အပိုင်း ၈၀၄
Viewers 62k

အခန်း ၈၀၄

ချူချန်းရှန်၏ ရှက်ရွံမှု...


ပုဖန်အိပ်ယာထ ဆေးကြောသန့်စင်ပြီးသည်နှင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ဝှိုက်တီက သူ့၏ နေရာတွင်ပင် ပုံမှန်အတိုင်း ရပ်နေခဲ့သည်။ယန်ချန်း၏ နတ်ဘုရားသတ်လေးကို ဝါးမြိုပြီးသည့်အချိန်မှစ၍ ၎င်း၏ မျက်လုံးများက လှုပ်ရှားမှု ကင်းမဲ့ကာ ရပ်တန့်သွားလေသည်။


သူ့၏ တ်ိုက်ခိုက်မှု စွမ်းရည်များ မည်မျှတိုးတက်လာမည်ကို ပုဖန်သိချင်နေမိသည်။မည်သို့ပင်ဆ်ိုစေ သူန်ိုးထလာသည့်အခ်ျိန်၌ ယခင်ကထက် ပိုသန်မာလာမည်မှ မလွဲပေ။


ဝှိုက်တီ၏ ဝမ်းဗိုက်ကို ပွတ်လိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။ထိုအခိုက်မှာပင် ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး သူ့၏ ပခုံးပေါ်သို့ တစ်စုံတစ်ရာ ကျရောက်လာသည်။


ဒီမြို့တော်တွင် အကောင်းဆုံး စားစရာများကို ရောင်းချနေသည့် စားသောက်ဆိုင် အမြောက်အမြားရှိနေသည်။ပုဖန် ပိစိကို စောင်းငှဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူ့၏ ခေါင်းကလေးကို အသာပွတ်ပေးလိုက်ကာမနက်ခင်းလေ့ကျင့်ခန်းများကို စတင်လိုက်လေသည်။


ရွဲ ရွဲ ရွဲ...


မကြာခင်မှာပင် အခိုးအငွေ့များနှင့် သင်းပျံ့လှသော ရနံ့များ ပြည့်နှက်သွားလေပြီ။ခဏအကြာ၌ ပုဖန် ဟင်းပွဲများကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာလေသည်။


ခွေးဘုရင်က သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေခဲ့သည်။သို့သော်လည်း ပုဖန်ထွက်လာသည်နှင့် တစ်ပြိုင်နက် နှာခေါင်းများ တွန့်သွားပြီး မျက်ဝန်းများ ဖျက်ခနဲ ပွင့်သွားလေသည်။


ခွေးဝတုတ်က မယုံန်ိုင်စရာလျင်မြန်မှုမျိုးဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး လျှာတန်းလန်းထုတ်ကာ ပုဖန်ကို စိတ်လှုပ်တရှားဖြင့် ကြည့်နေသည်။


သိမြင်မှု သစ်သီးပင်အောက်တွင် ထိုင်နေခဲ့သော ပန်းပွင့်လေးကလည်း ခွေးဘုရင် ထသွားသည်နှင့် တစ်ပြိုင်နက် နိုးလာခဲ့သည်။သူ့၏ သုံးပန်လှ မြွေမျက်လုံးလေးများက စိတ်လှုပ်ရှားစွာဖြင့် ပြည့်နှက်နေသည်။


ရုတ်တရက် သူမ၏ နှာခေါင်းလေးများ ရှုံ့ပွရှုံ့ပွ ဖြစ်သွားသည်။သူ့၏ ရှေတွင် ဘာများ ဖြစ်ပျက်သွားသည်ကို သတိပြုမိလိုက်ပြီးနောက် စားပွဲခုံဆီသို့ အလျင်အမြန်လာကာ ထိုင်လိုက်သည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်မှ ထွက်လာကာ လှပသော ခန္ဓာကိုယ်လေးကို အကြောဆန့်လိုက်သည်။သူမ ဘေးပတ်ဝန်းကျင်ကို အံ့အားတကြီး အကဲခတ်လိုက်ပြီးနောက် ပန်းပွင့်လေးကို သတ်ိပြုမိသွားသည်။


လေလိုအလျင်မျိုးဖြင့်ပင် စားပွဲခုံနားသို့ ရောက်လာကာ အခြားသူများနည်းတူ ထ်ိုင်စောင့်နေလိုက်သည်။


"ဘလက်ကီ ဒီမှာမင်းရဲ့ နံရိုးချိုချဉ်ကြော် နယ်သာရီဒီမှာ နင့်ရဲ့ ထမင်းကြော် ..."


