည့်နည်းနဲ့မဆို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ရမ်က တစ်နာရီလောက် စကားပြောလိုက်ပြီးတော့ သူတို့တွေ စိတ်ပြောင်းသွားကြတာပဲ။
ကျီရှောင်အုံး သိချင်စိတ် ပြင်းပြသွားလိုက်တယ်။ သူမမိဘတွေနဲ့ ကောင်းကောင်းမှရော စကားပြောခဲ့ရဲ့လား။ ရမ် ဘယ်လိုလုပ်လိုက်တာပါလိမ့်။
ရမ် သူ့ခြေတံရှည်ရှည်တွေကို ဆန့်တန်းလိုက်ပြီး သစ်ပင်ဆီ ဦးတည်လိုက်ကာ "မင်း သိချင်လို့လား"
ကျီရှောင်အုံး အပြင်းအထန် ခေါင်းညိတ်လိုက်တယ်။
ရမ်ရဲ့လက်က သူ့ကုတ်အင်္ကျီအောက်ရှိ အိပ်ကပ်ထဲကို နှိုက်လိုက်ပြီး အနီရောင် စာအုပ်တစ်အုပ် ထုတ်ယူလို့ လာလေတယ်။ "စစ်သားတွေပဲ သေနတ်ကိုင်ဆောင်ခွင့်ရှိတယ် လို့ မင်းပြောခဲ့တာကို မှတ်မိသေးလား။"
ကျီရှောင်အုံး: "ငါ အဲဒါကို မှတ်မိတယ်" ဒါပေမဲ့ အဲဒါနဲ့ သူမမိဘတွေကို ဆွဲဆောင်တာနဲ့က ဘာဆိုင်လို့လဲ။
ရမ် သူ့လက်ထဲတွင် စာအုပ်ကို ကိုင်ထားလိုက်ပြီး "နောက်ပိုင်းကျမှ မင်းတို့ လူသားတွေဟာ စစ်မှုထမ်းတွေရဲ့ လက်ထပ်ထိမ်းမြားမှုကို အရေးကြီးဆက်နွယ်မှုတစ်ခုလို့ ထင်ကြတာကို ကိုယ် နားလည်သွားခဲ့တယ်"
ကျီရှောင်အုံး ငုံ့ကြည့်လိုက်တော့ အနီရောင်စာအုပ်မျက်နှာဖုံးမှာ အထင်ကြီးလောက်စရာ ရေးသားထားတဲ့ "စစ်မှုထမ်းရေးရာ တရားဝင်အထောက်အထား" ဆိုတာကို မြင်လိုက်ခဲ့တယ်။
"နင်... "
ရမ် : "အထဲကို ဖွင့်ကြည့်လိုက်လေ"
သူမ စာအုပ်ကို နာခံစွာနဲ့ ဖွင့်ကြည့်လိုက်တော့ အထဲမှာက စာရွက်တစ်ရွက် ရှိနေလေတယ်။ သူမ လှန်ကြည့်လိုက်တော့ မယုံကြည်နိုင်လောက်အောင်ကိုပဲ အဲဒါက သူမနဲ့ရမ်တို့ရဲ့ "လက်ထပ်စာချုပ်" ဖြစ်နေလေတယ်။
သူမ ပါးစပ်က အံအားသင့်စွာနဲ့ ပွင့်ဟသွားလိုက်တယ်။ အချက်အလက်တွေက တိကျမှန်ကန်ပြီး အောက်ဆုံးမှာရှိတဲ့ စည်းတံဆိပ်ကတောင်ကတောင် ချွတ်ယွင်းချက် မရှိလေဘူးပဲ!
ရမ်- "ကိုယ်ထင်တာ မမှားရင် စစ်မှုထမ်း လက်ထပ်စာချုပ်ကို ဖျက်ဆီးတာက ရာဇဝတ်မှုမြောက်တယ်မလား"
ကျီရှောင်အုံးရဲ့ခေါင်းထဲမှာ ဗလာသက်သက်ဖြစ်သွားလိုက်ကာ သူမ သူမစကားလုံးတွေကို အစီစဉ်ကျဖို့ ကြိုးပမ်းလိုက်ရင်း "နင်...နင် ဘယ်လိုလုပ်ပြီးတော့... ဒါက အတုပဲ..."
ရမ် မျက်ခုံးပင့်လိုက်ပြီး မည်သို့မှ စကားဆိုမလာပေ။
သူမ သူမခေါင်းကို ခါရမ်းလိုက်ကာ "နင် ဘယ်လိုလုပ်ပြီး ငါ့မိဘတွေကို လှည့်စားနိုင်တာလဲ..."
ရမ် ရုတ်တရက် ရပ်တန့်သွားလိုက်ကာ သူ့သူငယ်အိမ်တွေက သူမအား တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်ပြီး "မဟုတ်လို့ရှိရင်ရော မင်းကို အဲဒီ အိုင်ယာလန်လို့ ခေါ်တဲ့ တစ္ဆေသရဲလိုနေရာတစ်ခုဆီ ခေါ်သွားတာကို စောင့်နေရမှာလား"
ကျီရှောင်အုံး: " ..."
ဒီလိုပြဿနာကြုံလာတိုင်း ကျီရှောင်အုံးပဲ မှားတဲ့ဘက်ကပဲ။ သူမ ရမ့်ပုခုံးပေါ် ခေါင်းတင်လိုက်ပြီး တွေးတောလိုက်တယ်။ ကြည့်ရတာ ဘာမှ မမှားသလိုပဲ။
နည်းစနစ်က မမှန်ပေမဲ့လည်း ခုချိန်အခိုက်တန့်မှာတော့ ဒီနည်းလမ်းပဲ ရှိတာပဲမလား။
အခုမှပဲ သူမ ဒါကို တွေးတောမိလိုက်တော့တယ်၊ ရမ် ထွက်ခွာသွားပြီး နောက်တစ်နေ့ သူမအမေက သူမကို တစ်နေ့လုံးလုံး စကားမပြောခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ကျီရှောင်အုံး နားလည်သွားလိုက်တော့တယ်။
ဘာလို့လဲဆိုတော့ သူမက သူမရဲ့မင်္ဂလာကိစ္စကို သူမကို မဆုံးဖြတ်ခိုင်းတာမို့လို့ပဲကိုး။
ကျီရှောင်အုံး အလွန် မှားယွင်းခံလိုက်ရသလို ခံစားလိုက်ရတယ် သိသိသာပဲ သူမက "လက်ထပ်ခံရတဲ့" သူပဲလေ . .
