အပိုင်း ၅၂
Viewers 12k

ရွာက သိပ်မဖွံ့ဖြိုးသေးချေ။ ယခုအချိန်မှာတောင် ရွာ၌ ရေချိုးခန်းရှိသောလူဟူ၍ တစ်ဦးမှမရှိသလို ရွာသားများက ရေချိုးရတာကိုလည်း မကြိုက်ကြပေ။ ပို၍ပြောရလျှင် သူတို့တွင် အသိဉာဏ်နှင့်လိုအင်ဆန္ဒဟူ၍မရှိ။ သူတို့ဘဝကို လုံလောက်သည့် အစားအသောက်နှင့် အဝတ်အစားတွေကို ရှာဖွေရင်းသာ ကုန်ဆုံးနေကြ၏။ နေ့စဉ်နေ့တိုင်း ရေချိုးရန်မှာ သူတို့အတွက် မလိုအပ်သည့်အရာပင်။
ထို့ကြောင့် သူတို့အိမ်တွင် ရေချိုးခန်းဆောက်ရန်အတွက် ကုန်ကျငွေကို ထည့်မတွက်သလို ထိုအရာအတွက် ငွေကြေးသုံးစွဲရန် ဆန္ဒဟူ၍လည်း မရှိကြချေ။ သူတို့အတွက်တော့ ရေချိုးရန် ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးတစ်လုံးနှင့် ရေတစ်ပုံးပြင်ထားရုံမျှဖြင့် အဆင်ပြေနေပြီဖြစ်သည်။
ထို့ကြောင့် ဝမ်မင်ယီက အစ်မကျန်းကို သူရေချိုးလိုကြောင်းပြောသည့်အခါ သူမကပုံမှန်အတိုင်းပင် ဖြေလာသည်။
"ငါမင်းအတွက် ရေနွေးပူလုပ်ပေးမယ်၊ မင်း ခြံထဲမှာချိုးမလား၊ မင်းရဲ့အခန်းထဲမှာပဲဖြစ်ဖြစ် ချိုးချင်လား"
ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်နေရသည့်အခန်းမှာ သိပ်မကြီးပေ။ သူတို့သာ သစ်သားစည်ပိုင်းကိုအထဲ၌ ထားလိုက်လျှင် အမြဲလိုလို ကျဉ်းကျပ်သည်ဟု ခံစားရမှာပင်။
"ခြံထဲမှာချိုးရင်ရောဘယ်လိုလဲ"
အစ်မကျန်းကပြောသည်။
"ငါမင်းအတွက် တံခါးပိတ်ထားပေးမယ်၊ မင်းလွတ်လွတ်လပ်လပ်ချိုးပါ"
ဝမ်မင်ယီ: "....."
ဝမ်မင်ယီ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
"ဘာလို့ အဲဒါနဲ့ပတ်သက်ပြီး တအားရှက်နေရတာလဲ"
အစ်မကျန်းက သူ့အတွေးတွေကိုသိနေသလိုဖြင့် ပြုံးသည်။
"ဘယ်သူမှမင်းကိုမကြည့်ပါဘူး၊ မင်းက ယောက်ျားလေးပဲဟာ၊ ဘာလို့ရှက်နေတာလဲ"
ဝမ်မင်ယီ: "..."
ဒါကတစ်ခုတည်းသောနည်းလမ်းဟူ၍ ဝမ်မင်ယီတွေးလိုက်မိသည်။ ရေပူစမ်းထဲမှာ ရေကူးသလိုပါပဲဟု ဝမ်မင်ယီ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူဒီအတွက်ကို အောင်နိုင်ရမယ်!။
အစ်မကျန်းက စည်ပိုင်းထဲကို ရေတွေကိုလောင်းထည့်နေပြီး တာ့ပေါင်ကို သိပ်ဖို့ အခန်းထဲကိုပြန်ခေါ်သွား၏။ ပြီးနောက် ရေလဲရန်တာဝန်ကို စစ်ကျွင်းတောက်ထံ လွှဲပြောင်းခဲ့တော့သည်။
ဝမ်မင်ယီက အစ်မကျန်းထွက်သွားတာကိုမြင်သည့်အခါ စစ်ကျွင်းတောက်ကို "ကျွန်တော့်ကိုစောင့်ဦး"ဟုပြောပြီး သူတို့အခန်းထဲ ပြေးဝင်သွားသည်။
ခဏအကြာမှာ သူပြန်ထွက်လာခဲ့သည်။ သူကအဖြူရောင် ရေချိုးဝတ်ရုံကိုဝတ်ထားပြီး လက်တွင်ပုဝါတစ်ခုဖြင့်ရှိနေကာ ခြေထောက်၌လည်း အမွှေးပွကတ္တီပါဖိနပ်တစ်ရံကိုစီးထား၏။
စစ်ကျွင်းတောက်မတုန့်ပြန်နိုင်ခင်မှာပင် ဝမ်မင်ယီက သူ့ရေချိုးဝတ်ရုံကို ချွတ်ဖို့ အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ စစ်ကျွင်းတောက် သူ့လက်တွေကို အလိုလို ဖျစ်ညှစ်လိုက်မိတော့သည်။
ဝမ်မင်ယီက နားမလည်သလို သံသယဖြင့် ကြည့်လိုက်သည်။
စစ်ကျွင်းတောက်: "..."
စစ်ကျွင်းတောက်က ခဏတာ တိတ်ဆိတ်သွားပြီး သူ့လက်ကို တိတ်တိတ်လေး ပြန်ယူလိုက်ကာ စိတ်မသက်မသာဖြင့် ပြောလာသည်။
"မင်း အရင်ချိုးလိုက်ပါ ၊ ဖုန်းပြန်ခေါ်စရာလေးရှိလို့၊ ငါပြန်လာခဲ့မယ်"
ဝမ်မင်ယီက သူဒီမှာရှိနေတာကို စိတ်ထဲမထားသလို ပေါ့ပါးစွာဆိုသည်။
"သွားလေ..."
စစ်ကျွင်းတောက် ခြံထဲကနေထွက်လာပြီး သူ့အခန်းထဲလအမြန်သွားလိုက်သည်။ သူ့အနေနှင့် အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်။
အခန်းထဲ၌ အတော်ကြာအောင်နေပြီးနောက် ဝမ်မင်ယီသူ့ကိုခေါ်နေတာကို ကြားလိုက်ရသည်။
"ဖုန်းခေါ်လို့ပြီးပြီလား၊ ပြီးသွားပြီဆိုလည်း ထွက်လာဖို့မမေ့နဲ့ဦးနော်"
စစ်ကျွင်းတောက် : "..."
ဝမ်မင်ယီက ရေနွေးစိမ်ပြီး ရေချိုးနေရင်း ကြယ်တွေကိုကြည့်နေသည်။ ခဏကြာအောင်စောင့်ပြီးနောက် စစ်ကျွင်းတောက်ထွက်မလာသည်ကိုတွေ့ပြီး သူတကယ်အလုပ်များနေတာပဲဟု တွေးလိုက်မိသည်။ လူတွေက အပြင်ထွက်ပြီး အလုပ်လုပ်ကြတာပဲ။
စစ်ကျွင်းတောက်တစ်ယောက် အပြင်မထွက်မှီ သူ့ကိုယ်သူ စိတ်လျှော့လိုက်သည်။
အပြင်ထွက်လိုက်သည်နှင့် ဝမ်မင်ယီက ရေချိုးစည်ထဲ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူ့ကိုကျောပေးထားပြီး လရောင်အောက်၌ ဖြူဖွေးသည့်လည်တိုင်နှင့် ပုခုံးနောက်ပိုင်းတွေကို လှစ်ဟပြထား၏။ လရောင်ကရေကဲ့သို့ပင် သူ၏နူးညံ့ပျော့ပြောင်းသည့် ပုခုံးနှင့်လည်တိုင်တို့ကတစ်ဆင့် ရေထဲကို ဖြာကျနေသည်။
စစ်ကျွင်းတောက်၏ မသိစိတ်က ရပ်တန့်သွားသည်။ ဝမ်မင်ယီက အသံကြားပြီးနောက် သူ့ကိုပြန်လှည့်ကြည့်ကာ ပြုံးပြလာသည်။ သူက ငြီးတွားသလိုလေး ပြောလိုက်သည်။
"ကော.. ဖုန်းပြောလို့ပြီးသွားပြီလား"
စစ်ကျွင်းတောက်က သူ့ကိုကြည့်နေရင်း မရည်ရွယ်ဘဲ ကဗျာတစ်ပုဒ်ကို တွေးမိသွားသည်။
ပထမဆုံး နှင်းကျချိန်မှာ၊ လပြည့်ဝန်းက ကောင်းကင်မှာပေါ်ထွက်လို့
အောက်မြေပြင်မှာ တောက်ပတဲ့အရိပ်တစ်ခုရှိနေတယ်။
ငွေရောင်လို တောက်ပနေပြီး
မင်းက ငါ့ဆီကို အပြုံးတစ်ပွင့်နှင့် လှမ်းလာခဲ့တယ်။
လရောင်နှင့် နှင်းတွေကြားမှာ
မင်းက တတိယမြောက် အနှိုင်းမဲ့အလှတရားပဲ။
နှင်းတွေကျမနေပေမယ့် စစ်ကျွင်းတောက်အနေနှင့် လရောင်အောက်ကအရေပြားက နှင်းတွေကဲ့သို့ တောက်ပနေသလိုပင် ခံစားရသည်။
သူဆက်လျှောက်သွားသည်နှင့် ဝမ်မင်ယီက လှည့်ကြည့်လာသည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်နေခဲ့သည်။ သူ့အကြည့်တွေက သူ၏မျက်နှာ၊ သူ့ရဲ့လည်ပင်း၊ သူ့ပုခုံးတွေပေါ်ကို ရောက်နေပြီး သူ့အကြည့်တွေကို တိတ်တဆိတ် ပြန်ရုတ်လိုက်သည်။
ဝမ်မင်ယီ ငယ်ငယ်တုန်းကတော့ အတူတူ းရေချိုးကြပြီး အတူတူ ရေကူးခဲ့ကြသည်။ ရေပူစမ်းထဲမှာ အတူတူ ရေစိမ်ကြ၏။ ထိုအချိန်ကတော့ သူစိတ်မသက်မသာဖြစ်တာမျိုးမရှိဘဲ ဝမ်မင်ယီကို ကြည့်နိုင်ခဲ့သည်။
