အပိုင်း ၄၆
Viewers 12k

ရက်အနည်းငယ်ကြာပြီးနောက် ဝမ်စု သည် စစ်ကျွင်းတောက် အား တောင်းပန်ရန်ဝမ်ပေါ် ကို စစ်, ကုမ္ပဏီသို့ ခေါ်သွားခဲ့သည်။
စစ်ကျွင်းတောက်က သူတို့၏လက်ဆောင်များကို လက်ခံခဲ့သော်လည် နောက်ဆုံးတွင် “ပူးပေါင်းဆောင်ရွက်မှုက ကံပေါ်မှာ မူတည်တယ်။ အခွင့်အလမ်းရှိရင်တော့ ပုံမှန်အတိုင်း ပူးပေါင်းဆောင်ရွက်ဖြစ်မှာပါ ။ ဒါပေမယ့် မရှိခဲ့ရင်တော့ တခြားနည်းလမ်း ရှိလာမှာမဟုတ်ဘူး" ဟုသာ ဆိုခဲ့သည်။
ဝမ်ပေါ် က သူ့စကားကို မကျေနပ်ပေ ။ ချေပရန်အတွက် ပါးစပ်ဖွင့်ရန် ပြင်ဆင်နေချိန်တွင်ပင် အစ်ကိုဖြစ်သူ၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရ၏။
ဝမ်စုက ဝမ်ပေါ် ကို ထပ်ပြီး တောင်းပန်ခိုင်းပြီး စစ်ကျွင်းတောက်၏ဆုံးဖြတ်ချက်ကိုစောင့်မျှော်နေခဲ့သည်။ သို့သော်ငြား စစ်ကျွင်းတောက်သည်ကား မလိုအပ်ဘူးဟုပင် ခံစားရသည်။။
“ဒီအတိုင်းပဲ အရင်လုပ်ရအောင်။ ငါ့မှာလုပ်စရာရှိတယ်။ မင်းတို့အရင်ပြန်လိုက်သင့်တယ်"
ဝမ်စု နှင့်အတူ ဝမ်ပေါ် သည် လေးလံသောနှလုံးသားဖြင့် စစ်, ကုမ္ပဏီမှ ထွက်သွားခဲ့သည်။
ဒီဇင်ဘာလလယ်ပြီးနောက်၊ ဝမ်မင်ယီ သည် နောက်ဆုံးတွင် သူ၏အခန်းများကို ရိုက်ကူး ပြီးသွားခဲ့သည်။
ဒါရိုက်တာသည် စတင်ရိုက်ကူးစဉ်က ဝမ်မင်ယီ သည် ငယ်ရွယ်သေးပြီး ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ရန် စိတ်မရှည်နိုင်ခဲ့ကာ ရိုက်ကူးရေးတွင် ပြဿနာတစ်ခုပင်ဖြစ်ခဲ့သည့်အတွက် ကြောက်လန့်နေခဲ့သည်။
သို့ရာတွင် လအနည်းငယ်ကြာ ရိုက်ကူးပြီးနောက်တွင် ဒါရိုက်တာက သူသည်အမှန်ပင် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်သည် ကို တွေ့ရာတွင် အံ့သြသွားခဲ့၏။
ကျောထောက်နောက်ခံကြီးကြီးမားမားရှိသော်လည်း ဝမ်မင်ယီ သည် မာနကြီးသည့်အရိပ်အယောင်ကိုအနည်းငယ်မျှပင် မပြသခဲ့ပေ။ သူသည် အချိန်မှန် ရိုက်ကူးပြီး အဖွဲ့၏ အစီအစဉ်ကို လိုက်နာကာ သူ့ကို အရင်လာမဆွသရွေ့ တခြားသူတွေကို ဒုက္ခမပေးခဲ့ပါချေ ။
သူများတွေက သူ့ကိုသွား နှောင့်ယှက်ရင်ရော…
ဒါရိုက်တာက ခဏလောက် စဉ်းစားလိုက်သည်။ မှန်တာပေါ့ … သူ့ကို သွားဆွဖို့ ဘယ်သူမှ အိပ်မက်မက်ရဲကြပုံမပေါ်ဘူး။
ထို့ကြောင့် ညစာစားပွဲအခမ်းအနားတွင် ဒါရိုက်တာက နောက်ထပ်ဖန်ခွက်နှစ်ခွက်သောက်ပြီးနောက် သူ့ ပုခုံးကို ပုတ်လိုက်ကာ ချီးကျူးခဲ့ပြီး "ရှောင်ဝမ် ဆက်ကြိုးစားနော်" ဟုဆိုသည်။
ဝမ်မင်ယီ ခေါင်းညိတ်ပြလိုက်သည်။
"ကြိုးစားပါ့မယ် "
သူ အဖွဲ့သားများနှင့် အဖွဲ့လိုက် ဓာတ်ပုံရိုက်ခဲ့ပြီး အထူးသဖြင့် အဖွဲ့၏ ကြောင်များ၊ ခွေးများနှင့်အတူ ဓာတ်ပုံရိုက်ကာ Weibo တွင် တင်လိုက်သည်— (ပြီးသွားပြီ။ အားလုံးကိုကျေးဇူးတင်ပါတယ်~)
