အပိုင်း ၅၀
Viewers 12k

တခြားတစ်ဖက်တွင် ဝမ်မင်ယီတက်ခဲ့သည့်အထက်တန်းကျောင်းကလည်း အချိန်အတော်ကြာကတည်းက တင်ထားခဲ့သည့် ပို့စ့်တစ်ခုကိုပြန်ပြီးshareခဲ့သည်—
[ကြည့်ပါဦး၊ ကျောင်းသားဝမ်မင်ယီရေ ဆက်ပြီးကြိုးစားပါ! //@X City First Middle School V: ရမှတ်731မှတ်ဖြင့် ယခုနှစ်၏ သတင်းအနုပညာမေဂျာ အတွက်ဝင်ခွင့်အမှတ်အများဆုံးသူဖြစ်လာသည့် ကျောင်းသားဝမ်မင်ယီအား လှိုက်လှိုက်လှဲလှဲဖြင့် ဂုဏ်ပြုပါသည်။ ဂုဏ်ယူပါတယ် ဝမ်မင်ယီရေ ၊
သူ၏အတန်းဖော်များသည်လည်းကျောင်းသားဝမ်မင်ယီထံမှ သင်ယူနိုင်စေဖို့မျော်လင့်ပါတယ်!]
ဝမ်မင်ယီ၏ ဖန်များကလည်း ထိုပုံနှစ်ပုံကိုအလျင်အမြန်ပင် screenshot ရိုက်ကြပြီး ဖိုရမ်တွင်တင်လိုက်ကြကာ black fanများကိုအစွန်းအဖျားထိတွန်းထုတ်လိုက်ကြသည်—သူတို့ မှာဘာပြောစရာများကျန်သေးလဲ..ကဲ!
[နင်တို့မလုပ်နိုင်တာနဲ့ပဲ တခြားသူတွေက မလုပ်နိုင်ဘူးလိုထင်နေတာလား။ ဇွန်လကတည်းက တရားဝင်ဘလော့ဂ်ကနေ ဝမ်မင်ယီကို ဒီနှစ် ဝိဇ္ဇာတန်းရဲ့ အမှတ်အမြင့်ဆုံးသူဖြစ်လို့ ဂုဏ်ပြုဖို့အတွက် တင်ထားခဲ့တာ၊ နာမည်သိမ်မကြီးမသွားတဲ့အတွက် လူအများကြီးကသိမထားမိခဲ့တာ။ ဘာလဲ၊ အမှတ်၁ အထက်တန်းကျောင်းကရော လိမ်ညာထုတ်ကြွားနေပြီးတော့ သူတို့မှာထူးချွန်ကျောင်းသားရှိတယ်လို့ စိတ်ကူးယဉ်နေတာပေါ့ဟုတ်လား]
[တိတိက အရမ်းကိုထူးချွန်တာပဲ။ ကောလိပ်ဝင်ခွင့်ပထမဖြစ်တဲ့အပြင် ပြိုင်မှာလည်းပထမ၊အခုလည်း စာမေးပွဲမှာ ပထမရပြန်ပြီ။ ငါ့တော့ တစ်ချို့ လူတွေ ဒေါသအထွက်လွန်ပြီးသေကုန်တော့မယ်ထင်တယ်။ ဒါပေမဲ့ငါအရမ်းပျော်တယ် ဟား..ဟား..ဟား"]
[ငါက ဖန်ဖြစ်ဖို့တောင်မထိုက်တန်ဘူး!ကမ္ဘာပေါ်မှာဒီလိုဖန်မျိူးတွေက ထူးချွန်တဲ့idolတစ်ယောက်ဘယ်လိုလုပ်ရှိနိုင်မှာလဲ ။ ငါ့အမှတ်တွေက တိတိကို အရှက်ရစေတယ်!]
[ဒီနေ့ကနေစပြီး ငါကြိုးကြိုးစားစား စာလေ့လာမှရမယ်။ မဟုတ်ရင် ငါ့အမှတ်တွေက တိတိကို အရှက်ခွဲနေသလိုဖြစ်လိမ့်မယ် ဟား..ဟား..ဟား]
ဖရဲသီးစားနေသည့်လူများသည် ထိုကိစ္စက ဤကဲ့သို့အဆုံးသတ်သွားမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ Black fanများက သူတို့၏တိုက်ပွဲကိုဆင်နွဲပြီးသည့်အချိန်တွင် ဝမ်မင်ယီသည်ကောလိပ်ဝင်ခွင့်ပထမဟူသည့်အချက်ကို ထုတ်ဖော်ပြောဆိုလာခြင်းဖြင့်ပွဲက ရန့်တန့်သွားတော့သည်။ ဒီလိုဦးတည်ချက်မျိုးက သိသိသာသာကို စွမ်းအားကြီးလွန်းတယ်!
