အပိုင်း ၄၅
Viewers 14k

ရှုကျင်းကျဲသည် ဝမ်ပေါ် ၏ဖုန်းခေါ်ဆိုမှုကို မကြာမီလက်ခံရမည်ဟု ထင်ခဲ့သော်လည်း မရရှိခဲ့ပေ။ သူစိတ်မသက်မသာဖြစ်သည်အထိပင် ရက်အတော်ကြာအောင် စောင့်ရသောကြောင့် ဝမ်မင်ယီကို သွားရှာတော့ သည်။
သူဘာကြောင့် ပေါ်လာသလဲဆိုပြီး ဝမ်မင်းယီ ပဟေ ဠိဖြစ်မိသည်။ တစ်ဖက်သားပြောသည်ကို နားထောင်ပြီးနောက် သူက ပြုံးပြီး...
“သူကအခုတော်တော်လေး ပူလောင်နေပြီ၊ မင်းကို ရှာဖို့ အချိန်မရှိဘူး...”
ထိုစကားကိုကြားသောအခါ ရှုကျင်းကျဲ သည်ထိုဖြစ်ရပ်၏ နောက်ကွယ်တွင် ဝမ်မင်ယီ၏အကိုရှိနေမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူ မှန်းဆထားသည်ကား မှန်နေပုံပင်။စစ်, မျိုးရိုးသည်အမှန်တကယ်ပင် ဝမ်ပေါ်ကို ကျရှုံးအောင်လုပ်နိုင်စွမ်း ရှိနေသည်။ ဝမ်မင်ယီ သည် စစ် မိသားစုနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်။ ဝမ်မင်ယီ တွင် ထိုသို့သော ပင်ကိုယ်စရိုက်ရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ဤသို့သော ကျောထောက်နောက်ခံနှင့် သူဘာကိုမျှကြောက်နေစရာ မလိုပါချေ ။
"ငါနားလည်ပြီ.. ကျေးဇူးတင်ပါတယ်…"
ဝမ်မင်ယီက သူ့ကို လက်ယမ်းပြကာ နှုတ်ဆက်လိုက်သည်။ " ဘိုင့်...ဘိုင် ရှုကော"
ကျန်းဇီမော့ သည် အလုပ်ထုတ်ခံရပြီး ၎င်း၏ အလုပ်သင်အစီရင်ခံစာကို အပြီးသတ်ရန် အလုပ်သင်သင်တန်းတစ်ခု ထပ်မံရှာဖွေရန် လိုအပ်လာသည်။ဝမ်ပေါ် က သူ့ကို ဝမ်ဖုန်းကုမ္ပဏီထဲသို့ အလုပ်ဝင်ရန် အဆိုပြုခဲ့ပြီး ကျန်းဇီမော့ကလည်း သဘောတူခဲ့ပါသည်။ ဤသည်ကား သူ့အတွက်ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်လေ၏။
ဝမ်ဖုန်းလုပ်ငန်းစုသည် ယခုအချိန်တွင် တည်ငြိမ်ခြင်းမရှိတော့ပေ။ စစ်ကျွင်းတောက်သည် ဝမ်ပေါ် နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေချိန်တွင် သတိကြီးစွာထားခဲ့သည်။ သူသည် သဘောတူညီချက်နှစ်စုံကို ပြင်ဆင်ထားပြီး တစ်ခုမှာဝမ်ဖုန်းနှင့်ဖြစ်ပြီး အခြားတစ်ခုမှာလင်ဟယ့်နှင့် ဖြစ်သည်။
ဤကဲ့သို့ နောက်ဆုံးအဆင့်တွင် သူသည် ဝမ်ဖုန်း ကို ပယ်ပြီး လင်ဟယ့် ကိုရွေးချယ်ခဲ့သည်။ဤသည်ကား စစ်, မိသားစုအပေါ် သက်ရောက်မှုမရှိပေ ။ လင်ဟယ့်သည် ယခင်ကထက် ကောင်းမွန်သော အခြေအနေများ ရရှိလာခြင်းကြောင့် သူနှင့် လက်တွဲရသည်ကို အလွန်ပင်ပျော်ရွင်နေကြသည်။
ထိုအချိန်တွင် ဝမ်ဖုန်း၏အခြေအနေကား တခြားစီဖြစ်၏။ ဝမ်ဖုန်းသည် စစ်ကျွင်းတောက် ဤသို့လုပ်လာမည်ဟု မမျှော်လင့်ထားသဖြင့် အငိုက်မိသွားခဲ့သည်။ ၎င်းသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဝမ်ဖုန်း ၏ အဓိက ပရောဂျက်ဖြစ်သည်။ ကုမ္ပဏီ၏အင်အားများကို ဤပရောဂျက်ပေါ် တွင် စုပုံထားခဲ့သည်။ ယခုတွင် ပရောဂျက် ရုတ်တရက် ပျက်စီးသွားသဖြင့် ဝမ်ပေါ် ၏ အဖေနှင့် အစ်ကိုမှာ လုံးဝပင် ရှုပ်ထွေးသွားကြ၏ ။
"ဒါက ဘယ်လိုဖြစ်သွားတာလဲ။ မင်းတို့နှစ်ယောက်က သူငယ်ချင်းမဟုတ်ဘူးလား...
သူဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ..."
အဖေ ဝမ်က အော်ဟစ်ပြောဆိုလိုက်သည် ။
ရှုကျင်းကျဲ မှ ဝမ်မင်ယီကိုပေးသည့် ရိုးရှင်းသောသင်ခန်းစာသည် စစ်ကျွင်းတောက်အား သူ့ကုမ္ပဏီကိစ္စများကို တိုက်ရိုက် လက်တုံ့ပြန်လာသည်အထိဖြစ်စေမည်ဟု ဝမ်ပေါ်မထင်ထားခဲ့ချေ ။ဒီပူးပေါင်းဆောင်ရွက်မှုပရောဂျက်ကို ရိုးရိုးလေးပြောင်းပစ်လိုက်လို့ သူ့ကုမ္ပဏီလိုငွေပြလာမှာကို ဂရုမစိုက်ဘူးလား!
“သူက ငါတို့နဲ့ မပူးပေါင်းချင်ရုံဆိုတော်သေးတယ် အခုဟာက သူကလင်ဟယ့် နဲ့ တကယ်ကြီး သွားပူးပေါင်းနေတယ်ပေါ့... သူက ဝမ်ဖုန်းရဲ့မျက်နှာကို ဖြတ်ရိုက်နေတာ မဟုတ်ဘူးလား..."
အဖေ ဝမ်က ဒေါသတကြီး နဲ့ စားပွဲကို ဆောင့်ရိုက်လိုက်သည်။
ဝမ်ပေါ် ၏အစ်ကို ဝမ်စု က ထိုဟာကို နားမလည်နိုင်သေးပေ ။
"စစ်ကျွင်းတောက် က အကျိူးအကြောင်းမသင့်တဲ့လူမဟုတ်ဘူး။ သူက ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်၊ စာချုပ်မချုပ်ခင်မှာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ရုတ်သိမ်းနေတာက အဓိပ္ပါယ်မရှိဘူး။ ဒီပရောဂျက်ကို အပြန်ပြန်အလှန်လှန်ဆွေးနွေး နေခဲ့တာလည်း ကြာလှနေပြီ ...အရာအားလုံးပြေလည်လုနီး မှရပ်လိုက်တာက သူ့ပုံစံမဟုတ်ဘူး။ ငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ပစ်လိုက်တဲ့အထိဖြစ်အောင် မင်းတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့ သေးလား..."
ဝမ်ပေါ် က ဒါကိုလက်မခံရဲချေ ။ သူက ဝမ်စု ကို ပြောလိုက်သည်။
"စစ်ကျွင်းတောက် က သူ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဒါကို စွန့်ပစ်ခဲ့တာလို့ မင်းထင်နေတာတော့မဟုတ်ဘူးမလား..."
“အဲလိုတော့ ဖြစ်ပုံမရဘူး ။ ဒါပေမယ့် အဲဒါကလွဲလို့ တခြားအကြောင်းပြချက်ကို စဉ်းစားလို့မရသေးဘူး။ ငါ သူ့လက်ထောက်ကို မေးကြည့်တော့ သူ့လက်ထောက်က ဘာမှမသိဘူးလို့ ပြောတယ်။ သူက သူ့သူဌေးရဲ့ အမိန့်ကိုပဲလိုက်နာမှာ... ငါ စစ်ကျွင်းတောက် ကို မေးပေမယ့် သူက မင်းကို မေးလိုက်ဖို့ ပြောတယ်။ မင်းငါ့ကိုပြော... ဒီအချိန်ကျမှ သူဘာလို့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းခဲ့တာလဲ...သူဘာလို့မင်းကိုမေးဖို့ပြောတာလဲ...ရှောင်ပေါ် မင်းငါ့ကိုပြောပြ... ဘာလို့လဲ..."