*
"၁၀၀၂" ဆိုတဲ့ သစ်ပင်အောက်မှာ မတ်တပ်ရပ်နေကြပြီး ခပ်ဝေးဝေးရှိ သူတို့ရှေ့မှာ ပျံ့နှံ့နေတဲ့ ကမူဒါတောင်ကြား ကို တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်ခဲ့ကြတယ်။ ကျီရှောင်အုံး တကယ်ပင် သစ္စာဖောက်ခံလိုက်ရသလို ထင်ယောင်ထင်မှားတစ်ခု ရှိသွားလိုက်တယ်။
သူမနဲ့ ရမ်တို့ လဝက်ကြာ အဝေးမှာ ရှိနေခဲ့ရတာ ဒီမှာက အေးမြတဲ့ ဆောင်းရာသီတောင် ဖြစ်နေပါရော့လား။ တောင်သွယ်အထပ်ထပ်မှာ နှင်းတွေ ဖုံလွှမ်းနေပြီးတော့ ဘော်နီးယားတိုက်ကြီးတစ်ခုလုံး ကျယ်ပြောတဲ့ နှင်းမှုန်လွှာကြီးတစ်ခု ရှိသွားလိုက်တာပဲ။
နှင်းတွေက လေတွေထဲမှာ ဝေ့ပါလာခဲ့ပြီး ကျီရှောင်အုံးရဲ့နှာခေါင်းက ချက်ချင်းပဲ အေးခဲကာ နီရဲသွားတော့တယ်။ သူမလက်တွေ ခြေထောက်တွေက ရမ်ရဲ့ရင်ဘတ်ထဲကို လျိုသွင်းလိုက်တော့တယ်။
ရမ် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သူမကို လွှမ်းခြုံပေးလိုက်ကာ သူမကို လေပိတ်ကွယ်ပေးလိုက်၍ ကျားသစ်မျိုးနွယ်စု ပိုင်နက်သို့ သူမကို ပွေ့ချီသွားလိုက်တယ်။
မျိုးနွယ်စု ဂိတ်ပေါက်ဝရှိ လင့်စင်ပေါ်တွင်တော့ အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေပြီး ထူးဆန်းတဲ့ အဝတ်စားတွေ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကို မြင်လိုက်ခဲ့တယ်။ သူက အဲဒါကို ဝံပုလွေမျိုးနွယ်စုရဲ့ လျို့ဝှက်ကြံစည်တာလို့ ထင်လိုက်ခဲ့ကာ ချက်ချင်းပင် သူ့လှံတံကို မြှောက်လိုက်ကာ ရှေ့သို့ ထိုးချလိုက်ရင်း သူ ပြောလိုက်၏။ "ဝုံပုလွေငတုံးကောင် မင်း မျိုးနွယ်စုဆီ ပြန်သွားစမ်း"
ရမ် ဘေးသို့ လှမ်းလိုက်ပြီး သူ့လက်မောင်းကို ဆန့်၍ လှံကို ဘေးသို့ ဆွဲဖယ်ပစ်လိုက်ကာ သူ့မျက်လုံးတွေ ကျဉ်းမြောင်းလိုက်ခဲ့တယ်။
"အရှုး မင်းမျက်လုံးကို ဖွင့်ပြီးတော့ ငါ ဘယ်သူလဲဆိုတာ ကြည့်လိုက်စမ်း"
တစ်ဖက်လူက ရမ့်ရဲ့မျက်လုံးပြာတွေကို လှမ်းကြည့်လိုက်ပြီး "ခေါင်း-ခေါင်းဆောင်လား?!"
. . .
ရမ် အဝေးမှာ ရှိနေတဲ့အတောအတွင်း ကျားသစ်မျိုးနွယ်စုတွင် အရာအားလုံး ပုံမှန်အတိုင်းဖြစ်ခဲ့၏။
လွန်ခဲ့တဲ့လက နှင်းမုန်တိုင်းတွေ အဆက်မြတ် ဖြစ်ပေါ်ခဲ့ပြီး ကမူဒါတောင်ကြားတစ်ခုလုံး မြုပ်သွားခဲ့တယ်။ အနီးနားပတ်ဝန်းကျင်က မျိုးနွယ်စုတွေက မရှောင်ရှားနိုင်ကြဘဲ ကုန်းမြင့်တွေဆီ ပြောင်းရွေ့သွားခဲ့ကြတယ်။ ကံကောင်းစွာနဲ့ပဲ နှင်းမုန်တိုင်းက ရက်နည်းနည်းလောက်ကြာပြီးတော့ နောက်ဆုံး ရပ်တန့်သွားခဲ့တယ် သို့မဟုတ်ပါက ကျားသစ်မျိုးနွယ်သည်လည်း ရွေ့ပြောင်းရမည်ဖြစ်၏။
ဒါကြောင့်မို့ ကျီရှောင်အုံးနဲ့ရမ်တို့ ပြန်လာတဲ့အချိန် သူတို့မြင်မြင်သမျှက အဖြူရောင်တွေချည်းဖြစ်နေတာပင်။
အကြီးအကဲဘာဆန်းနဲ့ ဝင်းတားတို့က နှင်းတွေကို သန့်ရှင်းဖယ်ရှားဖို့ မျိုးနွယ်စုဝင်တွေကို ဦးဆောင်ခဲ့ကြပေမဲ့ ရမ်က အဝေးမှာ ရှိနေတာမို့ ဘယ်သူကမှ သူ့ခြံဝင်းထဲ မဝင်ရောက်ရဲကြပေ။ ဒါ့ကြောင့် ကျီရှောင်အုံး တံခါးကို ဖွင့်လိုက်ချိန်မှာတော့ သူမ များပြားလွန်းတဲ့ နှင်းတွေလွှမ်းကာ လွင့်ထွက်လုနီးပါးဖြစ်သွားခဲ့တယ်။
ရမ်က သူမကို အချိန်မီ ဖမ်းနိုင်ခဲ့ပေမယ့် နှင်းတွေက တံခါးကနေ အကြာကြီးကြာတဲ့အထိ သွန်စီးကျသွားခဲ့တယ်။
ကျီရှောင်အုံး: " ..."
"ခဏစောင့်ဦး၊ ကိုယ် ပစ္စည်းတွေ ရှင်းလိုက်ဦးမယ်" ရမ်က သူမကို ဘေးပို့လိုက်ပြီး လူတော်တော်များများ သွားခေါ်လိုက်ကာ သန့်ရှင်းရေး လုပ်ခိုင်းလိုက်ခဲ့တယ်။
နှစ်နာရီကြာမြင့်ပြီးနောက် ခြံဝင်းက နှင်းများ ကင်းစင်သွားခဲ့တယ်။
ဒါပေမယ့် အိမ်က မီးမမွေးတာ အရမ်းကြာသွားတော့ ရေခဲအိမ်တစ်လုံးအတိုင်း အေးစိမ့်နေခဲ့ပြီး လူ နေလို့မရတော့ချေ။
ရမ်က ကျီရှောင်အုံးအား အနီးရှိ ဝင်းတားရဲ့ နေအိမ်မှာ ခဏတစ်ဖြုတ် နေခိုင်းလိုက်တယ်။ အဲဒီနောက် သူက အိမ်ထဲတွင် မီးအရင်မွှေးလိုက်ခဲ့ပြီး မီးဖိုက အပူဓာတ်ရလာတော့မှ သူ သူမအား သွားပြန်ခေါ်လိုက်ခဲ့တယ်။
ဝင်းတားနဲ့ ဆူဇန်နာတို့က ရမ်က ကျီရှောင်အုံးအား လှိုဏ်ဂူကို ခေါ်သွားတယ်လို့ ထင်မြင်ခံစားမှုအောက်မှာပဲ ရှိနေကြတာဖြစ်တယ်။
ဆူဇန်နာက သူမ၏ဗိုက်ကိုတောင် စိုက်ကြည့်လိုက်ပြီး အချိန်တစ်ခုကြာပြီးသည်အထိ သူမ အလေးနက်ထား ကြည့်လိုက်ခဲ့ကာ "ခေါင်းဆောင်ရမ်က နင့်ကို သန္ဓေတည်အောင် မလုပ်လိုက်သေးဘူးလား"
ကျီရှောင်အုံးရဲ့ ပါးပြင်တွေက နှင်းဆီပန်းတွေ ပွင့်လန်းသွားလိုက်ကာ သူမ ငြင်းပယ်လိုက်တယ်။ "မရသေးဘူး . . .
