အပိုင်း ၈၀၀
Viewers 53k

အပိုင်း ၈၀၀

ရင်းနှီးနေသည့် အဝတ်ချွတ်နတ်ဆိုး


ထောင်သောင်းချီသည့် တုတ်၏အရိပ်များသည် ပန်းတစ်ပွင့်ကဲ့သို့ လေထုထဲတွင်ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်စွမ်းအင်ပမာဏနှင့် မြေပြင်ပေါ်ကျဆင်းလာကာ အလွန်အမင်းတုန်လှုပ်သွားစေသည်။


မရေမတွက်နိုင်သည့် ကျောက်တုံးကျောက်စများသည် နေရာအနှံ့သို့ပျံ့လွင့်သွားပြီး ကျယ်လောင်စူးရှသည့်အသံများ အဆက်မပြတ်ထွက်ပေါ်လာပေသည်။


ရန်ချန်းသည် ပါးစပ်အနည်းငယ်ဖွင့်ဟ၍ ကောင်းကင်ပေါ်သို့ခုန်တက်သွားသည်။ သူ့မျက်လုံးများတွင်ရူးသွပ်မှုများပြည့်လျှံနေပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ၏ကျိုးနေသောခြေထောက်မှသွေးများတစ်စက်စက်ကျနေလျက်ရှိသည်။


သူ့ဒေါသသည် အထွတ်အထိပ်ကိုပင်ကျော်လွန်နေပြ ယခုတွင်အရာအားလုံးကိုဖျက်ဆီးပစ်ချင်နေသည်။ သို့သော် သူမြေပြင်ပေါ်မှခုန်တက်သွားပြီးပြီးချင်းတွင် ထောင်သောင်းချီသောတုတ်အရိပ်များကိုရှောင်တိမ်းလိုက်သော်လည်း ကြီးမားသည့် လက်သီးကြီးဖြင့်ထိမှန်သွားပေသည်။


ဘုန်း


ချူချန်းရှန်၏ကြီးမားသောပုံရိပ်ကြီးသည် ရန်ချန်း၏နောက်တွင်ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ကြီးမားသောလက်သီးကြီးဖြင့် ရန်ချန်းကိုထိုးနှက်လိုက်သည်။ 


ရန်ချန်း ထိုတိုက်ခိုက်မှုကိုမည်ကဲ့သို့ခုခံနိုင်မည်နည်း။ထုံးစံအတိုင်း သူလွင့်ထွက်သွားပြန်သည်။


ရန်ချန်း မတ်တတ်ကောင်းကောင်းမရပ်နိုင်ခင်တွင်ပင် ဝှိုက်တီ၏အတောင်ပံများသည်ပြန်ခေါက်သိမ်းခြင်းခံလိုက်ရသည်။ ၎င်း၏ အဖြူရောင်မျက်လုံးများသည် တောက်ပလာကာ ရုတ်ချည်းပင်သူ့ရှေ့တွင်ပေါ်ထွက်လာသည်။


နီရဲတောက်လောင်နေသည့် နတ်ဘုရားသတ်တုတ်ဖြင့် ရန်ချန်း၏ခေါင်းကိုလွှဲရိုက်လိုက်လေသည်။


ရန်ချန်း၏မျက်လုံးများသည် မျက်စိအိမ်အတွင်းမှကျွတ်ထွက်သွားလုမတတ်ဖြစ်သွားသည်။ သူ့အမြင်အာရုံမှုန်ဝါးသွားပြီး ခေါင်းမှသွေးများစီးကျလာကာ သူ့ကိုထိတ်လန့်တုန်လှုပ်သွားစေသည်။


သို့သော် ခပ်မြန်မြန်ပဲ သူ့ကိုယ်သူပြန်ထိန်းလိုက်နိုင်ပြီး ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်လေသည်။


ကြီးမားသည့်လက်ကြီးတစ်ဖက်သည် သူ့ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်သို့ဖိချလိုက်ပြီး အချိုင့်ကြီးတစ်ခုဖြစ်ပေါ်လာစေသည်။ တစ်စက္ကန့်အပြီးတွင် ပြန်ဆွဲထုတ်ခံရပြီး လွှင့်ပစ်ခြင်းကိုခံရပြန်သည်။


သူ့ကို နီရဲတောက်လောင်နေသောနတ်ဘုရားသတ်တုတ်ဖြင့်နောက်တစ်ကြိမ်အရိုက်ခံလိုက်ရသည့်အချိန်တွင်ပင် စူးစူးဝါးဝါးအော်ဟစ်နေသည်ကိုမရပ်တန့်ပေ။


