အပိုင်း ၈၀၅
Viewers 52k

အခန်း ၈၀၅

ထောင်တျဲစားသောက်ဆိုင်၏ကျော်ကြားမှု...


ချူချန်းရှန် တစ်ဘဝလုံး တည်ဆောက်ထားခဲ့ရသော ဂုဏ်သိက္ခာများက နာရီပိုင်းအတွင်းမှာပင် ရှင်းလင်းခံလိုက်ရလေပြီ။လူများစွာက သူ့ကို ငမ်းကြောထပြီး ကြည့်သည့်တစ်နေ့ ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပေ။


မှန်ပေသည်။သူတို့က သူ့ကို ငမ်းကြောထနေခြင်းပင်ဖြစ်သည်။သက်လတ်ပိုင်း အရွယ်အမျိုးသမီးတစ်စုက သူ့ကို ကြည့်ကြည့်ပြီး မျက်ဝန်းများတောက်ပလာသည်ကို မြင်လိုက်သည့်အချိန်၌ ချူချန်းရှန် တစ်ကိုယ်လုံး တင်းကျပ်သွားသလိုပင် ခံစားလိုက်ရသည်။


သူ ထိုအမျိုးသမီးအုပ်စု၏ မျက်ဝန်းများက သူ့၏ ခန္ဓာကိုယ်ပေါ် ပြေးလွှာနေသောကြောင့်ကြက်သီးမွှေးညှင်းများပင် ထလာမိသည်။သူတ်ို့၏ မျက်ဝန်းများက သူ့၏ အောက်ဘက်ပိုင်း နယ်နိမိတ်ဆီသို့ ရောက်သွားသောအခါတွင် ချူချန်းရှန် တစ်ကိုယ်လုံး လေအေးဖြတ်သွားသလို ခံစားလိုက်ရသည်။


ထိုအချိန်တွင် အနီရောင် မှိုင်းမှိုင်း လည်ဟိုက်ဝတ်စုံကို ဝတ်ဆင်ထားသော မုချန်ရောက်လာခဲ့သည်။သူက လှပလှသော သလင်းကြည်ရောင် ဖိနပ်မြင့်တစ်စုံကို ဝတ်ဆင်ထားသောကြောင့် အလွန်ပင် ဆွဲဆောင်မှုရှိကာ လှပနေပေသည်။သူမ၏ နောက်၌ ဇာမဏီ အဆောက်အဦးမှ အလုပ်သင်စားဖိုမှူးများလည်း လိုက်ပါလာကြပေသည်။သူတ်ို့ ချူချန်းရှန်ကို တွေ့လိုက်သည့်ခဏ၌ ကြောင်အမှင်သက်သွားကြသည်။သူမ၏ နှုတ်ခမ်းလေးများကို လက်ဖြင့်ကာရင်း ထိန်းချုပ်မရနိုင်စွာရယ်မောလိုက်သည်။


"ငါတို့ရဲ့ ချစ်လှစွာသော မဟာအကြီးအကဲက ဆိုင်းဘုတ်ကိုင်ထားတဲ့အချိန်မှာ ပိုပြီးတောင်မှ ချောမောခန့်ညားသွားပါလား..."


မုချန်က မျက်ဝန်းလေးများ လခြမ်းသဏ္ဍာန်ကွေးသွားအောင်ပင် ပြုံးလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ချူချန်းရှန် မျက်နာသေဖြင့် စိုက်ကြည့်လိုက်သည်။


"ငါကို ထပ်လှောင်ကြည့် .. နင်ကို ရိုက်ပစ်မယ်..."


