အပိုင်း ၈၀၁
Viewers 53k

အခန်း ၈၀၁

မသေမျိုးဝိညာဉ်အဆင့် အကဲဖြတ်စစ်ဆေးမှု...


မြင့်မြတ်သူတော်စင်၏ ကိုယ်ပွားက ပန်းပွင့်လေး၏ တစ်လုတ်တည်းဖြင့် ဝါးမြိုခြင်းကို ခံလိုက်ရသည်။ပတ်ဝန်းကျင်လေထုအခြေအနေက အနည်းငယ် ပြောင်းလဲသွားသည်။အားလုံးက ထိုပုံရိပ်ကို တအံ့တသြဖြင့် ပါးစပ်အဟောင်းသားကြည့်နေမိကြသည်။


အစောပိုင်းက မြင့်မြတ်သူတော်စင်ထုတ်ဖော်လိုက်သော ဖိအားက ကမ္ဘမြေကြီးပေါ်သို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင် ပြင်းထန်လှသည်။သို့သော်လည်း သူမည်သည့် လှုပ်ရှားမှုမှ မလုပ်ရသေးခင်မှာပင် မြွေကြီး၏ ဝါးမြိုခြင်းခံလိုက်ရပေပြီ။


၎င်းက ရှက်ရွံ့စရာကောင်းလှပြီး ကြည့်ရှူနေသူများ အတင်းအဖျင်းပြောဖို့ လုံလောက်နေပေပြီ။ 


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို မြင့်မြတ်သူတော်စင်ဟုခေါ်သော သူကိုပင် သနားသွားမိ၏။


မြင့်မြတ်သူတော်စင်၏ ဒုတိယမြောက် ပြကွက်ကလေးကလည်း အဆုံးမသတ်ရသေးခင်မှာပင် ကြားဖြတ်ခံလိုက်ရလေပြီ။ထိုမြင့်မြတ်သူတော်စင်က ဒီနည်းလမ်းဖြင့် အဆုံးသတ်ချင်လိုက်မှာ မဟုတ်ဟု ယုံကြည်ပေသည်။


လေထဲတွင် ကြီးမားလှသော ရွှေရောင်မြွေကြီးက အနည်းငယ်ယိမ်းနွဲ့နေသည်။


သူ့၏ ရွှေရောင် အကြေးခွံများကလည်း နေရောင်အောက်တွင် တောက်ပလင်းလက်နေသည်။ထို့နောက် မြွေကြီးက ကလေးမလေးအဖြစ်သို့ ပြန်ပြောင်းသွားပြီးနောက် ရှောင်ယဘေးနား ပြန်လည်ရောက်ရှိသွားသည်။ပန်းပွင့်လေးက လျှာနီနီလေးကို ထုတ်၍ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းပါးများကို သပ်လိုက်သည်။


ခုနစ်ရောင်ခြယ် ကောင်းကင်စပါးအုံမြွေက သူ့၏ အာဟာရအတွက် မြင့်မြတ်သူတော်စင်ကို စားပစ်လိုက်သည်။ထိုသူက ရန်ချန်း၏ စိတ်ဝိညာဉ်ကို အသုံးပြု၍ အလွန်ပင်မိမိုက်သည့်ဟန် ဟန်ဆောင်လိုခဲ့သော်လည်း နောက်ဆုံးတွင် ထိုသို့မလုပ်နိုင်ခဲ့ပေ။


ပန်းပွင့်လေးက သူ့ကို အစားအဖြစ် စားသောက်ရန်ရည်ရွယ်ထားပြီးသားဖြစ်သောကြောင့် ကံမကောင်းဖြစ်သွားရသည်။တစ်ချို့သော စိတ်ဝိညာဉ် သားရဲများက စိတ်ဝ်ိညာဉ်ကို စားသောက်ရခြင်းအား အလွန်နှစ်သက်သဘောကျသည်။အဘယ်ကြောင့်ဆ်ိုသော် ၎င်းက သူတို့၏ အာဟာရဖြစ်ပြီး သားရဲများ၏ အနှစ်သာရ ကျန်းမာရေးနှင့် ပျော်ရွှင်မှုများကို အထောက်အပံ့ ပေးသောကြောင့် ဖြစ်သည်။


