အပိုင်း ၅၃
Viewers 12k

နောက်တစ်နေ့တွင် အစ်မကျန်းက ၈နာရီတွင် ထကာ ချက်ပြုတ်ရန်စတင်ခဲ့သည်။ တာ့ပေါင်က ဝမ်မင်ယီ၏ အခန်းတံခါးကို ခေါက်လိုက်စဉ် အစ်မကျန်းက ပြန်ခေါ်လိုက်၏။
"အစားအသောက်တွေအဆင်သင့်ဖြစ်မှ ကောကောတို့ကို သွားခေါ်..."
တာ့ပေါင်က သဘောတူလိုက်ပြီး သူ့အတွက်ကစားဖော်ရှာရန် တစ်ဖက်ခြံကိုပြေးထွက်သွားတော့သည်။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီထက် အမြဲလိုလို စောစောထလေ့ရှိသည်။ သူက သူ့နာရီကို ကြည့်လိုက်ပြီးနောက် အိပ်ပျော်နေသည့် ဝမ်မင်ယီကို ကြည့်လိုက်သည်။ ပြီးနောက် ထိုင်ရာမှထပြီး ရေချိုးရန်ပြင်လိုက်သည်။
ဝမ်မင်ယီက မျက်လုံးတွေကိုပွတ်ရင်း မေးလိုက်သည်။
''ဘယ်အချိန်ရှိပြီလဲ''
''ရှစ်နာရီခွဲနေပြီ ''
စစ်ကျွင်းတောက် သူ့ရဲ့ ခွေးနားရွက်လေးကို ထိလိုက်သည်။
'' မင်းနည်းနည်းထပ်အိပ်လိုက်ဦး၊ ငါအပြင်ထွက်ပြီး ကြည့်ကြည့်ဦးမယ်''
ဝမ်မင်ယီ ခေါင်းငြိမ့်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ရဲ့အဝတ်အစားတွေကိုလဲပြီးနောက် အပြင်ထွက်လိုက်သည်။ အစ်မကျန်းက ခြံထဲမှာ ဟင်းချက်နေဆဲဖြစ်ကာ သူ့ကိုတွေ့တော့ အပြုံးတစ်ခုဖြင့်ဆိုသည်။
''ထပြီပေါ့''
စစ်ကျွင်းတောက် ခေါင်းညိတ်ပြလိုက်သည်။
''ငါ မင်းတို့အတွက် ရေနွေးကျိုပြီး ဓာတ်ဘူးထဲထည့်ထားတယ် ၊ ဆေးကြောပြီးမနက်စာစားဖို့ ပြင်တော့လေ''
''ကောင်းပါပြီ၊ ကျေးဇူးပါပဲ''
''ရပါတယ်ကွယ်''
ချန်လုက စစ်ကျွင်းတောက် မျက်နှာသစ်သန့်စင်နေတာ မြင်ပြီး ပြောလာသည်။
" ဝမ်မင်ယီ ထပြီလား၊ ကျွန်မတို့ ရုပ်ရှင်ရိုက်ဖို့အတွက် ပြင်ဆင်ရအောင် ၊ ရွာကျောင်းမှာ 9:30အရောက် လူစုရမယ်''
''မထသေးဘူး၊ ငါသူ့ကို ပြီးရင် ခေါ်ခဲ့မယ်''
''ကောင်းပြီ''
ချန်လုက စကားနည်းနည်းထပ်ပြောပြီးနောက်မှာတော့ သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူမ သွားဖို့လုပ်နေတာမြင်တော့ အစ်မကျန်းက ယဉ်ကျေးစွာဖြင့် မေးလိုက်သည်။
'' အတူစားသွားပါလား''
''ကျွန်မ စားပြီးပါပြီ''
ချန်လုက ပြုံးပြပြီးနောက်
''ကျေးဇူးတင်ပါတယ်''
တာ့ပေါင်လည်း ခွေးတစ်ကောင်နှင့် အတူပြန်လာခဲ့သည်။ စစ်ကျွင်းတောက်သည် သူ့ရှေ့မှာရှိတဲ့ တရုတ်ဥယျာဉ်ခွေး သေးသေးလေးကို ကြည့်ကာ အနည်းငယ်ရယ်မောလိုက်သည်။
သူအခန်းထဲ ပြန်ဝင်သွားတော့ ဝမ်မင်ယီက စောင်ထဲတွင် လဲလျောင်းနေတုန်းသာ ရှိသေးသည်။
စစ်ကျွင်းတောက်က သူ့ရဲ့ခွေးနားရွက်လေးကို ပွတ်ရင်း နွေးထွေးသည့်အသံဖြင့် ပြောလိုက်သည်။
"တာ့ပေါင်က မင်းအတွက် သူငယ်ချင်းခေါ်လာတယ်"
"ဘာသူငယ်ချင်းလဲ "
ဝမ်မင်ယီနားမလည်ချေ။
"ဒီမှာ ငါ့သူငယ်ချင်း ရှိလို့လား"
"တရုတ်ဥယျာဉ်ခွေး"
စစ်ကျွင်းတောက်က ထပ်ပြောသည်။
ဝမ်မင်ယီ: "..."
