Extra《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
မတ်လ 20 ရက်သည် အလွန်သာမန်ဖြစ်သောနေ့ဖြစ်သော်လည်း ကျန့်ယွင်၏အဖွဲ့၀င်များအားလုံးအတွက် အရေးကြီးသောနေ့ဖြစ်လေသည်။ ထိုနေ့သည် စုရွေ့ကျယ်၏ မွေးနေ့ဖြစ်သောကြောင့် ပြောရမည်ဆိုလျှင် နောက်ဆုံး၌ သူသည် အသက်ဆယ့်ရှစ်နှစ်အဖြစ်ပြောင်းလဲသွားပြီဖြစ်၏။ စုရွေ့ကျယ်သည် အဖွဲ့ငယ်လေး၏ အူတိုင်ဖြစ်လေသည်။
ကျန့်ယွင်တို့အဖွဲ့ထဲရှိ လူတိုင်းသည် သဘာ၀အတိုင်း သူ့မွေးနေ့ကို အလွန်အလေးထားကြပြီး ၎င်းကိုကျင်းပရန် အားလုံး အလုပ်ရှုပ်နေကြလေသည်။
စုရွေ့ကျယ်ကို အံ့အားသင့်စေဖို့ရန်အတွက် သူတို့သည် တပ်ခွဲမှူးကျန်းကို သွားနှုတ်ဆက်ပြီး သူ့ကို ဖုံးထားပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့သည် စုရွေ့ကျယ်ကို စားနပ်ရိက္ခာမလုံမလောက်ဟု အကြောင်းပြပြီး ဂိုဒေါင်သို့ ရိက္ခာလွှဲပြောင်းပေးရန် ဖိတ်ခေါ်ခဲ့ကြလေသည်။
ဝူကျင်းနှင့်ချန်းကျောင်းတို့သည် မီးပုံးပျံများ တစ်စည်း၊ ဖဲကြိုးများနှင့် ချန်ပန်းဇီ၏ဆိုင်ရှိ အရုပ်မျိုးစုံနှင့် လက်ဆောင်သေတ္တာများကို မှာကြားခဲ့ကြလေသည်။ စုရွေ့ကျယ် ထွက်သွားသည်နှင့် တပြိုင်နက် သူတို့သည် လူများကိုညွှန်ကြားပြီး အခန်းကိုအလှဆင်ရန် စတင်ခဲ့ကြသည်။
မိန်းကလေးနှစ်ယောက်သည် ယောက်ျားလေးများကို နေရာအနှံ့သွားခိုင်းပြီး အမိန့်ပေးခဲ့ကြကာ နောက်ဆုံး၌ မွေးနေ့ပါတီမြင်ကွင်းကို စီစဉ်ခဲ့ကြလေသည်။
လင်းကျား၏ကုသမှုနှင့် ပြန်လည်သက်သာလာပြီးနောက် ကျန်းချန်ဖုန့်၏ခြေထောက်သည် လုံးဝပြန်လည်ကောင်းမွန်လာသောကြောင့် သူသည် ပျော်ရွှင်စွာပါဝင်ခဲ့သည်။
သူသည် ကိတ်မုန့်လုပ်ရာတွင်ကျွမ်းကျင်သည့် ကိတ်မုန့်လုပ်သည့် လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး သုံးထပ်နို့ချိုကိတ်တစ်လုံးကို မှာယူခဲ့လေသည်။ စုရွေ့ကျယ်သည် သစ်သီးစားရသည်ကို ကြိုက်နှစ်သက်မှန်း သူသိသောကြောင့် သူသည် ထိုလူအား ကိတ်မုန့်ထဲတွင် အသီးအနှံမျိုးစုံထည့်ခိုင်းခဲ့သည်။ ရှောင်ကျယ်သည် အလွန်သိတတ်သည်။ သူနှင့်လောင်ချောင်၏အိမ်တွင် သစ်သီး၀လံများ ဘယ်တော့မှ မပြတ်လပ်ခဲ့ချေ။ သုံးရက်ကြာအောင် စုပြီးနောက် သူသည် အားလုံးကိုထုတ်ယူလိုက်ကာ ကိတ်မုန့်လုပ်သူအား ကိတ်မုန့်ပေါ်တင်ရန်အတွက် ပေးလိုက်ပြီး စုရွေ့ကျယ်၏အမည်ကို ရေးမှတ်ခဲ့လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကိတ်မုန့်လုပ်သူသည် စုရွေ့ကျယ်ကို အမှန်တကယ်သိခဲ့လေသည်။ သူမသည် ရွှီကျားစားသောက်ဆိုင်၏ပိုင်ရှင် ရွှီမင်းဖြစ်လေသည်။ ကမ္ဘာကြီးမပျက်ခင်က စုရွေ့ကျယ်သည် သူမ၏ဆိုင်သို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပေးပို့ခဲ့လေသည်။
ကမ္ဘာကြီးပျက်စီးပြီးနောက် သူမသည်လည်း တောင်ပိုင်းအခြေစိုက်စခန်းသို့ရောက်လာကာ ကန်တင်း၌ အလုပ်တစ်ခုရှာတွေ့ခဲ့သည်။ သို့သော်လည်း သူမသည် နောက်ဖေးမီးဖိုချောင်တွင်ရှိနေသောကြောင့် သူတို့နှင့် မဆုံခဲ့ရပေ။ စုရွေ့ကျယ်ကို များစွာဂရုစိုက်ခဲ့သော ဝူချီသည်လည်း သူမနှင့်တွဲပြီး ကန်တင်း၌ အလုပ်လုပ်ခဲ့သည်။ ၎င်းကိုကြားပြီးနောက် ကျန့်ချန်ဖုန်းသည် ကျန့်ယွင်နှင့် ဆွေးနွေးခဲ့ပြီး သူတို့အား စုရွေ့ကျယ်၏မွေးနေ့ပါတီကို ဖိတ်ကြားခဲ့လေသည်။ ဤအကြောင်းနှင့်ပတ်သတ်ပြီး စုရွေ့ကျယ် အလွန်ပျော်သွားမည်ဟု သူတို့ ယုံကြည်ကြလေသည်။
ညနေပိုင်း မွေးနေ့ပွဲ၌ သူတို့သည် ကျန်းရွှီကျိုး နှင့် တပ်ခွဲမှူးကျန်းကဲ့သို့သော ကျောက်ပင်းနှင့် ဟန်လဲ့၊ လီမင်း၊ နျိုသလီ နှင့် တခြားသော သူတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြသည့် အသိမိတ်ဆွေအချို့ကို ဖိတ်ကြားခဲ့ကြလေသည်။ အကြမ်းဖျင်းခန့်မှန်းကြည့်ပါက အနည်းဆုံး တစ်ဒါဇင်ခန့်ရှိမည် သို့မဟုတ် သူတို့အဖွဲ့မှလူများပါပေါင်းပြီး လူသုံးဆယ် သို့မဟုတ် လေးဆယ်နီးပါး ရှိနိုင်လေသည်။ သူတို့စားသောက်ရန် ထိုင်ကြသည့်အခါ စားပွဲလေးလုံးနီးပါး ပြင်ဆင်ထားရလေသည်။
ချက်ပြုတ်နိုင်သူအားလုံးနီးပါး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြ၏။ ဝူချီနှင့် ရွှီမင်းတို့လည်း လာကူညီကြပြီး နောက်ဆုံး၌ လူ 50 အတွက် လုံလောက်သည့် အစားအစာများကို ချက်ပြုတ်ခဲ့ကြလေသည်။
ကျန့်ယွင်သည်လည်း တိတ်တိတ်ဆိတ်ဆိတ် အလုပ်များနေခဲ့လေသည်။ သူသည် သူတို့ထက် ပိုပြီးပြင်ဆင်ရန်ရှိနေခဲ့လေ၏။ အရွယ်ရောက်သည့် တစ်ညတာလုံးကို ကုန်ဆုံးရန် စုရွေ့ကျယ်ကိုအဖော်ပြုချင်သည်။