ထိုအချိန်တွင် လူတိုင်းနှုတ်ဆိတ်နေကြကာ ဘာပြောရမှန်းပင်မသိတော့ချေ။ ရန်ချန်းတစ်ယောက် သားရေဘောလုံးတစ်လုံးလို ဟိုကန်သည်ကန် အကန်ခံနေရသည်ကိုကြည့်ပြီး သူတို့၏ပါးစပ်များပင်ရွဲ့စောင်းမိသွားသည်။


သူသည် အလွန်အမင်းမောက်မာထောင်လွှားသည့်သူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတွင်တော့ အလွန်သနားစရာကောင်းနေပေသည်။


ရန်ချန်းသည် ယခုအချိန်တွင် အမှန်ပင်သနားချင့်စဖွယ်ကောင်းနေလေသည်။ သူ့အစောင့်များအားလုံးအသတ်ခံရပြ ခြေထောက်တစ်ဖက်လည်းကျိုးနေကာသွေးထွက်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအဝတ်များသည် အဝတ်စုံများလိုပင် စုတ်ပြဲနေပြီဖြစ်သည်။


သူ့မျက်နှာသည် ဒဏ်ရာများဖြင့်ရောင်ကိုင်းနေလေပြီ။ ထို့အပြင် သူ့စိတ်နှလုံးသည် အလွန်လေးလံနေသဖြင့် သွေးများပင်အန်ထုတ်နေချေသည်။


ထိုအချိန်တွင် သူ၏ဒေါသသည် ပြင်းထန်လွန်းပြီး ရူးသွပ်သည့်အဆင့်သို့ပင်ရောက်သွားလေသည်။ အရှက်မရှိတဲ့သတ္တဝါနှစ်ကောင်ပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်ခြင်းသည် ကိစ္စတစ်ခုဖြစ်သော်လည်း ထိုနှစ်ယောက်လုံးကသူ့မျက်နှာကိုသာရည်ရွယ်၍တိုက်ခိုက်ခြင်းသည် လုံးဝကွဲပြားသောအရာတစ်ခုဖြစ်သည်။


တိုက်ခိုက်မှုများက မျက်နှာသို့ဦးတည်မနေသင့်ပေ။ ဒီလိုနည်းနှင့် တိုက်ခိုက်ပြီးလျှင် သူတို့စကားဆက်ပြော၍ရပေမည်။


ဒီနှစ်ယောက်.. နည်းနည်းလောက်ပိုပြီး လူသားဆန်ပေးလို့မရဘူးလား..


ဂါး


ရန်ချန်း သူ၏ဖောယောင်နေသောမျက်လုံးများကိုဖွင့်ကြည့်ရန်ကြိုးစားရင်း ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။


ချူချန်းရှန်သည် လေထဲကို သားရဲကြီးတစ်ကောင်လို့ခုန်တက်သွားသည်။ ကျောက်တုံးတစ်တုံးလိုမာကျောသောလက်သီးချက်တစ်ချက်က ရန်ချန်း၏မျက်နှာကိုနောက်တစ်ကြိမ်ထိခတ်သွားပြီး ရန်ချန်းတစ်ယောက် သနားစဖွယ်အော်ဟစ်ရင်း မြေပြင်ပေါ်သို့တရှိန်ထိုးပြုတ်ကျသွားသည်။


ထိုသို့သော ပြုတ်ကျလာမှုသည် မြေပြင်တွင်စိတ်ဓာတ်ကျစရာမြင်ကွင်းတစ်ခုကိုဖန်တီးသွားစေခဲ့ပြီး ကျောက်တုံးကြီးများကိုပင်ကွဲကြေသွားစေသည်။


ဝှိုက်တီ ၎င်း၏ အေးစက်စက်အလင်းရောင်များကိုထုတ်လွှတ်နေသည့်သတ္တုအတောင်ပံကို ခတ်လိုက်သည်။ ခဏအကြာတွင် ၎င်းက သူ၏တုတ်ရှည်ကြီးကိုလွှဲယမ်းလိုက်သည်။


ရန်ချန်းသည် အချိုင့်ကြီးထဲမှဆွဲထုတ်ခြင်းခံလိုက်ရသည်။ သူ့လက်ထဲတွင် နတ်ဘုရားသတ်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ပါးစပ်နှင့်နှာခေါင်းမီ သွေးများကစီးကျနေပေသည်။


