Chapter 75 Part -3
Viewers 9k

အပိုင်း(၇၅) Part-3


အပေါ်ထပ်ကို ပြန်လာလိုက်ပြီး ကျီရှောင်အုံး သူမရဲ့ရှူးဖိနပ်ကို လဲဝတ်လိုက်ကာ သူမနဲ့ရမ်တို့ ခုလေးတင် ကုန်တိုက်ကနေ ဝယ်လာတဲ့ ပစ္စည်းတွေကို မီးဖိုချောင်ထဲကို ယူသွားလိုက်တယ်။


သူမစားဖို့ အစားအသောက်တွေနဲ့ ကြောင်စာကိုပဲ ချန်ထားလိုက်တယ်။ ရမ်ရဲ့ အိမ်နေရင်းစီးဖိနပ်နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကိုတော့ သူမနေရာလွတ်ထဲကို ထည့်လိုက်တယ်။


"အဖေ..အမေ" ကျီရှောင်အုံး ဧည့်ခန်းထဲကို ဝင်သွားလိုက်ပြီး သူမရဲ့ပုံမှန်ပြောနေကျအတိုင်း ပြောလိုက်တယ်။ "အမေတို့ ဒီလောက်အစောကြီး ဘယ်လိုဖြစ်ပြီး ပြန်လာဖြစ်သွားတာလဲ"


သူမအမေက အိမ်အား သန့်ရှင်းရေးလုပ်ထားပြီးပြီဖြစ်ပြီး သူမအဖေက ဆိုဖာပေါ်မှာ လက်ဖက်ရည် ထိုင်သောက်နေလေတယ်။ ခွမ်ခွမ်က သူ့ခြေရင်းတွင်ရှိနေပြီး ပယင်းရောင်မျက်လုံးများက ကျီရှောင်အုံးနောက်ကျောဘက်အား အလိုအလျောက် ကြည့်ရှုနေခဲ့တယ်။


သူမအဖေက လက်ဖက်ရည်သောက်လိုက်ပြီး အဲဒီနောက် ကျီရှောင်အုံးကိုလည်း တစ်ခွက်ငှဲ့ပေးလိုက်ခဲ့ကာ "အဖေ သမီးဖို့ ကျောင်းကို ဆက်သွယ်ကြည့်လိုက်တော့ ကျောင်းက စတောင်စဖွင့်နေပြီလေ အဖေတို့လည်း သင်ခန်းစာတွေ နောက်ကျမှာစိုးတာနဲ့ စောစောပြန်လာဖို့ တွေးလိုက်တာ၊ အဖေ အရမ်းပြန်လာချင်နေတာနဲ့ သမီးကို ပြောဖို့ အချိန်မရလိုက်ဘူး..."


သူမ ဒီအကြောင်းကို ရှစ်ကြိမ်လောက် ဒါမှမဟုတ် အကြိမ်များစွာ ခန့်မှန်းပြီးသားဖြစ်ပေမဲ့ သူမအဖေရဲ့ပါးစပ်ကနေ ကြားရလိုက်တော့ ကျီရှောင်အုံး တုန်လှုပ်နေရတုန်းပင်။


မစ္စတာကျီက ဆက်ပြောလိုက်တယ် "အဖေ လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်ပြီးသွားပြီ၊ ဦးလေးတစ်ယောက်က အဖေတို့ သုံးယောက်အတွက် အာမခံပေးဖို့ ဆန္ဒရှိတယ်။ သမီးကိစ္စတွေ အားလုံးပြီးသွားရင် အဖေတို့ နောက်လထဲလောက် ပြောင်းနိုင်လောက်မယ်။ သမီးအားတဲ့အချိန် သမီး လိုအပ်တဲ့ပစ္စည်းတွေကို သေချာထုတ်ပိုးထား......"


ကျီရှောင်အုံး သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမအဖေရဲ့စကားကို ကြားဖြတ်ပြောလိုက်တယ်။ "အဖေ သမီး အိုင်ယာလန်ကို မသွားချင်ဘူး" 


"ဘာဖြစ်လို့လဲ အဖေ့ကို အကြောင်းအရင်း သမီးပြောရမယ်" သူ့မိန်းမဆီကနေ ကြိုတင်ကြားထားခဲ့ပေမဲ့လည်း သူ တော်တော်ကလေး အံအားသင့်ရဆဲပင်။


သူ ဖုန်းထဲမှာ ရှင်းရှင်းလင်းလင်း မပြောခဲ့ရတော့ သူ့သမီးဖြစ်သူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ပြန်လာမှ သူ့သမီးဖြစ်သူ စိတ်ပြောင်းသွားလိမ့်မယ်လို့ သူ ထင်လိုက်ခဲ့တာဖြစ်တယ်။


ကျီရှောင်အုံး သူမလက်ချောင်းတွေကို စိုက်ကြည့်ကာ တီးတိုးပြောလိုက်တယ် "ထွက်သွားဖို့ သမီး ဝန်လေးနေတာ" 


မစ္စတာကျီ- "သမီးက သမီးအမေနဲ့အဖေ မရှိဘဲ နေချင်တာလား"


"... "


ကျီရှောင်အုံး သူမရဲ့မျက်လုံးတွေကို မော့လိုက်ကာ သူမ၏မျက်လုံးနက်နက်တွေက အပြူးသားနဲ့ မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်တစ်စွန်းစနဲ့အတူ စိတ်ကသိကအောက် ခံစားလိုက်ရပြီး "သမီး...." 