ညမိုးချုပ်သည်နှင့် စုရွေ့ကျယ်နှင့် တပ်ခွဲမှူးကျန်းတို့သည် ဂိုထောင်မှ အတူတူပြန်ရောက်လာခဲ့ကြလေသည်။ တပ်ခွဲမှူးကျန်းသည် ကျန့်ယွင်နှင့် စကားပြောစရာရှိသဖြင့် သူနှင့်အတူ ပြန်လာခဲ့သည်ဟု ဆိုလေသည်။ သူတို့သည် တလမ်းလုံး စကားစမြည်ပြောလာခဲ့ကြလေသည်။
သူတို့ တံခါးဆီသို့ ရောက်လာသောအခါ စုရွေ့ကျယ်သည် အိမ်သည် အလွန်တိတ်ဆိတ်လွန်းနေသည်ကို တွေ့လိုက်ရလေသည်။ တံခါးသော့ကိုထုတ်ပြီး တံခါးဖွင့်လိုက်ရာ အခန်းသည် မှောင်မဲနေသည်ကို တွေ့လိုက်ရလေ၏။ တစ်ခဏလောက် နံရံပေါ်ကို လိုက်စမ်းလိုက်ပြီး ခလုတ်ကိုနှိပ်လိုက်သော်လည်း မီးမလင်းလာခဲ့ချေ။
စုရွေ့ကျယ်သည် ဘာတွေဖြစ်ပျက်နေသည်ကိုကြည့်ရန် နေရာလွတ်ထဲမှ ဓာတ်မီးတစ်လက်ထုတ်ရန်ပြင်ဆင်နေသည့်အချိန်တွင် ခပ်ဝေးဝေးအကွာအခန်းတွင်းမှ အလင်းရောင်အနည်းငယ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
သူ လှမ်းကြည့်လိုက်ပြီး ဖယောင်းတိုင်မီးများပြည့်နေသည့် လှည်းကို ဖြည်းညှင်းစွာ တွန်းထုတ်လာသည်ကို တွေ့လိုက်သော်လည်း ထူးဆန်းသည်မှာ လှည်းတွန်းနေသည့်သူကို မမြင်ရချေ။
ဝူကျင်း၏စွမ်းအား နောက်တစ်ကြိမ် အဆင့်မြင့်သွားတာလား။ အက်တမ်အသွင်ကူးပြောင်းမှုအခြေအနေအောက်တွင် သင်သည် ပစ္စည်းများ သို့မဟုတ် တစ်ခုခုကို ထိနိုင်ပြီဖြစ်ပါသလား။
စုရွေ့ကျယ်သည် တစ်ခဏလောက် ကျယ်ကျယ်ပြန့်ပြန့် တွေးတောနေလေ၏။ လှည်းအနီးသို့ရောက်လာသောအခါတွင် ထိုအပေါ်၌ သုံးလွှာချောကလက် ကိတ်မုန့်ကြီးတစ်လုံးရှိနေသည်ကို တွေ့လိုက်ရပြီး ကိတ်မုန့်ထိပ်တွင် ဖယောင်းတိုင်များ ပြည့်နှက်နေလေသည်။
ခဏအကြာတွင် ယွီသုန်သုန်သည် လှည်းနောက်မှ ရုတ်တရက်ထွက်လာခဲ့ပြီး လှပသောပန်းစည်းကို သူ့လက်ထဲတွင် ကိုင်ထားခဲ့ကာ ၎င်းတို့ကို စုရွေ့ကျယ်၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
သူသည် နူးညံ့သောအသံလေးဖြင့် ချိုချိုသာသာ ပြောလိုက်လေသည်။
“ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ကောကော ”
စုရွေ့ကျယ်တစ်စုံတစ်ခုပြောရန် စောင့်နေစဉ် အရပ်ရပ်မှထွက်လာသည့် သပ်ရပ်သည့်သီချင်းတစ်ပုဒ်ကို ကြားလိုက်ရလေသည်။ ရင်းနှီးသည့်တေးသွားသည် ပျော်ရွှင်စရာ မွေးနေ့သီချင်းဖြစ်လေသည်။
“Happy Birthday to you... Happy birthday to
you...”