မုချန်က အပြုံးလေးဖြင့်ပင် ဆိုင်ထဲသို့ ဝင်သွားပြီး ပုဖန်ကို ရှာလိုက်သည်။သို့သော်လည်း ကံမကောင်းစွာပင် ပုဖန်ကို မတွေ့ပေ။ယနေ့က ထောင်တျဲ စားသောက်ဆ်ိုင်၏ ဖွင့်ပွဲနေ့ဖြစ်သည်။ပုဖန်က တစ်နေ့လုံး မီးဖိုခန်းထဲတွင် အလုပ်များနေပေလိမ့်မည်။


ဝမ်ရမ်ရှန်က ချူချန်းရှန်၏ ရှေ့တွင်ရပ်၍ ဟားတိုက် ရယ်မောနေသောကြောင့် သူ့ကို ကန်ပစ်ချင်စိတ်ပင် ပေါက်လာမိသည်။အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ငရဲ ဘုရင်ကလည်း ခိုးကြောင် ခိုးဝှက်ခြေလှမ်းများဖြင့် ရောက်လာခဲ့လေသည်။


စားသောက်ဆ်ိုင် ပတ်ဝန်းကျင်တွက် လှည့်လည် ချောင်းမြောင်းနေသည်မှာ သူခိုးတစ်ယောက်နှင့်ပင် ဆင်တူနေလေသည်။ငရဲဘုရင်၏။အမူအရာက ယခုအခိုက်အတန့်တွင် တက်နိုင်သမျှ အာရုံစိုက်မှုကို ဖြစ်နိုင်သမျှ ရှောင်ရှားချင်သည့်ပုံပေါ်သည်။


"အိုး...ကောင်လေးချူ မင်းကို ကြည့်ရတာ အရမ်းပဲ မိမိုက်နေပါလား..."


ငရဲဘုရင်က ချူချန်းရှန်၏ လက်ထဲမှ ဆိုင်းဘုတ်ကို မြင်သွားပြီးနောက် မျက်ဝန်းများ တောက်ပလာသည်။ချူချန်းရှန်က တကယ်တမ်း စ်ိတ်ထဲတွင် သေဆုံးနေပေသည်။သူ အနည်းငယ်မျှပင် မလှုပ်ရှားချင်တော့ပေ။


သူဘာပြောသင့်သည်ကိုတောင် မသိတော့ပေ။ထိုကျော်ကြားမှုက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။ပထမဆုံးအနေနဲ့ ထိုကဲ့သို့ လူအများကြီး လာလိမ့်မည်ဟု သူမထင်ထားမိပေ။

 

နီးကပ်လာသည့် သူများကို ကြည့်လိုက်ပြီးနောက် ချူချန်းရှန် ထိန်းချုပ်မရနိုင်စွာဖြင့် လေအေးတစ်ချက်ရှ်ိုက်လိုက်မိသည်။အထူး ထိပ်တန်း စားဖိုမှူးတစ်ယောက်က စားသောက်ဆိုင် ဖွင့်မည်ဆိုလျှင်ပင် ထိုကဲ့သို့ ကျော်ကြားနိုင်ရန် ခက်ခဲလှသည်။


အဘယ်ကြောင့်ဆ်ိုသော် ၎င်းက ကိုယ်ပိုင် အမှတ်သင်္ကေတများ ပိုင်ဆိုင်ထားကြသည့် အပြိုင်အဆ်ိုင် ပေါများလှသော အစားကြူးနတ်ဘုရားလမ်းမပေါ် တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။


ဥပမာအားဖြင့် ခေါက်ဆွဲချစ်သူများက ခေါက်ဆွဲဘုရင်ဆိုင်သို့သာ သွားလိုက်ပေလိမ့်မည်။စွပ်ပြုတ်ကြိုက်သူများကလည်း ဇာမဏီအဆောက်အဦးသို့ ဦးတည်ကြပေလိမ့်မည်။


မတူညီသော စားသောက်ဆိုင်များက ကွဲပြားသော အထူးဟင်းလျာများဖြင့် စားသုံးသူများကို ဆွဲဆောင်ထားပေသည်။စားဆသာက်ဆိုင်တိုင်းက သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုကို ပိုင်ဆိုင်ထားသော်လည်း တစ်ဆိုင်တည်းက လူအများကြီးကို လက်ခံရ ရှိနိုင်ရန်က အလွန်ပင်ခက်ခဲလှသည်။


