Chapter 75 Part-2
Viewers 9k

အပိုင်း (၇၅) Part-2


T မြို့မှ S မြို့သို့ ကားမောင်းလာလိုက်ရင်း ကျီရှောင်အုံးအိမ်ကို တန်းမပြန်သွားခဲ့ဘဲ အနီနားက စူပါမားကတ်တစ်ခုကို အရင်ဆုံး သွားလိုက်ခဲ့တယ်။


အိမ်မှာက စားစရာတွေ အများကြီးမရှိတော့ပေ၊ ခွမ်ခွမ်ရဲ့ကြောင်စာကလည်း ကုန်ခါနီးနေလေပြီ။ အိမ်သုံးပစ္စည်း သေးသေးမွှားမွှားလေးတွေလည်း ဝယ်ဖို့လိုတာတွေ ရှိနေသေးတယ်။


ကျီရှောင်အုံးနဲ့ရမ်တို့ စူပါမားကတ်ထဲသို့ ဝင်လာခဲ့လိုက်ပြီး လူကြပ်ချိန်ဖြစ်နေတာမို့ ကုန်တိုက်ထဲတွင် လူများစွာက ပျားပန်းခပ် လှုပ်ရှားနေကြတယ်။ တစ်နေရာနဲ့ တစ်နေရာကို လူတိုးလို့တောင် မရပေ။


ကံကောင်းတာက ကျီရှောင်းအုံး အရေးတကြီး ဖြစ်မနေတော့ နားလည်ရခက်တဲ့ လုံခြုံတဲ့ခံစားချက်တစ်ခုနှင့်အတူ ရမ်နဲ့ ဈေးတွန်းလှည်းကို ဖြည်းဖြည်းချင်းပဲ တွန်းလိုက်ခဲ့တယ်။


ဒီဆန်းသစ်တဲ့အတွေ့အကြုံက သူမတစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုပဲဖြစ်တယ်။ အရင်တုန်းက ကျီရှောင်အုံးနဲ့ရမ်တို့ အတူရှိခဲ့တဲ့အချိန်ဆိုတာက အမဲလိုက်တဲ့ကိစ္စနဲ့ ဒါမှမဟုတ် အမဲလိုက်ဖို့ပဲဖြစ်တယ်။


တစ်နေ့နေ့မှာ သူမတို့တွေ စူပါမားကတ်မှာ လက်ချင်းချိတ်ပြီး လျှောက်လာလိုက်ရမယ်လို့ သူမ ဘယ်တုန်းကမှ မတွေးမိဖူးပေ။


ကျီရှောင်အုံး လျှောက်လာလိုက်ရင်းနဲ့ စင်ပေါ်က ပစ္စည်းတွေကို ယူလိုက်ခဲ့ပြီး ဈေးတွန်းလှည်းထဲကို ပစ္စည်းတွေ ထည့်လိုက်ခဲ့တယ်။ ဂရုမစိုက်မိတဲ့ တွန်းလှည်းတစ်စီးက လူအုပ်ထဲက‌နေ ဖြတ်ကျော်၍ သူမဆီကို အရှိန်နဲ့ တန်းတန်း ပြေးဝင်လာလိုက်ခဲ့ပါတယ်။


သူမ သတိပြုမိလိုက်တော့ အလွန် နောက်ကျသွားလိုက်ပြီဖြစ်ပြီး လှည်းနဲ့ သူမနဲ့ တိုက်မိလုဆဲဆဲဖြစ်လိုက်ချိန် လက်နှစ်ဖက်က နောက်ကနေ သူမခါးကိုဆွဲယူလိုက်ပြီး မြေပြင်ပေါ်ကနေ‌ စွေ့ခနဲ ပွေ့မလိုက်ကာ ဘေးသို့ ချထားပေးလိုက်ခဲ့ပါတယ်။


"ဒုန်း" အသံတစ်ခုနဲ့အတူ စျေးဝယ်တွန်းလှည်းက စင်နဲ့တိုက်မိသွားလိုက်ပြီး ပစ္စည်းတွေက ကြမ်းပြင်အနှံ့ ပျံ့ကျဲကျသွားလိုက်ခဲ့ပါတယ်။


