အပိုင်း ၄၇
Viewers 14k

ဝမ်မင်ယီ ၏ အတန်းပိုင်က သူပြန်လာသည်ကိုတွေ့သည်နှင့် ကျောင်းသားအား သူ့ရုံးခန်းကိုသွားရန်အတွက် WeChat မက်ဆေ့ခ်ျကို အထူးတလည်ပို့လိုက်သည်။
သို့ပေမဲ့ ဝမ်မင်ယီသည် ကျောင်းလာခဲသည့်အတွက် အတန်းပိုင်ရုံးခန်းက မည့်သည့်နေရာတွင်ရှိသည်ဆိုတာကို မသိခဲ့ပါချေ ။ အဆုံးတွင် ကျန်းဟ့မ်က သူ့ကို ထိုနေရာကို ခေါ်သွားခဲ့၏။
“မင်းပြန်လာပြီ။ ရုပ်ရှင်ရိုက်ရတာ ခက်ခဲလား...”
မျက်မှန်ဝတ်ထားသည့်အတန်းပိုင်က ပြုံးကာမေးလေသည် ။
“အဆင်ပြေနေ တုန်းပါပဲ။” ဝမ်မင်ယီ က သူ့ရှေ့မှာရပ်ပြီးမေးလိုက်သည်
"ဆရာ ကျွန်တော့်ကိုခေါ်တာ အကြောင်းတစ်ခုခု ရှိလို့လား ။"
“အင်း၊ ဖိုင်နယ်စာမေးပွဲက ရက်အနည်းငယ်ကြာ ရင်ဖြေရတော့မယ်။ ဒီSemesterမှာ အတန်းမသိပ်တက်ခဲ့ဘူးဆိုတော့ မင်းလိုအပ်မယ်ထင်ရင်…”
“ကျွန်တော် ပုံမှန်အတိုင်းပဲ စာမေးပွဲဖြေမယ်” ဟု ဝမ်မင်ယီ က ပြောလိုက်သည်။
“ကျောင်းမှာလက်ချာမလိုက်ခဲ့ပေမယ့် ကျူရှင်ဆရာကို သီးသန့်ငှားပြီး ကိုယ်တိုင်လေ့လာနေပါတယ်။ ကျွန်တော့်ရဲ့ ဖိုင်နယ်စာမေးပွဲကို ထိခိုက်မှာ မဟုတ်ပါဘူး။”
“ကောင်းပြီ။မင်းကြိုးစားကြည့်ချင်ရင်တော့ ကျောင်းကလည်းသဘောတူမှာပါ။ ပြောရမယ်ဆိုရင် မင်းရဲ့အခြေအနေက တကယ်ထူးခြားတယ်။ ဒီရက်ပိုင်းအတွင်းမှာ မင်းရဲ့အတန်းဖော်တွေဆီက မှတ်စုတွေငှားပြီး ပြန်လေ့လာလို့ရတယ် ။ မေးစရာရှိရင် မင်းရဲ့ကျူရှင်ဆရာ ဒါမှမဟုတ် ငါ့ကိုပဲဖြစ်ဖြစ် လာရှာလို့ရတယ်..."
“မှတ်ထားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဆရာ။"
"စိတ်မပူပါနဲ့။ အခြားကျောင်းသားများနဲ့သွားပြီးပြန်လေ့ကျင့်လို့ရပြီ။ စာမေးပွဲမှာ ကံကောင်းပါစေကွာ"
“ဟုတ်။”
ဝမ်မင်ယီသည် ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။ ကျန်းဟမ့်က အပြင်မှာသူ့ကိုစောင့်နေ၏။ သူထွက်လာတာကိုမြင်သည်တွင် ရှေ့ကိုတိုးလာပြီး ...
“အတန်းပိုင်က ဘာပြောလဲ..."
“နောက်ဆုံးစာမေးပွဲအကြောင်း မေးတယ်။ ပုံမှန်အတိုင်းပဲဖြေမယ်လို့ ငါပြောလိုက်တယ်..."