[ဒါက ဖျော်ဖြေရေးလောကမှာ အမြင့်ဆုံးရမှတ်ပဲဖြစ်ရမယ်နော...ငါတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာ ဝမ်မင်ယီထက်ကောလိပ်ဝင်ခွင့်အမှတ်မြင့်တဲ့သူရှာနိုင်မယ်မထင်ဘူးရော ]
["ဖျော်ဖြေရေးလောကထဲမပြောနဲ့ တစ်နိုင်ငံလုံးဆိုရင်တောင်ရှိမှာမဟုတ်ဘူးဟ။ တကယ်ကျတော့
မေးခွန်းတွေရဲ့ ခက်ခဲမှုအဆင့်နှင့် စာတမ်းတွေရဲ့စံနှုန်းက ပြည်နယ်တစ်ခုနဲ့တစ်ခုမတူကြဘူး။ အဲဒါနဲ့တင် သူကထိပ်ဆုံးဖြစ်နေပါပြီကွာ ]
[အရမ်း မိုက်တာပဲ!ငါက စာပေကိုသင်ယူနေတာ။ ဒီအမှတ်က တကယ်ကြောက်စရာကောင်းလွန်းတယ်။ ဝိဇ္ဇာတန်း ရဲ့မေးခွန်းတွေက ခြုံကြည့်ရမှာတွေအများကြီးပါတယ်ရော ဒီအမှတ်နဲ့ဆိုရင် သူကဘယ်ဘာသာမှာမှ အများကြီးပယ်မပစ်ခဲ့ဘူးဆိုတဲ့သဘောပေါ့။]
"[တအားကို မနာလိုဖြစ်စရာကောင်းတယ်။ သင်ယူခြင်းနတ်ဘုရားရေ ငါ့ကိုစာမေးပွဲမကျအောင်ကောင်းချီးပေးလို့ရမလား [ မျက်နှာအုပ်ထားလျက်]"
[ဟ..ဟ. တကယ်လို့ ငါသာ ဝမ်မင်ယီရဲ့black fan
တွေထဲကတစ်ယောက်သာဆို အခုအချိန်သေချာပေါက်ကို တော်တော်လေး ရှက်နေမိမှာပဲ။ တစ်စုံတစ်ယောက်က အမှန်တကယ်ကျတော့ ကောလိပ်ဝင်ခွင်ပထမ ကျောင်းသားဖြစ်နေတာကိုမြင်ရအောင် ပွဲထရှာသလိုမျိူးပဲ။ ထိပ်တန်းထူးချွန်ကျောင်းသားကို စာလေ့လာ တာနဲ့ပတ်သတ်ပြီး ဘာများပြောနိုင်သေးလဲ...ရမှတ်ပထမအဆင့်ကလူရဲ့သင်ယူမှုက ငါတို့နဲ့တူနိုင်ပါ့မလား]
[တကယ်လို့ မင်းဝမ်မင်ယီနဲ့ သွားပြီးယှဉ်ဖိုက်ဖို့စိတ်ဝင်စားချင်တယ်ဆိုရင် ပထမဆုံး မင်းမှာအနည်းဆုံးအမှတ်၇၀၀ရှိဖို့လိုတယ်လို့အကြံပေး လိုက်ပါရစေ။ ၇၀၀အောက်နည်းတဲ့အမှတ်လေးနဲ့ သွားပြီး ပွဲရှာတယ်ပေါ့ မင်းနဲ့တန်လို့လား...
ကိုယ်ကိုကိုယ်မရှက်ဘူးလား!]
[ဟား..ဟား..ဟား...အပေါ်ထပ်ကလူက အမှန်တရားတွေပြောနေတာပဲ။ ဖျော်ဖြေရေးလောကထဲမှာ ဝမ်မင်ယီရဲ့ပြိုင်ဖက်ဖြစ်နိုင်ဖို့ တစ်ယောက်တောင်ရှိလို့လား။ ငါတော့ ဒီလောက်အမှတ်မြင့်တဲ့သူတစ်ခါမှမမြင်ဖူးဘူး။]
[အမှတ်က မြင့်လွန်းတယ်။ ငါ့အမှတ် ၆၇၆ကို တော်တော်လေးမြင့်နေပြီ။ ဒါပေမဲ့ ဒီအမှတ်ကကျတော့ ငါ့ထက်ကိုအများကြီးပိုမြင့်တယ်။တော်တော် မိုက်တယ်]
Hot search ခေါင်းစဉ်ကိုဖတ်ပြီးနောက် ရှော့ရသွားသည့်လူများအုပ်စုသို့ လူများပိုပြီး၊ပိုပြီးဝင်ရောက် လာကြသည်။
[ကောလိပ်ဝင်ခွင့်ပထမဝမ်မင်ယီ] –ဤhot searchခေါင်းစဉ်ကဆက်ပြီးမြင့်တက်လာဆဲဖစ်ကာ hot search ကိုထိပ်ဆုံးသို့ ရှောက်ရှိသွားသည်အထိပင်။
ယခုတွင်ဖျော်ဖြေရေးလောကရှိ လူတိုင်းသည် ကောလိပ်ဝင်ခွင်ပထမတစ်ယောက်သူတို့ထဲတွင်ရှိနေသည်ကို သိသွားကြတော့သည်။ လောလောလတ်လတ် စာမေးပွဲဖြေထားသူ သို့မဟုတ် စာမေးပွဲဖြေရမည့်သူများစွာတို့သည် ဝမ်မင်ယီ၏ Weiboဆီသို့အပြေးသွားကာ သူတို့ကိုယ်သူတို့ရလဒ်ကောင်းကောင်းထွက်ပါစေကြောင်း ဆုတောင်းစကားများပို့ကြသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်ကမှ ဝမ်မင်ယီဝင်လာခဲ့သည့် ဤအသိုင်းအဝိုင်းတွင် နောက်ဆုံး၌ သူသည် အပြုသဘောဆောင်သည့်ကြီးမားသည့်ပေါက်ကွဲမှုများအဖြစ် မှတ်တိုင်စိုက်ထူသွားနိုင်ခဲ့လေပြီ!
