Chapter 74
Viewers 9k

အပိုင်း (၇၄)


ရမ် အနည်းငယ်လေး အေးခဲသွားခဲ့တယ် အဲဒီနောက် သူ ကျီရှောင်အုံး၏ မျက်နှာလေးကို ပင့်တင် လိုက်ပြီး ပန်းနုရောင် နှုတ်ခမ်းသားလေးတွေကို ညင်သာစွာ ပွတ်သပ်လိုက်ခဲ့ကာ "မင်း ဘာတွေ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"


ကျီရှောင်အုံး သူ့ရင်ခွင်ထဲကို လေမတိုးနိုင်လောက်အောင် တိုးဝှေ့ပူးကပ်ခဲ့လိုက်ပြီး ရိုးရိုးသားသားပင် ဝန်ခံလိုက်ခဲ့တယ်။ " လှေကားထစ်မှာ ကျားသစ်တစ်ကောင်နဲ့ တိုးမိတယ်လို့ လူတွေ ပြောနေကြတာ ငါကြားလို့ အဲဒါ နင်လို့ ငါ ထင်လိုက်တာ..."


ရမ် ပြုံးရယ်လိုက်ပြီး လန့်သွားတဲ့ ကောင်မလေးကို ချော့မြူပေးလိုက်တယ် "အဲဒီအရှုးတွေနဲ့ ကိုယ့်ကို မရောထွေးသွားနဲ့လေ" 


"ဒါပေမယ့် ငါ နင့်ကို စိတ်ပူတယ်လေ" ကျီရှောင်အုံး သူမကိုယ်ကို တည့်မတ်လိုက်တော့ သူမနံဖူးက သူ့ပုခုံးနဲ့သွားတိုက်မိလိုက်တယ်၊ သူမကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ် "ငါ နင့်ကို နောက်ထပ် ခေါ်မလာတော့ဘူး၊ ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်..."


ရမ် မျက်လုံးများက ကျဉ်းမြောင်းသွားလိုက်ပြီး သူမစကားတွေကို ပြန်ထောက်လိုက်တယ်။ "နောက်ထပ် ရှိသေးတာလား"


"... " ကျီရှောင်အုံး ဆို့နင့်သွားတော့တယ်။ သူမ ထွက်သွားဖို့ တောင်းဆိုခဲ့ပေမဲ့လည်း သူ စာသင်နှစ်တိုင်း ကျိန်းသေပေါက် ပြန်လာဖို့လိုတာပဲ၊ သူမ အဲဒါကို ရမ်နဲ့ဆွေးနွေးဖို့ အချိန်မရလိုက်ဘူးပဲ။


ကျီရှောင်အုံး သူမကိုယ်သူမ ခုခံကာကွယ်ဖို့ ကြိုးစားလိုက်တယ်။ "ဘာလို့ဆို ငါ့စာလေ့လာမှုတွေက မပြီးသေးဘူး.... တကယ်လို့ ငါ ပြန်မလာခဲ့ရင် ငါ့ကို ကျောင်းထုတ်တာခံရလိမ့်မယ် အဲဒါကြောင့်..... ငါ စာသင်နှစ်တိုင်း မဖြစ်မနေ ပြန်လာဖို့လိုတယ်"


ရမ် အဓိကအချက်ကို လျင်မြန်စွာ နားလည်လိုက်ခဲ့ပြီး "ဒါဆိုလည်း အထုတ်ခံလိုက်ပေါ့"


"မရဘူး" ကျီရှောင်အုံး ကတိုက်ကရိုက် သူမခေါင်းကို ခါရမ်းလိုက်တယ်။ "တကယ်လို့ ငါ့မိဘတွေ သိသွားရင် သူတို့ ဒေါသထွက်လိမ့်မယ်"


ကျီရှောင်အုံးက သူ ပြန်မတုံ့ပြန်တာကို တွေ့တော့ သူ့မေးစေ့အား မနေနိုင်စွာ နမ်းလိုက်ပြီး "ရမ် ငါ့ကို ယုံပါနော်။ ငါ စီနီယာနှစ်ရောက်ရင် ငါ ခဏခဏ ပြန်မလာရတော့ပါဘူး"


ရမ် သူမခါးလေးကို ဆုပ်ကိုင်ထားလိုက်ပြီး သူ့အသံက လေးလံနေခဲ့တယ် "အဲဒါက ဘယ်တော့လဲ"


"ငါ အခုက ဒုတိယနှစ် ရောက်နေပြီဆိုတော့ ငါ နှစ်နှစ်နေရင် ငါ စီနီယာတစ်ယောက် ဖြစ်တော့မှာ... အွန်း.."


