Chapter 75 Part-1 **
Viewers 9k

အပိုင်း (၇၅) Part-1**


"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး" သူမ ကားထဲဝင်ရင်းနဲ့ မလုံမလဲဖြစ်ကာ ကျီရှောင်အုံး မပွင့်တပွင့်ပြောလိုက်တယ်။ 


သူမ ရမ့်ကို ဘယ်လိုရှင်းပြရမှန်းမသိဘူးပဲ။ တစ်နေ့နေ့မှာ ဒီလိုအရာမျိုးကို သူမကိုယ်တိုင်ကိုယ်ကျ ဝယ်ရလိမ့်မယ်လို့ တစ်ခါမှ သူမ မတွေးဖူးဘူး။


သူမရဲ့ ဘယ်ဘက်အိတ်ကပ်ထဲက ဘူးလေးက အာလူးပူပူတစ်လုံးလို လောင်မြိုက်နေခဲ့ပြီး သူမနားရွက်တွေ အနီရောင်ဖြန်းနေလေတယ်။


ဒါပေမဲ့ သူမမှာ အခြားဖြေရှင်းလို့ရတဲ့နည်းရော ရှိသေးလို့လား။


သူများတွေရဲ့ရည်းစားကောင်လေးတွေဆို ကြိုကြိုတင်တင်နဲ့ ကောင်းကောင်းပြင်ဆင်ထားကြမှာပဲ၊ သူမရဲ့ တစ်ဦးတည်းသော "ရည်းစားကေင်လေး"ကတော့ သန္ဓေတားဖို့ဆိုတဲ့ သဘောထားအသိ ရှိမှမနေတာပဲ။


ရမ်၏မကြာခဏဖြစ်ပေါ်နေတဲ့ အာသီသတွေနဲ့သာဆို သူမသာ ကြိုပြီးမကာကွယ်ထားဘူးဆိုရင် သူမ မကြာမီမှာပဲ ကိုယ်ဝန်ရသွားတော့မှာပဲ။


ဒါပေမယ့် သူမလည်း ဒီလောက်အရမ်းမြန်မြန်ကြိး ကလေးမရှိချင်သေးဘူး... . .


ကျီရှောင်အုံး၏နှလုံးသားက သပွတ်အူလို ရှုပ်ထွေးနေတော့တယ်။


ကံကောင်းစွာပဲ ရမ်က လူသားကမ္ဘာ၏ ထူးဆန်းမှုကို ကျင့်သားရပြီးနေတာ ဖြစ်နိုင်လေတယ် သူ ဆက်မမေးလိုက်ခဲ့ပေ၊ သူ့အကြည့်က အခြားနေရာတွေဆီ ပြောင်းသွားခဲ့တယ်။ သူ့နောက်က အမြီးကမြေပြင်ဆီ လျော့ယဲစွာ တွဲလောင်ချထားဖို့အတွက် ပြတင်းပေါက်ကိုဖြတ်ကျော်လို့ တွန့်ကွေးနေချင်ပြီး လွှဲရမ်းနေချင်တာကို မစောင့်နိုင်တော့ပေ။


တစ်နေလုံးလုံး အဲဒါကို ဖုံးကွယ်ထားပြီးနောက်မှာတော့ နောက်ဆုံးတွင် အမြီးက အပြင်ထုတ်ခွင့်ရဖို့ အခွင့်ရေးရလာခဲ့တော့တယ်။


ကျီရှောင်အုံး နဂိုကတော့ အိမ်သို့ပဲ တန်းပြန်မလို့လုပ်လိုက်ပေမဲ့ ရမ့်ရဲ့အမြီးကို မြင်လိုက်ရတော့ ပြန်ရောက်တာ ရက်အတော်ကြာနေပြီဖြစ်တာတောင် ခွမ်ခွမ်ကိုခေါ်ဖို့ မသွားရသေးတာကို သူမ သတိရသွားလိုက်တယ်။


ကားကို အမြန် ကွေ့ချိုးလိုက်ရင်း သူမ သူမသူငယ်ချင်းအိမ်ဘက်ကို လှည့်သွားလိုက်တယ်။


သူမသူငယ်ချင်းဖြစ်သူက ခွမ်ခွမ်ကို နှစ်လကြာအောင် ကောင်းကောင်း စောင့်ရှောင်ပေးထားခဲ့တယ်။


ခွမ်ခွမ်က ကျီရှောင်အုံး သူ့ကို စွန့်ပစ်ခဲ့ထားခဲ့တာကို အကြာကြီးနေတော့ မေ့သွားလိုက်ပြီး သူမထွက်ပေါ်လာတဲ့အချိန် သူ မြှောင်လို့ အော်ကာ သူမဆီ မြူးတူးစွာ ပြေးလာလိုက်ခဲ့ပါတယ်။


ကံဆိုးစွာပဲ၊ လက်မောင်းတစ်ဖက်ကြောင့်နဲ့ သူ့ခမျာ လေထဲတွင် ရပ်တန့်သွားလိုက်ရတယ်။


ရမ်၏လက်က ခွမ်ခွမ်၏လည်ပင်းပတ်လည်တွင် ပိတ်လိုက်ပြီး သူ ဒီအရာကို ဂရုမစိုက်ဟန်ဖြင့် ကြည့်ရှုလိုက်ကာ မေးလိုက်တယ်။ "ဒီကြောင်ငတုံးကောင်က ဘယ်သူလဲ" 


လေထဲတွင် ချိတ်ဆွဲခံနေရတဲ့ ခွမ်ခွမ့်ကတော့ မြှောင်လို့ တစာစာအော်နေခဲ့ပြီး သူ့လက်ကနေ လွတ်မြောက်ဖို့ရာ ကြိုးစားရင်း တွဲလောင်းကျနေခဲ့တယ်။


"သူ့နာမည်က ခွမ်ခွမ်လေ သူက ငါ့အိမ်မွေးတိရစ္ဆာန်ပဲ" ကျီရှောင်အုံး ကြောင်ကို သူ့လက်ကနေ ကယ်ဆယ်ချင်နေခဲ့ပြီး သူမ တွေးလိုက်ကာ ထပ်ထည့်ပြောလိုက်တယ်။ "သူက မတုံးပါဘူး။ သူက အရမ်းဉာဏ်ကောင်းတယ်"


"အထီးလား" ရမ် သူ့နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ပြီး အသံက နိမ့်ဆင်းသွားလိုက်တယ်။