ယခုမူ ဝမ်မင်ယီက ကြီးပြင်းလာပြီ။ သူက ရုပ်ရည်ချောမောပြီး တောက်ပသောလူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ စစ်ကျွင်းတောက်အနေဖြင့် ဝမ်မင်ယီကို နောက်တစ်ကြိမ် ကြည့်မိချိန် စိတ်မသက်မသာဖြစ်တာကို ခံစားရသည်။
သူတို့ သုံးနှစ်ကြာအောင် ခွဲပြီးနေခဲ့ရသည်။ လွန်ခဲ့သောသုံးနှစ်က ဝမ်မင်ယီမှာ စီနီယာအထက်တန်းပြီးကာစ လူငယ်လေးဖြစ်၏။ သူက အကိုင်းအခက်တို့ရှိ ဖူးပွင့်စ အခက်အလက်တို့နှင့်တူသည်။ သူကဝတ်ဆံတို့ပင်ထွက်မလာသေး။ သို့ပေမယ့် သုံးနှစ်ကြာပြီးနောက်မှာတော့ သူက သူ့ဘေးကို ပြန်ရောက်လာပြီး သိမ်မွေ့ကာဆွဲဆောင်မှုရှိသည့် ကိုယ်ပိုင်ပန်းတို့ကို ပွင့်လန်းစေခဲ့ပြီ။
စစ်ကျွင်းတောက်အနေဖြင့် သူ့ကိုဂရုစိုက်ပေးချင်သည်။ သူ့ကို သူ့နှလုံးသားဖြင့် ကာကွယ်ပေးပြီး ရေလောင်းပေါင်းသင်းပေးချင်၏။ သူ့အနေနှင့် သူ့ကိုမဆွတ်ခူးချင်ပေမယ့် သူကတော့ အမြဲလိုလို သင်းရနံ့ထုတ်ကာ ဆွဲဆောင်နေခဲ့သည်။သူကဝမ်မင်ယီကို ကြည့်ပြီး တိတ်တဆိတ် မျက်လွှာချလိုက်သည်။
ဝမ်မင်ယီက ရေကိုခဏကြာအောင် ချိုးခဲ့သည်။ ရေအေးသွားသည့်အချိန်တွင် သူက စည်ထဲကထလိုက်ပြီး စစ်ကျွင်းတောက်ကို သူ့အတွက် ရေလဲပေးဖို့ပြောလိုက်သည်။။
သူက ရေချိုးဝတ်ရုံဝတ်ထားသည့်တိုင် အနည်းငယ် အေးစိမ့်စိမ့်ခံစားလိုက်ရပြီး ဖိနပ်တွေကလည်း စိုစွတ်နေ၏။
စစ်ကျွင်းတောက်က ရေကို သူ့အတွက် လဲလိုက်သည်။ ထို့ကြောင့် သူက ရေစည်ထဲကို အမြန်ဆင်းသွားပြီး စစ်ကျွင်းတောက်ကို ခိုင်းဖို့လည်း မမေ့ခဲ့ချေ။
"ကျွန်တော့်ရေချိုးဝတ်ရုံကစိုနေပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပုဝါယူပေးလို့ရမလား၊ နောက်ကျရင်သုံးမလို့ပါ"
"ကောင်းပြီ"
စစ်ကျွင်းတောက်က သူ့အခန်းထဲကိုပြန်သွားလိုက်ပြီး ထိုအရာကို ယူပေးလိုက်သည်။
ဝမ်မင်ယီက သူ့ကိုမေးသည်။
"ကော ရေချိုးမှာလား၊ ရေကလောက်ရဲ့လား"
ဒါပေါ့။ ရေကမလောက်ဘူး။ အစ်မကျန်းက ဝမ်မင်ယီတစ်ယောက်ပဲ ရေချိုးမယ်လို့ထင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ရေကို သူ့အတွက်သာ သီးသန့်ပြင်ထားခြင်းပင်။ စစ်ကျွင်းတောက်ကလည်း ရေကို ထိုပုံစံနှင့်မချိုးချင်ပေ။ ထို့ကြောင့် အဲဒါက ပြဿနာမရှိချေ။
"ငါ ဒီနေ့ရေမချိုးဘူး"
ဝမ်မင်ယီ ခေါင်းကိုညိတ်လိုက်ပြီး မေးသည်။
"ကောကော တကယ် ကျွန်တော်နဲ့ တစ်ပတ်လုံးနေချင်တာလား၊ ဒီကအခြေအနေက အရမ်းဆင်းရဲကြတော့ မင်း video callပြောလို့ရမှာမဟုတ်ဘူး၊ အဲဒါက အလုပ်အတွက် ပြဿနာမဖြစ်ဘူးလား"
သေချာတာပေါ့ ၊ ပြဿနာရှိတာပေါ့။
