အခန်း ၈၀၃
အဆင့်တက်ခြင်း...
ရှေးဟောင်းကျောက်စိမ်းတောင် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ
ခမ်းနားထည်ဝါလှသော နန်းတော်ကြီးထဲတွင် ရုတ်တရက် စွမ်းအင်လှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။မြင့်မြတ်သူတော်စင်၏ မျက်နာက ဒေါသတရားဖြင့် ပြည့်နှက်နေသည်။အစွမ်းထက်လှသော သူ့၏ အော်ရာများကလည်း အလျှံညီးညီးတောက်လောင်နေ၏။
လည်ပတ်နေသော အစီအရင်တစ်ခုပေါ်တွင် ထောင်ပေါင်းများစွာသော အလင်းတန်းများ ဖြာထွက်နေ၏။ရုတ်တရက် ထိုအလင်းတန်းတစ်ချို့ ပေါက်ကွဲသွားသည်။
"ယန်ချန်း အသတ်ခံလိုက်ရပြီ ..ပြီးတော့ ငါရဲ့ ကိုယ်ပွားလည်း ပျက်စီးသွားပြန်ပြီ အစားကြူးတောင်ကြား...သူတို့က ဝက်ဝံ နှလုံးစားထားတာလား ဒါမှမဟုတ် ကျားသစ်အသည်းစားထားတာလား..."
မြင့်မြတ်သူတော်စင်၏ မျက်နာထားက အေးစက်ကြမ်းကြုတ်လှသော ပုံစံဖြင့် ပြောင်းလဲသွားသည်။သူ အသက်တစ်ချက်ရှုလိုက်တိုင်း အစစ်အမှန် စွမ်းအင်လှိုင်းများက နဂါးတစ်ကောင်အလား လှုပ်ခတ်နေသည်။သူမိုးပေါ်မော့လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကို ထုတ်ဖော်လိုက်သည်။သူ့၏ ကျင့်ကြံမှု အခြေခံက တုနှ်ိုင်းမဲ့လှသည်။
"ကောင်းကင်ဘုံ အတိဒုက္ခကို ဖြတ်ကျော်ဖို့ နီးကပ်နေပြီ ငါ သေသေချာချာ ဂရုတစိုက် ပြင်ဆင်ထားရမယ် အဲ့ဒီပိုးမွှားကောင်တွေ ငါ့စိတ်ကို နှောက်ယှက်တာမျိုး ခွင့်မပြုသင့်ဘူး..."
မြင့်မြတ်သူတော်စင်၏ ဆံပင်များက လွင့်ဝဲနေသည်။နောက်ခဏအတွင်းမှာပင် သူ့ဘေးနားရှိ အစီအရင်က ပြန်လည်၍ စတင်လည်ပတ်လာသည်။သူ အလွန်အမင်းဒေါသပေါက်ကွဲနေသည်ဆိုသော်လည်း သူ့နှလုံးသားထဲမှ မီးတောက်ကို ထိန်းချုပ်ထားနိုင်သည်။
ယခု မြင့်မြတ်သူတော်စင် အာရုံစိုက်ထားသည်မှာ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ ကောင်းကင်အတိဒုက္ခဖြတ်ကျော်မှုပင် ဖြစ်သည်။ကောင်းကင်ဘုံ အတိဒုက္ခဆိုသည်မှာ မျက်လုံးတစ်စုံ၏ရှေ့၌ သွေးသစ်လောင်းခြင်းပင်ဖြစ်သည်။
ကောင်းကင်ဘုံ အတိဒုက္ခဆိုသည်မှာ လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးတွင်သာမက ပုန်းကွယ်နဂါးတိုက်ကြီးတွင်ပါ အကြီးဆုံးသော အခမ်းအနားတစ်ခုဖြစ်သည်။
ကောင်းကင်ဘုံ အတိဒုက္ခရောက်လာသည့်အချိန်တိုင်း မြောက်များလှစွာသော ပညာရှင်များ သေဆုံးလိမ့်မည်။၎င်းတို့က ဂိုဏ်းချုပ်များဖြင့်ပင် ယှဉ်နိုင်သည့် ကျင့်ကြံသူ ပညာရှင်များဖြစ်သော်လည်း သူတို့၏ ကောင်းကင်ဘုံ အတိဒုက္ခကို ရင်ဆိုင်ရတုန်းပင်ဖြစ်သည်။
မြင့်မြတ်သူတော်စင်အနေဖြင့်လည်း အနည်းငယ်မျှပင် သတ်လက်လွတ်မပြုရဲပေ။သူ့နှလုံးသားထဲမှ အစားကြူးတောင်ကြားအပေါ် ဒေါ်သများကို ဖိနှိပ်ထားခဲ့သည်။
တစ်နေ့ကျရင်တော့ ထိုသူများ၏ ကြင်နာမှုအတွက် သူ့၏ ရိုသေလေးစားမှုကို ပြန်လည်ပြသရပေလိမ့်မည်။ထိုနေ့ကလည်း မလွဲမသွေ ရောက်လာမည်သာဖြစ်သည်။
........
