အပိုင်း ၈၀၂
Viewers 52k

အခန်း ၈၀၂

စိတ်စွမ်းအားသက်သက်ဖြင့်သာ ချက်ပြုတ်ခြင်း...


"အဆင့်တက်အကဲဖြတ်စစ်ဆေးမှုလား ..."


စနစ်၏ အသိပေးချက်ကို ကြလိုက်ရသည့်အခ်ျိန်၌ ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သို့သော်လည်း သူ သူ့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ တရှိန်ထိုး ထိုးတက်လာသည်ကို ခံစားလိုက်ရသည့်အခါ၌ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ထိန်းချုပ်မရနိုင်စွာတွန့်ကွေးသွားလေသည်။


မတ်တပ်ထရပ်လိုက်ပြီး တခြားသူများကို ဝေ့ဝဲအကဲခတ်လိုက်သည်။ထို့နောက် မီးဖိုခန်းထဲသို့ ပြန်လည်လျှောက်လာခဲ့၏။မသေမျိုးဝိညာဉ် အဆင့် အကဲဖြတ်မှုက သူအနားယူစမှာပင် ဖြစ်တည်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။


သို့သော်လည်း စနစ်က အတည်ပြုပြီးပြီဖြစ်လေရာ သူ သွားရောက်ကျော်ဖြတ်ဖို့သာ လိုတော့သည်။ပြောရမည်ဆိုလျှငိ ပုဖန်က ၎င်းကို စောင့်မျှော်နေခဲ့သည်မှာ အခ်ျိန်ကြာလှပြီဖြစ်သောကြောင့် အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိပေ။


အကဲဖြတ်မှုကို ကျော်ဖြတ်ရမည့် နေရာကလည်း မီးဖ်ိုချောင်ထက် သင့်တော်သည့် နေရာမရှိပေ။ပုဖန် မီးဖိုခန်းထဲသို့ ဝင်လိုက်သည်နှင့် ဖန်ဖန်ဆိုင်ငယ်လေးနှင့် တ်ိမ်ခိုးစားသောက်ဆိုင်တို့၏ ပုံစံနှင့် ဆင်တူသည်ကို တွေ့လိုက်ရသည်။


၎င်းက စနစ်၏ ပုံစံပင်ဖြစ်သည်။သူကိုယ်တိုင်ကလည်း ထ်ိုကဲ့သို့ အပြင်အဆင်ကို ကြိုက်နှစ်သက်ပေသည်။ပြောရမည်ဆိုလျှင် သူ့၏ အချက်အပြုတ်စွမ်းအင်အဆင့်တက်လာသည့်အချိန်က စနစ်မှ မီးဖိုချောင်၏ ပုံစံကို သူ့စိတ်ကြိုက်ပြင်ဆင်နိုင်သည်ဟု ပြောခဲ့ပေသည်။


ပုဖန် မီးဖိုခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူ့၏ နီရောင်စားဖိုမှူးဝတ်ရုံကို ချွတ်လိုက်ပြီး မီးဖိုခုံရှိရာဆီသို့ သွားလိုက်သည်။သူ့စိတ်ထဲ၌ စနစ်၏ တည်ငြိမ်လှသောအသံ ထပ်မံထွက်ပေါ်လာပြန်ပြီး ရောက်လာမည့် အကဲဖြတ်မှုအတွက် ညွှန်ကြားချက်များကို ပြောကြားလေသည်။


သူ့၏ စိတ်ထဲတွင် ဟင်းပွဲတစ်ပွဲပေါ်လာလေသည်။ရှည်လျားထွေပြားလှသောဟင်းချက်အညွှန်းက သူ့ခေါင်းထဲ ပြည့်နှက်သွားလေသည်။သူ့၏ စိတ်ဝိညာဉ်ပင်လယ်က ပြန့်ကားလာပြီး စိတ်စွမ်းအားများ ပိုမိုသန်မာလာပြီးသည့်နောက် ထ်ိုကဲ့သို့ ရှည်လျားထွေပြားသော ဟင်းချက်လမ်းညွှန်က သူ့အတွက် ပြဿနာတစ်ရပ်မဟုတ်တော့ပေ။သူလုံးဝမကြောက်ပေ။


