အပိုင်း ၇၉၉
Viewers 53k

အပိုင်း ၇၉၉

ငါတို့ကအဖွဲ့တစ်ခုဖြစ်သွားပြီ


ရန်ချန်းသည် သူ၏မြှားသုံးချောင်းလုံးက ပစ်မှတ်ကို ထိမှန်ခြင်းမရှိမည်ဟုတစ်ခါမျှမတွေးခဲ့ဖူးချေ။ 


သူ၏ လေးအတတ်ပညာအဆင့်သည် ပစ်မှတ်ကိုလွဲချော်ခြင်းမရှိနိုင်ပေ။ ပြိုင်ဘက်က မြှားများကိုရပ်တန့်နိုင်မည်ဖြစ်သော်လည်း သူ၏မြှားတစ်ချောင်းမျှပင်အလေအလွင့်ဖြစ်သွားမည်မဟုတ်ပါ။


အဘယ့်ကြောင့်ဆိုသော် မြှားကိုချိန်ရွယ်လိုက်သည်နှင့် ပစ်မှတ်၏စိတ်နှင့်ခန္ဓာကိုယ်နောက်ကို မလွတ်တမ်းလိုက်နေမည့် သံလိုက်စက်ကွင်းတစ်ခုဖြစ်သော အော်ရာစက်ကွင်းတစ်ခုကိုဖန်တီးလိုက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် ကြီးမားသောဖိအားတစ်ခုကိုခံစားရစေပြီး ပစ်မှတ်၏၎င်းတို့ရှိနေသောနေရာမှ မရွေ့လျားနိုင်အောင်ပြုလုပ်လိုက်သည်။


ရန်ချန်းသည် သူ၏မြှားများအပေါ်အလွန်ယုံကြည်ချက်ရှိသည်။ ထို့ကြောင့်ပင် ရှေးဟောင်းကျောက်စိမ်းဂိုဏ်းကသူ့ကို နတ်ဘုရားသတ်လေးကို အပ်နှင်းခဲ့ခြင်းဖြစ်သည်။


ရှေးဟောင်ကျောက်စိမ်းဂိုဏ်းတွင် နတ်ဘုရားသတ်လက်နက်များစွာမရှိချေ။ ထို့ကြောင့် လက်နက်တစ်ခုချင်းစီသည် ခြိမ်းခြောက်နိုင်စွမ်းရှိပြီး လွန်စွာအဖိုးတန်နေခြင်းဖြစ်သည်။ နတ်ဘုရားသတ်လက်နက်များ အဖိုးတန်နေရခြင်းသည် ၎င်းတို့၏ သာလွန်သောအရည်အသွေးများကြောင့်ဖြစ်ပြီး အရေအတွက်များပြားနေသောကြောင့်မဟုတ်ပေ။


၎င်းသည် နတ်ဘုရားသတ်လက်နက်များစွာရှိသည့်အခြားသောသန့်စင်နယ်မြေများနှင့်မတူညီချေ။ အဘယ့်ကြောင့်ဆိုသော် ပန်းပဲဆရာများသည် လက်နက်တစ်ခုဖန်တီးရန် အတုအယောင်သတ္တုများတွင် နတ်ဘုရားအဆင့်ပစ္စည်းအချို့ကိုထပ်ပေါင်းထည့်ရန်လိုအပ်သောကြောင့်ဖြစ်သည်။ 


ရန်ချန်း၏မျက်လုံးထဲတွင် ထိုသို့သောလက်နက်များသည် အမှိုက်များဖြစ်ကြသည်။သူ့လက်ထဲရှိ နတ်ဘုရားသတ်လေးသည် ပုံမှန်နတ်ဘုရားသတ်လက်နက်များထက် ငါးဆ ပိုမိုကောင်းမွန်လေသည်။


ဇီဝိန်ခြွေမြှားသူ့လက်ထဲတွင်ရှိနေလျှင် စိတ်ဝိဉာဉ်နတ်ဘုရားနယ်ပယ်အောက်ရှိ မည်သည့်ကျင့်ကြံသူမှ သူ့ကိုတားဆီးနိုင်စွမ်းမရှိပေ။


သို့သော် ချူချန်းရှန်က သူ့မြှားများ၏ချည်နှောင်မှုကိုမည်သို့ ရှောင်ရှားလိုက်ပြီး သူ့ခေါင်းကိုမည်သို့ဖမ်းဆုပ်လိုက်သလဲဆိုသည်ကို နားမလည်နိုင်ချေ။