"ရမ် နင့်ကို ဘာလို့ အဝေးကြီး ခေါ်သွားလိုက်တာလဲ" ဆူဇန်နာ ပြောလိုက်တယ်။ "နင်တို့ အသီးအရွက်စားတွေကလည်းလေ အရမ်းရှက်တတ်ကြတာပဲ"
ကျီရှောင်အုံး: " ..."
ထိုအကြောင်းကို ပြောရင်းနဲ့ ဆူဇန်နား ကြည့်ရတာ စိတ်ဝင်စားနေသည့်ပုံပင်။ သူမ ကျီရှောင်အုံးရဲ့ အသိမှတ်ပြုမှု မရခဲ့တာတောင် ခဏကြာပြီးနောက် ဆူဇန်နာ ခေါင်းလှည့်ကာ ဆက်ပြောလာပြန်တယ်။ "ဒါပေမယ့် ဝင်းတားနဲ့ ငါက ခနလေး အတူတူနေလိုက်တာတောင် ငါတို့ ဝမ်ရစ်ခ်ကို ရလိုက်တာ။ ရမ့်ရဲ့ ခွန်အားနဲ့ဆို..... သူက ဝင်းတားထက် ပိုးပြီးတော့ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူးလား"
ကျီရှောင်အုံး : " ..."
ဒီလိုပြောလိုက်ရင်း ဆူဇန်နာ စိတ်ဝင်စားလာလိုက်ကာ ကျီရှောင်အုံး၏ ရှက်ရွံ့မှုကို အသိအမှတ် မပြုလိုက်ပေ။ ဆူဇန်နာက သူမနဲ့အတူ ကပ်ထိုင်လိုက်ပြီး သူမအမြီးကို လေထဲတွင် လွှဲရမ်းလိုက်ရင်း သူမ မေးလိုက်တယ်။ "ရမ်နဲ့ မိတ်လိုက်ရတဲ့အချိန် နင်အဲဒါက အကျပ်တွေ့တာကို ရှာမတွေ့လိုက်ဘူးလား။ ငါ ကြားရတာကတော့ အဲဒါ..... ရမ့်ရဲ့အဲဒါကလေ" သူမ ခဏရပ်လိုက်ပြီးနောက် မေးလိုက်တယ်။ "အရမ်း ကြီးတယ်ဆို....."
သူမ ဒီလိုပြောနေရင်းနဲ့ သူမ ကျီရှောင်အုံး၏ သွယ်လျတဲ့ တင်ပါးတွေကို သေချာရေရာစွ ကြည့်ရှုလိုက်တယ်။
—— ဒါက လုံလုံး အရွယ်အစား ညီမှာ မဟုတ်ဘူးပဲ။
ကျီရှောင်အုံး၏ မျက်နှာအမူအရာက အနေကျုံ့သွားလိုက်ပြီး အချိန်အတော်ကြာပြီးနောက်မှ သူမ ပြောလိုက်တယ်။ "...နင် ဘယ်လိုလုပ် သိနေတာလဲ"
ဆူဇန်နာက ဖွင့်ပြောလိုက်တယ်။ "ငါ အဲဒါကို ဝင်းတားဆီကနေကြားတာ အမျိုးသားတွေ တောင်အနောက်ဘက်မှာ မကြာမကြာ ရေကူးကြတယ်လေ။ ငါ့ကို အထင်မလွဲလိုက်နဲ့ဦး ငါ အဲဒါကို မမြင်ဖူးပါဘူး"
ကျီရှောင်အုံး: "ဪ. . .
ကျီရှောင်အုံး သူမက အရမ်းရှေးရိုးဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက် မဟုတ်ဘူးလို့ တွေးတောထားပေမဲ့ သူမအိမ်ထောင်ဖက်ရဲ့ "အရွယ်အစား" အကြောင်းကို အခြားတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးနေတာကတော့ သူမလက်ခံနိုင်တဲ့ အတိုင်းအတာထက်ပင် ကျော်လွန်သွားခဲ့ပါတယ်။
ဆူဇန်နာက သူမရဲ့ တုံ့ပြန်မှုကို မရခဲ့တော့ နောက်ဆုံးတွင် ပျင်းရိသွားလိုက်ပြီ သူမ ထပ်မမေးတော့ဘဲ အခြားအကြောင်းအရာတွေသာ ပြောလိုက်တော့တယ်။
ရမ်က သူမကို လာခေါ်ခဲ့ပြီး နောက်ကနေ ဆူဇန်နာ လှမ်းပြောတာကို ကြားလိုက်ခဲ့ရတယ်။ "ဟုတ်သား ငါ့မှာအရမ်းကောင်းတဲ့ ဆေးရှိတယ်။ တကယ်လို့ နင် နာခဲ့ရင် နင် ငါ့ဆီ အချိန်မရွေး လာရှာလှည့်နော်"
သူမပြောတဲ့ "ဒဏ်ရာ" ရသွားတယ် ဆိုတဲ့နေရာ အတွက်ကတော့..... အဲဒါက ကိုယ်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ကျီရှောင်အုံး ရမ်၏လည်ပင်းတွင် မျက်နှာ တင်ထားလိုက်ပြီး အလွန်ရှက်ရွံ့စွာနဲ့ အသံလေးသေးလေးနဲ့ ကျေးဇူးတင်စကား ပြောလိုက်ခဲ့တယ်။
အပြင်ဘက်ရောက်တော့ ရမ်က သူ့လက်မောင်းထဲက ကလေးလေးကို ကြည့်ရှုလိုက်တော့ ဒဏ်ရာရနေတဲ့ အရိပ်လက္ခဏာတစ်ခုမှ ရှိမနေပါလေ။ "ဆူဇန်နာက မင်းကို ဘာအတွက် ဆေးပေးနေတာလဲ"
ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းလိုက်ပြီး သူ့ကို မပြောချင်နေခဲ့ပါ။ "ဘာမှမဟုတ်ပါဘူး"
ရမ်က သူမရဲ့ ရှက်သွေးဖြန်းနေတဲ့ နားရွက်လေးတွေကို စိုက်ကြည့်လိုက်ပြီး သူ့မျက်ခုံးရိုးက အနည်းငယ်လလေး မြင့်တက်သွားလိုက်ပေမဲ့ နောက်ထပ် ထပ်မမေးလိုက်တော့ပေ။
*
ကျီရှောင်အုံး သူမလာတဲ့အချိန်တည်းက အလုံးစုံ ပြင်ဆင်ထားခဲ့ပြီး ရမ့်ရဲ့အိမ်ကို ပြုပြင်ပြောင်းလဲဖို စီစဉ်ထားခဲ့တယ်။