သူမ စကားမဆုံးသေးခင်မှာပဲ သူမမေးရိုးက ရမ်ရဲ့လက်သည်းတွေဆီ ဖမ်းမိသွားလိုက်ပြီး သူ့ရဲ့ပါးလျတဲ့ လျှာဖျားက နောက်ကနေလိုက်ပါလာခဲ့ကာ ကိုက်ချလိုက်ခဲ့တယ်။


သူမအောက်နှုတ်ခမ်းသားက အနည်းငယ်လေး နာကျင်သွားလိုက်ပေမဲ့ သူမပါးစပ်ကို ဖွင့်လှစ်လိုက်တော့ သူက အခွင့်အရေးကို ယူလိုက်ခဲ့တယ်။ သူ့လျှာဖျားက သူမပါးစပ်ထဲသို့ လိပ့်ဝင်သွားပြီး သူမအား အညှာတာကင်းမဲ့စွာ အပြစ်ပေးလိုက်ခဲ့တယ်။


မကြာမီပဲ သူမလျှာက တစစ်စစ် နာကျင်လာတော့တယ်။


ကျီရှောင်အုံး သူရဲ့ အလစ်အငိုက် နမ်းရှိုက်တာကို ခံခဲ့ရပေမဲ့ သူ့ဒေါသထွက်နေတာကို သတိပြုမိတာမို့ ပျော့ပြောင်းစွာ ရှင်းပြလိုက်တယ်။ "ရမ် ငါပြောတာ နားထောင်ပါဦး....."


ရမ် အခန်းအလယ်ရှိ ကုတင်ပေါ်တွင် သူမကို လှဲချလိုက်ပြီး သူမကို အောက်မှာ ထားကာ သူ့သွားတွေက သူမရဲ့နားသံသီးလေးကို ဖြည်းညှင်းစွာ ကိုက်ခဲလိုက်ပြီး "ကိုယ်က မင်းကို စောင်ခိုင်းစေချင်တာလား"


ကျီရှောင်အုံး မသိစိတ်က ခေါင်းညိတ်လိုက်တယ်။


"ကျားသစ်တွေက သားကောင်နဲ့တွေ့တဲ့အခါပဲ စိတ်ရှည်ရှည်နဲ့ စောင့်တတ်ကြတာ" ရမ် သူ့အသံကို နှိမ့်လိုက်ကာ မေးလာ၏ "ကိုယ့်ကို ပြောပါဦး မင်းက ကိုယ့်သားကောင်လား"


". . ."


သူမ ဟုတ်တယ် လို့ပဲ ပြောပြော မဟုတ်ဘူးလို့ပဲ ပြောပြော အဲဒါက အရမ်းအရေးပါ ပါပေ။


ဘာလို့လဲဆိုတော့ ရလဒ်က အတူတူပဲဖြစ်လို့ပါပဲ။


ရမ်က ရက်စက်ကြမ်းကြုတ်တဲ့ မုဆိုးတစ်ဦးဖြစ်ပြီး ကျီရှောင်အုံးအား သူ့လက်ထဲတွေထဲ ယူဆောင်လိုက်ပြီး သူမအား ချဉ်းနင်းဝင်ရောက်တော့မည်ဖြစ်၏။


သိုးပေါက်ကလေးက အသဲအသန် အလွတ်ရုန်းဖို့ ကြိုးပမ်းလိုက်ပြီး ရမ်ရဲ့လျှာကို ကိုက်ချလိုက်လေတယ်။


သူ့ပါးစပ်ထဲတွင် ဖျော့တော့တဲ့ ချိုမြိန်မှုက ပျံ့နှံ့သွားလိုက်တာက မှင်ရည်နီတွေက ရေထဲကို အစက်ကျသွားလိုက်သလို ထောင့်တိုင်းထောင့်တိုင်းသို့ လျင်မြန်စွာဖြင့် ပေါင်းစပ်သွားစေလိုက်တယ်။


အကျိုးသက်ရောက်မှုက သိပ်မများလိုက်ပေမဲ့ အမဲလိုက်နေတဲ့ သူ့စိတ်ဝင်စားမှုကိုပဲ ပိုမို တက်ကြွသွားစေလိုက်တာတော့ ကံဆိုးသွားတာပဲ။


ရမ် သူမလေးရဲ့ခါးကို ပွေ့ကိုင်ကာ သူမအား ကုတင်ပေါ်မှာ မြဲမြံစွာနေရာချလိုက်လေတယ်။


(T/N- ကားတစ်ဖြတ်)


. . .