ထောင်တျဲ စားသောက်ဆိုင် စားသောက်ဆိုင်ထဲတွင် စိတ်ကျေနပ်ဖွယ်ကောင်းလှသော မွှေးရနံ့များ ပြန့်လွင့်လာပြီး သူတို့နှာခေါင်းထဲသို့ တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ မျက်နာအမူအရာများ ပြောင်းလဲသွားကြသည်။
ထိုမွှေးရနံ့များက ပုဖန် အရင်ကချက်ခဲ့ဖူးသော ဟင်းပွဲများနှင့် အနည်းငယ် ကွဲပြားနေသည်။၎င်းက စိတ်ဝိညာဉ် အနည်းငယ် ပိုပါနေသည်ဟု ထင်ရသည်။
သာမန်လူများအနေဖြင့် ထိုကွဲပြားချက်လေးကို ရှာတွေ့ရန် ခက်ခဲလှသည်။သ်ို့သော်လည်း သူတို့ကမူ ထူးခြားသည်။ဆိုင်ထဲတွင်ရှိနေကြသော သူများအားလုံးက ပုဖန်၏ ဟင်းပွဲများကို လက်ခံရရှိကြသူများဖြစ်သည်။ထို့ကြောင့် သူ့ဟင်းပွဲရနံ့နှင့် အလွန် ရင်းနီးကျွမ်းဝင်နေကြပေသည်။
မွှေးရနံ့ပြောင်းလဲမှုက မည်မျှပင် သေးငယ်ပါစေ သူတို့ သတ်ိပြုမိကြဆဲဖြစ်သည်။
"ဒါက နည်းနည်းလေးကွဲပြားနေတယ် ငါဘယ်လို ရှင်းပြရမလဲ အဲ့ဒါမှာ စိတ်ဝိညာဉ် စွမ်းအင်နည်းနည်းလေး ပိုများနေတယ်..."
ချူချန်းရှန် ခုံနောက်ကျောကိုမှီ၍ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အစားစားနေကြသော ကျန်သူများအားလုံးကလည်း သဘောတူညီစွာ ခေါင်းညိတ်လာကြသည်။
အချိန်အတော်ကြာပြီးနောက် မီးဖ်ိုခန်းပေါ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။သူများအားလုံး ချာခနဲ လှည့်ကြည့်လိုက်ကြသည်။ပုဖန်က တောက်ပလှသော ဟင်းလျာထည့်ထားသည့် ကြွေပန်းကန်ပြားတစ်ချပ်ကို သယ်ဆောင်ထားသည်။အားလုံး၏ မျက်ဝန်းများက သ်ိချင်စိတ်ဖြင့် လင်းလက်တောက်သွားသည်။
ချူချန်းရှန် ထိုင်ခုံမှ ထလိုက်ပြီး ပုဖန်ဆီသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လျှောက်လာလိုက်သည်။ပုဖန်က အစားကြူးတောင်ကြား၏ စားဖိုမှူး၁၀ယောက်ကို အနိုင်ယူနိုင်ခဲ့သူဖြစ်ပြီး သူ့၏ ဟင်းပွဲကလည်း လူအများ၏ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်သည်။
ပုဖန်က ကြွေပန်းကန်ကို အသာချလိုက်ပြီးနောက် သက်ပြင်းအသာမှုတ်ထုတ်လိုက်သည်။သူ့၏ နဖူးတွင်လည်း ချွေးများသီးနေပေသည်။