ပုဖန် ပြောလိုက်သည်နှင့် သူတို့က ဆိုင်ရှင်တစ်ယောက်ကို လေးစားမှု ပြသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ထို့နောက် ခွေးဝတုတ်နှင့် နယ်သာရီတို့က သူတို့၏ ပန်းကန်ကို အလျင်စလို ဆွဲယူလိုက်ပြီး အလောတကြီး စားသောက်ကြတော့သည် ။


ပန်းပွင့်လေးက သူမ၏ ဘေးတစ်ဖက်တစ်ချပ်စီကို အံ့အားတသင့်ဖြင့် ကြည့်လိုက်ပြီး ထိုနှစ်ယောက် အရူးကဲ့သ်ို့ စားသောက်နေသည်ကိုသာ ကြည့်နေမိသည်။


ထို့နောက် သူမ မထိန်းချုပ်နိုင်စွာပင် တံတွေးတစ်လုတ် မြိုချလိုက်ပြီးနောက် ပုဖန်ဆီသို့ ကြည့်လိုက်၏။ပုဖန်သည်လည်း အနည်းငယ် ကြောင်အအ ဖြစ်သွားသည်။သူ ထိုကလေးမလေးကို မေ့နေခဲ့ပေသည်။သူ ကလေးမလေးခေါင်းကို အသာပုတ်ပေးလိုက်ပြီးနောက် မီးဖ်ိုခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။


ခဏမျှကြာပြီးနောက် မီးဖိုခန်းထဲမှ သရေယိုစေလောက်သော မွှေးရနံ့များ ပြန့်နှံ့ထွက်ပေါ်လာသည်။ဟင်းပွဲတစ်ပွဲကို ကိုင်ဆောင်ကာ မီးဖိုခန်းထဲမှ ထွက်လာပြီး ပန်းပွင့်လေး၏ ရှေ့တွင် ချပေးလိုက်သည်။


တလူလူ ထွက်ပေါ်နေသော အငွေ့များက သူတို့၏ အမြင်အာရုံကိုပင် မှုန်ဝါးသွားစေသည်။သူမ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် အရှေ့မှ သေချာစွာ ကြည့်လိုက်သည်။


သူမရှေ့မှ ပန်းကန်ထဲတွင် အများကြီး မရှိနေပေ။၎င်းက ရွှေရောင်သန်းနေသော ပေါင်မုန့်ကြွပ်ကြွပ်ဖြစ်သည်။


"ဒါက ဘယ်လ်ို ပေါင်မုန့်မျိုးလဲ ဘာလို့ အရမ်းပဲ ချစ်ဖို့ကောင်းနေရတာလဲ..."


"ဒါ ကမာနှလုံးသားပန်ကိတ် ...အရမ်းအရသာရှိတယ် နင်နဲ့လည်း အရမ်းသင့်တော်တယ်..."


ပုဖန်က ရှင်းပြလိုက်ပြီးနောက် သူမ၏ ခေါင်းလေးကို ထပ်မံအသာအယာပုတ်လိုက်ပြန်သည်။ပန်းပွင့်လေးက သူမရှေ့မှ ပေါင်မုန့်ကြော် ပျောက်သွားမှာ စိုးသည့်အလား အလျင်အမြန်ပင် ဆွဲယူ၍ တစ်ကိုက်ကိုက်လိုက်သည်။


ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ကြောင်သွားစွယ်လေးများကဲ့သို့ ချွန်မြသောအစွယ်နှစ်ချောင်းပေါ်လာသည်။


ကျွတ်...


ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသောမွှေးရနံ့များနှင့်အတူ အတွင်းသား၏ အစိုဓာတ်က သူမ၏ ပါးစပ်ထဲ ပေါက်ကွဲသွားလေသည်။


သူမ၏ နှာခေါင်းပေါက်က ပြန့်ကားလာပြီး အနည်းငယ်ပင် တုန်ယင်သွားသည်။


"အနံ့က အရမ်းကောင်းတယ် ရှလွတ် ရှလွတ်...အရမ်းအရသာရှိတယ်..."


