အပိုင်း ၄၄
Viewers 12k

"ဒါဆို.. ငါအလုပ်ရှုပ်နေမှန်း မင်းသိတယ်ပေါ့..."
စစ်ကျွင်းတောက် က သူ့ကို ပြုံးပြကာပြောသည်။
"မင်းသိရင်... ငါ့ကိုဘာလို့ဒုက္ခပေးနေသေးတာလဲ..."
ထိုစကားကို ပြောပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများတွင်စိတ်မဝင်စားမှုများဖြင့် အစားထိုးလာသည်။
ဝမ်ပေါ် နှင့် ကျန်းဇီမော့တို့သည် ဗလာမျက်ဝန်းများဖြင့် စိုက်ကြည့်နေမိကြ သည်။
"မင်းဘာပြောလိုက်တာလဲ..."
ဝမ်ပေါ် စိတ်ရှုပ်သွားသည်။
ကျန်းဇီမော့က ခပ်မြန်မြန်ဆက်ပြောလာသည်။
"ကျွင်းတောက် မင်းမှားများမှားနေလား... ဝမ်ပေါ် က မင်းကိုဘာလို့ဒုက္ခပေးမှာလဲ..."
“ဟုတ်တယ်..”
ဝမ်ပေါ် က မကျေနပ်ဖြင့်ပြော၏။
"ငါတို့နှစ်ယောက်ကြားမှာ ရန်စဖြစ်အောင် တစ်ယောက်ယောက် က မင်းကို တစ်ခုခုပြောခဲ့တာလား..."
စစ်ကျွင်းတောက်၏အကြည့်များ အေးစက်သွားပြီး လှောင်ပြောင်လိုက်၏။ "မင်း မကြာသေးခင်က လုပ်ခဲ့တာတွေကို မေ့နေပြီလား..ဒါမှမဟုတ် မင်းလုပ်ခဲ့သမျှကို ရှာမတွေ့ နိုင်ဘူးလို့ မင်းထင်နေတာလား။"
ဝမ်ပေါ် အံ့အားသင့်သွားပြီး ရှူကျင်းကျဲ နှင့်ဝမ်မင်ယီ ကို ရုတ်တရက် တွေးမိလိုက်သည်။
စစ်ကျွင်းတောက် သက်ပြင်းချလိုက်သည်။
“ငါတို့ မတွေ့ရတာ တကယ်ကို တော်တော်ကြာသွားပြီ...ငါဘယ်ဟာကိုဂရုစိုက်တယ်၊ ဘယ်ဟာကိုဂရုမစိုက်ဘူးဆိုတာ မင်းမေ့သွားလောက်တဲ့အထိ ကိုကြာသွားပြီ..."
ယခုအချိန်ထိ စစ်ကျွင်းတောက်က ဝမ်ပေါ် ကို မျက်လုံးများပင့်ကာစိုက်ကြည့်ဆဲပင် ။
"ငါ ဘယ်သူ့ကို ဂရုစိုက်တယ်ဆိုတာ မှတ်မိသေးလား..."
ဝမ်ပေါ် တိတ်ဆိတ်သွားသည်။
ကျန်းဇီမော့က ဒါကိုမြင်ပြီး ဖြန်ဖြေရန် အမြန်ကြိုးစားလိုက်၏။
"ကျွင်းတောက်... ဝမ်ပေါ် ဘာပဲလုပ်ခဲ့သည်ဖြစ်စေ မတော်တဆလုပ်မိတာပဲဖြစ်ရမယ်... ငါတို့အားလုံးက သူငယ်ချင်းတွေလေ... အာဃာတတွေမထားပဲ နေရအောင်နော်... ငါ မင်းကို တောင်းပန်ပါ့မယ်.. အဲ့လိုဆိုအဆင်ပြေမလားဟင်..."
စစ်ကျွင်းတောက်က ခေါင်းကို လှည့်ကာပြော လိုက်သည်။
“ငါတို့ကသူငယ်ချင်းတွေ မဟုတ်တော့ဘူးဆိုတာ မင်းမေ့သွားပုံရတယ်...ငါ မင်းကို အနားကပ်မလာဖို့ ပြောထားပြီးသား..."
ကျန်းဇီမော့ ရှက်ရွံ့သွားသည်။ ဝမ်ပေါ် က ဒါကိုမြင်ပြီးနောက် အနည်းငယ်စိတ်မကောင်းဖြစ်ပြီး...
