အပိုင်း ၄၈
Viewers 12k

F Cityတွင် Auditionဖြေရန် ချန်လုနှင့်အတူလေယာဉ်ဖြင့်သွားမည်ဟုပြောနေသည်ကို စစ်ကျွင်းတောက် ကြားသည့်အခါ သူ၏လက်များသည်အလုပ်လုပ်နေရာမှ အလိုလို ရပ်တန့်သွားခဲ့၏။
"မင်းနဲ့ ချန်လုနှစ်ယောက်တည်းအဆင်ပြေနိုင်ပါ့မ လား"
“ဘာမှ စိတ်မပူပါနဲ့။” ဝမ်မင်ယီက သူ့ကိုဖြောင့်ဖြရန် ကြိုးစားလိုက်သည်။
“ကီးဘုတ်ကိုကျွန်တော် ယူသွားမှာပါ။ ခွေးတို့ကြောင်တို့ ဖြစ်သွားရင်တောင် ချန်ကျဲကိုမက်ဆေ့ခ်ျကနေတစ်ဆင့် ဆက်သွယ်လို့ရတယ်၊ ဘာမှဖြစ်မှာမဟုတ်ဘူး။”
စစ်ကျွင်းတောက်က စိတ်ပူနေဆဲပင်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်..."
ထိုစကားပြောပြီးသည်နှင့် ချန်လုကို သူ့အတွက်ပါ လေယာဉ်လက်မှတ်ကြိုတင်မှာခိုင်းလိုက်သည်။
ချန်လုသည် စစ်ကျွင်းတောက်, ဝမ်မင်ယီ ကို အလွန်ပင်သံယောဇဉ်ရှိကြောင်း သိနေခဲ့ပြီးဖြစ်ကာ တစ်ခါတစ်ရံတွင် ဝမ်မင်ယီကိုအလိုလိုက် တတ်မှန်းသိသော်လည်း ဤအတိုင်းအတာအထိ အလိုလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဝမ်မင်ယီသည် ဆယ့်ရှစ်နှစ်သားဖြစ်သည် ၊ ရှစ်နှစ်သားမဟုတ်ပေ။သူ့ကိုယ်သူ စီမံတတ်သည့်အရွယ်ရောက်နေလေ ပြီ။ ထို့အပြင် သူမလည်းသူနှင့်အတူ လိုက်သွားမည်ဖြစ်သည်။ ထိုသို့သွားရမည့်အချိန်မှာ နှစ်ရက်မျှပင်မရှိချေ –စစ်ကျွင်းတောက်ကိုပါ အဲဒီကိုအတူလိုက်ခိုင်းဖို့လိုအပ်လို့ လား..။
သူမသည် စစ်ကျွင်းတောက်ကို ပို၍ပင်ဖြောင့်ဖြ ခဲ့သော်လည်း စစ်ကျွင်းတောက်ကခေါင်းမာနေ ခဲ့သည်။ ချန်လု သည် သူ့အတွက် လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူရန်မှတပါး အခြား
ရွေးချယ်စရာမရှိခဲ့ပေ။
ဝမ်မင်ယီ က စစ်ကျွင်းတောက် ကို ကြည့်ပြီး မေးစမ်းကြည့်လိုက်သည် "ကျွန်တော် audition အောင်ရင် ဆိုက်ထဲမှာ သွားရိုက်ရမှာ။ သဘောတူမှာလား။"
"ဒါပေါ့ သဘောတူမှာပေါ့ " ဟု စစ်ကျွင်းတောက် က ဖြေသည်။ "ဒါပေမယ့် ငါပါ မင်းနဲ့လိုက်ခဲ့မယ်"
(ခြီ)
ဝမ်မင်ယီ : ! ! ! !
ဒါလုံးဝ မဖြစ်နိုင်ဘူး!ဒါကြီးက အရမ်းကို ဆိုးဝါး လွန်းတယ်။ စစ်ကျွင်းတောက်က သူနဲ့ဆိုက်ထဲကို လိုက်လာပြီး စစ်, ကုမ္ပဏီမှာ တစ်ခုခု ဖြစ်သွားရင် စစ်မိသားစုရဲ့ မိဘတွေကို သူ့မှာအပြစ်ရှိကြောင်း သွားပြီးအယူခံဝင်နေရမှာပေါ့!
“မဟုတ်ဘူး၊အဲ့လိုလုပ်ဖို့ မလိုပါဘူး...”
တစ်ချက်ကြည့်လိုက်သည်နှင့် စစ်ကျွင်းတောက် သည် ဝမ်မင်ယီအတွေးတွေလွန် နေမှန်း ပြောနိုင်သည် ။
"မင်းနဲ့ တစ်ချိန်လုံး မလိုက်ပါဘူး၊ မင်းရဲ့ ရိုက်ကွင်းနေရာနဲ့ အဲ့မှာရှိလူတွေကို သိရုံလောက် ပဲ၊ အဲ့ဒါမှ နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ငါ သတိထားမနေရမှာ..."