စတီယာရင်ဘီးပေါ်ရှိ ကျီရှောင်အုံး၏လက်တွေက နည်းနည်းရပ်တန့်သွားပြီး သူမ ခေါင်းညိတ်လိုက်တယ်။


အဲဒီနောက်တော့ ရမ်က ပြတင်းပေါက်ကိုဖွင့်ပြီး ကြောင်လေးကို ပြတင်းပေါက်ကနေ တည့်တည့်လွှင့်ပစ်ဖို့ သူ့လက်ကို မြှောက်လိုက်တာကို တွေ့လိုက်ရတော့တယ်။


"ရမ်!" ကျီရှောင်အုံးက ကြောက်လန့်တကြားနဲ့ လမ်းဘေးမှာ ကားကို ကမန်းကတန်း ထိုးရပ်လိုက်ရတော့တယ်။ "ခွမ်ခွမ်က ကြောင်လေးတစ်ကောင်ပါပဲ၊ သူက အထီးဆိုရင်တောင် ဘာမှမသိနားမလည်တဲ့ တိရစ္ဆာန်တစ်ကောင် ဖြစ်ရုံသက်သက်ပဲ။ နင် သူ့ကို ဒီလိုမျိုး လုပ်လို့မရဘူး ." သူမ ဒီလိုပြောလိုက်ပြီး ခွမ်ခွမ့်ကို သူ့လက်ထဲကနေ ပြန်ဆွဲယူလိုက်တယ်။ 


"ကိုယ်လည်း တိရစ္ဆာန်တစ်ကောင်ပဲလေ" ရမ်က သူမရဲ့ စိုးရိမ်ပူပန်နေမှုနဲ့ သိသိသာသာကို ဆန့်ကျင်လျက် သူမအား တည့်တည့်ကြည့်လိုက်ပြီး သူမကို သတိပေးလိုက်တယ်။ "ကျားသစ်" 


"ဒါပေမယ့် နင်က ယောက်ျားတစ်ယောက် ဖြစ်လာနိုင်တယ်လေ..." သူမ အလိုအလျောက်ရှင်းပြလိုက်မိပြီး အဲဒီနောက် တစ်ဝက်တစ်ပျက်မှာပဲ ရုတ်တရက် ရမ် ဘာလို့ အာရုံစိုက်နေလဲဆိုတာ သဘောပေါက်သွားလိုက်တယ်။


သူမ ခွမ်ခွမ်အား ကားနောက်ခန်း ထိုင်ခုံတွင်နေရာချလိုက်ပြီး မည်းနက်တဲ့မျက်လုံးတွေက သူ့ကို လှည့်ကြည့်လိုက်ကာ "ပြီးတော့ နင်က ခွမ့်ခွမ့်လိုမှ မဟုတ်တာ"


ရမ့် မျက်လုံးတွေက ကျဉ်းမြောင်းသွားလိုက်ပြီး "ကိုယ်တို့က ဘယ်နေရာမှာ မတူနေလို့လဲ"


"ခွမ်ခွမ်က ငါ့အိမ်မွေးတိရစ္ဆာန်ပဲ" ကျီရှောင်အုံး သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့နောက်ထပ် ပြောလိုက်တဲ့စကားကြောင့် ရှက်သွားလိုက်ပုံ ပေါက်သွားလိုက်တယ်။ "နင်က ငါ့အနှစ်သက်ရဆုံးလူပဲ..."


ခြောက်သွေ့နေတဲ့ သဲကန္တာရထဲမှာ ရုတ်တရက် ကျဆင်းလာတဲ့ မိုးပေါက်လေးတွေလို ကောင်မလေး၏ပါးပြင်က နီမြန်းတဲ့အလွှာတစ်လွှာက အရောင်ဆိုးသွားလိုက်ကာ သူ့ရဲ့ခြောက်ကပ်ကပ် နှလုံးအိမ်ကို ချက်ချင်းဆိုသလို အဟာရပြည့်ဝသွားစေလိုက်တယ်။


ရမ် သူမလေးရဲ့ ခါးနဲ့ခြေထောက်တွေကို ပွေ့ကိုင်လိုက်ပြီးနောက် သူမလေးရဲ့ ပါးစပ်ထောင့်စွန်းအား နမ်းရှိုက်လိုက်ကာ မျက်နှာထားတင်းမာစွာနဲ့ မေးလိုက်တယ်။ "ဘယ်လောက်တောင်မှလဲ" 


ကျီရှောင်အုံး အနမ်းက ယားယံစွာနဲ့ သူမခေါင်းကို ငုံ့ထားလိုက်ပြီး သူမ ရှက်စနိုး ပြန်ဖြေလိုက်တယ်။ "နင့် ကို မပြောပြဘူး" 


ရမ် သူမလေးရဲ့နှုတ်ခမ်းသားတွေကို နမ်းရှိုက်လိုက်ပြီး သူမပါးစပ်ထဲသို့ ရစ်ပတ်ဝင်လိုက်ကာ ကိုက်ခဲဖို့အတွက် သူမရဲ့နူးညံ့တဲ့လျှာလေးကို စူးစမ်းရှာဖွေလိုက်တယ်။


ကျီရှောင်အုံး ပင့်သက်ရှိုက်လိုက်ပြီး သူမလက်တွေကို မြှောက်ကာ သူ့ကို တွန်းထုတ်လိုက်ပေမဲ့ ပိုလို့ပင် ပြင်းပြင်းရှရှ အနမ်းခံခဲ့ရလေတယ်။


အချိန်အတော်ကြာပြီးသည့်နောက် နောက်ဆုံးတော့ ရမ် သူမကို လွှတ်ပေးလိုက်ပြီး တိုးညှင်းကာ အသံမထွက်လုနီးပါး အသံဖြင့် ထပ်မေးလိုက်ခဲ့တယ်။ "ဟုတ်ပါပြီ ကိုယ့်ကိုပြောပါဦး" 


ကျီရှောင်အုံး သူ့အနမ်းကြောင့် ရီဝေနေခဲ့ပြီး သူမပါးပြင်တွေအား သူ့ရင်ဘတ်တွင် ကပ်လိုက်ကာ အလိုအလျောက် ရိုးရိုးသားသား ဖြေလိုက်တယ်။ "ထူးခြားတယ် . . ."