"စစ်ကျွင်းတောက် မင်းဘာဖြစ်နေတာလဲ... မင်းက လူကြီးဖြစ်နေပြီကို ဘာလို့ဒီလိုကလေးဆန်ဆန်ဂိမ်းကစားချင်နေသေးတာလဲ...ရှောင်ကျန်းက မင်းကို ခွင့်လွှတ်ပြီးနေပြီ..ဒါပေမယ့် မင်းက ဒီလိုစကားတွေ ပြောနေတုန်းပဲ..."
"ငါက အမှန်အတိုင်းပြောနေတာပဲ"
" တော်လောက်ပြီ!" ဝမ်ပေါ် က မျက်မှောင်ကျုံ့ကာပြောသည် ။ "ရှောင်ကျန်းက မင်း ဒီလိုစကားမျိုးပြောတာကို မကြိုက်မှန်းသိရက်နဲ့ တောင် အခုထိမင်းကဒီလိုဆက်လုပ်နေတုန်းပဲ!"
စစ်ကျွင်းတောက်က အေးစက်စွာ ရယ်မောလိုက်သည်။
“ဒါဆို တခြားသူတွေက ဝမ်မင်ယီကို အနိုင်ကျင့်တာကို ငါမကြိုက်ဘူးဆိုတာ မင်းလည်းသိတယ်...မင်း ဘာလို့သူ့ကို ဒုက္ခပေးဖို့တစ်ယောက်ယောက်ကို ခိုင်းတာလဲ..."
ဤစကားများက ဝမ်ပေါ်ပြောမည့်စကားလုံးများကို လည်ချောင်းထဲသို့ ပြန်ဝင်သွားစေ၏။
ကျန်းဇီမော့ သည် ဝမ်ပေါ်ကိုကယ်တင်ရန် အမြန်ပြောလိုက်သည်။
“သူကတကယ်ကို မရည်ရွယ်ပါဘူး.. ကျွင်းတောက် စိတ်မဆိုးပါနဲ့..."
“သူက မရည်ရွယ်ဘူးဆို... မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား...”
စစ်ကျွင်းတောက် က မေးခွန်းထုတ်လိုက်သည်။
"မင်းဘယ်လောက်သနားစရာကောင်းလဲဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့
ဝမ်ပေါ် မြင်အောင်ပြ ပြီးတော့ မင်းအတွက် လက်စားချေဖို့ ဝမ်မင်ယီ့အပေါ်ကို အဲဒီမကျေနပ်ချက်တွေကိုစုပုံချလိုက်တာ..."
ကျန်းဇီမော့က ဒါကိုမယုံနိုင်ပေ။
"မင်းဘာလို့ဒီလိုထင်နေတာလဲ..."
"ဒါဆို မင်းငါ့ကိုပြော... မင်းနဲ့သာမဆိုင်ဘူးဆိုရင် ဝမ်ပေါ်က အကြောင်းပြချက်မရှိဘဲ ဝမ်မင်ယီ ကို ဘာလို့ ဒုက္ခပေးရတာလဲ.. မင်းအတွက်မဟုတ်ရင် တခြားဘာအကြောင်းပြချက်ရှိမှာလဲ..."
"ဝမ်မင်ယီ ကို တစ်ယောက်ယောက်က ပြဿနာရှာတာက ငါ ဒါမှမဟုတ် ဝမ်ပေါ် နဲ့ ဘာလို့ ပတ်သက်ရမှာလဲ..."
ကျန်းဇီမော့ က သူ့ကိုပြန် အပြစ်တင်လာသည်။
"ဝမ်မင်ယီ က တစ်ဖက်လူ ကို ဆန့်ကျင်မိပြီး အဲဒီလူက သူ့ကိုပြန်လုပ်တာရော ဖြစ်နိုင်တယ်မဟုတ်ဘူးလား.. သူ့မှာ ဘယ်လို ပင်ကိုယ်စရိုက်ရှိတယ်ဆိုတာ လူတိုင်းသိတယ်... ဒီလို ပင်ကိုယ်စရိုက်မျိုးနဲ့ တခြားသူတွေကို ဆန့်ကျင်မိနိုင်တာ ပုံမှန်ပဲ မဟုတ်လား...”
