အခန်း(၁၁၂)
Viewers 12k


အခန်း(၁၁၂)《 တွေ့ကြုံစုံစည်းကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လူကြီးနှစ်ယောက် သဘောတူလိုက်ကြကတည်းက ကျန့်ယွင်သည် လူကြီးနှစ်ယောက်ကို သူတို့အိမ်သို့ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်သည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသည့်အတွက်ကြောင့် ထိုအိမ်ထဲတွင် နေထိုင်သူမိသားစုမရှိဟုဖော်ပြနိုင်လေသည်။


ကျန့်ချန်ဖုန်း လှဲနေသောသော အိပ်ရာဟု‌ခေါ်သည့်‌ နေရာသည် တကယ်တမ်း မွေ့ယာဟောင်းများနှင့် အိပ်ယာခင်းဟောင်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။ နွေးထွေးစေရန် အနွေးမီးဖိုလေးကိုသာ အားကိုးရလေသည်။ သူသည် သက်ကြီးရွယ်အိုနှစ်ဦးကို ဤနေရာတွင် နောက်ထပ်တစ်ခဏလေးသော်မျှ မထားခဲ့ချင်ပေ။


စုရွေ့ကျယ်သည် အနွေးထည်နှင့် ဘောင်းဘီရှည်နှစ်စုံ၊ ခြေအိတ်ထူများ၊ နှင်းဘွတ်ဖိနပ်များ၊ ဂျက်ကတ်အကျီရှည်နှင့် ဦးထုပ်တို့ကို နေရာလွတ်မှ ထုတ်ယူလိုက်ပြီးနောက် လူကြီးနှစ်ဦးအား ကျန့်ယွင်နှင့်အတူ အဝတ်အသစ် လဲစေလိုက်‌သည်။ ထို့နောက် ရတနာရှစ်ပါးယာဂုနှစ်ခွက်ကို ထုတ်ယူလိုက်ကာ သက်ကြီးရွယ်အိုနှစ်ယောက် ဝမ်းကိုဖြည့်ဖို့ရာ ကူညီလိုက်သည်။


သူတို့အတွက် ဤရက်များထဲ ဗိုက်ပြည့်ပြီး နွေးထွေးမှုအပြည့် ခံစားရသည်မှာ ပထမဆုံးဖြစ်လေသည်။


လူကြီးနှစ်ယောက်သည် သူတို့ ရိက္ခာပစ္စည်းများမပြတ်လပ်ကြောင်း ပြောသည့်အခါက လုံးဝမယုံကြည်ခဲ့ကြချေ။ ၎င်းသည် မှန်ကန်သည့်အခြေအနေသို့ပြောင်းလဲသွားကာ စုရွေ့ကျယ်သည် အမှန်တကယ်၌ ရှားရှားပါးပါး စိတ်စွမ်းအင်နေရာလွတ် စွမ်းအားရှင်တစ်ယောက်ဖြစ်နေလေ၏။ သူတို့နှစ်ယောက်စလုံးသည် ပျော်ရွှင်ကျေနပ်ကြပြီး ကလေးများသည် သူတို့အား မလိမ်ညာခဲ့ကြပါချေ။


ကျန့်ချန်ဖုန်း၏ခြေထောက်နှင့်ခြေဖဝါးများသည် အဆင်မပြေသည့်အတွက် ထွက်သွားကြစဉ် ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် သူ့ကိုကူညီတွဲပေးကြလေသည်။ လောင်ချောင်သည် အသက်ကြီးနေသော်လည်း သူ့ခြေထောက်များနှင့် ခြေဖဝါးများသည် သွားလာရ အဆင်ပြေနေဆဲဖြစ်လေသည်။ ယခု သူ့တွင်အစားအစာနှင့်အဝတ်အစားများ လုံလုံလောက်လောက်ရနေပြီး သူ့ခြေထောက်များသည် သန်မာနေလေသည်။ သူသည် ချန်းချီ၏ အကူအညီကို ငြင်းဆန်ပြီး သူကိုယ်တိုင် ခိုင်ခိုင်မာမာ လမ်းလျှောက်သွားလေ၏။ 


