အပိုင်း ၄၉
Viewers 12k

လူရွေးပွဲ ပြီးသွားချိန်တွင် လူတော်တော်များများ X City ကို ပြန်သွားကြလေသည် ။
ကြော်ငြာသည် တစ်ပတ်အကြာတွင် ရိုက်ကူးရန် စီစဉ်ထားလေသည်။ ဆိုလိုသည်မှာ ဝမ်မင်ယီ သည် အိမ်တွင် တစ်ပတ်အနားယူခွင့်ရှိပေမည် ။ လုယွင်ဖေး နှင့် လီယွမ်ချင်း တို့သည်လည်း အားလပ်ရက်တွင် ပြန်လာခဲ့ကြသည်။ မတွေ့တာကြာပြီဖြစ်သည့် ဤလူတစ်စုသည် အတူစုဆုံဖြစ်ခဲ့ကြသည်။ အချိန်သည်ကား အလျင်အမြန်ပင် ကုန်ဆုံးသွားပြီး မကြာမီတွင် စာမေးပွဲ အောင်စာရင်း ထွက်သည့်နေ့သို့ရောက်ရှိလာတော့သည်။
ဝမ်မင်ယီက ကျောင်း၏ဝဘ်ဆိုဒ်သို့ ဝင်ရောက်ပြီး သူ၏အဆင့်များကိုကြည့်ရန် ကျောင်းသား ID နှင့် အထောက်အထား အချက်အလက်များကို ထည့်သွင်းခဲ့သည်။ သူမျှော်လင့်ထားသလိုပင် ဤတစ်ကြိမ်တွင် သူ၏ရလဒ်များက အတော်လေး ကောင်းမွန်ခဲ့လေသည် ။ အတန်းအဆင့်သတ်မှတ်ချက်၏ကော်လံအောက်တွင်၊ ရှင်းရှင်းလင်းလင်းဖော်ပြထားကား—၁ ဟူသည်။
ကျန်းဟမ့်က WeChat မက်ဆေ့ခ်ျပို့ပြီး မေးသည်-(စာမေးပွဲ ရလဒ်တွေ ထွက်လာပြီ၊ ဝင် ကြည့်ပြီး ပြီလား။ မင်းအဆင့်ဘယ်လောက်ရလဲ ။)
ဝမ်မင်ယီ၏ခွေးခြေဖဝါးလေးများ က ကီးဘုတ်ကို ဆောင့်ကန်ပြီး ပြန်ဖြေလိုက်သည်- (ငါကြည့်ပြီးပြီ ။ အိုခေနေတုန်းပဲ)
ကျန်းဟမ့်(: နံပါတ်ဘယ်လောက်လဲ..)
ဝမ်မင်ယီ ပြုံးလိုက်သည်။ ဟက်စကီးခွေးလေး၏ မျက်နှာတွင် ဉာဏ်များပြီး ဆန်းကြယ်သော အပြုံးတစ်ခုဖြစ်ပေါ်သည် ။ စစ်ကျွင်းတောက်သည် သူ့မျက်လုံးများကို ပင့်ကြည့်လိုက်ရာတွင် သူနှင့်မျက်နှာချင်းဆိုင်ရှိ ထို့သို့မိုက်မဲသည့် မျက်နှာထားဖြင့် သူ့ကိုယ်သူဂုဏ်ယူစွာပြုံးနေသည့် ဟက်စကီးတစ်ကောင်ကိုတွေ့လိုက်သည်။
စစ်ကျွင်းတောက် :…
ဝမ်မင်ယီ က ကျန်းဟမ့်ကို ပြန်ဖြေလိုက်သည်။
(—သာမန်ပါပဲ၊ နံပါတ် ၁)
Semester တစ်ခုလုံးပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသည့်ကျန်းဟမ်: "... "
ကျန်းဟမ့် 🙁 တစိတ်လောက်ခွင့်ပြုပါဦး..နှုတ်ဆက်ပါတယ်။ နှစ်ဦးအတွက်ပါ ကြိုပြီးနှုတ်ဆက်ခဲ့တယ်နော် ဘိုင့်ဘိုင်)
ဝမ်မင်ယီသည် သူ့ဆီသို့emoticonတစ်ခုပို့လိုက်ပြီး ခွေးခြေဖဝါးလေးဖြင့် မောက်စ်ကို နှိပ်ကာscreen shot ရိုက်ရန် ပြင်ဆင်နေသည်။
(T/N—emoticonက ဒါမျိူးလေးတွေကိုပြောတာပါ{ :- ) , :"( } )
သို့သော်၊ သူသည် screen shot ရိုက်၍မရသောကြောင့် စစ်ကျွင်းတောက်ကို မက်ဆေ့ခ်ျပို့လိုက်သည်- ကျွန်တော့်ကိုကူပြီး screen shotရိုက်ပေးပါဦး~
စစ်ကျွင်းတောက် သည် သူ့ကွန်ပြူတာတွင် ရုတ်တရက် Wechat icon တစ်ခုဖြတ်ခနဲပေါ်လာသည် ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်သည်နှင့် ထိုစာကို မြင်လိုက်ရ၏။ သူ ခေါင်းကို မော့ကြည့်လိုက်ရာတွင့် သူနှင့်မျက်နှာချင်ဆိုင်ရှိ
သွားဖြီးကာပြုံးရယ်ပြနေသော ဟက်စကီးလေးကိုတွေ့လိုက်ရသည်။
သူ့ကိုရူးကြောင်ကြောင်ပုံစံလေးနဲ့ပြုံးပြနေလေရဲ့ ။
စစ်ကျွင်းတောက်သည် မတ်တပ်ထရပ်ပြီး သူ့ဆီ လျှောက်သွားလိုက်သည်။ သူကဝမ်မင်ယီ ကိုပြောလိုက်၏။
"ငါမင်းနဲ့ တစ်ခန်းတည်းမှာရှိနေတယ်မလား ...ဒီတိုင်းတိုက်ရိုက်ခေါ်လိုက်ရုံနဲ့တင်ရပါတယ် WeChat ကနေ ပို့စရာမလိုပါဘူး...”