ပန်းပွင့်လေးက စားသောက်မှုထဲ နစ်မြှုပ်ပျော်ဝင်သွားလေပြီ ပန်ကိတ်ကို ပထမဦးဆုံး စားခြင်းဖြစ်သော်လည်း သူမကို အပြည့်အဝ ဆွဲဆောင်သွားပေသည်။ကလေးမလေးက ပန်ကိတ်တစ်ခုလုံး စားကုန်ဖို့ အချိန်အနည်းငယ်သာ ယူလိုက်လေသည်။ထို့နောက် သူမလက်မှ စီးကျနေသော အဆီများကို လျက်လိုက်သည်။


ပြီးသွားသည်နှင့် တစ်ပြိုင်နက် ပုဖန်က်ို ဖြူစင်လှသောအကြည့်လေးများဖြင့် မော့ကြည့်လိုက်သေးသည်။သူမ၏ မျက်ဝန်းထဲတွင် နောက်ထပ်ထပ်ပေးပါဟူသော တောင်းဆိုမှုမျိုးပါဝင်နေပေသည်။သို့သော်လည်း ပုဖန်တွင် စည်းမျဉ်းရှိပေသည်။အပို တည်ခင်းခြင်းမရှိပေ။


ခွေးဘုရင်နှင့် နယ်သာရီက ပုဖန်၏ စည်းမျဉ်းများကို အသားကျနေပေပြီ။သူတို့ နောက်ထပ်လိုချင်သော်လည်း အသံတိတ်တောင်းဆိုမှုမျိုးက ပုဖန်အပေါ်တွင် သက်ရောက်မည်မဟုတ်မှန်း သိထားပြီးပေပြီ။


ထို့နောက် ပန်းပွင့်လေး၏ မျက်ရည်ဝိုင်းသော စိုရွှန်းသည့် မျက်ဝန်းများက ပုဖန် အပေါ်တွင် အနည်းငယ်မျှသက်ရောက်မှု မရှိပေ။ပန်းပွင့်လေး၏ ခေါင်းကို အသာ ခပ်ဖွဖွ ဖိကိုင်လုပ်လိုက်ပြီး သူမ၏ ရှေ့တွင် လက်ညှိုးတစ်ချောင်းယမ်းပြလိုက်သေးသည်။


တစ်နေ့ကို တစ်ကြိမ်သာ စားခွင့်ရှိပေမည်။ပန်းပွင့်လေး အလွန် ကြေကွဲဝမ်းနည်းသွားမ်ိသည်။ပုဖန် မီးဖိုခန်းထဲသို့ပြန်၍ မတ်တပ်ထလိုက်သည်။သို့သော်လည်း သူ ခြေနှစ်လှမ်းမျှ လှမ်းပြီးသည့်အခ်ျိန်၌ လက်သေးသေးလေးတစ်စုံက သူ့၏ ပေါင်ကို ဖတ်ထားလိုက်သည်ကို ခံစားမိလိုက်သည်။


သူပြန်ငှဲ့ကြည့်လိုက်လေရာ ပန်းပွင့်လေးက မျက်ရည်ဝဲသော မျက်လုံးတစ်စုံဖြင့် သူ့ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။ပန်းပွင့်လေးက ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံ မြွေဖြစ်သော်လည်း သူမက ကလေးမျှသာရှိသေးသည်။ထို့ကြောင့် စကားကောင်းကောင်းမပြောနိုင်သေးပေ။သို့သော် သူမ၏ မျက်လုံးဝိုင်းလေးများက သူမဆန္ဒရှိသမျအရာရာကို ထုတ်ဖော်ပြောနေသကဲ့သို့ပင် ရွှန်းစိုနေသည်။ပုဖန်က ပန်းပွင့်လေး၏ ခေါင်းကိုသာ ထပ်မံ ပွတ်ပေးလိုက်ပြီး အကြည့်လွှဲလိုက်၏။


ပန်းပွင့်လေးက စိတ်ဓာတ်ကျစွာဖြင့် ခေါင်းကုတ်သွားလေသည်။ထို့နောက် ခွေးဘုရင်နားသို့ ပြန်လျှောက်သွားလိုက်ပြီး ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးအား မှီထိုင်ကာ အသံတိတ်ငိုကြွေးနေပေတော့သည်။