ကလေးအမေတစ်ယောက်က သူ့ကလေးကို လမ်းတစ်ဖက်ကနေ ခေါ်ဆောင်လာလိုက်ပြီး ကျီရှောင်အုံးနဲ့ရမ် တို့ကို အဆက်မပြတ် လာတောင်းပန်လိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးလည်း ဘာပြောရမှန်းမသိ ဖြစ်သွားလိုက်တယ်။ သူမနဲ့ရမ်ကလည်း ဘာမှမဖြစ်သွားလိုက်တာမို့ သူမက ပြုံးရုံသာပြုံးပြီး ပြောလိုက်တယ်။ "ကိစ္စမရှိပါဘူး"


အဲဒီနောက်တွင်တော့ စူပါမားကတ်ထဲကို ဆက်သွားဖို့ စိတ်မပါတော့တာမို့ ကျီရှောင်အုံးနဲ့ ရမ်တို့ ခွမ်ခွမ့် ကြောင်စာ၊ အိမ်နေရင်းစီးဖိနပ်တစ်ရံ၊ သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါနဲ့ ရမ့် အတွက် လိုအပ်တဲ့ အခြားရေချိုးခန်းသုံးပစ္စည်းများကိုပဲ ဝယ်လိုက်ကြတော့တယ်။ အဲဒီနောက် သူတို့တွေ ဈေးဝယ်တွန်းလှည်းအား ငွေရှင်းကောင်တာဆီ ငွေချေဖို့ တွန်းသွားလိုက်ခဲ့တယ်။


ငွေသွင်းကောင်တာမှာ တန်းစီနေတဲ့ လူများစွာရှိနေခဲ့ပြီး ကျီရှောင်အုံး လူတန်းနည်းတဲ့နေရာမှာ ရွေးစီလိုက်ခဲ့တယ်။


သူမတို့ အလှည့်ရောက်လိုက်တော့ ငွေကိုင်က သူမတို့ရဲ့အကောင့်ကို ယူလိုက်ပြီး ယဉ်ကျေးစွာ မေးလိုက်တယ်။ "တစ်ခုခု လိုအပ်တာ ကူညီပေးရဦးမလားရှင့်" 


ကျီရှောင်အုံးက "မလိုတော့ပါဘူး ကျေးဇူးပါ" လို့ ပြောဖို့ ပြင်လိုက်ခဲ့ချိန်မှာတော့ ရမ့်ရဲ့အသံနိမ့်နိမ့် အသံက ထွက်ပြောလာလိုက်တယ်။ "မင်းမှာ ကြီးတာ တစ်ခုရှိလား"


ကျီရှောင်အုံး : ???


ကျီရှောင်အုံး အသံလာရာနောက် သူမအကြည့်ကို လိုက်ပါလိုက်တော့ သူက စင်တွေပေါ်မှာ ကွန်ဒုံးတွေ သပ်ရပ်စွာ စီတန်းထားတဲ့ နေရာတွင် စွဲမြဲမြဲရပ်နေတာကို တွေ့လိုက်ရတယ်။


သူမ တုံ့ပြန်မှုကို မစောင့်နေဘဲ ငွေကိုင်က မျက်နှာအမူအရာ စိုးစဉ်းလေးမျှ မပျက်ယွင်းစွာဖြင့် ခေါင်းညိတ်လိုက်ကာ "ဟုတ်ကဲ့ ခဏလေးပါရှင့်"


အဲဒီနောက် သူမက မတူညီတဲ့ဘူး အချို့ကိုယူလာလိုက်ပြီး ရမ့် အတွက် သေချာလေး ချထားပေးလိုက်ခဲ့တယ်။ "ဒီတစ်မျိုးက စတော်ဘယ်ရီအရသာ၊ ဒီတစ်ခုကတော့ ငှက်ပျောသီးအရသာပါ ပြီးတော့ နောက်တစ်မျိုးက ခရုပတ်ပုံစံပါ....."


ရမ်ရဲ့ မျက်နှာအမူအရာက လုံးလုံးမပျက်ယွင်းသွားလိုက်ဘဲ သူ တစ်မျိုးကို ရွေးလိုက်တယ် အဲဒီနောက် သူ့အကြည့်ကို ကျီရှောင်အုံးဘက်ကို လှည့်လိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးတစ်ယောက် ကျောက်ရုပ်ဖြစ်သွားလိုက်ပြီး ရမ်က သူ့လက်ချောင်းကို ကွေးပြီး သူမနဖူးကို လာခေါက်လိုက်သည်အထိပင်၊ အဲဒီနောက်မှ သူမ ငွေရှင်းဖို့ သတိရသွားလိုက်ပါတယ်။