ဝမ်မင်ယီ နားလည်သွားသည်။
“ဒါဆို ကျွန်တော် လုံခြုံ ရဲ့လား၊ မလုံခြုံဘူး လားဆိုတာ ကြည့်ရုံပဲ မဟုတ်လား။ ကျွန်တော် အဆင်ပြေမယ် ဆိုတာ သေချာတာနဲ့ ကောပြန်သွားပြီး အလုပ်ဆက်လုပ်မှာ...ဟုတ်တယ်နော်"
“အင်း။”
ဤသို့ဖြင့် ဝမ်မင်ယီသည် စိတ်အေးလက်အေး ဖြစ်သွားသည်။
“ကျွန်တော် သေလုနီးပါးကြောက်သွားတာ ။ ကျွန်တော်ကြောင့်ကောရဲ့ကုမ္ပဏီကို စွန့်လွှတ်လိုက်မယ်လို့ ထင်ခဲ့တာ..."
“အဲ့လိုမလုပ်ပါဘူး..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာ ပြောလာသည်။
"ကုမ္ပဏီမရှိရင် မင်းကို ထောက်ပံ့ဖို့ ငါဘာကိုသွားသုံးရမှာလဲ..."
ဝမ်မင်ယီက သူ့ရင်ဘတ်ကိုယ်သူ ပုတ်ပြသည်။
"...အဲ့အချိန်ရောက်ရင် ကျွန်တော် ကောကိုပြန်ပြီး ထောက်ပံ့ပါရစေ... ကျွန်တော့် မှာ ပိုက်ဆံရှိတယ်၊ လစာလည်းရှိသေးတယ်"
စစ်ကျွင်းတောက် က သူ့ကို ငါးအသားတစ်ပိုင်း ပေးလိုက်သည်။
"ဒါဆို မင်းအလုပ်ကြိုးစားရမယ်နော်~"
“စိတ်မပူပါနဲ့။ အနာဂတ်မှာကောက ပန်းအလှလေးတစ်ပွင့်အဖြစ်နေဖို့ပဲတာဝန်ယူ။ မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာဖို့ကို ကျွန်တော်ပဲ တာဝန်ယူမယ်"
စစ်ကျွင်းတောက် :…
ဝမ်မင်ယီ သည် လက်နှစ်ဖက်ဖြင့် ပွင့်အာနေ သော ပန်းတစ်ပွင့်ကို စစ်ကျွင်းတောက် ၏ မေးစေ့အောက်တွင် ထားလိုက်သည်။ "ပန်း။"
စစ်ကျွင်းတောက်သည် သူ့လက်ကို မကျေမနပ်ဖြင့်ရိုက်ချလိုက်သည်။
"ကောင်းကောင်းစား ..."
ချန်လုသည် နောက်နေ့ ဝမ်မင်ယီကို လာခေါ်သောအခါတွင် သူမ သူဌေး၏ သူငယ်ချင်းကောင်းမှာ ဘေးအခန်းတွင် ရှိနေသည်ကို မြင်လိုက်ရပြီး၊ ထိုသူကား စစ်ကျွင်းတောက် အမှန်ပင်ဖြစ်၏ ။ အခုခေတ်မှာ ချမ်းသာတဲ့သူတွေ အားလုံးက ကိုယ့်ရဲ့တိတိကို ဒီလိုပဲ ဂရုစိုက်ကြတာလား...။ တိတိ က ခရီးတစ်ခုထွက်ရင် ကောကော က သူနဲ့အတူလိုက်ဖို့၊ဂရုစိုက်ပေးဖို့ လိုတာလား...။ ချန်လု သည် လူချမ်းသားများ၏ကမ္ဘာကို နားမလည်နိုင်တော့ဟု ခံစားမိသည်။
ဤလူအနည်းငယ်သည် F City သို့ အတူတကွလေယာဉ်စီးကာ သွားကြသည်။ ဝမ်မင်ယီ က ဈေးဝယ်ထွက်ချင်သည်ကြောင့် ချန်လု ကို အရင်ပြန်ခိုင်းလိုက်၏။
သူသည် စစ်ကျွင်းတောက် ကို ဒေသထွက် အထူးသရေစာဆိုင်ဆီသို့ ဦးဆောင်သွား ခဲ့သည်။ ခဏအကြာတွင် သူသည် သရေစာမုန့် အများအပြားဝယ်ပြီး စစ်ကျွင်းတောက်ကို ပေးခဲ့သည်။ ဤဟာများအကုန်ဝယ်ပြီးသည့်အခါတွင်၊ ဝမ်မင်ယီ သည် စစ်ကျွင်းတောက် ကိုကျွေးရင်းသူလည်း စားရင်းဖြင့် သူ့Maskကို ဆွဲချထားနိုင်သည့် လူရှင်းသော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
သို့သော် စစ်ကျွင်းတောက်သည် ဤသရေစာ များကို စိတ်မ၀င်စားချေ ။ အလုတ်အနည်းငယ်မျှစားပြီးနောက် “မင်းပဲစားလိုက်၊ ငါ့အတွက် ပူမနေ နဲ့” ဟုပြောလိုက်သည်။
သို့သော် ဝမ်မင်ယီသည် သူ့၏မုန့်တစ်ဝက်ကို ပေးရန် အလွန်ပင်စိတ်အားထက်သန်နေ ခဲ့သည်။
သစ်သီးသကြားထုတ်ထိုးရောင်းတဲ့ဆိုင်ကို ဖြတ်သွားသည့်အခါ ဝမ်မင်ယီ က တစ်ချောင်းဝယ်လိုက်သည်။ သူသည် ထိပ်ဆုံးရှိ ဟော်သွန်းသီး ကိုကိုက်လိုက်ပြီး သကြားရည်အုပ်ထားသည့်ဟော်သွန်းသီးများကို စစ်ကျွင်းတောက်ဆီသို့ လှမ်း ပေးလိုက်သည်။
"ကိုယ်ဟာကိုယ်ပဲစားပါ" ဟု စစ်ကျွင်းတောက် က ပြောသည်။
ဝမ်မင်ယီ သည် မကျေမနပ်ဖြစ်ကာဟော်သွန်း သကြားလုံးများကို စစ်ကျွင်းတောက် ပါးစပ်ထဲသို့ တိုက်ရိုက်ခွံ့ကျွေးလိုက်သည်။
"မြန်မြန်စား..."