ဘုန်း


မြေပြင်သည် တုန်ခါသွားပြီး ကျယ်လောင်စွာပေါက်ကွဲသွားသည်။


ရန်ချန်းသည် သူ့ခေါင်းတစ်ခုလုံးမူးဝေပြာဝင်သွားကာ နားနှစ်ဖက်တဝီဝီမြည်သွားသည် ဟုခံစားလိုက်ရသည်။ ခေါင်းမှကိုင်၍မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာရိုက်စောင့်ခံရခြင်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိချွေးပေါက်များကို ပေါက်ကွဲလုမတတ်ဖြစ်သွားသည်ဟုခံစားရစေသည်။


"ထွက်သွားစမ်း""


ဘုန်း


ကြောက်မက်ဖွယ်လေလှိုင်းများထွက်ပေါ်လာသည်။ ရန်ချန်း သူ့ခြေထောက်ကိုချူချန်းချန်ပေါ်သို့စုန်ကန်လိုက်၍ ထိုမှရသည့်အားဖြင့် ကောင်းကင်ပေါ်ခုန်တက်သွားသည်။


ထိုအချိန်တွင် သူသည်ဖရိုဖရဲဖြစ်နေသည်။ သူ့ခေါင်းပေါ်တွင် အမှိုက်သရိုက်များနှင့်ဖုန်မှုန့်များဖြင့်ဖုံးလွှမ်းနေသည်။ 


သူ့မျက်လုံးထဲတွင် ဒေါသများပြည့်နှက်နေပေသည်။ နတ်ဘုရားသတ်လေးကို နောက်တစ်ကြိမ် လေးကြိုးတင်၍ မြှားများစွာကိုချက်ချင်းပင်ပစ်လွှတ်လိုက်သည်။

ချေ။ ၎င်းတို့သည် ပေါက်ကွဲသံများနှင့် ဆူညံနေပေသည်။


လေထုသည် ဆူညံစွာပေါက်ကွဲနေသည်။ မီးကဲ့သို့ရဲရဲနီနေသောမြှားများသည် ကောင်းကင်ယံတွင်လွင့်မျောနေကာ ချူချန်းရှန်ထံသို့ဦးတည်သွားလေသည်။


ထိုမြင်ကွင်းသည် ရင်းနှီးနေသယောင်ဖြစ်နေသည်။


ရန်ချန်းသည် မတိုင်ခင်က ထိုအကွက်ကိုသုံး၍ ချူချန်းရှန်ကိုသတ်ဖြတ်ခဲ့သည်။


ယခုလည်း ထိုတိုက်ကွက်ကိုထပ်သုံးပြန်လေသည်။သို့သော် သူ့မြှားများသည်တော့ ပို၍သန်မာလာချေသည်။


ထောင်သောင်းချီသောမြှားများသည် လှိမ့်တက်လာသောဒီရေနှင့်တူပြီးကောင်းကင်ယံမှ ကျဆင်းလာသကဲ့သို့ပင်။ ၎င်းသည် ဧရာမနဂါးကြီးတစ်ကောင်က အော်ဟစ်ဟိန်းဟောက်နေကာ ချူချန်းရှန်ထံသို့ဦးတည်နေသည့်ပုံနှင့်တူနေသည်။


ချူချန်းရှန်၏နီရဲနေသောမျက်လုံးများသည် တောက်ပလာတော့သည်။ သူ့ခန္ဓာကိုယ်သည် နောက်သို့ခြေတစ်လှမ်းခန့်တွန်းထုတ်ခြင်းခံလိုက်ရသည်။ 


ဂါး


သူပါးစပ်ဖွင့်လိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ဟိန်းဟောက်လိုက်သည်။ ချူချန်းရှန်၏ဒေါသရေချိန် အဆက်မပြတ်တိုးလာသည်။


အနီရောင်မြှားများက ချုချန်းရှန်၏ခန္ဓာကိုယ်ကိုထိမှန်သွားပြီး ခန္ဓာကိုယ်ကသတ္တုများဖြင့်ပြုလုပ်ထားသကဲ့သို့ နောက်သို့ပြန်ကန်ထွက်သွားသည်။ ချုချန်းရှန်၏ရင်ဘတ်မှ တဒုန်းဒုန်းတဝုန်းဝုန်းမြည်သံများအဆက်မပြတ်ထွက်ပေါ်လာသည်။


သို့သော် ချူချန်းရှန်သည် မြှားများကိုတားဆီးရန် လက်ကိုအသုံးမပြုခဲ့ချေ။ ရင်ဘတ်ကိုသာ ကော့ထားပြီး တိုက်ခိုက်မှုများကိုခံယူလိုက်ခြင်းဖြစ်သည်။


"လာစမ်း... ငါ့ကိုလာသတ်လိုက်စမ်းပါ... မင်းငါ့ကိုမသတ်ဘူးဆိုရင် မင်းသေရလိမ့်မယ်နော်..."