ကျီရှောင်အုံး ရောက်တဲ့အချိန်တုန်းက နေဝင်ရီတရောအချိန်ပင်။ နေက ကျဆင်းကာစဖြစ်ပြီးတော့ ဝင်နေတုန်းရှိသေးတာဖြစ်တယ်။


ရမ်က သူမကို လွှတ်ပေးလိုက်တဲ့အချိန်မှာတော့ ညရောက်နေပြီဖြစ်ကာ လရောင်ခြည်ပင် ခပ်ပါးပါး ကျရောက်နေလေတယ်။


ကျီရှောင်အုံး မျက်လုံးတွေနီရဲစွာနဲ့ ငိုကြွေးလိုက်ခဲ့ပြီး သူမအသံတွေ ကွဲအက်နေခဲ့ကာ သူမမှာ ထပြီး ရေသောက်ဖို့တောင် အင်အားမရှိတော့ပေ။


သူမရှေ့မှာရှိတဲ့ ရမ်အား စိုက်ကြည့်လိုက်ပြီး အနည်းငယ်လေး စိတ်ဆိုးစွာဖြင့် အံကြိတ်လိုက်ကာ အိပ်ပျော်သွားခဲ့တယ်။


*


နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး တစ်ယောက် တယ်လီဖုန်းမြည်သံကြောင့် အိပ်ရာမှ အနိုးခံလိုက်ရတယ်။


တဝီဝီမြည်သံက သူမနားထဲတွင် မြည်ဟီးလာခဲ့တယ်။ သူမမျက်လုံးတွေ ပိတ်လျက်သားနဲ့ သူမဖုန်းကို ထိတွေ့လိုက်ခဲ့တယ်။ တောင့်ခဲစွာနဲ့ ရှေ့ကသူနဲ့ ပေါင်းစပ်နေတာကို နေရာရွှေ့လိုက်ခဲ့တယ်။ ဒါက သူမအမေထံမှ ဗီဒီယိုကောခေါ်နေတာမှန်း မြင်လိုက်ရတော့ သူမ ချက်ချင်းပဲ နိုးလာလိုက်ကာ မြန်ဆန်စွာနဲ့ အဝတ်စားတွေ ဝတ်လိုက်ပြီး ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်ခဲ့တယ်။


"အမေ အမေ" ကျီရှောင်အုံး အိပ်ရာခင်းအစွန်ကို ဆင်းလိုက်ခဲ့ကာ ရင်ထိတ်စွာနဲ့ သူမတည့်တည့်က ရမ့်အား စိုက်ကြည့်လိုက်ခဲ့ပြီး သူ့အား ငြိမ်ငြိမ်သက်သက်နေဖို့ အမူအရာတစ်ခု လုပ်ပြလိုက်ခဲ့တယ်။


ရမ်က သူ့ခြေတံရှည်တွေအာ ကွေးလိုက်ပြီး သူ့မေ့စေ့အား ထောက်လိုက်၍ သူ့အမြီးရှည်ရှည် သူ့နောက်တွင် ကြည်နူးဖွယ်ရာအကွေးတစ်ခုဖြင့် ဆတ်ခနဲ ဆတ်ခနဲ လှုပ်ရှားနေခဲ့ပြီး သူမအား တည့်တည့် ကြည့်ရှုနေလိုက်တယ်။


"အသည်းလေး ဘာလို့ အိပ်ရာမထသေးတာလဲ။ အိမ်မှာဆို နေ့လယ်တောင် ရှိနေပြီလေ" သူမအမေက သူမရဲ့ ညဝတ်အင်္ကျီဝတ်ထားတဲ့ သူမအား မြင်လိုက်ရကာ ပြောလိုက်တာပဲဖြစ်တယ်။


ကျီရှောင်အုံး၏မျက်နှာက နီမြန်းလို့သွားပြီး သူမ ပြောလိုက်၏ "မနေ့ညက သမီး တော်တော်နောက်ကျမှ အိပ်ရာဝင်မိလိုက်လို့ ... "


သူမအမေက စာလုပ်နေတာလို့ ထင်လိုက်ပြီး ပြောလိုက်တယ်။ "နောက်ဆို ဒီလောက်‌ နောက်ကျတဲ့အထိ အရမ်း အလုပ်ရှုပ်မနေနဲ့ဦး။ သမီးက ငယ်ပါသေးတယ် ကိုယ့်ခန္တာကိုယ်ကိုလည်း ဂရုစိုက်ဦးလေ"


ဒါက သာမာန်စကားတစ်ခု ဖြစ်တာ သိသာနေပေမဲ့ ကျီရှောင်အုံး မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို တွေးတောမိလိုက်ပြီး သူမပါးပြင်တွေက မထားတတ်လောက်အောင် ထူပူလာခဲ့တော့တယ်။