စိတ်စွမ်းအားကို အသုံးပြု၍ ချက်ပြုတ်ခဲ့ရသော ဒီဟင်းပွဲက အစစ်အမှန် စွမ်းအားကို အသုံးပြုထားသော ဟင်းပွဲနှင့် လုံးဝ ကွဲပြားခြားနားနေသည်။အစစ်အမှန် စွမ်းအားကို အသုံးပြု၍ ချက်ပြုတ်ရခြင်းက ခက်ခဲနေခြင်းမဟုတ်ပေ။သို့သော်လည်း စိတ်စွမ်းအားကို အသုံးပြု၍ ချက်ရာ၌ ပါဝင်ပစ္စည်းများအပေါ်တွင် ထိန်းချုပ်မှု တစ်စုံတစ်ရာ ပိုကောင်းသည်ဟု ထင်ရသည်။
ဘဲငန်းကင်က အသက်ဝင်နေသကဲ့သို့ပင် အပေါ်ယံလွှာ အရေပြားက ရွှေရောင်သန်း၍ ကြွပ်ရွ မွှေးပျံ့နေသည်။
"ဒါ ဘာဟင်းပွဲလဲ ..."
ချူချန်းရှန် မေးလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်၍ ဟင်းပွဲနှင့် ပိုနီးအောင် တိုးကပ်ခါ လေ့လာလိုက်သည်။သူ့၏ မျက်နာထားနှင့် အသံထဲတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေသည်။ပုဖန်၏ မျက်နာက အနည်းငယ် နီမြန်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။
"ဒါကို ဘုရားသခင် ပေးအပ်သော ဘဲငန်းကင်လို့ပဲ ခေါ်မယ်..."
ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။သူ ဒီဟင်းပွဲကို စိတ်စွမ်းအင်အများကြီးသုံး၍ ပြုလုပ်ခဲ့ရသည်။အသားလွှာတစ်ဖတ်ချင်းစီကလည်း ပုစဉ်းတောင်ပံလေးအလား ပါးလွှာနေသည်။အသားပိုင်းလေးများကြားထဲ၌လည်း စိုအ်ိသော အဆီအရည်လေးများ ပြည့်နှက်နေသည်။
ထိုဟင်းပွဲကို ဘုရားသခင်ပေးအပ်သော ဘဲငန်းကင်ဟု ခေါ်ရန်သာ ဆုံးဖြတ်လိုက်သည်။
"ငါ ဒါကို မြည်းကြည့်လို့ရမလား..."
ချူချန်းရှန် မေးလိုက်သည်။ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်ဖြစ်လာပြီးနောက် သူ့၏ မျက်နာကပို၍ပင် နှစ်လိုဖွယ်ကောင်းလှသည်။
"ရတာပေါ့ ..."
ပုဖန်ဆီမှ ခေါင်းညိတ်သဘောတူမှုကို ရလ်ိုက်သည်နှင့် ချူချန်းရှန်၏ အပြုံးက ပို၍ ပြန့်ကားသွားသည်။သူ့၏ စိတ်လှုပ် ရှားမှုကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ပေ။သူတူတစ်စုံကို ကောက်ယူလိုက်ပြီး စားပွဲနားတိုးကပ်ကာ ဘဲကင်တစ်ဖတ်ကို ညှပ်ယူလိုက်သည်။၎င်းက မည်မျှပင်မျက်စိပဓာသ ရှ်ိလှသည်ကို သတိမပြုပဲ မနေနိုင်ပေ။သူ ဆိုင်အတွင်းဖြာကျနေသော နေရောင်၏ အောက်သို့ အသားလွှာလေးက်ို မြောက်ကြည့်လိုက်သည်။အသားမှ စိုအိမွှေးပျံ့လှသော အဆီရည်လေးများ တစက်စက် ကျနေသည်
"တကယ်ကို လှလိုက်တာ..."