သို့သော်လည်း ပုဖန်၏ စားသောက်ဆိုင်အသစ်လေးက ထ်ိုမျှထိ တရှိန်ထိုးကျော်ကြားလာသောကြောင့် ချူချန်းရှန်သာမက ပုဖန်ပင်လျှင် အံ့အားသင့်နေမိသည်။သူဘာပြောသင့်သည်ကိုတောင် မသိတော့ပေ။ထိုကျော်ကြားမှုက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။


ချူချန်းရှန်က ထိုကျော်ကြားမှု၏ အကြောင်းအရင်းကို စဉ်းစားတွေးတောမိပေသည်။သူ့တွင်လည်း ထိုအတွေးများမှလွဲ၍ တခြားလုပ်စရာမရှိပေ။ခဏအကြာတွင် သူနားလည်သဘောပေါက်သွားပေသည်။၎င်းက ပုဖန်၏ ဂုဏ်သတင်းကြောင့်ဖြစ်သည်။


ပုဖန်က ထိပ်တန်းစားဖိုမှူးများကို အပြတ်အသတ် အနိုင်ယူကာ သူ့၏ နာမည်ဂုဏ်သတင်းကို ခိုင်မာစွာ တည်ဆောက်ထားပြီးသားဖြစ်သည်။ထို့ကြောင့် သူ့၏ စားသောက်ဆိုင်ကို ကြေငြာပြီးသားဖြစ်ပေသည်။


ထို့အပြင် တခြားအကြောင်းအရာအမျိုးမျိုးလည်းပါဝင်နေသေးသည်။သူက အဖြူရောင်နှင့် အနက်ရောင်ထောင်တျဲတို့၏ အတူတကွ တိုက်ခိုက်ခြင်း ကျောက်စိမ်းအကြေးခွံ စားသောက်ဆိုင်ထဲတွင် ထောင်တျဲ နှလုံးသားကို အသုံးပြု၍ ချူချန်းရှန်ကို ကယ်တင်ခြင်းတို့ ခဏနေဦး...


ယခုလက်ရှိအခြေ၌ အစားကြူးတောင်ကြားထဲတွင် ပုဖန်ထက်ပို၍ နာမည်ကြီးသော စားဖိုမှူးမရှိတော့ပေ။ထိုကဲ့သို့သောဂုဏ်သတင်းက စားသုံးသူအများအပြားကို ဆွဲဆောင်နိုင်မည်မှာ အသေအချာပင်။ထို့အပြင် ချူချန်းရှန်၏ အသွင်အပြင်ကလည်း သက်လတ်ပိုင်း အမျိုးသမီးများ၏ အာရုံကို ဆွဲဆောင်ထားပြီး စားသောက်ဆိုင်သို့ လာရန် ဆောင်ယူလာနိုင်ပေသည်။


ထိုစားသောက်ဆိုင်၏ စီးပွားရေးက ယခုလောက်ထိ လှုပ်ခတ်နေရခြင်းမှာ အံ့သြစရာမရှိတော့ပေ။ထို့အပြင်စားသောက်ဆိုင်ထဲသို့ ဝင်လာသမျှ စားသောက်သူများက သူ့၏ ပုံမှန်ဖောက်သည်များ ဖြစ်သွားမည်ဖြစ်ကြောင်း ပုဖန် ယုံကြည်မှုရှိပေသည်။


ချူချန်းရှန်၏ အဝတ်များပင် ပေါက်ကွဲထွက်သွားအောင် ချက်ပြုတ်နိုင်ခဲ့သည့် ပုဖန်၏ အချက်အပြုတ်စွမ်းရည်က်ို သံသယရှိစရာမလိုပေ။ချူချန်းရှန်က အစားအသောက်များကို အကဲဖြတ်သူအဖြစ် နာမည်ကြီးလေရာ သူ့၏ ချီးကျူးမှုက လူများ၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်နိုင်စွမ်းရှ်ိပေသည်။