သူမ ကိုယ်ခန္တာကို "ပင်ပန်း"စေတဲ့သူက ရမ် ပဲမလား။


ကံကောင်းတာက ဗီဒီယိုထဲက သူမအမေကတော့ အဲဒါကို မမြင်နိုင်တော့ သူတို့တွေ သဘာဝကျစွာနဲ့ပဲ ခေါင်းစဉ်ကို ပြောင်းလဲလိုက်ခဲ့တယ်။


မစ္စတာကျီနှင့်မစ္စကျီတို့က မျက်စိပသာဒဖြစ်တဲ့ ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်လှပတဲ့ အိုင်ယာလန်နိုင်ငံကို ခရီးထွက်ခဲ့ကြတာဖြစ်တယ်။ မြို့ခံနေထိုင်တဲ့သူတွေက ဖော်ဖော်ရွေရွေ ရှိကြပြီး တက်ကြွတဲ့သူတွေ ဖြစ်ကြတယ်။


အဲဒီ့နေရာမှာ ဆယ်ရက်လောက် နေထိုင်လိုက်ပြီးနောက် သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခဲ့တယ်။ သူတို့တွေ အိမ်ကိုပြန်ကာ တရားဝင်စာရွက်စာတမ်းတွေကို ပြီးစီးအောင်လုပ်ကာ ဒီနေရာမှာပဲ သူတို့ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး အခြေချနေထိုင်ဖို့ စီစဉ်လိုက်ခဲ့တယ်။


အံအားသင့်စွာဖြင့် ကျီရှောင်အုံးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားလိုက်ပြီး "ဘာလို့လဲ"


သူမအမေက "သမီးအဖေရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုဆိုးလာနေတာ၊ ဆရာဝန်က တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပြီးနေဖို့ ပြောထားတာ။ အမေတို့ အိုင်ယာလန်ကို ရောက်တဲ့အချိန် သမီးအဖေက ဖျက်ခနဲကြည့်လိုက်တာနဲ့အရမ်းသဘောကျသွားတော့တာလေ။ သူ့အနှစ်သက်ဆုံး ရူပဗေဒ သုတေသနကလည်း ဒီမှာပဲ ရှိနေတာ။ အမေတို့တွေ ရက်တော်တော်ကြာအောင် ပြောဆိုကြပြီးပြီ အမေတို့ စိတ်ပူတာ တစ်ခုက သမီးအတွက်ပဲ ဒါကြောင့် အမေ သမီးကို မေးချင်နေတာ သမီးရော အမေတို့နဲ့ ဒီမှာပဲ အခြေချချင်လားလို့"


"သမီး. . . " ကျီရှောင်အုံး ကုတင်ပေါ်ကနေ ထသွားလိုက်ပြီ ဖြစ်တဲ့ ရမ့်ကို ကြည့်ရှုလိုက်ပြီး သူမဦးနှောက် "အမေ သမီး ဒီမှပဲ နေချင်တယ်... "


သူမအမေက သတင်းက ရုတ်တရက်ကြီး ပေါ်လာတော့ သူမ သူမသူငယ်ချင်းတွေနဲ့ အတန်းဖော်တွေကို ချန်မထားနိုင်တာလို့ ထင်လိုက်ခဲ့တယ်။ သူမသမီးလေးက အဲဒါကို လက်ခံနိုင်ဖို့ အချိန်မရှိလိုက်တော့ သူမ ဝန်လေးနေတာပဲ ဖြစ်လိမ့်မယ်။ "အာ.. ဒါဆိုလဲ ခဏလောက်တော့ စောင့်လိုက်ပါဦးမယ်။ တကယ်လို့ သမီး အဖေနဲ့အမေကိုတွေ့ချင်ရင် လွတ်လွတ်လပ်လပ် လာခဲ့နော်"


ကျီရှောင်အုံးက ခေါင်းညိတ်လိုက်တယ်။


နောက်ပိုင်းတော့ သူမအမေနဲ့ ကျီရှောင်အုံးတို့ တခြားအကြောင်းတွေ ပြောဆိုလိုက်ကြပြီး ဖုန်းချတော့မလို့ လုပ်လိုက်ချိန်မှာ သူမ ရုတ်တရက် အသံတစ်ခု ပြုလိုက်ခဲ့တယ်။


ရှည်လျားပြီး ထူထဲတဲ့ အမြီးတစ်ချောင်းက ဗီဒီယိုကို ဖြတ်ကျော်၍ လွှဲရမ်းသွားလိုက်တာက မျက်စိမှောက်သည့်အတိုင်းပင်။


မစ္စကျီက မေးလိုက်တယ်။ "အုံး သမီး အိမ်ထဲမှာ နောက်ထပ်ကြောင်တွေ ရှိသေးတာလား" 