ယန်ဖေးဖေး နှင့် ရှုကျင်းကျဲ တို့သည်လည်း သူ၏ Weibo ကို ပြန်လည်shareခဲ့ကြပြီး သူ့ကို ချီးကျူးရန် တွန့်ဆုတ်မနေခဲ့ကြပေ။
ရှန့်ချန်ဇီ နှင့် သိုက်ကျားယင် တို့သည်လည်း နောက်ကျ ကျန်ရစ်ရန် ဆန္ဒမရှိသည့်အတွက် သူ၏ Weibo ကို အမြန်shareလိုက်ကြသည်။
'Pet Romance' ၏တရားဝင်ဘလော့ဂ်တွင်လည်း သူ့ကိုချောမွေ့သောခရီးလမ်း ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပုံ ကိုးပုံတွဲ၍ တင်ထားသည်။
အမှန်တရားကို မသိသော ဖန်များက အဖွဲ့ ကြောင့်အံ့သြသွားကြ၏-( အဖွဲ့သားတွေက ဒီတိတိလေး ကို ပိုကြိုက်ပုံ ရတယ်.. တိတိကအဖွဲ့သားတွေရဲ့ ဂရုစိုက်မှုကို ခံခဲ့ရတာလား )
အခြားဖန်တွေကလည်းဝင်ပြောလာကြသည်။
(သချာပေါက်ကိုပဲ ။ ငါတို့ရဲ့ တိတိ က အရမ်းချစ်စရာကောင်းတယ်၊ သူ့ကို ဘယ်သူက မကြိုက်ပဲနေမှာလဲ။ ကျန်တဲ့သူတွေလည်း သူ့ကို အရမ်းသဘောကျကြမှာပဲ)
သို့ပေမဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဝမ်မင်ယီ ကတော့ အဖွဲ့မှ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီ။
ချန်လုက သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး...
“မင်းရဲ့ကျောင်းက ဇန်နဝါရီ လဆန်းပိုင်းလောက်မှာ စာမေးပွဲဖြေမယ်လို့ မင်းအရင်က ပြောခဲ့ဖူးတယ်မဟုတ်လား...”
“ဟုတ်တယ်။” ဝမ်မင်ယီ ကဆက်ပြောသည် “နောက်ဆုံး စာမေးပွဲပြီးရင် တခြားဟာတွေနဲ့ အလုပ်ရှုပ်နေတော့မှာ...”
"ဇန်နဝါရီလ 10 ရက်နေ့ အားလား..."
ချန်လု ကမေးလိုက်သည်။
"အစ်မအရင်က မင်းအတွက် လူရွေးပွဲဝင်ဖြေဖို့ လျှောက်လွှာတင်ထားတာ 10 ရက်နေ့ ဝင်ခွင့်ဖြေရမယ်ဆိုတဲ့ သတင်းကို အခုပဲ ရလိုက်တယ်..."
"ဘာဒရာမာလဲ" ဝမ်မင်ယီက ဖြတ်ကာ မေးသည်။
ချန်လု : "အများပြည်သူဝန်ဆောင်မှုကြော်ငြာ"
ဝမ်မင်ယီ : "ဟမ်..."
ချန်လု က သူ့ဘေးမှာထိုင်ပြီး သူ့ကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်
"အဲ့ဒါကို အထင်မသေးနဲ့နော် ။ ဒီအများပြည်သူဝန်ဆောင်မှုကြော်ငြာက ပြည်သူတွေရဲ့တောင်းဆိုမှုကို တုံ့ပြန်ဖို့နဲ့ သဟဇာတရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့အတွက်ပဲ..အဲ့တော့သူတို့ကရိုက်ကူးဖို့ ဒါရိုက်တာတစ်ယောက် ကို တွေ့ခဲ့တယ်။ အဲဒီဒါရိုက်တာက ယွီရွှမ်ဝမ်ပဲ... သူက ဘယ်သူနဲ့ တွဲလုပ်လေ့ရှိလဲ သိလား..."
ဤအဖြေကို ဝမ်မင်ယီ သိသည် ။
"ခန်းကျယ်..."
“ဟုတ်တယ်၊ သူပဲ။ သူက ဒီကြော်ငြာမှာခေါင်းဆောင်မင်းသားပဲ... အခု အဖွဲ့ က သူနဲ့တွဲမယ့် နောက်ထပ် ခေါင်းဆောင်မင်းသားကို ခေါ်နေတာ...”