(ရွံဖို့ကောင်းလိုက်တာ ကြာပန်းဖြူကောင်)
“မှန်တယ် ” ဝမ်ပေါ် သည် နောက်ဆုံးတွင် နှုတ်ဆိတ်နေခြင်းကိုရပ်လိုက်သည်။
"ဝမ်မင်ယီကမင်းကို ငါကသူ့ကိုအရှက်ခွဲဖို့တစ်ယောက်ယောက် ကို ခိုင်းခဲ့တယ် လို့ပြောတယ်မဟုတ်လား..မင်းသိပါတယ်..သူက ရှောင်မော့ကို အမြဲတမ်းလိုလို သဘောမကျဘူးလေ...ဒါက မင်းနဲ့ ရှောင်မော့ အပြင် ငါတို့ရဲ့ ဆက်ဆံရေးကိုခွဲဖို့ တမင်တကာ လှည့်စားနေတာ ဖြစ်နိုင်တယ်..."
" ဟုတ်တယ်...ကျွင်းတောက် မင်းကသူ့အပေါ်ကောင်းတယ် ...မင်းနဲ့ ဝမ်ပေါ်ကလည်း ရင်းနှီးတယ်.. မင်းတို့ကသူငယ်ချင်းတွေလေ ...ဝမ်ပေါ်ဘာလို့ မင်းရဲ့နောက်ကွယ်မှာ မင်းညီလေးကို ဒုက္ခပေးရမှာလဲ။"
“ဒီအချိန်ကျတော့ သူက ငါ့ညီလေးမှန်း မင်းတို့သိသေးတယ်ပေါ့...”
စစ်ကျွင်းတောက် က သူ့ရှေ့က နှစ်ယောက်ကို ကြည့်လိုက်သည် ။
"မင်းတို့က နားလည်တာလား..နားမလည်တာလား... လိမ်တာ၊သွေးခွဲတာ၊လှည့်စားတာ ဒါတွေကို မင်းတို့လုပ်နိုင်ပေမယ့် ဝမ်မင်ယီက မလုပ်နိုင်ဘူး"
"သူ မလုပ်နိုင်တာ မင်းဘယ်လိုသိလဲ..."
ဝမ်ပေါ် သည် စစ်ကျွင်းတောက် ၏ အားနည်းချက်ကို
ထိုးနှက်လိုက်သည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ မလုပ်နိုင်ခဲ့ပေမဲ့ အခုသုံးနှစ်တောင် ရှိသွားပြီလေ... လွန်ခဲ့တဲ့ သုံးနှစ်က သူ မင်းစကားကို လုံးဝ နားမထောင်ခဲ့ဘူး...ဒီသုံးနှစ်အတွင်းမှာ သူဒါတွေမလုပ်ခဲ့ဘူးဆိုတာ မင်းဘယ်လောက်သေချာလဲ ... ဒီလိုလူပျိုဖော်ဝင်စမှာ၊ ဒီမြီးကောင်ပေါက်လေးက သူမလုပ်နိုင်များရှိမယ်ထင်လား...”
စစ်ကျွင်းတောက်သည် ဤစကားကြားတော့ လွယ်အိတ်ထဲမှ ဓာတ်ပုံတွေကို ထုတ်ပြီး သူတို့ရှေ့ရှိ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ "ငါကမင်းကို သက်သေမရှိဘဲဒါကိုပြောမယ်လို့ မင်းတကယ်ထင်နေတာလား"
ကျန်းဇီမော့ နှင့် ဝမ်ပေါ် တို့သည် စားပွဲပေါ်ရှိ ဓာတ်ပုံများကို တွေ့လိုက်ရသည်။ တစ်ခုစီတိုင်းတွင် ဝမ်ပေါ် နှင့် ရှုကျင်းကျဲ တို့နှစ်ယောက်သား စကားစမြည်ပြောရင်း ရယ်မောနေကြသည်။ အတူသောက်စားနေကြသည့် ဓာတ်ပုံအချို့ပင် ရှိသေး၏။ သူတို့နှစ်ယောက်၏ဆက်ဆံရေးက အရမ်းကောင်းနေပုံရသည်။
ဝမ်ပေါ် က ချက်ချင်းပင် ကွန်ပလိန်းတက်လိုက်သည်။
“ဒီလူကို သိတာနဲ့ပဲ ဘာမှ မဆိုင်ဘူးလေ...”