ကျီရှောင်အုံး သူမအား ရမ် ဖြတ်လျှောက်သွားသည်ကို ရိပ်ခနဲ ဖမ်းမိလိုက်ပြီး ဖုန်းကို အမြန်ဆွဲယူကာ ဘေးသို့ လှည့်ကြည့်လိုက်ပြီးတော့ "မဟုတ်ပါဘူး အမေရဲ့ အမေ မှားမြင်တာပါ။ အဲဒါ ခွမ်ခွမ့်ပါ"


"သူ ဘယ်တုန်းက ဒီလောက် ကြီးလာတာလဲ" သူမအမေက ပြောလိုက်တယ်။ သူမက အများကြီးထဲထဲဝင်ဝင် မမေးဘဲ မြန်မြန် ဖုန်းချသွားလိုက်တာ ကံသီပေလို့ပဲ။


"... "


ကျီရှောင်အုံး သူမရဲ့မိုဘိုင်းဖုန်းကို ကိုင်ထားလျက် ရမ်နဲ့ စကားပြောဖို့ အသင့်ပြင်လိုက်တယ်။ ရုတ်တရက် မာကျောတဲ့ ရင်ခွင်တစ်ခုထဲကို သူမ ဆွဲသွင်းခြင်းခံလိုက်ရပြီး အောရှ ကွဲအက်တဲ့ အသံက သူမနားထဲကို အရှိန်ပြင်းပြင်းဝင်ရောက်လာခဲ့ပြီး "အသည်းလေး မင်းရဲ့နာမည်လား"


ကျီရှောင်အုံး၏နားတွေက ခိုးလုခုလု ဖြစ်သွားလိုက်ပြီး တရွရွယားယံမှုက သူမတစ်ကိုယ်လုံးအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားလိုက်ကာ သူနားရွက်တွေ အနီရောင်သို့ ပြောင်းလဲသွားလိုက်ကာ "အင်း"


ရမ် မေးလိုက်၏ "ခွမ်ခွမ်ကရော ဘယ်သူလဲ" 


ကျီရှောင်အုံး : " ..."


*


ကျောင်းကိစ္စတွေကို ဖြေရှင်းပြီးတဲ့နောက် ကျီရှောင်အုံး ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာတစ်ချို့အား ဝယ်ဖို့လိုလာခဲ့တယ်။ အဆုံးမှာတော့ သူမ အတန်းမတက်ရတော့ပေမယ့် ဓာတ်ခွဲခန်း အစီရင်ခံစာတွေကတော့ စာသင်နှစ်တိုင်း ပြီးစီးဖို့ လိုတာပဲဖြစ်တယ်။


မနေ့က မတော်တဆမှုဖြစ်ပြီးတဲ့နောက် ကျီရှောင်အုံး ရမ့်အား အိမ်မှာ တစ်ယောက်တည်း မထားရဲတော့ပေ။ 


နဂိုတုန်းကတော့ သူမ ရမ့်ကို ကျားသစ်တစ်ကောင်လို့ အသွင်ပြောင်းလဲစေပြီး သူမနဲ့အတူခေါ်သွားဖို့ လုပ်ပေမဲ့ သူမစိတ် ပြောင်းလဲသွားလိုက်တယ်။ 


ကျီရှောင်အုံး သူမအဖေဖြစ်သူ ဝတ်ထားတဲ့ အဝတ်စားအချို့ကို ရှာလိုက်ပြီး ရမ့်အားပေးကာ စမ်းဝတ်ကြည့်စေလိုက်တယ်။ 


ကံမကောင်းတာက ရမ့်အရပ်က အလွန်ရှည်ပြီး လူကောင်ထွားနေခဲ့တယ်။ အဝတ်အစားတွေက မတော်ခဲ့ပေ။


ရမ်၏နောက်မှာ လိုက်ပါနေတဲ့ အမြီးက မသိချင်ယောင်ဆောင်ထားဖို့ နည်းလမ်းရှိမနေချေ။ 


ကျီရှောင်အုံးတစ်ယောက် ရမ့်အမြီးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းသဲ့သဲ့သာ ချလိုက်ရတယ်။


သူမက သူနဲ့ ဒိတ်လုပ်ချင်ရုံပဲလေ ဘယ်လိုလုပ်ပြီး ဒီလောက် ခက်ခဲနေရတာများလဲ။


သူမလက်လျော့တော့မလို့ လုပ်လိုက်စဉ်မှာပဲ သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမျက်လုံးတွေက လင်းလက်သွားလိုက်ပါတယ်။ သူမ သူမအခန်းထဲကို ပြေးဝင်သွားခဲ့ပြီး ပြောလိုက်တယ်။ "နင် ငါ့ကို စောင့်နေဦး"