ချူချန်းရှန် ရူးသွပ်စွာဟိန်းဟောက်လိုက်သည်။


မြေပြင်ပေါ်ကိုစောင့်နင်းချလိုက်ပြီး ချက်ချင်းပင်ကွဲအက်သွားစေသည်။ တစ်လှမ်းပြီးတစ်လှမ်း ချူချန်းရှန်ရှေ့သို့ တိုးလာသည်။


ဝုန်း ဝုန်း ဝုန်း


မြှားထောင်ပေါင်းများစွာကလေထုထဲတွင်ပြည့်နှက်နေပြီ နေရာတိုင်းကိုမှပစ်ခတ်နေသည်။ ကျောက်စိမ်းကြေးခွံစားသောက်ဆိုင်တစ်ခုလုံး အပေါက်များစွာဖြစ်သွားအောင် အပစ်ခံလိုက်ရသည်။


လျိုကျားလီ ကြက်သေသေနေလျက်ရှိပြီး သူ့နှုတ်ခမ်းဖျားတွန့်လိမ်သွားသည်။


သူ့ရဲ့ကျောက်စိမ်းကြေးခွံစားသောက်ဆိုင်လေး.... အစကနေပြန်ဆောက်ရတော့မယ်


ငရဲဘုရင်အာဟ ပုဖန်ရှေ့တွင်မတ်တတ်ရပ်လိုက်သည်။ သူ့လက်ကိုအသာအယာဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ငရဲကမ္ဘာစွမ်းအင်များဖြင့် အတားအဆီးတစ်ခုကိုဖန်တီးလိုက်ပြီး အတွင်းရှိလူတိုင်းကို ကာကွယ်ပေးလိုက်သည်။


"ကျစ် ကျစ် ကျစ်... အဲ့လူငယ်လေးက ဒီဘုရင်ကိုရင်းနှီးနေတဲ့ခံစားချက်တစ်ခုကိုပေးနေတာပဲ.. သူအခုပဲ ငရဲကမ္ဘာကိုအလည်သွားလိုက်သင့်တယ် သူ့ရဲ့တိုက်ခိုက်နည်းစနစ်က ငရဲကမ္ဘာရဲ့ ဘီလူးကြီးတွေနဲ့ဆင်တူနေတယ်... ဒါပေမဲ့ သူကနည်းနည်းလောက်ပိုပြီးအားနည်းနေတယ်..."


ငရဲဘုရင်အာဟ သူ၏ချောမွတ်နေသောမေးစေ့ကိုပွတ်သပ်ရင်းပြောလိုက်သည်။


ဘီလူးကြီးတွေ... အဲ့တာဘာတွေလဲ


ပုဖန် ငရဲဘုရင်အာဟကို ခဏလောက်ကြည့်လိုက်ပြီး သံသယပွားမိသည်။ ငရဲဘုရင်က ငရဲကမ္ဘာကလာသည်မှန်း သူသိပေသည်။ ထို့အပြင်ထို "ငရဲကမ္ဘာ" ဟုခေါ်သောနေရာကိုအလွန်စိတ်ဝင်စားနေမိသည်။


သို့သော် ယခုလက်ရှိတွင်ပုဖန်သည် ငရဲကမ္ဘာကိုအလည်သွားရန်မသင့်တော်သေးချေ။ ထို့အပြင် ပုန်းကွယ်နေသောနဂါးတိုက်ကြီးသည် သူ့အတွက် လျှို့ဝှက်ဆန်းကျယ်မှုများဖြင့်ပြည့်နှက်နေသေးပေသည်။အရင်ဆုံး ပုန်းကွယ်နေသောနဂါးတိုက်ကြီးတစ်ခုလုံးကို နှံ့နှံ့စပ်စပ်မရှာဖွေရသေးပဲ ဘယ်လိုလုပ်ငရဲကမ္ဘာကိုပြေးသွားရမှာလဲ....