သေချာတာကတော့ သူမ နေနိုင်မှာမဟုတ်ဘူးပဲ။


ဒါပေမယ့် တကယ်လို့ သူမမိဘတွေနဲ့အတူတူ အိုင်ယာလန်ကို သွားလိုက်မယ်ဆိုရင် သူမ ရမ့်ကို နောက်ထပ် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ပါဘူး။


သူမ ရမ်မရှိဘဲ မနေနိုင်ဘူး။


"သမီး အမေတို့ကို မကြာမကြာ လာတွေ့လို့ရမလား" ကျီရှောင်အုံး သူမနှုတ်ခမ်းတွေကို မျဉ်းကြောင်းတစ်ကြောင်းအသွင် တင်းကျပ်စွာစေ့လိုက်ပြီး အနည်းငယ်လေး စိတ်မကောင်းဖြစ်စွာနဲ့ ကူရာမဲ့နေခဲ့လေတယ်။


"အသည်းလေး အဖေနဲ့အမေက သမီးတစ်ယောက်တည်း ဒီနိုင်ငံထဲမှာ ချန်မထားခဲ့နိုင်ဘူး။ အမေတို့ အဲဒါကို တကယ်စိတ်မချနိုင်ဘူး" မစ္စကျီက ဘာတွေးရမှန်းမသိတော့ဘဲ သူမမျက်ဝန်းတွေက စိုစွတ်လာခဲ့ပြီး သူမအသံက တုန်ရီလာခဲ့ကာ "အမေတို့ သမီးကို ထပ်အဆုံးရှုံးမခံနိုင်ဘူး......"


"... " ကျီရှောင်အုံး သူမရဲ့အထက်တန်းကျောင်းတုန်းက ပျောက်ဆုံးမှုကို တွေးလိုက်မိတယ်။ သူမရဲ့မိဘတွေက သူမကို ရှာဖွေရဖို့ အဲဒီချောက်ကမ်းပါးမှာ သုံးလလောက်ကြာမြင့်ခဲ့ပြီး အဲဒီနေရာမှာ သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကတိပေးခဲ့ကြတယ်။ "ဒီလိုအရာမျိုး နောက်ထပ် မဖြစ်စေရတော့ဘူး....." 


ဒီလိုစကားမျိုးအတွက် သူမမှာ ငြင်းဆန်နိုင်တဲ့ စကားအပိုတွေ မပြောနိုင်တော့ပေ။


. . .


အဲဒီညမှာတော့ ကျီရှောင်အုံး သူမရဲ့အိပ်ရာထဲမှာ ဆက်တိုက် လဲလျောင်းနေလိုက်ပြီး အိပ်လို့မပျော်နိုင်ခဲ့ပေ။


သူမ ရမ်ရဲ့ စကားတွေကို တွေးလိုက်ချိန် သူမ သူမမိဘတွေရဲ့ စကားတွေကို တွေးတောလိုက်ပြီး အဲဒီနောက် သူမ သားရဲကမ္ဘာကို တွေးတောလိုက်ပြန်တယ် . . သူမခေါင်းထဲမှာ ကြိုးထုံးတစ်ခု ရှိလာသည်အထိပင်။


နံရံပေါ်က နာရီက တရွေ့ရွေ့ ရွေ့လျားပြီး သူမ မမြင်နိုင်လောက်တဲ့ ၁ နာရီတိတိကို တိတ်ဆိတ်စွာ ညွှန်ပြနေခဲ့တယ်။


ညကောင်းကင်ယံက တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ လမ်းမီးရောင်များဖြင့် ထိန်ထိန်တောက်နေလေ၏။


သွားလာနေတဲ့ယာဉ်တွေက အထပ်မြင့် အဆေက်အဦးအောက်ခြေတွင် ရေတွေလို စီးဆင်းနေခဲ့တယ်။


ကျီရှောင်အုံး တစ်ယောက် အကြိမ်ဘယ်လောက်တောင် ဟိုဘက် ဒီဘက်လှိမ့်နေမိမှန်း မသိတော့ဘဲ ရင်းနှီးသော ရင်ခွင်ထဲသို့ လှိမ့်ဝင်သွားသည်အထိပင်။


သူမ တောင့်ခဲသွားပြီး မကြာမီမှာ တုံ့ပြန်လိုက်တယ်။ "ရမ်လားဟင်"


ရမ် သူမခါးပတ်လည်တွင် လက်တစ်ဖက်ရှိနေပြီး သူ့ရဲ့အပြာရင့်ရင့် မျက်လုံးတွေက ပင်လယ်ကြမ်းပြင်ရတနာတွေလို တလက်လက် ဖြစ်နေခဲ့တယ်။ "အင်း" 


ကျီရှောင်အုံး အံ့သြသွားလိုက်တယ်။ "နင် ဘယ်လိုလုပ် ထွက်လာတာလဲ" သူမ အဲဒီနေ့တုန်းက ထောင်ထောင်ကို လုပ်ခဲ့သလို သူ့ကို သူမနေရာလွတ်ထဲ ထည့်ထားခဲ့တာပင်။။


ရမ်၏နှာခေါင်းက သူမလည်ပင်းတွင် လာရှိလိုက်ပြီး သူမရဲ့ ချိုမြိန်တဲ့မွှေးရနံ့ကို ရှူရှိုက်ရင်း "အဲဒီမှာက အရမ်းကျပ်တယ်" ပြီးတော့ သူ သူမလေးကို ပွေ့ဖက်ချင်နေလေတယ်။


ကျီရှောင်အုံး ဘာမှ ပြန်မပြောတော့ဘဲ သူ့ကို နေရာကျယ်ကျယ်ပိုပေးဖို့အတွက် ဘေးကို ရွေ့ပေးလိုက်ပြီး "နင် စောင်အောင်မှာ နေချင်လား"