ထိုနည်းအားဖြင့် ထောင်တျဲ စားသောက်ဆိုင်က ကြက်ပျံမကျ စည်ကားသိုက်မြိုက်နေလေသည်။လူအများအပြားရောက်လာပြီးနောက် ဆိုင်ထဲတွင် ထိုင်ကာစိတ်လှုပ်ရှားမှု အပြည့်ဖြင့် စားစရာများကို စောင့်မျှော်နေကြလေသည်။


ထိုအချိန်အတွင်း၌ အစားအသောက်၏ မွှေးရနံ့များကလည်း ပြန့်လွင့်လာပြီးသူတို့၏ စားပွဲရှေ့၌ စားစရာများ ရောက်လာလေသည်။လူအားလုံးက သူတို့၏ နှုတ်ခမ်းများ ဆီကွက်နေသည်အထိ ပျော်ရွှင်စွာ စားသုံးနေကြလေသည်။ပုဖန်၏ စားသောက်များက တခြားစားဖိုမှူးများ၏ စားစရာများနှင့် ယှဉ်လိုက်လျှင် ပို၍ ထူးကဲ ကောင်းမွန်နေသည်ကို သတိပြုမိလိုက်ပြီး သူတို့အံ့အားသင့်သွားကြသည်။ထို့နောက် သူတို့ကို သူတို့ မထိန်းချုပ်နိုင်တော့ပဲ ထပ်ခါထပ်ခါ အဆက်မပြတ် စားသောက်နေကြတော့သည်။


သူတ်ို့ပို၍ စားလေလေ ပို၍ စားချင်လေလေပင် ။၎င်းက စားကောင်းသောက်ဖွယ်များ၏ သက်ရောက်မှု အစစ်အမှန်ပင်ဖြစ်သည်။စားသုံးပြီးသွားသည့် အချိန်၌ ထပ်မံ၍ မှာယူလိုကြသေးသည်။သို့သော်လည်း ထောင်တျဲ စားသောက်ဆိုင်တွင် ထိုကဲ့သို့ ခွင့်မပြုထားပေ။လူတစ်ယောက်က ဟင်းပွဲတစ်ပွဲကို တခါသာမှာယူနိုင်ပေမည်။၎င်းက ထောင်တျဲ စားသောက်ဆိုင်၏ စည်းမျဉ်းပင်ဖြစ်သည်။


ထို့ကြောင့် ရွေးချယ်စရာမရှိစွာဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားကြရလေသည်၏


ပုဖန်က ပူလောင်နေသော မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပေသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက အဆက်မပြတ် လှုပ်ရှားနေသည်။ပါဝင်ပစ္စည်းများလည်း နေရာအနှံ့ ပြန့်ကျဲနေ၏။


ရွဲ ရွဲ ရွဲ...


မီးတောက်များလည်း အရှိန်ပြင်းပြင်းတောက်လောင်နေပြီး သိပ်သည်းလှသော မွှေးရနံ့များက လေထဲ ပြည့်နှက်နေသည်။ပုဖန်၏။နဖူးမှ ဘူးသီးလုံးလောက် ချွေးများစီးကျနေသည်။သူ အဆက်မပြတ်ချက်ပြုတ်နေပြီးနောက် ပင်ပန်းနွမ်းနယ်မှုကို စတင်ခံစားလာရသည်။