ဝမ်မင်ယီ "ဝမ်း"ဟူ၍ တစ်ချက်ငိုသံပြုလိုက်သည်။ သူက ပါးစပ်ကိုဖွင့်ကာ စစ်ကျွင်းတောက်၏လက်ကို ကိုက်ချင်ခဲ့သည်။ စစ်ကျွင်းတောက်က အသာအယာပင်ရှောင်လိုက်ပြီး သူ့ကိုပုတ်ကာဆိုသည်။
"အဝတ်ဝတ်၊ ပြီးရင်ထတော့"
ဝမ်မင်ယီက မကျေမနပ် ထထိုင်လိုက်ပြီး သူ့အဝတ်အစားကို စတင်လဲလိုက်သည်။
စစ်ကျွင်းတောက်က သူ့ခရီးဆောင်အိတ်ကို ထုတ်ပိုးဖို့ကူညီပြီး သူ့ကိုယ်ပိုင်အိတ်ကိုလည်း ထုတ်ပိုးလိုက်သည်။
သူက ကိုးနာရီမထိုးမှီ အဝတ်တွေကို လဲလှယ်၍ပြီးသွားသည်။
သူ့နားရွက်တွေနှင့် အမြီးက ရှိနေဆဲဖြစ်သော်လည်း ကံကောင်းစွာဖြင့် ဆောင်းရာသီဖြစ်နေသည်။ သူ့အဝတ်အစားတွေက ချောင်ချိနေပြီး အမြှီးကို ဘောင်းဘီထဲထည့်ထားလိုက်၏၊၊ အပေါ်မှ လောင်းကုတ်ရှည်ကိုထပ်ဝတ်လိုက်သောအခါ မည်သူမျှ မမြင်တော့ပေ။
နားရွက်များအတွက်တော့ သူဦးထုတ်တစ်လုံး ရှာတွေ့ခဲ့သည်။ သူက ထိုအရာကိုဆောင်းလိုက်ကာ တံခါးအပြင်ကို ထွက်ခဲ့တော့သည်။
အစ်မကျန်းက သူက စတားတစ်ယောက်ဆိုတာကိုသိသည်။ သူကအခန်းထဲမှာ ဦးထုပ်ဆောင်းထားတာပိုမြင်လိုက်ချိန် အနည်းငယ်အံ့သြသွားပေမယ့် နောက်တော့ နားလည်လိုက်သည်။ အဲဒါက ပုံရိပ်ကိုအာရုံစိုက်ထားတယ်လို့ခေါ်တယ်၊ အစ်မကျန်းက သူ့ကိုယ်သူ ပြန်ရှင်းပြလိုက်သည်။ သူမအရင်က တီဗီကြည့်ဖူး၏။ သူမသိပါသည်။
အစ်မကျန်းက သူတို့အတွက် အစားအသောက် ယူလာပေးချိန် ဝမ်မင်ယီက မျက်နှာသစ်ပြီး သွားတိုက်လိုက်သည်။
ဒီမှာတော့ ရွာသားများက စောစောအိပ်လေ့ရှိကြသောကြောင့် တစ်ရက်ကို နှစ်နပ်သာ စားကြသည်။ မနက်၉နာရီ သို့မဟုတ် မနက်၁၀နာရီတွင် တစ်ကြိမ် ၊ ညနေ၅နာရီ သို့မဟုတ် ၆နာရီတွင် နောက်တစ်ကြိမ်စားလေ့ရှိသည်။ ည၈နာရီခန့်တွင် အိပ်ယာဝင်ရန်အသင့်ပြင်နေကြပြီဖြစ်၏။ထို့ကြောင့် အစာနှစ်နပ်လုံးသည် ပုံမှန် အစားအစာများဖြစ်ကြသည်။ ဤမနက်တွင် အစ်မကျန်းက ခေါက်ဆွဲလုပ်သည်။
ဝမ်မင်ယီသည် အစားအသောက်ဇီဇာကြောင်သူတစ်ယောက် ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ခေါက်ဆွဲပြုတ် ကိုမစားချေ။ သူရှေ့က အစ်မကျန်းထည့်ပေးတဲ့ ခေါက်ဆွဲပန်းကန်ကိုမြင်တော့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။သူ မစားလျှင် တန်ဖိုးမထားရာရောက်သွားလိမ့်မည်။စားရအောင်လည်း သူက ဒါကိုမကြိုက်ဘူး။
အစ်မကျန်းက စိတ်အားထက်သန်စွာနှင့် ပြောလာသည်။
''မင်းတို့နှစ်ယောက် ပိုစားကြနော် ''
ဝမ်မင်ယီက ခေါင်းငြိမ့်ပြီး တိတ်တိတ်လေးစားနေလိုက်သည်။
အစ်မကျန်းရဲ့ လက်ရာကမဆိုးပေ။ သို့သော် ဝမ်မင်ယီ၏သဘာဝကိုက ခေါက်ဆွဲမကြိုက်တာကြောင့် ဖြည်းဖြည်းပဲ စားလိုက်သည်။
တာ့ပေါင်က လျှင်မြန်စွာစားနေသည်။သူက ခေါက်ဆွဲပွဲသေးတစ်ပွဲကို စားနေရင်း '' နောက်ထပ် ပန်းကန်တစ်ဝက်လောက် ထပ်စားချင်သေးတယ် ''ဟူ၍ တိတ်တဆိတ် တောင်းဆိုလိုက်သည်။
အစ်မကျန်းက မတ်တပ်ရပ်ပြီး သူ့ကို ကူညီပြီး ခူးခပ်ပေးလိုက်သည်။
အစ်မကျန်းမရှိတော့တာကို ဝမ်မင်ယီမြင်သောအခါ စစ်ကျွင်းတောက်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး ဘာမှမပြောပဲ စစ်ကျွင်းတောက် ပန်းကန်ထဲသို့ သူ့၏ခေါက်ဆွဲများ လောင်းထည့်လိုက်သည်။
စစ်ကျွင်းတောက် : ''...''