ဤသည်ကား အလွန်ကို အံ့အားသင့်စရာပင်။ ယွီရွှမ်ဝမ် သည် ရုပ်ရှင်နယ်ပယ်တွင် လူသိများသော ဒါရိုက်တာတစ်ဦးဖြစ်ပြီး ကောင်းကျယ်သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ရုပ်ရှင်ဧကရာဇ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ဤလူနှစ်ယောက်ဖြင့် တွဲလုပ်ရသည်က သူ့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမှာ အသေအချာပင်။
"အိုခေ.. ကျွန်တော်နားလည်ပြီ ။ အချိန်ကျလာတဲ့အခါ ကျေးဇူးပြုပြီး လူရွေးပွဲသွားဖြေဖို့ ကျွန်တော့်ကိုသတိပေးပါဦး ချန်ကျဲ"
“ဟုတ်ပါပြီ”
ဝမ်မင်ယီ နှင့် ချန်လု တို့သည် ပစ္စည်းများကို အမြန်ထုပ်ပိုးနေ ကြပြီး စစ်ကျွင်းတောက် လည်း ရောက်လာပြီဖြစ်သည်။ ဝမ်မင်ယီသည် စစ်ကျွင်းတောက် ၏ ကားထဲသို့ ပုံမှန်အတိုင်းပင် ဝင်သွားပြီး ချန်လု ကို လက်ယမ်းပြကာ ပြောသည်။
"နောက်မှတွေ့မယ်..ချန်ကျဲ..."
“ကောင်းပါပြီ ..."
ဝမ်မင်ယီ ရိုက်ကူးရေး ပြီးသွားသည့်ခါတွင် စစ်ကျွင်းတောက် က ဟိုတယ်ကနေပြောင်းလာလိုက်သည် ။ နှစ်ယောက်သား အိမ်သို့ပြန်လာပြီး ဧည့်ခန်းထဲတွင် မီးများဖွင့်လိုက်သည်။ မီးများ လင်းထိန်လာသည့်အခိုက်တွင် စစ်ကျွင်းတောက် ရပ်တန့်သွားသည်။ သူ မသိလိုက်ဘာသာဖြင့်ခေါင်းကိုလှည့်၍ သူ့ဘေးနားရှိလူကို မျက်နှာချင်းဆိုင်လိုက်ပြီး လက်ဆန့်ကာ ဝမ်မင်ယီ၏ ခေါင်းကို ပွတ်သပ်ရင်း နူးညံစွာပြောလိုက်သည်။
“ပြန်လာတာကို ကြိုဆိုပါတယ်...”
ဝမ်မင်ယီသည် အနည်းငယ်ကြောင်,အ သွားပြီးမှ ပြုံးမိလိုက်၏။
စစ်ကျွင်းတောက်လည်း ပြုံးလိုက်သည်။ ဤသည်ကို အချိန်အကြာကြီးကတည်းကပင် သူပြောချင်နေခဲ့သည်ဖြစ်၏။ ဝမ်မင်ယီ တက္ကသိုလ်စတက်ပြီးနောက် ပထမဆုံးအကြိမ် ဤနေရာကို လာသည့်အခါတွင် သူသည် အခန်းတွင်း၌ ရပ်ကာ အပြင်ဘက်တွင် ရပ်နေသော လူငယ်လေး ကို ငုံ့ကြည့်နေခဲ့သည်။ ထိုအချိန်ကတည်းကပင်သူသည် ဝမ်မင်ယီ ကို “ပြန်တာလာကို ကြိုဆိုပါတယ်” ဟု ပြောချင်နေခဲ့သည်ပင် ။
ထိုအချိန်တုန်းက သူသည် ထိုစကားကို အချိန်မီ မပြောနိုင်ခဲ့သလို၊ ဝမ်မင်ယီ ကလည်းနားထောင်ရန် စိတ်မရှည်ခဲ့ပါချေ။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် သူပြောနိုင်ခဲ့ပြီဖြစ်၏ ။
ဝမ်မင်ယီသည် အသွင်မပြောင်းမီ ရေချိုးခဲ့ပြီး အသွင်ပြောင်းပြီးနောက်တွင် သည် မနက်ဖြန် ကျောင်းတက်တော့မည်ဖြစ်ကြောင်း စစ်ကျွင်းတောက်ကို အသိပေး ရန် သူ၏ကြောင်ကီးဘုတ်ကို နှိပ်လိုက်သည်။
"အနားမယူတော့ဘူးလား..."