ညတွင်းချင်းပင် အင်တာနက်ပေါ်မှလူအားလုံး သူ၏တည်ရှိမှုကိုသိသွားကြကုန်၏!
နောက်နေ့မနက်ခင်းဝမ်မင်ယီနှိုးလာသောအခါ တွင် မနေ့ညကစောစောအိပ်ရာဝင်သွားသည့်သူများသည် လက်ရှိအချိန်မှာ ဖရဲစေ့များ အပူတပြင်းစားနေသည်ကို တွေ့လိုက်ရသည်။
ဝမ်မင်ယီသူ၏ အတန်းဖော်အချို့ကိုကျော်လွန်ကာ မည်ကဲ့သို့ ဝိဇ္ဇာတန်းအတွက် ဝင်ခွင့်ပထမဖြစ်လာသည် ကိုဆွေးနွေးနေကြသည်။
[သူကျောင်းမှာတုန်းက သူက ဩဇာတိက္ကမ ရှိတဲ့ သူတစ်ယောက်ပဲ! မိန်းကလေးတွေကြားမှာအရမ်းရေပန်းစားတယ်။ ငါတို့အခန်းထဲမှာဆို ယောကျာ်းလေးနည်းပြီးမိန်းကလေးများတယ်။
သူက အရှင်းကြီးကိုပဲ ငါတို့အတန်းရဲ့ နိုင်ငံ့ရတနာပဲ!]
[မင်းတို့ ယုံမှာတော့မဟုတ်ဘူး ဒါပေမဲ့ဝမ်မင်ယီက သိပ္ပံမှာလည်းတအားတော်တယ်။ လူတိုင်းက
သူသိပ္ပံအတန်းကို သွားမယ်လို့ထင်ကြတာ... ဒါပေမဲ့ သူအဲ့ဒီအစား ဝိဇ္ဇာထဲကိုဝင်သွားမယ်လို့တော့ မမျော်လင့်ထားကြဘူး ။ သူအထက်တန်းဒုတိယနှစ်တုန်းကဆိုရင် ငါတို့ကျောင်းကိုကိုယ်စားပြုပြီး သချာ်ပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီးတော့
ပထမဆုတောင်ရခဲ့သေးတယ်]
[ငါတို့ကျောင်းက ကျောင်းသား(ယောကျာ်းလေး) တွေရဲ့ အရည်အသွေးက အမြဲတမ်းလိုလိုမြင့်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီနှစ်ကျတော့ သူတို့အကုန်လုံးက
တအားကိုတော်ကြတာ။ ငါတို့ နံပါတ်တစ်ကျောင်းမြက်ခင်းလေးရွေးရမဲ့အချိန်လည်းရောက်ရော တော်တော်လေးရယ်စရာဖြစ်သွားတယ်။သူတို့အကုန်လုံးက သိသိသာသာကို အရမ်းတွေထူးချွန်နေတယ် —အကုန်လုံးကခပ်ချောချောကောင်လေးတွေချည်းပဲလေ...သူတို့ထဲကနေဘယ်လိုရွေးရမှာလဲ?]