ဒယ်အိုးကိုကိုင်၍ လှုပ်ခါလိုက်ပြီး အရှိန်ဖြင့် တောက်လောင်နေသော မီးတောက်ကို အချိန်းအချက်ညီအောင်ထိန်းချုပ်လိုက်သည်။အဆင့်ဆင့် ပြုလုပ်ပြီးနောက် လိမ္မော်ရောင်သန်းနေသော အပူငွေ့တထောင်းထောင်းထနေသည့် ဟင်းလျာကို ပန်းကန်ပြားထဲ ထည့်လိုက်သည်။


ချူချန်းရှန်က အပေါက်ဝတွင် စားသုံးသူများကို ဆွဲဆောင်နေရသောကြောင့် ဆိုင်အတွင်းတွင် နယ်သာရီကသာ စားပွဲထိုးလုပ်နေပေသည်။သို့သော်လည်း ဒီအလုပ်များက သူမအတွက် ကျွမ်းကျင်နေပြီဖြစ်သောကြောင့် အလွန်လွယ်ကူလှပေသည်။ပြတင်းပေါက်ဘောင်ပေါ် တင်ပေးလိုက်သည့် ဟင်းပွဲတိုင်းကို သက်ဆိုင်ရာနေရာများသို့ လျင်မြန်စွာချပေးနိုင်လေသည်။


အရာရာအားလုံး စနစ်တကျ လှုပ်ရှားသက်ဝင်နေသည်။


...


ရှည်လျားလှသော လမ်းမထက်တွင်...

 လူစုတစ်စု လျှောက်လှမ်းဝင်ရောက်လာသည်။ထ်ိုလူများက အလင်းရောင်ဖျော့ဖျော့တောက်ပနေသည့် ကြည့်ကောင်းလှသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။


ထိုဝတ်စုံများက သာမန်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။၎င်းက ပိုးချည်မျှင် သို့မဟုတ် အရည်အသွေးမြင့်မားလှသော သားရဲများမှ ရရှိသော အရာများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပေမည်။


သူတို့၏ အင်္ကျီလက်စများကလည်း လေအလျင်ဖြင့် တဖျတ်ဖျတ် လွင့်ခါနေသည်။ထိုအုပ်စုထဲတွင် အမျိုးသမီး အမျိုးသား နှစ်မျိုးလုံးပါဝင်နေပေသည်။သူတို့က လမ်းမရှည်တစ်လျှောက် အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းဝင်ရောက်လာကြသည်။


သန့်စင်နယ်မြေများမှ တပည့်များသည် အစားကြူးတောင်ကြား၏ စားကောင်းသောက်ဖွယ်များစီမှ ဆွဲဆောင်ခံထားရပြီဖြစ်သောကြောင့် လာရောက်လည်ပတ်ခွင့်ရသော အချိန်တွင် သူတို့၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ပင်ဖြစ်နေမိသည်။


ထို့ကြောင့်ပင် အစားကြူးတောင်ကြားထဲသို့ အစားကောင်းသောက်ကောင်းများစားရန်အတွက် အလျင်အမြန် ရောက်လာကြခြင်းဖြစ်သည်။အစားကြုးတောင်ကြားသည် သန့်စင်နယ်မြေများမှ တပည့်များ၏ အကြိုက်ဆုံးသောနေရာတစ်ခုဖြစ်သည်။ဆည်းဆာရေကန်၏ လှပလှသော အလှတရားနှင့်အတူ ကောင်းမွန်သော အစားအသောက်များ မိန်းမချောလေးများကို ရွေးချယ်နိုင်သည့် နေရာတစ်ခုဖြစ်သောကြောင့်ပင် ။


လှပသော အမျိုးသမီးလေးများ နှင့်ခန့်ညားချောမောသော အမျိုးသားများက လမ်းမရှည် တစ်လျှောက် လှည့်လည် စူးစမ်းနေကြသည်။သူတို့က ဒီနေရာတွင် စားကောင်းသောက်ဖွယ်များ စားသောက်ပြီးသည်နှင့် ဆည်းဆာရေကန်၏ ညအလှကို သွားရောက်ခံစားကြမည်ဖြစ်သည်။တစ်ချို့သော အမျိုးသားတပည့်များက သူတို့၏ အမျိုးသမီး ပါတနာများကို ရွေးချယ်ကာ ဆည်းဆာကန်ဘေးရှိ တောအုပ်ကလေးထဲသ်ို့ ဝင်သွား၍ ရှက်ရွံ့စွာ ကိစ္စတစ်ချို့ကို လုပ်ဆောင်နေကြပေသည်။