စစ်ကျွင်းတောက် တစ်ကိုက်ကိုက်လိုက်ရ၏ ။
သူသည် သူစားခဲ့သည့်အရာနှင့်ပတ်သတ်၍ အထူးတလည် အသေးစိတ် သတိထားခဲ့သည်။ ဝမ်မင်ယီကဲ့သို့မဟုတ်ဘဲ သူသည် တစ်ခုလုံးကို မကိုက်ခဲ့ပဲ တစ်ဝက်သာကိုက်ခဲ့ သည်။
ဝမ်မင်ယီ သည်ဟော်သွန်း သကြားလုံး များကို ပြန်ယူသောအခါ သူစားထားသည်ကိုစိတ်မရှိပဲ တခြားတစ်ဝက်ကိုစားလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကို ခဏမျှ စိုက်ကြည့်ရင်း အနည်းငယ်ကြောင်,အ သွားသည်။
ဝမ်မင်ယီ က သကြားလုံးတွေကို ဝါးရင်း "ဘာဖြစ်လို့လဲ" ဟု မေးသည်။
“မင်း…” ထိုစကားပြီးနောက် စစ်ကျွင်းတောက် ဆက်မပြောနိုင်တော့ပေ။
သူသည် ဝမ်မင်ယီဝါးစားနေစဉ် ဝမ်မင်ယီ၏နှုတ်ခမ်းကိုကြည့်နေခဲ့သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ"မင်းပါးစပ်မှာ သကြားချပ်တွေကပ်နေတယ်..."ဟု ပြောလာသည်။
"ပေနေတာလား..."
ဝမ်မင်ယီက ဂရုမစိုက်ပေ ။
သူသည်စစ်ကျွင်းတောက်အား သစ်သီးသကြားလုံးများကို ရက်ရက်ရောရော ပေးပြန်သည်။
"ကောအလှည့်..."
လမ်းမီးရောင်အောက်တွင် တောက်ပနေသည့် ဝမ်မင်ယီ၏မျက်လုံးများကို ကြည့်နေရင်း စစ်ကျွင်းတောက်သည် သူ့နှုတ်ခမ်းထောင့်ရှိ သကြားချပ်များကိုသုတ်ပေးရန် လက်လှမ်းမိလိုက်သည်ကို မတားဆီးနိုင်ခဲ့။
ဝမ်မင်ယီ က ရယ်လိုက်ရင်း “မြန်မြန်လုပ်” ဟုတိုက်တွန်းလိုက်သည်။
စစ်ကျွင်းတောက်သည် ခေါင်းကိုငုံ့ပြီး ဝမ်မင်ယီ ၏ လက်ထဲရှိ သစ်သီးသကြားလုံးကိုလှမ်းကိုက်လိုက်၏။
ချိူချိူ ချဉ်ချဉ်လေးပေမဲ့ အရမ်းအရသာရှိတယ်...။
တစ်ယောက်တစ်ကိုက်ဖြင့် နောက်ဆုံးတွင် သူနှင့် ဝမ်မင်ယီ သည် သစ်သီးသကြားထုတ်ထိုး များကိုစား၍ ပြီးသွားသည်။ ရုတ်တရက် ဝမ်မင်ယီသည် သူ့ကို လမ်းကြားထဲသို့ ဆွဲခေါ် ပြီး သူ,မတုံ့ပြန်န်ိုင်ခင်တွင် သူ့ကို ပွေ့ဖက်လိုက်၏။
စစ်ကျွင်းတောက် ၏ နှလုံးသားသည် ခုန်ပေါက်လာပြီး ကောင်ငယ်လေးက သူ့ရင်ခွင်ထဲတွင် တိုးတိုးလေးပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ကျွန်တော့်ကို ကိုင်ထားပေး "
စစ်ကျွင်းတောက်၏ နှလုံးခုန်နှုန်းက ပိုပြီးမြန်လာသည်။
သူဘာကြောင့်မှန်းမသိ ဝမ်မင်ယီကိုကြည့်လိုက်မိ၏ ။ ဝမ်မင်ယီသည် စစ်ကျွင်းတောက် ၏လက်များကို ဆွဲယူလိုက်ပြီး သူ့ကိုယ်ပေါ်တွင် ရစ်ပတ်ကာ
"မြဲမြဲကိုင်ထားနော် " ဟု အမိန့်ပေးလိုက်သည်။