သားရဲလူတွေက သူတို့ရဲ့ ကိုယ်အပူချိန်က အလွန်မြင့်မားတာကြောင့် ခြုံစောင်တွေကို မလိုအပ်ပေ။ ဒါက ကျီရှောင်အုံး အမြဲမေးနေရတဲ့ မေးခွန်းတစ်ခုပင်။


အရင်တုန်းကတော့ ရမ်က ငြင်းဆန်ခဲ့ပေမဲ့ ဒီနေ့တော့ သူ သူ့မိန်းမပျိုလေးကို အထူးတလည် ပွေ့ဖက်ထားချင်နေတာမို့ သူ ယဉ်ကျေးမနေတော့ဘဲ သူမစောင်ကို မလိုက်ကာ သူမလေးကို သူ့ရင်ခွင်ထဲ သွင်းလိုက်ခဲ့တယ်။


ကျီရှောင်အုံး၏ ပါးပြင်က သူ့ရင်ဘတ်နဲ့ ထိကပ်ထားလိုက်ပြီး အချိန်အကြာကြီး ထိကပ်ထားလိုက်ပြီးနောက် ရိုးသားစွာ ဝန်ခံလိုက်တယ်။ "ရမ် ငါ အမေနဲ့အဖေကို မပြောပြရသေးဘူး..." 


ရမ် : "ဘာကိုလဲ"


ကျီရှောင်အုံး သူမနှုတ်ခမ်းကို ကိုက်ပြီး ဖွဖွရေရွတ်လိုက်တယ်။ "ငါတို့တွေ ချစ်ကျွမ်းဝင်နေတာကို သူတို့ကို မပြောရသေးဘူး" 


ရမ် ယောင်ယောင်လေး ပြုံးလိုက်ပြီး "ဘာဖြစ်လို့ မပြောတာလဲ"


"ငါ အခွင့်အရေးရှာမတွေ့လို့" ကျီရှောင်အုံးက သူ့မေးစေ့ကို ပွတ်တိုက်လိုက်ပြီး အနည်းငယ်လေး လေးတွဲ့စွာဖြင့် "ငါ မနက်ဖြန်မှပဲ အဲဒါကို ပြောလိုက်တော့မယ်"


ရမ် သူမ၏ခေါင်းနောက်ကို ကိုင်လိုက်ပြီး သူမ၏နှုတ်ခမ်းသားတွေကို နမ်းလိုက်ကာ လည်ချောင်းကိုနှိမ့်ကာ ဖြည်းဖြည်းချင်းပြောလိုက်တယ် "ဒါဆိုလည်း မနက်ဖြန်ပြောပေါ့" 


ထူးထူးဆန်းဆန်းကိုပဲ ကျီရှောင်အုံး ဘယ်လိုအိပ်အိပ် အိပ်မပျော်နိုင်ပေမဲ့ ရမ် ရောက်လာပြီး မကြာခင်မှာပဲ သူမ အိပ်ပျော်လို့သွားခဲ့တယ်။


*


နောက်တစ်နေ့မနက်စောစောမှာတော့ စူးရှတောက်ပနေတဲ့ နေရောင်ခြည်က ထူထဲတဲ့ လိုက်ကာစတွေကို ဖြတ်ပြီး သူမအခန်းရဲ့ ကြမ်းပြင်တွေပေါ် ပြောက်တိပြောက်ကျား အရိပ်ထင်ကာ ဖြာကျနေခဲ့တယ်။


"အသည်းလေး နိုးပြီလား" မစ္စကျီ တံခါးခေါက်လိုက်ပြီး အထဲကို တွန်းဝင်လာလိုက်ကာ "မနက်စာစားချိန်ရောက်ပြီလေ"


ကျီရှောင်အုံး သူမမျက်လုံးတွေကို ရုတ်ခနဲဖွင့်လှစ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို မသိစိတ်ကနေ သူ့အလိုလို လှမ်းကြည့်လိုက်တော့ ရမ့်ကို မတွေ့ရပေ။ သူမ သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခေါင်းအုံးနဲ့ သူမပါးပြင်တွေကို ဖိကပ်လိုက်ကာ အိပ်ချင်နေတဲ့ အသံလေးလေးဖြင့် ပြန်တုံ့ပြန်လိုက်တယ်။ "သိပါပြီ အမေ သမီ ထတော့မှာပါ" 


သူမအမေက တံခါးကို ပြန်ပိတ်ပေးပြီး ကျီရှောင်အုံးက အိပ်ရာမှ ထလိုက်ခဲ့တယ်။ သူ ချည်သားအိမ်နေရင်းစီးဖိနပ်ကို စွတ်လိုက်ပြီး ထပ်ပြီး လှည့်လည်ကြည့်တော့လည်း ရမ့်ကို ရှာလို့မတွေ့ဆဲပင်။


သူ ဘယ်ကို သွားနေတာများလဲ။


သူမနေရာလွတ်ထဲကို သူ့ဘာသာသူ အလိုလို ပြန်သွားလိုက်တာလား။


သို့ပေမဲ့ ကျီရှောင်အုံး သူမနေရာလွတ်ထဲကို ရှာကြည့်လိုက်ပေမဲ့ သူ့ကို အဲဒီမှာလည်း ရှာမတွေ့ခဲ့ပေ။။


ကျီရှောင်အုံး နည်းနည်းစိတ်ပူသွားလိုက်ကာ သွားတိုက်ရင်း သူဘယ်များရောက်နေမလဲလို့ တွေးတောလိုက်ခဲ့တယ်။