သင်းပျံ့လှသော စားစရာရနံ့များ ခြုံလွှမ်းနေသောကြောင့် တပည့်များ၏ မျက်နာပေါ်တွင်ကျေနပ်သည့် အမူအရာ အထင်းသားပေါ်လွင်နေသည်။ထိုသို့ စားစရာရနံ့ပြည့်နေသည့် လေထုကို မရှုရှိုက်ရသည်မှာ အတော်ပင် ကြာမြင်ခဲ့ပေပြီ။


"ဒါက ခက်ခဲပြီး တော်တော်ကို မလွယ်ကူတာမ်ျိုးပဲ အစားကြူးတောင်ကြားက သန့်စင်နယ်မြေရဲ့ တ်ိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံပြီးတော့တသီးတခြားရပ်တည်နိုင်ခဲ့တယ်...အစားကြူးတောင်ကြားကလွဲရင် အဲ့ဒီလိုမ်ျိုးအစွမ်းရှ်ိတဲ့ တခုက အဆုံးမဲ့ပင်လယ်ပဲ..."


ပခုံးထက်တွင် ဓားရှည်တစ်ချောင်းတင်ဆောင်ထားသော တပည့်တစ်ယောက်က သူ့၏ လူစုကို ပြောလိုက်သည် ။


"ငါကြားခဲ့တာတော့ အစားကြူးတောင်ကြားထဲမှာ ဒဏ္ဍာရီလာ ငရဲကမ္ဘာသက်ရှိရှိနေတယ်တဲ့...အဲ့ဒီ ငရဲကမ္ဘာသက်ရှိကြောင့်ပဲ တခြားသူတွေက တောင်ကြားကို မဖျက်စီးနိုင်ခဲ့တာလို့ ပြောကြတယ်...သန့်စင်နယ်မြေရဲ့ ပညာရှင်တော်တော်များများလည်းဒီနေရာမှာ သတ်ခံခဲ့ရတယ်တဲ့..."


ဆွဲဆောင်မှုရှ်ိလှသော အမျိုးသမီးတစ်ယောက်က သူမ၏ ခန္ဓာကိုယ်လေးကို အသာအယာယိမ်းနွဲ့ရင်း ဝင်ရောက်ပြောဆ်ိုလိုက်သည်။ထိုတပည့်များအားလုံးက ကောင်းကင်ကုံသဏ္ဍာန် အပြာရောင် ဝတ်စုံရှည်က်ို ဝတ်ဆင်ထားသည်။သူတို့၏ ရင်ဘတ်တွင်လည်း ထက်မြက်လှသော ဓားတံဆိပ်ပါနေသည်။


ထိုတပည့်များက ကောင်းကင်ဘုံဗဟို သန့်စင်နယ်မြေမှ သူများဖြစ်ကြသည်။ကောင်းကင်ဘုံဗဟို သန့်စင်နယ်မြေမှ သူများသည် ရှောင်ယုကဲ့သို့ပင် ဓားရှည်အသုံးပြုသူများဖြစ်ကြသည်။


ရှောင်ယုက ထူးချွန်ထက်မြက်လှသောဓားသမားတစ်ယောက်ဖြစ်သည်။သို့သော်လည်း သူ သန့်စင်နယ်မြေသို့ ပြန်ရောက်သွားသည့်အခါတွင် အစားကြူးတောင်ကြားဆီရနောက်ထပ်တစ်ဖန် လည်ပတ်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရလေသည်။