သို့သော်လည်း သူတို့ အဆောက်အဦးထဲမှ ထွက်လာကြသည်နှင့် ကျန့်ချန်ဖုန်းလား ဟူသော ချီတုံချတုံဖြစ်နေသော အသံကို သူတို့အနောက်ဘက်မှ ကြားလိုက်ရလေသည်။


လူများမသိစိတ်ကြောင့် နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူတို့အားလှမ်းခေါ်လိုက်သည့်သူမှာ ပန်လီဟွားဖြစ်လေ၏။ သူမလက်ထဲတွင် နှင်းများပြည့်နေသည့် ပလပ်စတစ်အင်တုံတစ်ခုကို ကိုင်ထားလေ၏။ သူမ နှင်းများကိုယူပြီး ရေအဖြစ်သုံးဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်မှာ ထင်ရှားပေသည်။


ပန်လီဟွားသည် စစ်အင်္ကျီကို ရစ်ပတ်ထားဆဲဖြစ်ကာ လေအေးကြောင့် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ သူမသည် အိမ်သာသွားချင်သဖြင့် ရေဆေးရန် ဆီးနှင်းများယူရန် အပြင်သို့ထွက်ခဲ့လေသည်။ သူမ ပြန်လာသောအခါ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် အဆောက်အဦးထဲမှ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။


ကျန့်ယွင်၏အဝတ်အစားများသည် အလွန်တောက်ပနေသဖြင့် ပန်လီဟွားသည် ၎င်းတို့အား သဘာဝအတိုင်း သတိပြုမိခဲ့သည်။ သူတို့ ကျန့်ချန်ဖုန်းကို ရှာဖွေနေကြသည်ကို သူမ သတိရလိုက်လေ၏။သူတို့အဖွဲ့သည် လေးယောက်မှ ခြောက်ယောက်အထိ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောအခါ သူမတုန်လှုပ်သွားလေသည်။ သူမလူငယ်နှစ်ယောက်တွဲထားသော ထော့နဲ့ထော့နဲ့ဖြစ်နေသည့် အသက်ကြီးသူကို ဂရုတစိုက်ကြည့်လိုက်သောအခါ နောက်ဆုံး၌ ထိုသူသည် သူမ၏ခင်ပွန်း ကျန့်ချန်ဖုန်းဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။


ကျန့်ချန်ဖုန်းသည် ခေါင်းမှခြေဖျားအထိ ထွေးပတ်ခံထားရသော်လည်း ပန်လီဟွားသည် သူ့နောက်ကျောနှင့် ရင်းနှီးလေသည်။


“နင်တို့က ဘယ်သူတွေလဲ။ ငါ့ယောကျ်ားကို ဘယ်ခေါ်သွားမလို့လဲ ”


ပန်လီဟွားသည် ရှေ့ကိုလှမ်းလာဖို့ စိတ်အားထက်သန်နေ၏။ မသိလျှင် သူမသည် သူမခင်ပွန်းကို ဂရုစိုက်သည်ဟု ထင်နိုင်လေသည်။


သို့သော် ကျန့်ချန်ဖုန်းသည် သူမကို ပြန်မကြည့်ချင်ခဲ့ပေ။ သူသည် သူမအဝေးသို့ ခေါင်းကိုလှည့်လိုက်ပြီး သူ့ရပ်တည်ချက်ကို ပြလိုက်၏။


“ဒါက ခင်ဗျားးရဲ့ကိစ္စမဟုတ်ဘူး”


ကျန့်ယွင်သည် မျက်မှောင်ကြုတ်ပြီး စိတ်မရှည်စွာပြောလိုက်သည်။


“ဒါက ငါ့ယောကျာ်းပဲ ” 