သူမပါးစပ်ထဲက အမြုပ်တွေကို ထွေးထုတ်လိုက်ပြီး သူမရဲ့ညဝတ်အင်္ကျီနဲ့ ညစာစားခန်းထဲ လျှောက်ဝင်သွားလိုက်ပြီး သူမအမေက အပြေးအလွှားပြန်ထွက်သွားတဲ့အထိပင်။


မနက်စာက ဆန်ကိတ်မုန့်ပါတဲ့ ခရမ်းရောင်ကန်စွန်းဥ ဆန်ပြုတ်နဲ့ သကြားကြက်ဥပြုတ်တွေပဲဖြစ်တယ်။


ကျီ​​မိသားစု သုံးယောက်စလုံးက တရုတ်ရိုးရာမနက်စာ စားရတာ ကြိုက်ကြပြီး မနက်တိုင်း သူ့အမေက ချက်ပြုတ်ပေးခဲ့တယ်။


ကျီရှောင်အုံး ဆန်ပြုတ်ပန်းကန်ကို ဇွန်းနဲ့ခပ်ပြီး အာရုံပျံ့လွင့်တဲ့အကြည့်တစ်ခုဖြင့် အပြင်ဘက်ဆုံး နေရာတွင် ထိုင်လိုက်ခဲ့တယ်။


ရမ်အတွက် စိတ်ပူရတာကို ဘေးချိတ်ထားပြီးတော့ ဒီနေ့ သူမ သူမမိဘတွေကို ဘယ်လိုပြောရင်ကောင်းမလဲဆိုတာ တွေးတောဖို့လိုနေလေပြီ။


မနေ့ညက ဒီအကြောင်းတွေကို တစ်ညလုံးတွေးတောလိုက်ပြီးတာတောင် သူမ အိုင်ယာလန်ကို မသွားချင်နေတုန်းပဲ။


တကယ်လို့ ရမ် မရှိခဲ့ရင်တောင် သူမ မသွားချင်နေတုန်းပဲ။


သူမသူငယ်ချင်းတွေနဲ့ အတန်းဖော်တွေအားလုံးက မွေးရပ်မြေမှာရှိနေပြီး သူမကတော့ ထူးထူးဆန်းဆန်းနိုင်ငံကို သွားမယ်ဆိုရင်တော့ သူမမှာ ဘယ်သူမှမရှိတော့ဘူးပဲ။


သူမဘဝကို အားလုံးအသစ်ကနေ ပြန်စရမယ်လို့ ဆိုလိုနေတာပဲမလား။


သူမ သူမအဖေနဲ့အမေကို ချစ်တယ်ဆိုရင်တောင် သူမ သူတို့ရဲ့ အတောင်ပံအောက်မှာ အမြဲနေနိုင်မှာ မဟုတ်ဘူးပဲ။


သူမ အမှီခိုကင်းကင်းနဲ့ အမြဲတမ်းနေလာတဲ့သူဖြစ်တာ။ သူမ တစ်ခါလောင်းရိပ်မိသွားတာနဲ့ သူမ ဘယ်တော့မှာ အပြင်ကိုလျှောက်လှမ်းခွင့်ရတော့မှာ မဟုတ်ဘူး။


မနေ့က သူ့အမေက အဲဒီစကားကို ထုတ်ပြောလိုက်လို့သာ ငြင်းဆန်ဖို့အတွက် သူမအားအင်တွေကို ယူသိမ်းသွားလိုက်တာပဲ။


ကျီရှောင်အုံး သက်ပြင်း ဖွဖွချလိုက်တယ်၊ ဒီလိုမျိုး ဆုပ်လည်းစူး စားလည်းရူးအခြေအနေ ဖြစ်သွားလိုက်တာပဲ။


မနက်စာစားပြီးတဲ့နောက် မစ္စကျီက သပ်ရပ်စွာဝတ်စားဆင်ယင်လိုက်ခဲ့ပြီး ကျီရှောင်းအုံး နိုင်ငံခြားသွားဖို့ရာ အစစအရာရာအားလုံး အပြီးသတ်လုပ်ဆောင်ဖို့အတွက် အပြင်သွားဖို့ရာ ဆင်ဝင်အောက်မှာ မတ်တပ်ရပ်လိုက်ခဲ့တယ်။


ကျီရှောင်အုံး အပေါက်ဝတွင် မတ်တပ်ရပ်နေလိုက်ပြီးတော့ သူတို့ကို ကြည့်ရှုလိုက်ကာ "အမေ..."


မစ္စစ်ကျီက သူမရဲ့မူမမှန်ဖြစ်နေတာကို မရိပ်မိဘဲ သတိတရနဲ့တောင် ပြောလိုက်ခဲ့တယ် "အသေးလေး သမီး ခွမ့်ခွမ့်ကို အစာကျွေးဖို့ မမေ့နဲ့ဦးနော်။ ဖေကြီးနဲ့အမေတို့ နေ့လယ်လောက် ပြန်လာခဲ့မယ်၊ သမီး နေ့လယ်စားဖို့အတွက် တစ်ခုခု လုပ်လိုက်ဦး..."


ကျီရှောင်အုံး သူမပါးစပ်ကို ဖွင့်လိုက်ပြီး "အမေ သမီး ပြောစရာရှိတယ်..."