(အင်း) ဝမ်မင်ယီက စာရိုက်လိုက်သည်။ '“နောက်ဆုံးစာမေးပွဲ ဖြေဖို့ အချိန်နီးနေပြီ၊စာပြန်
လုပ်ဖို့သွားရမှာ)
စစ်ကျွင်းတောက် သည် သူ၏အမြင်များကို အမြဲလေးစားသောကြောင့် စိတ်မပါစွာဖြင့် သဘော
တူခဲ့သည်။ သူဖြစ်စေချင်သော အခြေအနေတစ်ခုကိုသာလျှင် ထည့်ပြောလိုက်သည် ။
“အရင်ကလို ကျောင်းမှာပဲမနေနဲ့တော့ ။ ငါ မင်းကို နေ့တိုင်း လိုက်ပို့ပေးမယ်"
(အိုခေ)" ဝမ်မင်ယီ ရဲ့ ကြောင်လက်လေးက ခလုတ်နှစ်ခုကို နှိပ်ကာပြောလိုက်သည် ။ ကျန်းဟမ် ၏ WeChat ဆီသို့ cursorကို ရွှေ့လိုက်ပြီး မနက်ဖြန်တွင် မည်သည့်အတန်းများရှိသည်နှင့် သူလိုသည့် စာအုပ်များကို ကျန်းဟမ် ဆီကို စတင်မေးမြန်းလိုက်သည်။
(T/N—ကွန်ပျူတာscreenပေါ်မှာထောက်တဲ့မြှားလေးပါ)
နောက်ဆုံးစာမေးပွဲကြောင့် အလောင်းကောင် ကဲ့သို့ ရှုံ့တွနေသော ကျန်းဟမ့် သည် ထိုစကားကြောင့် အံ့အားသင့်သွားသည်။ သူကကြင်ကြင်နာနာဖြင့်အကြံပေးလိုက်သည်။
(ဘာလို့ အတန်းတက် နေဦးမှာလဲ။ နောက်ဆုံး စာမေးပွဲက မကြာခင်ဖြေတော့မယ်။ မင်း စာမေးပွဲဖြေဖို့ စီစဉ်နေတာလား"
)
ဝမ်မင်ယီ : (ဖြေဖို့ စီစဉ်ထားတယ်။ စာမေးပွဲမဖြေရင် မအောင်တဲ့ဘာသာလို့ သတ်မှတ်မှာ။ ဘာသာရပ်တွေအများကြီးကျပြီး ဒီအတန်းကိုပဲ ပြန်တက်မနေချင်ဘူး)
ကျန်းဟမ့်က ဝမ်မင်ယီ မှန်သည်ဟုတွေးမိ၏ ။ ("ဒါဆိုမင်း မနက်ဖြန်ကျောင်းလာလိုက်တော့... စာအုပ်တွေရအောင်ငါကူညီပေးမယ်။ မင်းလာတဲ့အခါ ငါ မင်းကိုအရေးကြီးတဲ့ အချက်တွေကိုပြောပြမယ်။)
ဝမ်မင်ယီ့ : (ကောင်းပြီ။)
ကျန်းဟမ့် 🙂 ဒါပေမယ့် မင်းအတန်းမတက်တာကြာနေပြီမို့ မင်းနောက်ဆုံးစာမေးပွဲအောင်ပါ့မလားလို့ ငါတကယ်စိတ်ပူတယ်)
ဝမ်မင်ယီ သည် အလွန်ပင်အေးအေးဆေးဆေး ဖြစ်နေ ၏။ သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသည့်နောက်တွင် auditionများ ဝင်ဖြေရန် စိတ်ကူးရှိနေပြီးပြီ ဖြစ်သောကြောင့် မေဂျာရွေးချယ်သောအခါ သတင်းအနုပညာ မေဂျာကို ရွေးချယ်ခဲ့သည်။ ထိုမေဂျာတွင် တွက်ချက်ခြင်းသာမကစာစီစာကုံး ရေးခြင်းပါ ပါရှိပြီး အလွတ်ကျက်ခြင်းသာမကရေးချခြင်းပင် ပါလေသည်။ ၎င်းတို့သည် မှတ်ဉာဏ်နှင့် အရေးအသားစွမ်းရည်ကို စမ်းသပ်ခြင်းသက်သက်သာဖြစ်သည်။
ဝမ်မင်ယီက သူအောင်မြင်အောင်လုပ်နိုင်သည်ဟု ခံစားမိသည်။ သူကျောင်းမှန်မှန်မတက်ခဲ့သော်ငြား သူ မှတ်မိနေ သရွေ့ သူ့ဘာသာရပ်က ကျရှုံးမှာမဟုတ်ချေ ။ ထို့ကြောင့် သူက ကျန်းဟမ့် ကို ယုံကြည်မှုရှိရှိနှင့်ပြောလိုက်သည်:
(လုံးဝကို စိတ်မပူနဲ့!)