ဝမ်မင်ယီသည်ကီးဘုတ်နှင့်အကျွမ်းတဝင်ရှိပြီး သွားပြီဖြစ်ကာ သူကပြန်ဖြေလိုက်၏—( စာရိုက်ရတာက ပိုမြန်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကောကိုခေါ်ပြီးသွားရင်တောင် ကျွန်တော် ပြောချင်တဲ့ စကားတွေကို စာရိုက်ပြရဦးမှာပဲလေ)
စစ်ကျွင်းတောက် ဘာမှပြန်မပြောနိုင်ပဲ ဘယ်ပုံကို screen shot ရိုက်ရမှာလဲဟုသာ မေးလိုက်တော့ သည်။
ဝမ်မင်ယီက စာမေးပွဲ အဆင့်များကို ပြသနေသည့် ကွန်ပျူတာမျက်နှာပြင်ကို ညွှန်ပြလိုက်သည်။
စစ်ကျွင်းတောက်သည် ပထမနေရာရှိနာမည်ကိုမြင်လိုက်ရသည်။ အံ့သြတကြီးဖြင့် သူသည် သူ့ခွေးလေး၏ခေါင်းကို ပွတ်ပေး ပြီး အသံကျယ်ကျယ်ဖြင့် ချီးမွမ်းလိုက်၏။
“မင်းလုပ်နိုင်ခဲ့တယ်! တကယ်ကြီးကို စာမေးပွဲမှာ ပထမရခဲ့တာပဲ..."
ဝမ်မင်ယီက ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည် - (ဒါပေါ့ )
ဝမ်မင်ယီ: (ကျွန်တော် စကောလားရှစ်ပိုက်ဆံရရင်ကောကို ညစာစားဖို့ ဖိတ်လိုက်မယ်~)
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။
“ကောင်းပြီ။”
သူသည် ဝမ်မင်ယီအား ပုံကို screen shotရိုက်ပြီး ဒက်စတော့ပေါ်မှာ သိမ်းဖို့ ကူညီပေးလိုက်သည်။
ဝမ်မင်ယီ သည် သူ၏ Weibo အကောင့်သို့ ဝင်လိုက်ပြီး ဓာတ်ပုံတစ်ပုံကိုစာရေးပြီး တင်လိုက်သည်— စာမေးပွဲရလဒ်တွေက သိမ်မဆိုးဘူး [Happy][Happy][Happy]
မကြာခင်မှာပင် သူ့၏Weibo ကို screenshotရိုက်ပြီး ဖိုရမ်မှာအတင်ခံလိုက်ရ၏။
《ဝမ်မင်ယီက Weibo မှာ တင်ထားတာ !သူ့ရဲ့ နောက်ဆုံး စာမေးပွဲရလဒ်တွေ ထွက်လာပြီ! 》
" Fuck! ဝမ်မင်ယီက ဒီတစ်ကြိမ် နောက်ဆုံး စာမေးပွဲမှာ ပထမရတယ်ပေါ့! ဒီအမှတ်တွေက ယုံရပါ့မလား!"