"ဘာကိစ္စမို့လို့လဲ။ အမေတို့ပြန်လာမှ ပြောလိုက်ပါလား အသေးလေးရဲ့၊ အဖေနဲ့အမေက ချိန်းထားတဲ့လူတွေရှိတယ်။ အမေတို့ နောက်ကျနေလိမ့်မယ်" မစ္စကျီက ကျီရှောင်အုံးရဲ့ခေါင်းထိပ်ကို ထိတွေ့လိုက်ကာ သူမ တံခါးကို တွန်းဖွင့်ဖို့ ပြင်လိုက်ခဲ့တယ်။


သူမ တံခါးကို ကိုင်လိုက်ပြီး ဖွင့်လိုက်ရုံနဲ့ သူမ ခြေတစ်လှမ်းပင် မလှမ်းလိုက်ရဘဲ အေးခဲသွားတော့တယ်။


တံခါးအပြင်ဘက်တွင်တော့ ဥပတိရုပ်ကောင်းကောင်းနဲ့ မျက်လုံးပြာပြာတွေရှိပြီး အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က တံခါးခေါက်ဖို့ သူ့လက်ကို မြှောက်ထားလေတယ်။


မစ္စကျီရဲ့အကြည့်နဲ့ ဆုံလိုက်ပြီး သူ တိတ်တဆိတ်နဲ့ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်ခဲ့တယ်။


မစ္စကျီ လန့်သွားပြီး အဲဒီနောက်မှ သူက မနေ့က မီးလုံးပြင်တဲ့ မီးပြင်သမားမှန်း သိလိုက်ကာ ပျူငှာစွာ ပြုံးလိုက်ပြီး "မင်္ဂလာပါကွယ် တစ်ဆိတ်လောက် မင်း ဘာလိုအပ်လို့လဲ့ကွဲ့"


"ကျွန်တော် လာခဲ့တာက ကျွန်တော့်ရဲ့" တစ်ဖက်ကသူက ညှို့ဓာတ်ပါသော သူ့အသံအုပ်အုပ်နဲ့ လိုရင်းကို သွားလိုက်ပြီး အဲဒီနောက် သူ တုံ့ဆိုင်းသွားလိုက်ပြီးမှ ပြောလိုက်တယ်။ "ချစ်သူအတွက်ပါ"


. . .


. . .


မစ္စတာကျီနဲ့မစ္စကျီတို့က ဆိုဖာတစ်လုံးတည်းတွင် မျက်လုံးများ ကျဉ်းမြောင်းကာ ထိုင်နေတဲ့ ရမ့်ကို အလယ်တွင်ထားကာ ညှပ်ထိုင်နေခဲ့ကြတယ်။


ပုံမှန်အားဖြင့် ကျယ်ဝန်းတဲ့ ဆိုဖာက ရမ့် ကြောင့်မို့လို့ ရုတ်ခြည်းပင် များစွာ ကျဉ်းမြောင်းသွားတော့တယ်။


ကျီရှောင်အုံး မီးဖိုချောင်တွင် ရေဖန်ခွက် သုံးခွက်သွားထည့်လိုက်ပြီး သူမမိဘတွေနဲ့ ရမ့်ရှေ့မှာ ချထားပေးလိုက်ခဲ့တယ်။


သူမအမေက ရမ့်ရှေ့က ခွက်ကာ ရေအေးဖြစ်နေတာကို မြင်လိုက်တော့ မနေနိုင်စွာ မေးလိုက်တယ် "အသည်းလေး သမီး ဘာလို့ သူ့ကို ရေနွေးမပေးတာလဲ"


ကျီရှောင်အုံးက ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်လေတယ်။ "သူ့ရဲ့ ကိုယ်တွင်းအပူချိန်က မြင့်တယ်၊ သူက ရေနွေးသောက်ရတာ မကြိုက်ဘူး"


"... "ကျီရှောင်အုံး၏မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားလိုက်ပြီး သူမ ဘာမှထပ်ပြောမလာတော့ချေ။


ကျီရှောင်အုံး သူမပါးစပ်က လွှတ်ခနဲ ပေါက်ကြားသွားလိုက်တာကို သဘောပေါက်သွားလိုက်တော့ သူမနှုတ်ခမ်းကို ကိုက်ကာ သူမ ဘာမှမသိသလို ဘေးကို တစ်ချိုးတည်း ထွက်ပြေးသွားတော့တယ်။


သူမအမေက ရယ်မောလိုက်ပြီး ရမ့်ကို တည့်တည့်ကြည့်လိုက်ကာ "မနေ့က အန်တီ မင်းကို မေးဖို့ အချိန်မရှိဘူး၊ မင်းနာမည် ဘယ်လိုခေါ်လဲ"


ရမ်က အဝေးမှာရှိနေတဲ့ ကျီရှောင်အုံးကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ် "ရမ်" 


"တရုတ်နာမည်နဲ့လည်း မတူဘူးပဲ" မစ္စကျီက ရမ့်ရဲ့ ဥပတိရုပ်နဲ့ သူ့မျက်လုံးပြာတွေကို ကြည့်ရှုလိုက်ပြီး ပြောလိုက်တယ်။ "အန်တီ မေးလို့ရမလား၊ မင်းရဲ့ မွေးရပ်မြေက ဘယ်မှာလဲ" 


ရမ် : "ဘော်နီးယား"


ကျီရှောင်း၏အမေ : ". . ."


မစ္စကျီ သူမ၏ဦးနှောက်ကို အချိန်အတော်ကြာအောင် တစ်ပတ်လည်လိုက်ခဲ့ပေမဲ့ တိုင်းပြည်နာမည်ကို မရှာနိုင်ဘဲ နည်းနည်းလေးသာ ခံစားလိုက်ရတယ်။


သူမခင်ပွန်းဖြစ်သူကို ကြည့်လိုက်တော့လည်း သူလည်းပဲ ငေးငိုင်နေပြီး ကြောင်၍ နေလေတယ်။


သူမအမေက မရဲတရဲ စမ်းမေးကြည့်လိုက်တယ်။ "မင်း ငါတို့ကို နေရာပြောလို့ရမလား။ ကမ္ဘာ့ တောင်ခြမ်းလား မြောက်ခြမ်းလား"