ပန်လီဟွားသည် ကျယ်လောင်သောအသံဖြင့် ပြောလာလေသည်။


“ဟားဟား၊ ဒါဆို ရှင်အခု ရှင့်ရဲ့ယောက်ျားကို မှတ်မိပြီပေါ့လေ။ ဒါဖြင့် ဒီတချိန်လုံး ရှင်ဘာတွေ လုပ်နေခဲ့လဲ ”


ချန်းကျောင်းသည် လုံးဝယဉ်ကျေးမနေပါချေ။


သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လေလှိုင်းလုံးကြီးတိုက်ခတ်လာလေကာ ပန်လီဟွားကို ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားစေသည်။


ပန်လီဟွား၏မျက်နှာသည် လေအေးကြောင့် လွင့်စင်သွားကာ သူမအား အပ်တစ်ချောင်းဖြင့်ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။


စွမ်းအားရှင်တွေ။


ထိုလူများထဲတွင် စွမ်းအားရှင်များရှိသည်။ ပန်လီဟွားသည် ချန်းကျောင်းအား နောင်တရပြီး ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်၏။ ကျန့်ချန်ဖုန်းသာ ထိုကဲ့သို့သောလူကို သိခဲ့သည်ကို သူမသိခဲ့ပါက သူမ ထိုကဲ့သို့ ပြုမူခဲ့လိမ့်မည်မဟုတ်ပေ။


သို့သော်လည်း အောင်မြင်မှုကို ဝယ်ရန်ခက်ခဲပေသည်။ ယခုကျန့်ချန်ဖုန်းသည် သူမအပေါ် လုံးဝအေးစက်နေပြီး သူမအားကြည့်လိမ့်မည်တောင်မဟုတ်ဘူးဆိုသည်ကို သူမသိနေခဲ့သည်။ ကျန့်ယွင်သည် သူမကိုကြည့်ပြီး လှောင်ပြုံးကာ ပြောလိုက်၏။


“ငါက ကျန့်ယွင်ပဲ။ ငါ့အဖေက ခင်ဗျားကို အနာဂါတ်မှာ အနှောင့်အယှက်ပေးတော့မှာ မဟုတ်ဘူး ”


ကျန့်ယွင်လား။


မိုးခြိမ်းသံကဲ့သို့သော ဤစကားနှစ်ခွန်းသည် ပန်လီဟွား၏ခန္ဓာကိုယ်ကို ကွဲကွာသွားစေပြီး သူတို့အား ဆက်လက်မပူဆူဝံ့တော့ဘဲ လူတစ်စု ထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နိုင်ခဲ့လေသည်။


“အားကျန့်၊ မင်းအရင်ပြန်သွားနှင့်။ ငါတို့လည်း အဖေနဲ့အမေကို သွားခေါ်လိုက်မယ်”


ချန်းချီသည် အတော်အဝေးသို့ လျှောက်လာပြီးနောက် ကျန့်ယွင်ကိုပြောလိုက်၏။


“ကောင်းပြီ”


ချန်းချီနှင့်ချန်းကျောင်းတို့သည် သူတို့နှင့်ခွဲကာ သူတို့မိဘများကိုရှာရန် အပေါ်ထပ်သို့တက်သွားကြလေ၏။ ချန်းအဖေနှင့်အမေတို့သည် ကျန့်ချန်ဖုန်းနှင့်လောင်ချောင်တို့ထက် ဆွဲဆောင်ရန် ပို၍လွယ်ကူသည်။ ယခု ကျိလျန်သည် အသက်ကြီးလာပြီဖြစ်ကာ သူသည် သဘာဝအတိုင်း သူ့သားနှင့်သမီးနှင့်အတူရှိနေချင်ခဲ့သည်။ သူသည် သူတို့အား သူတို့နှင့်အတူ တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်သွားစေလိုကြောင်း ကြားလိုက်ရသောအခါတွင် ရိုးရှင်းစွာသဘောတူလိုက်လေသည်။