ခဏလောက်ကြာတော့ သူမ သိုးမွေးကုတ် အကြီးကြီးတစ်ထည်နဲ့အတူ ပြန်ရောက်လာခဲ့တယ်။ "ရမ် နင်ဒါကို စမ်းဝတ်ကြည့်ကြည့်" 


ဒီအင်္ကျီက မနှစ်က သူမဈေးဝယ်ထွက်တုန်းက အမူမဲ့အမှတ်မဲ့နဲ့ မြင်မိလိုက်တာပဲ။ သူမ ဘာလို့မှန်းမသိပေမယ့် သူမ အဲဒီအင်္ကျီကို ရမ်ဝတ်ထားတာ တွေးမြင်ယောင်ခဲ့တယ်၊ ပြီးတော့ သူမ အဲဒါကို တွေးမိလေလေ ပိုပြီး အံကိုက်တော်တယ်လို့ ထင်လေလေဖြစ်ခဲ့တယ်။ ​နောက်​တစ်နေ့မှာ သူမ သူမရှိသမျှပိုက်ဆံတွေ အကုန်ယူသွားပြီး အဲဒီအင်္ကျီကို ဝယ်ခဲ့လိုက်တော့တာပဲ​။


ကုတ်အင်္ကျီက ထင်းထွက်နေပြီး လက်ရာမြောက် ကျော့ရှင်းတယ်၊ အရှည်ကလည်း ရမ့်ရဲ့ ခြေသလုံးထိရောက်တယ်။ တကယ်လို့ သူသာ သူ့နောက်က အမြီးကို ထည့်ဝှက်ထားရင် အဲဒါကို ဘယ်သူမှ တွေ့လိမ့်မှာ မဟုတ်ဘူးပဲ။


ကျီရှောင်အုံး ဗီရိုဆီကို နောက်တစ်ခေါက်ပြန်သွားလိုက်ပြီး ဆွယ်တာအင်္ကျီ အကြီးကြီးတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်ကို ရှာလိုက်ပြီး ရမ် ဝတ်ဖို့ လွှဲပေးလိုက်တယ်။


သူ အဝတ်စားတွေ ဝတ်လိုက်ပြီးနောက် ကျီရှောင်အုံး နောက်ကို ခြေလှမ်းပြန်ဆုတ်ပြီး ရမ့်ကို တည့်တည့် ကြည့်ရှုလိုက်တယ်။


အနက်ရောင် ကုတ်အင်္ကျီက အားလုံးကို လွှမ်းမိုးစွာ ဝတ်ဆင်ထားခဲ့ပြီး တစ်ခဏလေးနဲ့ သူ့ကိုယ်လုံးအား ဖြောင့်မတ်စေလိုက်တယ်။ ကုတ်အင်္ကျီက သူ့ရဲ့ဖြောင့်မတ်တဲ့ အရပ်အမောင်း၊ ကျယ်ပြန်တဲ့ ကျောဘက်နဲ့ ရှည်လျားတဲ့ခြေထောက်တွေအား ကောက်ကြောင်း ပေါ်သွားစေခဲ့တယ်။


အင်္ကျီက သူ့ရဲ့ ကနဦးအရိုင်းဆန်မှုကို ချုပ်တည်းထားပေမဲ့ ခက်ထန်မှုကို ထိန်းချုပ်ထားတာက နေပုံထိုင်ပုံ အဆင့်မြင့်သွားအောင် မွန်းမံသန့်စင် ပေးလိုက်တာပင်။


ထိုအချိန်တွင်တော့ သူ၏မျက်ခုံးရိုးများက နက်ရှိုင်းစွာ တွန့်ခေါက်နေပြီး သူ သူ့လက်သည်းတွေကို ဆန့်ထုတ်လိုက်ပြီး ရှပ်အင်္ကျီထဲကို ချိတ်လိုက်ပြီး သူ့မျက်လုံးများက သည်းညည်းမခံနိုင်တော့ပေ။


—— လူသားတွေရဲ့ အဝတ်အစားတွေက ဘာလို့ ဒီလောက် ဒုက္ခများရတာလဲ။


ကျီရှောင်အုံး သူ အဝတ်စားတွေကို ဆွဲဖြဲပစ်ချင်နေတာကို မြင်လိုက်ရပြီး သူ့အား အလောသုံးဆယ် တားမြစ်လိုက်တယ်။ "မလုပ်နဲ့ ရမ်၊ ငါတို့ ပြန်လာတဲ့နောက်အထိ စောင့်ပေးပါဦးနော်... နော်"


ရမ် ခဏရပ်တန့်သွားလိုက်ပြီး မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ့လက်ကို ချလိုက်ပြီး အဲဒီနောက် ပြောလိုက်တယ်။ "နောက်တစ်ခါကျ ကိုယ့်ကို တခြားယောက်ျားရဲ့ အဝတ်အစားတွေ မဝတ်ခိုင်းတော့နဲ့" 


ကျီရှောင်အုံး ခဏရပ်သွားလိုက်ပြီးမှ "ဒါက ငါ့အဖေဟာတွေပါ သူ တစ်ခါပဲ ဝတ်ရသေးတာ..."