စနစ်၏ သတိပေးချက်များကို ကြားလိုက်ပြီးနောက် ပုဖန်၏ မျက်ဝန်းထဲတွင် အလင်းများတောက်ပလာသည်။သူဟင်းချက် အညွှန်းကို ဖြတ်ခနဲ ကြည့်လိုက်မိသည်နှင့် ထူးခြားသော တစ်စုံတစ်ရာကို သတိပြုမိသွားသည်။


ဟင်းချက်လမ်းညွှန်၏ ပုံစံက တောက်ပပြီး ရွေ့လျားနေပေသည်။သူကြောင်အိမ်ရှိရာဆီသို့ လျှောက်သွားပြီး တံခါးဆွဲဖွင့်လိုက်သည်နှင့် အသား၏ မွှေးရနံ့များ လုံးခနဲ ထွက်ပေါ်လာလေသည်။


ကြောင်အိမ်ဗီရိုထဲတွင် အမွှေးအတောင်မရှိသော ကြီးမားလှသော ဘဲငန်းတစ်ကောင်ရှိနေပေသည်။၎င်းက မသေမျိုးဝိညာဉ် အဆင့် အကဲဖြတ်မှုအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်သောဘဲငန်းကြီးပင်။


ထိုဘဲငန်းကြီးက စိတ်ဝိညာဉ် သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ ကျင့်ကြံမှု အခြေခံကလည်း မသေမျိုး ဝိညာဉ်အဆင့်ထက် အားမနည်းပေ။သို့သော်လည်း ယခုအခါတွင် သူ့၏ ကြောင်အိမ်ထဲ၌ ပါဝင်ပစ္စည်းတစ်ခုအဖြစ် လဲလျောင်းနေရပေပြီ။


ပုဖန် ထ်ိုဘဲငန်းကို ဆွဲယူလိုက်သည်။


အရေပြားကို ဆွဲကြည့်လိုက်သည်။ထိုအသားများက လုံးဝ ပျော့ပြောင်းနေသည်ကို တွေ့လိုက်ရပြီးနောက် သူ့၏ မျက်ဝန်းများတောက်ပသွားသည်။


"ဒါက တကယ့်ကို ကောင်းတဲ့ ပါဝင်ပစ္စည်းပဲ..."


(အကဲဖြတ်စစ်ဆေးမှုမှာ သင့်ရဲ့ အစစ်အမှန် စွမ်းအင်ကို သုံးလို့မရပါဘူး သင့်ရဲ့ စိတ်စွမ်းအင်တစ်မျိုးတည်းကိုသာ သုံးရပါမယ်...)


စနစ်၏အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။၎င်း၏ ညွှန်ကြားချက်များက အနည်းငယ်တင်းကျပ်ပေ၏။ပုဖန် အနည်းငယ်မှင်သက်သွားသည်။ထို့နောက် သူ့၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခ်ျိန်၌ စာမေးပွဲခန်းတစ်ခန်းနှင့် ပုံစံတူဆင်နေသည်ကို သတ်ိပြုမိလိုက်သည်။ပုဖန် ပင့်သက်တစ်ချက်ရှိုက်မိလိုက်သည်။


"သူတကယ်ပဲ အစစ်အမှန် စွမ်းအင်ကို မသုံးလို့မရဘူးလား..."