ချူချန်းရှန်၏ နှလုံးသားထဲ၌ ကျေနပ်နှစ်သဘောကျမှုများ ပြည့်နှက်သွားသည်။သူပုဖန် ပြင်ဆင်ထားသော ဆော့စ်ထဲသို့ အသားကို နစ်လိုက်သည်။မွှေးရနံ့များက ပို၍ ပင် သိပ်သည်းလာ၏။ထိုဆောစ့် အနှစ်က အလွန်ပင် ပျစ်နှစ်နေသည်။သူ အသားကို ပြန်မြောက်လိုက်သည်နှင့် ဆော့စ်ရည်လေးများက အသားတွင် အမျှင်တန်း၍ လိုက်ပါလာလေသည်။
ဂလု...
ချူချန်းရှန် တံတွေးတစ်လုတ်မြိုလိုက်ရ၏။သူအသား၏ လှပမှုမှ လုံးဝ ဆွဲဆောင်ခံလိုက်ရလေသည်။၎င်း၏ အနံ့နှင့် အရောင်က ထူးကဲလှလာလေရာ အရသာကလည်း သေချာပေါက် ထူးခြားရပေမည်။
ထိုအင်္ဂါရပ်သုံးခုဖြင့်ပင် ပုဖန်၏ ဘုရားသခင်ပေးအပ်သော ဘဲငန်းကင်က အထွဋ်အထိပ်အဆင့်သို့ ရောက်နေပြီဟု ဆ်ိုနိုင်ပေသည်။နောက်ဆုံး၌ ဆော့စ်အနှစ်နှင့် ဘဲငန်းသားလေးက သူ့၏ ပါးစပ်ထဲ ရောက်သွားလေပြီ။
ကျွတ်...
အပြင်ပိုင်းက ကြွပ်ရွသော်လည်း အသား၏ အရသာကမူ နူးညံ့အိစက်နေသည်။သူ့၏ ပါးစပ်ထဲတွင် ပေါက်ကွဲ ထွက်လာသော ထူထဲသိပ်သည်းလှသည့် အရသာက အရသာခံ ဘုလေးများအားလုံးကို နှ်ိုးဆွလိုက်လေသည်။ထိုခံစားချက်က မျက်ဝန်းများပြူးကျယ်သွားရလောက်အောင်ပင် အံ့သြစရာကောင်းလှသည်။
ဆော့စ်၏ အရသာပြောင်းလဲမှုလေးကလည်း သူ့၏ အရသာခံဘုလေးများကို နှိပ်နယ်လိုက်သလိုမျိုး အာရုံကြောများထဲသို့ စိမ့်ဝင်ပြန့်နှံ့သွားသည်။
ပုဖန်စတိုင် အစပ်အချဉ်အရည်က လူအများ ကြိုက်နှစ်သက်မည်မှာ မလွဲပေ။ချူချန်းရှန်တွင် အတွေ့အကြုံများစွာ ရှိသော်လည်း ပုဖန်၏ ဟင်းပွဲစားသည့်အခါတိုင်း ပင့်သက်ရှ်ိုက်ရစမြဲပင်ဖြစ်သည်။
ထိုအစပ်အချည်အရည်က အရသာရှ်ိပြီးသားဖြစ်သော ဘဲငန်းသားကို ပို၍ပင် အရသာမြင့်တင်ပေးလိုက်သည်။
"စိုအိပေမယ့် အဆီမများဘူး...ဒီဆော့စ်ကလည်း နည်းနည်းလေးစပ်ပေမယ့် အရမ်းကောင်းမွန်တယ်...ချက်ပြုတ်တဲ့ အခ်ျိန်မှာ အပူချိန် ထိန်းချုပ်မှုကလည်း မယှဉ်ပြိုင်န်ိုင်လောက်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ ...ဒီဟင်းပွဲက အားလုံးကို ဆွဲဆောင်ဖို့ လုံလောက်ပေပြီ .."
ချူချန်းရှန်က မျက်ဝန်းများမှေးစင်း၍ အသားကို ဂရုတစိုက် ဝါးနေသည်။သူစိတ်ခံစားချက်များ ပြည့်လျှံနေလေသည်။
ရွှစ် ...