ညံ့ဖျင်းသောအခြေအနေကြောင့် လူကြီးနှစ်ဦးတွင် ထုပ်ပိုးရန်ဘာတစ်ခုမျှမရှိချေ။ ငွေအနည်းငယ်တန်သောပစ္စည်းများမှာ ချန်ဆန်အိတ်သေးတစ်အိတ်နှင့် လုဟွာကြက်တစ်ကောင်မျှသာဖြစ်လေသည်။


ချန်းချီနှင့်ချန်းကျောင်းတို့သည် ၎င်းကိုမြင်လိုက်ရသောအခါ ဝမ်းနည်းသလို ခံစားလိုက်ရလေသည်။ သူတို့သည် လူကြီးနှစ်ယောက်ကို အဆောက်အဦးပေါ်ကဆင်းရန် ကူညီခဲ့ပြီး သူတို့နေထိုင်သည့် အဆောက်အဦးသို့ ပြန်သွားခဲ့ကြလေသည်။


စုရွေ့ကျယ်သည် သူတို့စီစဉ်ထားပြီးဖြစ်သော အခန်းကိုဖွင့်လိုက်၏။ ထူထဲသည့်မွေ့ယာ၊ သန့်ရှင်းသပ်ရပ်သည့် အိပ်ယာခင်းနှင့် သက်တောင့်သက်သာရှိသည့်စောင်နှင့်ခေါင်းအုံး အပါအဝင် အခန်းထဲရှိ လူသားအပူအရင်းအမြစ် ကျောက်ပင်းနှင့် မကြာခင်မှာပင် အခန်းသည် ပူနွေးလာခဲ့လေသည်။


စုန့်ချန်ရှုသည် ရေနွေးထည့်လိုက်ပြီး သက်ကြီးရွယ်အိုလေးဦးသည် ရေနွေးပူပူဖြင့် သက်တောင့်သက်သာ ရေချိုးခဲ့ကြသည်။


နောက်ပိုင်းတွင် စုရွေ့ကျယ်သည် ခေါက်ဆွဲခြောက်အိုးကြီးတစ်လုံးကိုချက်ပြုတ်ခဲ့ပြီး သက်ကြီးရွယ်အိုလေးဦးကို အစားအစာထမင်းတစ်နပ်အပြည့်စားစေခဲ့သည်။


ထိုနေ့သည် အသက်ကြီးသူလေးဦးအတွက် သူတို့ ကမ္ဘာပျက်ကပ်စတင်လာသည့်အချိန်ကတည်းက စိတ်အချမ်းသာဆုံးနေ့ဖြစ်လေသည်။


သက်ကြီးရွယ်အိုလေးယောက်သည် ကောင်းကောင်းအိပ်ပျော်သွားခဲ့ကြသည်။ သူတို့ အိပ်ရာနိုးလာကြ‌သည့်အချိန်တွင် ကျန့်ယွင်သည် သွားဖို့အဆင်သင့်ဖြစ်နေပြီဆိုသည်ကို တွေ့လိုက်ရသည်။ သူတို့ အနာဂါတ်တွင် တခြားအခြေစိုက်စခန်းများကိုသွားရန် လိုအပ်ကြသောကြောင့် ကျန့်ယွင်သည် ယနေ့စတင်ရန် ဆုံးဖြတ်ခဲ့လေသည်။


ကလေးများတွင် နောက်ထပ် တခြားလုပ်စရာတာ၀န်များရှိပြီး တောင်ပိုင်းအခြေစိုက်စခန်းသို့ တန်းပြန်မည်မဟုတ်ကြောင်းကြားလိုက်ရသောအခါ လူကြီးလေးယောက်သည် သူတို့အလုပ်များပြီးသည့်အချိန်အထိ စောင့်နေသည်က ပိုကောင်းပြီး နောက်မှသူတို့အား ပြန်လာခေါ်ကြရန်ပြောလိုက်ကြ၏။ သူတို့အား ဆွဲမချလိုနေကြချေ။