သူ့၏ မျက်နာအမူအရာကလည်း တောင့်တင်းသွားသည်။သူက ပါဝင်ပစ္စည်းများကို ပြင်ဆင်ချက်ပြုတ်သည့်အချိန်၌ သူ့၏ အစစ်အမှန် စွမ်းအင်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။


ယခုမူ စနစ်က ခွင့်ပြုမထားလေရာ အကဲဖြတ်စစ်ဆေးမှုက ပို၍ ခက်ပေတော့မည်။မည်သို့ပင်ဆ်ိုစေ၎င်းက ခက်ခဲမှု အသေးစားလေးသာဖြစ်သည်။


ပုဖန်၏ အချက်အပြုတ်စွမ်းရည်များက စနစ်မှ လက်ဆောင်ပေးထားခြင်းမဟုတ်ပေ။စနစ်က ပိုမို မြင့်တင်မှုများပြုလုပ်ပေးခဲ့သည်ဆိုသော်လည်း သူ့၏ စွမ်းရည်များက သူပုံမှန်လေ့ကျင့်ခြင်းကြောင့် ရလာခြင်းဖြစ်သည်။


ထို့အပြင် ထပ်လောင်းပြောရမည်ဆိုပါက သူ့၏ နည်းလမ်းများက မရိုးရှင်းသည့် အပြင်သူက စနစ်အပေါ်၌သာမှီခိုနေခြင်းလည်းမဟုတ်ပေ။ထို့အပြင် စနစ်က အကဲဖြတ်မှုကို ဘာကြောင့် ပြုလုပ်ရသည်ကိုလည်း သူသိပေသည်။ထိုလုပ်ဆောင်ချက်က ဆန်းကြယ်သောကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်နေခဲ့ပြီး အချက်အပြုတ်နတ်ဘုရားဖြစ်လာသည့် လမ်းအတွက် အကူအညီဖြစ်လာပေလိမ့်မည်။


အချက်အပြုတ်နတ်ဘုရားဖြစ်လာရန် လျှောက်လှမ်းရာတွင်လည်း ယခင်ရှိသည့်လမ်းကြောင်းအတိုင်းမျှောလိုက်နေရန် မဖြစ်ပေ။ဥပမာအားဖြင့် စနစ်က သူ့ကို အချက်အပြုတ်လမ်းညွှန်တစ်ခု ပေးခဲ့သည်ဆိုသော်လည်း ၎င်းက အလွန်ရှည်းလျားပြီးအသေးစိတ်ကျနလွန်းလှသောကြောင့် သူမျက်ခုံးပင့်သွားမိရသည်။


ဟင်းပွဲပြင်ဆင်ဖို့ အစီအစဉ်ကိုရိုးရိုးရှင်းရှင်းအသေးစိတ်ကျကျ ဖော်ပြထားသည်။၎င်းအတ်ိုင်း လိုက်လံ လုပ်ဆောင်ပါက သပ်ရပ်လှပသော ဟင်းပွဲတစ်ပွဲ ဖြစ်မြောက်သွားပေလိမ့်မည်ဖြစ်သည်။သို့သော်လည်း ၎င်းက ခမ်းနားထည်ဝါလှသော ဟင်းပွဲတစ်ပွဲဖြစ်လာမည်မဟုတ်သလို လူများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။


ထို့ကြောင့် ပုဖန်လုပ်ရန် လိုအပ်သည်မှာ အညွှန်းကို သေချာစွာအကဲဖြတ်ပြီး ပြန်လည် သုံးသပ်ပြင်ဆင်ရန်ဖြစ်သည်။ပုဖန် ဘဲငန်းခေါင်းကို ဆုပ်ကိုင်ပြီး မီးဖိုခုံရှိရာဆီသို့ လျှောက်သွားလိုက်သည်။ရုတ်တရက် သူ့၏ခေါင်းထဲတွင် အချက်အပြုတ်လမ်းညွှန်ထဲမှ ပါဝင်ပစ္စည်းများစာရင်းပေါ်လာလေသည်။


ထို့နောက်သူ ကြောင်အိမ်ဗီရိုထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူပြီး သူ့၏ မီးဖိုခုံထောင့်စွန်းတွင် တင်ထားလိုက်သည်။ပုဖန် ပါဝင်ပစ္စည်းများအားလုံးကို သေချာသန့်စင်ဆေးကြောပြီးနောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ပိုးချည်မျှင်ကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့၏ လက်တွင် လေရဟက်အသေးစားလေးတစ်ခု လည်နေသကဲ့သို့ လည်နေလေသည်။


ချပ် ချပ် ချပ်...