အဲဒါက ရွာထဲဝင်ပြီးချိန်မှာ ဒီဘုန်းတော်ကြီးကျွင်းတောက် ကြုံရသည့် အကြီးမားဆုံးသော ပြဿနာကြီးဆိုလည်း မမှားပေ။ ဒီနေရာက အချက်ပြလိုင်းတွေက ဆိုးသည်။ video callမပြောပါနှင့်ဦး၊ ပုံမှန်ဖုန်းခေါ်ရင်တောင် တစ်ဖက်လူက ဘာပြောနေလဲဆိုတာ သေချာမကြားရပေ။
ကုမ္ပဏီတစ်ခုရဲ့သူဌေးအနေဖြင့် သူ့အနေဖြင့် ကုမ္ပဏီနှင့် တစ်ပတ်ကြာအောင် အဆက်ဖြတ်နေ၍မဖြစ်ပါ။ထို့ကြောင့် သူဒီမှာ ဝမ်မင်ယီနှင့် တစ်ချိန်လုံး အတူမနေနိုင်မည်မှာ ထင်ရှားသည်။
အဆုံးမှာတော့ တစ်ပတ်လေးပါပဲ။ စစ်ကျွင်းတောက်ကတော့ ဒီလိုဝေးလံခေါင်သီရွာလေးမှ ဘာမှမဖြစ်နိုင်ပါဘူးဟုသာ တွေးမိသည်။ ဒီနေ့အပြီးမှာတော့ သူရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီဖြစ်သည်။ ယွီရွှမ်ဝမ် ဒီလူက ဒါရိုက်တာပင်။ သူက ကောင်းမွန်တဲ့အကျင့်စရိုက်ရှိပီး တာဝန်ယူတတ်သူပင်။ သူကဝမ်မင်ယီကိုအပေါ်၌လည်း ကောင်းမွန်တဲ့အမြင်ရှိသည်။
ခန်းကျယ်က စကားအများကြီးမပြောပဲ မာနကြီးပုံပေါက်ပေမယ့် သူကဇီဇာကြောင်တတ်သူတော့မဟုတ်ပေ။ ထို့အပြင် ဝမ်မင်ယီကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ၏။
ကျန်တဲ့ဝန်ထမ်းတွေက အခြေခံအားဖြင့်တော့ ထိုနှစ်ယောက်ရဲ့ လုပ်ရပ်အတိုင်း လိုက်လုပ်ကြသည်။ ဒီလူနှစ်ယောက်က ဝမ်မင်ယီနှင့် ရန်ငြိုးမရှိသဖြင့် ဝန်ထမ်းများကလည်း သဘာဝကျကျပင် မလိုလားအပ်သည့် လှုပ်ရှားမှုများကို မပြုလုပ်ရဲကြချေ။
ထို့ကြောင့် စစ်ကျွင်းတောက်အနေဖြင့် ရိုက်ကူးရေးပြီးလျှင်ပြန်ဖို့အတွက် တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် အဲဒါက တစ်ပတ်ထဲပါပဲ။ ဝမ်မင်ယီ ဘာမှဖြစ်မှာမဟုတ်ပါဘူး။
"ငါစဉ်းစားလိုက်ပါဦးမယ်...အဲဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး၊ မင်းကြော်ငြာရိုက်ဖို့သာ လိုတယ်"
ဝမ်မင်ယီမှာ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်လိုက်ရတော့သည်။အင်းပါ၊ သူဘာကိုမှ ဂရုမစိုက်တော့ဘူး။ စစ်ကျွင်းတောက်အမြင်မှာတော့ သူကအမြဲကလေးဖြစ်နေပြီး ဘာကိုမှ ဂရုစိုက်စရာမလိုဘူးဖြစ်နေမှာပါပဲ။
ဝမ်မင်ယီက သူ့လက်ကိုမြှောက်လိုက်ပြီး ရေကိုလက်ခုပ်ထဲအပြည့်ယူလိုက်ပြီး သူ့ကိုပက်လိုက်သည်။ သူ့ရဲ့ ဒီကာကွယ်ပေးတတ်လွန်းတဲ့ကောကောနှင့်ပတ်သက်ပြီး သူလုပ်နိုင်တာ ဘာမှမရှိပါချေ။
စစ်ကျွင်းတောက်က ရှောင်လိုက်ပြီး ဆူလိုက်သည်။
"ရေသေချာချိုးလေ၊ ရေနဲ့ဆော့နေရအောင် မင်းက ကလေးလား"
ထိုစကားတွေကို ကြားသည့်အခါ ဝမ်မင်ယီက ရေနှင့်ထပ်ပက်လိုက်ပြီး ပြုံးကာဆိုသည်။
"ကျွန်တော်ငယ်ငယ်က ကောကအမြဲအတူဆော့ပေးတယ်"
"မင်းငယ်ငယ်တုန်းကဆိုတာတော့သိတယ်ပေါ့၊ အခုမင်းအသက်က ဘယ်လောက်တောင်ရှိနေပြီလဲ"
"ကောလည်း ကျွန်တော်အရွယ်ရောက်နေပြီဆိုတာကို သိတာပဲ"
ဝမ်မင်ယီက တဟိဟိရယ်ကာဖြင့်
"ကျွန်တော်က ကောရင်ထဲမှာ အမြဲကလေးဖြစ်နေတုန်းပဲလို့ ထင်ခဲ့တာ..."