သို့သော် အုပ်စုသည် မည်သို့သဘောတူနိုင်မည်နည်း။ ဤအဆင့်၌ မြို့တော်အခြေစိုက်စခန်း၏ နေရေးထိုင်ရေးသည် ဆင်းရဲလွန်းသည်။ သူတို့သည် သက်ကြီးရွယ်အိုများ ဒီမှာပဲဆက်နေရန် စိတ်မချနိုင်ကြချေ။ အဖွဲ့၏ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်တွင် သက်ကြီးရွယ်အိုလေးယောက်သည် သူတို့နှင့်အတူ ထွက်ခွာဖို့ သဘောတူခဲ့ကြရလေသည်။


သူတို့ရောက်လာသည့်အချိန်ကကဲ့သို့ပင် မြို့တော်အခြေစိုက်စခန်းမှ နှင်းခရူဇာတစ်စီးဖြင့် ထွက်ခွာလာကြပြီး ဒါရိုက်တာပိုင်သည် သူတို့အား နှုတ်ဆက်ရန် လာခဲ့လေသည်။


ပန်လီဟွားသည် သူတို့ထွက်ခွာသွားသည်ကို မသိခဲ့ချေ။ သူမသည် အခြေစိုက်စခန်းရှိ ကျန့်ယွင်နှင့်ကျန့်ချန်ဖုန်းတို့၏သတင်းကို သိရှိရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းမှသာ ကျန့်ယွင်သည် အမှန်တကယ်၌ ကယ်ဆယ်ရေးပစ္စည်းများပေးပို့ရန် တောင်ပိုင်းအခြေစိုက်စခန်းမှ စေလွှတ်ခဲ့သည့် အထူးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့အပြင် သူသည် စွမ်းအားကြီးသည့် အဆင့်လေးစွမ်းအားရှင်တစ်ယောက်လည်းဖြစ် ကြောင်း ကြားခဲ့လေသည်။


ပန်လီဟွားသည် ထိုသတင်းကိုကြားလိုက်ရသောအခါ သူမနားများ မြည်ဟီးလာသလို ခံစားလိုက်ရသည်။ သူမ အူများပြာသွားသည်အထိ အလွန်နောင်တရခဲ့သော်လည်း ယခုအခါ အသုံးမ၀င်ပါတော့ချေ။ ကျန့်ချန်ဖုန်းသည် သူ့မိန်းမ ပြိုလဲတော့မည်ကို မသိခဲ့ပါချေ။


သူသည် မြို့တော်အခြေစိုက်စခန်းမှ ထွက်ခွာလာပြီးနောက် သွားလာရခက်ခဲမည်ဟု သူထင်ခဲ့သော်ငြားလည်း နှင်းခရူဇာအတွင်းရှိ အခြေအနေများသည် ကောင်းမွန်လှကြောင်း မမျှော်လင့်ထားခဲ့ချေ။ ၎င်းသည် မခုန်ရုံသာမက အလွန်သက်တောင့်သက်သာရှိသော အိပ်ရာတစ်ခုလည်း ပါရှိသည်။ နေရေးထိုင်ရေးအခြေအနေများသည် မြို့တော်အခြေစိုက်စခန်းထက် အဆများစွာ သာလွန်လေသည်။


သူသည် နေ့တိုင်း ရေနွေးနွေးဖြင့် ရေချိုးနိုင်လေသည်။စုရွေ့ကျယ်သည် သူတို့အတွက် နေ့တိုင်း အရသာရှိသော ဟင်းပွဲများလည်း ချက်ပြုတ်ပေးလေသည်။ သူတို့အားလုံးအတွက် ယခင်က မတွေးဝံ့ခဲ့ကြသည့် အသားဟင်းလျာများပင် ရှိခဲ့လေသည်။