စစ်ကျွင်းတောက်အလွန်ပင် အံ့အားသင့်သွားခဲ့သည်။သူစကားစ,လုဆဲဆဲတွင် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့ရှိကောင်ငယ်လေးက ပျောက်ကွယ်သွားပြီး လိမ္မော်ရောင်ကြောင်လေးတစ်ကောင်ဖြင့် အစားထိုးခံလိုက်ရသည်။
ကိုးနာရီ! သူအခုမှ သဘောပေါက်သွားခဲ့သည် ။ ကိုးနာရီထိုးနေပြီဖြစ်ကာ ဝမ်မင်ယီ အသွင်ပြောင်းချိန်ဖြစ်သည်။   
သူသည် လိမ္မော်ရောင်ကြောင်ကလေးကို ထွေးပိုက်ရင်း အမှောင်လမ်းကြားထဲမှ ထွက်လာခဲ့သည်။ ဝမ်မင်ယီ ရုတ်တရက် သူ့ကို ပွေ့ဖက်လိုက်သည့် အချိန်မှစ၍ ယခုအချိန်ထိပင် သူ့နှလုံးသားသည် အရှိန်ပြင်းပြင်း ခုန်ပေါက်နေဆဲဖြစ်ပြီး "မြဲမြဲကိုင်ထားနော်" ဟူသည့်စကားကို ထပ်ခါထပ်ခါ ပြန်လည်ကြားယောင်နေခဲ့သည်။ သူသည် ဟိုတယ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ကြောင်လေး ကို မသိစိတ်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
*****
Auditionသည် မနက်ဆယ်နာရီတွင်စမည်ဖြစ်သည် ။ ထို့ကြောင့် ရှစ်နာရီတွင် ချန်လုသည် ဝမ်မင်ယီ၏ တံခါးကို ခေါက်ကာ သူ့ကို ထရန် သတိပေးသည်။ အချိန်အတော်ကြာအောင် သူမ တံခါးခေါက်ခဲ့သော်လည် ဝမ်မင်ယီက မတုံ့ပြန်သောကြောင့် သူ့ကို ဖုန်းခေါ်လိုက်လေ သည်။
စစ်ကျွင်းတောက်မျက်နှာသစ်ပြီးသွားသောအခါတွင် ဖုန်းကို တွန့်ဆုတ်စွာ ကောက်ကိုင်ပြီး မျက်လုံးမဖွင့်ဘဲ
“အင်း..အင်းး...အင်း..” ဟု ရေရွတ်နေသော ဝမ်မင်ယီ ကိုတွေ့လိုက်ရသည်။
စစ်ကျွင်းတောက် သည် ကုတင်အစွန်းမှာထိုင်ပြီး
လက်ဆန့်ကာ ကြောင်နားရွက်လေးများကိုဆွဲလိုက်၏။
ဝမ်မင်ယီ က သူ့ကို မကျေမနပ်ဖြင့် ကြည့်လာ၏။
စစ်ကျွင်းတောက် သည် သူ့ကိုယ်သူ ချုပ်တည်းမထားဘဲ ဆက်ကိုင်နေကာ ဝမ်မင်ယီ၏ အမြီးကိုပင် ခိုးကြောင်ခိုးဝှက်ဖြင့် လှမ်းဆွဲလိုက်သေး သည်။
ဝမ်မင်ယီ ကြောင်တစ်ကောင်ဖြစ်လာချိန်တိုင်းပင် စစ်ကျွင်းတောက်သည် သူ့အမြီးကို ပွတ်သပ်ချင်တိုင်း ရောက်လာတတ်သည်။ ယခုသူသည် လူဖြစ်လာသော်လည်း သူ၏အမြီးမှာ ရှိနေဆဲဖြစ်သည်။ စစ်ကျွင်းတောက်သူ့အမြီးကို ထိုသို့ ပွတ်သပ်နေရင်းပင် ဝမ်မင်ယီသည် စစ်ကျွင်းတောက်၏ ရင်ခွင်ထဲသို့လဲကျလု နီးပါး ဖြစ်သွားသည်။
သူသည် သူ့အမြီးကို ပြန်ဆွဲယူပြီး ချန်လု၏ဖုန်း ကို ချကာ ကုတင်ပေါ်မှ ခုန်ဆင်း၍ ရေချိူးခန်းထဲသို့ဝင်သွားတော့သည်။ တံခါးမပိတ်ခင်တွင် စစ်ကျွင်းတောက်ဆီသို့မျက်နှာလှည့်ကာပြောလိုက်သေး၏ ။ "ဝင်ခွင့်မပေးဘူး!"