ဓားစိတ်ဝိညာဉ်ရှိနေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ လှုပ်ရှားမှုများက မျက်စိနှင့် မမြင်နိုင်လောက်အောင်ပင် မြန်ဆန်နေလေသည်။အချိန်ခဏအတွင်းမှာပင် အားလုံး လှီးဖြတ်ပြီးသွားလေပြီ။


ပါးလွှာစွာ ဖြတ်တောက်ထားသော ပါဝင်ပစ္စည်းများကို ကြွေဗန်းတစ်ခုထဲတွင် ထည့်လိုက်သည်။ထို့နောက် ခုတ်ထစ်ထားသော ပါဝင်ပစ္စည်းများကိုမူ ဖြူပြာရောင်ကြွေပန်းကန်ထဲ၌ ထည့်လိုက်သည်။၎င်းတို့က ကြည့်ရသည်မှာ လှပလှ၏။


ထည့်ထားပြီးသား ကြွေပန်းကန်ပြားကို အဝေးသို့ ဖယ်ထုတ်လိုက်ပြီးနောက် ဘဲငန်းခေါင်းကို ဆွဲကိုင်လိုက်သည်။ပုဖန်၏ ရွှေနဂါးအဖိုးမီးဖိုချောင်သုံးဓားက လျင်မြန်စွာရွေ့လျားသွားပြီးနောက် စဉ်းနှီတုံးပေါ် ကျရောကမသွားသည်။ဘဲငန်းခေါင်းကို ဆွဲထုတ်လိုက်ပြီးနောက် ကျန်ရှိနေသေးသည့် အမွှေးလေးများကို သန့်စင်အောင်နှုတ်လိုက်သည်။


အမွှေးအနည်းငယ်မျှပင် ကျန်ရှိနေ၍ မဖြစ်ပေ။အဘယ်ကြောင့်ဆိုသော် ၎င်းက ဟင်း၏ နူးညံ့မှုကို သက်ရောက်သွားပေလိမ့်မည်။ဘဲတစ်ကောင်လုံး သန့်ရှင်းသွားစေရန်အတွက် အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ထို့နောက် သူ့၏ စိတ်စွမ်းအင်များ စတင်ပြန့်လွင့်လာလေသည်။


ဘန်း ဘန်း ဘန်း...


ဘဲငန်းကို တဖြေးဖြေးချင်းဖောင်းကားလာသည်အထ်ိရိုက်နှက်လိုက်သည်။ထို့နောက် သူ့၏ အစစ်အမှန်စွမ်းအင်မဟုတ်သော စိတ်စွမ်းအင်များကို ဘဲငန်းအတွင်းသို့ ထိုးသွင်းလိုက်၏။


ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာပြီးမီးဖိုခုံပေါ် ကျရောက်လာလေသည်။ပုဖန် ရွှေနီရောင် မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်နှင့် အခန်းတွင်းရှိ အပူချိန်က ချက်ချင်းမြင့်တက်လာလေသည်။


သူ နွေဦးစွမ်းရေကို အိုးထဲသို့ ထည့်လိုက်ပြီး ဆူပွက်စေလိုက်သည်။ရေများ ပွက်ပွက်ဆူလာသည်နှင့် ပုဖန်က ဘဲငန်းကို အိုးထဲသို့ ပစ်ထည့်လိုက်၏။


ဝီ ...