စစ်ကျွင်းတောက်က သူ့ကိုကြည့်ကာ မျက်လွှာချလိုက်သည်။ မှန်သည်၊ ဝမ်မင်ယီ အရွယ်ရောက်နေပြီဆိုတာကို သူသိပါ၏။ သိုပေမယ့် သူ့နှလုံးသားထဲမှာတော့ ဝမ်မင်ယီက အမြဲ ကလေးလေးဖြစ်နေမှာပင်။
ဒီနှစ်ချက်က ကွဲလွဲနေပုံရပေမယ့် တကယ်တော့ အဲဒါတွေက လုံးဝကို ဆန့်ကျင်ဘက်မဟုတ်ပေ။ သူက မျက်လုံးလှန်ကာ ရေစည်ထဲ၌ ပျော်နေသည့်ဝမ်မင်ယီကို ကြည့်လိုက်သည်။ သူ့လက်ကိုမြှောက်ကာ မျက်နှာလေးကို ဖျစ်ညှစ်လိုက်၏။ သူကရယ်ရုံသာရယ်ခဲ့ပြီး ဘာမှမဆိုခဲ့ချေ။
ဝမ်မင်ယီက သူ့ကို နွေးထွေးကြင်နာစွာ ကြည့်နေခဲ့သည် ။ တဖြည်းဖြည်းနှင့် သူ့ရင်ထဲ၌ နွေးထွေးလာသလို ခံစားလိုက်ရသည်။
ရေတွေက တဖြည်းဖြည်းအေးလာနေပြီး သူကဆေးကြာကာ ထရပ်လိုက်သည်။ စစ်ကျွင်းတောက်က မျက်နှာကိုလွှဲလိုက်ရင်း သူ့ကိုမကြည့်ချေ။
ဝမ်မင်ယီက ခွေးခြေပေါ် သူတင်ထားသည့် မျက်နှာသုတ်ပုဝါကိုယူကာ ခန္ဓာကိုယ်ကို ပွတ်သုတ်လိုက်သည်။ လေတိုက်လာပြီးနောက် သူအေးခဲမှုကို ခံစားလိုက်ရသည်။စည်ထဲကထွက်ဖို့ ဦးခေါင်းကို ငုံ့လိုက်စဉ် သူလုပ်ခဲ့သောရေပက်မှုကြောင့် သူ့ဖိနပ်ရဲ့ နေရာအများစုက စိုစွတ်နေတာကို တွေ့ရှိလိုက်ရသည်။ အပြာရောင်လိပ်မွှေးများက စိုစွတ်နေပြီး ကြည့်ရသည်မှာ နွေးထွေးမှုလုံးဝမရှိတော့ချေ။
နောက်တစ်ခါဆို နဂါးလေးကိုပဲဝယ်တော့မယ်။ ဝမ်မင်ယီတွေးလိုက်သည်။ အဲဒါတွေက နွေးမယ့်ပုံပဲ။
"ဘာလို့ထွက်မလာသေးတာလဲ"
စစ်ကျွင်းတောက်က မေးလာသည်။
"မင်းဆက်ပြီး ချိုးချင်သေးလို့လား"
ဝမ်မင်ယီ သူ့ကိုကြည့်နေရင်း ရုတ်တရက် အကြံတစ်ခုရလာသည်။
သူကအပြုံးတစ်ခုနှင့်အတူ စစ်ကျွင်းတောက်ကို နူးညံ့စွာကြည့်လိုက်ပြီး သာယာသည့်အသံလေးဖြင့်ပြောလိုက်သည်။
"ကျွန်တော့်ဖိနပ်တွေစိုကုန်ပြီ၊ ကော ကျွန်တော့်ကို ပြန်ခေါ်သွားပေးပါ"
စစ်ကျွင်းတောက် : "!!!"