"အဲဒီ ကြောင်ငတုံးနဲ့ ယှဉ်ရင်ရော"


ကျီရှောင်အုံး သူမရဲ့နီမြန်းတဲ့မျက်နှာလေးကို သူ့ရင်ဘတ်မှာ ဖိကပ်လိုက်ပြီး တိုးတိုးပြောလိုက်တယ်။ "မတူဘူး" 


ရမ်က သူ့မျက်ခုံးရိုးတွေကို ပင့်လိုက်ပြီး ကလေးလေးက ဘယ်နေရာမှာ မတူလဲဆိုတာ ရှင်းပြပေးဖို့ စောင့်ဆိုင်းနေလိုက်တယ်။


ကျီရှောင်အုံး ရှင်းပြလိုက်၏။ "နင်က ငါ့ချစ်သူလေ အိမ်မွေးတိရစ္ဆာန်တစ်ကောင်နဲ့ နှိုင်းလို့မှမရတာ။"


ရမ် ဒီနာမည်ကို ကျေနပ်မှုမရှိပေမဲ့ သူ အတူတူရှိရတာ ပျော်နေခဲ့တယ်။ ခွဲနေရရင် သူ ပျော်မှာ မဟုတ်ဘူးပဲ။ "မင်းတို့လူသားတွေမှာ အိမ်ထောင်ဖက်အတွက် ဒီနာမည်အပြင် နာမည်ရှိသေးလား"


ကျီရှောင်အုံး ခဏရပ်သွားလိုက်ပြီး "ရှိတယ်"


"အဲဒါ ဘာလဲ"


ကျီရှောင်အုံး အဲဒါကို တွေးတောမိလိုက်ပြီး သူမနားရွက်တွေက လျင်မြန်စွာဖြင့် ပန်းရောင် အလွှာတစ်ခု စိမ့်ဝင်သွားလိုက်ကာ သူမ သူမပါးစပ်ကို ဖွင့်လှစ်လိုက်ခဲ့တယ်။ သူမ အဲဒီစကားလုံးကို တစ်ချိန်လုံး ပြောမယ်လုပ်ပေမဲ့ ပြောမထွက်တော့ပေ။


"ငါ နောက်မှ နင့်ကို ပြောမယ်" သူမ အရှက်သည်းစွာ ပြောလိုက်တယ်။


"... "


. . .


ကျီရှောင်အုံးရဲ့ ရင်ကြားစေ့ရေး ညှိနှိုင်းဆောင်ရွက်မှုအောက်တွင်တော့ ရမ် နောက်ဆုံးတွင် ခွမ်ခွမ်အား ကားမှန်ပြတင်းပေါက်အပြင်သို့ လွှင့်ပစ်ခြင်းကနေ ရပ်တန့်လိုက်ခဲ့တော့တယ်။ 


သို့ပေမဲ့က ကြောင်နှစ်ကောင်အဖို့ အမိုးတစ်ခုတည်းအောက်မှာ နေထိုင်ဖို့ ဖြစ်တည်လာပြီး အဲဒါက ချောချောမွေ့မွေ့တော့ ရွက်မလွှင့်နိုင်ခဲ့ချေ။


ရမ်က သူ့အား ပစ်ထုတ်လုနီးပါးလုပ်ခဲ့တာကို ခွမ်ခွမ် သိနေမလားဆိုတာတော့ သူမ သိချင်သွားမိတယ်၊ ဒါပေမဲ့ ခွမ်ခွမ်က ရမ့်အား အရမ်းကြောက်နေတဲ့ပုံပဲ။ 


အရင်တုန်းကဆို ခွမ်ခွမ် အိမ်ပြန်ရောက်တဲ့အချိန်ဆို သူ အရင်ဆုံး ဆိုဖာခုံကို သိမ်းပိုက်ခဲ့ပေမဲ့ အခု ဒီနေ့တော့ သူ ဆိုဖာခုံကနေ အဝေးမှာ ပုန်းအောင်းနေခဲ့တယ်။ ရမ် ထိုင်နေတဲ့ ဆိုဖာခုံကိုတော့ သူ မချဉ်းကပ်ရဲဘူးပဲ။


ကျီရှောင်အုံး ဆက်ကြည်မနေနိုင်တော့ဘဲ ရေချိုးပြီးတာနဲ့ ခွမ်ခွမ့်ကိုပါ ရေချိုးပေးလိုက်ခဲ့တယ်။ အဲဒီနောက် ရမ် သူ့ကို အနိုင်ကျင့်မှာစိုးတာကြောင့် သူ့ကို လွှတ်ပေးလိုက်ပြီး စောစောအိပ်ခိုင်းလိုက်တော့မယ်။


သူ့ကို ရေချိုးပေးပြီးတော့ သူမ ဆံပင်အခြောက်ခံစက်ကို ယူဖို့ လှည့်လိုက်ခဲ့ပေမဲ့ သူမ ပြန်လှည့်ကြည့်လိုက်တော့ သူက ဝရန်တာဘက်ကို ပြေးထွက်သွားလိုက်တယ်။


သူ့ခန္တာကိုယ်က ရေတွေရွှဲစိုကာ တစ်စက်စက်ကျနေပြီး သူ့ပယင်းရောင်မျက်လုံးတွေက ပြူးကျယ်နေခဲ့ကာ ဝရန်တာပေါ်မှာ သူ ခိုက်ခိုက်တုန်ရီနေခဲ့တယ်။


ကျီရှောင်အုံး : " ..."


ကျီရှောင်အုံး ဘေးတွင် ထိုင်နေတဲ့ ရမ့်ကို ကြည့်ပြီးတော့ အနည်းငယ်လေး ခေါင်းခဲသွားတော့တယ်။ "ရမ် နင် သူ့ကို ဒီကနေ ထွက်သွားအောင်လို့ ခြောက်လိုက်တာလား"


ရမ် ခြေထောက်တစ်ဖက်ကို ခေါက်လိုက်ပြီး မေးစေ့ကို ထောက်ကာ ဝန်လည်းဝန်မခံသလို ငြင်းလည်းမငြင်းခဲ့ပေ။


ကျီရှောင်အုံး ကူရာမဲ့သွားတော့လေတယ်။ သူမ လသာဆောင်ဘက်ကို လှည့်လိုက်ပြီး လက်ယက်ခေါ်လိုက်တယ်။ "ခွမ်ခွမ့် လာခဲ့။ ငါ နင့်ကို ခြောက်အောင် မှုတ်ပေးမယ်"