မဟူရာလိပ်ခုံးဒယ်အိုးက တုန်ခါသွားပြီး အိုးထဲရှိ ရေများကလည်း စည်းချက်ကျကျ လှည့်လည်နေသည်။ဘဲငန်းကို ပြန်ဆယ်ထုတ်လိုက်သည့်အချိန်၌ ရေပူများကို စုပ်ယူထားသောကြောင့် အရိုးအဆစ်များပင် ဖောင်းပွနေပေပြီ။


ဘဲနှုတ်သီးကို ဖွင့်ဟလိုက်သောအခါ ပူဖောင်းလေးများပင် ထွက်ပေါ်လာလေ၏။ပုဖန်က အစစ်အမှန်စွမ်းအင်များကို အသုံးပြုခွင့်မရှိသောကြောင့် အိုးအတွင်းမှ အပူချိန်ကို အတိအကျ မထိန်းချုပ်နိုင်ခဲ့ပေ။


ထို့ကြောင့်ပင် သူ့၏ စိတ်စွမ်းအင်များကိုသာထုတ်ဖော်လိုက်ပြီး အိုးတစ်ခုလုံးကို လွှမ်းခြုံထားခဲ့ရသည်။သူ့၏ စိတ်စွမ်းအင်များက အိုးထဲသို့ စိမ့်ဝင်သွားပြီးနောက် ဘဲငန်း၏ ပတ်ပတ်လည်တွင် ချည်မျှင်များကဲ့သို့ ဝိုင်းရံထားပေသည်။ထို့ကြောင့်ပင် သူအိုးထဲမှ ဘဲငန်းကို ပြန်ဆယ်ထုတ်လိုက်သည့်အခါ၌ အပူစီးကြောင်းလေးများကြားထဲတွင် ၎င်း၏ နီမြန်းစိုရွှဲသော အသားကိုမြင်နေရပေသည်။


အကဲဖြတ်စစ်ဆေးမှုက ပုဖန်၏ စိတ်စွမ်းအားအပေါ်တွင် ကြီးမားသောဖိအားမျိုးသယ်ဆောင်လာပေသည်။သူ့၏ စိတ်စွမ်းအားသာအနည်းငယ်မျှ အားနည်းမည်ဆိုပါက သူ ဒီစစ်ဆေးမှုကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။


ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ပထမဦးဆုံးအဆင့်က သူ့၏ အချက်အပြုတ်စွမ်းရည်ကို ပြသရခြင်းဖြစ်သည်။ 


ပုဖန်က စနစ် ပြင်တင်ထားပေးထားသောရွှေရောင်အချိုအနှစ်ကို ထုတ်ယူလိုက်ပြီး ဘဲငန်းသားပေါ်တွင် သုတ်လိမ်းလိုက်သည်။


သူ့၏ စ်ိတ်စွမ်းအင်ကို ဆုတ်တံတစ်ခုသဖွယ် အသုံးပြုလိုက်ပြီး အချိုအနှစ်များ ဘဲသားထဲသို့ စိမ့်ဝင်သွားစေရန် သုတ်လိမ်းလိုက်၏။ထိုအချိုအနှစ်ရည်ကလည်း သာမန်ပါဝင်ပစ္စည်း မဟုတ်ပေ။၎င်းက စ်ိတ်ဝိညာဉ် ပျားများမှ ပြုလုပ်ထားသောပျားရည်ဖြစ်ကြောင်းသေချာပေသည်။


အချိအရည်သုတ်လိမ်းပြီးသည်နှင့် ဘဲငန်း၏ အသားက ပို၍ နှစ်လိုဖွယ်ကောင်းလှသည်။ပုဖန် ဘဲနှုတ်သီးကို ဆွဲဟလိုက်ပြီး သူပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို လည်ချောင်းမှတဆင့် ဗိုက်ထဲသို့ ရောက်အောင် ပို့လွှတ်လိုက်သည်။


ထို့နောက် အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်က်ို ထုတ်ယူလိုက်ပြီး လည်ချောင်းထဲသို့ လောင်းချလ်ိုက်၏။ပြီးသည်နှင့် ထ်ိုဘဲငန်းကို ကင်ရန်အတွက် မီးဖိုပေါ် တင်လိုက်သည်။