"ကျားသစ်တွေက အနံ့ခံအာရုံ စူးရှတယ်" ရမ်က သူ့ကိုယ်ကို ကွေးညွှတ်လိုက်ကာ သူမနှုတ်ခမ်းသားတွေကို လက်ညှိုးထိုးလိုက်ပြီး "ဒါမှမဟုတ် မင်းက ကိုယ့်ကို မင်းအဖေရဲ့အနံ့တွေ ကိုယ်ဆီမှာ စွဲစေချင်တာလား"


"... " ကျီရှောင်အုံး၏ မျက်နှာက သွေးရောင်ဖြန်းသွားလိုက်ပြီး သူမ စိတ်ဆိုးသွားလိုက်ကာ သူ့လက်ညိုးကို ကိုက်ပစ်လိုက်တော့တယ်။ "ရမ် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့တော့!"


. . .


အဝတ်စားဝတ်တဲ့နေရာမှာ အချိန်တွေအများကြီး ကုန်ခဲ့ရပြီး ကျီရှောင်အုံး ရမ်ရဲ့ မှောက်လှဲတာကို ခံခဲ့ရတာကြောင့် သူမတို့ ထွက်လာလိုက်ချိန်မှာတော့ နေ့လယ် ၃ နာရီ‌တောင် ခွဲနေပြီဖြစ်တယ်။


(T/N- ကားတစ်ဖြတ်)


ကျီရှောင်အုံး အရင်ဆုံး ပစ္စည်းတွေဝယ်ဖို့ လျှပ်စစ်ပစ္စည်းဆိုင်ကို သွားလိုက်ခဲ့ပြီး အဲဒီနောက် ရမ့် အတွက် အဝတ်အစား နည်းနည်းပါပါးဝယ်ဖို့ ကုန်တိုက်သို့ သွားလိုက်ခဲ့တယ်။


အဝတ်အစားတွေ ဝယ်ပြီးသွားပြီးနောက် အချိန်တွေလုံလောက်သေးတာမို့ ကျီရှောင်အုံး ရမ့်အား လမ်းမပေါ်ကို ခေါ်သွားလိုက်ခဲ့တယ်။


မီးပုံးပွဲတော်က ပြီးစီးသွားရုံရှိသေးတော့ လမ်းမတွေပေါ်မှာ ပွဲတော်အပြင်အဆင်တွေ ရှိနေခဲ့တယ်။


လမ်းဘေးဝဲယာရှိ ဈေးဆိုင်တွေကလည်း ကြိုကြားကြိုကြား ဖွင့်နေခဲ့ပြီး လမ်းဘေးမီးတိုင်များမှ မှိန်မှိန်ပျပျအလင်းရောင်က လမ်းဘေးရှိ နှင်းတွေပေါ် ကျရောက်ကာ တောက်ပတဲ့အလင်းရောင်ကို ရောင်ပြန်ဟပ်နေခဲ့တယ်။


မှန်ပြတင်းပေါက်တွေမှာလည်း အမျိုးမျိုးသောပစ္စည်းတွေနဲ့ ပြည့်နှက်နေပြီး သားရဲကမ္ဘာထဲမှာလို လူလုပ်ပစ္စည်းတွေကို အလဲလှယ်လုပ်တာနဲ့ မတူဘဲ ဘာမဆို အဲဒီမှာ ရှာတွေ့နိုင်လေတယ်။


လူသားတွေက နည်းပညာမြင့် ပစ္စည်းများစွာကို တီထွင်ဖန်တီးနိုင်ကြတယ်ဆိုတာ ရမ် သိပေမဲ့လည်း ဒီနေရာတွင် ရပ်နေရဖို့ နောက်ထပ်သတိပြုရမဲ့အရာက ရှိနေဆဲပင်။


"ရမ် အဲဒီကို သွားကြည့်ရအောင်!" ကျီရှောင်အုံး ရုတ်တရက်ဆိုသလိုပဲ ရမ့်လက်ကို ဆွဲခေါ်၍ လမ်းမကို ကူးပြီး လမ်းပေါ်ကို ဆင်းလျှောက်လိုက်ခဲ့တယ်။


ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ပြီးတော့ ရမ်တစ်ယောက် မလှုပ်မယှက်ရှိနေဆဲဖြစ်တာကို သူမ တွေ့တော့ သူမ မနေနိုင်ဘဲ နောက်ပြန်လှန့်ကြည့်လိုက်တယ်။ "ရမ် နင်ဘာကို ကြည့်နေတာလဲ"