သူမ မွေ့ယာတွေကို ယူလာရုံသာမက ခြုံစောင်တွေ အိမ်ယာခင်းတွေ၊ ခေါင်းအုံးတွေနဲ့ ကော်ဇောတွေ၊ လိုက်ကာစတွေနဲ့ ကုတ်အင်္ကျီတင်ဖို့ တိုင်တစ်ခုနဲ့...... သူမလိုအပ်တဲ့ အရာတွေအားလုံးပဲ။
ဒါပေမယ့် အခြားသူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကို ရှောင်ရှားဖို့ သူမ သူမနဲ့ရမ်တို့ရဲ့ အိပ်ခန်းကိုသာ ခင်းကျင်းပြင်ဆင်လိုက်ခဲ့တယ်။
အခြားအခန်းတွေအတွက်ကတော့ သူတို့တွေ နဂိုအတိုင်းပဲ ထားခဲ့လိုက်တယ်။
အဲဒီအပြင် သူမ ခွမ့်ခွမ့်ကိုပါ ခေါ်လာခဲ့လိုက်တယ်။
သူမက ခွမ်ခွမ့်ကို သူမသူငယ်ချင်းအိမ်မှာ ချန်မထားခဲ့နိုင်ဘဲ သူမ သူ့ကို အဝေးလည်း မပို့ရက်တာကြောင့် သူမ သူမတို့နဲ့အတူတူ ကြောင်ကို ခေါ်ဖို့ သူ သဘောတူလာအောင်လို့ ရမ်နဲ့ ရက်တော်တော်ကြာအောင် စကားပြောဆိုခဲ့ရပါတယ်။
ရမ်က ပြောလိုက်၏။ "တကယ်လို့ တစ်နေ့နေ့ လူတစ်ယောက်ရဲ့ ဗိုက်ထဲဝင်သွားခဲ့ရင် ကိုယ်သူ့ကို ကယ်မှာမဟုတ်ဘူး"
ကျီရှောင်အုံး ဒီအကြောင်းကို သေသေချာချာ စဉ်းစားတွေးတောလိုက်ပါတယ်။ ကြောင်က သားရဲတိရစ္ဆာန်တွေနဲ့ တစ်မိသားစုတည်းပဲမလား.... ကျားသစ်တွေကတော့ ကြောင်ကို မစားချင်ကြလောက်ပါဘူး။
ပြီးတော့ အချိန်အများစုကလည်း သူက သူမဘေးမှာ ကပ်နေတာပဲမလား၊ သူ တစ်ယောက်တည်း ထွက်တယ်ဆိုတာ ရှားတာပဲ ဒါကြောင့်မို ပြဿနာမဖြစ်လောက်ဘူးပဲ။
ကျီရှောင်အုံး သူ့ကို စိတ်ချထားလိုက်ခဲ့ပါတယ်။
. . .
ကံမကောင်းစွာပဲ ခွမ်ခွမ် ကျားသစ်မျိုးနွယ်စုမှာ နေတဲ့ ပထမဆုံးညကတော့ သူ အရမ်းကြီး အစေးကပ်နေခဲ့ပေ။
ခွမ်ခွမ်က ထူးဆန်းတဲ့နေရာတစ်ခုကို ခေါ်လာခံရတာကြောင့် သူ အနည်းငယ်လေး မသက်မသာဖြစ်နေပြီး သူ သူမနဲ့အတူတူ အိပ်ချင်နေခဲ့ပါတယ်။
ဘယ်သူသိမှာတဲ့လဲ ရမ် ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ ကြောင်လေးကို အိပ်ရာပေါ်ကနေ ရက်ရက်စက်စက် မောင်းထုတ်လိုက်ပြီး အိပ်ခန်းတံခါးကို ပိတ်ချလိုက်မယ်ဆိုတာကိုပေါ့။
ကြောင်လေးက တစ်ညှောင်ညှောင်နဲ့ တံခါးအပြင်ဘက်တွင် ကုတ်ခြစ် အော်ဟစ်နေခဲ့ကာ သူ့အော်နေတာ အတော်လေး သနားဖို့ကောင်းနေလေတယ်။
ကျီရှောင်အုံးက သူ့ကို သွားပြန်ခေါ်ချင်ပေမဲ့ ရမ်က သူမကို တားလိုက်ခဲ့ပါတယ်။
ရမ်က သူမနားနား ကပ်ခါ ပြောလာ၏။ "ကိုယ် ကြောင်ငတုံးကောင် အကြည့်ခံပြီးတော့ မိတ်မလိုက်ချင်ဘူး"
ခဏလောက်ကြာပြီးသွားနောက်မှာတော့ ကြောင်လေးက သူ တံခါးမဖွင့်နိုင်မှန်း သိလိုက်တာမို့ သူ တညှောင်ညှောင် အော်ငိုနေတာ ရပ်တန့်လိုက်ပြီး ပင်မအိမ်ခန်းရှိရာသို့သာ ပြန်လိုက်တော့တယ်။
မီးလင်းဖိုက မြေပြင်အနိမ့်မှာရှိပြီး မီးဖိုဘေးနားမှာ သူ အိပ်ဖို့နေရာတစ်ခု ရှာတွေ့သွားခဲ့တယ်။
နောက်တစ်နေ့ နေ့လယ်တွင်တော့ ကျီရှောင်အုံး သူ့အတွက် သက်တောင့်သက်သာရှိတဲ့ အသိုက်မြုံလေးတစ်ခု လုပ်ပေးလိုက်ခဲ့ပြီး မီးလင်းဖိုဘေးတွင် ထားလိုက်ခဲ့တယ်။ အဲဒီနေရာမှာ သူ့အကြိုက်အရုပ်လေးတွေ အများကြီး ထားပေးလိုက်ခဲ့တယ်။
ခွမ်ခွမ်က အသိုက်သေးသေးလေးကို သဘောကျပုံရပြီး ခဏလောက်ကြာတဲ့အထိ လူးလိမ့်လိုက်ပြီး ချည်မျှင်ဘောလုံးလေးကို ကစားဖို့ ကိုင်ထားလိုက်ခဲ့တယ်။
ညဘက်ရောက်တော့ သူ ဒီနေရာမှာ နေရတာ အရမ်းသဘောကျနေခဲ့ပြီး နှစ်ခြိုက်စွာ အိပ်လိုက်ခဲ့တယ်။ သူ ကျီရှောင်အုံးရဲ့ ပွေ့ဖက်မှုကို ရမ်နဲ့ လိုက်မပြုင်ဆိုင်လိုက်ခဲ့တော့ပေ။
——ရမ်တစ်ယောက် အဲဒါကို ကျေနပ်သွားခဲ့တယ်။
သေချာတာပေါ့ တကယ်လို့သာ ဘေးကပ်လျက်က အိပ်ခန်း ညနေဘက်မှာ အသံဗလံတွေ ပိုတိတ်နေရင်တော့ ခွမ်ခွမ် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ရလိမ့်မှာပဲ။
"ခဏနေဦး ရမ် နင် အဲဒါကို မဝတ်ရသေးဘူး....." ကျီရှောင်အုံး အလောသုံးဆယ် ပြောလိုက်တယ်။
"ဘာကိုလဲ?" ရမ်ရဲ့ အသံက အက်ရှနေခဲ့တယ်။
"... "
. . .