သတင်းအနုပညာမေဂျာထဲရှိမိန်းကလေးများသည် မနက်ဖြန် ဝမ်မင်ယီ အတန်းလာတက်မည်ဆိုသည်ကို ကြားသည့်အခါ မည်သူမျှ အတန်းမပြေးကြသလို ၊အတန်းပျက်ရန်ခွင့်မတိုင်ခဲ့ကြပေ။ သူတို့အားလုံးသည် နောက်နေ့မနက် တွင် စောစောစီးစီး စာသင်ခန်းထဲ သွားကြကာ သူ့အလာကို စောင့်နေကြ၏။
Maskတပ်ကာ ဦးထုပ်ဆောင်းပြီးသောအခါ ဝမ်မင်ယီ သည် ဘောင်အနက်ဖြင့် မျက်မှန်တစ်လက်ကိုပါ ထပ်ဝတ်လိုက်သည်။ သူသည် ဆောင်းရာသီတွင် Maskတပ်ကာ ဦးထုပ်ဆောင်းထားသည့် အခြားကျောင်းသားများနှင့် ရောနှောနေ ကာ မထင်မရှားဖြစ်နေ၏ ။ အခန်းထဲဝင်လာကာ ကျန်းဟမ့် အနားသို့ လျှောက်သွားပြီး မျက်မှန်နှင့် Maskကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းတွင် မိန်းကလေးများ ဝိုင်းအုံလာသည်။
ယခုအချိန်သည် အကျွမ်းတဝင်ဖြစ်ပြီးသားဖြစ် သော 'အမေး မြန်မြန်နှင့် အဖြေနှေးနှေး' အချိန်ဖြစ်သည်။
"ဝမ်မင်ယီ ရိုက်ကူးရေး ပြီးပြီလား"
“အင်း။”
"ဒါဆို ဖိုင်နယ်စာမေးပွဲဖြေဖို့ ဒီတခေါက် ကျောင်းပြန်တက်တာလား"
“ဟုတ်တယ်။”
"တခြားအလုပ်တွေစီစဉ်ထားတာ ရှိသေးလား"
“ဒါက ပြောလို့မရဘူး။”
"ဒါဆို နင်နောက်ကျရင် ကျောင်းလာဦးမှာလား"
“စာမေးပွဲပြီးရင် အားလပ်ရက်လေ။ အားလပ်ရက်မှာ ကျောင်းမတက်မှာတော့ သေချာပါတယ်” ဟုဝမ်မင်ယီကပြန်ဖြေလိုက်သည်။
"ဒီတစ်ခါ ဒရာမာဇာတ်ကားရိုက်ရတာ ခက်ခဲလား" တစ်ယောက်ယောက်က စိုးရိမ်တကြီးမေးလာသည်။
“အဆင်ပြေပါတယ်။ အဖွဲ့သားတွေက တော်တော် လေးကောင်းကြ ပါတယ်။”
"ဒါဆို ယန်ဖေးဖေး နဲ့ တခြားသူတွေကရော TV မှာလို အတူတူပဲလား..."
"အဲ့ထက်တောင် ပိုကောင်းပါတယ်~"
တဖြေးဖြေးနှင့် ယောက်ျားလေးတွေလည်း ဝိုင်းအုံလာကြ၏။ သူတို့ အခန်း၏ ဆယ့်ရှစ်ယောက်၊ ဆယ့်ကိုးယောက်ခန့်ရှိ ယောကျာ်းလေး
များသည် သိလိုစိတ်ပြင်းပြပြီး တတ်ကြွနေသည့် အခြေအနေများတွင် ရှိနေကြသည်။ သူတို့ပိုင်သည့် ဖရဲစိုက်ခင်းမဟုတ်ရင်တောင် နှစ်ကိုက်လောက်တော့စားချင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအတင်းအဖျင်းသည် စိတ်ဝင်စားစရာပင်။
(T/N–သူတို့ ကိစ္စမဟုတ်ရင်တောင် စပ်စုပြီးဝင်နားထောင်ချင်တာကိုဆိုလ်ိုတာ)
မကြာခင်မှာပင် အတန်းအပြင်ကလူတွေလည်း ရောက်လာကြကာ ဓာတ်ပုံအနည်းငယ်ရိုက်ပြီး ဖိုရမ်မှာ တင်လိုက်သည် - (ဝမ်မင်ယီ က X တက္ကသိုလ် မှာ အတန်းပြန်တက်နေပြီ)
မူရင်းပို့(စ်)တင်သူ–(ဒီနေ့ ကျောင်းပြန်တက်.. ဝမ်မင်ယီက အတန်းပြန်တက်ပြီ..! တိတ်ိက အရမ်းချောတာပဲ.!!!)