“ မင်း ရှင်းပြနိုင်ရင်တောင် မင်းစိတ်ထဲမှာ သိနေပြီးသားပါ..မင်းဘာတွေလုပ်ထားပြီးပြီလဲဆိုတာ မင်းရင်ထဲမှာသိတယ်...ကျန်းဇီမော့ကို ကူညီပေးချင်တာက အဆင်ပြေတယ်..ဒါပေမယ့် မင်း ဝမ်မင်ယီကို သွားမရှာသင့်ဘူး၊ မင်းငါ့ဆီ တိုက်ရိုက်လာသင့်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ဝမ်မင်ယီက ငါ့ညီလေး... သူဘာပဲလုပ်လုပ်၊ ငါပဲ ဖြေရှင်းရမှာ.. ဒါပေမယ့် ငါ့နောက်ကွယ်မှာ မင်းသူ့ကို သင်ခန်းစာပေးဖို့ တခြားတစ်ယောက်ကိုခိုင်းလိုက်တယ်..ဒါက ငါတို့ ခင်မင်မှုရဲ့.... အဆုံးသတ်ပဲ။ မင်းနဲ့ ကျန်းဇီမော့... အနာဂတ်မှာ ငါနဲ့ဘာမှမသက်ဆိုင်တော့ဘူး..."
"ကျွင်းတောက် မင်း..."
ကျန်းဇီမော့ က အကြံပေးဖို့ ကြိုးစားပေမယ့် စစ်ကျွင်းတောက်က ဖြတ်ပြောခဲ့သည်။
"မင်းဆီကို မကြာခင် ဖုန်းဝင်လာလိမ့်မယ်.. မင်းရဲ့အလုပ်သင်ကာလက ပြီးသွားပြီ... စစ်, ကုမ္ပဏီထဲကို ခြေတစ်လှမ်း လှမ်းခွင့်မရှိဘူး...”
ကျန်းဇီမော့ အေးခဲသွားသည်။
“မင်း ဒီလိုလုပ်လို့မရဘူး...”
သူက ဆက်ပြီးပြောသည်။
“ မင်းရဲ့ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကို အလုပ်ထဲကိုဆွဲသွင်းလို့မရဘူး... အလုပ်ကအလုပ်၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပဲ... သူတို့နှစ်ခုကိုရောလို့ မရဘူး..."
စစ်ကျွင်းတောက်သည် ဤသည်ကရယ်စရာ
ကောင်းသည်ဟုခံစားမိသည်။
"အလုပ်သင်အဖြစ်နဲ့ စစ်,ကုမ္ပဏီကို ဘယ်လိုရောက်လာတာလဲ မင်းမေ့သွားပြီလား..အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မခွဲခြားထားလို့ပဲ မင်းဝင်လို့ရတာလေ အလုပ်
သင်ဝန်ထမ်းခေါ်ယူတဲ့အချိန်ကို အချိန်အတော်ကြာ နောက်ကျခဲ့တဲ့မင်းက ကုမ္ပဏီအတွက် ဘယ်လိုလုပ် အရည်အချင်းပြည့်မီမှာလဲ..."
" စကားတစ်ခွန်းတည်းနဲ့တင် မင်းငါတို့ကို မောင်းထုတ်လို့မရဘူး..."
"ဘာလို့မရ ရမွာလဲ..."
စစ်ကျွင်းတောက်က ပြန်မေးလိုက်သည်။
“မင်းက အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုကြားမှာ ခွဲထားစေချင်တယ်ဆိုရင် ငါလုပ်ပေးလိုက်မယ်... သူဌေးတစ်ယောက်အနေနဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေကို ပိတ်ပင်တားဆီးတဲ့အနေနဲ့ အလုပ်သင်ဝန်ထမ်းအားလုံးထဲကဘယ်ဝန်ထမ်းကိုမဆို ထုတ်ပယ်ပိုင်ခွင့်ရှိတယ်...”
ကျန်းဇီမော့ ဆွံ့အသွားသည်။
ဝမ်ပေါ် က သူ၏ထိတ်လန့်ပြီး ဝမ်းနည်းနေသော အမူအရာကို မြင်ပြီး သူချစ်ရသူအတွက် မနေနိုင်တော့ပဲ ဝင်ပြောမိလိုက်၏။
"ရှောင်မော့ နဲ့ ဘာမှ မဆိုင်ဘူး ငါလုပ်လိုက်တာ..မင်းလက်တုံ့ပြန်ချင်ရင် ငါ့ကိုပဲလုပ်ပါ..ရှောင်မော့ကိုသွားမလုပ်ပါနဲ့..."
"စိတ်လျော့ပါ... ငါ မင်းကိုမေ့ကျန်နေမှာ မဟုတ်လို့ အလျင်လိုနေစရာမလိုပါဘူး..."
စစ်ကျွင်းတောက် က ပြန်ပြောလိုက်သည်။
ဝမ်ပေါ် အေးခဲသွားသည်။
"မင်းဘာလုပ်ဖို့ ကြံနေတာလဲ..."