မည်သို့ပင်ဆိုစေ လက်ရှိသူ၏ကျင့်ကြံခြင်းအဆင့်သည် ငရဲကမ္ဘာသို့သွားရန်အလွန်အားနည်းချိနဲ့နေသေးပေသည်။


ဘုန်း


ချူချန်းရှန်သည် တစ်လှမ်းပြီးတစ်လှမ်းရှေ့သို့ရောက်လာသည်။


လေထဲရှိ ရန်ချန်းသည် အနည်းငယ်ထိတ်လန့်မိသွားသည်။


သူ့ရဲ့မရေမတွက်နိုင်တဲ့မြှားတွေက ဘာကိစ္စကြောင့် ချူချန်းရှန်ဆိုတဲ့မျိုးမစစ်ကိုမသတ်နိုင်ရသေးတာလဲ..


သေလိုက်စမ်း... အဲ့ဒီ့မျိုးမစစ်မှာဒီလောက်ထူတဲ့အရေပြားရှိနေပြီး... သူ့ခန္ဓာကိုယ်ကဘာလို့ဒီလောက်တောင် ခံနိုင်ရည်ရှိနေရတာလဲ


ထောင်တျဲရဲ့နှလုံးသားနဲ့တင် ဒီလောက်အထိအကျိုးသက်ရောက်မှုတွေရှိနေတာလား..


"မင်း ငါ့ကိုအယားပြေအောင်ကူညီပေးနေတာလား.."


ချူချန်းရှန် ပါးစပ်ဖွင့်ကာ လှောင်ပြောင်လိုက်သည်။ ခဏအကြာတွက် သူ့လက်သီးနှစ်ဖက်လုံးကို မြေပြင်ပေါ်ထိုးချလိုက်သည်။


ဘုန်း ဘုန်း


မြေပြင်ချိုင့်ဝင်သွားသည်။


ချူချန်းရှန်သည် မြေပြင်ပေါ်မှ လွှားကနဲခုန်လိုက်ပြီး ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင်လိုဟိန်းဟောက်လိုက်သည်။


ရုတ်တရက် ကြီးမားသည့်လက်ကြီးတစ်ဖက်သည် ရန်ချန်း၏လက်ကိုဆုပ်ကိုင်လိုက်သည်။


ရန်ချန်း မျက်လုံးပြူးမိသွားသည်မှာ သူ၏မျက်ခွံများပင် ပြဲထွက်သွားမယောင်ပင်။


"သေစမ်း"


"ပါးစပ်ပိတ်စမ်း"


ချူချန်းရှန်၏ နီရဲနေသောမျက်လုံးများ မှေးမှိန်သွားကာ သူ၏ကြီးမားသည့်လက်ကြီးကို ခါယမ်းလိုက်သည်။


ဘုန်း


ရန်ချန်း သူ၏ခေါင်းပေါက်ကွဲထွက်သွားသည်ဟုခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သူ့တွင်ဤတိုက်ခိုက်မှုကိုလုံလောက်စွာခုခံနိုင်သော စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်အထွတ်အထိပ်အဆင့်ရှိ ခန္ဓာကိုယ်ရှိပေသည်။


ဘုန်း


ကျောက်စိမ်းအကြေးခွံစားသောက်ဆိုင်တစ်ခုလုံး ပေါက်ကွဲသွားကာ လုံးလုံးလျားလျားပြိုကျသွားသည်။


မကောင်းဆိုးဝါးတစ်ကောင်နှင့်တူနေသော ချူချန်းရှန်သည် ရန်ချန်းကိုအပျက်အဆီးများကြားမှဆွဲထုတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်နှင့်ကိုင်ကာ မြေပြင်ပေါ်သို့ထပ်မံ၍ ရိုက်ချလိုက်သည်။


ချက်ချင်းပင် မြေပြင်တစ်ခုလုံးကွဲကြေသွားသည်။


ရန်ချန်း အော်ဟစ်ညည်းတွားလိုက်သည်။ ထို့အတူ ချူချန်းရှန်သည်လည်း အော်ဟစ်ဟိန်းဟောက်လိုက်သည်။


ဝုန်း ဝုန်း ဝုန်း


သို့သော် ရန်ချန်း၏အော်ဟစ်မှုသည် အမှန်တကယ်တွင် နာနာကျင်ကျင်အော်ဟစ်သံသာဖြစ်သည်။


ချူချန်းရှန် လက်မြှောက်လိုက်သည်။ မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်စအပဲ့များသည် လေပေါ်သို့မြောက်တက်လာပြီး နဂါးတစ်ကောင်ပုံစံ စုရုံကာလည်ပတ်နေသည်။