ဝမ်မင်ယီ ၏ဖန်တွေနဲ့ ဖြတ်သွားဖြတ်လာတွေက ပို့စ်ကို မြန်မြန်ဆန်ဆန်နှိပ်ပြီး စိတ်ခံစားချက်တွေ အပြည့်နဲ့ရေးကြသည်။
( တိတိကအပြင်မှာ အရမ်းချစ်စရာကောင်းတယ်။ သူ့ဝတ်ထားတဲ့ဝတ်စုံနဲ့ တအားကို ခန့်ညားနေသောပဲ ။)
"(အား...ငါကျောင်းတက်နေ တုန်းက ဘာလို့ဒီလိုနာမည်ကြီးတစ်ယောက် မရှိခဲ့တာလဲ...ဝူး...ဝူး..ဝူး)
“(တိတိက အပြင်မှာစိတ်ထားကောင်းတယ် သူကတကယ်တော့ အငယ်လေးပဲရှိသေးတာလေ)
“(ငါတတ်နိုင်တယ်..ငါတတ်နိုင်တယ်..ငါတတ်နိုင်တယ်...ဒီလိုမျိူးတခြားအခန်းက ကျောင်းမြက်ခင်းစိမ်းလေးနဲ့ဆို ငါတကယ်တကယ်ကို ကျောင်းတက်နိုင်တယ် ။)
ဒါကိုမြင်တော့ မူရင်းပို့စ်တင်သူက တုံ့ပြန်လိုက်သည်။
("ဒါကတကယ်ကို တခြားအခန်းက ကျောင်းမြက်ခင်းစိမ်းလေးပဲ၊ ဟားဟားဟား)
(မူရင်းပို့စ်တင်သူက တိတိ နဲ့ စကားပြောခဲ့တာ လား။ အပြင်မှာ တိတိ ရဲ့ စရိုက်က ဘယ်လိုမျိူးလဲ။)
(မဟုတ်ပါဘူး။ ငါက တခြားအတန်းကပေမဲ့ သူရဲ့ ထိန်းချူပ်နိုင်စွမ်းက တော်တော်လေး ကောင်းတယ်လို့ ခံစားရတယ်။ လူတွေ အများကြီး အဝိုင်းခံထားရပေမဲ့ တိတိကဒေါသ မထွက်ပဲ သူတို့နဲ့ စကားတွေ ပြောနေတယ်)
(အား.... ငါအခု သံပုရာသီးစားလိုက်ရပြီ။ ငါလည်း တိတိ နဲ့ စကားပြောချင်တယ်လေလို့....)
(
မူရင်းပို့စ်တင်သူက (“ဒီအချိန်မှာ လူတိုင်းနောက်ဆုံးစာမေးပွဲဖြေရမှာ မဟုတ်ဘူးလား?ဝမ်မင်ယီက နောက်ဆုံးစာမေးပွဲကိုဖြေဖို့ ပြင်ဆင်နေတာလား" ) ဆိုပြီး တစ်စုံတစ်ယောက်က ပြောနေသည်ကို တွေ့သည့်အခါ စာပြန်ဖို့ရန် ပြင်ဆင်နေ၏။
(မဖြစ်နိုင်ဘူး။သူက semesterတစ်ဝက်ကျော်လောက် ရိုက်ကူးရေးအဖွဲထဲမှာနစ်မြုပ်နေခဲ့တာ... နောက်ဆုံး စာမေးပွဲဖြေဖို့ စီစဉ်နေတာက သူသုညရဖို့ ကြိုးစားနေတာလား)
(သုည မဖြစ်သင့်ဘူး။ အနည်းဆုံး ဆယ်ဂဏန်းလောက်တော့ ရသင့်တယ်)
မူရင်းပို့စ်တင်သူက အနည်းငယ် စိတ်ဆိုးသွားပြီး (“ရိုးရိုးလေး မှန်းဆမနေပါနဲ့ ဟုတ်ပြီလား ။ဝမ်မင်ယီ နောက်ဆုံးစာမေးပွဲဖြေမလား ၊မဖြေမလား ဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်။ အားလုံးပဲ ပျော်ပျော်ရွင်ရွင်ပဲပေါ့ ။ ဒီလို သဘောထားမတိုက်ဆိုင်တဲ့ စကားတွေ မပြောကြပါနဲ့။)
သူမက ဤစာကိုရေးပြီး ထိုလူများဆီက replyတွေ အားလုံးကို ဖျက်လိုက်၏။
သို့သော် black fanတွေ ကို ဆန့်ကျင်တိုက်ခိုက် ရန် ထိုမျှလွယ်ကူနိုင်ပါ့မလား။ သူမreplyတွေ ဖျက်လိုက်သည်ကို မြင်သည်နှင့် black fanတွေက ပိုပြီးတက်ကြွလာသည်။
(“မူရင်းပို့စ်တင်သူက ဝမ်မင်ယီရဲ့ ဖန်ပဲ... replyတွေကိုတောင်ဖျက်ပစ်တယ်။ သူများတွေကို ဘာလို့အမှန်အတိုင်းပြော ခွင့်မပြုတာလဲ။)