ဥပမာအားဖြင့် ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံမြွေနှင့် ဘလက်ကီတို့က ထိုကဲ့သို့သော သားရဲမျိုးဖြစ်သည်။သူတို့နှစ်ဦးလုံးက ခွန်အားများ တိုးတက်စေရန်အတွက် စိတ်ဝိညာဉ် သို့မဟုတ် အနှစ်သာရများကို စားသုံးကြလေသည်။


ချူချန်းရှန်၏ အင်္ကျီစက တဖျတ်ဖျတ်လွင့်ခါနေသည်။ပတ်ဝန်းကျင်တွင်လည်း ဖုန်များဝဲလှည့်နေ၏။အကွာအဝေးတစ်ခုတွင်ရှိနေသော ဝှိုက်တီက နတ်ဘုရားသတ်လေးကို စားနေတုန်းပင်ဖြစ်သည်။


ရန်ချန်း၏ နတ်ဘုရားသတ်လေးက နတ်ဘုရားတစ်ပိုင်း ပစ္စည်းအများအပြားအဖြစ် ပြုလုပ်ထားခြင်းဖြစ်လေရာ ၎င်းက ဝှိုက်တီကို များစွာအထောက်အကူပြုပေသည်။


ထိုနတ်ဘုရားသတ်လေးတစ်ခုက တခြားသန့်စင်နယ်မြေများမှ နတ်ဘုရားသတ်လက်နက် အနည်းငယ်နှင့်ပင် ညီမျှသည်။စားနေစဉ်အတွင်းမှာပင် ဝှိုက်တီ၏ အော်ရာများက တရှိန်ထိုးထိုးတက်လာကာ အကန့်အသတ်ထက်ပင် ကျော်လွန်နေပေပြီ။


တွင်းနက်ကြီး၏ အောက်ခြေထိ ပြည့်အောင်ပင် နတ်ဘုရားသတ်လေးကို စားသောက်ပြီးသည့်နောက် ဝှိုက်တီက မလှုပ်မယှက် ရှိနေတုန်းပင်ဖြစ်သည်။သူ အလွန်လျင်မြန်စွာ အိပ်မောကျသွားသလိုမျိုး ထင်ရသည်။


ရုပ်သေး၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်များ ပျောက်ကွယ်သွားပြီးနောက် ဗိုက်ပူပူ ဝဝဖိုင့်ဖိုင့်နှင့် ချစ်စဖွယ်ကောင်းသော အသွင်အပြင်အစားထိုးဝင်ရောက်လာလေသည်။


ပုဖန် သူ့အဖွဲ့သားများ ရှိရာနားသို့ ဆင်းသက်လိုက်သည်။ကျောက်စိမ်းအကြေးခွံစားသောက်ဆ်ိုင်က ယခုအခါတွင် ပျက်စီးသွားပြီး နေရာအနှံ့ မြေပြင်ပေါ်တွင် အပျက်အစီးများပုံနေပေသည်။


လျိုကျားလီ၏ မျက်နာက ဗလာဖြစ်နေသည်။သို့သော် မကြာခင်မှာပင် သူ့၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။ သူလိုချင်သော ပစ္စည်းတစ်ခုကိုတွေ့မြင်လိုက်ရသည့် ပုံံစံမျိုးဖြင့် ပုဖန်ကို မီးတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ကွဲကြေနေသော ထောင်တျဲ နှလုံးသားဖြင့် သက်စောင့်ဟင်းပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ထို့အပြင် ထိုဟင်းပွဲက ချူချန်းရှန်၏ အသက်ကို ကယ်တင်နိုင်ခဲ့၏။ထိုကဲ့သို့သော ဟင်းပွဲမျိုးက သူမျှော်လင့်ထားသည်ထက် သို့မဟုတ် သူ့၏ ဆေးဘက်ဆိုင်ရာ ဗဟုသုတများထက် ကျော်လွန်နေပေပြီ။


ပြောရမည်ဆိုလျှင် ဟင်းပွဲများသည်လည်း သက်စောင့်ဆေးကဲ့သို့ လုပ်န်ိုင်သည်ဟူသော အတည်ပြုချက်ထွက်ပေါ်လာလေပြီ။


ထပ် ထပ် ထပ် ...