ထိုအချိန်မှာပင် ချူချန်းရှန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။စားသောက်ဆိုင်ထဲ ဖြာကျနေသော နေရောင်ခြည်က သူ့၏ ချောမောခန့်ညားလှသော မျက်နာပေါ် အရိပ်ထင်နေခဲ့သည်။


ခြုံ၍ ပြောရမည်ဆိုလျှင် ငယ်ရွယ်သော ချူချန်းရှန်က အလွန်ပင် ချောမောခန့်ညားသည်။


"မင်းရဲ့ ယူနီဖောင်းကို လဲလိုက်ဦး..."


ပုဖန်က စနစ်ပြင်ဆင်ပေးထားသည့် ယူနီဖောင်းတစ်စုံကို ကမ်းပေးရင်း ပြောလိုက်သည်။ချူချန်းရှန် နှုတ်ခမ်းများတွန့်ကွေးရုံ တစ်ချက်ပြုံးလိုက်ပြီးနောက် ဝတ်စုံကိုယူကာ အပေါ်ထပ်သို့ ပြန်တက်သွားလိုက်သည်။


ထ်ို့နောက် သူ အောက်ပြန်ဆင်းလာသည့် အချိန်တွင် ပို၍ပင် ချောမောခန့်ညားသွားသည်ဟု ထင်ရသည်။ပုဖန် ချူချန်းရှန်ကို လှမ်းကြည့်ရင်း ပြောလိုက်၏။


"ငါတ်ို့ရဲ့ ထောင်တျဲ စားသောက်ဆိုင် ဖွင့်လှစ်မယ့်နေ့ပဲ ...ငါတို့ ရဲ့ ရည်ရွယ်ချက်က စားသုံးသူ တစ်ထောင်ပြည့်ဖို့ပဲ ငါတို့ လုပ်နိုင်ပါ့မလား..."


"စားသုံးသူ တစ်ထောင်..."


ချူချန်းရှန် အံ့အားသင့်သွားပြီး ပုဖန်ကို ထူးဆန်းသော မျက်နာထားမျိုးဖြင့် လှမ်းကြည့်လိုက်သည်။သူတို့၏ စားသောက်ဆိုင်က ပုန်းကွယ်နဂါးတိုက်ကြီးတစ်ခုလုံးတွင် အကောင်းဆုံးသော စားစရာများရှိသည်ဟု ကျော်ကြားသော အစားကြူးတောင်ကြားထဲတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။


ဒီမြို့တော်တွင် အကောင်းဆုံးစားစရာများကို ရောင်းချနေသည့် စားသောက်ဆိုင် အမြောက်အများရှ်ိနေသည်။လူများက ပထမဆုံးနေ့၌ပင် ထိုကဲ့သို့သော စားသောက်ဆိုင်များကို ပစ်ထားကာ သူတို့ဆိုင်သို့ ဘာကြောင့် လာစားမည်နည်း။


စားသုံးသူတစ်ထောင်ကို ဆွဲဆောင်ဖို့ဆိုသည်က အနည်းငယ်ခက်ခဲပေသည်။ချူချန်းရှန် ခေါင်းအသာ ခါယမ်းရင်း တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။


"ငါတို့ မလုပ်နိုင်ဘူး .."


ပုဖန်၏ အမူအရာက ပြောင်းလဲသွားမှု မရှိပေ။သူ ချူချန်းရှန်၏ အဖြေကို မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် မအံ့သြပေ။ချူချန်းရှန်မျက်ခုံးပင့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


"ပိုင်ရှင်ပု ဘာတွေများလုပ်ဖို့ ကြံရွယ်ထားတာလဲ...ငါတော့ တခုခု မကောင်းတာဖြစ်တော့မယ်လို့ ခံစားနေရတယ်..."


ပုဖန်က သူ့၏ လက်တစ်ဖက်ကို ချူချန်းရှန်၏ ရင်ဘတ်ပေါ် တင်လိုက်ပြီး နှုတ်ခမ်းလေးတစ်ဖက်တွန့်ရုံ ပြုံးလိုက်သည်။ချူချန်းရှန် ဆံပင်မွှေးများပင် ထောင်ထသွားသည်။


"ပိုင်ရှင်ပု ဘာလုပ်ဖို့ ကြံနေတာလဲ ဒီအပြုအမူက သူ ...ဘန်း..."