ဝမ်ပေါ် က သူ့အဖေနှင့်အစ်ကိုကို ကြည့်လိုက်သည်။ သူ့ပါးစပ်က အနည်းငယ်ဟသွားသော်လည်း ဘာမှပြန်ပြန်မပြောနိုင်။
အဖေဝမ်သည် သူ့သားအကြောင်းကို သေချာ သိသည်။ သူဤသို့ဖြစ်နေသည် မြင်လိုက်သည်နှင့် ဝမ်ပေါ်မှာ အပြစ်ရှိမှန်း သူသိလိုက်၏။
"ငါပြောပါတယ်၊ မင်းနဲ့ တစ်ခုခုတော့ဆိုင်လိမ့်မယ်လို့... မဟုတ်ရင် စစ်ကျွင်းတောက် နဲ့ အဆင်ပြေနေဦးမှာ ၊ သူ ရုတ်တရက်ကြီး ဒီလိုနောက်ဆုတ် မှာ မဟုတ်ဘူး။ မင်း သူစိတ်ဆိုးအောင် တစ်ခုခု လုပ်ခဲ့တာပဲ ဖြစ်မယ်.. အဲ့ဒါကြောင့် သူက ဝမ်ဖုန်း နဲ့ ပူးပေါင်းတာကို ရပ်လိုက်တာ။ ငါ့ကိုပြော.. မင်းဘာအရှုပ်အထွေးတွေဖန်တီးခဲ့တာလဲ..."
"ကျွန်တော်အဲ့လိုမျိူး မရည်ရွယ်ခဲ့ဘူး..."
ဝမ်ပေါ် က အကူအညီမဲ့စွာပြောသည်။
“ကျွန်တော်က သူ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခွဲခြားမထားဘူးဆိုတာ ဘယ်လိုသိမှာလဲ။ ကျွန်တော် ဘာမှသိပ်မလုပ်ခဲ့ဘဲနဲ့ သူတကယ်ကြီး ဒီလိုလုပ်ပစ်တာ...”
"ဒါဆို တကယ်ကိုမင်းကြောင့်ပေါ့... "
ဝမ်စု အံ့သြသွားသည်။
"မင်းရဲ့ ဦးနှောက်ကိုသုံးပြီး မင်းမိသားစုအကြောင်း စဉ်းစားလို့မရဘူးလား။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း၊ လင်ဟယ့်ရဲ့ ကြီးထွားလာမှုက ငါတို့ရဲ့ဖောက်သည်အများကြီးကို လုယူသွားခဲ့တယ်။ စစ်, မိသားစုနှင့် ပူးပေါင်းမှုက ငါတို့မိသားစုရဲ့ အနာဂတ်ဖွံ့ဖြိုးမှုအပေါ် ကြီးကြီးမားသက်ရောက်နေတာ မင်းမသိဘူးလား..."
"မင်းနဲ့ စစ်ကျွင်းတောက် က တစ်ယောက်နဲ့တစ်ယောက် သိနေတာမလို့ ...တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းစကားပြောနိုင်မယ်ထင်ပြီး ပရောဂျက်ကိုပထမတုန်းက မင်းကို ပေးခဲ့တာ ဒါပေမယ့် အခု မင်းတကယ်ရှုပ်ထွေးအောင်လုပ်ပစ်ပြီ။ရှောင်ပေါ်... မင်းမိသားစုကို စိတ်မပူရအောင် နေလို့ရဘူးလား..."
“ကျွန်တော် မရည်ရွယ်ပါဘူး။ ဝမ်မင်ယီကိုပဲ သင်ခန်းစာတစ်ခုလောက် ပေးချင်ခဲ့တာ...စစ်ကျွင်းတောက် က သူ့ကိုတအားဂရုစိုက်မယ်လို့ မမျှော်လင့်ထားမိဘူး...”
"မင်းအခုပြောလိုက်တာက ဘာစကားလဲ! အခု စစ် မိသားစုနှင့် လင်ဟယ့်က ပူးပေါင်းသွားပြီ။ ငါတို့အပိုင်ဖြစ်လာမယ်လို့ယူဆထားတဲ့ စျေးကွက်အလားအလာတွေအကုန်လုံးက အခြားကုမ္ပဏီတစ်ခုသွားပြီးချဲ့ထွင်ကုန်ပြီ... တမင်ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဘာများလုပ်လို့ရသေးလို့လဲ..."