သူ့၏ စိတ်စွမ်းအင်များ ထပ်မံထွက်ပေါ်လာပြီးနောက် ဘဲတစ်ကောင်လုံးကို တစ်လက်မမှ မလွတ်စေရအောင် လွှမ်းခြုံလိုက်လေသည်။ထိုသို့ ပြုလုပ်ထားလျှင် ဘဲကင်နေစဉ်အတွင်းအရသာများ စိမ့်ဝင်နေခြင်း ရှိမရှ်ိနှင့် အရည်အသွေးကောင်းမွန်ခြင်း ရှိမရှိကို သူစစ်ဆေးနိုင်ပေလိမ့်မည်။


သူ့၏ စိတ်စွမ်းအင်များ ဘဲငန်းအတွင်းသို့ စိမ့်ဝင်သွားသည်နှင့် ၎င်းမှ ထုတ်လွင့်သော အပူချိန်ကလည်းပို၍ ပြင်းထန်လာသည်။ခဏအတွင်းမှာပင် ဘဲကင် လုံးဝ ကျက်သွားလေပြီ။


ဘဲငန်းသားက ကြွပ်ရွသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။၎င်းမှ ထုတ်လွင့်နေသောမွှေးရနံ့ကလည်း တကယ်ကို ခ်ျိုမြိန်လှသည်။ပုဖန် သူ့၏ လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုလှုပ်ယမ်းလိုက်သည်နှင့် အေးစက်လှသောရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။


၎င်း ရွှေရောင်အလင်းတန်းက မီးတောက်ဆီမှ မီးရောင် ဓားအသွားပေါ်တွင် ပြန်ဟပ်ပြီး အလွန်တောက်ပသွားခြင်းဖြစ်သည်။ထို့နောက် ပုဖန် မီးတောက်များကို ထိန်းချုပ်လိုက်သည်။


ထိုအချိန်တွင် သူ့၏ စ်ိတ်စွမ်းအင်ကိုသာ အသုံးပြုထားရခြင်းဖြစ်လေရာ အနည်းငယ်မျှသော အမှားကိုမှ လုပ်၍ မရပေ။သူသာလုပ်လိုက်ပါက သူ့၏ ဘဲသန်းသား လုံးဝ ပျက်စီးသွားပေလိမ့်မည်။


ရွှစ်...


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက မီးဖိုထက်မှ ဘဲငန်းသားကို သေးငယ်သော အရာလေးတစ်ခု ဖြတ်တောက်လိုက်သည်။ထိုဖြတ်ရာမှ ရွှေရောင်ဖျော့ဖျော့ အဆီစက်လေးများ ကျဆင်းလာ၏။


တစ်ချက်...နှစ်ချက်... သုံးချက်...


ပုဖန်၏ ဓားက ဘဲငန်းပေါ်တွင် ဖြတ်သန်းသွားလေလေ ဆီစက်များပို၍ များပြားလာလေလေပင် 


ရွဲ ရွဲ...


ထိုဆီရည်လေးများ မီးဖိုပေါ်သို့ ကျရောက်သွားသည်နှင့် ထူထပ်လှသော အခိုးအငွေ့များကို ထုတ်လွင့်လာလေသည်။ပုဖန်က သူ့၏ ဓားဖြင့် ဘဲငန်းကို ပုတ်လိုက်ပြီးနောက် တောင်ပံနှစ်ခုက်ို ဖြန့်ကားလိုက်သည်။ပြီးသည်နှင့် အဆက်မပြတ် လှည့်ပေးလိုက်၏


ထို့နောက် ပုဖန်က လှပသော ဖြူပြာရောင် ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။သူ ဘဲငန်းသားကို စတင်ဖြတ်တောက်လိုက်သည့်အချိန်၌ သူ့၏ စိတ်စွမ်းအင်က အနည်းငယ် တုန်ခါသွားလေသည်။ထို့နောက် လှီးဖြတ်ထားသော အသားလေးများက ပန်းကန်ပြားပေါ်သို့ စီရီစွာ ကျဆင်းလာလေသည်။