ပုဖန် သူ့၏ လက်ကို အနည်းငယ်အားစိုက်လိုက်ပြီး ချူချန်းရှန်ကို စားသောက်ဆိုင်အရှေ့ထိသို့ တွန်းထုတ်လိုက်သည်။


"ဒီနေ့အတွက် မင်းရဲ့ တာဝန်က ဆိုင်ပေါက်ဝမှာ ရပ်ပြီးတော့ စားသုံးသူတွေကို ဆွဲဆောင်ရမယ်..."


ပုဖန် ထိုသို့ ပြောပြီးသည်နှင့် ဆိုင်အပေါက်ဝတွင် ကို့ယို့ကားယားဖြစ်နေသည့် ချူချန်းရှန်ကို ကျောခိုင်းကာ ဆိုင်အတွင်းသို့ ပြန်လှည့်ဝင်လာခဲ့သည်။ခဏအကြာ၌ ပုဖန်က ဆိုင်းဘုတ်ကြီးတစ်ခုကို ကိုင်၍ ပြန်ထွက်လာပြီး ချူချန်းရှန်ဆီ လွှဲပြောင်းပေးလိုက်သည်။


"ဒါ ဘာအတွက်လဲ..."


ချူချန်းရှန် မျက်လုံးလှန်လိုက်မိသည်။


"ကိုင်ထား..."


ပုဖန် အေးစက်စွာ ပြန်ပြောလိုက်၏။ချူချန်းရှန် တုန်ယင်နေမိသည်။စစ်သားတစ်ယောက်က သေရဲသော်လည်း သူ့ကိုယ်သာ ဂုဏ်သိက္ခာချရန်တော့ မဖြစ်နိုင်ပေ။သူ့၏ မေးရိုးများပင် တဆတ်ဆတ် တုန်ခါနေ၏။


"အကောင်းဆုံးလုပ်ဆောင် ငါတို့ အားလုံး မင်းကို အားကိုးမယ်..."


ပုဖန် ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီးနောက် လက်ပိုက်ကာ ချူချန်းရှန်ကို တည်ငြိမ်လှသော မျက်နာထားဖြင့် စိုက်ကြည့်လိုက်သည်။ထို့နောက် မီးဖိုခန်းထဲသို့ ပြန်လည်ဝင်သွားလိုက်သည်။ချူချန်းရှန်၏ မျက်နာက ရှက်ရွံ့မှုဖြင့် နီရဲနေလေသည်။


သူ ခေါင်းမော့၍ မျက်ရည်မကျမိအောင် ကြိုးစားလိုက်၏။ဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စာသားက သူ့ကို နှာတရှုံ့ရှုံ့ဖြစ်စေအောင် ပြုလုပ်ထားလေပေသည်။


"ဆိုင်ဖွင့်ပွဲ အထူးလျှော့စျေး...အားလုံး လူတိုင်းအတွက် လျှော့စျေး...အစားကြူးတောင်ကြား၏ မဟာအကြီးအကဲဟောင်း ချူချန်းရှန်၏ အလေးအနက်အကြံပြုချက်...အစားကြူးတောင်ကြား၏ အကောင်းဆုံးသော စားသောက်ဆိုင် ယနေ့ဖွင့်ပြီ..."


အကြီးအကဲဟောင်းက ထ်ိုစားသောက်ဆိုင်၏ အစားအသောက်များကို မြည်းကြည့်လိုက်သည့်အခါ၌ နေရာမှာပင် အေးခဲသွားလောက်အောင် အန်ိုင်ယူခံလိုက်ရသည်။အဆင့်အတန်းမြင့်လှသော အစားအသောက်အရသာကြောင့် သူ့၏ အဝတ်အစားများပင် ပေါက်ကွဲထွက်သွားလေ၏။ 


ချူချန်းရှန် ဝံပုလွေ ခံတွင်းထဲ ကျရောက်သွားသလိုပင် ခံစားနေရသည်။သူက အစားကြူးတောင်ကြား၏ မဟာအကြီးအကဲ ဖြစ်ခဲ့သော်လည်း ယနေ့တွင် အရှက်မဲ့သော အလုပ်ကို လုပ်နေရပေသည်။


"ငလူး ဒီပိုင်ရှင်ပုက သူ့ကိုလှည့်ဖြားတယ်...သူ့ကို စားပွဲထိုးပဲ လုပ်ခိုင်းမယ်လို့ မပြောခဲ့ဘူးလား..."