《အတန်းမတက်တဲ့လူက စာမေးပွဲမှာ ပထမနေရာကို ဘယ်လိုရ သွားတာလဲ။ ငါတို့လိုဂရုတစိုက်နဲ့ အတန်းမှန်မှန်တက်တဲ့ ကျောင်းသားတွေအတွက် ဒါကြီးကလုံးဝ မတရားဘူးနော်။)
မည်သည့် ဖိုရမ်ပို့စ်ကိုမဆို ရိုးရိုးလေး ကလစ်တစ်ချက်နှိပ်ရုံဖြင့် ဝမ်မင်ယီသည်ဖြတ်သွားဖြတ်လာများကထိုကိစ္စကို တက်ကြွစွာ ဆွေးနွေးနေကြသည်ကို တွေ့ နေရသည်။
(တကယ်! ပထမနေရာ... ဒီပုံက ဖိုတိုရှော့ တော့ မဟုတ်ဘူးမလား။)
(သူသာ ဒီနည်းနဲ့ ပထမနေရာကို ယူနိုင်ခဲ့ရင် Xတက္ကသိုလ်က တော်တော်လေးစိတ်မချရဘူးဆိုတာကို ပြနေတာပဲ)
'မဖြစ်နိုင်ဘူး။ Xတက္ကသိုလ်က ဝါရင့်ပြီး ဂုဏ်သိက္ခာရှိတဲ့ ကျောင်းပါ။နိုင်ငံရဲ့ ထိပ်ဆုံးငါကျောင်းထဲကတစ်ခုအဖြစ်ရပ်တည်နေတာ... ဒီလောက်မယုံရတာတော့မဖြစ်နိုင်ဘူးမလား)
(Semesterတစ်ခုလုံး အတန်းမတက်တဲ့ ဝမ်မင်ယီက စာမေးပွဲမှာ ပထမနေရာကို ဘယ်လိုရခဲ့တာလဲဆိုတာ ငါတကယ်နားမလည်ဘူး။ ဒါက သိပ္ပံနည်း မကျတော့ဘူး!)
(အရင်တုန်းက ဝမ်မင်ယီက ဝိဇ္ဇာတန်းကလို့ အကုန်လုံးပြောခဲ့ကြတယ်လား။ ဝိဇ္ဇာတန်းအတွက်က စာမေးပွဲမဖြေခင် ဂရုတစိုက်ကျက်ဖို့ပဲလိုတယ်။)
(ဝိဇ္ဇာတန်း မှာ သင်္ချာဆက်မသင်ရဘူးလား)
(အပေါ်ထပ် ကို ပြန်ဖြေရမယ်ဆိုရင်တော့ ငါကဝိဇ္ဇာတန်းကပါ ၊ငါတော့ အဆင့်မြင့်သင်္ချာလည်းမသင်ရဘူး၊ မျဉ်းကြောင်း အက္ခရာသင်္ချာကိုလည်း မသင်ရဘူး၊ သင်္ချာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုမသင်ရပါဘူးနော် )
“l(ဒီပို့စ်တင်သူကို ငါမနာလိုလိုက်တာ)
ဝမ်မင်ယီ၏ ဖန်များကလည်း ဤကိစ္စနဲ့ ပတ်သက်ပြီး စိတ်ရှုပ်သွားကြပါ၏။ ဝမ်မင်ယီ နောက်ဆုံး စာမေးပွဲ ဖြေကတည်းကသူတို့သည် ဝမ်မင်ယီက ဆိုးဆိုးရွားရွားတော့ကျမှာမဟုတ် ဟု ခံစားခဲ့ရသည်။ သို့သော်၊ ဆိုးဆိုးရွားရွား ရမှတ်မဟုတ်ခြင်းနှင့် ထိပ်ဆုံးရမှတ်ဖြစ်ခြင်းတို့ယှဉ်ကြည့်လျှင် အလွန်ကွဲပြားခြားနားသော သဘောတရား နှစ်ခုဖြစ်သည်။
ဝမ်မင်ယီသည် ညနေပိုင်းရောက်ချိန် တွင် သူ၏ရလဒ်များကို Weibo တွင် ရုတ်တရက်ထတင်ခဲ့သည်။ဖန်များသည် သူတို့၏ အံ့အားသင့်သွားမှုမှုများမှပြန်လည်တည်ငြိမ်မှုရပြီးသည့်နောက်တွင်ကား နောက်ထပ် တုံ့ပြန်မှုများ ရှိမလာတော့ပါချေ ။
သို့သော် ထပ်မံတုန့်ပြန်လာမှုများရှိမလာသော်ငြား အပြစ်တင်စွပ်စွဲသူများကို အပြစ်တင်ရန် လိုအပ်နေသေးသည်။ ပို့စ်တင်ရန်လည်း လိုအပ်နေသေးသည်။ Commentများကိုreplyပြန်ရန်လည်း လိုအပ်နေသေးသည်။ ဖန်များသည် အမျိုးမျိုးသော ပို့စ်များတွင် လျင်မြန်စွာ တက်ကြွလာပြီးဖြတ်သွားဖြတ်လာ များ၏ သံသယများနှင့်ထင်မြင်ချက်များကိုreplyပြန်ကြသည်။