ကျီရှောင်အုံး ရမ် မဖြေသေးခင် မနေနိုင်ဘဲ ကြားဝင်ဖြတ်လိုက်ကာ "အမေ၊ အဲဒါက အရမ်းဝေးတဲ့နေရာ သိတဲ့သူလည်း တော်တော်လေးနည်းတယ်"


မစ္စကျီက သူမကို ကြည့်လိုက်ပြီး သူမ မနေ့က ဒါကို ဖုံးထားတာလိုက်တာကို ဒေါသထွက်သွားလိုက်ပြီး အခုတော့ သူမ ကြားဝင်ဖြတ်ပြောလိုက်တာကို ဒေါသထွက် လိုက်ခဲ့တယ်။ "အသည်းလေး ဒါက နင်ဝင်ပြောရမဲ့ နေရာမဟုတ်ဘူး။ ကိုယ့်အခန်းကို ပြန်သွားစမ်း"


"အမေ သမီး ဒီမှာပဲ နေလို့မရဘူးလား" ကျီရှောင်အုံး မသွားချင်ခဲ့ဘဲ သူမမိဘတွေနဲ့ ရမ်တို့ စကားပြောဆိုတာကို နားထောင်ချင်နေခဲ့တယ်။


သူမအမေက ပြင်းပြင်းထန်ထန် ပြောလိုက်တယ်။ "မရဘူး" 


ကျီရှောင်အုံး သူမနှုတ်ခမ်းတွေကို ဆိုးနွဲ့စွာဖြင့် စုဝိုင်းလိုက်ကာ သူမကိုယ်သူမ လှည့်ပြန်ဖို့ပဲ ကြိတ်မှိတ်လက်ခံလိုက်ရကာ သူမအခန်းကို လှုပ်တိလှုပ်လဲ့နဲ့ ပြန်သွားလိုက်ခဲ့တယ် ။


ကျီရှောင်အုံး၏အခန်းက ဧည့်ခန်းနှင့် အလွန်ဝေးပြီး ကော်ရစ်ဒါခြားထားပြီး သူမအိမ်ရဲ့ တံခါးတွေကလည်း အသံလုံလေတယ်။ သူမ အပြင်ဘက်ကနေ ဘာတစ်ခုမှကို မကြားရပေ။


ကျီရှောင်အုံး သူမနားကို တံခါးနား ကပ်ကာ ကြိုးစားလိုက်ပေမဲ့ ဘာမှ မကြားရခဲ့ပေ။


ကျီရှောင်အုံး ရမ်ဘာလို့ ဗြန်းစားကြီး ရောက်လာတာဆိုတာ မသိပေ။ သူ သူမမိဘတွေကို ဘယ်လိုပြောရ ဆိုရမှန်း သိမှာ မဟုတ်လောက်ဘူး။


မှားပြီး ပြောဆိုလိုက်လို့က သူမအစီအစဉ်တွေ ပျက်ကုန်တော့မှာပဲ။


သူ့မိဘတွေရဲ့အလေ့အထကို သူမ သိလေတယ်။ သူတို့တွေက စေ့စေ့စပ်စပ်နိုင်ပြီး ဘယ်ကိစ္စမဆို အလေးအနက် ထားကြသူတွေပင်။


——အထူးသဖြင့်က အခုဆို သူတို့တွေ ရမ်က သူမရဲ့ချစ်သူဆိုတာ သိသွားကြလေပြီ။


သူတို့တွေ ရမ့်ကို ဘာတွေမေးမယ်မှန်း သူမလည်း မသိရဘူးပဲ။


ရမ်က ဘာပြောလိမ့်မလဲ မသိဘူး။ ရမ်က သားရဲလူသားဆိုတာ သူတို့များ သိသွားကြလေမလား။


. . .


သူမအတွေးထဲမှာ ပြဿနာတွေ တသီတစ်တန်းကြီး ဝင်ရောက်လာပြီး ကျီရှောင်အုံး ဂနာမငြိမ်ဖြစ်လာတော့တယ်။


သူမ စောင်ခေါင်းမြီးခြုံကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး ခဏကြမျှ လူးလိမ့်နေခဲ့လိုက်တယ်။ အဲဒီနောက် သူမ ရုတ်တရက် ထထိုင်လိုက်ပြီး မတ်တပ်ရပ်လိုက်ခဲ့တယ်။


သူမ နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ငါးမိနစ်တောင်မှ ရှိသွားပြီပဲ။


သူမ သက်ပြင်း လေးလံစွာချလိုက်ကာ သူမလက်နှစ်ဖက်ကို ခုတင်အစွန်းတွင် တင်လိုက်ပြီး သူမလက်တွေပေါ်မှာ သူမမေးစေ့ကို တင်လိုက်ကာ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်လို့ ဖိအားပေးလိုက်တယ်။ 


အချိန်တွေ ဖြတ်သန်းသွားလိုက်ပြီး နောက်ထပ် နာရီဝက်ကြာသွားလိုက်ခဲ့ပြီး စကားပြောဆိုနေကြတာက ခုထက်ထိ ပြီးသေးတဲ့ပုံ မပေါက်ပေ။


ကျီရှောင်အုံးရဲ့လက်ခေါင်းအုံးက ထုံကျင်လာပြီး သူမလက်တွေနဲ့ သူမပါးပြင်တွေကို မေးထောက်လိုက်ပြီးသူမ နောက်ထပ်နေရာတစ်မျိုး ယူလိုက်၍ စောင့်ဆိုင်းလိုက်ခဲ့တယ်။