သံချေးတက်နေတဲ့ အသံဗလံအချို့ ထွက်ရှိသွားလိုက်ပြီးနောက် ရမ် မျက်ခုံးတွန့်သွားလိုက်ပြီး သူ့လက်ထဲက အရာကို ကြည့်လိုက်တယ် အရမ်းတင်းကျပ်လွန်းတယ်။
"မင်းတို့လူသားယောကျ်ားတွေကလေ.." ရမ် သူ့ရဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားတွေကို လျှာနဲ့ လျက်လိုက်ပြီး ပြောလိုက်တယ်။ "သူတို့တွေအားလုံး ဒီလောက်အသုံးမကျတဲ့ဟာတွေ သုံးကြတာလား"
ကျီရှောင်အုံး၏ပါးပြင်တွေ အခက်တွေ့သွားလိုက်ပြီး အနီရောင်အဖြစ်သို့ပြည့်လျှံသွားလိုက်တယ်။ ဘယ်လိုလုပ်ပြီး သူက ဒါတွေကို အသုံးမကျတာတွေကို ခေါ်လိုက်တာလဲ။ သူက "အရမ်းအသုံးဝင်တယ်"ဆိုတာ အသိသာကြီးပဲကို.....
ကောင်မလေး၏ စိတ်ထားက ရိုးရှင်းပြီး အရာအားလုံး သူမမျက်နှာပေါ်မှာ ရေးထွင်းထားလေတယ်။
ရမ်၏နှုတ်ခမ်းများက သူမ၏နားရွက်ကို ထိတွေ့လိုက်ကာ ရက်ရက်ရောရော ဖွင့်ဟဝန်ခံလိုက်တယ်။ "ကိုယ့်အမျိုးသမီးကို ကိုယ်ဘယ်လို ဖြည့်ဆည်းပေးလို့ရတော့မှာလဲ"
ဒါကြောင့်မို့ အဲဒီ "စတော်ဘယ်ရီအရသာ" ဗူးက အသုံးမတည့်တော့ဘဲ ထောင့်တွင်သာ စွန့်ပစ်ခံလိုက်ရလေတယ်။
သို့ပေမဲ့လည်း ကျီရှောင်အုံးရဲ့မိဘတွေ ပြန်ရောက်လာပြီးနောက်မှာ ရမ် သူမကို ထပ်မထိခဲ့ရပေ။ လှုပ်ရှားလိုက်မှုက အရမ်း အလွန်အကျွံပြင်းထန်သွားခဲ့ပြီး မတော်တဆ သူမရဲ့ အနူးညံ့ဆုံးသော နေရာကို ဒဏ်ရာရသွားစေလိုက်တယ်။
နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး အိပ်ရာပေါ်တွင် လဲလျောင်းနေရပြီး သူမခြေထောက်တွေ လှုပ်ရှားလိုက်တဲ့အချိန်တိုင်း နာကျင်ကိုက်ခဲ့နေတော့တယ်။
ကျီရှောင်အုံး အနည်းငယ်မျှ မခံမရပ်နိုင် နာကျင်သွားလိုက်ပြီး မနေ့က ဆူဇန်နာပြောတာကို သတိရသွားလိုက်တယ်။ သူမ သူ့ကို သွားရှာဖို့ တုံ့ဆိုင်းနေပေမဲ့ ရမ် နေ့လယ် ပြန်ရောက်လာချိန်တွင်တော့ သူ သူ့လက်ထဲတွင် မြေအိုးတစ်လုံးနဲ့ အခန်းထဲကို ဝင်လာလိုက်ခဲ့တယ်။
ရမ်က သူမရဲ့နီရဲနေတဲ့ မျက်လုံးလေးတွေကို ပွတ်သပ်ပေးလိုက်ပြီး မေးလိုက်တယ်။ "အဲဒါက နာနေသေးလား"
ကျီရှောင်အုံး နာနာကျင်ကျင်နဲ့ ရိုးသားစွာ ခေါင်းညိတ်လိုက်တယ်။
ရမ်က သူမစောင်ကို ဖွင့်လိုက်ပြီး သူမခြေကျင်းဝတ်ကို ကိုင်လိုက်ရင်း ပြောလိုက်တယ်။ "ကိုယ် ဆေးကူလိမ်းပေးမယ်"
ကျီရှောင်အုံး သူပြောတာကို ကြားလိုက်ပြီး သူ့ကို ကမန်းကတန်း တားမြစ်လိုက်ခဲ့ပါတယ်။ "မဟုတ်ဘူး... ငါ့ဘာသာငါ လိမ်းမယ်"
ရမ်၏ နှုတ်ခမ်းတွေက တွန့်ကွေးသွားခဲ့ကာ "မင်း မြင်ရလို့လား"
"... "
"ကိုယ်ပဲ လိမ်းပေးပါ့မယ်" ရမ်က ပြောလိုက်ရင်း သူမရဲ့နူးညံ့ကျိုးပဲ့လွယ်တဲ့ ခြေထောက်တွေကို ချဲကားလိုက်ခဲ့တယ် "ဘာပဲဖြစ်ဖြစ် ကိုယ်က အဲဒါကို နာအောင်လုပ်ခဲ့တာပဲလေ"
. . .
ဆေးလိမ်းပြီးသွားတော့ ကျီရှောင်အုံး သူမကိုယ်သူမ စောင်ခြုံထဲတွင် တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားလိုက်ပြီး သူမပါးပြင်တွေက နဂိုထက် ပိုပူလောင်သွားတော့တယ်။
ရမ်က သူ့လျှာကို ဆန့်ထုတ်လိုက်ပြီး သူ့လက်သည်းတွေကို လျှာနဲ့ လျက်လိုက်ခဲ့တယ်။ ကုတင်ပေါ်မှ ကလေးလေးကို ကြည့်လိုက်ရင်း သူ ရှားရှားပါးပါး အပြုံးတစ်ပွင့်အား ထုတ်ဖော်လိုက်ခဲ့ကာ သူမရဲ့ ခေါင်းထိပ်ကို ထိတွေ့လိုက်ပြီး "ဆူဇန်နာက ဆေးကို တစ်နေ့နှစ်ကြိမ်လိမ်းပေးရမယ်လို့ ပြောလိုက်တယ်၊ ကိုယ် ညကျရင် ထပ်လိမ်းပေးမယ်နော်"
ကျီရှောင်အုံး စောင်အောက်ကနေ လက်တစ်ဖက်ထွက်၍ သူ့အား တွန်းထုတ်လိုက်ပြီး အလွန်အရှက်သည်းစွာနဲ့ "မလိမ်းဘူး နင် ထွက်သွားလိုက်တော့"
ရမ် မျိုးနွယ်စုမှ ထွက်သွားခဲ့တာ အလွန်ကြာသွားတာကြောင့် ဖြစ်နိုင်လေတယ်၊ သူ အလုပ်ရှုပ်နေခဲ့ပြီး နေ့တိုင်းနေ့တိုင်း အကြောင်းကိစ္စတွေ ကိုင်တွယ်ဖြေရှင်းလိုက်ခဲ့ရတယ်။
ဒါပေမယ့် သူ အလုပ်ရှုပ်နေရင်တောင် ညတိုင်း ပြန်လာပြီး သူမလေးနဲ့ ညစာအတူစားခဲ့ပါတယ်။
သုံးရက်ကြာပြီးနောက် ကျီရှောင်အုံး၏ဒဏ်ရာက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်သွားခဲ့ပြီး သူမ ဆေးလိမ်းဖို့ မလိုအပ်တော့ပေ။
ကျီရှောင်အုံး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်တယ်။ အခုဆို သူမ ဆေးကို ပိုကြောက်သွားခဲ့ပေမဲ့ ရမ် သူမကို ဆေးလိမ်းရင်းနဲ့ ကြည့်ရှုလိုက်တဲ့ အချိန်တိုင်း သူ သူမကို နောက်တစ်ကြိမ် စားဖို့ ကြိုးစားနေသလို ခံစားလိုက်ရတယ်။
ကျီရှောင်အုံး ဒီလိုဖိအားတွေကို အလွန်ကြာမြင့်စွာ ခံစားခဲ့ရပြီး သူမ ရမ့်ကို သူမအား တိုက်ရိုက်ပဲ ရယူစေချင်လိုက်တော့တယ်.... .