အဖေဝမ်သည် သူ့၏အသုံးမကျသည့်သား အနားတွင် ဆက်မနေချင်တော့ပေ ။
"ရှောင်စု ဒီရက်အနည်းငယ်အတွင်း သူ့ကိုစောင့်ကြည့်ထား ။အပြင် မထွက်စေနဲ့။ ရက်အနည်းငယ်ကြာပြီးရင် လက်ဆောင်တစ်ခုပြင်ဆင်ပြီး စစ်ကျွင်းတောက် ကိုတွေ့ဖို့ သူ့ကို ခေါ်ခဲ့။ရှောင်ပေါင့်ကို စစ်ကျွင်းတောက် ကို တောင်းပန်ခိုင်းပြီး ဒီတစ်ကြိမ်မှာ မပူးပေါင်းရပေမဲ့ နောက်ပိုင်းမှာ ပူးပေါင်းရရင်လည်အဆင်ပြေတဲ့အကြောင်းပြောခိုင်း... ဒီနေ့ စစ်ချီပြောတဲ့ အဓိပ္ပါယ်ကို ငါနားလည်တယ်။ ခုအချိန်ကနေစပြီး စစ်ကျွင်းတောက်က စစ်, မိသားစုရဲ့ခေါင်းဆောင်ဖြစ်လာ နိုင်ချေအများဆုံးပဲ။ စစ် မိသားစုမှာ ကျယ်ပြန့်တဲ့အဆက်အသွယ်နဲ့ ငွေကြေးအရင်းအမြစ်အများကြီး ရှိတယ်။ အခွင့်အရေးရှိရင် စစ် မိသားစုနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်တာက ငါတို့အတွက်အကောင်းဆုံးပဲ...”
"နားလည်ပါပြီ..."
"ငါအရင်ပြန်နှင့် မယ်။ ဒီရက်ပိုင်း ရှောင်ပေါင့် ကို ဂရုစိုက်ထား.. သူ့ကို ရူးရူးမိုက်မိုက်တွေမလုပ်စေ နဲ့..."
“ဟုတ်ကဲ့ ..အဖေ ...”
ဝမ်ပေါ် သည် သူ့အဖေ ထွက်သွားသည်အထိ စောင့်ပြီးမှ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ဝမ်စု က သူစိတ်ပျက်နေသည်တွေ့သည်တွင် မောင်းထုတ်ပစ်လိုက်၏။ ရလဒ်အနေဖြင့် ဝမ်ပေါ် ထွက်သွားပြီးနောက် ဝမ်စု သည် ၎င်း၏အတွင်းရေးမှူးထံမှဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီး အထွေထွေမန်နေဂျာက သူ့ကိုတွေ့လိုသည်ဟု ပြောလာခဲ့သည်။
“သူမကို ဝင်ခွင့်ပြုလိုက်။”
"ဘာလဲ..."
ဝမ်စုက သူ့ရှေ့ရှိ အထွေထွေမန်နေဂျာကို ကြည့်ရင်း မေးလိုက်၏။
“ ဘာမှတော့မဟုတ်ပါဘူး ဆရာ.. အဲဒါက ဒုတိယ သခင်ငယ်လေးနဲ့ ပတ်သက်တာဆိုတော့ ကျွန်မ ဆရာ့ကို အစီရင်ခံချင်တာ ။ ”
“ပြော။”
"ဒုတိယသခင်လေး က ဒီနေ့ ကိုယ်ရေးရာဇဝင်တစ်ခု ပေးပြီးတော့ ကျန်းဇီမော့ လို့ခေါ်တဲ့လူတစ်ယောက်အတွက် အလုပ်သင်သင်တန်းတစ်ခု စီစဉ်ပေးဖို့အတွက် ကျွန်မကို ကူညီပေးဖို့ ပြောခဲ့ပါတယ်..."
"ကျန်းဇီမော့..."
ဝမ်စုက ခပ်တိုးတိုး လိုက်ကာရေရွတ်သည်။
"သူ့ရဲ့ကိုယ်ရေးအကျဉ်းက ဘယ်မှာလဲ၊ ငါ့ကိုကြည့်ခွင့်ပေး... "
မန်နေဂျာက လွှဲပေးလိုက်၏။
“သူ စစ်,ကုမ္ပဏီ မှာ အချိန်တစ်ခုလောက်ထိ အလုပ်သင် လုပ်ခဲ့တယ် လို့ပြော တယ်။ ကျွန်မဖုန်းခေါ်ပြီး စစ်ဆေးလိုက်တော့ စစ်,ကုမ္ပဏီ ဘက်ကပြောတယ် အဲ့ဒါကတကယ်ဟုတ်တယ်၊ ဒါပေမယ့်…”
"ဒါပေမယ့် ဘာလဲ..."