"ဟုတ်လား။ ဒါဆို သွားကြစို့... စာကြည့်တိုက်ကို သွားရအောင်၊ငါမင်းကို Key pointတွေ ပေးမယ်။"
"မလိုတော့ဘူး" l ဝမ်မင်ယီ သူ့ကိုကြည့်ရင်း အနည်းငယ်ရှက်သွားသည်။ “လေ့လာရေးအထောက်အကူပြုအသင်းက ဘာသာရပ်အကုန်လုံးရဲ့ Key pointတွေကို မိတ္တူကူးထားပြီး တော့ဆရာတွေ အရေးကြီးတယ်လို့ပြောတဲ့ဟာတွေကိုမာကာသုံးပြီး highlightတောင်လုပ်ပေးထားသေးတယ် "
ကျန်းဟမ့် :...
“အဲဒီတုန်းက မင်းက သန့်စင်ခန်းထဲမှာပဲ ရှိသေး တယ်” ဟု ဝမ်မင်ယီ က ဆက်ပြောသည်။
ကျန်းဟမ့် :...
ကျန်းဟမ့် သူ၏အတန်းဖော်ဟောင်းနှင့် စကားဆက်မပြောချင်တော့ပေ။ဤကဲ့သို ကွဲပြားခြားနားလွန်းလှသော ဆက်ဆံပုံများ သည်သူ၏နှလုံးသားကို နာကျင်စေ၏!
သို့သော် နှစ်ယောက်သား အတူတူ စာကြည့်တိုက်သို့ သွားကြဆဲဖြစ်သည်။ ဝမ်မင်ယီ သည်သူ၏ နှာတံစင်းစင်း ပေါ်တွင် မျက်မှန်တစ်လက်ကို ၀တ်ဆင်ကာ ခေါင်းကိုငုံ့ရင်း အထောက်အကူ အသင်းမှ ပေးထားသည့် မိတ္တူများကိုအာရုံစိုက်ရန် ကြိုးစားနေ သည်။
ကျန်းဟမ့် သည် အမျိုးသမီးများ၏ နှလုံးသားများသည် အမှန်တကယ်ပင် စေ့စပ်သေချာသည်ဟု ခံစားရသည်။ ဤKey pointများသည် သူကိုယ်တိုင် မှတ်မိသည်ထက်ပင် ပိုမိုပြည့်စုံနေ သည်။ နောက်ဆုံးတွင် ဝမ်မင်းယီ၏ မှတ်စုမိတ္တူကို ငှားပြီး သူ့အတွက် မိတ္တူကူးရန် အောက်ထပ်သို့ ပြေးသွားခဲ့သည်။
ဝမ်မင်ယီ၏ မှတ်ဉာဏ်က အရမ်းကောင်းပါသည်။ သူအလွတ်ကျက်နေစဉ်တွင် အသံထွက်ဖို့မလိုသလို မှတ်စုလည်းချရေးစရာမလိုပေ ။ သူ့စိတ်ထဲတွင် အကြိမ်အနည်းငယ် ထပ်ခါထပ်ခါ ရွတ်နေသရွေ့တော့ အရာအားလုံးကိုအခြေခံ အားဖြင့် မှတ်မိနိုင်ပါ၏။ ကျန်းဟမ့် မိတ္တူကူးပြီး ပြန်လာချိန်တွင် သူသည် စာမျက်နှာများစွာကို အလွတ်ကျက်ပြီးနေကာ စားပွဲထက်တွင်မှောက်၍ ခဏမျှ အနားယူနေပြီဖြစ်လေသည်။
ကျန်းဟမ့် က သူ့ကို မနှောက်ယှက်ခဲ့ပါချေ။ ဝမ်မင်ယီ က စားပွဲထက်တွင် ခေါင်းတင်ပြီး စာကြည့်တိုက်ထဲရှိလေနွေးနွေးတွေကို ခံစားရင်း မနီးမဝေးရှိ စာရေးရင်း ကြိုးစားရုန်းကန်နေရသည့် ကျောင်းသားတွေကို ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူဆီတွင်အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့သည့် ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ ဤကဲ့သို ရိုးရှင်းသော ကျောင်းသားဘဝတွင် နေထိုင်ခဲ့ဖူးသည့်အချိန်ကား ကြာလှပြီဖြစ်သည်။
သူရိုက်ကူးရေးအဖွဲ့ထဲတွင် ရှိစဉ်က လူတိုင်းက သူ့ကို ငယ်လွန်းသည်လို့ ထင်ကြပြီး သူက သူတိုနဲ့ရွယ်တူမဟုတ်ဘူးဟု ခံစားရသည်။
မှန်ပေသည်၊ သူတို့သည် ရွယ်တူများ မဟုတ်ကြပါချေ ။ သူ့နှင့်ရွယ်တူများက သက်ဆိုင်ရာရိုးရှင်းသည့်ပတ်ဝန်းကျင်များတွင် ကျောင်းတက်နေဆဲ၊စာသင်နေဆဲ၊ပြေးလွှားနေကြဆဲ၊ ချစ်ကြိုက်နေကြဆဲဖြစ်သည်။ သို့ရာတွင် သူသည်ကားထိုသိုသော ပတ်ဝန်းကျင်မျိူးတွင် ကြာကြာမနေခဲ့ရပါလေ။