*
တစ်နေ့တွင်တော့ ရမ် အစောကြီး ထွက်သွားလိုက်ခဲ့တယ်။ ကျီရှောင်အုံး နိုးလာလိုက်ချိန် သူမ သူ့ခေါင်းရော အမြီးရော မမြင်လိုက်ရတော့ပေ။
သူမ အဝတ်အစားဝတ်လိုက်ပြီး အိပ်ရာက ထွက်လာလိုက်တယ်။ သူမနေရာလွတ်ထဲက ကြောင်အစာအချို့ ယူလာပြီး ကြောင်လေးကို အစာကျွေးလိုက်တယ်။ အဲဒီနောက် သူမ စားသောက်ဖို့အတွက် မီးဖိုချောင်ကို သွားဖို့ ပြင်လိုက်ခဲ့တယ်။ တစ်ချက်လှမ်းကြည့်လိုက်တော့ သူမ မီးဖိုချောင် စားပွဲခုံထိပ်မှာ ငါးဟင်းပန်းကန်တစ်ခွက်အား မြင်လိုက်ခဲ့တယ်။
ရမ်က သူ မထွက်သွားခင် သူမအတွက် ပြင်ပေးထားခဲ့တာပဲ။
ကျီရှောင်အုံး ဇွန်းတစ်ချောင်း ယူကာ မြည်းကြည့်လိုက်တယ်။ ဟင်းက အနည်းငယ်လေး အေးနေပြီးဖြစ်ပေမဲ့ အနံ့မွှေးပြီး မထင်မှတ်စွာနဲ့ အရသာရှိနေလေတယ်။
ကျီရှောင်အုံး တစ်ပန်းကန်လုံးလုံး စားပစ်လိုက်ပြီး ရှစ်နာရီထိုးပြီးသွားတော့ အိမ်ထဲကို ပြန်လာလိုက်ပြီး ခွမ့်ခွမ့်ကို ပွေ့ဖက်လိုက်တယ်။
ဆယ်နာရီလောက် သူမမျက်လုံးတွေ မှေးစင်းလာပြီး သူမ မှေးခနဲ အိပ်ပျော်သွားလိုက်တော့တယ်။
ဒီရက်တွေမှာ ကျီရှောင်အုံးတစ်ယောက် အိပ်ပျော်ဖို့ တအားလွယ်နေတာကို တွေ့ရှိလိုက်ရတယ်။ သူမ မနေ့ညက ကောင်းကောင်းအိပ်ရခဲ့တာတောင် အိပ်ရာထပြီးနောက် ခဏလေးအတွင်းမှာပဲ ထပ်ပြီး အိပ်ပျော်သွားပြန်လေတယ်။
ကျီရှောင်အုံး သိပ်အများကြီးမစဉ်းစားနေဘဲ ခွမ်ခွမ့်ကို အိမ်ထဲတွင် နားဖို့ ထားထားလိုက်ခဲ့တယ်။
သူမသည် နေ့လယ်ပိုင်း ငါးနာရီခွဲအထိ မေးခနဲ အိပ်ပျော်သွားခဲ့တယ်၊ အပြင်ဘက်တွင်တော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ ရမ်ကတော့ ပြန်ရောက်မလာခဲ့သေးပါဘူး။
ပုံမှန်လိုဆိုရင်တော့ ရမ်က ဒီအချိန်လောက်ဆို ပြန်ရောက်တာပဲဖြစ်တယ်၊ ကျီရှောင်အုံး အလျင်မလိုခဲ့ဘဲ သူမ သူ့အဝတ်အစားတွေနဲ့ တံခါးဖိနပ်ချွတ်မှာပဲ ထိုင်နေလိုက်ခဲ့တယ်။
ကောင်းကင်က အမှောင်ကျသွားပြီး ညချမ်းရောက်လာခဲ့တာတောင် ရမ်ကတော့ မရှိသေးခဲ့ပေ။
ကျီရှောင်အုံး တွေးတောလိုက်ခဲ့တယ်၊ တစ်ခုခုကြောင့်များ နောက်ကျနေတာလား။
သူမ တံခါးဝတွင် မတ်တပ်ရပ်လိုက်ပြီး စောင့်နေခဲ့ပေမဲ့ သူမ သူ့ကို မမြင်ရသေးပေ။
ဒါ့ကြောင့် သူမ သူမရဲ့ဓာတ်မီးကို ထုတ်လိုက်ပြီး အပြင်ဘက်ကို သွားကြည့်မလို့ ပြင်လိုက်ခဲ့တယ်။
သူမ လက်တစ်ဖက်အား တံခါးလက်ကိုင်ပေါ် တင်လိုက်ရုံရှိသေးတယ် တံခါးက အပြင်ဘက်ကနေ တွန်းဖွင့်တာ ခံလိုက်ရပါတယ်။
ကျီရှောင်အုံး လျင်လျင်မြန်မြန် နောက်ကို ပြန်ဆုတ်လိုက်ရတယ်။ ရမ်ရဲ့မျက်နှာကို မြင်လိုက်ရတော့ သူမရဲ့ နိုးနိုးကြားကြားရှိနေတဲ့ နှလုံးသားက နောက်ဆုံးတော့ သက်သာရာရသွားခဲ့တယ်။ "ရမ် နင် ဘယ်လိုလုပ် ပြန်..."