စစ်ကျွင်းတောက်က အေးစက်စွာဆိုသည်။
"ခြေနှစ်လှမ်းစာပဲရှိတာ၊ ကိုယ့်ဟာကိုယ်သွား"
အစကတော့ ဝမ်မင်ယီအနေနှင့် သူ့ကို ကျီစားရုံမျှသာဖြစ်သည့်တိုင် စစ်ကျွင်းတောက်ပြောတာကို ကြားပြီးနောက် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားရသည်။
" ကောဘာလို့ ဒီစံသုံးချက်ကို ထားနေရတာလဲ၊ ငါဟက်စကီးဖြစ်နေတော့ မင်းကမပွေ့ဖက်ချင်ဘူး၊ ငါလူဖြစ်နေပြန်တော့လည်း မဖက်ချင်ပြန်ဘူး၊ ကောက အဲ့ကြောင်ဝါကိုပဲ ကိုင်ချင်နေတာ!!"
"ကောက ကြောင်ချစ်သူလား၊ ကြောင်ကိုပဲကြိုက်နေတယ်၊ တကယ်လို့ ငါနဲ့အဲ့ကြောင်ဝါ ရေထဲကို တစ်ချိန်ထဲမှာကျသွားရင် မင်းဘယ်သူ့ကိုကယ်မှာလဲ..."
စစ်ကျွင်းတောက် : "..."
စစ်ကျွင်းတောက်အတွက်တော့ ပထမဆုံးအနေနှင့် သူ့ကိုယ်သူ ပြန်သဝန်တိုနေတဲ့လူကို တွေ့ဖူးတာပင်။ အဲဒါက ဒီလောက် ရယ်စရာကောင်းလိမ့်မယ်လို့ သူမထင်ခဲ့ချေ။
"ရယ်နေတယ်ပေါ့လေ!၊ မင်းက ငါ့ရဲ့ကြောင်ဝါပုံစံကိုပဲလိုချင်တာ၊ မင်းငါ့ကို လုံးဝသဘောမကျပါဘူး!!"
စစ်ကျွင်းတောက်မှာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။သူက ကြောင်ဝါလေးကို သဘောမကျကြောင်းပြဖို့အတွက် ရှေ့ကိုလျှောက်သွားပြီး ဝမ်မင်ယီကို ပွေ့ချီလိုက်ရတော့သည်။
ဝမ်မင်ယီက ငယ်စဉ်ထဲက သူ့ကိုတွယ်ကပ်ကာဖက်တွယ်ထားလေ့ရှိသည်။ သူဘာကိုမှ မခံစားရချေ။ သူကသူ့ကိုပွေ့ဖက်ကာ တိုက်တွန်းလာသည်။
"ကော မြန်မြန်အခန်းထဲကိုသွား၊ ကျွန်တော် ခဲပြီးသေတော့မယ်"
"ဒါဆိုလည်း ဘာလို့ မင်းကိုယ်မင်း မသွားတာလဲ"
"ကောခြေတံတွေကရှည်တယ်လေ၊ ပိုမြန်တာပေါ့"
ဝမ်မင်ယီက အပြုံးလေးဖြင့်ဆိုသည်။
"ကျွန်တော့်ကိုမချီချင်လို့လားဟင်၊ ကျွင်းတောက်ကောကော~"
စစ်ကျွင်းတောက် ငုံ့ကြည့်လိုက်တော့ ဝမ်မင်ယီက သနားစရာကောင်းသည့်ပုံလေးဖြင့် မျက်တောင်ကို ပုပ်ခတ်ပုပ်ခတ်လုပ်ကာ ဝမ်းနည်းပြီး အပြစ်ကင်းတဲ့ပုံစံလေး ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းပြီး ဖျော်ဖြေရေးလောကထဲကို ဝင်ချင်နေတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ စစ်ကျွင်းတောက်မှာ သူ့နှလုံးသားထဲ၌ တိတ်တဆိတ်ညည်းညူရင်း သူ့ကို အမြန်ပြန်သယ်သွားရတော့သည်။
ဝမ်မင်ယီက ကျေနပ်သွားပြီး ဝမ်းသာအားရဖြင့် သူ့အပေါ်မှီလိုက်ကာ
"ကျွင်းတောက်ကောကောက အကောင်းဆုံးပဲ~"
"မင်းအခုဘာပြောလဲဆိုတာ သေချာမှတ်ထား"
"မှတ်ထားပါတယ်၊ ကျွန်တော်က အရမ်းကောင်းတာပါနော်"
စစ်ကျွင်းတောက်က သူ့ကိုပြန်ရောက်တဲ့အထိချီသွားပေးပြီး အိပ်ယာပေါ်ချပေးလိုက်သည်။ ဝမ်မင်ယီက သူ့ကိုယ်သူကာဖို့အတွက် စောင်ကို အမြန်ဆွဲယူလိုက်၏။