မကြာခင်မှာပင် သူ့၏ အဝတ်အစားများ ပြဲဆုတ်သွားပြီး လူငယ်တစ်ယောက်၏ ဖြူဖွေးနူးညံ့ချောမွေ့သော အသားအရည်ကို လှစ်ဟပြလာလေသည်။
အားလုံး ကြောင်အမှင်သင်သက်သွားကြသည်။အကြီးအကဲ ချူချန်းရှန်၏ ငယ်ရွယ်တဲ့ ဗားရှင်းကလည်း အင်္ကျီပေါက်ကွဲသည့် အမူအကျင့်ကို ဆက်လက်ထိန်းသိမ်းထားဆဲဆိုသည်က ဘုရားသခင်သာသိပေလိမ့်မည်။
ကောင်းမွန်သည့် အစားအသောက်စားရာ၌ အဝတ်အစားများ ပေါက်ကွဲထွက်သွားလေ့ရှိသည်။တခြားဘယ်သူမှ မဖြစ်သော်လည်း သူကတော့ ဖြစ်လေသည်။
သို့သော်လည်း လူများက ထိုကဲ့သို့အဝတ်အစားများ ပြဲဆုတ်သွားခြင်းကို ဂရုမထားကြပေ။အဘယ့်ကြောင့်ဆိုသော် ချူချန်းရှန်က အလွန်တရာ ချောမောခန့်ညားလှသောကြောင့် ဖြစ်သည်။
အင်္ကျီချွတ်နှင့် ချူချန်းရှန်ကိုကြည့်လိုက်ပြီး ပုဖန်၏ ခေါင်းထဲတွင် အကြံတစ်ခု ထွက်ပေါ်လာသည်။သူသာချူချန်းရှန်ကို ဆိုင်ရှေ့တွင် အင်္ကျီပေါက်ကွဲခွင့် ပြုလိုက်မည်ဆိုပါကစားသုံးသူများ၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
ယခုလိုဆိုလျှင် ပထမဆုံးဆိုင်ဖွင့်သည့်နေ့၌ လူတစ်ထောင်ဆွဲဆောင်ရမည့် စနစ်၏မစ်ရှင်က လွယ်ကူသွားသလိုပင်ထင်ရသည်။
ရှလွတ် ရှလွတ် ....
ချူချန်းရှန် စားပြီးသည့်အခ်ျိန်၌ တခြားသူများအားလုံးကလည်း ဟင်းပွဲနားသို့ ပြေးလာကာ သူတို့၏ တူများကို ကောက်ယူလိုက်ကြသည်။မွှေးပျံ့လှသော ရနံ့များက သူတို့၏ အရသာခံ အာရုံများကို ဆွဲဆောင်နေပြီးသားဖြစ်သည်။ပုဖန်လည်း အသားတစ်ဖက်က်ို ကောက်ယူလိုက်သည်။
သူပထမဦးဆုံး စိတ်စွမ်းအင်ဖြင့်သာ ချက်ပြုတ်ထားသောဟင်းပွဲကို သေချာမြည်းစမ်းကြည့်ချင်သည်။အသားတစ်ဖတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် သူ့၏ အော်ရာများကလည်း စတင်ပြောင်းလဲလာလေသည်။
ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုက တခြားသူများကို မျက်လုံးပြူးသွားစေသည်။စွမ်းအားများကို အသေးစိတ်အာရုံခံနိုင်လွန်းသော ချူချန်းရှန်က ပုဖန်၏ အော်ရာများ ပြောင်းလဲသွားသည်ကို ချက်ချင်းပြောနိုင်ပေသည်။၎င်းကမသေမျိုးခန္ဓာအဆင့်မှ မသေမျိုးဝိညာဉ်အဆင့်သို့တက်လှမ်းနိုင်ခြင်းဖြစ်သည်။
"ပိုင်ရှင်ပုက နောက်ဆုံးတော့ အဆင့်ချိုးဖျက် တက်ရောကါနိုင်သွားတာလား..."