မနက်ခင်းနေရောင်ခြည် လင်းထိန်လာချိန်၌ အစားကြူးနတ်ဘုရားမြို့တော်၏ လမ်းမထ်တွင် လူများ ဥတဟုန် လှုပ်ရှားသွားလာနေကြလေပြီ။စားသောက်ဆိုင်ကြီးများအပြင်လမ်းဘေးစျေးသည်များကည်း သူတို့၏ စီးပွားရေးလုပ်ငန်းကို စတင်ဖွင့်လှစ်လာကြပေပြီ။


ဆိုင်းဘုတ်တစ်ခုကိုင်ဆောင်ထားသော ချူချန်းရှန်၏ အသွင်အပြင်က အလွန်ပင် ဆွဲဆောင်မှုရှိနေပြီး လူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။


"ဝိုး...အချောလေးမင်းက ငါတို့ရဲ့ အကြီးအကဲဟောင်းနဲ့ဆင်တာပဲ ကောင်းပြီ ဒီနေ့တော့ မင်းရဲ့ စားသောက်ဆ်ိုင်မှာ အားပေးမယ်..."


သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ချူချန်းရှန်၏ ဆွဲဆောင်မှုကြောင့် မျက်ဝန်းများပင် တောက်ပသွားသည်။ဖြတ်သွားဖြတ်လာ လူတစ်ချို့ကလည်း ဆိုင်းဘုတ်၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီးနောက် စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည် ။


ချူချန်းရှန် ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။သူက ပုဖန်သည် တည်ကြည်လေးနက်သောလူတစ်ယောက်ဟု အမြဲပဲ ထင်ခဲ့မိသည်။သို့သော်လည်းပုဖန်၏ လက်ထဲ၌ ယခုကဲ့သို့ လှည့်ကွက်များရှိနေမည်ဟု မမျှော်လင့်ထားမိပေ။


ဒီလမ်းတစ်လျှောက်တွင် စားသောက်ဆိုင်မှ မွှေးပျံ့လှသော ရနံ့များ ပြန့်လွင့်သွားနိုင်သည်ဆိုသည်က အမှန်တရားတခုပင်ဖြစ်သည်။သို့သော်လည်း ၎င်းအတွက် အချိန်တစ်ခုတော့ ပေးရပေဦးမည်။


အချိန်သာမလုံလောက်ပါက ဝိုင်၏ မွှေးရနံ့များ မည်မျှပင် သင်းပျံ့စေကာမူ မည်သူမှ လာရောက်မြည်စမ်းကြလိမ့်မည်မဟုတ်ပေ။သို့သော်လည်း ယခုကဲ့သို့ မဟာအကြီးအကဲ ကိုယ်တိုင် မှတ်ချက်ပေးထားသည်ဆိုသည့် ကြေငြာမှုမျိုး ပြုလုပ်လိုက်သောကြောင့် သဘာဝကျစွာဖြင့် လူများကို စိတ်လှုပ်ရှားသွားစေခဲ့သည်။


စားသောက်ဆိုင်၏။ ရှေ့တွင် သူတ်ို့ထောင်ထားသော လှောင်ချိုင့်ကလေးက ငှက်များနှင့် ပြည့်သွားလေပြီ။မျက်နာချင်းဆိုင် လမ်းတစ်ဖက်တွင် မုချန်၏ ဇာမဏီအဆောက်အဦးရှ်ိနေသည်။လူများစွာက ထိုဆိုင်တွင် သွားရောက်စားသောက်ရန် ဦးတည်သွားကြသော်လည်း ထောင်တျဲ စားသောက်ဆိုင်ကို ဖြတ်ကျော်လိုက်သည့် ခဏ၌ စိတ်ဝင်စားမှုများဖြင့် ဆိုင်အတွင်းသို့ ဝင်လာပြီး စူးစမ်းကြလေသည်။