သူ နောင်တရနေခြင်း မဟုတ်ပေ။ သူကိုယ်တိုင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် နောင်တရစရာ ဘာမျှပင်မရှိပါချေ ။ ပုံမှန် အသက်
အရွယ်တူ သာမန်လူတစ်ယောက်ကဲ့သို့ ၊ စာကျက်မည်၊ ပင်ပန်းသည့်အခါ အနားယူမည်၊ နိုးလာပါက ဒီနေ့ ဘာစားရမလဲဆိုသည်ကို စဉ်းစားမည်၊သူသည် တစ်ကြိမ်တစ်ခါမျှသာလျှင် ထိုသို့ပြန်လည်ပြီး ရိုးရှင်းစွာနေလိုခြင်းဖြစ်ပါ၏ ။ထိုသို့သောဘဝမျိူးက ကောင်းလွန်းလှသည်။
ဤသို့ပင် တိတ်ဆိတ်ငြိမ်သက်သည့်အခြေအနေတွင် သူသည် တဖြေးဖြေး အိပ်ပျော်သွားပြီး သူ၏ အထက်တန်းကျောင်းတက်ဆဲနေ့ရက်များဆီသို့ ပြန်ရောက်သွားပုံရသည်။
ထို့ကြောင့် ဝမ်မင်ယီ နိုးလာသောအခါ ညနေ ၆ နာရီ ထိုးနေပြီဖြစ်သည်။ ကျန်းဟမ့်ကမေးသည် "ထမင်းသွားစားကြ မလား"
"ခဏစောင့်ဦး။" ဝမ်မင်ယီက သူ့ဖုန်းကို ထုတ်လိုက်ပြီး ညစာအတူတူစားချင်လားဟု စစ်ကျွင်းတောက် ကို မေးလိုက်သည်။
စစ်ကျွင်းတောက်ကပြန်ဖြေသည်: အတူတူစားမယ်လေ ။ ငါ ကုမ္ပဏီကနေ ထွက်လာပြီးနေပြီ အခု မင်းကို လာကြိုနေပြီ။
ထို့ကြောင့် ဝမ်မင်ယီက ကျန်းဟမ့် ကို ရက်စက်စွာ ငြင်းဆိုခဲ့ပြီး "ငါ အိမ်ပြန်စားမှာ"ဟု ပြောလိုက်၏။
“အိုး။” ကျန်းဟမ့် က သူ့အိတ်တွေကို သိမ်းလိုက်ပြီး " စီနီယာစစ်ကျွင်းတောက် နဲ့လား.."
"မင်းဘယ်လိုသိတာလဲ.." ဝမ်မင်ယီက အံ့သြတကြီးပြောသည်။
ကျန်းဟမ် က မျက်မှန်မပါသော သူ့မျက်လုံးများကို ညွှန်ပြသည်။ "မျက်လုံး ကောင်းတယ်လေ ။"
ဝမ်မင်ယီသည် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဘာကိုမျက်လုံးကောင်းတာလဲ။ WeChat တွင် စစ်ကျွင်းတောက် နှင့် သူ စကားပြောထားသည့်Chatကို ဖွင့်ထားလျက်ကြီးဖြစ်နေသည်။
"ဟိုတလောက Weibo မှာ မင်းတင်ခဲ့တာမဟုတ်ဘူးလား။ နှစ်ယောက်လုံး ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာဆိုပြီး... သူက မင်းရဲ့ကောလေ ။ အဲ့ဒီ Chatထဲက အခြားတစ်ယောက် ရဲ့နာမည်က ကောတစ်လုံးထဲလေ..အဲတော့ သူမဟုတ်ဘူးလား"
“မင်းက တော်တော်လေးပါးနပ်တာပဲ ။” ဝမ်မင်ယီ က သူ့ဖုန်းကို ပိတ်လိုက်သည်။ "သူနဲ့အတူစားမှာ။"
“မင်းရဲ့ အဆင့်တွေက အမြဲတမ်း ကောင်းနေတာ မဆန်းတော့ပါဘူး... မင်းကို ဂိုက်လုပ်ပေးမဲ့ ဒီလိုအစ်ကိုကောင်းတစ်ယောက်ရှိနေမှတော့ ဘယ်လိုလုပ် မကောင်းပဲနေမှာလဲ။ ဒါပေမယ့် မင်း ငါတို့ကိုတောင် ပြောမပြဘူး"
“ငါလည်း မတတ်နိုင်ဘူး။ ငါက ပုံမှန်အားဖြင့် နှိမ့်ချတတ်သူမို့ ထုတ်ပြ ရတာကို မကြိုက်ဘူး။” ဝမ်မင်ယီက သက်ပြင်းချလိုက်သည်။ "ငါက နှိမ့်ချတတ်လွန်းရုံပါပဲ။"
ကျန်းဟမ့် :...