ချူချန်းရှန် ပုဖန်ဆီသို့ လျှောက်သွားလိုက်သည်။အဝတ်အစားများ ပြန်လည်ဝတ်ဆင်ပြီးနောက် သူရဲကောင်းဆန်လှသော ချောမောခန့်ညားသော အသွင်အပြင် ပြန်လည်ထွက်ပေါ်လာပြီဖြစ်ပြီး သူ့၏ ခန္ဓာကိုယ်မှလည်း သိပ်သည်းလှသော အော်ရာများ ပြန့်လွင့်နေသည်။


ထိုမျက်နာက လူများကို ဆွဲဆောင်နိုင်နေတုန်းဖြစ်သော်လည်း လျိုကျားလီ သူ့ကို စေ့စေ့မကြည့်ရဲပေ။ချူချန်းရှန်၏ သေးသွယ်သော ခန္ဓာကိုယ်ထဲတွင် သုံးမီတာမျှ မြင့်သော သားရဲကြီးတစ်ကောင် မည်ကဲ့သို့ ပုန်းအောင်းနေသည်ကို မည်သူမှ စဉ်းစားမရပေ။ထိုအကြောင်းကို တွေးလိုက်မိရုံဖြင့် လျိုကျားလီ ကြက်သီးမွှေးညှင်းများပင် ထလာလေသည်။လျိုကျားလီ၏ မြင်ကွင်းထဲ ချူချန်းရှန်၏ မျက်နာ ဝင်ရောက်လာသည်နှင့် သူ့၏ နှလုံးခုန်နှူန်းများ မြန်သထက် မြန်ဆန်လာလေသည်။


ကွဲကြေနေသော ထောင်တျဲနှလုံးသားဖြင့် သက်စောင့်ဟင်းပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ထို့အပြင် ထိုဟင်းပွဲက ချူချန်းရှန်၏ အသက်ကို ကယ်တင်နိုင်ခဲ့၏။


အနည်းဆုံးတော့ သူအသက်ရှင်လျက်ကျန်ခဲ့လေရာ အစားကြူးတောင်ကြားထဲတွင် မည်သည့် အခြေအနေမဆို နောက်ထပ် စားသောက်ဆိုင်အသစ်ကို ထပ်မံ တည်ဆောက်နိုင်ပေသည်။


"ဒီတော့ ပြိုင်ပွဲကို ငါနိုင်တယ်လို့ ငါထင်တယ် ..."


ပုဖန်က လ်ျိုကျားလီဘက်သို့ စောင်းငှဲ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။လ်ျိုကျားလီ ပထမဆုံးအံ့သြသွားပြီးနောက် လေအေးတစ်ချက်ရှုရှိုက်လိုက်သည်။


"ဟုတ်ပါတယ် ဟုတ်ပါတယ် မင်းနိုင်ပါတယ် ငါ လ်ျိုကျားလီက ရှုံးသွားပြီ ဂုဏ်ယူပါတယ်...အခု မင်းက အစားကြူးတောင်ကြားရဲ့ ထိပ်သီး စားဖိုမှူး ၁၀ယောက်ကို တရားဝင် အနိုင်ရရှိသွားပါပြီ..."


လျိုကျားလီက လေးနက်လှသော မျက်နာထားဖြင့် အတည်ပြုလိုက်သည်။ပုဖန်ကလည်း လေးနက်တည်ငြိမ်လှသောမျက်နာထားဖြင့် ခေါင်းညိတ်ပြလိုက်၏။


ပြိုင်ပွဲပြီးဆုံးသွားပြီ ဖြစ်သောကြောင့် လျိုကျားလီ၏ ကျောက်စိမ်း အကြေးခွံဓားကို ယူဆောင်လာပေမည်။၎င်းက ပုဖန်သတ်မှတ်ထားသော ပြိုင်ပွဲစည်းကမ်းပင်ဖြစ်သည်။ယှဉ်ပြိုင်ရဲလျှင် ရှုံးနိမ့်ရဲရပေမည်။ရှုံနိမ့်သူက အနိုင်ရရှ်ိသူကို သူတို့၏ ဓား လွှဲပြောင်းပေးရပေမည်။