ဝှိုက်တီ၏မျက်လုံးများက ခတ္တခဏတောက်ပသွားသည်။ ထို့နောက် ၎င်း၏သစ်ရွက်နှင့်တူသောလက်ကြီးက ရန်ချန်း၏နတ်ဘုရားသတ်လေးကိုကိုင်လိုက်ပြီး ဆွဲယူလိုက်သည်။


သတိလစ်သွားသော ရန်ချန်သည် ချက်ချင်းပင်ပြန်သတိရလာတော့သည်။


"မင်းဘယ်လိုတောင်လုပ်ရဲရတာလဲ... ညစ်ညမ်းတဲ့တိရိစ္ဆာန်ကောင်"

ရန်ချန်းအော်ဟစ်လိုက်သည်။


ဝှိုက်တီ၏ အဖြူရောင်မျက်လုံးများက ထပ်မံ၍တောက်ပလာပြန်သည်။ ၎င်း၏ကြီးမားသည့်လက်ကြီးကိုဆတ်ကနဲ လှုပ်ရှားလိုက်ပြီး ကျယ်လောင်သည့်ဆုတ်ပြဲသံတစ်ခုက လေထုထဲတွင်ထွက်ပေါ်လာသည်။


ရန်ချန်း ကောင်းကင်ပေါ်တွင် အာခေါင်ခြစ်၍အော်နေပေသည်။ ၎င်းအသံသည် ဝက်တစ်ကောင်အသတ်ခံနေရသကဲ့သို့ပင်။ အဝတ်စအချို့က စုတ်ပြဲကာပြုတ်ကျလာသည်။


လူတိုင်းထိုမြင်ကွင်းကို ငေးကြည့်မိကြသည်။သူတို့၏မျက်နှာတွင် မယုံကြည့်နိုင်သည့် အရိပ်အယောင်များပြည့်နှက်နေသည်။


ချူချန်းရှန် ရုတ်တရက်တန့်သွားသည်။ ဆွံ့အသွားသည့်ပုံနှင့် ခပ်လှမ်းလှမ်းရှိ ဝှိုက်တီ၏ရန်ချန်းကိုငေးကြည့်လိုက်သည်။


ရန်ချန်း၏ဖူးယောင်နေသော နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။ သူဒေါသထွက်လွန်း၍ရူးမလိုပင်ဖြစ်နေသည်။


ဒီညစ်ညမ်းတဲ့တိရိစ္ဆာန်ကောင်က သူ့ဆီကနေ သူ့ရဲ့နတ်ဘုရားသတ်လေးကို လုယက်ရုံတင်မကပဲ သူ့အဝတ်များကိုပင်စုတ်ဖြဲပစ်ခဲ့သည်။


ဒါကတော့‌ေ-ာက်ကျိုးနည်းအောင် လွန်းလွန်းသွားပြီလေ ‌


ဘန်း


ဝှိုက်တီ၏အဖြူရောင်မျက်လုံးများတောက်ပလာသည်။ ရုတ်တရက် ၎င်းသည်ရန်ချန်း၏ခန္ဓာကိုယ်အောက်ပိုင်းကိုဆုပ်ကိုင်လိုက်သည်။


ရန်ချန်း ဒဏ်ရာရပြီးဖူးယောင်နေသောမျက်လုံးများသည် ပြူးကျယ်လာကာ သွေးကြောများထောင်ထလာသည်။


ဒီမျိုးမစစ်ကောင်..


သူ့ရဲ့အဝတ်တွေကိုဆုတ်ဖြဲပြီးတာတောင်မှ အောက်ခံအဝတ်ကိုထပ်ဖြဲချင်နေသေးတာလား.. ဒါလွန်လွန်းသွားပြီလေ..


ရန်ချန်းတစ်ယောက် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏စစ်သူကြီးတစ်ယောက်အနေဖြင့် သူ၏သူရဲကောင်းဆန်ဆန်ဂုဏ်သတင်းများကိုတွေးမိလိုက်သည်။ ဘယ်လိုလုပ်ပြီး သူကအစားကြူးတောင်ကြားရဲ့ ရိုက်ပုတ်ခြင်းခံရပြီးအဆုံးသတ်ရမှာလဲ..


သံရုပ်သေးရုပ်ကြီးကပင် သူ၏အဝတ်အစားများကိုဆွဲဖြဲလိုက်သေးသည်။


ယခုတော့ သူ၏အောက်ခံဘောင်းဘီကိုပင်ဆုတ်ဖြဲခြင်းခံရပေတော့မည်။ ၎င်းက သေခြင်းတရားထက်ပင် ဆိုးဝါးသည့်ကံကြမ္မာတစ်ခုပင်။


သူ့ခေါင်းကိုဖြတ်လို့ရတယ် သူ့သွေးတွေကိုခြောက်ခမ်းသွားအောင်လုပ်လဲရတယ် ဒါပေမယ့် သူ့ဘောင်းဘီကိုတော့အချွတ်မခံနိုင်ဘူး...