ခွမ်ခွမ်က နှစ်ကြိမ်မျှ မြှောင်လို့ အော်လိုက်ပြီး သူမဆီသို့ လျှောက်လာလိုက်တယ်။


သူ ခြေတစ်လှမ်း လှမ်းလိုက်ချိန်မှာပဲ ဘေးက အေးစက်စက်မျက်လုံးတွေက အကြည့်လွှဲတော့ သူ့အား နောက်ကို ကြောက်လန့်တကြားနဲ့ ချက်ချင်း နောက်ပြန်ဆုတ်သွားစေလိုက်ကာ လသာဆောင်တွင် သွားပုန်းလိုက်တော့တယ်။


ကျီရှောင်အုံးက ကန့်ကွက်လိုက်ခဲ့တယ်။ "ရမ် သူ့ကို မခြောက်ပါနဲ့တော့။ သူ အရမ်းကြောက်သွားပြီ"


ရမ် နောက်ဆုံးတော့ မော့ကြည့်လိုက်ပြီး သူ့မျက်လုံးပြာပြာတွေက သူမအား ဆိတ်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး "အဲဒီကောင်ကို မင်း ဘာလို့ရေချိုးပေးရတာလဲ"


ကျီရှောင်အုံး အထစ်ထစ် အငေါ့ငေါ့နဲ့ "ဘာလို့လဲဆို သူမှ မချိုးတတ်တာ..."


"မင်း ကိုယ့်ကိုကျတော့ ရေချိုးဖို့ မကူပေးဘူး" ရမ် သူ့မျက်နှာအမူအရာမပြောင်းဘဲ သူ့အသံက ပိုလို့ပင် တည်ငြိမ်သွားလိုက်ကာ "ကိုယ်လည်း မချိုးတတ်ဘူးလေ"


ကျီရှောင်အုံး : " ..."


ပထမဆုံးရောက်တဲ့နေ့ အစောပိုင်းတည်းက ကျီရှောင်အုံး သူ့ကို အိမ်သာနဲ့ ရေချိုးခန်း ရေပန်းပိုက်တွေ ဘယ်လိုသုံးရမယ်ဆိုတာ သင်ပေးပြီးသွားပြီပဲလေ။ 


သူ လျင်လျင်မြန်မြန်တတ်မြောက်သွားခဲ့ပြီး သူမ သူ့ကို နောက်တစ်ခါ ထပ်သင်ပေးဖို့ မလိုခဲ့တော့ပေ။


ဒါပေမဲ့ အခုတော့ သူက ဒီလို အလေးအနက် မျက်နှာထားတစ်ခုနဲ့ "မတတ်ဘူး"လို့ ပြောလာလေတယ်၊ ကျီရှောင်အုံးတောင် သူ့ကို ယုံလိုက်မိလုနီးပါးပဲ။


ဒါကြောင့်မို့ "တရားမျှတခြင်း"ကို ထင်ဟပ်စေဖို့အတွက် ကြောက်ပေါက်လေးကို ရေကူချိုးပြီးနောက် ကျီရှောင်အုံး သူ့လို ကြောင်ပေါက်ကြီးကို ရေကူချိုးပေးဖို့ လိုလာလေပြီ‌။


ဒါပေမယ့်က ရေချိုးခန်းက သေးငယ်ပြီး ရေငွေ့တွေက အကုန်လုံး ပိတ်ကွယ်နေခဲ့တော့ ရေချိုးရင်းနဲ့ မတော်တဆမှုတစ်ခု ရှိသွားဖို့က လွယ်ကူလေတယ်။


ကျီရှောင်အုံး ရေချိုးခန်းထဲကနေ ရမ်ရဲ့ သယ်လာခြင်းကို ခံခဲ့ပြီး သူမရဲ့လဲထားတဲ ညဝတ်အင်္ကျီအသစ်က စိုရွှဲနေခဲ့ပြီး သူမရဲ့ကိုယ်ကောက်ကြောင်းတွေကို တင်းတင်းကျပ်အောင် ချပ်ကပ်သွားလိုက်ခဲ့တယ်။ လောလောလတ်လတ်လေးကမှ ခူးဆွတ်ထားတဲ့ မက်မွန်သီးလေးတစ်လုံးလိုပင်။


ရမ်က သူမကို ကုတင်ပေါ် လှဲချပေးလိုက်ပြီး သူ့ကိုယ်ကို ကိုင်းညွှတ်ကာ သူ့ပါးစပ်ကာ သူမအား တစ်ဖန် ဖိကပ်လိုက်ပြန်လေတယ်။


ရမ် တစ်ဖန် ဝင်ရောက်မလို့လုပ်လိုက်ချိန် ကျီရှောင်အုံး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားလိုက်ပြီး အရေးတကြီး လှည့်ကာပြောလိုက်တယ်။ "ရမ် ခဏလေး... ခဏလေးနေဦး" 


သူမ ရမ့်ကိုယ်လုံး အောက်ကနေ တိုးဝှေ့ထွက်လိုက်ပြီး ကုတင်ဘေးက စားပွဲခုံအံဆွဲအား ဖွင့်လိုက်ကာ ဒီနေ့စောစောက သူမ ဝယ်ခဲ့တဲ့ အရာကို ထုတ်လိုက်ပြီး ရှက်သွေးဖြာစွာနဲ့ ပြောလိုက်တယ် "ဒါကို ဝတ်ပေး..." 


ရမ် မျက်မှောင်ကြုတ်ကာ ထိုအရာကို ကြည့်လိုက်ပြီး"ဒါက ဘာကြီးလဲ"


"နင် ဒါကို အရင်စွတ်..."


ခဏကြာပြီးနောက် ရမ် အသံထွက်လာ၏။ "ဘယ်လိုစွတ်ကမှာလဲ"


. . .


ရမ် စိတ်မရှည်တော့ပေ။ "အရမ်းကြပ်တယ်"


"စွတ်လို့မရဘူး"


"မင်းတို့လူသားတွေက ဒီလိုပစ္စည်းတွေ စွတ်ရတာ ကြိုက်တာပဲလား"


. . .


. . .