(တိတိက မှတ်ဉာဏ်အရမ်းကောင်းတယ်၊ ဒါကြောင့် စာမေးပွဲမဖြေခင်ကျမှ ရုတ်တရတ်ထပြီးစာလုပ်တာပေါ့ ။ သူ့ရဲ့မေဂျာကဝိဇ္ဇာစစ်စစ်ကြီးဆိုတော့ ပုစ္စာဖြေရှင်းရမယ့် သင်္ချာလိုဟာမျိူးတွေမပါဘူးလေ။ ဒါကြောင့် အဆင်ပြေအောင် အလွတ်ကျက်ပြီး ရေးဖို့ပဲလိုတယ်)
(တိတိ ကိုယ်တိုင်က အရမ်းထက်မြက်ပြီး အတန်းလုံးဝပျက်ထားပုံကိုမရဘူးနော် ။ ရုပ်ရှင်ရိုက်ပြီးတာနဲ့ အတန်းပြေးတက်တော့တာပဲ)
(အရင်က 'Pet Romance' အဖွဲ့သားတွေနဲ့ အင်တာဗျူးတုန်းက တိတိက အွန်လိုင်းသင်တန်းတက်နေပုံရတယ်။ ဒါကြောင့်သူစာမကြည့်ဘူးဆိုတာမဖြစ်နိုင်ဘူးလေ)
ဖန်များက အပြုသဘောနဲ့ တုံ့ပြန်ခဲ့သော်လည်း black fanများက နောက်မှတန်းပါလာတော့သည်။
(ဒီ ဝမ်ခိုင်ရွှေညီအစ်မများပြောပုံအရဆိုရင် အတူတူ ကျောင်းတက်နေတဲ့ တခြားသူတွေကကျတော့ ဘယ်လိုဖြစ်လို့ ဝမ်မင်ယီလောက် အဆင့်မကောင်းကြတာလဲ)
(ဝမ်မင်ယီက ဒီအဆင့်ကိုရဖို့အတွက် ကျောင်းနဲ့ တစ်ခုခု သီးသန့်အပေးအယူလုပ်ခဲ့ရင်တောင် ဘယ်သူသိမှာမို့လဲ။)
(ဝမ်ခိုင်ရွှေညီအစ်မတွေ ပြောတဲ့အတိုင်းသာဆိုရင် ဘယ်သူက ကျောင်းတက်နေမှာလဲ ။ စာမေးပွဲမဖြေခင် အလွတ်ကျက်လိုက်ရုံပဲလေ ။ ကျောင်းတက်ဖို့တောင် မလိုဘဲ ပထမနေရာကို ရတုန်းပဲလေ )
အလွန်လျှင်မြန်စွာပင် နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ပုတ်ခတ်ပြောဆို ကြသည်။
တစ်စုံတစ်ယောက်က ပို့စ်အသစ်တင်သည့်အခါတွင် ပွဲကြည့်နေရင်း ဝမ်မင်ယီက သူပွဲထဲကိုဝင်ပါသင့်လား၊မပါသင့်လားဟု တုံ့ဆိုင်းနေမိသည်။
《အငြင်းမပွားကြ နဲ့။ ဝမ်မင်ယီအတွက် ပထမနေရာရတာက ပုံမှန်ပါပဲ။ သူက ငါတို့ပြည်နယ်မှာ ဝိဇ္ဇာတန်းအတွက် ဝင်ခွင့်အမှတ် အများဆုံးသူပဲ ။ သူ့ရဲ့စွမ်းရည်က အစကတည်းက အရမ်းသန်မာလွန်းနေတာ! 》
ပို့စ်တင်သူ - [ငါအရင်ကဒါနဲ့ပတ်သတ်လို့ မပြောချင်ခဲ့ဘူး၊ ဒါပေမဲ့ ဝမ်မင်ယီအကြောင်း တစ်ညလုံး ပို့စ်တွေ အများကြီးတင်မယ်လို့ မမျှော်လင့်ထားမိဘူး တချို့လူတွေက ကျောင်းအပေါ်ကို ရေဆိုးရေညစ်တွေလောင်းချဖို့ အခွင့်အရေးယူကြတယ်။တော်လောက်ပြီ!ဝမ်မင်ယီ နဲ့ငါက အထက်တန်းတုန်းက တစ်ကျောင်းထဲပါပဲ။ သူက ငါတို့ကျောင်းရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးဖြစ်ပေမဲ့ ချင်းပေကိုမလျှောက်ဘဲ၊ ငါတို့ပြည်နယ်မှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ်ကိုလျှောက်ခဲ့တာ...]