စစ်ကျွင်းတောက်က သူ့အိတ်ကို ကိုင်ပြီး မတ်တပ်ရပ်လိုက်သည်။
“ဘာမှတော့ မဟုတ်ဘူး...
ငါမင်းကိုမျက်နှာသာပေးပေမဲ့ မင်းငါ့ကို မျက်နှာမပေးချင်ဘူး ဆိုတော့ ငါလည်းဆက်ထိန်းထားဖို့ မလိုတော့ဘူး မလား..."
ဝမ်ပေါ်သည် စစ်ကျွင်းတောက် နှင့် သူဆွေးနွေးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုပရောဂျက်ကို ချက်ခြင်းပြန်သတိရသည်။
"မင်းဘာလုပ်လိုက်တာလဲ..စစ်ကျွင်းတောက်! ..မင်း ကုမ္ပဏီပရောဂျက်တွေနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ စီစဉ်နေတာတော့မဟုတ်ဘူးမလား..."
စစ်ကျွင်းတောက် က ထွက်မသွားခင် သူ့ကို တစ်ချက်ပြန် ကြည့်လိုက်သည် ။ ဝမ်ပေါ်က သူ့နောက်ကို လိုက်လာပြီး သူ့ကို လှမ်းဆွဲလိုက်ချိန်မှာပင် ဝမ်ပေါ် ရဲ့ လက်ကို လိမ်ပြီး ဆိုဖာပေါ် ဖိထားလိုက်၏။
“ဒါပေါ့... ကုမ္ပဏီ ပရောဂျက်တွေနဲ့ပတ်သတ်ပြီး ငါဟာသလုပ်မှာမဟုတ်ဘူး..စိတ်မပူပါနဲ့။”
ထိုသို့ပြောသော်လည်း ဝမ်ပေါ် သည် ထိတ်လန့်မှုကိုခံစားနေရဆဲပင် ။
ကျန်းဇီမော့ က သူတို့ ဤအဆင့်ထိရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ သူကိုယ်တိုင်နှင့် ဝမ်ပေါ် အတွက် သူအသနားခံရန်လျှောက်လာခဲ့သည်။
"ဝမ်ပေါ် ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဝမ်မင်ယီက ဘာမှမဖြစ်ခဲ့ဘူး မလား..ဒါဆိုမင်းဘာလို့ ငါတို့ကို ဒီနည်းနဲ့ လက်စားချေရတာလဲ.. ဝမ်ပေါ်က သူမှားမှန်းသိသွားပြီမို့ နောက်လုပ်မှာမဟုတ်တော့ဘူး.. ငါတို့ရဲ့ ရင်းနှီးမှုကိုထောက်ပြီးတော့ မင်း ဒီတစ်ခါ ငါတို့ကို ခွင့်လွှတ်လို့ရမလား..."
စစ်ကျွင်းတောက်က သူတို့ကို လျစ်လျူရှုခဲ့သည်။ သူ ဝမ်ပေါ် ကို လွှတ်ပေးပြီးသည်နှင့် ထွက်သွားဖို့ ပြင်လိုက်၏။
ကျန်းဇီမော့ က သူ့လမ်းတွင် ပိတ်ရပ်ပြီး...
“ကျွင်းတောက် မင်းက အမြဲတမ်း စိတ်ထားနူးညံ့တဲ့လူပါ ..မင်းအပေါ် အလွန်အကျွံတွေတအားလုပ်တဲ့ ဝမ်မင်ယီကိုကျတော့ မင်းအမြဲလွှတ်ပေးထားတယ်.. ဒီတစ်ခါတော့ ငါတို့ကိုလည်း အဲ့လိုမျိုး ခွင့်လွှတ်လို့ရမလား..."
“ဟုတ်တယ် ”
ဝမ်ပေါ် ကလည်း တိုက်တွန်းလိုက်သည်။
"ဝမ်မင်ယီကို, သင်ခန်းစာ ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းတယ်ဆိုတာက ရှောင်မော့ အတွက်တင်မဟုတ်ဘဲ မင်းအတွက်ရောပါ...နှစ်တွေအကြာကြီးပြီးသွားတာတောင်
သူက မင်းရဲ့ရည်ရွယ်ချက်တွေကို နားမလည်ဘဲ မင်းကို ဘေးဖယ်ထားခဲ့တာ.. ဒီလိုလုပ်တာကမင်းကိုကူညီဖို့ပါကွာ.. ဒီလူ့အဖွဲ့အစည်းမှာ မျက်စိမှိတ်မနာလိုတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သူ့ကို သိအောင်လို့ပါ ..မင်းတစ်ယောက်တည်းကပဲ သူ့ကို ကောင်းကောင်း ဆက်ဆံမှာ..."