ရမ်က တောထဲမှာ အချိန်အကြာကြီး နေလာလိုက်ခဲ့သလို အနည်းငယ်လေး အေးနေသလို ခံစားလိုက်ရတယ်၊ သူမ အပြင်ထွက်ဖို့ ပြင်နေတာ သူမြင်လိုက်တော့ မေးလိုက်တယ်။ "မင်း ဘယ်သွားမလို့လဲ"
ကျီရှောင်အုံး ငိုမဲ့မဲ့နဲ့ ပြောလိုက်တယ်။ "ငါ နင် ပြန်မလာသေးတာ မြင်တော့ အပြင်ထွက်ပြီး ဝင်းတားဆီသွားပြီး သူများ နင်ဘယ်မှာရှိမလဲ သိမလားလို့ သွားမေးမလို့" သူမ မော့ကြည့်လိုက်ကာ "ရမ် နင် ဘယ်တွေ သွားခဲ့တာလဲ"
ရမ်က သူမကို တိုက်ရိုက်ပြန်မဖြေခဲ့ဘဲ သူမကို ပွေ့ဖို့ ကိုယ်ကို ငုံ့လိုက်ကာ သူမနားထဲကို ပြောလာခဲ့တယ်။ "ကိုယ် မင်းကို နေရာတစ်ခု ခေါ်သွားမလို့"
ကျီရှောင်အုံး: "ဘယ်နေရာလဲ"
ရမ် သူမဘေးဘက်ကနေ ပွေ့ကိုင်လိုက်ပြီး "အဲဒီကိုရောက်ရင် မင်းသိမှာပါ" အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ကာ သူ ဦးတည်သွားလိုက်ခဲ့တယ်။
ကျားသစ်မျိုးနွယ်အိမ်ခေါင်မိုးတွေက အကွက်လိုက် စီမိုးထားတာမို့ ရမ် အမိုးပေါ်ကို လွယ်ကူစွာ ဖြတ်ကျော်နိုင်လိုက်ပြီး သူ့အမြီးရှည်ရှည်က သူ့နောက်တွင် သွားရာလမ်းကြောင်းအတိုင်း လိုက်ပါလာလိုက်တယ်။
ခပ်ဝေးဝေးတွင်တော့ လမင်းကြီးက ကောင်းကင်ယံတွင် ငွေရောင်နေရာလပ်ကြီးတစ်ခုလို ရှိနေခဲ့၏။
အလင်းရောင် ထွက်လည်း ထွက်နေသလို ဖျော့လည်း ဖျော့တော့နေခဲ့တယ်။
ရမ် သူမကို အချိန်အကြာကြီး သယ်ဆောင်လာလိုက်ခဲ့ပြီး တောင်ကြားတော်တော်များများ ဖြတ်သန်းလာပြီး နောက်ဆုံးတွင်တော့ တောင်တစ်လုံးတွင် ခြေချလိုက်ခဲ့တယ်။
"ဒီနေရာလေးပဲ" ရမ်က သူမကို မြေပြင်ပေါ်ချပေးလိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်။
ကျီရှောင်အုံး သူ့နောက်ကနေ သစ်တောထဲက လိုက်ထွက်လာလိုက်ပြီး ထူထဲတဲ့သစ်ကိုင်းတွေ ဖြတ်ကျော်လာလိုက်ပြီး နောက်ဆုံးတွင် ကောင်းကင်ပြင်ကြီးကို မြင်လိုက်ရလေတယ်။
ရင်သပ်ရှမောဖွယ်ရာ အလင်းရောင်တန်းများက အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီမှ ကောင်းကင်ယံကို ဖြတ်သန်းလျှံတက်ကာ အဝေးကြီးထိ ပျံ့နှံ့နေလေတယ်။
မရေမတွက်နိုင်တဲ့ လင်းလက်တောက်ပတဲ့ကြယ်တွေက အဝေးတွင် လွင့်မျောနေခဲ့ပြီး ကောင်းကင်မှာ ဆေးရောင်စုံ ခြယ်သထားသလိုပင် ညကောင်းကင်ယံတွင် အလင်းမှုန်လေးများဖြင့် ပျံ့နှံ့နေလေ၏။
ဖျော့တော့တဲ့ အစိမ်းရောင်အလင်းမှုန်လေးတွေက သူမနဲ့ ရမ်တို့အား ဝန်းရံထားခဲ့တယ်။ မယုံနိုင်စရာ ကောင်းလောက်အောင်ပင်။
ကျီရှောင်အုံး ဒီအံဩမှင်သက်ဖွယ်မြင်ကွင်းကို ငေးမောကြည့်ရှုလိုက်ပြီး သူမ စကားပြောဖို့တောင်မှ မေ့လျော့လို့သွားတော့တယ်။
အချိန်အတော်ကြာပြီးနောက်တွင်မှ သူမ ဝမ်းသာကြည်နှုးအံဩစွာနဲ့ မေးလိုက်တယ်။ "ရမ် နင် ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ"
ရမ်က ရှေ့ကို လှမ်းသွားလိုက်ပြီး သူမရဲ့နှာတံနီနီရဲ ထိပ်စလေးကို ကုတ်ခြစ်လိုက်တယ်။ "မသိဘူးလား။ မင်းရဲ့အမျိုးသားက ဒီနေရာမှာ ရှိနေတာ ရက်တော်တော်ကြာပြီလေ"
ကျီရှောင်အုံး မျက်တောင်မျက်တောင် ပုတ်ခတ်ခတ် လုပ်လိုက်တယ်။ သူ ဒီနေရာကို ကြည့်ဖို့လာခဲ့တာလား။ အဲ့ဒါကြောင့်နဲ့ သူ နောက်ကျမှ ပြန်ရောက် ရောက်လာခဲ့တာလား။
"ဘာလို့လဲ" ကျီရှောင်အုံးက မေးလိုက်တယ်။ အစိမ်းရောင်အလင်းတန်းတွေကို ကြည့်ဖို့အတွက် သူ သူမကို ဘာလို့ခေါ်လာတာလဲ။
ရမ်က သူမကို မေးလိုက်တယ်။ "မင်း ဒါကို မကြိုက်ဘူးလား"
"ကြိုက်တယ်.. အာ.." ကျီရှောင်အုံးရဲ့မျက်လုံးတွေက တောက်ပလင်းဖြာနေပြီး သူမရဲ့ပန်းသွေးရောင် နှုတ်ခမ်းသားတွေကကွေးတက်သွားလိုက်ကာ "အရမ်းကြိုက်တယ်"
အဲဒီနောက် ရမ် မနေနိုင်စွာ သူမနှုတ်ခမ်းသားလေးကို နမ်းရှိုက်လိုက်ခဲ့တယ်။ ကြည့်ရတာ သူ ဒီရက်တွေ ကြိုးစားခဲ့သမျှ အလကား မဖြစ်သွားဘူးပဲ။
ကျီရှောင်အုံး လင်းလက်စွာနဲ့ သူ့အား ပြန်နမ်းလိုက်ပြီးနောက် လှည့်လိုက်တယ် "ဒါပေမယ့် ... ငါ ဒါကို ကြိုက်တာ နင် ဘယ်လိုလုပ် သိတာလဲဟင်"