ကုန်တိုက်ကနေ ထွက်ခွာလာလိုက်တဲ့ လမ်းတစ်လျှောက်လုံး ကျီရှောင်အုံးတစ်ယောက် အံ့ဩဘနန်းဖြစ်နေရတုန်းပင်။


"ရမ် ဘာလို့..." 'သူမ ကွန်ဒုံးသုံးချင်တုန်းကတောင် သူ ဒေါသထွက်နေခဲ့တာမလား။'


ရမ်က လက်တစ်ဖက်တွင် စျေးဝယ်လာတဲ့ အိတ်တွေကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က ကျီရှောင်အုံးရဲ့ လက်ဖဝါးသေးသေးလေးကို ကိုင်ထားရင်း သူတို့တွေ လှေကားမှ ဆင်းလာခဲ့လိုက်တယ်။ "ဟမ်"


ကျီရှောင်အုံး သူမခေါင်းကို တိမ်းစောင်းလိုက်ပြီး "နင် အဲဒါကို စွတ်ရတာ....မကြိုက်ဖူးမလား"


ရမ့်ရဲ့ ပါးစပ်ထောင့်စွန်းက ပြန့်ပြူးသွားလိုက်ပြီး သူ ပွင့်လင်းစွာ ပြောလိုက်တယ်။ "ကိုယ် အဲဒါကို တကယ်မကြိုက်ဘူး" 


"ဒါဆို နင် ဘာလို့....နေသေး."


ရမ် ခဏရပ်တန့်လိုက်ပြိး သူ့ကိုယ်ကို ကွေးကာ သူမပါးစပ်လေးအား ညင်သာစွာနဲ့ လျှာနဲ့ သပ်လိုက်ပြီး လေသံတိုးတိုး ပြောလိုက်တယ်။ "ကိုယ့်အမျိုးသမီးက တစ်ညလုံး ငိုနေတာပဲကို ကိုယ် ဘယ်လို ငြင်းဆန်နိုင်မှာလဲ" 


"... " ကျီရှောင်အုံး၏ပါးပြင်တွေက ရှက်သွေးဖြာပြီး နီမြန်းသွားလိုက်တော့တယ်။ သူ့ကို တောင်းဆိုဖို့ ငိုခဲ့တာမဟုတ်ဘူးလေ. သူက သူမကို နာအောင်လုပ်လို့ဆိုတာ အသိသာကြီးကို....."


ဒါပေမဲ့ ရမ်က သူမစကားကို နားထောင်ခဲ့တာကတော့ သူမ မမျှော်လင့်ထားတဲ့ အရာတစ်ခုကြောင့်ပါပဲ။


လူသားတစ်ယောက်၏ ကိုယ်ဝန်ဆောင်ချိန်က ဆယ်လခန့်ရှိပြီး ကျားသစ်တွေထက် ပိုကြာတာဖြစ်တယ်၊ ကျားသစ်မိန်းမပျိုတွေကတော့ ကလေးမွေးဖို့ သုံးလသာကြာမြင့်တာပဲဖြစ်တယ်။


ပြီးတော့လည်း လူသားတွေက ပြန်လည်သက်သာတဲ့အချိန် နောက်ထပ်တစ်လ လိုအပ်သေးတယ်။


အားလုံး စုစုပေါင်း ပေါင်းလိုက်ရင် တစ်နှစ်လုံးလုံးပင်။ တစ်နည်းပြောရမယ် ရမ် ကျီရှောင်အုံးအား တစ်နှစ်တိတိ မထိမတွေ့ဘဲ နေရလိမ့်မှာပင်။


——အဲဒါကပဲ ရမ် လုံးလုံးလျားလျား တောင့်မခံနိုင်တာပဲဖြစ်၏။


သူက သူမကို ရယူချင်ပြီး နေ့တိုင်းပဲ သူမလေးနဲ့ ကိုယ်လက်နှီးနှောချင်နေတာလေ။ သူမကို တစ်နှစ်တိတိ မထိမတွေ့ရဖို့က စိတ်ကူးကြည့်တာနဲ့တင် မဖြစ်နိုင်ပါလေ။


ဒီထက်ပိုသေးတာက လူသားတွေက သူတို့ရဲ့သားပေါက်တွေကို ကျွေးမွေးတဲ့နည်းလမ်းက သူတို့တွေနဲ့ ကွာခြားလှတယ်။


ကျားသစ်မျိုးနွယ်ကတော့ ကိုယ်ထူကိုယ်ထ အမှီခိုကင်းတာကို ထောက်ခံအားပေးပြီး သားပေါက်တွေအား တစ်နှစ်သားအရွယ်တွင် နို့ဖြတ်လိုက်ပြီးတာနဲ့ သူတို့တွေက တစ်ဦးတည်းနေထိုင်ကြရပြီး သူတို့အမေတွေကို မလိုအပ်တော့ပေ။


. . .