ဝမ်စု က မေးလိုက်သည်။
"အကဲဖြတ်ချက်က သိပ်မကောင်းဘူး..."
သူမကအမှန်အတိုင်းပြောလိုက်၏။
“ ပြောရရင်စွမ်းဆောင်ရည် မကောင်းတဲ့အတွက် အလုပ်သင်ကာလ စောပြီး အလုပ်ထုတ်ခံရတယ်။ မနေ့ ကမှ အလုပ်ထုတ်ခံလိုက်ရတာပါ...”
“မနေ့က…”
ဝမ်စု မျက်မှောင်ကြုတ်လိုက်သည်။ ကိုယ်ရေးရာဇဝင်ထဲက ဓာတ်ပုံကိုကြည့်လိုက်လျင် ဒီလူက အရမ်းရင်းနှီးသည်ဟုသူအမြဲခံစားရ၏။ ဝမ်စု က ထိုအချက်ကိုတွေး မိပြီး ဝမ်ပေါ် ဆီမှ ဤနာမည်ကို ကြားခဲ့ရသည်ကို သတိရလိုက်မိသည်။ ဝမ်ပေါ် က သည်လူကို အတော်စောစောကတည်း သိပုံရသော်လည်း သူကအိမ်တွင်သည်လူနှင့်ပတ်သတ်၍ သိပ်မပြောခြင်းကြောင့် ထိုသူ့ကို သိပ်ပြီးဂရုမထားမိခဲ့ချေ။
ကျန်းဇီမော့ သည် စစ်, ကုမ္ပဏီမှ မနေ့က အလုပ်ထုတ်ခံခဲ့ပြီး ဝမ်ဖုန်းသည်လည်း မနေ့တွင်ပင် စစ်, ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကျရှုံးသွားခဲ့သည်။ ဒီလို တိုက်ဆိုင်မှုမျိုးက... ဒါက ကျန်းဇီမော့ နဲ့ များ သက်ဆိုင်နေမ လား... အဲ့လိုသာဆို သူက ဒီထဲမှာဘယ်လိုအခန်းကဏ္ဍကကနေ ပါဝင်တာလဲ...
“မင်းပဲကြည့် စီစဉ်လိုက် ဒါပေမဲ့ သူ့အကြောင်းငါ့ကို စုံစမ်းပေး... သူနဲ့ ရှောင်ပေါင် ကြားက ဆက်ဆံရေးကို အာရုံစိုက်ပါ။”
"ကောင်းပါပြီ..ဆရာ။”
"ထွက်သွားလို့ရပြီ"
“ဟုတ်ကဲ့ ”
ဝမ်စု သည် ကိုယ်ရေးရာဇဝင်ကို ချလိုက်ပြီးသူ၏တွန့်ကွေးနေသော မျက်ခုံးများကို ကူရာမဲ့စွာ ပွတ်သပ်လိုက်သည်။
*******
ဝမ်မင်ယီ သူ့လက်လေးများ ရှေ့ရှိ ကြောင်ကီးဘုတ်ကို ကြည့်ပြီး လက်ကိုဆန့်ကာ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။ ကွန်ပြူတာမျက်နှာပြင်ပေါ် တွင် ချက်ချင်းဆိုသလို “w” ပေါ်လာသည်၊ ဝမ်မင်ယီ သည် 'Shift' နှင့် 'Ctrl' ခလုတ်များကို သူ့လက်နှစ်ဖက်ဖြင့် နှိပ်လိုက်ရာ Sougou ရှာဖွေရေးဝဘ်ဆိုက် ခုန်ထွက်လာသည်။
(T/N-Google လိုမျိုးပါပဲ)
ယခု သူ စိတ်ချ၍ရပြီ ။ သူ့လက်နှစ်ချောင်းကို ကီးဘုတ်ပေါ်တွင် မြန်မြန်ဆန်ဆန် နှိပ်လိုက်သည် ။
သူနောက်တွင်ထိုင်နေသော စစ်ကျွင်းတောက် သည် ကြောင်လက်လေးနှစ်ချောင်းကို အဆက်မပြတ်ဝှေ့ယမ်းကာ စကားလုံးများ နှိပ်နေသည်ကိုကြည့်ကာ ဝမ်မင်ယီက အတော်ပင်ချစ်စရာကောင်းသည်ဟုသာတွေးနေခဲ့ သည်။ သူက လက်ဆန့်ပြီး ဝမ်မင်ယီ၏ ကြောင်ခေါင်းလေး ကိုထိလိုက်၏။ ဝမ်မင်ယီ က ချက်ချင်းပင်သူ့လက်ဖဝါးကို ခေါင်းလေးဖြင့်နာခံစွာပြန်လည် ပွတ်သပ်လိုက်ပြီး စာရိုက်လိုက်သည် : (ချစ်တယ်....အိုး...~ကိုကို က အကောင်းဆုံးပဲ~)