ပုဖန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက စတင်လည်ပတ်လာပြီးနောက် သူ့၏ ခေါင်းဆီသို့ စီးဆင်းလာသည်။ထိုမှတစ်ဆင့် သူ့၏အောက်ခြေသို့ ပြန်လည်စီးဆင်းသွားပြီးရပ်တန့်သွားသည်။
သူ့၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်အတွင်းဆီထဲသို့ ပြန့်နှံ့သွားပြီးနောက် စိတ်ဝိညာဉ် လှေကား စတင်ဖွဲ့စည်းလာသည်။ပထမဦးဆုံး အကြိမ် သူ့၏ စိတ်ဝိညာဉ်ကိုသိပ်သည်းစေခြင်းဖြစ်သည်။အကယ်၍ သူ့၏ စွမ်းအားများသာ သန်မာလျှင် စိတ်ဝိညာဉ် လှေကား သုံးဆင့် သို့မဟုတ် လေးဆင့်ဖွဲ့တည်နိုင်ပေလိမ့်မည်။
ပုဖန်၏ အော်ရာများက တရှိန်ထိုးထိုးတက်လာသည်။ထိုသို့ ဖြစ်ရပ်က သန့်စင်နယ်မြေများ၏ မြင့်မြတ်သော သူတော်စင်သားတော်များ သေချာပြုစုပျိုးထောင်ခံထားရသော သူတော်စင်သမီးတော်များ၏ ဖြစ်ရပ်နှင့် တူညီနေလေသည်။
၎င်းက နဂါးဖြစ်ဖို့ ဒဏ္ဍာရီလာ တံခါးမှ ခုန်ချရန် စောင့်ဆိုင်းနေသော ငါး တစ်ကောင်ကဲ့သို့ပင် တူညီနေသည်။ပြောရမည်ဆိုလျှင် ခြေတစ်လှမ်းတည်းဖြင့် တန်ခိုးရှိသော လူတစ်ယောက် ဖြစ်လာရန် မလွယ်ကူပေ။သို့သော်လည်း သူတော်စင် သားတော် သမီးတော်နားကမူ ထိုကဲ့သို့ အောင်မြင်မှုမျိုးရကြပေသည်။
ပုဖန်၏ ခေါင်းအထက်၌ အလင်းမြူမှုန်များ စတင် စုဝေးလာသည်။ထို့နောက် ထိုအလင်းများက မြန်ဆန်စွာ ပေါင်းစည်းသွားပြီးနောက် စိတ်ဝိညာဉ် လှေကားပုံသဏ္ဍာန် ဖြစ်တည်လာသည်။ထိုလှေကားဆင့်က နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသည်။၎င်းက စိတ်ဝိညာဉ်၏ အသန့်ရှင်းဆုံး အတောက်ပြောင်ဆုံး ရိုးရှင်းသည့် ပုံစံဖြစ်သည်။
ပုဖန်၏ အော်ရာများက အလွန်လျင်မြန်စွာ မြင့်တက်နေတုန်းပင်ဖြစ်သည်။သူ့၏ စွမ်းအင်အဆင့်က မယှဉ်နိုင်စရာအဆင့်တစ်ခုသို့ ရောက်နေပေပြီ။
သူပင့်သက်အသာရှိုက်လိုက်ပြီး တင်ပျဉ်ခွေချိတ်၍ ထိုင်ချလိုက်သည်။ထို့နောက် သူ့၏။အော်ရာများက စတင်ပြောင်းလဲလာသည်။
ချူချန်းရှန်က ပုဖန်ကို မယုံနိုင်စရာမျက်နာထားမျိုးဖြင့် ကြည့်နေလိုက်သည်။
"စိတ်ဝိညာဉ် လှေကားတစ်ဆင့်လား ...ပုဖန်က အဆင့် ချိုဖောက်တက်ရောက်ပြီးသွားတာလား...သူက အဆင့်ချိုးဖောက်တဲ့ အချိန်မှာပဲ စိတ်ဝိညာဉ် လှေကားတစ်ဆင့်က်ို တည်ဆောက်နိုင်တယ်ပေါ့ .."