ရန်ချန်း၏ခန္ဓာကိုယ်သည် ထိုကျောက်တုံးများဖြင့်ထိခတ်ကာ အဝေးသို့လွင့်ထွက်သွားသည်။


လူအချို့က ရန်ချန်း၏မျက်နှာကိုမြင်လိုက်ရသည်။


သူ့မျက်နှာသည် ဒဏ်ရာများဖြင့်ဖောယောင်နေ ကာ ပါးစပ်မှလည်းသွေးများစီးကျနေပေသည်။ သူ့အဝတ်များကညစ်ပတ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် အဝတ်စုတ်များကိုချိတ်ဆွဲထားသည်နှင့်တူနေသည်။ သူသည် လုံးလုံးလျားလျားပင် ညစ်ပတ်ပေပွနေလေသည်။


သို့သော် သူ့လက်ထဲတွင် နတ်ဘုရားသတ်လေးကိုတင်းတင်းဆုပ်ကိုင်ထားဆဲပင်။ စူးရှနေသည့်မျက်လုံးများဖြင့် ချူချန်းရှန်ကိုတစ်ချက်တည်းဖြင့်သတ်လိုက်နိုင်သည့် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုရှာဖွေနေသည်။ 


ချူချန်းရှန်၏ခန္ဓာကိုယ်ကို ပြန်လည်ရိုက်ပုတ်နိုင်ရန်အတွက် ကျင့်ကြံသူတစ်ယောက်ဖြစ်သောရန်ချန်းတွင်လည်း ကိုယ်ပိုင်တိုက်ခိုက်ရေးနည်းလမ်းများရှိလေသည်။ ဥပမာအားဖြင့် နတ်ဘုရားသတ်လေးကိုအသုံးပြုပြီး ပျော့ကွက်နှင့်အားနည်းချက်များကိုတိုက်ခိုက်နိုင်သည်။ 


အင်အားနည်းသောကာကွယ်မှုရှိသည့် ပါးစပ်၊နားရွက်များ၊မျက်လုံးများနှင့် နှာခေါင်းတို့ကို ပျော့ကွက်များဟုခေါ်သည်။


ထိုပျော့ကွက်များထဲမှတစ်ခုကို ထိမိသွားသည်နှင့် ထိုဒဏ်ရာကိုပိုမိုကြီးထွားအောင်လုပ်ပြီး ချူချန်းရှန်ကိုဖျက်ဆီးပစ်လိုက်နိုင်မည်ဖြစ်သည်။


ထိုအချိန်တွင် ချူချန်းရှန်ကိုတစ်ချက်တည်းဖြင့်သတ်နိုင်သွားပေမည်။ ချူချန်းရှန်၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်များပင်ဖောက်ပစ်လိုက်မည်ဖြစ်သည်။


လေထဲတွက်မတ်တတ်ရပ်ပြီး ချူချန်းရှန်သည် သူ၏ခန္ဓာကိုယ်ကိုမြဲမြဲရပ်လိုက်ပြီး နတ်ဘုရားသတ်လေးကို မြှောက်လိုက်သည်။


မီးကဲ့သို့ရဲရဲနီနေသော မြှားများကိုပစ်လွှတ်လိုက်ပြီး ထိုမြှားများကလေဟာနယ်ကိုဆုတ်ဖြဲကာ ချူချန်းရှန်ထံသို့ဦးတည်သွားသည်။


သို့သော် ချူချန်းရှန်သည်လေးဘက်ထောက်ထားကာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့လျှင်မြန်စွာရွေ့လျားနေသည်။ မြှားတိုင်းသည်မြေပြင်ပေါ်သို့ထိမှန်ကာပေါက်ကွဲသွားသော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ထိမှန်းခြင်းမရှိပေ။


ဘုန်း


ရုတ်တရက် ချူချန်းရှန် မြေပြင်ပေါ်မှခုန်ထွက်လာပြီး သူ၏ကြီးမားသည့်လက်ကြီးများဖြင့်ရန်ယု၏ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။ ရန်ချန်းသည် အမြှောက်ဆံတစ်ခုလို မြေပြင်ပေါ်သို့ပစ်ချခြင်းခံလိုက်ရသည်။