[သူက အင်တာဗျူးဖို့ လက်မခံခဲ့တာရယ် သတင်း မီဒီယာ ဒါမှမဟုတ် ဒေသတွင်း မီဒီယာတွေမှာ ပေါ်မလာတာရယ်ကြောင့် လူတော်တော်များများကအဲ့အကြောင်းကို မသိကြတာ ...ဒါပေမယ့် ငါတို့ကျောင်းကလူတိုင်းသိတယ်။ ငါတို့ရဲ့ဂုဏ်ပြု ခန်းမမှာတောင်မှ သူ့နာမည်ရှိတယ်။ [ရုပ်ပုံ]]
ပုံထဲတွင်ကား အမှတ် ၁ အထက်တန်းကျောင်း၏ ဂုဏ်ပြုခန်းမထဲ ရှိ ဝမ်မင်ယီ၏ ဓာတ်ပုံဖြစ်သည်။
ဓာတ်ပုံထဲတွင် ဝမ်မင်ယီ သည် သူ၏ ကျောင်းဝတ်စုံကို ၀တ်ဆင်ထားပြီး အနည်းငယ် ပြုံးနေရင်း ချောမောပြီး ရွှင်လန်းနေပုံရကာ သူ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲရမှတ်ကို ဓာတ်ပုံ အောက်တွင် ရိုက်နှိပ်ထားသည်မှာ—731ဟူ၍ပင်။
ပွဲကြည့်နေသူ များသည် အံ့အားတကြီးဖြစ်ကုန်ကြ၏ ။ တစ်ယောက်ပြီးတစ်ယောက် ပို့စ်တင်သူကို ထပ်ပြီးပြောပြရန်တောင်းဆိုကြလေ သည်။
[Fuck!! တကယ်ကြီး ဝမ်မင်ယီ... နာမည်နဲ့ မျိူးရိုး နာမည်တူတဲ့ တခြားတစ်ယောက် မဟုတ်ဘူးလား...]
[ဒီရမှတ်က အရမ်းမြင့်လွန်းတယ်။ဘုရားရေ.. ၊ သူဒီလောက်မြင့်တဲ့အမှတ်နဲ့ကို ချင်းပေကိုမလျှောက်ဘူးပေါ့လေ ...ဘာလို့လဲ]
[ဒီရမှတ်ကိုကြည့်ပြီး Semesterတစ်ခုလုံး အတန်းမတက်ပေမဲ့ ဘာလို့ စာမေးပွဲမှာ ပထမနေရာကိုရနေတုန်းပဲလဲဆိုတာကို ငါနားလည်ပြီထင်တယ်။ ထိပ်တန်းကျောင်းသားကတော့ တကယ်ကို ထိပ်တန်းကျောင်းသားပါပဲ။ အမှတ်အမြင့်ဆုံးသူတွေရဲ့ကမ္ဘာကို ငါတို့ ဘယ်လိုလုပ်သွားယှဉ်နိုင်မှာလဲ။]
[OMG!! ဒီလို ဦးနှောက်မျိုးနဲ့ ဘာလို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်တာလဲ။ သူ ခက်ခက်ခဲခဲ လေ့လာပြီးတော့ အနာဂတ်မှာ သိပ္ပံနည်းကျ သုတေသနပြုမလို့လား]
[ငါ့အမြင်အရပဲဆိုရင် ဝမ်မင်ယီရဲ့ ကျောင်းသားဘဝတုန်းက အသွင်အပြင်က အရမ်းကိုကြည့်ကောင်းလွန်းတယ် ။ ဒီပုံစံနဲ့ကြီးပြင်းလာပြီး သူအထက်တန်းမှာ ချိန်းမတွေ့ဘူးလား... မူရင်း ပို့စ်တင်သူကို ထပ်ပြီးတင်ပေးဖို့တောင်းဆိုခြင်းပါ]
[ကျေးဇူးပြုပြီး ဒီထက်ပိုပြီး ဖော်ထုတ်ပေးပါ!]
["ကျေးဇူးပြုပြီး ဒီထက်ပိုပြီး ဖော်ထုတ်ပေးပါ!]