စစ်ကျွင်းတောက် ကပြန်ကြည့်ကာမေးလိုက်သည်။
"ဒီစကားတွေကို မင်းကိုယ်တိုင်ရောယုံရဲ့လား..."
စစ်ကျွင်းတောက်က ကျန်းဇီမော့ကို တွန်းထုတ်လိုက်ပြီး ထွက်သွားသည့် ။ ကျန်းဇီမော့ သည် သူ့လက်ကို လှမ်းဆွဲလိုက်သော်လည်း မမိလိုက်ပေ။
“ကျွင်းတောက်…”
ကျန်းဇီမော့ က သနားစရာကောင်းလောက်အောင်ပင် အော်ခေါ်လိုက်သည်။
စစ်ကျွင်းတောက်သူ့ကို လျစ်လျူရှုပြီး တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
သူသည် နှလုံးသားနူးညံ့သောလူတစ်ယောက်ဘယ်တုန်းကမျှ မဖြစ်ခဲ့ဖူးပေ။ သူသည် များစွာသောအကြောင်းအရာများကို လူများစွာအတွက် လျစ်လျူရှုခဲ့သည်။သူ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောင်အတွက်လိုအပ်ပါက သည်းခံထားလိုက်မည်ဖြစ်သည်။ အမှန်တွင် အရည်အချင်းပြည့်မီသော စီးပွားရေးသမားတစ်ဦးသည် အဆက်အသွယ်ကျယ်ပြန့်လာခြင်းကို ဘယ်သောအခါမှ ရှောင်ဖယ်မည် မဟုတ်ပေ ။
သို့သော် အလားတူပင် ဤ အဆက်အသွယ်များသည် အစားထိုး၍မရတာတာမျိူးမဟုတ် ပေ။ တစ်ခုကိုလက်လျော့ လိုက်လျှင်ပင် အခြားရွေးချယ်စရာတစ်ခု ရှိပေလိမ့်မည်။ ဝမ်ဖုန်း ကို စွန့်လွှတ်လိုက်သည်နှင့် ထိုနေရာတွင် အစားထိုးရန် လင်ဟယ့် ရှိနေသေးသကဲ့သို့ပင်။ ထိုဟာများသည်အရေးမကြီးလှချေ။
တစ်ခုတည်းသောအရေးကြီးသည့်အရာ၊တစ်ခုတည်းသော အစားထိုး၍မရသည့်အရာမှာ ၀မ်မင်ယီပင်ဖြစ်သည်။
ထို့ကြောင့် ဝမ်မင်ယီသည် အမှားများလုပ်ခွင့်ရှိပြီး သူလိုလိုလားလာပင်လက်ခံနိုင်ပါ၏။ သူရဲ့စိတ်ခံစားချက်များကိုပင် ကစားလိုက,ကစားနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်မင်ယီကို အမြဲတစေ ခွင့်လွှတ်နိုင်ပြီး မည်သည့်အခါမျှ အပြစ်ရှာမည်မဟုတ်သောကြောင့်ပင်။ သို့ပေမဲ့ ဤသည်ကားဝမ်မင်ယီတစ်ယောက်
တည်း အတွက်ပင်ဖြစ်ချေ၏ ။
စစ်ကျွင်းတောက် ကားထဲသို့ဝင်ကာ သူ့ကုမ္ပဏီသို့ ပြန်မောင်းသွားခဲ့သည်။
ဝမ်ပေါ် က စစ်ကျွင်းတောက် ထွက်သွားသည်ကို ကြည့်နေခဲ့သည် ။ သူ့အစ်ကိုကို ဖုန်းခေါ်တော့မည့် အချိန်မှာပင် သူ့အစ်ကိုဆီက ဖုန်းဝင်လာသည်။
" စစ်ကျွင်းတောက်က ဘာဖြစ်နေတာလဲ။ စာချုပ်က လက်မှတ်ထိုးရတော့မယ်။ ခုချိန်မှထပြီး ပူးပေါင်းမှာမဟုတ်ကြောင်း ငြင်းလာတယ်။ သူရူးသွားတာလား..."