ကျန်းဟမ့်သည် ဝမ်မင်ယီကတကယ်ကို သရုပ်ဆောင်နိုင်သည်ဟု တွေးမိသည် ။ မင်းသားတစ်ယောက်ဖြစ်လာနိုင်တာ မဆန်းတော့ဘူး ...။ ဘယ်လောက် အံဝင်ခွင်ကျ ဖြစ်လိုက်သလဲလို့..!
ဝမ်မင်ယီ သည် ကျန်းဟမ့် နှင့်အတူ စားစရာဝယ်ရန် လိုက်ပါသွားပြီးနောက် X တက္ကသိုလ် ၏ ကျောင်းဂိတ်ပေါက်သို့ ရောက်ရှိနေပြီဖြစ်သည့် စစ်ကျွင်းတောက် နှင့် ဆုံရန် ထွက်လာခဲ့သည်။ သူက ကျန်းဟမ့် ကို နှုတ်ဆက်လိုက်ပြီး စစ်ကျွင်းတောက် ၏ ကားထဲသို့ မဝင်မီ မနက်ဖြန်အတွက် အသုံးပြုရမည့် စာအုပ်များ ယူလာရန်အတွက် သတိပေးလိုက်သည်။  
"မင်း သိပ်မကြာခင် စာမေးပွဲ ဖြေရတော့မှာမလား" စစ်ကျွင်းတောက် က သူ့ကို မေးလာသည်။
ဝမ်မင်ယီ က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် အဲဒါကြောင့် ဒီရက်ပိုင်းမှာစပြီးကျွန်တော်စာပြန်ကြည့်ရမှာ "
" မင်းမသိတာရှိရင် ငါ့ကိုမေးလို့ရတယ်။"
ဝမ်မင်ယီ က ထိုစကားကိုကြားရာတွင် ခေါင်းလေးစောင်းပြီးသူ့ကို ကြည့်လာသည်။
“ကော ရဲ့ အစွမ်းအစကိုကျွန်တော် တကယ်ပြစေချင်ပေမဲ့ ကျွန်တော် ဝိဇ္ဇာစစ်စစ်ကြီးလေ ဒါကြောင့် ကျက်ဖို့ပဲလိုတယ်။”
စစ်ကျွင်းတောက် ထိုစကားများကိုကြားလိုက်ချိန်တွင် နားလည်သွားပြီး ဝမ်မင်ယီ ၏ခေါင်းလေး ကိုပုတ်ပေးလိုက်ကာ ပြော၏။
"ဒါဆိုရင်လည်း ကောင်းကောင်း ကျက်နော်"
"ဟုတ်ကဲ့ပါဗျာ..ကျွန်တော် ပညာသင်ဆုရတဲ့အချိန်ကျ ကောကိုညစာဝယ်ကျွေးမယ်"
ထိုစကားကိုကြားရာတွင် စစ်ကျွင်းတောက်ရှော့ရ သွားခဲ့သည် ။ းဝမ်မင်ယီ ပညာသင်ဆုရသည်ကို သူမမြင်ရသည်မှာ အချိန်အတော်ပင်ကြာသွားခဲ့လေပြီ။
အလယ်တန်းကျောင်းတက်စဉ်က ဝမ်မင်ယီ သည် စာသင်ချိန်တိုင်းကို သွားတက်ခဲ့ပြီး သူဆီသို့ပြုံးပျော်ရင်း ပြေးလာကာ ထိပ်ဆုံးနံပါတ်တစ်ရပြန်ကြောင်းလာပြောလေ့ရှိသည်။ သို့ရာတွင် အထက်တန်းအဆင့်ရောက်သည့်အခါတွင် အဆင့်တွေနဲ့ပတ်သတ်ပြီး အလေးထားပုံမပေါ်တော့