ရန်ချန်းအော်ဟစ်လိုက်ပြီး နတ်ဘုရားသတ်လေးကိုဆုပ်ကိုင်ထားသည်ကိုဖြေလျော့လိုက်ပြီး...


ဘောင်းဘီခွကြားကိုအုပ်ကိုင်လိုက်သည်။


ဖြီး


ငရဲဘုရင်အာဟ အကျယ်ကြီးအော်ရယ်လိုက်သည်။


ပုဖန်၏နှုတ်ခမ်းထောင့်စွန်းသည် အပေါ်သို့ကွေးတက်သွားသည်။ ဝှိုက်တီ၏ အဝတ်ချွတ်နတ်ဆိုးဟူသော ဂုဏ်သတင်းသည် ၎င်းနှင့်လုံးဝကိုကိုက်ညီပေသည်။


ရင်းနှီးနေသည့် အပြုအမူနဲ့ ရင်းနှီးနေသည့် အရသာပဲ...


လျှိုကျားလီ၏ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားနေသည်မှာကြာလှနေပြီဖြစ်သည်။ ဒီလိုလှုပ်ရှားမှုမျိုးရှိတာလား..


ရန်ချန်းဆုပ်ကိုင်ထားသည်ကိုဖြေလျော့လိုက့သည်နှင့် သူ့အမူအယာသည်ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။ သူ့မျက်လုံးများသည် ပို၍ပင်ရဲရဲနီလာသည်။


"မဟုတ်ဘူး..."


ရန်ချန်း ထိတ်လန့်စွာအော်ဟစ်လိုက်သည်။


သို့သော် ဝှိုက်တီသည် နတ်ဘုရားသတ်လေးကိုလုယူသွားပြီဖြစ်သည်။ ၎င်း၏သတ္တုအတောင်ပံများကိုဖြန့်ကားလိုက်ကာ အဝေးသို့ပျံထွက်သွားပေသည်။


ရန်ချန်းလိုက်ဖမ်းချင်သော်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးပြီးပြီးချင်းတွင် ချူချန်းရှန်၏လက်သီးချက်က သူ့ခေါင်းကိုနောက်တစ်ကြိမ်မိတ်ဆက်လာသည်။


လခွမ်း...

နောက်ထပ်တစ်ကြိမ် မျက်ခွက်တည့်တည့်ထိုးတဲ့အကွက်ပဲ


ရန်ချန်း၏နှာခေါင်းပေါက်မှ သွေးများစီးကျလာပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။


ချူချန်းရှန် သူ့မျက်လုံးများမှ သတ်ဖြတ်ချင်စိတ်များစွာပြင်းထန်လာပြီး မျက်စ်ကျဉ်းမြောင်းလိုက်မိသည်။ သူသည်လည်း မြေပြင်ပေါ်သို့သက်ဆင်းလိုက်ပြီး မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်လာစေသည်။


သူ၏ကြီးမားလှသောလက်ကြီးများသည် ရန်ချန်း၏ခေါင်းကိုမြေပြင်ပေါ်ဆောင့်ချလိုက်ပြီး တရွတ်တိုက်ဆွဲသွားတော့သည်။


ဘုန်း ဘုန်း ဘုန်း


သူ အောက်သို့လက်သီးမိုးရွာသလိုထပ်ကာထပ်ကာထိုးချလိုက်သည်။


ချူချန်းရှန်၏ကြွက်သားများသည် လွန်စွာဖောင်းကားလာပြီး နဂါးများနှင့်တူသောသွေးကြောများစွာထောင်ထလာသည်။ သူ၏ပြင်းထန်သော လက်သီးချက်များဖြင့်ထပ်ကာထပ်ကာထိုးနှက်လိုက်သည်။


မူလက ရန်ချန်းရုန်းကန်နေခဲ့သေးသော်လည်း ခဏအကြာတွင်တော့ လှုပ်ရှားမှုများရပ်တန့်သွားတော့သည်။


မြေပြင်တွင်ချိုင့်ခွက်များစွာရှိနေပြီး အက်ကြောင်းများစွာလည်းဆက်လက်ကျယ်ပြန့်နေပေသည်။


လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ကျောက်တုံးများကို အစိတ်အပိုင်းများစွာအဖြစ်ကြေမွသွားစေသည်။


လူတိုင်းထိတ်လန့်သွားကြပြီး တံတွေးမျိုချမိလိုက်ကြသည်။


ခဏအကြာတွင်...