ကြီးမားသည့်ခန္ဓာကိုယ်တစ်ခုသည် ကောင်းကင်ပေါ်မှမြေပြင်ပေါ်သို့ဆင်းသက်လာသည်။ ရုတ်ချည်းပင် မြေပြင်ကချိုင့်ဝင်သွားတော့သည်။ ရန်ချန်းသည် ထိုတွင်း၏အောက်ခြေတွင် နာနာကျင်ကျင်အော်ဟစ်နေပေသည်။


ဘုန်း ဘုန်း


တုန်ခါနေသည့်လေလှိုင်းလုံးများ ဖြတ်ကျော်သွားကာ ကျောက်တုံးကျောက်စအပဲ့များကို ကြေမွသွားစေသည်။


ချူချန်းရှန်၏ ဆံနွယ်ဖြူဖြူများသည် နေရောင်အောက်တွင်အလင်းပြန်နေပြီး သူ့ကိုအမှန်တကယ် ရက်စက်ကြမ်းကြုတ်သည့်သူတစ်ဦးကဲ့သို့ဖြစ်နေစေသည်။


ဝှစ်


ခပ်လှမ်းလှမ်းရှိ ရန်ချန်းသည် ခုန်ထလိုက်ကာ မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။


သူ့မျက်နှာပေါ်တွင် ဆိုးယုတ်ရက်စက်သည့်အမူအယာကိုချိတ်ဆွဲထားသည်။ သူ့ခြေထောက်တစ်ချောင်းသည် သွင်သွင်ကျိုးနေပြီး ကျိုးနေသည့်အရိုးကိုပင် ထင်ထင်ရှားရှားမြင်နေရသည်။


"ငါမင်းကို သေချာပေါက် သတ်ပစ်မယ်..."


ရန်ချန်း၏ဒေါသများသည် အထွတ်အထိပ်သို့ရောက်ရှိသွားပြီဖြစ်သည်။ သူ့ရင်ဘတ်သူထိုးချလိုက်ပြီး ချက်ချင်းပင် သူ့နှလုံးသွေးများအန်ထွက်လာပေသည်။


နှလုံးသွေးများသည် သူ့ရှေ့တွင် လွင့်မျောနေလေသည်။ ခဏအတွင်းပင် ၎င်းသည်သွေးမြှားတစ်ချောင်းအဖြစ်ဖြစ်တည်လာကာ သူ၏နတ်ဘုရားသတ်လေးပေါ်တွင်တင်ကာ လေးကြိုးတင်လိုက်သည်။


ထို့နောက် နတ်ဘုရားသတ်လေးကိုလွှတ်လိုက်သည်။ မြှားသည် အလင်းထက်မြန်သည်အရှိန်ဖြင့် အော်ဟစ်မြည်တမ်းကာပျံသန်းလာသည်။


၎င်း၏နောက်တွင် ထူထဲသောသွေးမြူများလိုက်ပါလာလေသည်။


ချူချန်းရှန်သည် အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရ၍ မျက်ခုံးပင့်မိသွားသည်။ ထိုအန္တရာယ်အငွေ့အသက်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတောင့်ခဲသွားစေသည်။


"ဖြစ်နိုင်လောက်လား"


ချူချန်းရှန်၏ ရဲရဲနီနေသည့် မျက်စိသူငယ်အိမ်များကျဉ်းမြောင်းသွားသည်။


ခဏအကြာတွင်...


သွေးမြူများရစ်သိုင်းနေသည့် သွေးမြှားတစ်ချောင်းသည် သူ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားသည်။


ဘုန်း


ဧရာမလူသား ချူချန်းရှန်သည်နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရပြီး ခြေလှမ်းတိုင်းသည် သူ့ခြေထောက်အောက်ရှိအပျက်အဆီးများကိုကြေမွသွားစေသည်။


ချူချန်းရှန်၏ရင်ဘတ်ပေါ်တွင် ကြီးမားသည့်အပေါက်ကြီးတစ်ခုထွက်ပေါ်လာသည်။


ထိုအပေါက်ကြီးထဲမှ သွေးများစွာယိုစိမ့်ထွက်လာပြီး သူ့အရေပြားပေါ်ကိုဖြတ်သန်းသွားသည်။


ချူချန်းရှန် သူ့ရင်ဘတ်ကိုစစ်ဆေးကြည့်ရန် ရပ်တန့်လိုက်သည်။ သူ့ရင်ဘတ်ပေါ်ရှိ သွေးထွက်နေသည့်အပေါက်ကြီးသည် သူ့ကိုအံ့အားသင့်သွားစေသည်။