၎င်းသည် သန့်စင်နယ်မြေ၏ အကြီးအကဲတစ်ယောက်က သူ့ကို ကာကွယ်ထားခြင်းဖြစ်သည်ဟုပင် ပြော၍ရပေသည်။အစားကြူးတောင်ကြားတွင် ဆူပူလှုပ်ခတ်မှုများ ဖြစ်သွားသည့်အချိန်၌ ကြီးမြတ်သောတန်ခိုးအဆင့် ပညာရှင်များ ထိုနေရာတွင် သေဆုံးခဲ့ရသည့်အပြင် စိတ်ဝိညာဉ် အာရုံနယ်ပယ်အဆင့်သို့ ခြေတစ်ဝက်ခန့်လှမ်းပြီးသော ပညာရှင်ပင်အသတ်ခံခဲ့ရသည်။


ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲတစ်ခုက သန့်စင်နယ်မြေများ၏ ပညာရှင်များအားလုံး အပေါ်တွင် သက်ရောက်ပြီး ကြံရာမရ ကြောက်ရွံ့သွားစေသည်။သန့်စင်နယ်မြေများ၏ အကြီးအကဲများက တိုက်ပွဲမှ ကြောက်စရာကောင်းလှသောသတင်းအချက်အလက်များကို ဖုံးကွယ်ထားရန်သာ ဆုံးဖြတ်ခဲ့ရသည်။


ထို့ကြောင့် အဖြစ်အပျက်များကို တပည့်တစ်ချို့သာ သိထားခဲ့ကြပေသည်။အခြားသူများက တိုက်ပွဲ၏ ပြင်းထန်လှသော အတိုင်းအတာကို အသေအချာ မသိခဲ့ကြပေ။


ထိုတပည့်များသည် တောင်ကြားထဲသို့ လာရောက်လည်ပတ်ခဲ့ဖူးသောကြောင့် စားသောက်ဆိုင်များစွာနှင့် အလွန်တရာ ရင်းနီးကျွမ်းဝင်နေပေသည်။သူတို့က သူတို့၏ အကြိုက်ဆုံး စားသောက်ဆိုင်များအကြောင်းကို ဆွေးနွေးပြောဆ်ိုနေကြသည်။


"ညီကိုတို့ ကြည့်လိုက်ဦး ဒီစားသောက်ဆိုင်က တကယ်ကိုပဲ စည်ကားသိုက်မြိုက်နေပါလား..."


ကောင်းကင်ဘုံ ဗဟို သန့်စင်နယ်မြေမှ တပည့်တစ်ယောက်က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။တခြားသူများလည်း ထိုနေရာသို့ လှည့်ကြည့်လိုက်လေရာ နဂါးတစ်ကောင်ကဲ့သို့ပင် ရှည်လျားသောလူစုကို တွေ့လိုက်ရသည်။


၎င်းက သူတို့ တခါမှ မမြင်ဖူးသော စားသောက်ဆိုင်ဖြစ်နေသောကြောင့် အံ့အားသင့်သွားကြသည်။အစားကြူးတောင်ကြားထဲတွင်ပင် စားသောက်ဆိုင်အသစ်ဖွင့်လှစ်နိုင်သောကြောင့် ထိုဆိုင်၏ နောက်ခံက်ို စိတ်ဝင်စားသွားကြသည်။ထို့အပြင် ၎င်းက အလွန်ကျော်ကြားပုံရလေသည်။


"ထိပ်တန်းစားဖိုမှူး၁၀ယောက်ထဲက တစ်ယောက်ယောက်ကများ စားသောက်ဆိုင်အသစ်ဖွင့်လိုက်တာလား..."


သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ထိုနေရာသို့ လျင်မြန်စွာ လျှောက်လာခဲ့ကြသည်။ထိုသန့်စင်နယ်မြေမှ သူများက အစားကြူးတောင်ကြားတွင် နေထ်ိုင်သူများအပေါ် ယဉ်ကျေးပျူငှာမှုမရှ်ိပေ။


အဘယ်ကြောင့်ဆိုသော် ထိုတပည့်များ၏ စိတ်ထဲတွင် အလှည့်ကျရယူခြင်းသို့မဟုတ် တန်းစီခြင်းဆိုသည့် အဓိပ္ပါယ်မရှိသည့် အရာမျိုးမရှိပေ။အစားကြူးတောင်ကြားအထွဋ်အထိပ်တွင်ရှိသည့်အခါက သူတို့ ထိုကဲ့သို့ တန်းစီရန်စိတ်မရှည်ကြပေ။ သို့သော်လည်း အစားကြူးတောင်ကြားက နောက်ဆုံးထွက်သက်သို့ ရောက်နေပြီဖြစ်လေရာ ဘာကြောင့်များ စိတ်ရှုပ်ခံပြီး တန်းစီရဦးမည်နည်း။


သူတို့ အနေဖြင့် ဒီနေရာသို့ လာရောက်လည်ပတ်ကတည်းက အစားကြူးတောင်ကြားကို မျက်နာသာပေးပြီးသားဖြစ်သည်။သူတို့၏ မျက်နာပေါ်တွင် လှောင်ပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။တောင်ကြားတွင်နေထိုင်သူများက ထိုအပြူအမူကြောင့် မျက်မှောင်ကြုတ်လိုက်ကြသော်လည်းသူတို့ကို မြင်လိုက်ပြီးနောက် ဒေါသများကို ဖိနှိပ်၍ နောက်ဆုတ်နေလိုက်ကြသည်။


"အစားကြူးတောင်ကြားဆိုတာက ငါတို့ရဲ့ နောက်ဖေးခြံဝန်းပဲလေ...ငါ ကြားထားတာတော့ သူတို့မှာ အရှင်သခင်အသစ် ရှိနေပြီတဲ့ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက နို့တောင်မပြတ်သေးတဲ့ ကလေးမလေးတဲ့လေ...အစားကြူးတောင်ကြားကတော့ တကယ်ကို ချိနဲ့တဲ့ အခြေအနေပဲ..."


တပည့်တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်ပြန်သည်။


"အစားကြူးတောင်ကြားက ယိုယွင်းလာရင်တောင်မှ စားဖိုမှူး တွေရဲ့ အချက်အပြုတ်စွမ်းရည် မကျဆင်းသွားသရွေ့ အဆင်ပြေပါတယ်...ငါတို့က ဒီကိုလာတာ စားဖို့ပဲလေ...တခြားအရာတွေကို ဂရုမစိုက်ဘူး..."


တခြားတစ်ယောက်ကလည်း မောက်မာလှသော လေသံမျိုးဖြင့် ဝင်ပြောဆိုလိုက်သည်။ထိုလူစုက ပြောပြောဆိုဆိုဖြင့်ပင် စားသောက်ဆိုင်ဆီသို့ အလျင်စလို ချဉ်းကပ်သွားကြသည်။


ဆိုင်ရှေ့တွင် ဆိုင်းဘုတ်ကိုင်၍ အသက်ဝိညာဉ်ကင်းမဲ့သလို ရပ်နေသော ချူချန်းရှန်၏ မျက်ဝန်းများက နိုးနိုးကြားကြားသတိအပြည့်ဖြစ်သွားပြီး ထိုတပည့်များကို တစ်ချက်ကြည့်လိုက်သည်။ထ်ိုတထောင်ထောင်ဖြစ်နေသော သန့်စင်နယ်မြေမှ တပည့်များကို ကြည့်၍ ချူချန်းရှန် မဲ့ပြုံးပြုံးလိုက်သည်။သူ့၏ ဒေါသများကို ဖိနှိပ်ထားခဲ့ရသည်မှာ အချိန်အတော်ကြာနေပေပြီ။