စားဖိုမှူးတစ်ယောက်၏ မီးဖိုချောင်သုံးဓားဆိုသည်မှာသူတို့၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။သူတ်ို့၏ ဂုဏ်သိက္ခာကို ဆုံးရှုံးရသည့်အခါ၌ လက်ခံနိုင်ရန် ခက်ခဲကြသည်။


သို့သော်လည်း လျိုကျားလီအတွက်မူကွဲပြားခြားနားလှသည်။ သူ့၏ ဓားကို ပုဖန်ကို လွှဲပေးရသော်လည်း ပုဖန်အပေါ် စိတ်ဝင်စားမှုများက ပ်ိုမိုမြင့်တက်လာလေသည်။


ကျောက်စိမ်းအကြေးခွံဓားကို ယူဆောင်ပြီးသည်နှင့် ပုဖန်က သူ့ အဖွဲ့နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားပေသည်။ကျောက်စိမ်းအကြီးအခွံ စားသောက်ဆိုင်က ပျက်စီးသွားပြီဖြစ်ပြီး ပုဖန်တို့ အဖွဲ့နေခဲ့လျှင်ပင် လုပ်နိုင်သည့်အရာမရှိပေ။


ထိုအပျက်အစီးများကို အစားကြူးတောင်ကြား၏ ပြန်လည် ပြုပြင်ခြင်းအစီအရင်မှ တဖြေးဖြေးချင်း ပြန်လည် ပြင်ဆင်သွားပေလိမ့်မည်။


လမ်းမတစ်လျှောက် အေးဆေးစွာ လျှောက်လာသော ပုဖန်တို့လူစုက လူများ၏ အကြည့်များကို ဆွဲဆောင်ထားပေသည်။လူအများက ယခု အဖြစ်အပျက်များကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။လူငယ်လေး ပုဖန်၏ ဘေးတွင် ချူချန်းရှန်လိုက်ပါလာသည့်အခိုက်၌ သူတို့၏ မျက်နာတွင် စိတ်ရှုပ်ထွေးမှုများလည်း ပြည့်နှက်နေသည်။


ချူချန်းရှန်က သူတို့ အစားကြူးတောင်ကြား၏ အကြီးအကဲတစ်ယောက်မဟုတ်တော့ပေ။၎င်းကို သိထားကြသော်လည်း ချူချန်းရှန် သူတို့ကို ဖြတ်လျှောက်သွားသည့် အချိန်၌ အလေးအနက် အမူအရာဖြင့် ဦးညွှတ်နှုတ်ဆက်ကြလေသည်။


အဘယ်ကြောင့်ဆိုသော် ချူချန်းရှန်က အစားကြူးတောင်ကြား၏ တိုးတက်မြင့်မားရေးအတွက် အရာများစွာကို လုပ်ဆောင်ပေးခဲ့သောကြောင့်ဖြစ်သည်။သူတို့က ချူချန်းရှန်ကို အလွန်အမင်း လေးစားနေကြဆဲဖြစ်သည်။


ချူချန်းရှန်၏ အဖြူရောင်ဆံပင်များက အသာအယာ ယိမ်းနွဲ့နေသည်။တခြားသူများ သူ့ကို ရိုရိုသေသေ နှုတ်ဆက်နေသည့်အချိန်၌ သူက တကယ်ကို ပျော်ရွှင်နေပုံပေါ်လေသည်။


ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံက ယိမ်းနွဲ့နေသည်။သူ လက်နှစ်ဖက်နောက်ပစ်၍ လျှောက်နေရင်းမှ ချူချန်းရှန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။


"ခင်ဗျားနောင်တမရဘူးလား.."