ဘုန်း ဘုန်း


ချူချန်းရှန်၏ ကြီးမားသည့် ပုံရိပ်ကြီး ထရပ်လာသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များစွာနှင့် ကျောက်တုံးများလှိမ့်ဆင်းသည်။


ချူချန်းရှန်၏ အဖြူရောင်ဆံနွယ်များလွင့်ပျံလာသည်။ ထို့နောက် သူသက်ပြင်းကျယ်ကျယ်ချလိုက်သည်။


ခဏအကြာတွင် သူ့ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ပုံမှန်အရွယ်အစားအဖြစ်ပြန်လည် ကျုံ့ဝင်သွားတော့သည်။


ဝတ်ရုံတစ်ခုကပျံသန်းလာပြီး ချူချန်းရှန်၏ ကြည့်ကောင်း ပိန်သွယ်သောခန္ဓာကိုယ်ကိုဖုံးအုပ်သွားသည်။ ဤကဲ့သို့ ပိန်ပါးသောခန္ဓာကိုယ်လေးသည် သုံးမီတာခန့်မြင့်မားသော လူ့ဘီလူးကြီးတစ်ယောက်အဖြစ် ကြီးထွားလာနိုင်သည်ဟု ယုံရန်ခက်ခဲပေသည်။


ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ရန်ချန်းသည်မလှုပ်တော့ပေ။ သူ၏သွေးများသည် မြေပြင်တစ်ခုလုံးကိုအနီရောင်ခြယ်သွားစေသည်။


သူသည် သေလုမျောပါးဖြစ်နေကာ အသက်စွမ်းအင်ခပ်မျှင်မျှင်တစ်ခုသာကျန်ရှိနေပေတော့သည်။


ရုတ်တရက် သူလှုပ်ရှားသည်။


ချူချန်းရှန် ရပ်ပြီးလှည့်ကြည့်လိုက်သည်။ ရန်ချန်း ချိုင့်တွင်းထဲမှ ဖြေးဖြေးချင်းတွားသွားနေသည်ကိုတွေ့လိုက်ရသည်။


ဘာ..


ဒီလိုအခြေအနေရောက်နေတာတောင် သူကမသေနိုင်သေးဘူးလား...


ချူချန်းရှန် အံ့ဩသွားသည်။ ရန်ချန်းသည် သူ၏တိုက်ခံမှုများစွာကိုခံယူပြီးသော်လည်း ယခုအချိန်ထိမသေသေးချေ။


စိတ်ဝိဉာဉ်လှေကားတောင် ပျက်စီးသွားတာကို.. သူကဘယ်လိုလုပ်အသက်ရှင်နေသေးရတာလဲ


ရန်ချန်းမှာ စိတ်စွဲလမ်းနေတာတစ်ခုခုများရှိနေတာလား


ဝှိုက်တီသည် အဝေးမှကြည့်နေရင်း ရုတ်တရက်၎င်း၏သတ္တုအတောင်ပံများကို ဖြန့်ကားလိုက်သည်။ ၎င်း၏မျက်လုံးများသည် တောက်ပလာပြီး နတ်ဘုရားသတ်လေးကိုဆုတ်ကိုင်ထားသည့် အားသည်ပိုမိုပြင်းထန်လာသည်။


ရန်ချန်တစ်ယောက် ချိုင့်ခွက်ကြီးထဲမှ တွားထွက်ပြီးနောက်တွင် တစ်ကိုယ်လုံးတုန်ရီနေပေသည်။ သူ့ပါးစပ်အတွင်းမှသွေးများစီးကျနေကာ သူ၏အသက်စွမ်းအင်သည်လျှင်မြန်စွာလျော့ကျလာသည်။


တစ်စုံတစ်ခုကို အာရုံခံနေသကဲ့သို့ သူ့ခေါင်းကိုခပ်ဖြေးဖြေးမော့လိုက်သည်။ အဝေးရှိ လေထဲတွင်လွင့်မျောနေသာဝှိုက်တီကိုလှည့်ကြည့်လိုက်သည်။


သူ့ရဲ့နတ်ဘုရားသတ်လေးက ..အဲ့နားမှာရှိတယ်...