တစ်စုံတစ်ယောက်က အံ့ဩတကြီးဖြင့်မေးလိုက်သည်။
["သူကဒီလိုပုံစံမျိူးကြီးလာတာလေ..အဲ့ဒါတောင် အဲ့မှာသူကိုယှဉ်နိုင်တဲ့သူတွေရှိသေးတာတဲ့လား]
[ဘာလို့လဲဆိုတော့ ငါ့တို့ကောင်လေးတွေရဲ့ အရည်အသွေးက တော်တော်လေးမြင့်လို့လေ။
ဝမ်မင်ယီက ဝိဇ္ဇာခန်းကလေ။ သိပ္ပံ ခန်းထဲမှာဆို
ကောင်ချောလေးနှစ်ယောက်ရှိပြီးသား။ အဲ့အကြောင်းပြောရမယ်ဆိုရင် ငါတို့နှစ်က တကယ်ကိုအကောင်းဆုံးနှစ်ပဲ။ ဝိဇ္ဇာရော ၊သိပ္ပံရော နှစ်ခုလုံးက ထူးချွန်ကျောင်းသားတွေက ငါတို့ကျောင်းကချည်းပဲလေ။ ငါတို့ကျောင်းကဆရာတွေနဲ့ အတန်းဖော်တွေက အချိန်အတော်ကြာအောင် ပျော်နေခဲ့ကြတာ"]
ဝမ်မင်ယီက စိတ်ထဲအနည်းငယ်ထိရှစွာဖြင့် ဖတ်လိုက်သည်။
သူသည် တစ်ခါတလေတွင် သူကစိတ်သဘောထားကြီးသူမဟုတ်ဟုခံစားရသည်။ သို့ပေမဲ့ သူ၏ကံသည်ကား ငယ်ရွယ်စဉ် အချိန်ကတည်းက စစ်ကျွင်းတောက်နှင့်တွေ့ဆုံခဲ့ရသည့်အတွက် ကောင်းလွန်းလှ၏။ စစ်ကျွင်းတောက်နှင့် ကတောက်ကဆဖြစ်ခဲ့သည့် သုံးနှစ်တာအတွင်းတွင်လည်း သူ၏သူငယ်ချင်းကောင်းများကိုဆုံတွေ့ခဲ့ရသည်။ ယခုသူဖျော်ဖြေရေးလောကထဲသို့ဝင်လာချိန်တွင်ပင် အတန်းမတက်ဖြစ်လုနီးပါးဖြစ်သော်လည်း သူ့ကိုအချိန်ပေးဂရုစိုက်ကာ ကူညီပေးသည့် ကျန်းဟမ့်ရှိနေခဲ့သည်။
သူတစ်ခါက စစ်ကျွင်းတောက်ကို သူနှင့်တစ်ကျောင်းတည်းတက်ရသည်ကို မုန်းကြောင်းပြောခဲ့ဖူးပါသည်။ သို့သော် အမှန်တွင်ကား သူအမြဲလိုလိုပင် အမှတ်(၁)အထက်တန်းကျောင်းကို သဘောကျခဲ့ပါသည်၊ အထက်တန်းတုန်းကဆရာ/မများကိုလည်းသဘောကျသည်၊ အတန်းဖော်များကိုလည်းသဘောကျသည်၊ ကျောင်းပြီးသွားသည့်အချိန်တွင်ပင် လူတိုင်းကတစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်နေကြဆဲဖြစ်သည်ကို လည်းသဘောကျပါ၏။ တစ်နည်းအားဖြင့် ပြောရပါလျှင် စစ်ကျွင်းတောက်၏ ရွေးချယ်မှုများသည် အမြဲဆိုသလို မှန်ကန်ခဲ့လေသည်။ စစ်ကျွင်းတောက်၏နောက်မှလိုက်ရင်း သူ၏ခြေလှမ်းတိုင်း,အတိုင်း လျှောက်သွားကာ သူသည် အမြဲပင်တည်ငြိမ်မှုရှိခဲ့သည်ပင်။
ဝမ်မင်ယီက ကော်လိပ်ဝင်ခွင့်ပထမဖြစ်သည်ကို
ရှာဖွေမှုစာရင်း၏ထိပ်ဆုံး၌ ကျန့်ဖုန်းတွေ့လိုက်ရသည်အခါတွင် အတော်ပင်တုန်လှုပ်သွားကာ မျက်ဖြူလန်ပြီးမူးလဲချင်သွားသည်။
ဒီကောင်ကဘယ်သူလဲ..ဟ!ပြိုင်ပွဲမှာ ပထမရတယ်!စာလေ့လာတဲ့နေရာမှာ ပထမရတယ်! ဒီလိုလူမျိူးက ဘယ်လိုလုပ်ရှိနိုင်တာလဲ! သေမျိူးကမ္ဘာမှာဒီလိုအရည်အချင်းတွေပဲရှိတယ်လို့ သူ့ကိုသွားပြောရမှာလား...
ကျန့်ဖုန်းသည် စိတ်ဓာတ်ကျသွားသော်လည်း သူ့ကိုယ်သူ အလျင်အမြန်ပင် နှစ်သိမ့်လိုက်၏။မေ့လိုက်တော့... ပြိုင်ပွဲမှာ သူက ဝမ်မင်ယီနဲ့မယှဉ်နိုင်တာ မဆန်းတော့ဘူး။ တကယ်ကို ထိုက်တန်ပါတယ်။
သူက ဝမ်မင်ယီဆီသို့ Wechatမက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်—[ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမပေါ့...တော်တော်ကောင်းတယ်။ မင်းရဲ့အဆင့်တွေဘယ်လောက်မြင့်မြင့်ကိစ္စမရှိဘူး၊ ငါလိုမဟုတ်ဘဲ မင်းက အိမ်မှာစာတမ်းတစ်ခုအတွက်စောင့်နေရဦးမှာ။ ငါကတော့ မဂ္ဂဇင်းတစ်ခုသွားရိုက်တော့မယ်။ ပထမအဆင့် အမျိုးသားမဂ္ဂဇင်းလေ..မင်းမှာရောရှိရဲ့လား...]