ချူချန်းရှန် အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြန်လည် တုံ့ပြန်လိုက်သည်။


"ငါပြောခဲ့ပြီးပြီလေ မင်းက ငါ့အသက်ကို ကယ်ခဲ့တယ် ...ဒီနေ့ကစပြီးတော့ ငါ ချူချန်းရှန်ကို အစားကြူးတောင်ကြားရဲ့ မဟာအကြီးအကဲလို့ မခေါ်တော့ဘူး ဒါအမှန်တရားပဲ...ငါ ချူချန်းရှန်ကို ထောင်တျဲစားသောက်ဆိုင်ရဲ့ စားပွဲထိုးတစ်ယောက်အနေနဲ့ပဲ လူသိစေရတော့မယ်..."


ထိုစကားကိုဆိုပြီးနောက် သူ့၏ မျက်နာပေါ်တွင် နှစ်လိုဖွယ်အပြုံးတစ်ခုပေါ်လာသည်။


"ကောင်းပြီလေ..."


ပုဖန် ခေါင်းတစ်ချက်သာ ဆက်ငြိမ့်ပြလိုက်သည်။မကြာခင်မှာပင် သူတို့ ထောင်တျဲ စားသောက်ဆိုင်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ပုဖန်က လူစုကို ဦးဆောင်၍ အထဲသို့ ဝင်လာခဲ့လိုက်သည်။


ခွေးဘုရင်က သိမြင်မှု သစ်သီးပင်အောက်တွင် တခေါခေါဟောက်၍ အိပ်ပျော်နေတုန်းပင်ဖြစ်သည်။သူအသက်တစ်ချက်ရှုလိုက်တိုင်း သစ်ရွက်ကလေးများက လှုပ်ခါသွားသည်။သစ်ပင်မှ ထုတ်လွင့်လိုက်သော သိမ်မွေ့နက်နဲလှသည့် အော်ရာများကလည်း ပတ်ဝန်းကျင်တွင် လွင့်ဝဲနေသည်။


သူတ်ို့ စားသောက်ဆိုင်ထဲ ဝင်ရောက်လိုက်သည်နှင့် ငရဲဘုရင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ အော်ပြောလိုက်သည်။


"ပုဖန် ကောင်လေး မင်း ဒီဘုရင်ကို အစပ်ချောင်း ၆ချောင်း ပေးမယ်လို့ ကတိပေးထားတယ်နော် ကိုယ့်စကားကို ကိုယ်တည် အရှက်မရှိ မလုပ်နဲ့..."


အစပ်ချောင်းများက သူ့အတွက် အလွန်အရေးပါလှသောကြောင့် ပုဖန်၏ ကတိစကားကို ထပ်မံ၍ အတည်ပြုလိုက်သည်။ပုဖန်က သူ့ကို ငြင်းပယ်မနေပဲ အသာအယာသာ ခေါင်းညိတ်ပြလိုက်၏။


စားသောက်ဆိုင်ထဲတွင် ပတ်ပတ်လည် ပြေးနေလေ့ရှ်ိသော ရှစ်လေးမရှိသောကြောင့် အနည်းငယ်ပြင်းစရာကောင်းနေသည်။ပုဖန် မီးဖိုခန်းထဲသို့ ဝင်၍ အစပ်ချောင်းများ စတင်ချက်ပြုတ်လိုက်သည်။


ချူချန်းရှန် လက်နှစ်ဖက်နောက်ပစ်၍ ဆိုင်ထဲ ပတ်လျှောက်နေလိုက်၏။သူပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းမဟုတ်သောကြောင့် အနည်းငယ်ရင်းနီးကျွမ်းဝင်နေပေသည်။


ယခု သူ့၏ ပုံရိပ်ပြောင်းလဲသွားသည်နှင့်အတူ သူ့၏ အပြုအမူများလည်း ပြောင်းလဲရပေမည်။စားပွဲထိုး တစ်ယောက်အဖြစ် ဒီစားသောက်ဆိုင်တွင် အချိန်အတော်ကြာ လုပ်ရပေမည်။


မွှေးပျံ့သင်းကြိုင်လှသော ရနံ့များ လေထုထဲ လွှမ်းခြုံလာပြီး မကြာခင်မှာပင် ပုဖန်က နီရဲကြွပ်ရွနေသည့် အစပ်ချောင်းများကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာလေသည်။အစပ်ချောင်းများကို မြင်လိုက်သည်နှင့် ငရဲဘုရင်၏ မျက်ဝန်းများ နီရဲ စိုစွတ်လာလေသည်။


"အစပ်ချောင်းတွေ အများကြီးပဲ ..."