ဝှိုက်တီ၏လက်ထဲတွင်ရှိသော နတ်ဘုရားသတ်လေးသည် ရန်ချန်း၏ ဂုဏ်သိက္ခာကိုကိုယ်စားပြုပေသည်။ ၎င်းကို ဒီအတိုင်းယူဆောင်သွားခွင့်မပြုနိုင်ပေ။


ဝှိုက်တီသည် ရန်ချန်းကို ခတ္တမျှကြည့်လိုက်ပြီး ၎င်း၏လက်ထဲရှိ နတ်ဘုရားသတ်လေးထံအကြည့်ပြန်လွှဲလိုက်သည်။


ရုတ်တရက် ရုပ်သေးရုပ်၏ဗိုက်တွင် ကျယ်လောင်သည့်ပါးစပ်ပေါက်တစ်ခုနှင့်ဆင်တူသည့် အနက်ရောင်အပေါက်ကြီးတစ်ခုထွက်ပေါ်လာပြီး နတ်ဘုရားသတ်လေးကို ထိုအပေါက်ထဲသို့ထည့်လိုက်သည်။


ခွမ်း ခွမ်း ခွမ်း


ကြေမွသွားသည့်အသံများထွက်ပေါ်လာသည်။ လူတိုင်းသူတို့ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များ အစွမ်းကုန်ထောင်ထသွားသည်ကိုခံစားလိုက်ရသည်။


နတ်ဘုရားသတ်လက်နက်က.. ဒီအတိုင်းပဲအစားခံလိုက်ရတယ်


ရန်ချန်း ထိုဖြစ်ရပ်ကိုမြင်လိုက်ရသည့်တခဿတွင် သူ၏တုန်ရီနေသောခန္ဓာကိုယ်သည် လုံးဝတောင့်ခဲသွားတော့သည်။


သူ၏ သွေးရောင်ရဲနေသောမျက်လုံးများသည် ပို၍ပြူးကျယ်လာသည်။ သို့သော် ၎င်းကသူလုပ်နိုင်သည့်တစ်ခုတည်းသောအရာပင်။ အဆုံးတွင်တော့ သူ့မျက်လုံးထဲရှိအလင်းရောင်များ မှိန်ဖျော့သွားကာ သေခြင်းတရားဖြစ်သော မီးခိုးရောင်ကိုသာချန်ရစ်ထားခဲ့သည်။


သူ၏ အသက်စွမ်းအင်မျှင်မျှင်လေးသည် လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။


ဘုန်း


ရန်ချန်း၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ထပ်မံလဲကျသွားကာ ဖုန်များထလာစေသည်။


နောက်ဆုံးတွင် ရန်ချန်းသေဆုံးသွားခဲ့ပြီဖြစ်သည်။


ကြည့်ရှူနေသည့်လူတိုင်း နောက်ဆုံးတော့အသက်ရဲရဲရှူနိုင်သွားကြသည်။


မိုလျှိုကျိ သည်ဘယ်သူမှမသိလိုက်ပဲ ထွက်သွားလိုက်ပြီဖြစ်သည်။ ဤဖြစ်ရပ်တွေအကုန်ပြီးမှ ထွက်သွားလိုက်မည်ဆိုပါ သွေးအန်ကာ သူ့ဘဝအကြောင်းပြန်လည်မေးခွန်းထုတ်နေရမည်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူသည်ရန်ချန်းတစ်ယောက်သေသည်အထိ ရိုက်သတ်ခံရမည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။


ယခုတော့ ရန်ချန်းလုံးဝသေဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူသည် သေသည်အထိရိုက်နှက်ခံလိုက်ရခြင်းမဟုတ်ဘဲ... ဒေါသထွက်၍သေဆုံးသွားခြင်းဖြစ်သည်။


အမှန်တကယ်ပင် ဒေါသထွက်လွန်း၍သေဆုံးသွားခြင်းဖြစ်သည်။


လူတိုင်းလည်း ရန်ချန်သည်ဒေါသထွက်လွန်၍သေဆုံးသွားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သူသာ ဝှိုက်တီနတ်ဘုရားသတ်လေးကို ဝါးမျိုလိုက်သည်ကိုသာတွေ့ခဲ့ခြင်းမရှိပါက ခဏမျှလှုပ်ရှားရုန်းကန်ပြီးမှသာ သေသည်အထိရိုက်သတ်ခံရမည်ဖြစ်ပေသည်။


လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ဖုန်နှင့်သဲလုံးများကို လိမ့်တက်လာစေသည်။