ထို ရန်ချန်း၏ ဝတ်ရုံလက်အောက်တွင် လှည့်ကွက်အချို့ရှိနေဆဲပင်ဖြစ်သည်။ ယခုအချိန်တွင် ချူချန်းရှန်၏ခန္ဓာကိုယ်သည် လက်နက်များစွာကိုခုခံနိုင်စွမ်းရှိနေပြီဖြစ်သည်။ သို့သော် ရန်ချန်း၏မြှားကတော့ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်သေးသည်။


သူသည် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေ၏ စစ်သူကြီးတစ်ဦးဖြစ်ပြီး စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်သို့ခြေတစ်ဝက်လှမ်းပြီးသည့် တည်ရှိမှုတစ်ခုဖြစ်သည်မှာ သေချာပေသည်။


သနားစဖွယ်ကောင်းသော်လည်း...


ကောင်းကင်ယံတွင် ရန်ချန်းသည် အော်ဟစ်ကာရယ်မောနေလေသည်။ လူရမ်းကားတစ်ဦးလိုရယ်မောနေရင်း သွေးတစ်ချက်အန်ထုတ်လိုက်သည်။


ထို မကောင်းဆိုးဝါးကိုထိခိုက်အောင်လုပ်နိုင်နေသ၍ သူ့ကိုသတ်ဖို့နည်းလမ်းရှိလာမည်ဖြစ်သည်။


သို့သော် ခဏချင်းတွင် ရန်ချန်း ဆက်မရယ်တော့ပေ။


လေထုထဲရှိ သူ့ခန္ဓာကိုယ်တောင့်တင်းသွားပြီး အရယ်ရပ်သွားသည်။


ပတ်ဝန်းကျင်တွင် သွေးစက်ကျသံနှင့် အသားစကြီးထွားလာသည့်အသံမှအပ အလွန်အမင်းတိတ်ဆိတ်သွားလေသည်။


ချူချန်းရှန်၏ခန္ဓာကိုယ်အပေါ် သူပစ်ခတ်ခဲ့သည့်ဒဏ်ရာသည် ပိတ်သွားပြီး သူ့မျက်စိရှေ့တွင်ပင် အသားစများကြီးထွားလာသည်။


‌ေ-ာက်ကျိုးနည်း


သူတို့ဘယ်လိုဆက်တိုက်ခိုက်ရတော့မလဲ..


ထိုအချိန်တွင် ရန်ချန်းတစ်ယောက် မိုးမွှန်အောင်ဆဲဆိုချင်နေသည်။


သူ့ခန္ဓာကိုယ်ပေါ်ရှိ ပျောက်ကင်းသွားသောဒဏ်ရာကိုထိကြည့်ပြီး ချူချန်းရှန်၏နှုတ်ခမ်းထောင့်များကွေးညွတ်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားများသည် နဂါးများကဲ့သို့ဖောင်းကြွလာတော့သည်။


"မင်း.. ငါ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူး..."


ချူချန်း၏ အက်ကွဲနေသည့်အသံက ပဲ့တင်ထွက်လာသည်။


ရန်ချန်း ရူးတော့မလိုပင်ဖြစ်သွားသည်။


ထောင်တျဲနှလုံးသား... ထပ်ပြီးတော့ အဲ့ဒီ့ထောင်တျဲနှလုံးသား.. အသက်စွမ်းအင်ကိုတိုးမြှင့်ပေးတာအပြင် ချူချန်းရှန်၏ဒဏ်ရာကို မြန်မြန်ကုသပေးနိုင်တဲ့အရာဘာများရှိသေးလို့လဲ


သေစမ်း.. သူ့မှာသာ ထောင်တျဲနှလုံးသားမရှိခဲ့ရင်ကွာ...


ရန်ချန်း၏မျက်နှာသည် ကြမ်းကြုတ်မှုတို့ပြည့်လာသည်။ သူ့ခြေထောက်တွင်သွေးများစီးကျနေဆဲဖြစ်ပြီး လေထုအလည်တွင် လွင့်မျောနေသည့်ပုဖန်ကိုကြည့်လှည့်လိုက်သည်။


သူ့မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များပြည့်နေပေသည်။


"မင်း.. ‌ေ-ာက်ကလေး.. ငါ ရန်ချန်း ဒီနေ့မသေခဲ့ဘူးဆိုရင် မင်းကိုတစ်ချိန်ချိန်မှာလာသတ်ပြမယ်..."