"ညဝတ်ကိုလဲတော့၊ ငါအပြင်မှာ ရှင်းလိုက်ဦးမယ်"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။
စစ်ကျွင်းတောက်က ခြံထဲကိုရှင်းပြီးနောက် လက်ကျန်ရေနွေးဖြင့် ဆေးကြောလိုက်ကာ ဝမ်မင်ယီ၏ဖိနပ်ကို အခန်းထဲပြန်ယူလာခဲ့သည်။ ထို့နောက် ဝမ်မင်ယီက တိတ်တဆိတ် လဲလျောင်းနေတာကို တွေ့လိုက်ရသည်။
စစ်ကျွင်းတောက် ဝင်လာတာကိုတွေ့တော့ သူကပြောသည်။
"အလုပ်ရှုပ်နေတာရပ်ပြီး အိပ်တော့လေ"
စစ်ကျွင်းတောက် သူ့နာရီကိုကြည့်လိုက်တော့ 8:50ပဲရှိသေးတာကို တွေ့လိုက်ရသည်။
ဝမ်မင်ယီက စောစောအိပ်ယာဝင်လေ့မရှိပေ။ သူက မိုဘိုင်းဖုန်းဖြင့် ဂိမ်းကစားချင်ခဲ့သော်လည်း အချက်ပြလိုင်းမကောင်းသဖြင့် လက်လျှော့လိုက်ရသည်။ သူလုပ်နိုင်တာက သူနှင့်အတူစကားပြောပေးမည့် စစ်ကျွင်းတောက်အလာကို တိတ်တဆိတ် လဲလျောင်းကာ စောင့်နေရန်သာဖြစ်သည်။
ဒါက စစ်ကျွင်းတောက် သူ့လက်မောင်းပေါ်မှာ ခွေးတစ်ကောင် သို့မဟုတ် ကြောင်တစ်ကောင်ကို တင်မအိပ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။သူ ခေတ္တမျှ တုန့်ဆိုင်းသွားပြီး အခြားစောင်တစ်ခုဖြင့် အိပ်သင့်သလားဟု တွေးနေမိသည်။
သို့သော် ထိုတုံဆိုင်းနေသည့် အခိုက်အတန့်ကြားတွင် ဝမ်မင်ယီ သူ၏စောင်ကို လှစ်ဟကာ နွေးထွေးစွာဖိတ်ခေါ်လိုက်သည်။
''လာပါ ကျွန်တော်ရဲ့အိပ်ယာက မင်းကိုနွေးထွေးစေလိမ့်မယ်''
စစ်ကျွင်းတောက် ''.......''
စစ်ကျွင်းတောက် သူ၏ခေါင်းကို နှစ်စက္ကန့်လောက် အလုပ်ပေးလိုက်ရပြီးနောက် ဝမ်မင်ယီ၏စောင်ထဲသို့ ဝင်လိုက်သည်။
'' မင်းက ကြီးလာပြီ ကလေးလိုလုပ်နေလို့မရတော့ဘူး အနာဂတ်မှာ တခြားတစ်ယောက်နဲ့ အိပ်ယာတစ်ခုတည်းတူတူအိပ်လို့မရဘူး နားလည်လား'' သူကစောင်ခြုံရင်း ပြောလိုက်သည်။
ဝမ်မင်ယီက ခေါင်းငြိမ့်ရင်း '
"စိတ်မပူပါနဲ့ ကျွန်တော်နဲ့အတူ ကောင်းကောင်းအိပ်နိုင်တဲ့ တခြားတစ်ယောက်က လုယွင်ဖေးပဲရှိတယ် ဒါပေမယ့် သူက အခု ချစ်သူရှိနေပြီ တကယ်လို့ ကျွန်တော်သာ သူနဲ့ အတူအိပ်လိုက်ရင် ဝိုး ကျင်းယွမ်ရဲ့ မျက်နှာတော့ ကြည့်ကောင်းနေတော့မှာပဲ''
စစ်ကျွင်းတောက်က သူ့ကို စောင်ခြုံဖို့ ကူပေးရင်း ဆက်ပြီး သင် ကြားပေးလိုက်သည်။'
" တခြားဘယ်သူ့ကိုမှ ခွင့်မပြုဘူး''
''ကျွန်တော်သိပါတယ်''
ဝမ်မင်ယီ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
''ကျွန်တော်ကလည်း ဇီဇာကြောင်တာပဲ ဟုတ်ပြီလား ဒီနှစ်တွေတစ်လျှောက်လုံး အတူအိပ်တာ ကောပဲရှိတယ်
စစ်ကျွင်းတောက် : ''......''
ဝမ်မင်ယီ သူ့ကိုအနီးကပ်ကြည့်လိုက်သည်။
"ကောတောင်မှ မလုပ်နိုင်ပါဘူး၊ ဟုတ်တယ်မလား"
စစ်ကျွင်းတောက် : ".......''