*


နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး စာအုပ်တစ်အုပ်ယူဖို့ ကျောင်းကို သွားလိုက်ခဲ့ပြီး ငွေထုတ်ဖို့အတွက် စာရွက်စာတမ်းတွေ ကိုင်တွယ်လိုက်ခဲ့တယ်။ သူမခြေထောက်တွေက အရမ်းပျော့ခွေနေခဲ့ပြီး သူမမှာ ကားတောင် မမောင်းနိုင်လုနီးပါပင်။


မနေ့ညက ကွန်ဒုံးဘူးက အသုံးမဝင်လိုက်ခဲ့ပေ။ ရမ်က နောက်ဆုံးတော့ သူတို့ကို လက်မခံခဲ့ဘဲ သူတို့အား အမှိုက်ပုံးထဲကိုသာ ပစ်ပေါက်လိုက်ခဲ့တယ်။


သူ ကွန်ဒုံးသုံးနည်းကို သင်ယူလိုက်ပြီး‌ သူမအား အညှာတာကင်းမဲ့စွာနဲ့ မှောက်လှန်လိုက်ခဲ့ပါတယ်။


ကျီရှောင်အုံးက "သူ့မျိုးဆက်ကို မမွေးချင်ဘူး" ဆိုတာက "ချက်ချင်းကြီး ကလေးမမွေးချင်ဘူး" လို့ဆိုတာကို သူ့ကို ဘယ်လိုပဲ ရှင်းပြပါစေ အသုံးမဝင်လိုက်ခဲ့ပါပေ။


နောက်ပိုင်းမှာ သူမ များစွာငိုကြွေးခဲ့ရပြီး သူမခေါင်းအုံးက သူမမျက်ရည်တွေနဲ့ စိုရွှဲနေတော့တယ်။ ရမ်က သူမမျက်ရည်တွေကို လျက်ပေးလိုက်ခဲ့ရတယ်။


ဒါ့ကြောင့်မို့ အဲဒီနေ့ မနက်စောစော အိပ်ရာက နိုးလာချိန်မှာတော့ သူမမျက်လုံးတွေက နီရဲပြီး ဖူးရောင်နေခဲ့တော့တယ်။ အရောင်ကျအောင်လို့ သူမ အကြာကြီး ရေခဲကပ်ပေးလိုက်ခဲ့ပါတယ်။


လမ်းပေါ်တွင်တော့ သူမခြေထောက်တွေ အားနည်းနေတာကြောင့် ကျီရှောင်အုံး ဘရိတ်ကို နင်းရမဲ့အစား လေကိုပဲ အကြိမ်တော်တော်များများ နင်းလိုက်မိပြီး ကားမတော်တဆ ဖြစ်လုနီးပါး ဖြစ်သွားလိုက်ခဲ့တယ်။


သုံးကြိမ်တိုင်တိုင် အမှားအယွင်းဖြစ်ခဲ့ပြီးနောက် ရမ် နောက်ထပ် သည်းမခံနိုင်တော့ဘဲ မေးလိုက်တယ်။ "ကိုယ် မင်းကို ကူမောင်းပေးရမလား"


ကျီရှောင်အုံးက သူ့ကို ထူးဆန်းအံ့ဩစွာနဲ့ ကြည့်လိုက်ပြီး "နင်က ကားဘယ်လိုမောင်းရမလဲ သိလို့လား"


ရမ် မျက်ခုံးပင့်လိုက်ပြီး "အဲဒီလောက်လဲ မခက်ပါဘူး" သူ သူမမောင်းတာကို အကြိမ်များစွာ ကြည့်ရှုခဲ့ပြီး သဘောတရားပိုင်းမှာ အတော်အသင့် ကျွမ်းကျင်နေလေပြီ။


ကျီရှောင်အုံး အနည်းငယ်လေး အံဩသွားလိုက်တယ်။ သူမတောင်မှ သုံးလလောက် သင်ခဲ့ရတာလေ သူက ရက်ပိုင်းလောက်နဲ့ ဘယ်လိုလုပ်ပြီး သိနေရတာလဲ။


ဒီလိုဆိုတောင် ကျီရှောင်အုံး သူ့ကို ကားစတီယာရင်ဘီးကို မပေးရဲပါဘူး။


ရမ့်မှာက ယဉ်မောင်းလိုင်စင်မှ မရှိတာပဲ။ တကယ်လို့ သာဖမ်းမိခံရရင် သူ့မှာ မှတ်ပုံတင်ကတ်ပြားမရှိတာ.... အကျိုးဆက်တွေက ဆိုးဝါးသွားတော့မှာပဲ။


ကျီရှောင်အုံး ကျောင်းကို ဟိုတိုက် ဒီတိုက်နဲ့ သွားလိုက်ရပြီး အဲဒီနောက် ရမ့်ကို မည်သည့်အန္တရာယ်မှ အဖြစ်မခံလိုက်ခဲ့ပေ။


သူမ ကျောင်းကိုရောက်တော့ ၁၁ နာရီတောင် ထိုးနေလေပြီ။


ကျီရှောင်အုံး ကားကို အပြင်ဘက်မှာ ပါကင်ထိုးလိုက်ပြီး ရမ့်ကို ကားထဲမှာပဲ သူမကို ထိုင်စောင့်နေခိုင်းလိုက်တယ်။


စာအုပ်ရယူဖို့ အသင့်ပြင်နေတဲ့သူတွေက ကျီရှောင်အုံး ထင်ထားတာထက် ပိုများနေခဲ့တယ်။ သူမရဲ့ညဘက် နောက်ကျမှုနဲ့အတူတူ သူမ တစ်နာရီကြာအောင် တန်းစီစောင့်လိုက်ရတယ်။


စာအုပ်ရလိုက်ပြီးနောက် ကျီရှောင်အုံး အချိန်ကို နီးကပ်စွာ အာရုံစိုက်ထားပြီး ငွေသွင်းငွေထုတ် လုပ်ဖို့အတွက် သူမရဲ့အိပ်ဆောင်ကို ပြန်သွားလိုက်ခဲ့တယ်။


ကျောင်းက ကျောင်းသားတွေကို အဆောင်မှာနေဖို့ ဖိအားမပေးတာကြောင့် ကျီရှောင်အုံး အဲဒါကို ချောမွေ့စွာ ပြီးစီးအောင် စီမံနိုင်ခဲ့ပါတယ်။ 


အားလုံးပြီးစီးသွားလိုက်ပြီးနောက် ကျီရှောင်အုံး ကျောင်း ဝင်ပေါက်ဆီသို့ ဦးတည်သွားမလို့ လုပ်လိုက်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ အခန်းဖော်က အောက်ထပ်ကို ဆင်းလာပြီး သူမကို ပျော်ရွှင်စွာနဲ့ လှမ်းခေါ်လိုက်ခဲ့ပါတယ်။