စစ်ကျွင်းတောက် သူ့ကလေးလေး ရဲ့ ဒေါသကို ခံစားမိရင်း ရယ်လိုက်သည်။
နှစ်ယောက်သား အခန်းထဲမှာ မနက်စာအတူတူစားကြသည်။သူတို့ ချန်လုနှင့် ပြန်တွေ့ချိန်တွင် ကိုးနာရီထိုးနေလေ ပြီ။
ချန်လုသည် သူစစ်ကျွင်းတောက်အခန်းထဲမှ ထွက်လာသည်ကို ကြည့်နေသည် ။ အံ့အားသင့်သွားကာ “မင်း ဥက္ကဌစစ်ရဲ့အခန်းကို သွားခဲ့တာလား” ဟု မေးလာသည်။
ဝမ်မင်ယီက ခေါင်းညိတ်သည်။
ချန်လုက သူ့ကိုကြည့်လာပြီး ၊ ထို့နောက် စစ်ကျွင်းတောက် ကိုကြည့်ပြန်သည် ။ သူမ တုံ့ဆိုင်းသွားသည်။ "ဒါဆိုမင်း မနေ့ညက ဥက္ကဌစစ်ရဲ့ အခန်းမှာ အိပ်ခဲ့တာလား။"
ဝမ်မင်ယီက ခေါင်းညိတ်ပြန်သည်။
ချန်လု : …
စစ်ကျွင်းတောက်က ဝမ်မင်ယီအတွက် အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
"မနေ့ညကငါတို့ ဇာတ်ကား အတူကြည့်ခဲ့တာ ဇာတ်ကားကြည့်နေရင်းသူအိပ်ချင်လာတာနဲ့ငါအခန်းထဲမှာပဲအိပ်လိုက်တာ..."
ချန်လု စိတ်သက်သာရာရသွားသည်။ မဟုတ်ရင် ညီအစ်ကိုတွေ ပူးပူးကပ်ကပ်နေလွန်းသည်ဟု သူမတွေးမိလိမ့်မည် ။ အတူတူဝင်၊ အတူတူထွက်၊ အတူတူအိပ်၊ အတူတူစား။ ဒီဆက်ဆံရေးက တကယ်ကိုကောင်းလွန်းတယ် ..ဟဟ ။
ကံကောင်းထောက်မစွာ၊ သူတို့သည် ငယ်သူငယ်ချင်းများသာဖြစ်ကြသည်။ အကယ်၍ သူတို့သည် ငယ်ကျွမ်းဆွေများဖြစ်ခဲ့ပါက ချန်လု သည် ဤသည်မှာ ညီအကိုမောင်နှမဆက်ဆံရေးမဟုတ်ဘဲ စုံတွဲတစ်တွဲဟု ခံစားမိပေလိမ့်မည် ။
(T/N–ပြောချင်တာက ဒီနေရာမှာ ယောကျာ်လေးငယ်သူငယ်ချင်းနှစ်ယောက်မဟုတ်ဘဲ မိန်းကလေးနဲ့ယောကျာ်းလေးငယ်သူငယ်ချင်းနှစ်ယောက်သာဆို မောင်နှဆက်ဆံရေးလို့မထင်ဘဲ အတွဲတွေလို့ပဲထင်မှာပေါ့၊အဲ့လိုမျိူးပါ)
ဒါပေမယ့် ဘာလို့ သူမမှာကျတော့ ငယ်သူငယ်ချင်းတစ်ယောက်တောင် မရှိရတာလဲ...။ချန်လု သည် သက်ပြင်းချလိုက်ပြီး ဝမ်မင်ယီ နှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။
စစ်ကျွင်းတောက်က သူနှင့် အတူ auditionဖြေရာသို့ မလိုက်ခဲ့ပေ။ ဝမ်မင်ယီကို ဓာတ်လှေကားထဲလိုက်ပို့ပေးပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ယခုအကြိမ်သည် ဝမ်မင်ယီ ၏ ပထမဦးဆုံး audition ဖြစ်သည်။ သူသည် အလွန်ပင်သိလိုစိတ်ပြင်းပြနေပြီး လမ်းတစ်လျှောက်တွင် ချန်လုကို မေးခွန်းများ ဆက်တိုက်မေးနေခဲ့သည် ။ ကံကောင်းထောက်မစွာဖြင့် ချန်လု သည် လုံလုံလောက်လောက် စိတ်ရှည်ခဲ့သဖြင် ဝမ်မင်ယီကိုသက်တောင်သက်သာခံစားရစေ သည်။
လူရွေးပွဲ ကျင်းပမည့်နေရာ၌ ဝမ်မင်ယီသည် သူ့အလှည့်မရောက်မီ မိနစ်နှစ်ဆယ်ကျော်ကြာအောင် စောင့်ခဲ့သည်။