ဘန်း


ရန်ချန်းစကားဆုံးအောင်မပြောလိုက်ရပေ။


ရုတ်တရက် သူ့ခေါင်းထက်တွင် သစ်ရွက်နှင့်တူသောလက်ဖဝါးတစ်ဖက်ပေါ်ထွက်လာပြီး သူ့ခေါင်းကိုမြေပြင်ပေါ်သို့ရိုက်ချလိုက်သည်။ ရန်ချန်း မြေပြင်ပေါ်သို့နောက်တစ်ကြိမ်ပြုတ်ကျသွားပြန်သည်။


လူတိုင်း အံ့အားသင့်သွားကြသည်။


ပုဖန်ပင် အနည်းငယ်အံ့အားသင့်မိသည်။


အတောင်ပံဖြန့်ပြီး ကောင်းကင်ယံတွင်ပျံသန်းနေသော ဝှိုက်တီကိုကြည့်လိုက်ပြီး မရည်ရွယ်ဘဲ ပြုံးမိသွားလေသည်။


ရန်ချန်း ကိုးရိုးကားရားနိုင်သည်ဟုခံစားလိုက်ရသည်။ သူစကားပြောနေသည်ကိုအဆုံးမသတ်လိုက်ရသေးသော်လည်း နောက်တစ်ကြိမ်မြေပြင်ပေါ်သို့ရိုက်ချခံလိုက်ရသည်။


ဝှိုက်တီက သူ့ကိုအများကြီးမထိခိုက်သွားစေခဲ့သော်လည်း ထိုအရာသည်ရှက်စဖွယ်ကောင်းလှပေသည်။


ချူချန်းရှန်တစ်ယောက် ဝှိုက်တီကို စိတ်ရှုပ်ထွေးနေသည့်ပုံစံဖြင့်ကြည့်လိုက်သည်။ ဝှိုက်တီ၏ ငွေဖြူရောင်မျက်လုံးများသည် သူနှင့်ဆုံသွားသည်။


"နတ်ဘုရားသတ်လက်နက်... သေရမယ်"

ဝှိုက်တီ၏ အေးစက်ကာစက်ရုပ်ဆန်သည့်အသံသည်လေထုထဲတွင်ပျံ့လွင့်လာသည်။


ပုဖန် သူ့နှဖူးသူရိုက်လိုက်သည်။ နောက်ဆုံးတော့ ဝှိုက်တီဘာကြောင့်တိုက်ခိုက်ရသလဲဆိုတာကို သူသိသွားပြီဖြစ်သည်။ ၎င်းက ရန်ချန်းလက်ထဲရှိနတ်ဘုရားသတ်လေးကြောင့်ဖြစ်သည်။


၎င်းက နတ်ဘုရားသတ်လက်နက်တစ်ခုဖြစ်ပြီး ဝှိုက်တီအတွက် စားကောင်းသောက်ဖွယ်တစ်ခုဖြစ်လေသည်။ 


"မင်းက နတ်ဘုရားသတ်လေးကိုလိုချင်တာလား... ကောင်းပြီလေ အခုကစပြီးတော့ ငါကဆိုင်ရှင်ပုရဲ့စားသောက်ဆိုင်ရဲ့စားပွဲထိုးတစ်ယောက်ဖြစ်သွားပြီ.. ငါတို့ကတစ်ဖွဲ့တည်းဖြစ်သွားပြီ... ဒီနေ့ငါအဲ့လူကိုသတ်လိုက်မယ်ဟုတ်ပြီလား မင်းကတော့ နတ်ဘုရားသတ်လေးကိုယူလိုက်ပေါ့..."


ချူချန်းရှန် နှုတ်ခမ်းတွန့်ပြီးပြုံးလိုက်သည်။


ခဏအကြာတွင် သူ့ခြေထောက်ကိုမြေပြင်ပေါ်သို့ဆောင့်ချလိုက်သည်။ မြေပြင်သည်တုန်ခါသွားကာ ကျောက်တုံးကျောက်စများကို နေရာအနှံ့သို့လွင့်ပျံသွားစေသည်။


ကောင်းကင်ယံတွင် ဝှိုက်တီ၏ ငွေဖြူရောင်မျက်လုံးများကရွေ့လျားသွားလေပြီး ၎င်း၏လက်ထဲတွင် နီရဲတောက်လောင်နေသည့် နတ်ဘုရားသတ်တုတ်ပေါ်ထွက်လာသည်။


တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် တုတ်၏ထောင်သောင်းချီသောအရိပ်များက မြေပြင်ပေါ်သို့ကျဆင်းသွားပေသည်။