ဝှိုက်တီသည် နတ်ဘုရားသတ်လေးကို အစာခြေဖျက်နေဆဲဖြစ်သည်။


ချူချန်းရှန်၏ အဝတ်များလွင့်ပျံနေကာ သူ၏အမူအယာသည်အေးစက်နေလျက်ရှိပေသည်။


ရုတ်တရက် ရန်ချန်း၏အလောင်းမှ စွမ်းအင်အမျှင်များစွာထွက်ပေါ်လာသည်။ ၎င်းတို့သည် ကောင်းကင်ယံသို့ပြေးတက်သွားကာ ဝေဝါးနေသာအရိပ်တစ်ခုအဖြစ်ပေါင်းစည်းသွားသည်။ 


ထိုအရိပ်သည် ရန်ချန်း၏အရိပ်ဖြစ်ပေသည်။


ထွက်ပြေးရန်ကြိုးစားနေသည့် ရန်ချန်း၏ဝိဉာဉ်ကို ကျောက်စိမ်းအဆောင်တစ်ခုက ဖုံးအုပ်သွားသည်။


ရန်ချန်း၏ဝိဉာဉ်တည်ရှိနေသ၍ ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေရှိ အစီအရင်ကိုအသုံးပြု၍ ပြန်လည်ရှင်သန်ရန် အခွင့်အရေးရှိပေသည်။


သို့သော်..


ခဏမျှ လွင့်မျောနေပြီးနောက်တွင် ရန်ချန်း၏ဝိဉာဉ်သည် ရုတ်ချည်းပင်ရပ်တန့်သွားကာ ကြောက်ရွံ့မှုများဖြင့်တုန်ရီနေလေသည်။


၎င်းထံမှ အလင်းတန်းများကို ထွက်ပေါ်လာသည်။ ရုတ်တရက် ဝိဉာဉ်သည်ပေါက်ကွဲသွားကာ ရွှေရောင်ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။


ကြောက်မက်ဖွယ်ဖိအားတစ်ခုက ချက်ချင်းပင်မြင့်တက်လာသည်။


ထိုအော်ရာတွင် ရင်းနှီးနေသည့်အရိပ်အယောင်များပါဝင်နေပေသည်။


၎င်းသည် ရှေးဟောင်းကျောက်စိမ်းနယ်မြေ၏ မြင့်မြတ်သည့်သူတော်စင်ဖြစ်လေသည်။ 


ငရဲဘုရင်အာဟ မျက်လုံးမှေးကြည့်လိုက်သည်။


ပုဖန်သည်လည်း မျက်ခုံးပင့်မိလိုက်သည်။


ချူချန်းရှန်၏ အဖြူရောင်ဆံနွယ်များသည် လေနှင့်အတူလွင့်မျောနေကာ ထိုရွှေရောင်ပုံရိပ်ကြီးကိုမျက်နှာသေဖြင့်ကြည့်လိုက်သည်။


လေထဲတွင် ရပ်တန့်နေရုံမျှဖြင့်ပင် မြင့်မြတ်သူတော်စင်သည် လေဟာနယ်ကိုတုန်လှုပ်နေစေသည်။


"ငါတို့ထပ်ဆုံပြန်ပြီနော်"

မြင့်မြတ်သူတော်စင်သည် ပုံမှန်အတိုင်းပြောလိုက်သည်။ သူအသံကနေရာတိုင်းကိုပျံ့နှံ့သွားပြီး လူတိုင်းသူပြောသည့်စကားကိုကြားလိုက်ရသည်။


"ငါ့ရဲ့ကိုယ်ပွားကိုဖျက်ဆီးပြီး ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေရဲ့ ခောင်းဆောင်တစ်ယောက်ကိုသတ်ရဲတယ်ဆိုတော့... အစားကြူးတောင်ကြားရဲ့နာမည်ကို တော်ဝင်ခုံရုံးကနေပယ်ဖျက်ခံချင်နေတာလား...."