နောက်ထပ် နာရီဝက်ကြာပြီးသွားခဲ့ကာ စကားဝိုင်းက ဆက်လက်ပြောဆိုနေတုန်းပင်။


ကျီရှောင်အုံး နောက်ဆုံးတွင်တော့ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ တံခါး ဖွင့်လိုက်ခဲ့တယ်။ သူမ ကော်ရစ်တာကို ဖြတ်သန်းလိုက်ပြီး မီဖိုးချောင်ကို ရေသောက်ဖို့သွားလိုက်ပြီး ဧည့်ခန်းထဲက အခြေအနေအား တိတ်တဆိတ် လေ့လာလိုက်ခဲ့တယ်။


သူမမိဘတွေနဲ့ ရမ်တို့ စကားဝိုင်းက ပြီးစီးတော့မဲ့ပုံတော့ ပေါက်နေလေတယ်။


ကျီရှောင်အုံး ရမ်နဲ့ သူမအဖေရဲ့ မျက်နှာတွေကို မမြင်နိုင်လိုက်ပေမဲ့ သူမအမေရဲ့ ပါးစပ်ကတော့ အနည်းငယ်လေး ကွေးညွှတ်နေခဲ့ပြီး သူမကို ကြည့်ရတာ မကျေမနပ်ဖြစ်နေတဲ့ပုံတော့ မပေါ်ချေ။


ကျီရှောင်အုံး ရေခွက်ကို ချလိုက်ရပြီး သူမနှလုံးသားက ရေခွက်လိုပဲ နောက်ဆုံးတွင် ပြုတ်ကျနေရာမှ ပြန်ရုတ်သိမ်းလိုက်ခဲ့တယ်။


သူမအခန်းရှိရာသို့ ပြန်လျှောက်လာလိုက်ရင်း သူမအဖေနဲ့ ရမ်တို့ ပြောနေကြတာကို တစ်စွန်းတစ်စ ဝိုးတိုးဝါးတား ကြားလိုက်ခဲ့တယ်။


သူမအဖေရဲ့ အသံက အလေးအနက်ဖြစ်နေခဲ့တယ်။ "ငါ့သမီးကို ဘယ်လောက်ကြာတဲ့အထိ မင်းစောင့်ရှောက်ပေးနိုင်မှာလဲ"


ရမ် ခဏလောက် နှုတ်ဆိတ်သွားလိုက်ပြီး ပွင့်လင်းစွာ ပြောလိုက်တယ်။ "ကျွန်တော် မသိဘူး"


မစ္စတာကျီ ဒေါသတကြီးနဲ့ "မင်း . . . "


သို့သော် ရမ်၏တည်ငြိမ်တဲ့အသံက ပြောလာ၏ "အဲဒါက အသက်ဘယ်လောက်ရှည်မလဲအပေါ်မှာ မူတည်ပါတယ်" 


*


ဖေဖော်ဝါရီ ၁၅ရက်နေ့ဖြစ်၏။


လေထုက ရှင်းသန့်နေပြီး ကောင်းကင်ပြာပြာက တိမ်တွေ ကင်းစင်နေခဲ့တယ်။


ကြာမြင့်စွာ ပျောက်ကွယ်နေတဲ့ နေမင်းက နောက်ဆုံးတွင် သူ့အလိုလို ပေါ်ထွက်လာလိုက်ပြီး ရွှေရောင်လွှမ်းတဲ့ နေရောင်ခြည်က ကမ္ဘာမြေကြီးကို ဖုံးလွှမ်းလိုက်ပြီး မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားလိုက်ခဲ့၏။


ကျီရှောင်အုံး မနက်အစောကြီး ထလိုက်ခဲ့ပြီး သူမမိဘတွေနဲ့အတူတူ လေဆိပ်သို့ အပြေးလေးသွားလိုက်ခဲ့တယ်။


သူတို့တွေက လက်မှတ်တွေကို ကောက်ယူလိုက်ကာ ခရီးဆောင်အိတ်တွေကို စစ်ဆေးပြီး လုံခြုံရေးဆီမှာ အစစ်ခံလိုက်ခဲ့တယ်။


ပြတင်းပေါက်အပြင်ဘက်တွင်တော့ လေယာဉ်တစ်စင်းက မြေပြင်ပြေးလမ်းမှ ပျံတက်လိုက်ကာ ခရီးသည်တွေကို သယ်ဆောင်၍ နောက်ထပ် ခရီးစဉ်တစ်ခု ပို့ဆောင်လိုက်ခဲ့၏။


ဒါပေမယ့် ကျီရှောင်အုံး နေရာမှာတင် မတ်တပ်ရပ်နေခဲ့လိုက်၏။


မနေ့ညက မရေမတွက်နိုင်တဲ့ မျက်ရည်တွေ သွင်သွင်စီးကျခဲ့ပေမဲ့လည်း ကျီရှောင်အုံး သူမမိခင်နှင့်အတူ မငိုဘဲ မနေနိုင်ခဲ့ပေ။


မစ္စကျီက မျက်ရည်မကျတော့အောင် ထိန်းလိုက်ကာ မျက်ရည်တွေကို သုတ်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်တယ်။ "အသည်းလေး သမီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော် အမေနဲ့အဖေကို စိတ်မပူစေနဲ့ဦး"


ကျီရှောင်အုံး ခေါင်းညိတ်လိုက်ပြီး "အမေလည်း အဖေ့ကို ဂရုစိုက်ပေးဦးနော်။ အမေ အဲဒီကိုရောက်ရင် သမီးကို ဖုန်းဆက်ဦးနော်"


မစ္စကျီက ပြောလိုက်တယ်။ "အမေတို့ ဆက်ပါ့မယ်"