ဒါပေမယ့် လူသားတွေကတော့ ဒီလိုမဟုတ်ပေ။ လူသားတွေက သူတို့ အသက်တစ်နှစ် သို့မဟုတ် နှစ်တော်တော်ကြာတဲ့အထိ သူတို့ရဲ့မိခင်တွေဘေးမှာ ရှိနေရတယ်ဆိုတာ ရမ် ရှာဖွေတွေ့ရှိလိုက်ခဲ့ပါတယ်။


တကယ်လို့သာ သူ့မွေးတဲ့သားပေါက်က လူသားကလေးပေါက်လေးတစ်ကောင်လို သူ့အမျိုးသမီးကို စွဲလမ်းနေမယ်ဆို သူ အကောင်ပေါက်ကို ရက်ရက်စက်စက် စွန့်ပစ်လိမ့်မှာပင်။


ဒါကြောင့် အဲလိုဖြစ်ခံမည့်အစား ရမ် သူဝယ်လာတဲ့ ကွန်ဒုံးတွေကိုပဲ မသက်မသာနဲ့ ကြံကြံခံလိုက်တော့ပေမည်။


ဒီအကြောင်းပြချက်အောက်မှာ သူ အဲဒါကို စွတ်နိုင်ရမှာပင်။


. . .


ဓာတ်လှေကားထဲက ထွက်လာလိုက်တာနဲ့ ကျီရှောင်အုံး သူမလက်တွေကို သူမကျောပိုးအိတ်ထဲထည့်ပြီး သူမအိမ်သော့ကို ရှာလိုက်ခဲ့ရင်း ထူးထူးဆန်းဆန်း မေးလိုက့်ခဲ့တယ်။ "ကျားသစ်တွေက ပြန်သက်သာဖို့ တစ်လလောက် မလိုဘူးလား" 


ရမ် ပြောလိုက်၏ "ကျားသစ်မိန်းမပျိုလေးတွေက သားပေါက်မွေးပြီး နောက်တစ်နေ့မှာတောင် အမဲလိုက်ထွက်နိုင်တယ်"


ကျီရှောင်အုံး သော့ကို ရှာတွေ့လိုက်ခဲ့ပြီး တံခါးဖွင့်ဖို့ ပြင်လိုက်ကာ "ဒါပေမယ့် အဲဒါက ခန္ဓာကိုယ်ကို ပျက်စီးစေလိမ့်မယ်...."


"ဟုတ်တာပေါ့ အဲဒါက မင်းတို့ လူသားတွေ ပြောတာပဲလေ" ရမ်က သူမရဲ့နူးညံ့တဲ့မျက်နှာလေးကို ဖိညှပ်လိုက်ပြီး သူ့လက်မနဲ့ ပွတ်သပ်လိုက်ခဲ့ကာ "နူးညံကျိုးပဲ့လွယ်လိုက်တာ"


"....."


ကျီရှောင်အုံး ပြန်ခွန်းတုံ့ပြန်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ တံခါးတစ်ဖက်ကနေ ကြမ်းပြင်ပေါ် လမ်းလျှောက်လာလိုက်သလို ရုတ်တရက်လှုပ်ရှားမှု ပြုလုပ်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက အဲဒါကို ခွမ့်ခွမ့်က အထဲကနေ သူမတို့အသံတွေကို ကြားပြီး သူမတို့ကို တံခါးဖွင့်ဖို့လာတဲ့ အသံလို့ပဲ ထင်လိုက်ခဲ့တယ်။


တံခါးက လက်တစ်ဖက်ဖြင့် ဖွင့်ခံလိုက်ရချိန် ကျီရှောင်အုံး တံခါးဝမှာ ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး တစ်ခုခုမှားနေမှန်း သိရှိလိုက်ရကာ သူမရင်ဘတ်ထဲမှာ သူမနှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားတော့တယ်။ သူမ ရမ့်လက်ကို ဆွဲပြီး ပြေးမလို့ လုပ်လိုက်ချိန်မှာပဲ မစ္စကျီက တံခါးဝတွင် ရပ်နေလိုက်ခဲ့ကာ "အသည်းလေး ဘယ်လိုဖြစ်ပြီ အခုမှ ပြန်လာတာလဲ။ ခွမ်ခွမ်က အမေတို့လည်း ဒီကိုရောက်ရော အစာတော်တော်ငတ်နေတာ သမီးအဖေက..." 