(မူရင်းပို့စ်တင်သူက စာမေးပွဲကျပြီး ဝမ်မင်ယီ အရှက်ကွဲမှာကို ကြောက်လို့ထင်တယ်)
(ဟားဟား၊ ဝမ်မင်ယီ က နောက်ဆုံး စာမေးပွဲဝင်ဖြေတော့မယ်လို့ ဘယ်သူပြောတာလဲ။ လုံးဝဝင်ဖြေမှာမဟုတ်ဘူး ။ သူအတန်းလုံးဝမတက်ခဲ့ဘူး။ သူဘာလို့ ဝင်ဖြေရမှာလဲ။ ကိုယ့်ကိုကိုယ် အရှက်ခွဲဖို့လား။
(“X တက္ကသိုလ်က ဂုဏ်သိက္ခာရှိရှိတည်ထောင်ထားတဲ့ ကျောင်းတစ်ကျောင်းလို့ သတ်မှတ်လို့ရတယ်။ ဒီလိုကျောင်းသားတစ်ယောက်ဖြစ်နေ ပြီး ၊ သူတက္ကသိုလ်မတက်ချင်ဘဲ starတစ်ယောက် ဖြစ်ချင်ရင် X တက္ကသိုလ် ကို ဘာလို့ ပထမနေရာမှာထားပြီး လျှောက်ခဲ့တာလဲ။ ရုပ်ရှင်ကျောင်းတစ်ကျောင်း သွားလျှောက်ပြီး သူ့နေရာကို တခြားတစ်ယောက်ဆီ ပေးလိုက်တာမှ ပိုကောင်းဦးမယ်။)
(အပေါ်ထပ်ကလူတွေက X တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမအောင်ခဲ့တဲ့သူတွေ လား။ ကိုယ့်အမှတ်က တခြားသူတွေလောက် မကောင်းတာနဲ့ပဲ တခြားသူကို အပြစ်မတင်ပါနဲ့။ အင်တာနက်မှာ ကီးဘုတ်ဖိုက်တာလုပ်ဖို့တောင် အချိန်ရနေရင် တခြားသူတွေ ကိုယ့်ကိုကျော်သွားခိုင်းမဲ့အစား နောက်ထပ်အခွင့်အရေးအတွက် ကြိုးစားပြီး လေ့လာပါ့လား။)
ပို့စ်တစ်ခုလုံး ယမ်းနံ့တွေ ချက်ချင်းပြည့်နှက်သွား၏။ ဤသည်ကိုမြင်သည်တွင် မူရင်းပို့စ်တင်သူက ပွဲဖြစ်နေခြင်းကို ရပ်တန့်နိုင်ရန် မျှော်လင့်ပြီး ပို့စ်ကို ဖျက်လိုက်သည်။ သို့သော် black fanကတိုက်ရိုက်ပင် ပို့စ်အသစ်တစ်ခုကိုတင်ပြီး ('F*** ဝမ်မင်ယီ' ဟု ရေးသားခဲ့သည်။)
ဖန်တွေက ဒါကိုမြင်သည့်အခါ သူတို့သည် black fanများနှင့် ရိုင်းရိုင်းစိုင်းစိုင်းပင် ရန်ဖြစ်ခဲ့ကြသည် ။ ဝမ်မင်ယီ X တက္ကသိုလ်ရဲ့ နောက်ဆုံးစာမေးပွဲတွင် ဝင်ဖြေမှာလား.. အမှတ်ဘယ်လောက်ရနိုင်မလဲ.. ဤမေးခွန်းများက ထိုပို့စ်ကို အရူးအမူး ဖုံးလွှမ်းသွား၏။
အဆုံးတွင် ဝမ်မင်ယီ နောက်ဆုံးစာမေးပွဲကို ဝင်မဖြေနိုင်ဟုပင် ပွင့်ပွင့်လင်းလင်း လောင်းကြေးထပ်ခဲ့သူအချို့ရှိခဲ့သည်။
(သူက အရူးမဟုတ်ဘူး။ ဒီsemesterမှာသူက အတန်းနည်းနည်းပဲတက်ခဲ့တော့ ဖိအားများတယ်။ ဒါကြောင့် သူဝင်ဖြေမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ အဲဒီတုန်းက မမေးခဲ့လို့.. မေးသာမေးကြည့်ခဲ့ရင်တော့ သူ့မှာ လုပ်စရာရှိတယ်လို့ ပြောလိမ့်မယ်။ရိုက်ကူးရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်လို့ပဲဖြေလိမ့်မယ် ။ ဒီလိုနာမည်ကြီးတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကို ငါနားလည်ပြီးသားဟ...)