သူသည် တံခါးကိုခေါက်ပြီး ဝင်သွားလိုက်သည်။ ထိုအခန်းကျယ်ကြီး ထဲတွင် တစ်ယောက်တည်းထိုင်နေသူကား ယွီရွှမ်ဝမ်။ ယွီရွှမ်ဝမ် သည်စံလေးထောင့်ညီပုံစံ မျက်နှာရှိသည်။ အနည်းငယ်လေးနက်နေပုံရသော်လည်း လက်ရှိတွင် သူသည် လက်ဖက်ရွက်လေးများဖြည့်ထားသည့်လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သူ့မျက်လုံးများက အနည်းငယ် ပြုံးနေသဖြင့် တခြားသူများကို သူသည်အမှန်တကယ်တွင် များစွာစည်းကမ်းတင်းကြပ်သူသည်မဟုတ်ဟု ခံစားရစေသည်။
ဝမ်မင်ယီသည် တစ်ဖက်လူက auditionစရန်ပြောလာမည် ကို စောင့်နေခဲ့သည်။
သို့သော် ယွီရွှမ်ဝမ်သည် စကားပြောရန် အလျင်မလိုပဲ သူ့ကို ခဏတာ စိုက်ကြည့်နေသည်။ ဝမ်မင်ယီ သည် ဆူဆူညံညံမလုပ်ဝံ့ဘဲ သူ့ကိုကြည့်ခွင့်ပေးနေခဲ့ရသည်။
"မင်းရဲ့အေးဂျင့်ကငါ့ကိုပေးတဲ့ ကိုယ်ရေးအကျဉ်းထဲမှာ မင်းက ဒီနှစ် သတင်းအနုပညာ မေဂျာမှာ အမှတ်အများဆုံးသူလို့ ရေးထားတယ်" ဟုယွီရှန်ဝမ်း က ပြောလာသည်။
ဝမ်မင်ယီ က ခေါင်းညိတ်လိုက်သည်။
ယွီရွှမ်ဝမ်က ပြုံးလိုက်သည်။ "အဲ့လိုမျိူးမထင်ရဘူး။"
ဝမ်မင်ယီကလည်း ပြုံးသည်။ "ဒီဟာက အတုမဖြစ်နိုင်ပါဘူး၊ စစ်ဆေးရင် သိနိုင်ပါတယ်။"
"မင်း X တက္ကသိုလ် ရဲ့ ကျောင်းသားဖြစ်ပုံရတယ်လို့ ငါကြားတယ်"
“ဟုတ်ကဲ့။”
"ဘာလို့ ပရော်ဖက်ရှင်နယ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အကယ်ဒမီကို မတက်ခဲ့တာလဲ။"
“ဘာလို့လဲဆိုတော့ အစတုန်းက ကျွန်တော့်မှာ ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်မရှိဘူး”
"ဒါဆို အခုဘာလို့ ရုပ်ရှင်ရိုက်ချင်လာတာလဲ "
"ဒီအသိုင်းအဝိုင်းထဲ ဝင်လိုက်တာနဲ့ ရုပ်ရှင်ရိုက်ချင်စိတ်ပေါက်သွားတယ်..."
"ရိုက်ကူးရေးပြီးရင် ဘာလုပ်မှာလဲ..."
ယွီရွှမ်ဝမ်က သူ့ကိုမေးလိုက်သည်။
"အတန်းပြန်တက်မှာလား..."
"ဟုတ်ပါတယ် ဘာလို့မတက်ရမှာလဲ။ နောက် လေးနှစ်ကြာရင် X တက္ကသိုလ်ကနေသေချာပေါက် ဘွဲ့ရ ရမယ်လို့တောင် စီစဉ်ထားသေးတယ်..."
ယွီရွှမ်ဝမ် သည် ထိုစကားကိုကြားလိုက်သည်နှင့် ချက်ချင်းရယ်မောလိုက်သည်။
ဝမ်မင်ယီသည် သူဘာကိုရယ်နေသည်ကို နားမလည်ခဲ့ချေ ။
ယွီရွှမ်ဝမ်က သူ့ကို အချိန်အကြာကြီး ကြည့်နေ
ပြီးမှ ပြောလာ၏။
"ငါ အလယ်တန်းကျောင်းတက်တုန်းက ငါ အလိုချင်ဆုံးက X တက္ကသိုလ် ကိုဝင်နိုင်ဖို့ပဲ"
ဝမ်မင်ယီ :"...." ဒါတွေအားလုံးက ဘယ်ကို ဦးတည်နေတာ လဲ။
“နောက်ပိုင်းမှာ အမှတ်ကောင်းကောင်း မရခဲ့ပေမဲ့ ရိုက်ကူးရေးကို အရမ်းစိတ်ဝင်စားတဲ့အတွက် ဒရာမာနဲ့ ရုပ်မြင်သံကြားကျောင်းကို လျှောက်ခဲ့တယ်..."