သူတ်ို့ ဆိုင်အတွင်းသို့ ဝင်လာသရွေ့ ဆိုင်၏ နေရာကို ကြည့်ကာ အလွယ်တကူ ကျဆုံးသွားမည်ဖြစ်ကြောင်း ပုဖန်ယုံကြည်မှု အပြည့်ရှိပေသည်။ ထို့အပြင် သူက အကောင်းဆုံးသော ဟင်းပွဲများကို ပြုလုပ်ကာ စားသုံးသူများ ပြန်လည်ထွက်မသွားနိုင်အောင် ဆွဲဆောင်ထားပေသည်။


တစ်ပွဲ စားလိုက်ပြီးသည်နှင့် သူတို့ ထပ်ခါထပ်ခါ မှာယူချင်လာပေလိမ့်မည်။မုချန်က ဆံပင်များတလွင့်လွင့်ဖြစ်အောင်ပင် စားသောက်ဆိုင်၏ ဝရန်တာဆီသို့ လျှောက်လာခဲ့သည်။မုချန် စားသောက်ဆိုင်၏ ဝရန်တာဆီသို့ လျှောက်လာခဲ့သည်။ထို့နောက် ပြတင်းပေါက်ဘောင်ကို မှီလိုက်ပြီး လက်ထဲမှ အငွေ့တလူလူထနေသော လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်သည်။


ထို့နောက် သူမ၏ အကြည့်များက ထောင်တျဲ စားသောက်ဆိုင်ဆီသို့ ရောက်ရှ်ိသွားသည်။ရုတ်တရက် သူမပါးစပ်ထဲမှ ရေနွေးများကိုပင် ဖူးခနဲ မှုတ်ထုတ်မိသွားသည်။


"အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ...အပေါက်ဝမှာ ဆိုင်းဘုတ်ကိုင်ထားတဲ့သူ ကြည့်ရတာရင်းနီးမနေဘူးလား..."


မုချန်ကလည်း လျိုကျားလီနှင့် ပြိုင်ပွဲကို ကြည့်ရှုခဲ့သည်။ထို့ကြောင့် အကြီးအကဲချူချန်းရှန်၏ အသက်က်ို ကယ်တင်နိုင်ခဲ့ကြောင်း သ်ိထားပေသည်။ခဏအကြာ၌ သူကိစ္စများကို ဆက်စပ်တွေးတောမိသွားပြီးနောက် ရယ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။


"ဒါပေါ့ ဒါပေါ့ သူက ပိုင်ရှင်ပုပဲဟာ...ဒါက အရမ်းကို ရယ်ရတယ်..."


သူမက သူတို့ကို သွားရောက်၍ အားမပေးလျှင် မျက်နာသာမပေးသလို ဖြစ်နေပေလိမ့်မည်။မုချန် သူမ၏ အခန်းထဲသို့ ပြန်သွားလိုက်ပြီး လှပသော ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။


ထို့နောက် လူတစ်ချို့ကို ဦးဆောင်၍ သူမ၏။ စားသောက်ဆိုင်နှင့် မျက်နာချင်းဆိုင်ရှ်ိ ထောင်တျဲ စားသောက်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။လူများစွာကလည်း ထောင်တျဲ စားသောက်ဆိုင် ဖွင့်လှစ်သည်ကို မြင်လိုက်သည့်အခါ၌ ထိုနေရာသို့ အလျင်စလို သွားရောက်နေသည်ကို တွေ့လိုက်ရ၏။


ခေါက်ဆွဲဘုရင် အိုးရန်ချန်းဖုန်ကလည်းသူ့၏ အလုပ်သင်တစ်ချို့က်ို ဦးဆောင်၍ စားသောက်ဆ်ိုင်ဆီသို့ လာနေသည်။သူလူများကို တွန်းဖယ်ကာ ရှေ့ဆုံးသို့ ဦးတည်သွားလေသည်။ဝမ်ရန်ရှန်ကလည်း လမ်းမတစ်လျှောက် လျှောက်လာနေလေသည်။သူ့၏ ဝိုင်ဘူးကို မော့သောက်ကာ ဟိုဒီ ယိမ်းယိုင်ရင်း ရောက်လာ၏။


 ထို့နောက် သူလှည်ကြည့်လိုက်လေရာ စားသောက်ဆိုင်ရှေ့တွင် ဆိုင်းဘုတ်ကိုင်၍ ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုသူက ဆိုင်းဘုတ်ဖြင့် သူ့၏ မျက်နာကိုအလျင်အမြန်ကာလိုက်လေသည်။


"မင်္ဂလာနံနက်ခင်းပါ မဟာအကြီးအကဲ..."