【“祝你生日快乐...祝你生日快乐.....”
“zhù nǐ shēng rì kuài lè ....zhù nǐ shēng rì kuài lè ....”】
သီချင်းဆုံးသွားသောအခါ အခန်းထဲတွင် မီးရောင်များ ရုတ်တရက် လင်းထိန်သွားလေသည်။ အခန်းထဲတွင် လူများပြည့်နေပြီး ရောင်စုံအလှဆင်ထားခြင်းမျိုးစုံံကို သူ တွေ့လိုက်ရလေသည်။
“ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ”
အားလုံးက တညီတညွတ်တည်း ပြောလာကြလေသည်။
ဆွေမျိုးများနှင့်သူငယ်ချင်းများ၏ မျက်နှာပေါ်ရှိ အပြုံးများကို ကြည့်ရင်း စုရွေ့ကျယ်၏ မျက်လုံးများသည် တခဏချင်း နီရဲလာခဲ့လေသည်။
ထိုအချိန်တွင် ကျန့်ယွင်သည် အခန်းပြင်သို့ ဖြည်းညှင်းစွာထွက်လာခဲ့လေသည်။ သူသည် အရပ်ရှည်ပြီး ဖြောင့်စင်းသော ခန္ဓာကိုယ်ကို ပိုပြီးပြည့်စုံစေသည့် Formal suit ကို ၀တ်ဆင်ထားလေသည်။ သူ့ဆံပင်ပုံစံကို စတိုင်လ်ချထားခဲ့လေသည်။
သူ၏ ချောမောသောမျက်နှာသည် နူးညံ့သိမ်မွေ့သော အပြုံးကိုဆင်မြန်းထားလေသည်။ သူ့လက်ထဲတွင် လှပသော နှင်းဆီပန်းစည်းကို ကိုင်ထားကာ အနားသို့တိုးကပ်လာပြီး ချိုသာသော အသံဖြင့်ပြောလိုက်၏။
“မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုယ့်ရဲ့ကလေးလေး ”
(shēng rì kuài lè, wǒ de bǎo bèi)
စုရွေ့ကျယ်သည် မျက်ရည်များကျလာသည်ကို မထိန်းနိုင်တော့ချေ။ သူသည် ကျန့်ယွင်ကို ပွေ့ဖက်လိုက်လေ၏။ သူသည် အလွန်ကိုအံ့သြပြီးဝမ်းသာသွားလေသည်။ ဒီလိုပုံမျိုးကို သူ တစ်ခါမှ မတွေးခဲ့ဖူးပါချေ။
“ကလေး၊ သူတို့က ဘယ်သူတွေလဲ ”
ကျန့်ချန်ဖုန်းသည် ဝူချီ၊ ရွှီမင်းနှင့် ရွှီကျားတို့ကို သူတို့ဆီသို့ ခေါ်လာပေးလေသည်။
“ဦးလေးဝူ၊ အန်တီရွှီ....”