စစ်ကျွင်းတောက် : …
စစ်ကျွင်းတောက် မနေနိုင်စွာဖြင့် ခပ်သောသောရယ်မိတော့၏။ သူ့မျက်ခုံးများနှင့် မျက်လုံးများသည်ကား နူးညံ့ညင်သာလျက်ရှိလေသည်။
ဝမ်မင်ယီက အိပ်ရာဝင်ချိန်ရောက်တဲ့အထိ ကီးဘုတ်နဲ့ ခဏလောက်ကစားနေ ခဲ့သည်။ သူက ကီးဘုတ်ကို တွန်းဖယ်လိုက်ပြီး စစ်ကျွင်းတောက် ကို ကြည့်လိုက်သည်။
“မြောင်...မြောင်...မြောင်" —အိပ်ချိန်ရောက်ပြီ။
စစ်ကျွင်းတောက် သည် သူ၏ တမြောင်မြောင်လေး ကို နားမလည်နိုင်သော်လည်း သူအနားယူရန် အချိန်ရောက်နေပြီဟု သူလည်းသိပါ၏။
သူ့ရှေ့ရှိ လိမ္မော်ရောင်ကြောင်လေးကို ကြည့်ရင်း စိတ်ထဲတွင် တုံ့ဆိုင်းသွားမိသည် ။
ဝမ်မင်ယီ သည် သူ့ထံသို့ ချဉ်းကပ်လာပြီး ပွေ့ဖက်ရန် လက်ချောင်းလေး များကို ဆန့်ထုတ်လာသည်။ စစ်ကျွင်းတောက်ကား ကြောင်လေးကို လက်နှစ်ဖက်ဖြင့် ချီပြီး အိပ်ခန်းဆီ လျှောက်သွားရုံပင်ရှိချေတော့၏ ။
ဝမ်မင်ယီ သည် ထုံးစံအတိုင်း အိပ်ရာပေါ်ရှိ သူအိပ်နေကျနေရာလေးသို့ ခုန်ဆင်းလိုက်သည်။ စစ်ကျွင်းတောက် က သူ့ကိုကြည့်ကာ အပိုစောင်တစ်ထည်ကို ကောင်တာဆီမှတောင်းထားကြောင်း ပြောပြချင်သော်လည်း ပြောမထွက်တော့ပေ။
ဝမ်မင်ယီ သည် ယခုတွင်အလွန်ပင်ကောင်းကောင်းပြုမှုနေသည်။ သူမည်သို့ပြောသည်ဖြစ်စေ ဝမ်မင်ယီက နားထောင်မည်ဖြစ်သည်။ တခြားစောင်တစ်ထည်သုံးခိုင်းလျှင်ပင် ဝမ်မင်ယီက အဆင်ပြေသည်ဟု တွေးနေနိုင်သည်ပင်။မည်သို့ပင်ဖြစ်စေ အိပ်၍ရသည်ဖြစ်၏။
သို့ရာတွင် ဤအရာက ဝမ်မင်ယီ ကို အနှောက်အယှက်မဖြစ်စေသော်လည်း သူ့အတွက်ဆိုလျှင်ကား အလွန်ပင်ခြားနားသွားလေပြီ။ ။
သူတို့ဝေးနေခဲ့သော အချိန်ကားကြာလှပြီဖြစ်သည် ။ထိုကာလသည် သုံးနာရီလည်းမဟုတ်၊ သုံးရက်လည်းမဟုတ်၊ သုံးလလည်းမဟုတ်ပဲ သုံးနှစ်တိုင်တိုင်ပင်။ ဝမ်မင်ယီ သည် ရက်ပေါင်း တစ်ထောင် ကျော်ကြာ သူရဲ့ဂရုစိုက်မှုကိုငြင်းပယ်၊ သူနှင့်မဆုံမိအောင် ရှောင်ဖယ်ခဲ့ပြီး သူနှင့် စကားပြောရန် ငြင်းဆိုခဲ့သည်။