ဝမ်မင်ယီက ခေါင်းညိတ်သည်။
"ဒါဆို မင်းအောင်သွားပြီ"
ဝမ်မင်ယီ: "ဟင်..."
ယွီရွှမ်ဝမ်က လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီးတည်တည်ငြိမ်ငြိမ်ပြောလာ၏။
"မင်းမှာကောင်းမွန်တဲ့ပုံရိပ်ရှိပြီး အကျင့်စရိုက်လည်းကောင်းတယ်။ မင်းက ကျောင်းသားတစ်ယောက်ရဲ့ ငယ်ရွယ်နုပျိုတဲ့ခံစားမှု ထိန်းထားဆဲပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းက လောက အတွေ့အကြုံမရှိသေးတဲ့ပုံပေါ်တယ် ။ အဲ့လိုပုံစံက ဒီတစ်ခါ ကာရိုက်တာနဲ့ လိုက်ဖက်တာမို့ မင်းအောင်သွားပြီ “
ဒါပဲလား...
ဝမ်မင်ယီ တွေးလိုက်သည်။
ဒီလောက်နဲ့ပဲ သူအောင် သွားပြီလား...
"နည်းနည်းလောက် သရုပ်ဆောင်ဖို့ မလိုတော့
ဘူးလား..."
သူကမေးလိုက်သည်။
သရုပ်ဆောင်စွမ်းရည်ကို ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ audition လုပ်တာ မဟုတ်ဘူးလား...
"မလိုဘူး..." ဟုယွီရွှမ်ဝမ် ကပြောသည် ။
“ဒီကြော်ငြာက ဆယ်မိနစ်ပဲ ကြာလိမ့်မယ်။ အဓိက ရိုက်ကွက်ကတော့ ခန်းကျဲပါ။မင်းက ကြော်ငြာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသရွေ့တော့ 50%လောက် ပြီးသွားပြီ။ ဒါကြောင့် ဒီ audition က ပုံရိပ် ကို အဓိကထားပြီး ကြည့်တာပါ...”
ဝမ်မင်ယီက ခေါင်းညိတ်လိုက်သည်။
ယွီရွှမ်ဝမ် က ဆက်ပြောလာသည်။
"ဒါပေါ့.. အဲ့တစ်ယောက်က ငါ့မျက်လုံးနဲ့လည်း အံကိုက်ဖြစ်ရမယ်။ မင်းကတော်ပြီး ငါ့ပုံရိပ်နဲ့လည်းကိုက်ညီတယ်လေ.. ဆိုတော့ ဂုဏ်ယူပါတယ်။”
ဝမ်မင်ယီ ကအမြန်ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် ဒါရိုက်တာယွီ၊ ကျွန်တော် ကြိုးစားပါ့မယ်။ “
“ပြန်သွားပြီး သန့်ရှင်းရေးလုပ်တော့။ နောက်တပတ်မှာ ရိုက်ကူးရေးစမှာဖြစ်ပြီးတော့ တစ်ပတ်ကြာလိမ့်မယ်။”
“အိုခေ”
"မင်း အခုသွားလို့ရပြီ။"
ဝမ်မင်ယီ သည် နောက်တစ်ကြိမ် ဦးညွှတ်ပြီး တံခါးအပြင်ထွက်ရန် လှည့်လာလိုက်သည်။
"ဘယ်လိုနေလဲ"
ချန်လုကသူထွက်လာသောအခါ အမြန်မေးလိုက်သည်။
ဝမ်မင်ယီ က သူမကို ပြန်မဖြေခဲ့ပေ ။ ဓာတ်လှေကားထဲသို့ဝင်သည်အထိ သူမယုံနိုင်သေးချေ ။ တကယ်ကြီး သူဒီလိုပဲအောင်သွားတယ်ပေါ့... ။ သူဘာမှလုပ်ခဲ့ရသလို ခံစားလိုက်ရ၏။
"ဘာလို့ စကားမပြောတာလဲ။ မင်းမအောင်ဘူးလား..."
ချန်လု က သူ့ကို နှစ်သိမ့်လိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒီကြော်ငြာက သေချာပေါက်ရရင်တော့ အကောင်းဆုံးဖြစ်ပေါ့ ဒါပေမဲ့ မရရင်လည်း အရေးမကြီးပါဘူး။ စိတ်မကောင်းမဖြစ်ပါနဲ့...”
“မဟုတ်ဘူး၊ကျွန်တော်အောင်ခဲ့တယ်..."