ဝမ်ရမ်ရှန်က ထိုနေရာသို့ လျှောက်သွားရင်း နှုတ်ဆက်စကားဆိုလိုက်သည်။ချူချန်းရှန် ပြောစရာစကားမဲ့စွာဖြင့် ဆိုင်းဘုတ်ကို ပြန်နှိမ့်ချလိုက်သည်။


"ဒီကောင်ကတော့ သူ့မျက်နာကို ကာလိုက်တာတောင်မှပဲ ဘယ်လိုလုပ်ပြီးမှတ်မိသွားရသေးတာလဲ..."


လူအမြောက်အများက ချူချန်းရှန်ကို သ်ိထားကြပေသည်။ထို့အပြင် သူတို့က ကျောက်စိမ်းအကြေးအခွံ စားသောက်ဆိုင်ရှ်ိ ပြိုင်ပွဲကိုလည်း ကြည့်ထားခဲ့ထားလေရာ ချူချန်းရှန်၏ ငယ်ရွယ်သောအသွင်အပြင်ကိုလည်း သတ်ိပြုမိထားကြသည်။


ထို့အပြင် သူတို့က ချူချန်းရှန်ကို အလွန်ချီးကျူးလေးစားကြသည်။ထ်ို့ကြောင့် ချူချန်းရှန် စားသောက်ဆိုင်ရှေ့၌ ဖိတ်ခေါ်သူပြုလုပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့ကို မျက်နာသာပေးသည့် အနေဖြင့် ဒီဆိုင်သို့ ရောက်လာကြခြင်းဖြစ်သည်။


လူများစွာက သူ့ကို တလေးတစားဖြင့် နှုတ်ဆတ်စကားဆိုကြလေသည်။ချူချန်းရန် လက်ထဲမှ ဆိုင်းဘုတ်ကို အသာအယာအောက်နှိမ့်ထားလိုက်သည်။သူ့၏ သလင်းကဲ့သို့ ကြည်လင်လှသော မျက်ဝန်းများနှင့် တလွင့်လွင့်ခါနေသော ဆံနွယ်ဖြူများက အားလုံး၏ အာရုံကို ဆွဲဆောင်ထားပြီး မျက်ဝန်းများတောက်ပလင်းလက်သွားစေသည်။


စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့သော စားသုံးသူများကလည်း ပိုင်ရှင်ပု၏ အချက်အပြုတ်စွမ်းရည်ဖြင့် ဆွဲဆောင်ခြင်းခံလိုက်ရလေပြီ။


ယခုအခါတွင် အစားကြူးတောင်ကြားက ကျော်ကြနေပေပြီ။၎င်းက တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများထဲတွင် သီးခြားရပ်တည်နေသည်ဟု ဆိုနိုင်ပေသည်။အစားကြူးတောင်ကြား၏ နာမည်က မြောက်များစွာသောသူများအတွက် စိမ်းသက်သောနာမည်တစ်ခုမဟုတ်ပေ။ယခုမူ ထိုနာမည်က သူတို့၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုနှင့်ပင် ဆင်တူနေပေသည်။


တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများတွင် တပည့်ပေါင်းမြောက်များစွာရှိလေသည်။သူတို့ အစားကြူးတောင်ကြားအပေါ် စီစဉ်ထားသော ကိစ္စရပ်များက ကျရှုံးခဲ့သော်လည်းသူတို့၏ တပည့်များကို ထိုနေရာသို့ သွားရောက် စားသောက်ပျော်ပါးရန် ခွင့်ပြုပေးကြလေသည်။


အစားကြူးတောင်ကြားအတွင်းရှိ ရွှေ့ပြောင်းအစီအရင်ထဲမှ အလင်းရောင်များတောက်ပလာပြီးနောက် လူတစ်စုလျှောက်ထွက်လာလေသည်။ထိုသူများက အစီအရင်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လေထဲသို့ ပျံတက်လိုက်ခါ အစားကြူးနတ်ဘုရားမြို့တော်ဆီသို့ ဦးတည်လိုက်ကြသည်။