မူရင်းပို့စ်တင်သူလည်း ရွေးချယ်စရာမရှိပဲ replyပြန်လိုက်ရသည်။
[ “ချိန်းတွေ့တာမျိူးမရှိပါဘူး။ ငါတို့ကျောင်းက Puppy Loveနဲ့ပတ်သတ်ပြီး တအားတင်းကြပ်ပြီးတော့ ဝမ်မင်ယီကလည်းအဲ့ဒါကို စိတ်မဝင်စားဘူးလေ... အရင်တုန်းက တစ်စုံတစ်ယောက်က သူ့ကို ဝန်ခံခဲ့ပေမဲ့ သူက စာသင်ဖို့ပဲ အာရုံစိုက်ချင်တယ်လို့ပြောပြီး ငြင်းခဲ့တယ်။]
(T/N—puppy loveဆိုသည်မှာ ငယ်ရွယ်စဉ်စိတ်ကစားသည့်အချစ်ဟူသည်)
ရေသောက်ပြီးသည့်နောက် စစ်ကျွင်းတောက် ပြန်လာသည်တွင် သူ့ကွန်ပြူတာထဲမှာ ဤပို့စ်ကိုမြင် လိုက်ရ၏။ထိုစာကြောင်းကို သူရောက်သွားသည်နှင့် တပြိုင်နက် ဝမ်မင်ယီအား စူးရှစွာ တစ်ချက်ကြည့်လိုက်သည်။
"ကျောင်းတက်တုန်းက တစ်ယောက်ယောက်က မင်းကိုဖွင့်ပြော ခဲ့တာလား..."
ဝမ်မင်ယီ သည် ထိုပို့စ်ကို လောလောလတ်လတ် ကြည့်ဆဲဖြစ်သည်။ ထိုစကားကြားလိုက်သည်တွင် ဝမ်မင်ယီသည် ချက်ချင်းပင်" ဝုတ်"ခနဲဖြစ်သွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။
စစ်ကျွင်းတောက် က သူ့ဘေးမှာ ရပ်ပြီး ပို့စ်ကို လက်ဟန်ဖြင့် ပြသည်။
"မင်း အားလုံးကို ငြင်းခဲ့တာလား..."
ဝမ်မင်ယီက အပြင်းအထန် ခေါင်းညိတ်သည်။ ငြင်းခဲ့တာ..၊သူတို့အားလုံးကို ငြင်းခဲ့တာ၊ ကောင်မလေးတွေကို သူစိတ်မဝင်စားဘူး...။ မငြင်းရင် သူ့တို့အချိန်တွေကိုသွားဖြုန်းရာမကျဘူးလား ...။
စစ်ကျွင်းတောက် စိတ်သက်သာရာ ရသွားသည်။ ယခုတွင် ဝမ်မင်ယီ အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။ သူကစာရိုက်ပြီးမေးလိုက်သည်။
("ကော မသိဘူးလား...)
"မင်းငါ့ကိုမပြောပြဘူးလေ ။ ငါဘယ်လိုသိမှာလဲ..."
(ကော အားလုံးကို သိတယ်လို့ကျွန်တော် ထင်နေတုန်းပဲ)
ဝမ်မင်ယီက ညည်းညူလိုက်သည်။ သူဤသို့တွေးသည်ကိုလည်း အပြစ်မတင်၍မရပါချေ ။ အမှန်တွင် စစ်ကျွင်းတောက်သည် အမြဲလိုလိုပင် သူ၏ အရေးကိစ္စများကိုရှင်းရှင်းလင်းလင်း နားလည်ခဲ့လေသည်။ သို့သော် အထက်တန်းကျောင်းတက်စဉ်က သူသည် စစ်ကျွင်းတောက် ကို လျစ်လျူရှုထားခဲ့သော်လည်း စစ်ကျွင်းတောက် သည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း အမှန်တွင် သူသိနေခဲ့ပါ၏။သို့သော် စစ်ကျွင်းတောက် သည်ကား သူသိနေကြောင်းတွေးထားလိမ့်မည်မဟုတ်ပါချေ။
အမှန်ပင် စစ်ကျွင်းတောက်မသိခဲ့ပါလေ။ သူမည်မျှပင် ဂရုစိုက်နေပါစေ ဝမ်မင်ယီ ကို သူစောင့်ကြည့်မနေတော့ပေ။ ထို့ကြောင့် ဝမ်မင်ယီသည် ကျောင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဘာမျှ မပြောပါလျှင်၊ သူလည်းပုံမှန်အတိုင်းပင် သိမည်မဟုတ်ချေ ။
"ဒါဆို အနာဂတ်မှာ မင်းသဘောကျတဲ့ သူတစ်ယောက်ကိုတွေ့ပြီး ချစ်ချင်တဲ့အခါ ငါ့ကိုအရင်ပြောပါ..."
ဝမ်မင်ယီ ကီးဘုတ်ပေါ်တွင် စကားလုံးများရိုက်ထည့်ရင်း ပဟေဠိဖြစ်ကာ ခေါင်းကို မော့လိုက်သည်။
("ကောက ကျွန်တော့် အတွက် သူတို့ကို စစ်ဆေးပေးမှာလား။ မလိုအပ်ပါဘူးလေ။အဲဒီလူက ကျွန်တော့်အတွက် သင့်တော်တယ်ဆိုရင်ပဲ အဆင်ပြေမယ်ထင်တယ်)
"မင်းကအငယ်လေးပဲရှိသေးတာ...။ကောက ကူပြီးစစ်ဆေးပေးမယ်လေ ။ စိတ်မပူပါနဲ့။ငါက မန်ဒရင်းဘဲတစ်စုံ ကို ခွဲမှာမဟုတ်ပါဘူး..."