ပါချေ ။သူ စိတ်ကောင်းဝင်သည့်အခါ စာမေးပွဲများတွင် အမှတ်အနည်းငယ်ပိုကောင်းလာကာ အတန်းထဲတွင် ထိပ်ဆုံး (၃)ယောက်ပင်ဝင်ပေလိမ့်မည် ။ သူစိတ်အခြေအနေမကောင်းလျှင်မူ ဖြေရုံသာဖြေပြီး သူ့အဆင့်က 30 အောက်ကို ကျသွားပေ လိမ့်မည်။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီ က သူ့လိုပဲ သိပ္ပံကို ရွေးချယ်လိမ့်မည်ဟု အမြဲတွေးခဲ့သော်လည်း ဒုတိယနှစ်တွင်ဝမ်မင်ယီသည် သတင်းအနုပညာမေဂျာ ကို ရွေးချယ်ခဲ့လေသည် ။ ထိုကိစ္စကြောင့် နှစ်ယောက်သား အပြင်းအထန် ငြင်းခုံခဲ့ကြသည်။ သူက နားမလည်နိုင်ခဲ့ကာ ဒေါသတကြီးဖြင့် ဆူပူခဲ့သည်။
“ဒီလိုဟာသမျိုးကို မင်းက ဘယ်လိုများ လုပ်နိုင်ရတာလဲ။ သိပ္ပံကို သဘောကျပြီး သင်ချင်တယ်လို့ မင်းတိတိကျကျကိုပြောခဲ့တာ မင်းဘာလို့ စာပေကို ရွေးခဲ့တာလဲ”
ဝမ်မင်ယီက သူ့ထက် ပို၍ စိတ်တိုနေလေ သည်။
“ကျွန်တော် စာပေကိုရွေးရင်တောင် ကောနဲ့ဘာ ဆိုင်လို့လဲ။ ကျောင်းထွက်ရင်တောင်မှ ကောနဲ့ဘာများဆိုင်လို့လဲ !"
စစ်ကျွင်းတောက် သည် ဒေါသအလွန်ထွက်ပြီး သူ့ကို မနေနိုင်စွာ ရိုက်နှက်ပစ်ချင်နေခဲ့သည်။
ဝမ်မင်ယီ က ဆက်လက်၍
“ကျွန်တော့်ဘဝက ကောနဲ့ဘာမှမဆိုင်ဘူး။ ကျွန်တော့်မှာ ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော့်ကို ထိန်းချူပ်ဖို့ ကောမှာဘာအခွင့်အရေးရှိလို့လဲ။ ကောမှာ ဘာအရည်အချင်းတွေများရှိလို့လဲ။ကောကဒီလိုမျိူးဆို အရမ်းစိတ်ရှုပ်ဖို့ကောင်းတာ ကောမသိဘူးလား...ကျွန်တော် ပြောပြ မယ်၊ကောနဲ့တူတဲ့ ဘာသာတွေကိုမရွေးချင်လို့ ဝိဇ္ဇာကို ရွေးချယ်ခဲ့တာ။ကျွန်တော်ကောကိုမုန်းတယ်။ကော နဲ့အတူတူတစ်ကျောင်းထဲ အထက်တန်းတက်ခဲ့ရတာကိုတောင် နောင်တရမိတယ်။ အဲဒါကိုသိရဲ့လား..."