“ရှောင်ကျယ်က အသက် 18 နှစ်မပြည့်သေးဘူးလား။ သူအရမ်းငယ်သေးတာကို မင်းဘယ်လိုလုပ်နိုင်တာလဲ ”


ကျန့်ချန်ဖုန်းသည် ယခု သူ့တွင် ချွေးမတစ်ယောက်ရှိသည် ဆိုသည့်အချက်ကို လုံးလုံးလက်ခံထားပြီးဖြစ်သော်လည်း စုရွေ့ကျယ်၏အသက်အရွယ်ကို သိလာရပြီးနောက် သူသည် သူ့အမိမြေ၏ပန်းများကို ပြစ်မှားနေသကဲ့သို့ သူ့သားဖြစ်သူအား နေ့တိုင်းစကားပြောနေလေ၏။


“ပါး၊ သားကို ဘယ်သူလို့ထင်နေတာလဲ ”


ကျန့်ယွင်သည် သူနှင့် စုရွေ့ကျယ်သည် အမြဲတမ်း ဖြူစင်နေသေးကြောင်းရှင်းပြဖို့ကြိုးစားရင်း ရယ်ရမလား ငိုရမလား မသိတော့ချေ။


“စိတ်မပူပါနဲ့၊ သား သူအရွယ်ရောက်လာတဲ့အထိ စောင့်နေမှာပါ”


“အတူတူပါပဲကွာ။ ရှောင်ကျယ်က အရမ်းတော်တဲ့ ကလေးတစ်ယောက်ပါ။ မင်းအရာရာကို အစအဆုံး မစွန့်လွှတ်နိုင်ပါဘူး”


“ပါး၊ စိတ်ချထားလို့ရပါတယ်”


ကျန့်ယွင်သည် သူ့အဖေကို ကျေနပ်စေဖို့ကလွဲပြီး ရွေးစရာမရှိသော်လည်း သူ့အဖေသည် ရှောင်ကျယ်ကို လက်ခံလိုက်သည့်အတွက် သူ့အကြောင်းမပြောဘဲ မနေနိုင်ခဲ့ပေ။


စုရွေ့ကျယ်၏နေရာလွတ်အား အမှီပြု၍ သူတို့သည် အခြားအခြေစိုက်စခန်းလေးခုသို့ဆောင်းတွင်း ရိက္ခာအသုံးအဆောင်များစွာကိုပေးပို့ခဲ့ပြီး အလယ်တွင်ဖုတ်ကောင်တိုက်ခိုက်မှုများစွာကိုကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့အားလုံးကိုအန္တရာယ်မရှိဘဲ ဖြေရှင်းနိုင်ခဲ့ကြလေသည်။ ကျန့်ချန်ဖုန်းသည် စုရွေ့ကျယ်၏စွမ်းရည်ကြောင့် အကြိမ်ကြိမ် အံ့ဩတုန်လှုပ်သွားခဲ့ရလေသည်။


“အားကျန့်၊ ရှောင်ကျယ် မွေးနေ့ရောက်ဖို့ သိပ်မလိုတော့ဘူး မဟုတ်လား။ မင်း လူတွေကို ကောင်းကောင်းစောင့်ကြည့်ရမယ်။ ဒီကလေးက အံ့သြစရာပဲ ”


ကျန့်ချန်ဖုန်းသည် ထက်မြက်၊ နားလည်တတ်ပြီး စွမ်းဆောင်ရည်ရှိသူ စုရွေ့ကျယ်ကို သူ့ချွေးမအဖြစ်ပိုပိုပြီး ကျေနပ်နေခဲ့ကာ သူ့သဘောထားလည်း အလွန်လျင်မြန်စွာ ပြောင်းလဲသွားလေသည်။