ဝမ်မင်ယီသည် လက်ရှိအချိန်၌ မနက်စာစားနေခြင်းဖြစ်ပြီး ထိုစာကိုမြင်လိုက်ချိန်တွင် သူကချက်ချင်းအကြောင်းပြန်လိုက်၏—[ငါမှာမရှိဘူး...ဝူး..ဝူး..ဝူး[😭]
ကျန်းဖုန်း သူ့စိတ်ထဲတွင် အနည်းငယ်ဂုဏ်ဆာသွားသော်လည်း ထိုနောက် သူဝမ်မင်ယီ၏ ဒုတိယမက်ဆေ့ခ်ျကိုမြင်လိုက်ရ၏
[—ငါမှာ ဒါရိုက်တာယွီရှန်ဝမ်းနဲ့ စီနီယာခန်းကျဲတို့ပဲရှိတယ်။ငါက
နိမ့်ပါးလွန်းတယ်[😞]
ကျန့်ဖုန်း : ...
ကျန့်ဖုန်းက သူ့စိတ်ထဲတွင် ကြုံးဝါးလိုက်သည်—[မင်းမှာ ယွီရှန်ဝမ်းနဲ့ခန်းကျဲရှိပြီသားလေ။... မင်းကအဲ့ဒါကိုဘာသောက်ကြောင်းကြောင့် နိမ့်ပါးတယ်လို့ထင်နေတာလဲ! မင်းနှိမ့်ပါးတယ်လို့ခံစားနေရရင် ငါ့ကိုပေးလိုက်လေ! ငါမင်းနဲ့လဲပလိုက်မယ်!]
ထို့နောက်သူ ဝမ်မင်ယီပို့လိုက်သည့်ဟာကိုမြင်ရလိုက်ရ၏—[ဟဲ..ဟဲ..ဟဲ]
ကျန့်ဖုန်း: ...
ကျန့်ဖုန်း စားပွဲကိုကြမ်းတန်းစွာလှန်ပစ်လိုက်သည်!ဝမ်မင်ယီ...ဒီမူလတန်း ကြက်ပေါက်စက
ဒါကိုတမင်လုပ်နေမှန်းသူသိတာပေါ့!
ကျန့်ဖုန်း သည်ဖုန်းကိုစားပွဲပေါ်သို ဘမ်းခနဲမြည်အောင် ပစ်ချလိုက်သည်။စားပွဲနား တွင်ထိုင်နေသည့် လူသုံးယောက်လုံး အလန့်တကြားဖြစ်သွားကြကုန်သည်။ သူတို့သည် ကျန့်ဖုန်းက ဖုန်းကိုကောက်ယူလိုက်ပြီး ပျာယာခတ်နေသည့်ပုံစံဖြင့် ယန်ချီကိုဖုန်းခေါ်လိုက်သည်ကိုတွေ့လိုက်ရ၏—
"အစ်မ လုပ်နိုင်လား..မလုပ်နိုင်ဘူးလား။ဝမ်မင်ယီဘက်မှာ ဆက်တိုက်ကို ရုပ်ရှင်နဲ့ TVကမ်းလှမ်းတွေ ထောက်ပံ့ပေးနေပေမဲ့ ဒီဘက်မှာကျတော့ ဝဘ်ဒရာမာလေးတစ်ခုတောင်မရှိဘူး။ ယန်ကျဲ..အေးဂျင့်တစ်ယောက်အနေနဲ့ အစ်မ မလုပ်နိုင်ဘူးလား..."
ယန်ချီက hot search ကိုကြည့်နေရင်း ဒေါသတကြီးတုန့်ပြန်လိုက်၏။
"မင်းက ကောလိပ်ဝင်ခွ့င်စာမေးပွဲမှာအမှတ် ၇၀၀ ရလို့လား။ဝမ်မင်ယီက ကောလိပ်ဝင်ခွင့်အမှတ်၇၃၁မှတ်ရခဲ့တာ။ အမှတ်၇၀၀တောင်မရဘဲ ၇၃၁မှတ်လိုဆက်ဆံခံရချင်တာလား..."