ဝမ်မင်ယီ က သူ့စကား ပြီးသွားသည်နှင့် တံခါးကိုဆောင့်ဖွင့်ကာထွက်သွား ခဲ့သည် ။ စစ်ကျွင်းတောက် သည် ဝမ်မင်ယီ ၏အခန်းထဲတွင် ရပ်နေရင်း သူ့နှလုံးသားထဲတွင် အကူအညီမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုနေ့မှစပြီး သူသည် ဝမ်မင်ယီ၏ရှေ့တွင် ပေါ်လာသည့်အကြိမ်ရေကို လျှော့ချလိုက်ပြီးဝမ်မင်ယီ သူ့ကိုယ်ပိုင်ဉာဏ်ဖြင့်စာလေ့လာနေသည်ကို စောင့်ကြည့်နေခဲ့ရသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးသောအခါ၊ ဝမ်မင်ယီ သည် ပြည်နယ်ပြင်ပ တက္ကသိုလ်တစ်ခုအတွက် လျှောက်ထားမည်ဟုပင် တွေးထားခဲ့မိသည်။ သို့သော် ဝမ်မင်ယီ သည် ရုတ်တရက်စပြီး လေးလေးနက်နက် စာလေ့လာမည်ဟုပင် မမျှော်လင့်ထားခဲ့ရာ ယခုနှစ် Xတက္ကသိုလ်ကို လျှောက်ထားသူများထဲတွင် ဝမ်မင်ယီ သည် ဝိဇ္ဇာတန်းအတွက် အမှတ်အများဆုံးသူ ဖြစ်လာလိမ့်မည်ဟုထင်ထားမည်ကား ဝေးရော့ပင်။
သူ မသိလိုက်ဘာသာဖြင့် ဝမ်မင်ယီ ကို စိုက်ကြည့်နေမိသည်။ ဝမ်မင်ယီ သည် လက်ရှိတွင် သူ၏ WeChat ကို ငုံ့ကြည့်နေသည်။ စစ်ကျွင်းတောက်သည် မနေနိုင်စွာဖြင့် ဝမ်မင်ယီ၏ဆံပင် လေးများကို ထပ်ပြီးထိလိုက်ကာ စိတ်သက်သာရာရသွားတော့သည် ။
“ဒါဆို ညစာလာစားဖို့ လာဖိတ်တာကို စောင့်နေ မယ်”
“စိတ်မပူပါနဲ့” ဟုဆိုကာ ဝမ်မင်ယီက ပြုံးလိုက်သည်။
စစ်ကျွင်းတောက် သူ့ကို ကြည့်လိုက်ရာတွင် နှင်း ကျပြီးနောက် ပထမဆုံးအကြိမ် ကြည်လင်နေသည့် ကောင်းကင်ကြီးကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။ နှင်းများကျနေသည့်အခါအေးသော်ငြား၊ မုန်တိုင်းဝင်သည့်အခါ အုံ့မှိုင်းနေသော်ငြား နှင်းများရပ်သွားသည်နှင့်နေမင်းကြီးသည် တိမ်တွေကြားမှခေါင်းပြူထွက်လာတော့သည်။ထိုသည်ကား ကြည်လင်နေသည့်ကောင်းကင်၏အလှကို မည်သို့မျှ မေ့မရနိုင်ကြောင်း သက်သေပြနေခဲ့သည်။
ထိုသည်ကား သူ့နှလုံးသားထဲတွင် အစဉ်အမြဲ စွဲမြဲနေသည့် အလှပဆုံးသောမြင်ကွင်းလေးပင်ဖြစ်လေ၏။
ဤသို့ဖြင့်ပင် ဝမ်မင်ယီသည် သာမန်ကျောင်းသားတစ်ဦးကဲ့သို့ ကျောင်းနေ ဘဝကို တရားဝင်စတင်ခဲ့လေသည်။ သူသည် အတန်းထဲတွင် လက်ချာများကို နားထောင်ပြီး၊ ပြီးလျှင် ပြန်ပြီး သုံးသပ်သည်။ သူအိမ်ပြန်ရောက်ပြီး ခွေးတစ်ကောင်ဖြစ်သွားလျှင်ပင် စာရွက်များကိုလှန်ရန် သူ့ခြေဖဝါးကိုသုံး၍ကြိုးစားကာ စာလေ့လာ နေဆဲပင်။