စုရွေ့ကျယ်၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားလေသည်။ သူတို့ကို ပြန်တွေ့ရန် သူ မမျှော်လင့်ထားခဲ့ပါချေ။
“ရှောင်ကျယ် ”
ဝူချီသည်လည်း ဤကလေး၏ ကောင်းမွန်သည့်ဘဝကို မြင်ရသည်ကိုဝမ်းသာနေခဲ့လေပြီး သူတို့စိတ်ချသွားပေမည်။ ဤတစ်ကြိမ်တွင် သူ့မျက်ရည်များ ထပ်ကျလာပြန်လေသည်။
ကျန့်ယွင်သည် သူ့ကို ခဏလောက် နှစ်သိမ့်ပေးခဲ့လေ၏။ သူ(SRZ)သည် ရှက်ကိုးရှက်ကန်းနှင့် သူ့မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်ပစ်လိုက်ကာကြီးမားသော အပြုံးကို ပြလာလေ၏။
လူအုပ်ကြီး၏ အားပေးမှုအောက်တွင် သူသည် ဓားတစ်ချောင်းကိုကိုင်ပြီး သစ်သီးနှင့်နို့ကိတ်မုန့်ကြီးကို လှီးလိုက်လေသည်။ ကမ္ဘာကြီး၏အဆုံးသတ်၌ လူတိုင်းသည် အစားအစာကို အလဟဿမဖြစ်စေသည့် အလေ့အထဖွံ့ဖြိုးလာကြလေသည်။ သူတို့သည် ချိုပြီးအဆီများသည့် အစားအစာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိစ္စမရှိချေ။ လူတိုင်းသည် ကိတ်မုန့်ကို ပြောင်ရှင်းအောင်စားသောက်ကြလေသည်။
ထို့နောက် ညစာစားပွဲသို့ ရောက်လာကြလေသည်။ လူများအားလုံးသည် အရသာရှိလှသော ညစာပြင်ဆင်ရန် တိုက်ပွဲဝင်ခဲ့ကြလေသည်။ ရွှီမင်းနှင့် ဝူချီတို့၏ ဟင်းချက်လက်ရာဖြင့် ၎င်းသည်အရသာရှိပြီး လှည့်ကြည့်စရာပင်မလိုချေ။ ရွှင်မြူးစွာဖြင့် စုရွေ့ကျယ်သည်လည်း ပျော်ရွှင်မှုကို ထပ်ဆင့်တိုးမြှင့်ပေးရန် ဝိုင်ကိုထုတ်ယူလာပေးလေသည်။ လူတိုင်းသည် စားသောက်ကြပြီး လေထုသည် ပိုမို နွေးထွေးပြီးရင်း နွေးထွေးလာခဲ့လေသည်။
သန်းခေါင်ယံမှသာ လူအုပ်ကြီးသည် တဖြည်းဖြည်း လူစုကွဲသွားလေသည်။
ကျန့်ချန်ဖုန်းသည် သူ့သားကို မျက်စိမှိတ်ပြလိုက်ပြီးနောက် သူတို့အားမောင်းထုတ်လိုက်ပြီး သူတို့အတွက်အခန်းထဲချန်ထားပေးခဲ့လေသည်။ စုရွေ့ကျယ်သည် ဆိုဖာပေါ်တွင်ထိုင်ရင်း တခစ်ခစ်ရယ်နေလေသည်။ ကျန့်ယွင်သည် သူ့အား ကောက်မလိုက်ပြီး အခန်းထဲသို့ခေါ်သွားလေသည်။
“ ကဲ၊ မင်း အဝတ်အစား အရင်လဲလိုက်အုံး”
စုရွေ့ကျယ်၏အဝတ်အစားများသည် ကိတ်မုန့်နှင့် ဝိုင်နံ့များ စွန်းထင်းနေသောကြောင့် ကျန့်ယွင်သည် သူ့အဝတ်များကို ချွတ်ဖို့ ချော့မော့လိုက်၏။ အခန်းထဲတွင် လေအေးပေးစက်ဖွင့်ထားတာကြောင့် အအေးမိမည်ကို စိတ်ပူစရာမလိုချေ။
စုရွေ့ကျယ်သည် သူ့အဝတ်အစားများကို ချွတ်ဖို့ ကူညီပေးရန် လိမ်လိမ်မာမာတောင်းဆိုလိုက်၏။ ကျန့်ယွင်သည် သူ့ကျောက်စိမ်းအသားအရေကို ကြည့်ပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရလေ၏။ သို့သော်လည်း သူသည် စုရွေ့ကျယ် အသိစိတ် ရှင်းရှင်းလင်းလင်းမရှိသည့်အချိန်တွင် ဘာမှမလုပ်ချင်ခဲ့ချေ။ ထို့ကြောင့် သူ့ ပါးပြင်လေးကို ပုတ်လိာက်ပြီး ပြောလိုက်၏။