"ဘယ်တုန်းကများ ဒီအသိုင်းအဝိုင်းကရမှတ်တွေကို ကြည့်ခဲ့ဖူးလို့လဲ။ ကျွန်တော်တို့က ပွဲဦးထွက်ပြီးနေပြီ။ဖန်တွေရဲ့သစ္စာရှိမှုကလည်းတော်တော်လေးမြင့်တယ်။ ကျွန်တော်တို့နောက်ထပ်တစ်နှစ်
စောင့်နေရင် အသစ်လေးတွေထွက်တဲ့အချိန်ကျ
ကျွန်တော်တို့မှာ ရုပ်ရှင်ဒါမှမဟုတ် TVဒရာမာအခွင့်အလမ်းတွေတစ်ခုမှ ရှိမနေဘူးဆိုရင် အစ်မလည်းကျွန်တော်တိုနဲ့အတူတူ ပြိုလဲသွားမှာနော်..."
ကျန့်ဖုန်းက စကားပြော၍ပြီးသည်နှင့်ဒေါ်သတကြီးဖုန်းချလိုက်သည်။
လုစုန့်ကသူ့ကိုဖြောင့်ဖြလာသည်။
"ဝမ်မင်ယီက ကျောင်းယန်နဲ့ စာချူပ်ချူပ်ထားတာ။ ကျောင်းယန်မှာ ရုပ်ရှင်နဲ့TVအရင်းအမြစ်တွေအများကြီးရှိ တယ် အဲ့တော့ သူဒီလိုအခွင့်အလမ်းတွေဆက်တိုက်ရတာက ပုံမှန်ပါပဲ။ ယန်ချီဆီမှာ အဲ့လိုအရင်းအမြစ်တွေမရှိဘူးလေ..အဲတော့ ပုံမှန်အတိုင်းပဲငါတို့စောင့်ရုံရှိတာပေါ့..."
"ငါနားလည်တယ်... "
ကျန့်ဖုန်း ကပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ကစောင့်နိုင်ရင်တောင်မှ စျေးကွက်ကစောင့်နိုင်ပါ့မလား။ ဖျော်ဖြေရေးလောကက သူကိုယ်သူသွေးသစ်လောင်းတာက မြန်လွန်းတယ် ။ မင်းကဆက်ပြီးတိုးတက်မလာဘူးဆိုရင် မင်းရှုံးနိမ့်သွားမှာပဲ ၊ငါတို့ဖန်အသစ်တွေမရတော့ဘူးဆိုရင် ငါတို့ဖန်တွေဆုံးရှုံးရလိမ့်မယ်..."
သူထိုစကားကိုပြောပြီးနောက်တွင် လူတိုင်းတိတ်ဆိတ်သွားကြပြီး စားပွဲထက်ရှိမနက်စာကလည်း အနံ့ မမွှေးတော့ပါချေ။
လေထုကရုတ်တရတ်အလေးအနက်ဖြစ်လာသည်ကို စုန့်ဟယ်တွေ့လိုက်သည့်အတွက် အီကြာကွေးတစ်ချောင်း ကိုယူလိုက်ပြီး ကျန့်ဖုန်း၏ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
"အရင်ဆုံးစားကြတာပေါ့။ ပြီးရင်ငါတို့ မဂ္ဂဇင်းအတွက် ရိုက်ကူရေးလုပ်ရဦးမယ်လေ..."
"မင်းကခုထိစားနိုင်သေးတာလား။ဓာတ်ပုံကမင်းကိုရေပုံးတစ်ပုံးလို့ ထင်အောင်လုပ်မှာကိုမကြောက်ဘူးလား..."
စုန့်ဟယ်က အေးအေးဆေးဆေး ပြန်ပြောလာ၏။
"မဂ္ဂဇင်းရိုက်ကူးရေးတစ်ခု လုပ်တာက စွမ်းအင်လိုအပ်တယ်။ ရိုက်ကူးရေးလုပ်နိုင်ဖို့ ငါစားမှရမယ်"
"မင်းကအရမ်းကိုကျေနပ်နေတယ်ပေါ့ ။ပြိုင်ပွဲထဲမှာတုန်းက မင်းနဲ့ဝမ်မင်ယီက တခြားသူတွေထက်ပိုပြီးသာတဲ့သူတွေလေ။ အခုသူ့မှာ ရုပ်ရှင်နဲ့TVအရင်းအမြစ်တွေပိုပြီးများနေပြီ။မင်းမရှက်ဘူးလား..."
"ဒါဆို မင်းရှက်နေတာအဲ့ဒါကြောင့်ပေါ့။ မင်းရှက်လို့ဒေါသထွက်နေတာလား..."
စုန့်ဟယ်က မေးလိုက်သည်။
ကျန့်ဖုန်းက ချက်ချင်းပင်းထပေါက်ကွဲတော့သည်။
"ငါကဘယ်လိုလုပ်ရှက်ပြီးဒေါသထွက်ရမှာလဲ။
သူကငါဒေါသနဲ့ တန်လို့လား! စား! စကားမများစမ်းနဲ့..."
စုန့်ဟယ် :" တကယ်ကိုရှက်ပြီးဒေါသထွက်နေတာပဲ..."