သူသည် ရှည်လျားသောအချိန်မြစ်တစ်လျှောက် တွင် ပို၍ပို၍မြန်မြန် လျှောက်သွားနေခဲ့ပြီး စစ်ကျွင်းတောက် သူ့ကိုလိုက်မီရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်အထိပင် ။သို့ရာတွင်ယခု ဝမ်မင်ယီသည် ဖြေးဖြေးချင်းလျှောက်နေပြန်ကာတစ်နေ့ပြီးတစ်နေ့ ပိုပြီးနှေးလာခဲ့သော်လည်း စစ်ကျွင်းတောက်သည်နောက်နေ့များတွင် ဝမ်မင်ယီသူ့ကို ပြန်လှည့်ကြည့်ချင်စိတ်ရှိလာပါ့မလားဆိုသည်ကို သူမပြောတတ်ပါလေ ။
သူသည် ဝမ်မင်ယီ ၏ အိပ်ခန်းကို သူရှိနေစဉ်အတိုင်း ထိန်းသိမ်းထားခဲ့ပြီး အိပ်ခန်းထဲရှိ ပစ္စည်းအားလုံးကို သိမ်းဆည်းထားခဲ့သော်လည်း ထိုအခန်းထဲတွင် တစ်ချိန်ကနေဖူးခဲ့သည့်သူကိုတော့မထိန်းသိမ်းထားနိုင်ခဲ့ပါချေ။ တချို့အချိန်တုန်းက စစ်ကျွင်းတောက်သည် ဝမ်မင်ယီ၏ အိပ်ခန်းထဲတွင် နေရခြင်းကို သဘောကျပြီး အထဲရှိ အရာများကို ကြည့်ရင်း ဝမ်မင်ယီရှိခဲ့သည့် အချိန်ကို ပြန်အမှတ်ရနေတတ်၏။ သို့သော် နောက်ပိုင်းတွင် သူသည် အိပ်ခန်းထဲသို့ဝင်ခြင်းကို ရပ်လိုက်သည်။ သူ စောင့်ဆိုင်းနေခဲ့သည့် အချိန်များသည် တစ်စထက်တစ်စ တိုးလာသည်။ အတိတ်က ချိုမြိန်သည့်အရာများကို ပြန်လည်ဆွဲယူမိသည့်တိုင်အောင် သံချေးတက်နေသော ဓားတစ်လက် ဖြစ်လာကာ သူ့နှလုံးသားကိုလှီးဖြတ်လာခဲ့၏။ ထိုဓားသည်ကား သူ့ ရင်ဘက်ကိုတတိတိဖြင့်နာကျင်စေသည့် ခပ်တုံးတုံးဓားတစ်လက်ပင်။
တခါတစ်ရံတွင် ဘယ်ဟာက ပိုပြီးနာကျင်ရမှန်းကိုပင် သူမပြောနိုင်တော့ပါချေ၊ အသားကို ဖြေးဖြေးချင်း လှီးဖြတ်တာကလား... ဒါမှမဟုတ် ဝမ်မင်ယီ ပြောတဲ့စကားတွေကလား... ။ စစ်ကျွင်းတောက် သည် ထိုအချိန်များဆီသို့ သူတို့ ဘယ်သောအခါမျှ ပြန်မသွားနိုင်တော့ကြောင်း ခံစားမိခဲ့သည်။ သူတို့နှစ်ဦးကြားတွင် အကောင်းဆုံးဆက်သွယ်မှုမှာ ဝမ်မင်ယီမသိအောင် သူဘက်မှအဝေးကနေဂရုစိုက်ပေးနေခြင်းသာဖြစ်လေသည်။
ဝမ်မင်ယီ လုံခြုံပြီး ကျန်းမာနေသရွေ့တော့ သူ တခြားဘာကိုမျှ ဂရုမစိုက်ပါချေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်မင်ယီ ပြန်ရောက်လာခဲ့ပြီပင်။ သုံးနှစ်အကြာ ပုန်ကန်မှုပြီးသည့်နောက် စစ်ကျွင်းတောက် သူ့ရဲ့မျှော်လင့်ချက်ကို စွန့်လွှတ်လုနီးပါးအချိန်တွင် သူပြန်လာခဲ့သည်။ သူပြန်လာသည့်နေ့တွင် သူတို့အဆင်မပြေဖြစ်ခဲ့ကြသော်လည်း ဝမ်မင်ယီ က သူ့ကို မလှောင်ပြောင်ပဲ အေးစက်စက်နဲ့ ရွဲ့စောင်းနေခဲ့၏။