ဝမ်ပေါ်၏နှလုံးသားက အောက်သို့ပြုတ်ကျသွား၏။ တကယ်ကိုဖြစ်သွားသည်ပင်။
“မင်း ဒီပရောဂျက်ကို အစကတည်းက တာဝန်ယူခဲ့တာ။ ရှောင်ပေါ် ...မင်းသူ့ကိုချက်ချင်းဆက်သွယ်ပြီး သူ ပူးပေါင်းလာအောင်လုပ်ရမယ်...နားလည်လား..."
ဝမ်ပေါ် ၏လည်ချောင်းသည် အနည်းငယ်ခြောက်လာခဲ့သည်။
"သူသဘောတူပါ့မလားဆိုတာ မသေချာဘူး..."
"မင်းဘယ်လိုလုပ်သိနိုင်မှာလဲ.. မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေလေ...သူ မင်းကို ဒီလိုမျက်နှာသာတောင် မပေးချင်ဘူးလား..."
“အစ်ကိုကြီး..မင်း အဖေ့ကို အန်ကယ်စစ်ဆီဖုန်း ခေါ်ခိုင်းလို့ရတယ်။ သူငါ့စကားနားမထောင်ရင်တောင် အန်ကယ်စစ်ရဲ့စကားကို နားထောင်လိမ့်မယ်...”
"သူက မင်းစကားကို ဘာလို့ နားမထောင်တာလဲ။ မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်သွားတာလဲ..."
“ဒီကိစ္စကို ထားလိုက်ဦး..။ ငါဖုန်းချလိုက်မယ်..."
ဝမ်ပေါ်က ဒေါသတကြီး ဖုန်းချပြီး စစ်ကျွင်းတောက် ရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ ရှင်းလင်းပြတ်သားသော အမျိုးသမီးအသံတစ်သံသာလျှင် သူ့နားထဲသို့ဝင်လာသည်။
"ဝမ်းနည်းပါတယ်၊ သင်ခေါ်ဆိုနေသောနံပါတ်သည် လတ်တလောတွင် အခြားခေါ်ဆိုမှုတစ်ခုတွင် ရှိနေသည်..."
ဝမ်ပေါ် သည် ကျန်းဇီမော့ ၏ဖုန်းကိုသုံးကာ ခေါ်
ဆိုလိုက်သည်။ တူညီသောအသံနှင့် တူညီသောစကားကိုပြောနေဆဲပင်။
ကျန်းဇီမော့က ပြောလာသည်။
"သူတခြားတစ်ယောက်နဲ့ဖုန်းပြောနေတာဖြစ်မယ်..."
သို့သော်လည်း ဝမ်ပေါ် သည် ထိုမျှမရိုးရှင်းကြောင်း ခံစားမိသည်။ သီးသန့်ခန်းထဲက ထွက်လာပြီး စားပွဲထိုးကို ဖုန်းငှားရန်ပြောပြီး ဖုန်းခေါ်လိုက်သည်။ ခဏအကြာတွင် ရင်းနှီးသောအသံတစ်ခုကိုကြားလိုက်ရသည်။ "ဟယ်လို.."
ဝမ်ပေါ်၏ ခန့်မှန်းချက်သည် ချက်ချင်းပင် မှန်ကန်ကြောင်း သက်သေပြလာခဲ့၏။
"မင်းက ငါနဲ့ ရှောင်မော့ ကို Black list စာရင်းသွင်းလိုက်တာပဲ..."
“အိုး...” စစ်ကျွင်းတောက် က စိတ်မဝင်စားသည့်ဟန်ဖြင့်ပြောသည်။
“ စစ်ကျွင်းတောက်..ငါတို့ကြားက ကိစ္စက ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ပါ။ ဒီကိစ္စမှာ ငါမှားခဲ့တယ်..ငါတောင်းပန်ပါတယ်... ဒါပေမယ့် ဒီပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ကို မင်းဒီလိုရိုးရိုးလေးနဲ့ နောက်ပြန်ဆုတ်လို့ မရဘူး။ အားလုံးညှိနှိုင်းပြီးပြီ၊ လုပ်ငန်းသဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ပဲ လိုတော့တာ ...ဒီအချိန်မှာ မင်းလက်စားချေနေတာက ငါတို့ကို ကစားနေတာမလား..."