ပုဖန် မျက်လုံးများကို အသာဖွင့်လ်ိုက်သည်။သူ့၏ ခေါင်းအထက်၌ တောက်ပြောင်လင်းလက်နေသော စိတ်ဝိညာဉ် လှေကားတစ်ခုရှိနေလေသည်။သို့သော်လည်း ထိုအကြောင်းအရာက်ို သူများများ ဂရုမစိုက်တော့ပေ။အဘယ်ကြောင့်ဆိုသော် စနစ်၏ ပြင်ဆင်ပေးထားသော အကဲဖြတ်မှုက်ို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီးနောက် သူရရှိလာခဲ့သည့် ဆုလာဘ်ဖြစ်သည်။ပို၍ ဝေးဝေးသွားလိုလျှင် စနစ်၏ မစ်ရှင်များကို ပို၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ပေသည်။
မစ်ရှင်တစ်ခု ပြီးမြောက်တိုင်းသူ့၏ စွမ်းအင်များကလည်း ပို၍ သိပ်သည်းလာမည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။မည်သို့ပင်ဆိုစေ အဆင့်ခ်ျိုးဖောက်တက်ရောက်ပြီးနောက် မသေမျိုးဝိညာဉ် ပညာရှင်အဆင့် ဖြစ်လာပေပြီ။
သူလှည့်ကြည့်လိုက်လေရာ စားပွဲပေါ်၌ တင်ထားသော ဘုရားသခင် ပေးအပ်သော ဘဲငန်းကင်က ကုန်သွားပြီကို တွေ့လ်ိုက်ရသည်။ငရဲဘုရင်က စိတ်ကျေနပ်သော မျက်နာထားဖြင့် ထ်ိုင်နေသည်။နယ်သာရီ၏နှုတ်ခမ်းပါးလေးများကလည်း ကျေနပ်မှုအပြည့်ဖြင့် ကွေးညွှတ်နေသည်။ပန်းပွင့်လေးက နှုတ်ခမ်းများကို လျက်နေ၏။လက်တစ်ဖက်တွင် ဘဲငန်းကင်တစ်ဖက်ကို ကိုင်ထားပြီး တစ်ဖက်တွင် ဇီးဝိုင်ခွက်ကို ကိုင်ထားသည်။သူမက အကောင်းဆုံးဘဝကို ဖြတ်သန်းနေပုံပေါ်သည်။
ပုဖန်က သူတို့အားလုံးကို ကိုယ်နေရာကို ပြန်သွားကြရန် ပြောလိုက်သည်။ကောင်းကင်ကြီးက မှောင်မဲလာပြီဖြစ်ပြီး ကောင်းကင်အထက်တွင် လတစ်စုံလည်း ထွန်းလင်းနေပေပြီ။ပုဖန် အားလုံးကို နှင်လွှတ်ပြီးသည်နှင့် ထောင်တျဲ စားသောက်ဆိုင်တံခါးကို ပိတ်လိုက်သည်။
သူချူချန်းရှန်ကို အပေါ်ထပ်သို့ ဦးဆောင်ခေါ်သွားလိုက်ပြီး သူ့အခန်းကို ပြလိုက်သည်။မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်ကာရှင်းလင်းပြီး သူ့၏ ပစ္စည်းများကို သေချာစွာ သိမ်းလိုက်သည်။
ယခုအချိန်တွင် စားသောက်ဆိုင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေပြီ။နောက်တစ်နေ့မနက်ခင်းတွင် မနက်ခင်းနေရောင်ခြည်နုနုက ပြတင်းပေါက်မှတဆင့် ဖြတ်ကျော်ကာ ပုဖန်၏ မျက်နာပေါ်သို့ ဖြာကျလာသည်။သူ့ကို နွေးထွေးပြီး သက်တောင့်သက်သာရှိစေသလို တစ်ချိန်တည်းမှာပင် အိပ်ယာကလည်း နိုးလာလေသည်။
အိပ်ယာမှ ထ၍ အကြောအချဉ်ဆန့်လိုက်ပြီးနောက် မျက်နာသွားသစ်လိုက်သည်။ထောင်တျဲ စားသောက်ဆိုင်၏ ပထမဆုံးဆိုင်ဖွင့်သည့်နေ့ဖြစ်သည်။သူ စနစ်တောင်းဆိုသည့်အတိုင်း စားသုံးသူတစ်ထောင် ဆွဲဆောင်နိုင်မှု ရှိမရှိကို သိချင်နေမိပေပြီ။
ထိုစိန်ခေါ်မှုက သူ့က်ို အနည်းငယ်စိတ်လှုပ်ရှားတက်ကြွစေသည်။