“သွား ရေသွားချိုး”
“ကောင်းပါပြီ၊ ရေချိုးလိုက်ဦးမယ် ”
စုရွေ့ကျယ်သည် အနည်းငယ်သတိရှိနေပုံရပြီး ရေချိုးခန်းထဲဝင်သွားလေသည်။
ကျန့်ယွင်သည် အထူးသဖြင့် သူချော်လဲမည်ကို စိုးရိမ်သောကြောင့် ရေချိုးခန်းကြမ်းပြင်တွင် စောင်အထူအနည်းငယ်ကို ဖြန့်ခင်းထားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် သူစိုးရိမ်နေသည့်အရာ မဖြစ်ခဲ့ပေ။ ရေချိုးခန်းထဲမှ ရေကျသံများ အလျင်အမြန်ထွက်ပေါ်လာလေသည်။
ကျန့်ယွင်သည် သူ့ formal suit ကို ချွတ်လိုက်ပြီး ပေါ့ပါးသောညအိပ်ဝတ်ကိုဝတ်လိုက်သည်။ ရလဒ်အနေဖြင့် ရေချိုးခန်းထဲမှ အံ့သြတကြီးအော်ဟစ်သံကိုကြားလိုက်ရလေသည်။
ကျန့်ယွင် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းလောက်ဖြင့် ပြေးလွှားသွားလေသည်။ တံခါးကိုဖွင့်ပြီးနောက်၊ သူမြင်လိုက်ရသည်မှာ.....
လုံး၀န်းပြီး ကျစ်လျစ်သည်...မက်မွန်သီးများ.....
ထိုမက်မွန်သီးလေးသည် လှုပ်ခါနေဆဲဖြစ်လေကာ တောင်ကုန်းများကြားတွင် လျှို့ဝှက်နေရာလေးတစ်ခုကိုဝှက်ထားရာ ဝိုးတဝါးဖြစ်နေလေ၏။
ကျန့်ယွင်သည် သူ့ဗိုက်မှ လျင်မြန်စွာပျံ့နှံ့နေသော အပူလှိုင်းတစ်ခုကိုသာ ခံစားလိုက်ရလေ၏။ သူ အံ့အားသင့်သွားသော အသံဖြင့် မေးလိုက်၏။
“မင်း ဘာလုပ်နေတာလဲ”
စုရွေ့ကျယ်သည် ရေနွေးငွေ့ကြောင့် နီရဲလာသည့် သူ့မျက်နှာလေးကို မော့လိုက်ပြီး နူးညံ့စွာပြောလာလေ၏။
“ ကျွန်တော် ဆပ်ပြာ... ကောက်နေတာ..”
သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ရမယ်၊ ဟုတ်တယ်မလား။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ရမယ်။
စုရွေ့ကျယ်သည် သူ့အမေးကို ဖြေပြီးနောက် နောက်တစ်ကြိမ် ငုံ့ကိုင်းလိုက်ပြီး မြူထဲတွင် သူ့ဆပ်ပြာကို ရှာတွေ့လိုက်လေသည်။ သူဘယ်လို လှည့်စားတဲ့ အပြုအမူမျိုးလုပ်နေပြီး အန္တရာယ်ရှိသည့်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရနေရမှန်း သူမသိခဲ့ချေ။
ထိုအခိုက်တွင် ကျန့်ယွင်သည် သူ့ဦးနှောက်ထဲတွင် ကြိုးပြတ်သွားသည်ကို ကြားလိုက်ရလေသည်။
သည်းမခံနိုင်ဘူး၊ သည်းခံဖို့မလိုတော့ဘူး။
ရေချိုးခန်းတံခါးသည် ကျန့်ယွင်၏နောက်မှ ဖြည်းညှင်းစွာပိတ်သွားပြီး နွေဦးအခန်းတစ်ခုသာချန်ထားခဲ့လေတော့သည်။
ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်ရာအရပ်သို့ ဦးတည်သွားသည်နှင့်အမျှ နန်ရှန်ကို နားနားနေနေ မြင်နိုင်သည် လို့ ဆိုကြတယ်မဟုတ်လား...