အခန်းဖော်သူငယ်ချင်းနဲ့ ကျီရှောင်အုံး ဘေးချင်းကပ်ရက် လမ်းအတူ လျှောက်လာကြရင်း လမ်းတလျှောက်တွင် ကျီရှောင်အုံးအကြောင်းအား ပြောဆိုလိုက်ခဲ့တယ်။ "ရှောင်အုံး နင်ဘာလို့ ဒီလောက်ရက်အကြာကြီး အားလပ်ရက် တောင်းတာလဲ။ နင် ဒီစာသင်နှစ်ကို မတက်တော့ဘူးလား။ နင် ဘယ်တွေ သွားမလို့လဲ။ နင့်အိမ်မှာ တစ်ခုခုဖြစ်လို့လား"


ကျီရှောင်အုံးက ခေါင်းခါပြလိုက်ပေမဲ့ သူမကို အမှန်အတိုင်း မပြောနိုင်တာကြောင့် သူမ ဒီလိုသာ ပြောလိုက်ရတယ်။ "မဟုတ်ပါဘူး ငါ့မှာ အခြားကိစ္စတစ်ခုရှိလို့ပါ" 


အခြားမေးခွန်းနည်းနည်းမေးလိုက်ပြီးနောက် အခန်းဖော်သူငယ်ချင်းက နောက်ဆုံးတော့ အဖြစ်မှန်ကို လက်ခံလိုက်ခဲ့ပြီး ဝမ်းနည်းစွာနဲ့ ကျီရှောင်အုံးရဲ့ ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ညည်းညူလိုက်တယ် "နင် သွားလိုက်ရင် ဘယ်သူက ငါ့ကို ကူပြီး အိပ်ရာနှိုးပေးတော့မှလဲ ဘယ်သူက ငါ့ ထိုင်ခုံဦးပေးတော့မှာလဲ ငါ့ကို ဘယ်သူက လာထမင်းကျွေးတော့မှာလဲ အာ... "


ကျီရှောင်အုံး တခစ်ခစ်ရယ်လိုက်ပြီး သူမအား တခြားအခန်းဖော်နှစ်ယောက်ရဲ့ နာမည်ကို ပြောလိုက်ကာ "သူတို့ကရော ဒီမှာ မရှိလို့လား"


"အဲဒီ အပျင်းကြီးတဲ့ တည်သီးနှစ်လုံးကလေ သူတို့တွေ စောစောထကြမှာမဟုတ်ဘူး၊ နေ အနောက်ရပ်ကနေ ပွင့်မှပဲ သူတို့ကို ကောင်းကောင်းမျှော်လင့်လို့ရမှာ........."


. . .


ကောင်မလေးနှစ်ယောက်က ရယ်ရယ်မောမော တစ်လမ်းလုံး လမ်းလျှောက်လာကြပြီး သူတို့တွေ ကျောင်းတံခါးဆီ ရောက်လာလိုက်တော့ ရှေ့ကနေ ဆူညံသံကြားလိုက်ရတယ်။


နှစ်ယောက်သား လှမ်းကြည့်လိုက်တော့ ကျောင်းဂိတ်ပေါက်ဝမှာ ကျောင်းသားတွေ ကြောက်လန့်တကြားနဲ့ ခွေးကို ရှောင်တိမ်းနေကြတာကို တွေ့လိုက်ရတယ်။


အဲဒီနေရာတွင်တော့ ခွေးရိုင်းကြီးတစ်ကောင်က သူ့တွေတွေကို ထုတ်ဖော်၍ မာန်ဖီကာ ထိုးဟောင်နေခဲ့တယ်။


ခွေးက ကျောင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ခွေးဖြစ်ပြီး အလွန်လည်း ရန်လိုတတ်သူဖြစ်တယ်။ များသောအားဖြင့် ကျောင်းသားတွေက အဲဒီခွေးကို တွေ့တာနဲ့ တမင်ရှောင်ကွင်းသွားကြတာပင်။


ဒီနေ့တွင်တော့ ထူးထူးခြားခြား ခွေးရိုင်းက ရုတ်တရက်ကြီး ကျောင်းဂိတ်ပေါက်ဝကို သွားကာ လူတစ်ယောက်အား အခြားသူငှာတွေထက် ထိုးဟောင်နေခဲ့တယ်။


ခွေးနဲ့ ဆန့်ကျင်ဘက်တွင်တော့ အနက်ရောင် ကုတ်အင်္ကျီတစ်ထည် ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးရှိနေခဲ့ပြီး ကျောင်းဂိတ်ပေါက်ဝကို မှီထားရင်းနဲ့ သူ့ခြေတံရှည်ရှည်တွေက မြေကြီးပေါ်မှာ ထောက်ကန်ထားခဲ့ကာ သူ့နံဖူးကမ်းပါးက အေးစက်ပြီး ခံစားမှုကင်းမဲ့နေခဲ့ပါတယ်။


သူ့ကိုကြည့်ရတာ တစ်ယောက်ယောက်ကို စောင့်နေပုံရပြီး သူ့မျက်လုံးပြာတွေက လူအုပ်ကြားထဲတွင် အနည်းငယ် လှည့်လည်နေခဲ့ပြီး ပျင်းရိနေခဲ့တယ်။


ခွေးက သူ့ရှေ့မှာ ကျယ်လောင်စွာ ဟောင်နေပေမယ့် မျက်စိတွေက ထိုသူ့အပေါ်တွင် မတင်ရဲခဲ့ပေ။


ခွေးသွားတွေက သူ့အနီးသို့ မရောက်သေးခင် သူ သူ့ခြေထောက်ကို မြှောက်ကာ ခွေးခေါင်းပေါ်ကို နင်းလိုက်ခဲ့တယ်။


ခွေးက သူ့ရှေ့ခြေဖဝါးတွေကို တွန်းတင်၍ နေရာကနေရွေ့ဖို့လုပ်လိုက်ပေမဲ့ လှုပ်ရှားလို့ မရနိုင်ခဲ့ပေ။


"ဝုတ် ဝုတ်--"


နောက်ဆုံးတွင် ထိုလူက ခွေးပေါ်တွင် အကြည့်ကျောက်ချလိုက်ကာ ငြင်းပယ်လို့မရနိုင်တဲ့ ခြိမ်းခြောက်မှုဖြင့် အလွန်နှိမ့်တဲ့အသံတစ်သံ ထုတ်လွှတ်လိုက်ခဲ့တယ် "ထွက်သားစမ်း" 