ဝမ်မင်ယီ က တိုးတိုးလေး ပြောသည်။
"Audition လုပ်ငန်းစဉ်က ထူးဆန်းလွန်းရုံပါပဲ"
သူအောင် သွားကြောင်းပြောသည်ကို ချန်လု ကြားလိုက်ရပြီး သူမ၏နှလုံးသားထဲတွင် ပန်းများ ချက်ချင်းပွင့်လာသည်။ ဝမ်မင်ယီ၏ မယုံကြည်နိုင်ဖြစ်နေ သော မျက်နှာကို သူမကြည့်လိုက်သည်။
“ အနုပညာရှင်တွေမှာ ထူးထူးခြားခြား ဝါသနာတွေ အမြဲရှိကြသလိုပဲ ဒါရိုက်တာကြီးတွေမှာလည်း ထူးခြားတဲ့ အင်တာဗျူးနည်းလမ်း တွေ အမြဲရှိနေ တတ်တယ်” ဟု ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှင်းပြသည်။
“အဲ့လိုဖြစ်ပုံရတယ်။”
ဝမ်မင်ယီက ခေါင်းညိတ်လိုက်ပေမဲ့မေးလိုက်ဆဲပင်
"ချန်ကျဲ ၊ ကျွန်တော့် ကိုယ်ရေးရာဇဝင်မှာ သတင်းအနုပညာမေဂျာရဲ့အမှတ်အများဆုံးသူလို့ ဘာလို့ထည့်ထားတာလဲလို့ မေးလို့ရမလား"
"ဒါရိုက်တာယွီ က မင်းကိုပြောတာလား..."
ချန်လု အံ့သြသွားသည်။
“ဒီကြော်ငြာအကြောင်း အစ်မမင်းကိုပြောဖူးပါတယ် ။ အဲဒါက အများပြည်သူ ဝန်ဆောင်မှု ကြော်ငြာတစ်ခုလေ ။ ပညာရေးနဲ့ ပဆက်စပ်တယ်လို့ အစ်မအရင်က ကြားဖူးတယ်။ ပညာရေးနဲ့ ပတ်သက်လာရင် ကျောင်း၊ကျောင်းသားတွေ၊စာလေ့လာတာတွေတင်မဟုတ်ဘူးမလား။ အဲ့ဒါကိုတွေးပြီး မင်းရဲ့အဆင့်တွေကို ပါထည့်ရေးလိုက်တာ ...အဲ့ဒါကဒါရိုက်တာ ယွီ ရဲ့ အာရုံကို ဆွဲဆောင်လိုက်တာထင်ပါတယ်...”
“ပြီးတော့ မင်းမှာ ကိုယ်စားလှယ်အလုပ် မရှိသေးဘူးလေ ။ ဒါရိုက်တာယွီ က မင်းဘယ်လောက်ကောင်းကောင်း သီချင်းဆိုနိုင်တယ်၊ကနိုင်တယ်ဒါမှမဟုတ် မင်းနာမည်ကြီးလား မကြီးလား ဆိုတာကို ဂရုမစိုက်တာ သေချာတယ်။ ဒါကြောင့်ဒါရိုက်တာယွီ မင်းကို သတိထားမိအောင် ဒီတခြားရွေးချယ်စရာလမ်းတစ်ခုကိုပဲ ငါလုပ်နိုင်တယ်။ မင်းရဲ့အဆင့် တွေ ကောင်းတယ် ဆိုတော့ ဒါက သူတို့ရဲ့ ပညာရေးသဘောတရားကို မကိုက်ညီဘူးလား...”
ဝမ်မင်ယီက သူ့မမှာတော်တော်လေး အကြံညဏ် တွေ ရှိတာပဲဟု တွေးမိသည်။
အချက်အလက်တွေအရ ဒါရိုက်တာ ယွီ က သီချင်းဆိုခြင်း၊ ကခုန်ခြင်းထက် ဤသည်ကို ပိုစိတ်ဝင်စားကြောင်း သက်သေပြခဲ့ပြီး မဟုတ်လျှင် သူ့အကြောင်းကို အရင်ကတည်းက မေးနေမည် မဟုတ်ပါလေ ။ ဒါက တကယ့်ကို အံ့အားသင့်စရာ အလှည့်အပြောင်းတစ်ခုနဲ့ အနိုင်ရခဲ့တာပဲ..!
စာရေးသူမှာ ပြောစရာရှိပါတယ်။
Gong နှင့် Shou အကြား သွေးရင်းဆက်ဆံရေး မရှိပါ။ အိမ်နီးနားချင်းအစ်ကို ၊ အိမ်နီးချင်းညီလေးပါ။ အစ်ကိုသည် ယဉ်ကျေးစွာ ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။
Now-
ချန်လု: ကံကောင်းထောက်မစွာပဲ မင်မင် က ကောင်လေးတစ်ယောက်ပါ။ မဟုတ်ရင် ဥက္ကဋ္ဌ စစ်ကသူ့ကို ကြိုက်သွားမှာ အသေအချာပဲ!
After-
ချန်လု : ဥက္ကဋ္ဌ စစ် က ယောက်ျားတွေကို ကြိုက်မှန်း ဘာလို့ငါ့ကို ဘယ်သူကမှ မပြောကြ တာလဲ!!