စုန့်ဟယ်ကတော့ ဘာမှ မှားသည်ဟုမထင်ပေ။
လူကြိုက်နည်း တဲ့လူက ချီးမွမ်းမှုကိုအားကိုးရပြီးတော့ လူကြိုက်များတဲ့လူက ကံကြမ္မာကိုအားကိုရတယ်..။သူတို့သည်အခွင့်အလမ်းတိုင်းကိုဆုပ်ကိုင်နိုင်ရန် အပြင်းအထန်ကြိုးစားရပြီး အရင်းအမြစ်ပြောင်းလဲမှုနှုန်းက မနိမ့်ပါချေ။
ဤသည်မှာ သူတို့၏ စွမ်းရည်ရှိသမျှအကောင်းဆုံးအောင်မြင်အောင် ကြိုးစားလုပ်ဆောင်ခဲ့ခြင်းပင်။ကျန်သည်ကတော့ ကံကြမ္မာပေါ်မူတည်လေသည်။
ဤနေရာတွင်ဝမ်မင်ယီနှင့် သွား၍နှိုင်းယှဉ်ရန်မလိုအပ်ပါချေ။ သူသည် တခြားမတူညီသည့်ကုမ္ပဏီတစ်ခုဖြင့်စာချူပ်လက်မှတ်ထိုးပြီးကတည်းကပင် သူနှင့်ဝမ်မင်ယီတို့အကြားတွင် မည့်သည့်နှိုင်းယှဉ်မှုမျှမရှိတော့ပေ။အမှန်တွင် ဤသည်မှာ လူနှစ်ဦးကြားကနှိုင်းယှဉ်မှုမဟုတ်တော့ဘဲ ကုမ္ပဏီ နှစ်ခုကြား နှင့် အေးဂျင့်နှစ်ယောက် ကြားရှိနှိုင်းယှဉ်မှုဖြစ်လေသည်။ စုန့်ဟယ်သည်
သူတို့တွင်ရှိသည့်အရာများ တစ်ခုမျှမရှိသောသူနှင့်နှိုင်းယှဉ်ပါက သူတို့ကအများကြီးပိုကောင်းနေပြီးသားဖြစ်သည်ဟုတွေးမိသည်။
သူက ဝမ်မင်ယီဆီသို့ Wechat မက်ဆေ့ခ်ျတစ်ခု
ပို့လိက်သည်—( ရိုက်ကူးရေးမှာကံကောင်းပါစေကွာ!)
ဝမ်မင်ယီက သူ့ကိုမေးလိုက်သည်—(ကျန့်ဖုန်းက စိတ်ဓာတ်ကျနေပြန်ပြီလား)
စုန့်ဟယ်က ကူရာမဲ့စွာဖြင့်စာပြန်ပို့လိုက်သည်—(မင်းဘယ်လိုထင်လဲ)
ဝမ်မင်ယီက အော်ရယ်မိလိုက်သည်။သူရဲ့ပျော်ရွင်နေသည့် စိတ်အခြေအနေလေးက ကျန့်ဖုန်းကို
စပြီး အနိုင်ကျင့်နေကတည်းက ကြီးထွားလာတာဖြစ်၏။
သူစုန့်ဟယ်ကို စာပြန်လိုက်သည်—(မင်းရဲ့မဂ္ဂဇင်းရိုက်ကူးရေးအတွက်လည်း ကံကောင်းပါစေကွာ)
စုန့်ဟယ်: ( အင်း)
ဝမ်မင်ယီ: ( ငါမှာသင့်တော်တဲ့ ရုပ်ရှင်ဒါမှမဟုတ် ဒရာမာအရင်းအမြစ်တွေရှိရင် ငါမင်းကို ထောက်ခံပေးမယ်။)
စုန့်ဟယ်:( ကျန့်ဖုန်းကိုပဲထောက်ခံပေးလိုက်ပါကွာ...ငါကအရမ်းကြီးစိတ်ပူမနေပါဘူး)
ဝမ်မင်ယီ ထိုအကြောင်းကိုစဉ်းစားလိုက်သည်။ထိုဟာကအမှန်ပင်။ တကယ်လို့စုန့်ဟယ်ကိုထောက်ခံပေးလိုက်လျှင် ကျန့်ဖုန်းက ဝမ်မင်ယီ လုပ်ပေးမှန်းသိလိမ့်မည်ဖြစ်ကာ အမြင့်မသင့်တော်မည်ကား သေချာပေါက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ၏ခံစားချက်များထိခိုက်သွားပါက စုန့်ဟယ်အတွက်လည်းကောင်းမည်မဟုတ်ပေ။
ဒါပေမဲ့ ကျန့်ဖုန်း ကိုထောက်ခံပေးဖို့...
ရူးနေမှပဲကျန့်ဖုန်းကိုထောက်ခံပေးလိမ့်မယ်!ကျန့်ဖုန်း ကိုတော့မဖြစ်နိုင်ဘူး...ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူး...