တောခွေးရိုင်းရဲ့ မျက်လုံးတွေက တုန်လှုပ်သွားလိုက်ကာ ဟောင်သံတွေတောင် ရပ်တန့်သွားခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ရက်စက်ခက်ထန်တဲ့မျက်လုံးတွေကို ချလိုက်ကာ သူ့အမြီးကို ကုတ်၍ တိတ်ဆိတ်စွာ ဟောင်လိုက်ခဲ့တယ်။


ထိုယောက်ျားက ခွေးဆီကို သူ့မျက်လုံးတွေ အောက်စိုက်ကြည့်လိုက်ကာ ခွေးရဲ့ အသံနိမ့်နိမ့်အား နားထောင်လိုက်ခဲ့တယ်။ ခွေးက ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်သွားလိုက်ကာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ ပြန်ထွက်ပြေးသွားလိုက်ခဲ့တယ်။


—မသိလိုက်ရင် နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေက သူ့နောက်ကို လိုက်နေတဲ့အတိုင်းပင်။


. . .


ကျီရှောင်အုံး၏ အခန်းဖော်သူငယ်ချင်းက သူမကို လက်မောင်းကိုတွဲကာ ဆွဲခေါ်သွားလိုက်ပြီး "ရှောင်အုံး အဲဒီလူချောလေးကို ကြည့်ပါဦး......"


ကျီရှောင်အုံး သူမမျက်စိရှေ့မှာ ဖြစ်ရပ်က သဘာဝအတိုင်း တည်ရှိလိုက်ပေမဲ့ သူမကတော့ သူမအခန်းဖော်တွေးတာနဲ့ ကွဲပြားခြားနားစွာ တွေးတောလိုက်ခဲ့တယ်။


ကျားသစ်တစ်ကောင်က ပြေးထွက်လာခဲ့ပြီး တောခွေးကလည်း ရှုးသွပ်သွားခဲ့ကာ..... ရမ် ဒီကမ္ဘာကိုရောက်တဲ့အချိန်တည်းက သူတို့တွေ စိတ်ရှုးပေါက်သွားတာလား။


အခန်းဖော်သူငယ်ချင်းရဲ့ အသံက ဆက်လက် ထွက်ပေါ်လာလိုက်ကာ "အား..အား..အား သူ ငါတို့ကို ကြည့်နေတယ်..."


သူမအခန်းဖော်သူငယ်ချင်းတင်မကဘဲ သူမတို့ပတ်လည်က မိန်းကလေးတော်တော်များများလည်း မတည်ငြိမ် နိုင်ကြတော့ပါပေ။


သူက ကုတ်အင်္ကျီတစ်ထည်ပဲ ဝတ်ထားတာတောင် ရမ့်ခန္ဓာကိုယ်ရဲ့ သားရဲသဘာဝကို ဖုံးကွယ်ထားလို့မရနိုင်ပေ။


ဆိုင်းတန့်နေတဲ့ သားရဲအသွင်ကို ကွယ်ဝှက်ဖို့ တောင့်တင်းသန်မာတဲ့ မျက်နှာစာလို တစ်စုံတစ်ယောက်၏ လည်ပင်းကို အချိန်မရွေး ကိုက်ဖြတ်ပစ်နိုင်လေ၏။


သို့ပေမဲ့ ဒီအန္တရာယ်ကိုက အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအရှိဆုံး ဖြစ်နေလေတယ်။


ကျီရှောင်အုံး ပြုံးလိုက်ပြီး သူ့ဆီ လျှောက်သွားလိုက်တယ်။ ရုတ်​တရက်​ ​ကောင်​​လေးတစ်​​ယောက်က​ သူ့လက်​ထဲတွင် ဘတ်​စကတ်​​ဘောတစ်​လုံးကို ကိုင်​ပြီး သူမအနားကို ရောက်လာလိုက်တယ်​။ သူက အားကစားကွင်းကနေ ငုံ့ကြည့်လိုက်တော့ ကျီရှောင်အုံးကို မြင်လိုက်ခဲ့တာဖြစ်တယ်။ "မမ ဘယ်သွားမလို့လဲ။ ကျွန်တော် မမ စာအုပ်တွေ ကူသယ်ပေးမယ်လေ" 


ကျီရှောင်အုံး နောက်ပြန်ဆုတ်သွားလိုက်တယ်။ သူမ သူ့ကို မသိတာမို့ သူမခေါင်းကို ခါရမ်းလိုက်ပြီး ပြောလိုက်တယ်။ "မလိုဘူး ငါ့ဘာသာငါ သယ်နိုင်ပါတယ်..."


"စာအုပ်တွေ ဒီလောက်များတာ မမ မပင်ပန်းဘူးလား" ကောင်လေးက အလွန် စိတ်အားထက်သန်နေပြီး သူမလက်ထဲက စာအုပ်တွေကို ယူချင်လိုက်ခဲ့ကာ "ဒီလိုအရာမျိုးက ယောက်ျားလေးတွေကိုပဲ လုပ်ခိုင်းလိုက်ပါလား"


အခန်းဖော်သူငယ်ချင်းက စိတ်လှုပ်ရှားစွာနဲ့ ပွဲကြည့်ဖို့ ဘေးဘက်သို့ အလိုအလျောက် ဆုတ်လိုက်ခဲ့တယ်။


သူမ ကျီရှောင်အုံးနဲ့ အပြင်ထွက်တဲ့အချိန်တိုင်း သူမတို့တွေ ယောက်ျားလေး တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်လောက်က အမြဲတွေ့နေတာပဲ၊ ဒါက အံ့သြစရာတော့ မဟုတ်ခဲ့ပေ။


ဒီတစ်ကြိမ်မှာတော့ ကောင်လေးက တော်တော်ကလေး ခါထုတ်ဖို့ခက်နေပြီး ကျီရှောင်အုံးက "မလိုဘူးလို့" လို့ အကြိမ်ကြိမ်ပြောတာတောင် သူ ထွက်သွားဖို့ ငြင်းဆန်နေတုန်းပင်။


"မမ ဘယ်ကို သွားမှာလဲ။ ကျွန်တော့်ကားက အပြင်မှာ ပါကင်ထိုးထားတာ ကျွန်တော် ဘာလို့ လိုက်မပို့ရမှာလဲ" သူ မေးလိုက်၏။


ကျီရှောင်အုံးက ငြင်းပယ်ဖို့ ကြိုးပမ်းလိုက်တယ်။ "ငါ့ချစ်သူက ငါ့ကို အပြင်မှာ စောင့်နေတယ်" ဂိတ်ပေါက်ဝက အမျိုးသားက နေရာကနေ ခြေကြွလိုက်ကာ လျှောက်လာလိုက်တယ်။ 


ကောင်လေးက သူမကို စာအုပ်တွေ ကူသယ်ပေးဖို့ မရမက တောင်းဆိုနေတုန်းပင်။ "မမ မမဖုန်းနံပါတ် ချန်ထားခဲ့လို့ရမလား။ အဆင်ပြေရင် ငါ မင်းကို အဆက်သွယ်လုပ်ချင်တယ်..."