“ပါး၊ စိတ်မပူပါနဲ့ ”


ကျန့်ယွင်သည် ဒီကိစ္စနှင့်ပတ်သတ်ပြီး အမှန်တကယ်ပင် ဘာပြောရမှန်း မသိတော့ချေ။ သို့သော် သူသည် စုရွေ့ကျယ်ကို အလွန်ယုံကြည်မှုရှိ၏။ တစ်စုံတစ်ယောက်သည် သူ့ကို ဝေးရာကို ခေါ်ဆောင်သွားနိုင်မည်ဟု မယုံကြည်ပေ။


တခြားအခြေစိုက်စခန်းများကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့စဉ်တွင် ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည်လည်း သူတို့၏ ဇာတိမြို့သို့ ပြန်သွားခဲ့ကြသည်။ ကံမကောင်းစွာဖြင့် သူတို့၏ဆွေမျိုးများကို ရှာမတွေ့ခဲ့ကြပေ။


နှစ်လအကြာတွင် သူတို့သည် နောက်ဆုံး၌ တောင်ပိုင်းအခြေစိုက်စခန်းသို့ ပြန်ရောက်ခဲ့ကြလေသည်။ သက်ကြီးရွယ်အိုလေးဦးသည် တောင်ပိုင်းအခြေစိုက်စခန်းအကြောင်း အကြိမ်များစွာကြားသိခဲ့ရသော်လည်း သူတို့ကိုယ်တိုင် မျက်စိဖြင့်မြင်ရပြီးနောက် အလွန်ကွဲပြားနေဆဲဖြစ်သည်ဟု ခံစားနေကြရဆဲဖြစ်လေသည်။


တောင်ပိုင်းအခြေစိုက်စခန်းသည် ကမ္ဘာပျက်မတိုင်မီကကဲ့သို့ပင် အသက်ဝင်ပုံရလေသည်။ လူများသည် ချည်သားအ၀တ်ဟောင်းများနှင့် ဘောင်းဘီရှည်များဝတ်ထားကြပြီး နွေးနွေးထွေးထွေးနေလျှင် ပိုကောင်းသော်လည်း လူများစွာသည် ဤကဲ့သို့ အေးခဲလှသည့်အပူချိန်တွင် အပြင်ဘက်၌ လမ်းလျှောက်နေကြဆဲဖြစ်လေ၏။


မြို့မှတ်ပုံတင်ရုံးထဲတွင် အားလုံးသည် ကွန်ပျူတာနှင့် မှတ်တမ်းများလုပ်နေကြပြီး အဆင်ပြေပြီး မြန်ဆန်သွက်လက်နေကာ သက်ကြီးရွယ်အိုလေးယောက်သည် မကြာခင်မှာပင် ယာယီနေထိုင်ခွင့်ကိုရရှိခဲ့ကြလေသည်။ ကျောက်ပင်းနှင့် ဟန်လဲ့တို့သည် ဗိုလ်ချုပ်ကျန်းနှင့် တပ်ခွဲမှုကျန်းတို့ကို တာ၀န်နှင့်ပတ်သတ်ပြီး သတင်းပို့ရန် အခြေစိုက်စခန်းဌာနချုပ်ကို တိုက်ရိုက်သွားခဲ့ကြသည်။


အသက်ရှင်ကျန်ရစ်သူအသစ်များအားလုံးသည် သုံးရက်တာအခမဲ့ တည်းခိုခွင့်ခံစားနိုင်သော်လည်း ကျန့်ယွင်သည် သက်ကြီးရွယ်အိုများကို တစ်စုတစ်စည်းတည်းအိပ်ဆောင်တွင် နေထိုင်ခွင့်မပြုနိုင်ချေ။ သူတို့သည် စီမံခန့်ခွဲရေးစင်တာသို့သွားကာ သူတို့ငှားရမ်းထားသည့် အထပ်မြင့်အဆောက်အအုံတွင် အခန်းနှစ်ခန်းကို ထပ်မံငှားရမ်းခဲ့သည်။ အောက်ထပ်များကိုသာဖြစ်ပြီး အဆောက်အဦးအတွင်း ဓါတ်လှေခါးများရှိ၏။ အသက်ကြီးသူများ ခြေထောက်မကောင်းပါက ကိစ္စမရှိပါချေ။