သို့သော် ကြောင်များနှင့် ခွေးများ၏ လက်များသည် စာရွက်များကို လှန်ရန် အမြဲခက်ခဲနေမည်ဖြစ်သည်။ မကြာခဏဆိုသလိုသူလှန်၍မရခဲ့ပေ ၊ ဝမ်မင်ယီ သည် ကွန်ပြူတာမျက်နှာပြင်ထက်ရှိ Key point များကိုသာ ကြည့်ရှုရန် ရွေးချယ်လ်ိုက်တော့သည်။
တစ်ပတ်အကြာတွင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု သည် လူတိုင်း၏မကျေနပ်ချက်များကို ရပ်တန့်ပစ်ခဲ့သည်။ ဤဝမ်မင်ယီသည်ကား အလျားခုန်ခြင်း၊ ဒိုက်ထိုးခြင်း၊ မီတာ ၁၀၀၀ ပြေးခြင်းတို့တွင် အလွန်ပင်လွယ်လွယ်ကူကူပြီးစီးကာ သက်တောင့်သက်သာရှိနေ သည်။ ယောက်ျားလေးများက ကူရာမဲ့စွာ ညည်းညူကြပြိး မိန်းကလေးများကဂုဏ်ယူပျော်ရွင်စွာ အော်ဟစ်ကြ၏ ။
မကြာခင်တွင်ပင် နောက်ဆုံး စာမေးပွဲ ဖြေဖို့ အချိန်ကျလာခဲ့ပြီ။ စစ်ကျွင်းတောက်သည် သူ့ကို ကျောင်းလိုက်ပို့သည့်အခါတွင် အားပေးစကားများကို အထူးတလည်ပြောခဲ့သည်။ ဝမ်မင်ယီက ယုံကြည့်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. ပြဿနာဖြစ်မှာမဟုတ်ပါဘူး။ “
အချက်အလက်များအရ အမှန်တကယ်ပင် ပြဿနာမရှိကြောင်း သက်သေပြနေခဲ့ သည်။ ဝမ်မင်ယီသည် သူမျှော်လင့်ထားသည်ထက်ပင် သူကျက်ထားသည့် အကြောင်းအရာများအားလုံးကို မှတ်မိခဲ့သည်။ ဝမ်မင်ယီ သည် တံခါးဘေးရှိ အတန်းတွင်ထိုင်ကာ စာမေးပွဲဖြေပြီးလျှင်ဘာစားရမလဲဟုတွေးရင်းမေးခွန်းများကို ဖြေနေခဲ့သည်။
အဖြေလွှာများအပ်၍ရသောအခါ ဝမ်မင်ယီ သည် အဖြေလွှာအပ်လိုက်ကာ အပြင် ထွက်လိုက်သည်။ အခန်းစောင့်ဆရာက စာလုံးများအပြည့်ဖြစ်နေသောသူ့စာရွက်ကို ကြည့်လိုက်ပြီး အံ့ဩတကြီးမှတ်ချက်ပြုလိုက်၏
ဒီကလေးရဲ့ အရေးအသားက တော်တော်ကောင်းတယ်။
ကျန်းဟမ်သည် အဖြေလွှာ မအပ်ရသေးပေ။ သူတို့ နှစ်ယောက်သည် စာမေးပွဲခန်းတစ်ခုတည်းတွင် မဖြေရသည့်အတွက် ဝမ်မင်ယီက သူ့ကို ဖုန်းဆော့ ရင်း စောင့်နေခဲ့သည်။
ကစားနေစဉ်တွင် အတန်းထဲက ကျောင်းသူတစ်ယောက် သူ့နာမည်ခေါ်လိုက်သည်ကို ရုတ်တရက် ကြားလိုက်ရ၏။ ဝမ်မင်ယီခေါင်းကိုမော့ လိုက်သည်နှင့် မျက်နှာနီမြန်း၍အသက်ရှူမြန်နေသည့် မိန်းကလေးကို တွေ့လိုက်ရသည်။
“ကျောင်းတံခါး…နားမှာ...သတင်းထောက်တစ်ယောက်... ရှိတယ်။”
ဝမ်မင်ယီ : "ဟမ်"
"ဒီမှာ နင့်ကို အင်တာဗျူးဖို့ ဖြစ်နိုင်တယ်။ နောက်တံခါးကနေထွက်သင့်တယ်"
"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်" ဝမ်မင်ယီ ကပြောလိုက် သည်။
"ရပါတယ်။" သူပြောပြီးသည်နှင့် သူမ အဖော်များနှင့်အတူ ထွက်သွားခဲ့သည်။