“ငါပြောခဲ့သလိုပဲ.. ဒီပရောဂျက်အတွက် လင်ဟယ့် ကို ရွေးချယ်တာက ပိုသင့်လျော်တယ်။ ဒါကိုတကယ်လိုချင်ရင် ဘာလို့ အိမ်ကိုသွားပြီးမပူဆာတာလဲ။ ငါ မင်းကို မျက်နှာပေးခဲ့ပေမဲ့ မင်းကငါ့ကိုမျက်နှာပြန်မပေးဘူး ။ ဘယ်သူ့ကို အပြစ်တင်သင့်လဲ"
"စစ်ကျွင်းတောက် မင်း ရူးနေတာလား။ ဝမ်မင်ယီရဲ့မျိုးရိုးနာမည်က ဝမ်ကွ ..စစ် မဟုတ်ဘူး။ဒီ
ကိစ္စလေးအတွက်နဲ့ ငါတို့မိသားစုပျက်စီးအောင် ဒီပရောဂျက်နဲ့ လက်စားချေနေတယ်...တန်တယ်လို့မင်းထင်နေတာလား..."
စစ်ကျွင်းတောက် က ဖုန်းကို တိုက်ရိုက် ချလိုက်သည်။ပြန်ဖြေဖို့ရာ ပျင်းလွန်းလှ၏။
ဤသည်ကား တွက်ချေမကိုက်တာမျိူး မဟုတ်ပေ ။ ဤပရောဂျက်ကို ဆုံးရှုံးလိုက်ခြင်းဖြင့် ဝမ်ပေါ် နှင့်ဝမ်မိသားစုသည် ပိုကြီးထွားလာတော့မည်မဟုတ်ပေ။ ဝမ်ဖုန်းအတွက် လင်ဟယ့် ၏ မြင့်တက်လာမှုကို လွှတ်ထားရသည်အားအသာထား ဤအချက်နှင့်ပင် တော်တော်တွက်ချေကိုက်နေလေပြီ။ဝမ်ဖုန်းအတွက် ပို၍ပင်သက်ရောက်မှုရှိမည်ဖြစ်ရာ ပိုတောင်လုပ်သင့်ပေ၏ ။
ဝမ်ပေါ် ဖုန်းချလိုက်ပြီး မကြာခင်မှာ သူ့အစ်ကိုကြီးဆီမှ ဖုန်းဝင်လာသည်။
“အဖေနဲ့ ငါ နှစ်ယောက်လုံး ဖုန်းဆက်ပေမယ့် အဲဒီမြေခွေးအိုကြီး
စစ်ချီက အိမ်တွင်းရေးကိစ္စတွေက စစ်ကျွင်းတောက် ရဲ့ စီမံခန့်ခွဲမှု အောက်မှာ အပြည့်အဝရှိတယ်.. သူ ဝင်မစွက်ဖက်မှာမဟုတ်ဘူးလို့ ပြောတယ် ...”
ဝမ်ပေါ် က နောင်တရစွာဖြင့် မကျေမနပ်ဖြစ်ရင်း အံကြိတ်လိုက်သည်။
မသိလိုက်ဘာသာဖြင့် သူရဲ့လက်သည်းများက လက်ဖဝါးကိုစိုက်မိသည်အထိ လက်သီး ဆုပ်ထားမိသည်။
xxxxxxx
စာရေးသူမှာပြောစရာတစ်ခုရှိပါတယ်-
ဒီအခန်းမှာ မင်မင် မပါဘူး၊ ကောလို့လည်းခေါ်စရာ မလိုတော့ဘူး၊ ဒါကြောင့် Shou နဲ့ Gong တို့က သွေးရင်းဆက်ဆံရေးမဟုတ်ကြောင်း မှတ်ချက်ရေးစရာ မလိုတော့ပါဘူး ~~ တစ်ယောက်ယောက်က ဘာကြောင့် အခန်းတိုင်းဒီလိုပြောရတာလဲလို့ မေးပါတယ်။ ဘာလို့လဲဆိုတော့ ကျိအန်းလေး က နားထောင်ချင်တာကြောင့်ပါ ဒါကြောင့် ငါသူ့ကို ကျေနပ်အောင်လုပ်ပေးရမယ်~
ရာသီဥတုက တစ်ဆင့်ထက်တစ်ဆင့် ပိုအေးလာသလို ဝမ် မိသားစုရဲ့ ဒေဝါလီခံမှုကလည်း တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာပါတော့သည်~
မင်မင် : ဟိုင်း... ပြောပါ ဘာလို့လာနှောက်ယှက်ရတာလဲ။
ကျန်းဇီမော့ : ငါ နှုတ်ထွက်မှာ မဟုတ်ဘူး ။
မင်မင် : ဒါဆို မင်း ပြန်ပြီးမပြေလည်ရုံရှိတာပဲ~
ကျန်းဇီမော့ : [...သွေးအန်...]