သို့ပေမဲ့ ထိုညက သူရုတ်တရက်ကြောင်ဖြစ်သွားသည့်အတွက် ဝမ်မင်ယီ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး စစ်ကျွင်းတောက်ကို စတင်အားကိုးလာခဲ့ကာ သူနဲ့ပြန်ပြီး ရင်းနှီးလာတော့သည် ။
ဤသည်ကား စစ်ကျွင်းတောက် အတွက် ရှားပါးသည့် ဇိမ်ခံပစ္စည်းလေး တစ်ခုပင်။ ထိုကဲ့သို့ သုံးနှစ်အကြာဖြတ်သန်းပြီးနောက် စစ်ကျွင်းတောက်သည် သူလိုချင်တောင့်တခဲ့သော ဝမ်မင်ယီ ကို နောက်ဆုံးတွင် သူ့ရှေ့တွင် အလွန်နာခံမှုရှိစွာဖြင့် တွေ့လိုက်ရသည်။ သူသည် အခိုက်အတန့်တိုင်းကို သူနှလုံးသားထဲတွင် မြတ်နိုးစွာသိမ်းဆည်းထားပါ၏။သူ ဝမ်မင်ယီနှင့် အတူရှိခဲ့သည့် နေ့ရက်တိုင်းကိုလည်း မြတ်နိုးသည်။ ဝမ်မင်ယီ သူ့အပေါ် အားကိုးသည့်အချိန်တိုင်းကိုလည်း မြတ်နိုးသည်။ သူရိုးရိုးရှင်းရှင်းပင် ဝမ်မင်ယီကို သူနှင့်ဝေးရာသို့ကို တွန်းမထုတ်ချင်သလို သူ့အနားမှာပဲ ရှိနေစေချင်သည်။
ထိုသို့သာဆိုလျှင် မနက်ခင်းနိုးလာတိုင်းလည်း သူ့ကိုတွေ့ရပြီး အိပ်ရာဝင်တိုင်းလည်း ဝမ်မင်ယီကို သူ့ရှေ့တွင် မြင်နိုင်မည်ဖြစ်လေသည်။
သူ့ဘေးနားတွင် ဝမ်မင်ယီရှိနေကြောင်းခံစားမိစေ ရန် သူဝမ်မင်ယီကို့ ဆုပ်ကိုင်ထားချင်မိပါ၏။ သူဘယ်ကိုမျှမသွားချင်ပါလေ ၊ ဝမ်မင်ယီဆီကိုပဲ ရောက်ချင်ပါ၏။
နောက်ဆုံးတွင် သူသည် အခြားစောင်တစ်ထည်ကို ထုတ်မပေးနိုင်သေးသလို ကုတင်ခွဲ၍ အိပ်ရန်နှင့်ပတ်သက်၍လည်း သူဘာမှမပြောခဲ့ပေ။
စစ်ကျွင်းတောက်သည် ဤလူသားကို အမှန်တကယ် ဆုံးရှုံးခဲ့သည်မှာ အချိန်အကြာကြီးရှိနေခဲ့ပါပြီ။ သူတို့နှစ်ယောက် ပိုပြီးနီးစပ်ချင်မိသည်အထိပင်ကြာလွန်းခဲ့ပြီ။ သူတို့နှစ်ယောက်ကြားတွင်အနည်းငယ်မျှပင်မဝေးတော့ချင်သည်အထိကြာ လွန်းခဲ့လေပြီ။
စစ်ကျွင်းတောက်သည် မနက်ခင်းတိုင်း သူ့ရင်ခွင်ထဲတွင် နိုးလာပြီး အိပ်ချင်မူးတူးဖြင့် အလိုလိုက်ခံရသကဲ့သို ပြုမူကာ သူ့ကို ကလူမြူစွယ်နေသည့်
ဝမ်မင်ယီကို မြင်နေရခြင်းကို ကျင့်သားရနေပြီဖြစ်လေသည်။
ဤလိုရင်းနှီးမှုမျိုးကို မြည်းစမ်းကြည့်ပြီးသည်တွင် လက်လျှော့ဖို့ရာခက်ကြောင်းသူသိလိုက်ရ၏။
*******
စာရေးသူတွင်ပြောစရာတစ်ခုရှိသည်-
Gong နှင့် Shou သည် သွေးရင်းဆက်ဆံရေးမရှိပါ။ အိမ်နီးချင်းကောကော နဲ့ အိမ်နီးချင်းတိတိပါ ။ ယဉ်ကျေးမှုအရသာ အစ်ကိုလို့ခေါ်တာ~