ဝမ်မင်ယီ သည် ဖျော်ဖြေရေးအတင်းအဖျင်းဖိုရမ်ကိုဖွင့်လိုက်ရာ ဤစာမေးပွဲတွင် သူအမှတ်မည်မျှရမည်ကို သိချင်သည့် ပို့စ်များစွာကို တွေ့လိုက်ရသည်။
“သေချာပေါက် ကျမှာ။ သူက semesterတစ်ခုလုံး မတက်ခဲ့တာ ။ သူသာ အောင်ရင် အဲဒါက အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ ဖြစ်လိမ့်မယ်"
“သူအောင်သွားရင်တောင် အမှတ်မမြင့်လောက်ဘူး... မဟုတ်ရင် အဲဒါက သိပ္ပံနည်းမကျတော့ဘူး”
“X တက္ကသိုလ် ကိုသွားနေတဲ့ သတင်းထောက်တွေရှိမယ်ထင်တယ်။ သူ့ကိုသွားပြီ အင်တာဗျူးသင့်တယ်”
“ကျစ်.. ဒီလိုအဆင့်၁၈ အနုပညာရှင်ကို
တကယ်ကြီးအထူးတလည် ဆက်ဆံနေတယ်ပေါ့ ။”
အဆင့်၁၈ အနုပညာရှင်လေး ဝမ်မင်ယီ သည် ထိုပို့စ်ကို အေးဆေးတည်ငြိမ်စွာပိတ်လိုက်ပြီး ထိုလူများ၏ မျက်နှာကိုဖြတ်ရိုက်ရန် ရလဒ်ထွက်လာမည့်အချိန်ကို စောင့်ရန် ဆုံးဖြတ်ခဲ့သည်။ သူအဖြစ် မွေးဖွားလာရခြင်း၏အဓိပ္ပါယ်၊ မည်သို့သောအရည်အချင်းများဖြင့် သူမွေးဖွားလာခဲ့သည်ကို သူတို့ သိပါစေ။ သူဘယ်လိုပဲရိုက်ရိုက် ထိပ်ဆုံးကိုရောက်မှာပဲ...!!!
အချိန်စေ့ပြီး ခေါင်းလောင်းတီးလိုက်မှပင် ကျန်းဟမ်ကအဖြေလွှာများအပ် လိုက်သည် ။ နှစ်ယောက်သား ဂိတ်တံခါးဝမှ ထွက်ကာ Snack city တွင် စားကြသည်။ ခဏတာ အနားယူရန် အိပ်ဆောင်ကို ပြန်သွားခဲ့ပြီး နေ့လယ်တွင် စာမေးပွဲများ ပြန်စသည်။
သုံးရက်အကြာ စာမေးပွဲဖြေဆိုပြီးနောက် ဝမ်မင်ယီသည် နောက်ဆုံးတွင် ၎င်းတို့နှင့်အတူ ပြီးသွားခဲ့သည်။ ဤsemesterအတွက် ကျောင်းလည်း တရားဝင်ပိတ်သွားလေပြီ ။
နောက်ဆုံး စာမေးပွဲရလဒ်ကို ရက်အနည်းငယ်အကြာတွင် ရရှိမည်ဖြစ်သည်။ ဝမ်မင်ယီ က အလျင်လိုမနေပါချေ ။ အိမ်မှာ နှစ်ရက်မျှ သက်တောင့်သက်သာ အနားယူပြီးသည့် နောက်တွင် ချန်လု ၏ ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့ရသည်။
"မင်မင် 10 ရက်နေ့ audition ကို မှတ်မိသေးလား။ မနက်ဖြန်အတွက် မင်းဖို့လက်မှတ်ဝယ်ပြီးသွားပြီ မနက်ဖြန်နေ့လည်မှာအစ်မတို့ F City ကိုလေယာဉ်နဲ့သွားကြ မယ်။”
ဝမ်မင်ယီ မှတ်မိတာပေါ့...။ “အိုခေ” ဟု ပြန်ဖြေလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ပျော်ရွှင်မှုသည် ခဏတာမျှသာဖြစ်သည်။ အလုပ်သာလျှင် ထာဝရအမှန်တရားဖြစ်လေသည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
Gong နှင့် Shou အကြားတွင် သွေးရင်းဆက်ဆံရေး မရှိပါ။ အိမ်နီးချင်းအစ်ကို.. အိမ်နီးချင်းညီ၊အကို/ကော ဟု ခေါ်ခြင်းသည် ယဉ်ကျေးသည့် အသုံးအနှုန်းမျှသာဖြစ်သည်။