ဝမ်မင်ယီ 🙁 တကယ်လို့ ငါ့သားနေရာကနေသရုပ်ဆောင်ဖို့လူလိုတယ်ဆိုရင်တော့... ငါသူ့ကိုထောက်ခံပေးလိုက်မယ်[😎])
စုန့်ဟယ်: ...
စုန့်ဟယ်သည် ဤWechatမက်ဆေ့ခ်ျကို ကျန့်ဖုန်း ဘယ်တော့မှမြင်၍မဖြစ် ဟုတွေး မိလိုက်သည်။
နှစ်ရက်ကြာပြီးနောက် ချန်လုသည် ဝမ်မင်ယီအား ရိုက်ကူရေးစချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ ဝမ်မင်ယီလည်းရွေးချယ်စရာမရှိပဲ သူငယ်ချင်းများကိုနှုတ်ဆက်ပြီး ချန်လုနှင့်သူ၏လက်ထောက်နောက်သို့လိုက်ကာ ရိုက်ကူးရေးနေရာသို့သွားရန် လေယာဉ်ရှိရာသို့လာ သည်။
တစ်ချိန်တည်းမှာပင် ဝမ်မင်ယီ နှင့်အတူလိုက်ရန်ခေါင်းမာနေသော စစ်ကျွင်းတောက်သည်လည်း သူ၏ဘေးတွင်ပါလာ၏။
"ရိုက်ကူးဖို့အချိန်တစ်ပတ်ပဲကြာမှာပါ...တစ်ပတ်တည်းတင်။တောင်ကမြင့်ပြီးတော့ လမ်းကလည်းဝေးသေးတယ်။ ဥက္ကဋ္ဌစစ် ရှင်,တကယ်ကိုလိုက်လာစရာမလိုမပါဘူး..."
ချန်လုက စိတ်ရင်းကောင်းဖြင့် ဖြောင့်ဖြလိုက်သည်။
သို့သော်ငြား ဥက္ကဋ္ဌစစ်ကဆုံးဖြတ်ပြီးသားဖြစ်နေ၏။ သူ့အတွက်လေယာဉ်လက်မှတ်ပင် ဖြတ်ပြီးနေပြီဖြစ်သည်။
ချန်လုလည်း ဘာမျှကိုမပြောနိုင်တော့ပေ။သူမသည် သူနှင့်အတူ လမ်းဆက်လျှောက်ရုံသာရှိတော့ သည်။
ယွီရွှမ်ဝမ်၏ အများပြည်သူဝန်ဆောင်မှုကြော်ငြာသည် ကျေးလက်ပညာရေးနှင့်ပတ်သတ်သည့်ကြော်ငြာဖြစ်ပြီး ပညာရေးအမွေဆက်ခံမှု ကိုမြင့်တင်ရန်ဖြစ်သည်။ ထို့ကြောင့်
ရိုက်ကူရေးနေရာသည် ဤတစ်ကြိမ်တွင် တောင်ပေါ်ရွာလေးတစ်ရွာဖြစ်၏။ သူတို့သည် လေယာဉ်ပေါ်မှဆင်းကာ ဘက်စ်ကားစီးပြီး ရွာငယ်လေးတည်ရှိရာခရိုင်သို့ ခရီးဆက်ကြသည်။
ဝမ်မင်ယီသည်ချန်လုနောက်မှလိုက်ကာ ရိုက်ကူးရေးအဖွဲ့ကြိုတင်စာရင်းသွင်းထားသည့် ဟိုတယ်ထဲသို့ ဝင်လိုက်သည်။ သူဟိုတယ်ထဲဝင်လိုက်သည်နှင့် သူ့ရှေ့တွင်လမ်းလျှောက်နေသော အမျိူးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုအမျိူးသားသည် အရပ်ရှည်ပြီး ဖြောင့်တန်းသောခန္တာကိုယ်ရှိကာ သူ၏မျက်နှာသည် သူရဲကောင်းဆန်သောအလှကို ခံစားရစေ၏။သူသည် နေကာ မျက်မှန်တစ်လက်ကိုဝတ်ဆင်ထားပြီး အများသူငှာထက်သာလွန်သည့်ခံစားချက်ကို ပြသနေသည်။
ဝမ်မင်ယီ၏မျက်လုံးလေးများက တောက်ပလာသည်။
အဲ့ဒီလူက ခန်းကျယ် ပဲ!ရုပ်ရှင်ဧကရာဇ် ခန်းကျယ်..
xxxxx
စာရေးသူမှာပြောစရာရှိပါတယ် —
မင်မင်၏မျက်လုံးများကတောက်ပသွားပြီး ကောကော၏မျက်လုံးများက မှောင်မဲသွားလေ၏။
ကောကော: ဘာလို့တောက်ပသွားတာလဲ...မင်းကမီးသီးတစ်လုံးလား...ငါ့အတွက်သွားမှောင်လိုက်စမ်း!
(Lol)
မင်မင်: [ဘာမှမသိဖြူစင်နေ ]