【TN : သူက ကဗျာတစ်ခုကနေဆင်းသက်လာတာပါတဲ့။ ကဗျာက ရှေးဟောင်းဘုရားကျောင်းထဲကို၀င်လိုက်တာနဲ့ အလင်းရောင်နဲ့ တောင်တန်းတွေဆီကကျေးငှက်တွေရဲ့သာယာတဲ့နေရာမှာ တရားအားထုတ်ဖို့ ဘုန်းတော်ကြီးစိတ်အားထက်သန်နေတဲ့ အကြောင်းကိုပြောတာလားမသိဘူး။ ကိုယ်လည်း ကောင်းကောင်းနားမလည်ဘူးရယ်။
ပိုင်တုမှာ လိုက်ရှာပေမယ့် တရုတ်စာမတတ်တော့ google tran နဲ့ဖတ်ကြည့်တာ သူဆိုလိုတာက * စိတ်အားထက်သန်မှုကို ဖော်ပြချင်တာပါတဲ့။ ဒီမှာကတော့ ကိုကိုကျန့်ယွင် စုရှောင်ကျယ်ကို အရမ်းစားချင်နေတာကို ပြောချင်တာကွာ 🌚】
ကျန့်ယွင်သည် အကွေ့အကောက်လမ်းတစ်ခု၏ လှပသောရှုခင်းကို ကောင်းကောင်းခံစားခဲ့ပြီး ယနောက် စုရွေ့ကျယ်ကို ရေချိုးခန်းထဲမှ ခေါ်ထုတ်လာခဲ့ ယလေသည်။ ညသည် ဆက်၍ရှည်လျားဆဲဖြစ်လေသည်။
【TN : ဝူးခနဲမောင်းသွားတဲ့ Off road ကားလေးပါ။ မထင်ထားဘူးမဟုတ်လား။ 🌝】
............
နှစ်နှစ်ကြာပြီးနောက်
လူသားများသည် ကမ္ဘာပျက်ကပ်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာကြပြီး အချက်ပြမျှော်စင်ကို ပြန်လည်ပြုပြင်ပြီး ဆက်သွယ်ရေးသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
အဓိက အခြေစိုက်စခန်းများသည် နိုင်ငံလုံးဆိုင်ရာ အခြေစိုက်စခန်းညီလာခံတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။ အဓိကအခြေစိုက်စခန်းများမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး အခြေစ်ုက်စခန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစွန်းရောက် ရာသီဥတုဆိုင်ရာ ဖြေရှင်းမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။
တောင်ပိုင်းအခြေစိုက်စခန်းသည် တဖြည်းဖြည်း အခြေစိုက်စခန်းများကြားတွင် နံပါတ်တစ်ဖြစ်လာပြီး လူဦးရေအများဆုံးရှိသောမြို့တော်အခြေစိုက်စခန်းသည်ပင် ဒုတိယအဆင့်သာ ရပ်တည်နိုင်ခဲ့လေသည်။ သူတို့တွင် အမြင့်မားဆုံးလက်နက်များ၊ စွမ်းအားအရှိဆုံးအဖွဲ့၊ ရိက္ခာပစ္စည်းအကြွယ်၀ဆုံးပိုင်ဆိုင်ထားသောကြောင့်ဆိုသလို လူသားဆန်မှုအရှိဆုံးအခြေစိုက်စခန်းအဖြစ် အသိအမှတ်ပြုခံရသောကြောင့်ဖြစ်လေသည်။ သာမန်လူများ သို့မဟုတ် စွမ်းအားရှင်များဖြစ်စေ သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းကို တောင့်တကြလေသည်။