အသားလွှာတစ်ဖက်ချင်းစီက ပုစဉ်းတောင်ပံကဲ့သို့ပင် ပါးလွှားနေသည်။ပုဖန် တူဖြင့် ညှပ်ယူ၍ မြောက်ကြည့်လိုက်သောအခါ၌ ထုတ်ချင်းပေါက် မြင်ရတော့မလ်ို ထင်ရသည်။အသားဖတ်လေးများက နူးညံ့စိုအိနေသည်။


ဘဲငန်းကို စတင်ကင်သည့်အချိန်ကတည်းက စွမ်းအင်ကို အသုံးပြု၍ သေချာစွာ ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ထို့နောက် သူ့၏ လက်ထဲမှ ဓားလှုပ်ယမ်းသွားသည်နှင့်အမျှ ပန်းကန်ထဲတွင်လည်း ဘဲသားဖတ်လေးများ ပို၍ တိုးပွားလာလေသည်။


ထိုအသားကင်မှ ထုတ်လွင့်နေသော မွှေးရနံ့လေးများကလည်း လေထဲတွင် ပြန့်နှံ့လာသောကြောင့် မီးဖိုခန်းထဲမှ စားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံလာလေသည်။


အားလုံး၏ မျက်ဝန်းများ အံ့အားတသင့်ဖြင့် ပြုးကျယ်ဝိုင်းစက်သွားသည်။အထူးသဖြင့် ပန်းပွင့်လေးပင်ဖြစ်သည်။သူမ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။


ထိုအနံ့များက အလွန်စိတ်ကျေနပ်စရာကောင်းလှသောကြောင့် သူမ၏ သုံးပန်လှ မြွေမျက်လုံးများပင် တလည်လည်ဖြစ်သွားသည်။


ချူချန်းရှန်၏ မျက်နာပေါ်၌ အံ့အားသင့်မှုကို ဆင်မြန်ထားပြီး မျက်ခုံးပင့်ထားလေသည်။


"ဒီမွှေးရနံ့က ပိုင်ရှင်ပု ပြုလုပ်တဲ့ ဟင်းပွဲရနံ့နဲ့ ကွာခြားနေသလိုပဲ..."


ထိုမွှေးရနံ့က သဘာဝ၏စိတ်ဝိညာဉ် စွမ်းအင်များနှင့် နားလည်ရန်ခက်ခဲသော တစ်စုံတစ်ရာကို သယ်ဆောင်ထားပုံရလေသည်။


"ပိုင်ရှင်ပု အဆင့်ထပ်တက်သွားတာများဖြစ်နိုင်လား...


သူနောက်ထပ်အဆင့်တက်ပြန်ပြီလား...


ချူချန်းရှန် ဇီးစိမ်းဝိုင်များ သီးတော့မလိုပင်ဖြစ်သွားသည်။ပုဖန်၏အဆင့်တက်နှုန်းက အလွန်မြန်လှပေသည်။ထိုအခိုက်အတန့်တွင် မီးဖိုချောင်ထဲ၌ ဘဲငန်း၏ အရိုးစုများသာ ကင်တံပေါ်တွင် ကျန်ရှိနေတော့သည်။


ထို့နောက် သူက ကောင်းစွာပြင်ဆင်ရောစပ်ထားသော ပတ္တမြားရောင် ဆော့စ် ပန်းကန်ကို ဖြူပြာရောင် ပန်းကန်ဘေး၌ချထားလိုက်သည်။၎င်းဟင်းပွဲမှ အလင်းတန်းများက မီးဖိုခန်းကိုပင် တောက်ပလင်းလက်သွားစေသည်။


သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်းရွှေရာင်အလင်းတန်းလေးတစ်ခု ပြန်လည်ပျောက်ကွယ်သွားသည်။ပုဖန် ဆံပင်ကို စည်းနှောင်ထားသော သိုးမွှေးကြိုးကို ဖြေလိုက်သည်။သက်ပြင်းအသာမှုတ်ထုတ်လိုက်သည်။


"မသေမျိုးဝိညာဉ်အဆင့် အကဲဖြတ်မှု ဟင်းပွဲ ပြီးပြီ..."