ငရဲဘုရင်၏ သရေများက ကြမ်းပြင်ထိတိုင်အောင် စီးကျတော့မကဲ့သို့ပင် ။သူ ချက်ချင်းပင်နေရာမှ ပျောက်ကွယ်သွားပြီး ပုဖန်၏ ဘေး၌ ပေါ်လာသည်။


ထိုအစပ်ချောင်းများက ငရဲဘုရင်ကို ကတိပေးထားသည့် အရာဖြစ်သည်။ထ်ို့ကြောင့် ငရဲဘုရင်လက်ထဲ လွှဲပေးပြီးသည်နှင့် မီးဖိုခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။


မကြာခင်မှာပင် ဟင်းပွဲနှစ်ပွဲကို သယ်ဆောင်၍ ပြန်ထွက်လာလေသည်။တစ်ပွဲက သင်းပျံ့ကြိုင်လှိုင်နေသည့် နံရိုးချိုချဉ်ကြော်ဖြစ်သည်။သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ဘလက်ကီရှေ့သို့ ဟင်းပွဲကို ချပေးလိုက်သည်။


ခွေးဝတုတ်၏ မျက်ဝန်းများကဖျက်ခနဲ ပွင့်လာသည်။သူမည်သည့် မေးခွန်းမှထုတ်မနေတော့ပဲ ပန်းကန်ကို ဆွဲယူကာ စားသောက်လေတော့သည်။


ထိုအချိန်အတွင်း၌ ငရဲဘုရင်ကလည်း သူ့၏ အစပ်ချောင်းများကို ပျော်ပျော်ကြီး လျက်နေပေပြီ။အစပ်ချောင်း၏ အရသာက ပျော်ရွှင်မှုများနှင့် လန်းဆန်းတက်ကြွမှုများကို သယ်ဆောင်လာပေသေးသည်


ပုဖန်က နယ်သာရီအတွက် နဂါးသွေးထမင်းကြော်ကို ချပေးလိုက်သည်နှင့် နယ်သာရီကလည်း အငမ်းမရစားသောက်နေတော့သည်။ပုဖန်က တခြားသူများအတွက် ဟင်းပွဲမချက်ခဲ့ပေ။သို့သော်လည်း လူတိုင်းအတွက် ဇီးစိမ်းဖျော်ရည် တစ်ခွက်စီ ထည့်ပေးလိုက်သည်။


ချူချန်းရှန်က ထိုစိတ်ဝိညာဉ် ဇီးဝိုင်ကို တစ်စုပ် မျှ စုပ်လိုက်သည်နှင့် လန်းဆန်းလှသော ခံစားချက်က သူ့၏ မျက်ဝန်းများကို မှေးကျင်းသွားစေသည်။


"ခင်ဗျားအတွက် အပေါ်ထပ်မှာ အခန်းတစ်ခန်းရှင်းပေးထားတယ်...အခုကစပြီးခင်ဗျားကလည်း ထောင်တျဲ စားသောက်ဆိုင်ရဲ့ အဖွဲ့ဝင်ပဲ ..."


ပုဖန်က ပြောလိုက်ပြီးသည်နှင့် ထိုင်ခုံတစ်ခုံကို ဆွဲယူကာ သက်တောင့်သက်သာထိုင်ချလိုက်သည်။ချူချန်းရှန်ကလည်း သူ့၏ ဇီးစိမ်းဝိုင်ခွက်ကိုကိုင်ကာ ပုဖန်ဘေးတွင်ထိုင်လိုက်သည်။


ရှောင်ယနှင့် ပန်းပွင့်လေးတို့က လက်ချင်းယှက်ကာ တစ်ယောက်ကို တစ်ယောက်ဖတ်ရင်း ဝိုင်သောက်နေကြလေသည်။ပန်းပွင့်လေးက သူမ၏ ဝိုင်ကို အလွန်ပင်ကြိုက်နှစ်သက်သောကြောင့် ပျော်ရွှင်မှုဖြင့် မျက်ဝန်းလေးများ ကွေးနေလေသည်။