(T/N—မန်ဒရင်းဘဲတစ်စုံသည် ချစ်သူနှစ်ယောက်ကို ကိုယ်စားပြုသည်)
ဝမ်မင်ယီက စိတ်ထဲတွင် အထွန့်တက်လိုက်သည်။
သူက ဆယ့်ရှစ်နှစ်ပြည့်ပြီးနေပါပြီနော်...။မငယ်တော့ဘူး...။တကယ်ကိုငယ်လွန်းမနေဘူး...။
သူနှင့်အသက်အတူတူဖြစ်သည့် လုယွင်ဖေးက ကောင်လေးရပြီးနေသည်မှာ ကြာလှပြီဖြစ်၏။
ထို့ပြင် လုယွင်ဖေးသည် သူ့ကောင်လေးကို သူ့အစ်မဆီသို့သေချာစစ်ဆေးရန်ဟုဆိုကာ တစ်ခါမျှခေါ်သွားသည်ကိုပင် ဝမ်မင်ယီ မမြင်ခဲ့ဖူးပါချေ။
သို့ရာတွင် ထိုအကြောင်းကိုနောက်ထပ်တစ်ကြိမ်
စဉ်းစားရင်း ဝမ်မင်ယီသူ့စိတ်ကိုပြောင်းလိုက်တော့သည်။ သူနှင့်မတူသည်ကား လုယွင်ဖေးသည် သူအစ်မ၏ပျိူးထောင်ပေးခြင်းကိုမခံခဲ့ရပေ။ စစ်ကျွင်းတောက်ကမူ သူ့ကိုပြုစုပျိူးထောင်ပေးခဲ့သည်ဟုပင် ပြော၍ရနိုင်လေသည်။
ထို့ကြောင့် စစ်ကျွင်းတောက် သေသေချာချာစစ်ဆေးလိုပါက နားလည်၍ရနိုင်ပေသည်။
(ကောင်းပါပြီ)
ဝမ်မင်ယီက အလျော့ပေးလိုက်သည်။
(အဲ့လိုဆိုရင် ကောစပြီးချိန်းတွေ့တော့မယ်ဆိုရင်လည်း ကျွန်တော့်ကိုအရင်ဆုံးစစ်ဆေးခွင့်ပေးရမယ်နော်။ တကယ်လို့ ကျန်းဇီမော့လိုလူမျိူးနဲ့သာဆိုရင်တော့ ကော..အဲ့ဒီဆက်ဆံရေးကိုမြန်မြန်အဆုံးသတ်ပစ်ရမယ်။ ကျွန်တော် ကောနဲ့သူ တွဲဖို့ကို ဘယ်တော့မှသဘောတူမှာမဟုတ်ဘူးးး! ကျွန်တော် မန်ဒရင်းဘဲတစ်စုံကိုခွဲပစ်မှာတော့ဟုတ်ဘူး...ကျွန်တော်က အဲ့ဒီဘဲရိုင်းကိုသေအောင်ပဲရိုက်ပစ်မှာ...)
စစ်ကျွင်းတောက် : …
စစ်ကျွင်းတောက်သည် ပြုံးလိုက်ကာ ဝမ်မင်ယီ၏ခေါင်းလေးကိုနောက်သို့တွန်းသည်။
"မင်းအရမ်းတွေးလွန်းနေပြီ..."
သူစကားပြောပြီးသည့်နောက်တွင် သူ၏ကွန်ပြူတာရှိရာဆီသို့ပြန်သွားလိုက်သည်။
တခြားတစ်ဖက်တွင်မူ ဝမ်မင်ယီcommentများကို အကြမ်းဖျင်းအမြန် ဆက်ဖတ်နေလိုက်သည်။
သူစစ်ကျွင်းတောက်နှင့်စကားပြောနေစဉ်အတွင်းမှာပင် commentများထဲတွင်black fanများအပြည့်ဖြစ်သွားသည်။ တစ်ဖက်တွင် သူတို့သည် တင်ထားသည့်ပုံက ဖိုတိုရှော့ဟု မယုံသင်္ကာဖြ.စ်နေကြသည်
၊တခြားတစ်ဖက်တွင်ကား မူရင်းပို့စ်တင်သူက အမှန်တရားကို ဖော်ထုတ်ရေးသားထားတာဆိုရင်ရောဟု တွေးနေကြသည်။
[ဝမ်မင်ယီက အဲ့လိုပုံစံပေါ်တာနဲ့ပဲ ကျောင်းသားကောင်းနဲ့တူရောတဲ့လား။ သူကတကယ်ကို ဝိဇ္ဇာတန်းမှာ ဝင်ခွင့်အမှတ်အများဆုံးသူဆိုရင် သူနဲ့သူ့ဖန်တွေက ဒီသတင်းကို စဖြန့် ပြီးသားဖြစ်နေမှာပေါ့ ...သူကအဲ့သတင်းကိုဖုံးကွယ်ထားစရာလိုလို့လား]
[မူရင်းပို့စ်တင်သူရေ ဒီပုံက အစစ်လား..ဖိုတိုရှော့လုပ်ထားတာမဟုတ်ဘူးလား]
[တင်ထားတာက တစ်ပုံပဲရှိတယ်။ပို့စ်တင်သူမှာ တခြားသက်သေရှိလား...အနည်းဆုံးတော့ သက်သေတွေထပ်ထုတ်ပြစမ်းပါ!]