ရမ့်မျက်လုံးတွေက ရှေ့တည့်တည့်တွင် ရှိနေပြီး သူ့အသံကို နှိမ့်ကာ "အဲဒါက ဘာလဲ"


ကျီရှောင်အုံး သူ့အကြည့်နောက်သို့ လိုက်ပါလိုက်တော့ နောက်ဆုံးရသတင်းတွေကို စခရင်ပေါ်က ဘုတ်ပြားပေါ်မှာ ပြနေတာကို မြင်လိုက်ရတယ်။


မူးယစ်ဆေးရောင်းချတဲ့ အမျိုးသားတစ်ဦးက ဓားစာခံတွေကို ခေါင်ဆောင်သွားလို့ ရဲတစ်ဦးကနေ မျက်ခုံးနှစ်ခုကြားအား သေနတ်ပစ်ခတ်တာကို ခံလိုက်ရတာပဲ။


အခင်းဖြစ်ပွားရာနေရာက မြင်ကွင်းကတော့ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရာရှိက သေနတ် ပစ်ခတ်လိုက်ခဲ့ပြီး ကျည်ဆံသေးသေးလေးက သေနတ်ကနေ လွင့်စင်ထွက်သွားပြီး လုယက်တဲ့သူဘက်သို့ ပြေးသွားလိုက်ခဲ့တယ်။


နောက်အခိုက်အတန့်မှာပဲ လုယက်သူက မြေပြင်ပေါ် လဲကျသွားခဲ့တယ်။


ကျီရှောင်အုံး ဒီအကြောင်းအား များများစားစား မတွေးတောလိုက်ခဲ့ပေ။ "အဲဒါက သေနတ်လို့ ခေါ်တယ်၊ အစွမ်းထက်တဲ့လက်နက်တစ်မျိုးလေ"


ရမ်က သူ့သွားတွေကို လျှာနဲ့ သပ်လိုက်ပြီး "သေနတ်လား"


ကျီရှောင်အုံးက ခေါင်းညိတ်လိုက်တယ်။ "ဒါပေမယ့် သာမာန်လူတွေက သေနတ်တွေ မကိုင်ဆောင်နိုင်ဘူး။ လက်နက်ကိုင် ရဲအရာရှိတွေနဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေပဲ အပိုင်ကိုင်ဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်..."


ရမ် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး တွေးတွေးဆဆ ဖြစ်သွားလိုက်တယ်။


ကျီရှောင်အုံးကတော့ မတော်တဆမှုကို အာရုံထဲမထားဘဲ ရမ့်ကို အခြားနေရာတွေ အများကြီးဆီ ဆွဲခေါ်သွားခဲ့တယ်။


အဲဒီနေ့ညနေခင်းတွင် သူတို့အိမ်ပြန်ဖို့သွားလိုက်ချိန် ကျီရှောင်အုံး ကုန်စုံဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်သွားလိုက်ပြီးနောက်ရုတ်တရက် ရပ်ခဲ့လိုက်တယ်။


"ငါ့ကို ဒီမှာ စောင့်နေဦး" ဒီစကားကို နောက်မှာ ချန်ရစ်လိုက်လျက် ကျီရှောင်အုံး ကုန်စုံဆိုင်ထဲကို ပြေးဝင်သွားလိုက်တယ်။


ရမ်က လှမ်းကြည့်လိုက်တော့ ဗီရိုတစ်ခုရှေ့မှာ မတ်တပ်ရပ်နေတဲ့ ချာတိတ်မလေးက သူမနှုတ်ခမ်းကို ကိုက်ပြီး မျက်နှာကလည်း အလွန်နီမြန်းပြီး ရှက်ရွံ့နေတာကို မြင်လိုက်ရခဲ့တယ်။


ကျီရှောင်အုံးတစ်ယောက် ရောင်စုံဘူးလေးတွေရှိတဲ့ စင်တွေကို ငုံ့ကြည့်ကာ တစ်ခုကို ရွေးလိုက်တယ်။ အားလုံး ငွေပေးချေပြီးတာတောင် သူမ ပြန်ထွက်မလာခဲ့သေးပေ။


ရမ် သူ့အကြည့်ကို ငုံ့ကြည့်ကာ သူမဖွက်ဖို့ ကြိုးစားနေတဲ့ သူမ အိပ်ကပ်ထဲကဘူးသေးသေးလေးတွေကို စိုက်ကြည့်ကာ နက်ရှိုင်းတဲ့အသံဖြင့် မေးလိုက်ခဲ့၏ "အဲဒါ ဘာလဲ"


The End...