(ဟုတ်တယ်၊ သုညရတာနဲ့စာရင် ဝင်မဖြေတာက ပိုကောင်းပါတယ်။ ဝမ်မင်ယီကတော်တော် လည်တယ်... သူဒီလို ရူးရူးမိုက်မိုက်တွေ မလုပ်မှာသေချာတယ်)
(ဝမ်မင်ယီ က အသက်မပြည့်သေးပေမယ့် ဘာကြောင့်လဲမသိဘူး၊ သူက မြေခွေးအိုကြီး လိုပဲ ခန့်မှန်းရတော်တော်လေးခက်တယ်..ပုံမှန် လူငယ်တွေ နဲ့ လုံးဝမတူဘူး)
(မလည်ရင် ဖျော်ဖြေရေးလောကထဲကို သူဘယ်လိုအစောကြီး ဝင်နိုင်မှာလဲ။ Xတက္ကသိုလ်ကလည်း က နာမည်ကြီးခဲ့တဲ့ကျောင်းတစ်ကျောင်းပဲကို သူကအဲ့ကျောင်း ကို မတက်ဘူး ။လောဘကြောင့်တကယ် ကန်းနေပြီ ။)
oဒါဆို သူ စာမေးပွဲ ဝင်ဖြေမှာ မဟုတ်ဘူး မဟုတ်ရင် သူအကြောင်းအကုန်ပေါ်သွား လိမ့်မယ်။ အနာဂတ်မှာသူဘယ်လိုမျိူး အာဏာရှင်တစ်ယောက်ရဲ့ပုံစံကိုဆက်ထိန်းထားနိုင်မှာလဲ)
(အာဏာရှင်ပုံစံကို သူကဖမ်းချင်နေသေးတာလား... နားစမ်းပါ။ သူစလာတာ ရက်ပိုင်းပဲရှိသေးပြီး သူကကြီးစိုးချင်နေ တာလား။ ရှင်းရှင်းပြောပါ ဟမ့်!)
(အပေါ်ထပ်ကလူရေ .. မင်း သူ့အသက်ကို လိုချင်နေတာလား။ ဖျော်ဖြေရေးလောကထဲကို ဝင်ပြီးသားလူက ဘာလိုစာလေ့လာချင်နေဦးမှာလဲ။ နောက်ဆုံး စာမေးပွဲကို ဝင်ဖြေချင်မှာမဟုတ်ဘူး ဟားဟား။)
မူရင်းပို့စ်တင်သူ- ("ဟားဟားဟား၊ သူသာ စာမေးပွဲဝင်ဖြေရင် ငါliveလွှင့်ပြီး ချီးစားပြမယ်! ငါစားရဲတယ်..ဝမ်မင်ယီရော ဝင်ဖြေရဲလား)
(မှတ်ထားနော်အဲ့စကား)
အခြားတစ်ဘက်က ကတိပေးပြီးပြီဖြစ်ကာ ထိုပို့စ်ရှိလူများကလည်း အလွန်အမင်းသဘောတူနေကြသောကြောင့် ဝမ်မင်ယီသည် ကူရာမဲ့စွာသက်ပြင်းချလိုက်သည်။ သူ၏ Weibo အကောင့်ထဲကို log inဝင်ပြီး ပို့စ်တင်လိုက်၏—ဇန်နဝါရီက နီးနေပြီ၊ နောက်ဆုံးစာမေးပွဲရဲ့ အရှိန်က ဝေးနေသေးတုန်းပဲလား ။ [လုပ်သာလုပ်]
မူရင်းပို့စ်တင်သူ : …
ဝမ်မင်ယီ သည် ကျန်းဟမ့် ၏ ဖုန်းကို ယူကာ ပို့စ်တင်သူကို replyပြန်ရန် ကျန်းဟမ့်၏ဖုန်းနံပါတ်ကို အသုံးပြုခဲ့သည်။"
( မူရင်းပို့စ်တင်သူရေ..
ချီးစားပြမယ်ဆို...ဘယ်အချိန်မှာ liveလွှင့်မှာလဲ။ ဝမ်မင်ယီ ရဲ့ Weibo မှာ သူနောက်ဆုံးစာမေးပွဲဝင်ဖြေမယ်ဆိုတာ သိသိသာသာပြောထား တယ်။ သူဝင်ဖြေရဲတယ် ...မင်းရောစားရဲလား မင်းက လုံးဝ အဆီမပြန်ဘူး၊ အရမ်းကိုလတ်ဆတ်ပြီး မကြွားတတ်ဘူး။ မင်းချီးစားနေတဲ့အချိန်မှာသေချာပေါက် ကိုကြည့်ကောင်းနေမှာပဲ ။ ဘယ်အချိန်မှာ Liveလွှင့်ပြမှာလဲ။)
ဝမ်မင်ယီ:( ပို့စ်တင်သူနဲ့ချီးစားခြင်းက အရမ်းသင့်တော်တယ်~)
ကျန်းဟမ့် :...
ကျန်းဟမ့်က သူ့ဘေးနားရှိလူကို ကြည့်လိုက်သည် ။ ဤသည်ကား သူသိသည့်ဝမ်မင်ယီ ပင်..!