သူ့အသံသည် ကောင်းကင်မှတမန်တော်တစ်ပါးကဲ့သို့ ကောင်းကင်တစ်ခွင်ကိုပျံ့နှံ့သွားသည်။


သူ၏ နတ်ဘုရားတမျှ မြင့်မြတ်သော အော်ရာကို အောက်သို့ကျဆင်းစေလိုက်ပြီး လူတိုင်းကို ဖိမ့်ဖိမ့်တုန်နေစေသည်။ 


၎င်းသည် မြင့်မြတ်သောသူတော်စင်၏ ဂုဏ်သရေပင်ဖြစ်သည်။


သူသည် စိတ်ဝိဉာဉ်နတ်ဘုရားအာရုံကိုရောက်ရှိနေပြီးဖြစ်ပြီး သူ၏နတ်ဘုရားယဇ်ပလ္လင်ရှိ နတ်ဘုရားမီးတောက်ကိုထွန်းညှိပြီးသားဖြစ်သည်။


ထိုကဲ့သို့သောတည်ရှိမှုများသည် ကမ္ဘာလောကကြီးကို အမြင့်မှငုံ့မိုးကြည့်နေသည့် မလွှမ်းမိုးနိုင်သည့်တည်ရှိမှုများဖြစ်ကြသည်။


အစားကြူးတောင်ကြားကို သုတ်သင်မည်လား..


၎င်းက လက်ရှိတွင်လူတိုင်းကိုခြောက်လှန့်နေသည့်အရာပင်။ အစားကြူးတောင်ကြားသာဖျက်ဆီးခြင်းခံရပါက သူတို့သည် ခိုလှုံရန်နေရာအသစ်ကိုရှာဖွေရမည်ဖြစ်ပြီး ပို၍ဆိုးပါက သူတို့ပါအတူဖျက်ဆီးခံရမည်ဖြစ်သည်။


ငရဲဘုရင်အာဟ နှုတ်ခမ်းဆူလိုက်သည်။


ပုဖန်သည် မျက်နှာသေနှင့်လက်ပိုက်နေဆဲပင်။


ချူချန်းရှန်၏ဆံပင်နှင့်အဝတ်များသည် လေအဝှေ့တွင်တဖျပ်ဖျပ်လွင့်နေလေသည်။ သူသည်အစားကြူးတောင်ကြား၏ မဟာအကြီးအကဲတစ်ဦးမဟုတ်တော့သည့်အတွက် ယခင်ကဲ့သို့ မြင့်မြတ်သောသူတော်စင်ဟုခေါ်သောသူကို မျက်နှာချင်းဆိုင်ရာတွင် ကြောက်ရွံ့ခြင်းရော ထိတ်လန့်ခြင်းပါမရှိတော့ချေ။


သူသည် ယခုတွင် ထောင်တျဲစားသောက်ဆိုင်၏စားပွဲထိုးတစ်ဦးဖြစ်နေပြီ ဖြစ်သည်။


ထောင်တျဲစားသောက်ဆိုင်တည်ရှိနေသ၍ကာလပတ်လုံး အစားကြူးတောင်ကြား ဘယ်သောအခါမှ ဖျက်ဆီးချေမှုန်းခြင်းခံရမည်မဟုတ်သည်ကို သူသိလေသည်။


အစားကြူးတောင်ကြားကိုမည်သူမှဖျက်ဆီး၍မရပေ။


မြင့်မြတ်သူတော်စင်၏ ရွှေရောင်မျက်လုံးများသည် ကြည်လင်တောက်ပနေလျက်ရှိကာ ၎င်း၏မြင်ကွင်းအတွင်းရှိအရာအားလုံးကြိဖိနှိပ်နေသည်။


သူစကားပြောပြီးပြီးချင်းတွင် ရှောင်ယနားတွင်တွယ်ကပ်နေသော ပန်းပွင့်လေးသည် ခြေဖျားထောက်လိုက်လေသည်။ သူမသည် ရုတ်တရက် ကြီးမားသည့်စပါးအုံးမြွေကြီးအဖြစ်အသွင်ပြောင်းလိုက်သည့်အတွက် သူမ၏ ရွှေရောင်ဝတ်စုံလေးသည် သူမနောက်တွင် တဖျပ်ဖျပ်လွင့်နေပေသည်။


ရွှေရောင်စပါးကြီးမြွေကြီးသည် ရှေ့သို့ဦးတည်ရွေ့လျားလာပြီး မြင့်မြတ်သောသူတော်စင်ကိုပင်ဝါးမျိုချနိုင်လောင်အောင် ပါးစပ်ကျယ်ကျယ်ဖွင့်ဟလိုက်သည်။


မြင့်မြတ်သောသူတော်စင်၏ရွှေရောင်ပုံရိပ်ကြီးသည် လှည့်ကြည့်၍ဒေါသတကြီးဟိန်းဟောက်လိုက်သည်။


သို့သော် နောက်အခိုက်အတန့်တွင် ကြီးမားသည့်ရွှေရောင်စပါးအုံးမြွေကြီးသည် သူ့ကိုတစ်ကိုက်တည်းဖြင့် ဝါးမျိုချလိုက်သည်။