အမေနဲ့သမီး စကားတွေပြောလိုက်ပြီး ထပ်ငိုလိုက်ကြပြန်တယ်။


သူမအဖေက မနေနိုင်စွာ နှစ်သိမ့်လိုက်တယ်။ "ငါတို့တွေ ပြန်မတွေ့မှာ ကျနေတာပဲ။ ဘာလို့ ငိုနေသေးတာလဲ။ အသေးလေး လိမ်မာတယ် မျက်ရည်တွေ သုတ်လိုက်တော့။ နောက်ကျရင် သမီး အဲဒါကိုတွေးမိရင် သမီး အချိန်မရွေး လာတွေ့လှည့်နော်"


ကျီရှောင်အုံး သူမမျက်ရည်တွေအား လက်ချောင်းတွေနဲ့ သုတ်လိုက်ပြိး ရှိုက်လိုက်တယ်။ "အင်း" 


ဒီလိုဆိုတာတောင် ခွဲခွာရမဲ့ အခိုက်အတန့်က ရှိနေဆဲပင်။


သူမရဲ့ မိဘတွေရဲ့ လေယာဉ်က ပျံတက်တော့မှာ ဖြစ်ပြီး သူတို့တွေ လုံခြုံရေးစည်းကို ဖြတ်ကျော်လိုက်ပြီး သူတိုတွေ ကျီရှောင်အုံးကို နှုတ်ဆက်လိုက်ခဲ့ပါတယ်။


လုံခြုံရေးစည်းရဲ့ အဆုံးမှာ အဝေးကနေ သူမရဲ့ မိဘတွေရဲ့ ပျောက်ကွယ်သွားတဲ့ပုံကို ကြည့်နေရင်း ကျီရှောင်အုံးတစ်ယောက် မျက်ရည်တွေ ပြန်စီးကျလာပြန်တယ်။


လေဆိပ်ကတော့ ဒီဖြစ်ရပ်ကို နေ့တိုင်း မြင်နေကျဖြစ်တော့ သူမမျက်ရည်တွေက မည်သည့်အာရုံကို မှ မဆွဲဆောင်မိခဲ့ပေ။ ခြေသံတွေက သူမကို ဖြတ်လျှောက်သွားကြပြီး ဘယ်တော့မှ မရပ်တန့်မဲ့ ရထားတစ်စင်းလိုပင်။


လူတွေက ရောက်လာပြီး လူတွေက ထွက်သွားကြ၏။


. . .


ကျီရှောင်အုံး လေဆိပ်ဟောခန်းမထဲတွင် အကြာကြီး တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီး ငိုကြွေးနေခဲ့ကာ သူမမှာ ငိုစရာ မျက်ရည်မရှိတော့သည်အထိပင်။ သူမ ဖြည်းညင်းစွာဖြင့် ရှိုက်ငိုနေတာကို ရပ်တန့်သွားခဲ့တယ်။


သူမ လက်ကိုဆန့်တန်းလိုက်ကာ သူမမျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး လေဆိပ်တံခါးပေါက်ရှိရာကို ကြည့်လိုက်ခဲ့တယ်။


အပြင်ဘက်တွင်တော့ နေရောင်က စူးရှတောက်ပနေပြီး ရွှေရောင်အလင်းတန်းတွေက ပန်းပွင့်မွေ့ရာကြီးတစ်ခုအသွင် လွှမ်းခြုံလာလိုက်ကာ နေရောင်က ရှည်လျားတဲ့ အရိပ်မည်းတစ်ခုအသွင် ခွာကျသွားတဲ့အထိပင်။


ရမ်က သူမကိုယ်ရနံ့ကို အနံ့လိုက်ရပုံရပြီး သူမ လျှောက်လာလိုက်သည်နဲ့တစ်ပြိုင်နက် သူ့အကြည့်က လွှဲပြောင်းသွားခဲ့ကာ သူမပေါ်သို့ တိတိကျကျ ကျရောက်သွားလိုက်တယ်။ 


ကျီရှောင်အုံး၏ခြေလှမ်းတွေက ပိုမို၍ ပေါ့ပါးသထက် ပေါ့ပါးလာလိုက်ကာ သူမ ရမ့်ဆီ တည့်တည့် ပြေးဝင်လိုက်ခဲ့တယ်။


ရမ်က သူမကို ဖမ်းလိုက်ပြီး သူမအား သူ့ပေါင်ပေါ်တွင် ချီတင်လိုက်ကာ သူမအား နမ်းရှိုက်လိုက်ခဲ့တယ်။


အချိန်အတော်ကြာပြီးနောက် ရမ် နောက်ဆုံး သူမကို လွှတ်ပေးလိုက်ပြီး သူမနှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းနဲ့ ဖိကပ်လိုက်ကာ တိုးတိတ်စွာ ရေရွတ်လိုက်တယ်။ "ကိုယ်တို့ ပြန်လို့ရပြီလား" 


"ပြန်သွားမယ်" ဆိုတာက သူမမိသားစုရှိတဲ့ အိမ်ကို ပြန်တာမဟုတ်မှန်း ကျီရှောင်အုံး သေချာပေါက်ကို သိနေလေတယ်။


ကျီရှောင်အုံး သူမနံဖူးကို သူ့နဲ့ ဖိကပ်ထားလိုက်ပြီး သူမရဲ့ထူထဲတဲ့ မျက်တောင်တွေက သူ့နှာခေါင်းဆီ ရိုက်ခတ်သွားလိုက်တယ်၊ အဲဒီနောက် သူမ ခေါင်းညိတ်လိုက်ကာ "အင်း" 


ရမ်က မေးလိုက်၏ "ဘယ်အချိန်လဲ"


"နင် ဘယ်အချိန်သွားချင်လဲ"


"အခုပဲ"


. . .


. . .


End Chapter