ကျီရှောင်အုံး၏ခေါင်းက ပတ်ချာလည်သွားခဲ့ပြီး သူမစကားတွေက မမြန်တော့ပေ။ "အမေ အမေ..."


မစ္စကျီက ခဏလောက်စောင့်ပြီး သူမရဲ့တံခါးဝမှာ မလှုပ်မလျက် မတ်တပ်ရပ်နေတာကို မြင်လိုက်တော့ "သမီး ဘာလို့ဝင်မလာသေးတာလဲ ဘာမှလုပ်စရာမရှိဘဲ အဲဒီမှာရပ်နေရတာလား"


ကျီရှောင်အုံး : " ..."


သူမအမေက သူမအကြည့်ကို ရွေ့လိုက်တော့ နောက်ဆုံးတော့ ကျီရှောင်အုံး နောက်မှာရပ်နေတဲ့ ရမ့်ကို တွေ့လိုက်ပြိး သူမ ပြောချလိုက်ခဲ့တယ်။ "ဒါက ဘယ်သူတုန်း" 


*


"သူ.. သူက သမီး အခုလေးတင် ခေါ်လာတဲ့ မီးပြင်တဲ့သူပါ" ကျီရှောင်အုံး၏ ဦးနှောက် လျင်မြန်စွာ လည်ပတ်လိုက်ပြီး သူမ ပြောချလိုက်တယ်။ "အမေ သမီးအခန်းထဲက မီးလုံးတွေက ပျက်နေတာနဲ့ သမီး သူ့ကို လာကြည့်ဖို့ ပြောလိုက်တာ"


မစ္စကျီက ရမ့် လှည့်ပတ်ကြည့်ရှုလိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်ကာ "ဒီနှစ်က မီးပြင်သမားတွေက တော်တော်ရုပ်ချောကြတာလား"


"... "


သူမအမေက ကျီရှောင်အုံးကို ကြည့်လိုက်ပြီး "အမေ ခုလေးတင် သမီးအခန်းထဲ သားကြည့်ခဲ့သေးတာ ပျက်နေတာမျိုး မတွေ့ခဲ့ရပါဘူး"


"ဟုတ်​..." ကျီရှောင်အုံး အပြစ်ရှိတဲ့စိတ်နဲ့ ပြန်တုံ့ပြန်လိုက်ခဲ့တယ်"ပြန်ကောင်းသွားတာ နေမယ်။ ဘာမှမဖြစ်ဘူးဆိုမှတော့ သမီး သူ့ကို အောက်ကို လိုက်ပို့လိုက်ဦးမယ်"


ကျီရှောင်အုံး၏အမေက ပျူငှာစွာ မေးလိုက်တယ်။ "သူလည်း ရောက်နေမှပဲ သူ့ကို အထဲဝင်ပြီး ထိုင်ဖို့မဖိတ်တော့ဘူးလား"


ကျီရှောင်အုံးက သူမခေါင်းအား ဂျောက်ဂျက်လေးတစ်လုံးလို ခါရမ်းလိုက်ပြိ "သူ" ဆိုသူအတွက် ဖြေပေးလိုက်ခဲ့တယ်။ "မဟုတ်ပါဘူး.. အမေနဲ့အဖေ အရင်နားလိုက်ပါဦး သမီး သူ့ကို လိုက်ပို့ပြီး ချက်ချင်း ပြန်လာခဲ့ပါ့မယ်"


. . .