သို့သော်လည်း ကျန်းရွှီကျိုးသည် အေးဆေးတည်ငြိမ်ပြီး တရားမျှတသော ခေါင်းဆောင်တစ်ဦးဖြစ်နေဆဲဖြစ်လေသည်။ သူသည် မြို့တော်အခြေစိုက်စခန်း၏ခေါင်းဆောင် ရှဲ့လောင်ကို အလွန်လေးစားမှုရှိပြီး အာဏာသိမ်းရန် သို့မဟုတ် တစ်စုံတစ်ရာကိုမှ စိတ်မကူးခဲ့ဖူးချေ။ သူသည် ဤရက်စက်ကြမ်းကြုတ်သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် နောက်ထပ်လူများပိုပြီး အသက်ရှင်ကျန်ရစ်စေရန် ကူညီပေးလိုခြင်းသာရှိလေသည်။ ထို့ကြောင့်ညီလာခံ၏ အိမ်ရှင်သည် မြို့တော်အခြေစိုက်စခန်း၏ ရှဲ့လောင် ဖြစ်လေသည်။
အခြေစိုက်စခန်းအစည်းအဝေးတွင် ကျန်းရွှီကျိုးသည် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုရေး အဆိုပြုချက်ကိုတင်သွင်းခဲ့ပြီး ၎င်းကို မဲအားလုံးဖြင့်ဖြတ်ကျော်ကာ အတည်ပြုခဲ့လေသည်။
ကမ္ဘာပျက်ကပ်ထဲတွင် ရှင်သန်နိုင်စွမ်းအားနည်းသောအမျိုးသမီးများ၏ သေဆုံးမှုနှုန်းသည် အလွန်မြင့်မားသောကြောင့် အမျိုးသားများသည် အမျိုးသားများနှင့် အတူနေခြင်းမှာ အလွန်သာမန်သာဖြစ်လေသည်။ အတူတကွနေထိုင်ခြင်းသာဖြစ်၏။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဘာအရေးကြီးပါသနည်း။
ကမ္ဘာပျက်ကပ်မတိုင်မီက ခွင့်မပြုခဲ့ဖူးသည့် လိင်တူလက်ထပ်ခြင်းကို ယခုနှစ်တွင်အသိအမှတ်ပြုခဲ့ပြီး အရပ်ဘက်ရေးရာဗျူရိုကို ပြန်လည်ဖွင့်လှစ်လိုက်သည်။ စုံတွဲများသည် အဓိကအခြေစိုက်စခန်းများ၏ အရပ်ဘက်ရေးရာဗျူရိုတွင် လက်ထပ်မှတ်ပုံတင်နိုင်ပြီး တရားဝင်လက်ထပ်စာချုပ်ကို ရယူနိုင်သည်။
ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် လိင်တူလက်ထပ်ထိမ်းမြားလက်မှတ်ရယူရန် ပထမဆုံးစုံတွဲဖြစ်လာခဲ့လေသည်။ ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည်လည်း မှတ်ပုံတင်ရန် ပူးပေါင်းခဲ့ကြသည်။ ချန်းကျောင်းကို နှစ်နှစ်ကြာအောင် လိုက်ခဲ့ရသော ကျန့်ကျားဟယ်သည် နောက်ဆုံး၌ နတ်ဘုရားမ၏ ခွင့်ပြုချက်ကို ရရှိခဲ့လေသည်။ မည်သို့မည်ပုံ အတူရှိသွားကြမှန်းမသိလိုက်ရသည့် ချန်းချီနှင့် စုန့်ချန်ရှုတို့သည်လည်း လက်မှတ်ယူရန် သွားခဲ့ကြလေသည်။
【TN : ချန်းချီနဲ့ ချန်ရှုတို့ကတော့ ပလော့တွစ်ပါ။ မထင်ထားဘူးမလား 🌚 ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်လိုက်ကြတာပေါ့ 🤣】
တောင်ပိုင်းအခြေစိုက်စခန်းရှိ အင်အားအကောင်းဆုံးအဖွဲ့၏ လျင်မြန်သောအပြုအမူသည် မရေမတွက်နိုင်သော အမျိုးသား အမျိုးသမီးများ၏ နှလုံးသားများကို ကွဲကြေသွားစေလေ၏။
အနာဂတ်မှာတော့ ပိုကောင်းပြီးရင် ကောင်းလာပါလိမ်မယ်။
(တကယ့်ကို ပြီးဆုံးသွားပါပြီ QAQ)
🍒🍒