"စိတ်မကောင်းပါဘူး အဆင်မပြေနိုင်ဘူး" လေသံနှိမ့်ပြီး အေးစက်တဲ့ ငြင်းဆိုသံက ခေါင်းထက်မှ ထွက်ပေါ်လာလိုက်တယ်။ ရမ် လက်တစ်ဖက်နဲ့ ကောင်လေး၏ လက်မောင်းတစ်ဖက်ကို ဆွဲလိုက်ပြီး နောက်လက်တစ်ဖက်က ကျီရှောင်အုံး၏ စာအုပ်တွေကို ယူလိုက်ခဲ့တယ်။ သူ၏ အေးတိအေးစက်အကြည့်က လွှမ်းခြုံသွားလိုက်ကာ အေးစက်တဲ့ ဆောင်းရာသီက လေပြေတွေကို ဖြတ်ကာ မှုတ်ထုတ်လိုက်တယ်။ "သူနဲ့ ဝေးဝေးနေ၊ မဟုတ်လို့ကတော့ ငါ မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး"


ကောင်လေး၏လက်မောင်းက ဖိညှစ်ခံလိုက်ပြီးတော့ သူ အံအားသင့်စွာ မေးလိုက်တယ်။ "ခင်ဗျားက ဘယ်သူလဲ" 


"သူ့အိမ်ထောင်ဖက်" ရမ်က ဒီစကားကို ချန်ခဲ့လိုက်ပြီးတော့ ကျီရှောင်အုံးရဲ့လက်ကို ဆွဲကာ ကျောင်းအပြင်ဘက်သို့ လျှောက်သွားလိုက်ခဲ့တယ်။


ကျီရှောင်အုံး ရမ်ရဲ့နောက်ကနေ ခြေလှမ်းခပ်သွက်သွက်နဲ့ လိုက်ပါသွားတာက ဂိတ်ပေါက်ဝသို့ ရောက်သည်အထိပင်၊ နောက်တော့မှ သူမအခန်းဖော်သူငယ်ချင်းတွေကို လက်ဝေ့ရမ်းကာ နှုတ်ဆက်ဖို့ သတိရသွားလိုက်တော့တယ်။


ကားထဲတွင်တော့ ရမ်၏မျက်နှာက အရမ်းမကောင်းပေ၊ သူ့မျက်ခုံးရိုးတွေက တွန့်ခေါက်စွာနဲ့ "ဒီလူမိုက်က ဘယ်သူလဲ"


ကျီရှောင်အုံးက ရိုးသားစွာဖြင့် သူမခေါင်းကို ခါရမ်းလိုက်တယ်။ "သူ ဘယ်သူလဲဆိုတာ ငါလည်း မသိဘူး"


ရမ်က သူ့သွားတွေကို လျှာနဲ့သပ်လိုက်ပြီး သူမအား မယုံကြည်စွာဖြင့် "မသိဘဲနဲ့ သူက မင်းကို လမ်းပိတ်တယ်လား"


ကျီရှောင်အုံးက အလွန်လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်တယ် "ဟုတ်ပါတယ်ဆို.. လူသားတွေက မကြခဏပဲ မရင်းနှီးတဲ့အမျိုးသမီးတွေကို တားပြီး စကားလိုက်ပြောတာကို ကြိုက်ကြတယ်"


"ဟုတ်လား" ရမ်က သူ့မေးစေ့ကို ထောက်ကာ သူမအား ကွဲပြားစွာ ကြည့်လိုက်ပြီး "ဒီလိုဆို ပြောရရင် လူတွေအများကြီး မင်းကို လိုက်စကားပြောဖို့ ခဏခဏပဲ တားကြတာလား"


ကျီရှောင်အုံး : " ..."


. . .


ကျီရှောင်အုံး သူမကိုယ်သူမ တွင်းတစ်တွင်းထဲ ဆွဲချသွားမိလိုက်ပေမဲ့ သူမ အခန်းဖော်သူငယ်ချင်းထံမှ မက်ဆေ့တစ်စောင် လက်ခံရရှိလိုက်ချိန် သူမ ရုန်းထွက်လာနိုင်ခဲ့လေတယ်။


အခန်းဖော်သူငယ်ချင်းက စိတ်လှုပ်ရှားစွာနဲ့ "ရှောင်အုံး နင့်ကောင်လေးက အရမ်းချောတာပဲ အား..အား..အား"


ကျီရှောင်အုံးတစ်ယောက် သူမရဲ့အံ့အားသင့်နေတဲ့ မျက်နှာအမူအရာကို စိတ်ကူးကြည့်နိုင်လုနီးပါးပင်၊ သူမ မနေနိုင်စွာပဲ ရယ်မောလိုက်ကာ ရမ့်ကို လှည့်ပြန်ကာ ကြည့်လိုက်ခဲ့တယ်။


သူ့မျက်ခုံးများက ကွေးညွှတ်လျက် မျက်နှာအမူအရာက အသက်မပါစွာ ရှိနေဆဲဖြစ်ပြီး နှုတ်ခမ်းများက တိမ်စောင်းကာ အောက်ကို နိမ့်ဆင်းနေခဲ့တယ်။ သူ့ခြေထောက်တွေကို ပေါ့ပေါ့ပါးပါး ထပ်ထားပြီး သူကြည့်ရတာ အနည်းငယ်လေး မပျော်တဲ့ ပုံပေါက်နေလေတယ်။


ကျီရှောင်အုံး သူမမျက်လုံးတွေ ပြန်ရုတ်လိုက်ပြီး ပြုံးရွှင်တဲ့မျက်နှာတစ်ခု ပြန်ပေးလိုက်ခဲ့တယ်။


"ဟုတ်ပါပြီလေ သူ အရမ်းချောတယ်လို့ သူမလည်း ထင်ပါတယ်။


The End.....