မူရင်းပို့စ်တင်သူက ပြောစရာစကားမရှိဖြစ်သွား၏။
["ဘယ်သူကဒီလိုဟာမျိူးကို လုပ်ကြံပြီးပြောမှာလဲ! ငါကဘာလို့တခြားသူမဟုတ်ဘဲ သူကမှတ်အမြင့်ဆုံးသူဖြစ်တဲ့အကြောင်း ပြောရတာလဲ...ဦနှောက်ကောင်းကောင်းရှိတာကလည်း အရေးကြီးပါတယ်နော်...ကျေးဇူးပြုပြီးအဲ့ဒါကို နည်းလမ်းတကျလေး သုံးပေးလို့ရမလား!]
မကြာမီတွင် မားကတ်တင်းအကောင့်များက ဤပို့စ်ကိုတွေ့သွားကြပြီး စိတ်ရှုပ်ထွေးမှုများ၊ရှော့ရမှုများကိုဖော်ပြလာကြ၏—
{တက်သစ်စဝမ်မင်ယီ
က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးသူဖြစ်နေတာလား...}.
အကောင့်တစ်ခုမှ တစ်ဆယ် ...တစ်ဆယ်မှတစ်ရာသို့ဖြစ်လာသည်။
မားကတ်တင်းအကောင့်တစ်ခုမှပြန်တင်လိုက်ပြီး တခြားမားကတ်တင်းအကောင့်များကလည်းထိုဟာကိုforwardလုပ်လိုက်ကြ၏။ဖြတ်သွားဖြတ်လာများ အံအားသင့်သွားကြကုန်သည်။
[အဲ့ဒါက မဖြစ်နိုင်ဘူး ။ အဲ့လိုမှန်း..မသိခဲ့ဘူး!]
[ဒီလိုကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ထူးချွန်ကျောင်းသားက ဘာလို့ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကိုဝင်ခဲ့တာလဲ... ပြီးတော့ သူကကောလိပ်ဝင်ခွင့် အမှတ်အမြင့်ဆုံးရသူဆိုရင်ဘာလို့ ချင်းပေကိုမသွားတာလဲ..]
[ဒီလိုပညာရေးဂရုကြီး လို့ပြောတာကတော့ တကယ်ပိုလွန်းတယ်..Xတက္ကသိုလ်က နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်ပေမဲ့ သူကထိပ်တန်းထူးချွန်ကျောင်းသားလို့ပြောဖို့အတွက်ကျ အတုအယောင်ဆန်လွန်းတယ်]
မကြာမီပင် [ဝမ်မင်ယီ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏အမှတ်အမြင့်ဆုံးသူ]ဟူ၍ hot search တွင်ပေါ်လာတော့သည်။ဖရဲစေ့ခွာစားနေသူများကတော့ အတင်းအဖျင်းများပြောနေကြသည်။အချို့က ထိုဟာကိုယုံကြသည်၊အချို့ ကတော့မယုံကြည်ဘဲသံသယဝင်ကြသည်။
(T/N—ဖရဲစေ့စားသူmeansပွဲကြည့်ပရိတ်သတ်လုပ်သူ)
ဤဟာကိုမြင်သည်တွင် ဝမ်မင်ယီက ရိုးရိုးရှင်းရှင်းပင် သူ၏ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို လက်ခံရရှိခဲ့သည့် စာသားမက်ဆေ့ခ်ျကို Weiboတွင်တင်လိုက်၏။ရိုးရိုးရှင်းရှင်းနှင့် လိုရင်းတိုရှင်းပုံစံဖြင့် သူကရေးတင်လိုက်သည်။ —
[အမှတ်အမြင့်ဆုံးသူဆိုတာက မှန်ပါတယ်။ ချင်းပေကိုမရွေးဘဲ Xတက္ကသိုလ်ကိုရွေးရတာကတော့ အိမ်နဲ့ပိုနီးလို့ပါ။ အချိန်ကုန်သက်သာအောင်လို့ ဒါပါပဲ ]