ပုဖန် သက်ပြင်းအသာချလိုက်သည်။လက်ထဲမှ ဖန်ခွက်ကို အသာအယာလှုပ်ခါရင်းဇီးဝိုင်အေးအေးလေးတစ်ငုံ သောက် လိုက်သည်နှင့် သက်တောင့်သက်သာ ဖြစ်မှုကို ခံစားရလေသည်။


စားဖိုမှူး စိန်ခေါ်ပွဲ ပြီးမြောက်သွားပြီးနောက် သူ့၏ စိတ်ထဲ၌ မစ်ရှင်ပြီးမြောက်ကြောင်း ကြေငြာသည့် စနစ်၏ အသံ ကို ကြားပြီးပြီဖြစ်သည်။သို့သော်လည်း ပုဖန်က ယခုပို၍ပင် စိုးရိမ်ပူပန်နေပေသည်။မစ်ရှင်တစ်ခု ပြီးသွားခြင်းက နောက်ထပ်မစ်ရှင်တစ်ခုနှင့် ရင်ဆိုင်ရတော့မည့် အဓိပ္ပါယ်ဖြစ်ကြောင်း သူသိပေသည်။


ပထမဆုံးဆိုင်ဖွင့်သည်နေ့၌ စားသုံးသူ အယောက်တစ်ထောင်လိုအပ်ပေသည်။၎င်း၏ ခက်ခဲမှုအဆင့်က မနိမ့်ပေ။အထူးသဖြင့် စားသောက်ဆိုင်များနှင့် ပြည့်နှက်နေသော အစားကြူးတောင်ကြား၏ လမ်းမထက်တွင် ဖြစ်သည်။


သူစားသုံးသူများကို မည်ကဲ့သို့ ဆွဲဆောင်ရမည်ကို စတင်စဉ်းစားနေမိသည်။စားသောက်ဆ်ိုင်၏ ဆိုင်ဖွင့်ပွဲ ပထမဆုံးနေ့တွင် တည်ခင်းမည့် ဟင်းပွဲကလည်း စားသောက်ဆိုင်၏ နာမည်ကို သူတို့ မှတ်မိနေရလောက်အောင်ကို ကောင်းမွန်ရပေမည်။ထို့ကြောင့် သူတို့၏ ဂုဏ်သတင်းကိုလည်း တည်ဆောက်ရပေမည်။


ဝီ ...


ပုဖန် ဦးနှောက်ပင် ထူပူလာသည့် အချိန်၌ စနစ်၏အသံကို ကြားလိုက်ရသည်။


"မသေမျိုး ဝိညာဉ်အဆင့် အကဲဖြတ်စစ်ဆေးမှု အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း စတင်ပါတော့မယ် ပိုင်ရှင် အဆင်သင့်ပြင်ထားပါ..."


ပုဖန် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီးနောက် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။


"မသေမျိုးဝိညာဉ် အဆင့် အကဲဖြတ်မှုလား ..."


ပုဖန်က ယခုလက်ရှိတွင် မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်ဖြစ်ပြီး မသေမျိုးဝိညာဉ်အဆင့်သ်ို့ တက်ရောက်ရန် အဆင့်ပြည့်မီနေသည်မှာ ကြာမြင့်လှပေပြီ။


သို့သော်လည်း သူက သူ့၏ အခြေခံကို အချိန်ကြာကြာ အသုံးပြု၍ ခိုင်မာတည်ဆောက်ရန် ရွေးချယ်ခဲ့သည်။ယခုမူ အကဲဖြတ်မှုနှင့် မျက်နာချင်းဆိုင်ရပေတော့မည်။


ပုဖန်၏ ခန္ဓာကိုယ်မှ ထုတ်လွင့်နေသော အော်ရာများ စတင် ပြောင်းလဲလာခဲ့သည်။ယခုအခ်ျိန်တွင် စနစ် စီစဉ်လိုက်သော မသေမျိုးဝိညာဉ်အဆင့် အကဲဖြတ်မှုကို ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်နေပေပြီ။