စစ်ကျွင်းတောက်မှာ သူ့အသိစိတ်လေး ထိခိုက်သွားသလို ခံစားလိုက်ရသည်။
ဝမ်မင်ယီက ပြုံးပြီး ပွေ့ဖက်ရင်း တိုးလျတဲ့အသံနဲ့ ပြောလိုက်သည်။
''အဲ့အကြောင်း စိတ်မပူပါနဲ့''
စစ်ကျွင်းတောက် : ''....''
စစ်ကျွင်းတောက် သူ့အသိတရားလေးက ထိခိုက်စရာမကျန်တော့ဘဲ အထုတ်အပိုးတွေယူကာ အိမ်ကနေထွက်ပြေးသွားသလို ခံစားလိုက်ရသည်။
သူ့လက်ကိုမြှောက်ပြီး လူငယ်လေးကို ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။ သူ့နှလုံးသားလေးက ပုံမှန်အတိုင်းမဟုတ်ပဲ ခုန်နေသည်။ဆောင်းရာသီက အရမ်းအေးပေမယ့် စောင်ကလည်းအလွန်နွေးသည်။ ငယ်ရွယ်တဲ့ခန္ဓာကိုယ်လေးက နွေးထွေးပြီး သူ့နှလုံးသားကို လှုပ်ခတ်စေ၏။
သူ ဝမ်မင်ယီကိုကြိုက်လား။ အဲဒါက ဝမ်မင်ယီကို ချစ်သူတစ်ယောက်လို ချစ်နေမိတာလား။
စစ်ကျွင်းတောက်က သူ့လက်ကို ရုတ်လိုက်ပြီး ဝမ်မင်ယီကို ခွဲအိပ်သင့်ကြောင်း ပြောချင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် သူ့ဘေးနားရှိ ကောင်လေးက ရုတ်တရက် ပျောက်သွားပြီး ကြီးမားသည့် ဟက်စကီးတစ်ကောင်ဖြင့် အစားထိုးသွားခဲ့သည်။
ဟက်စကီးက သူ့ကို တုံးအသည့်မျက်နှာပေးဖြင့် ကြည့်နေခဲ့သည်။
စစ်ကျွင်းတောက် : "..."
စစ်ကျွင်းတောက်က သူ့နှလုံးခုန်သံက သာမန်ပဲပြန်ဖြစ်နေပြီး အိပ်ယာခွဲအိပ်စရာမလိုဟု ခံစားလိုက်ရသည်။
မီးခိုးနှင့်အဖြူရောင်စပ်ဟက်စကီးက သူ၏ရှေ့ခြေဖဝါးနှစ်ဖက်ကို မြှောက်ကာ ပွေ့ဖက်စေချင်ခဲ့သည်။
စစ်ကျွင်းတောက်က တိတ်ဆိတ်နေခဲ့၏။
ဝမ်မင်ယီ နှာမှုတ်လိုက်သည်။
သူက ခွေးခြေလေး တစ်ဖက်ကိုပင့်ကာ သူ့ကိုပွေ့ချီစေလိုက်သည်။ထိုစံသုံးချက်အတိုင်း လူရော ကြောင်ရော နှစ်မျိုးလုံးကအဆင်ပြေသည်။ ဟက်စကီးကျတော့ ဘာလို့လဲ။ သူ့ကိုချီထားစဉ် သူ့ရဲ့ခွေးခေါင်းကို စစ်ကျွင်းတောက်၏ရင်ဘတ်ပေါ်တွင် မှီထားလိုက်သည်။
စစ်ကျွင်းတောက်က သူ့ရင်ဘတ်ပေါ်မှ ကြီးမားသောခွေးခေါင်းကို ကြည့်ကာ အနည်းငယ် ခြေကုန်လက်ပမ်းကျသလို ခံစားလိုက်ရသည်။
သူက မီးကိုပိတ်လိုက်ပြီး ဝမ်မင်ယီ၏ ခေါင်းကိုပုတ်လိုက်သည်။
''အိပ်တော့''
စစ်ကျွင်းတောက်က ခွေး၏ဦးခေါင်းကို ပွတ်သပ်ရင်း အိပ်မက်ကမ္ဘာထဲသို့ တဖြည်းဖြည်းရောက်ရှိသွားသည်။
T/N ...နာမ်စားသုံးတာ မင်းနဲ့ ငါဖြစ်လိုက် ကျွန်တော်ဖြစ်လိုက် ပြောင်းနေတာက ဇာတ်ကောင်ရဲ့အခြေနေလိုက်ပြောင်းသုံးထားတာပါနော် ရှုပ်ထွေးသွားရင်တောင်းပန်ပါတယ် ဖတ်ရတာအဆင်ပြေဖို့မျော်လင့်ပါတယ်...😘