ထို့အပြင် ကျန့်ယွင်သည် အသက်ကြီးသူများကို ပြုစုစောင့်ရှောက်ရန် ပိုမိုအဆင်ပြေစေသည့် အတွင်းလှေကားတစ်ခုကို စွမအားဖြင့်ပြုလုပ်ရန် ကျန်းရှို့လျန်အားလည်း တောင်းဆိုခဲ့သည်။သက်ကြီးရွယ်အိုများသည် ၎င်းနှင့်သာယာပျော်ရွှင်နေကြလေသည်။ ဤကဲ့သို့သောဘဝသည် ကောင်းကင်ဘုံနှင့်မခြားပါချေ။


သူတို့ အနားယူပြီးနောက် သက်ကြီးရွယ်အိုလေးယောက်သည် ကျန့်ယွင်နှင့်တခြားသူများနှင့်အတူ ကန်တင်းသို့သွားခဲ့ကြ၏။ ကန်တင်းရှိ အစားအစာများသည် သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုကောင်းနေလေသည်။ ဟင်းပွဲများသည် ရိုးရှင်းသော်လည်း ပူနွေးပြီး အလေးချိန်ပြည့်နေ‌ပေသည်။ ၎င်းကို မြို့တော်အခြေစိုက်စခန်းတွင်သာဆိုပါက စိတ်ပင်မကူးနိုင်ချေ။


ရလဒ်အနေဖြင့် သူတို့ညစာစားရန် တန်းစီနေချိန်တွင် ကျန်းရွှီကျိုးနှင့် တပ်ခွဲမှူးကျန်းတို့ထံမှ တားခြင်းခံလိုက်ရလေသည်။ သူတို့အတွက် အထူးပြင်ဆင်ထားသော ဧည့်ခံပွဲသို့ပြောင်းရန်ဖြစ်လေသည်။


အခြေစိုက်စခန်းခေါင်းဆောင်များသည် ဧည့်ခံပွဲ အခမ်းအနားတစ်ခုကျင်းပသည့်အခါတွင် လူအားလုံးသည် ဧည့်ခံပွဲသို့ ပျော်ပျော်ရွှင်ရွှင် ကြွရောက်လာကြပြီး ဧည့်သည်များနှင့် ကျင်းပသူများသည် ပျော်ရွှင်စွာစားသောက်ကြလေ၏။ လူကြီး လေးဦးသည် အခြစိုက်စခန်းအတွင်းရှိ သူတို့၏ သားသမီးများ၏ အထူးအဆင့်အတန်းကို တစ်ဖန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူတို့စိတ်သက်သာရာ ရသွားကြလေသည်။


ရင်းနှီးသောအိမ်သို့ ပြန်သွားကြကာ သက်တောင့်သက်သာရှိသော ကုတင်ကြီးပေါ်တွင် လဲလျောင်းရင်း သူချစ်ရဆုံးသူနှင့် ပွေ့ဖက်အိပ်စက်ကာ သူ့ချစ်သူ၏ဆွေမျိုးများထံမှ လက်ခံခြင်းခံရပြီး သူ့ယခင်ဘဝကမတွေးဝံ့ခဲ့သည့် ကောင်းသောအရာများအားလုံး ဖြစ်လာခဲ့သည်။ စုရွေ့ကျယ် အပြုံးကို မရပ်တန့်နိုင်ခဲ့ချေ။


အနာဂတ်မှာ ပိုကောင်းလာမှာပါ။


(The End)


🍒🍒