ရမ်က သူမကို တည့်တည့်ကြည့်လိုက်ကာ "လူသားတွေက ဒါမျိုးကို ကြိုက်တာမဟုတ်ဘူးလား" သူ့မျက်လုံးထဲတွင်တော့ ဒါက အလွန်တရာကို သာမာန်ဆန်တဲ့ ဖြစ်ရပ်တစ်ခုပင်။
ကျီရှောင်အုံး: "နင်က လူသားတွေအကြောင်း တော်တော်လေး သိနေတာပဲ"
ရမ် ရယ်မောလိုက်ပြီး သူမလက်သေးသေးလေးကို ဆုပ်ကိုင်လိုက်တယ်။ သူ့အသံက တိုးနိမ့်စွာနဲ့ "လူသားတွေက ဒီလိုမျိုး မြေနေရာမျိုးမှာ သူတို့အိမ်ထောင်ဖက်တွေကို လက်ထပ်ခွင့်တောင်းရတာ ကြိုက်တယ်ဆိုတာလည်း ကိုယ်သိတယ်"
သူ့လက်ချောင်းတွေက အေးစက်နေတော့ ကျီရှောင်အုံး အနည်းငယ်လေး တုန်ရီသွားလိုက်တယ်။ အဲဒီနောက် သူ သူမရဲ့ဘယ်ဘက်လက်ကို 'မ'ယူလိုက်ပြီး သူမမျက်စိရှေ့တွင် အဲဒါကို ယူလာလိုက်ခဲ့တယ်။
သူမတွင် သူမလက်ချောင်းပေါ်မှာ စိန်လက်စွပ်တစ်ကွင်းရှိနေပြီး လှပတဲ့ အစိမ်းရောင်တန်းတွေက ကောင်းကင်ပေါ်တွင် ရှိနေလေတယ်။
"........." ကျီရှောင်အုံး အနည်းငယ်လေး အံဩတုန်လှုပ်သွားလိုက်တယ်။
ရမ်က ဖြည်းညင်းစွာဖြင့် သူ့ဒူးကို ထောက်လိုက်ပြီး သူမလက်ချောင်းထိပ်ကို ယူဆောင်လိုက်ကာ သူမအား တည့်တည့်ကြည့်ကာ ပြောလိုက်တယ်။ "ကိုယ် မင်းကို ကိုယ့်အိမ်ထောင်ဖက် အဖြစ် တစ်သက်လုံး ကိုယ်နဲ့အတူ ကုန်ဆုံးဖို့ ခွင့်တောင်းရင် မင်း သဘောတူမယ်မလား"
ကျီရှောင်အုံး အံအားသင့်နေရဆဲဖြစ်ကာ "ဒါပေမယ့် နင် လက်ထပ်ခွင့်တောင်းစရာ မလိုပါဘူး ငါ ကတိပေးပြီးပြီ..."
"အခု အတူတူပဲလေ" ရမ် သူမကို နှောင့်ယှက်လိုက်ပြီး တိုးတိုးပြောလိုက်တယ်။ "ကိုယ် မင်းကို မင်းနဲ့ထိုက်တန်တဲ့ အရာအားလုံး ပေးချင်တာ"
တအောင့်လောက် ကြာသွားပြီးနောက် ကျီရှောင်အုံး သူမပါးစပ်ကို ဖွင့်လှစ်လိုက်ပါတယ်၊ သူမအသံက အနည်းငယ်လေး မှားယွင်းစွာဖြင့် "ဒါပေမယ့် ရမ်..."
သူမ ပြောလိုက်၏ "နင် လက်မှားပြီး စွတ်ထားတယ်..."
. . .
. . .
ကျီရှောင်အုံး သူမရဲ့ညာဘက်လက်တွင် လက်စွပ် စွပ်လျက်သားနဲ့ ရမ်ရဲ့ပေါင်ပေါ်တွင် ထိုင်လိုက်ပြီး လက်စွပ်အား သေသေချာချာ လေ့လာကြည့်ရှုလိုက်တယ်။ "ရမ်.... နင် ဒီလက်စွပ်ကို ဘယ်ကနေ ရလာခဲ့တာလဲ"
ရမ်၏လက်ဖဝါးက သူမရဲ့အေးစက်နေတဲ့ လက်လေးတွင် ရစ်ပတ်လိုက်ပြီး သူ သူမခေါင်းပေါ်တွင် မေးစေ့တင်ထားလိုက်ခဲ့ကာ "စိတ်မပူပါနဲ့။ ကိုယ် လက်စွပ်ကို ခိုးလာတာမဟုတ်ပါဘူး"
"... ဒါကရော "အလဲလှယ်' လုပ်လာတာပဲလား"
"အလဲလှယ် လုပ်တာက နည်းလမ်းတစ်ခုပဲ လက်စွပ်ကတော့ ကိုယ်ကိုတိုင် ရွေးခဲ့တာ"
ကျီရှောင်အုံး သူ့ကို ကြည့်လိုက်ကာ သူ့မျက်နှာအား မြင်ရဖို့ ကြိုးစားလိုက်တယ်။ "ရမ် နင် ဘယ်တွေသွားခဲ့တာလဲ ငါ့ကိုပြောပြပါလား နော်လို့"
ကလေးလေးရဲ့ မျက်လုံးတောက်တောက်လေးတွေက လင်းလက်နေပြီး ဂလက်ဆီတစ်ခုလုံး ရောင်ပြန်ဟပ်နေသလိုပင်။
ရမ် ငြင်းပယ်ရန် အကြောင်းပြချက်မရှိတော့ဘဲ သူ သူမရဲ့ ပျော့ပျောင်းနူးညံ့တဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲမှာ သိုင်းဖက်လိုက်ပြီး ခရီးစဉ်တစ်ခုလုံးအကြောင်းကို ပြန်ပြောခဲ့ပါတယ်။
သူမ ကျောင်းအပ်စာရင်းသွားသွင်းတဲ့အချိန် သူ သူ့အခြားအသွင်ပုံစံ ပြောင်းလဲလိုက်ပြီး မြို့တစ်မြို့လုံးကို မြင်ရဖို့ အထပ်မြင့်တိုက်ကြီးတွေ တစ်လျှောက် တိတ်ဆိတ်စွာနဲ့ သွားလိုက်ခဲ့တယ် . .
. . .
သူ စကားပြောနေစဉ်မှာပဲ သူ့လက်မောင်းထဲက ကလေးလေးက မလှုပ်ရှားခဲ့တော့ပေ။
ရမ် သူမမျက်နှာလေးကို ငုံ့ကြည့်လိုက်တော့ ကျီရှောင်အုံးရဲ့မျက်စိတွေ ပိတ်ကျနေတာကို မြင်လိုက်ရတယ်။ သူမရဲ့ မျက်တောင်ထူထူတွေက ကြွေသားဖြူလို အသားရေပေါ် ဆင်းကျနေခဲ့ကာ သူမအသက်ရှူသံက ချောမွေ့နေလေတယ်။ သူမလေး အိပ်ပျော်သွားလိုက်တာပဲ။
သူမက အခုနလေးကမှ သူဘယ်ရောက်သွားလဲလို့ သိချင်နေပြီး မျက်မိတစ်မှိတ်အတွင်း အိပ်ပျော်သွားလိုက်တာပဲ။
ရမ်က သူမအား သူ့ကုတ်အင်္ကျီထဲ ထည့်ထားလိုက်ကာ သူမအား တင်းတင်းကျပ်ကျပ် ထုပ်ပိုးပြီးနောက် တောအုပ်ထဲသို့ ခုန်ဆင်းလိုက်ပြီး ကျားသစ်မျိုးနွယ်စုရှိရာသို့ ဦးတည်ပြန်လိုက်ခဲ့တော့တယ်။
The End.....