ကျီရှောင်အုံး လှေကားထစ်ကို ပြေးဆင်းလာလိုက်ပြိး သူမနှလုံးသားက ကျယ်လောင်စွာ ခုန်မြည်နေဆဲပင်။ သူမအမေနဲ့အဖေ အစောကြီးပြန်လာလိမ့်မယ်လို့ သူမလုံးဝမမျှော်လင့်ထားလိုက်ပေ။


သူတို့တွေ နောက်လအထိ ပြန်လာဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ နောက်ဆုံး ဗီဒီယိုကောတုန်းက ပြောထားတာ မဟုတ်လား?? သူတို့တွေ ဘာလို့ အခုလို ပြန်ရောက်လာကြတာလဲ။


ပြီးတော့ သူမကို ကြိုမပြောခဲ့တော့ သူမလည်း အရာရာကြိုတင် မပြင်ဆင်ရသေးဘူးပဲ. . .


အား..အား..အား.. ဘယ်လိုလုပ်ရမလဲ။ ကျီရှောင်အုံး စိတ်ရှုပ်ထွေးသွားလိုက်တယ်။ 'သူမအမေက သူမနဲ့ရမ်အကြောင်းကို ရှာတွေ့သွားတာများလား။'


တကယ်လို့ အမေက သူမ သားရဲလူတစ်ယောက်နဲ့ ကြိုက်နေတာသိရင် သူ မေ့လဲသွားလိုက်မလားပဲ။


ကျီရှောင်အုံး စိတ်သောကရောက်နေရပြီး ရမ်ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားလိုက်တာကို သတိမထားမိလိုက်ပေ။


"အသည်းလေး" ရမ်၏ လက်ဖဝါးတစ်ဖက်က သူမ၏ မေးစေ့လေးကို ကိုင်ထားလိုက်ပြီး သူ့နှာခေါင်းနဲ့ သူမကို ဖိကပ်လိုက်ကာ "ဘာလို့ ကိုယ်နဲ့ မင်းနဲ့ ထွက်ပြေးလာရလဲဆိုတာ မင်း ရှင်းပြပေးရင် ပိုကောင်းမယ်နော်"


ကျီရှောင်အုံး ငိုချလိုက်ပေမဲ့ ကျစရာမျက်ရည်က ရှိမနေလေပေ၊ "ငါ့အမေနဲ့အဖေ ပြန်လာကြပြီ... "


ရမ်:"အဲ့တော့ရော"


"ငါတို့အကြောင်း သူတို့ကို ငါ မပြောရသေးဘူး...."


"ဒါဆို အပေါ်တက်ပြီး ခုပဲ သွားပြောလိုက်မယ်လေ" ရမ်က သူမကို ကောက်ပွေ့လိုက်ပြီး ဓာတ်လှေကားဆီသို့ ပြန်လျှောက်သွားလိုက်တယ်။


"မရဘူး.. မရဘူး" ကျီရှောင်အုံး သူမလက်မောင်းတွေက ရမ့်ရဲ့လည်တိုင်မှာ ရစ်ပတ်လိုက်ပြီး လျင်မြန်စွာ တားလိုက်တယ်။ "အခု အဲဒါကို ပြောလိုက်ရင် သူတို့ ကြောက်သွားလိမ့်မယ်...."


ရမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ကိုယ်က ကြောက်စရာမို့လို့လား"


"......ဘယ်ဟုတ်ပါ့မလဲ" ကျီရှောင်အုံး ညို့မှိုင်းစွာနဲ့ ပြောလိုက်တယ်၊ အဲဒီနောက် သူမ အသနားခံလိုက်တယ်။ "သူတို့ကို ငါပဲ အရင်ပြောပါရစေနော် နော်လို့။ ငါ ပြောပြီးတဲ့အထိ စောင့်ပါဦး၊ ပြီးရင် ငါ သူတို့နဲ့တွေ့ပေးဖို့ ငါ နင့်ကို ထပ်ခေါ်သွားပေးမယ်"


ကလေးလေးက စိုးရိမ်သောကရောက်နေပြီး မျက်လုံးတွေ နီမြန်းနေလေတယ်။ သူမ၏လက်တွေက အနည်းငယ်တုန်ရီနေပြီး ရမ် နောက်ဆုံးတွင် လက်တစ်ဖက်ကို လွှတ်ကာ သူမရဲ့စိုစွတ်နေတဲ့မျက်တောင်လေးတွေကို သုတ်ပေးလိုက်ပြီး မေးလိုက်တယ်။ "အဲဒါတွေ ပြီးရင် ကိုယ်တို့ ဘော်နီးယားကို ပြန်လို့ရပြီလား" 


ကျီရှောင်အုံး ခဏမျှ ရပ်တန့်သွားလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်တယ်။ "အွန်း"


The End....