ဝမ်မင်ယီ အသနားခံလိုက်သည် ။
''ကျွန်တော့်ကိုကူညီဦး''
စစ်ကျွင်းတောက် ဘာမှမပြောနိုင်တော့ချေ။
''မင်းက ဇီဇာကြောင်လွန်းတယ်''
"အရမ်းများလွန်းတယ်"
ဝမ်မင်ယီက ဖြူစင်စွာ မျက်တောင်ခတ်လိုက်သည်။
စစ်ကျွင်းတောက်မှာ ပန်းကန်ထဲကခေါက်ဆွဲများကို ကုန်အောင်စားပြီး သူ့ကိုကူညီရန်မှအပ မတတ်နိုင်ခဲ့ချေ။
တာ့ပေါင်က ခေါင်းကိုဖော်ကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ကောကော၊ မင်းက အစားအသောက် အရမ်းဂျီးများတာပဲ၊ အသက်ကြီးနေပြီကို မရှက်ဘူးလား"
ဝမ်မင်ယီက သူ့လက်ညှိုးကိုထောင်လိုက်ကာ တိတ်တိတ်နေဖို့ပြလိုက်ပြီး...
"ကောကောက ဂျီးများတာမဟုတ်ဘူး၊ ကောကသရုပ်ဆောင်၊ မင်းသားတွေဆိုတာ နည်းနည်းလေးပဲစားရတယ်၊ ကောကောက အကုန်မစားနိုင်လို့ အခြားလူကို ကူညီခိုင်းရုံပဲ"
တာ့ပေါင်က "အိုး"ဟူ၍သာဆိုလိုက်ပြီး ယုံကြည်သွားတော့သည်။
ဝမ်မင်ယီကပြောသည်။
"မင်းမေမေကိုမပြောနဲ့နော်"
တာ့ပေါင်က ခေါင်းညိတ်၏။
ဝမ်မင်ယီ ပြုံးလိုက်ပြီး "လိမ္မာတယ်"
ညစာစားပြီးနောက် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့ ရိုက်ကူးရေးနေရာကို သွားကြသည်။ ယွီရွှမ်ဝမ်လည်းရောက်နေပြီး ကောင်းကျယ်နှင့် စကားပြောနေသည်။
ဝမ်မင်ယီ အနားကိုလျှောက်သွားလိုက်သည်။ ယွီရွှမ်ဝမ်က သူ့ကိုကြည့်ကာ ပြောလာ၏။
"မင်းဒီနေ့ရိုက်စရာမရှိဘူး၊ ကြည့်ရုံပဲကြည့်နေ"
"ဟုတ်ကဲ့"
ယွီရွှမ်ဝမ်က ခေါင်းကိုလှည့်ကာ ကောင်းကျယ်အား စကားအနည်းငယ်ပြောလိုက်သည်။
အဲဒီနောက်မှာတော့ ခန်းကျယ်က မိတ်ကပ်လိမ်းဖို့ ထွက်သွားခဲ့သည်။
ခန်းကျယ်ထွက်သွားပြီးနောက် ယွီရွှမ်ဝမ်က ဝမ်ချန်၏ငယ်ဘဝကို သရုပ်ဆောင်မည့် သရုပ်ဆောင်ကိုခေါ်လိုက်ကာ ဒရာမာအကြောင်းကိုရှင်းပြပြီး မည်သို့သရုပ်ဆောင်ရမည်ကိုပါ ပြောပြခဲ့သည်။
ဝမ်မင်ယီက ထိုနေရာတွင်ရပ်ကာ နားထောင်နေပြီး သူ့ဇာတ်ကောင်၏ငယ်ဘဝကို သရုပ်ဆောင်မည့်ကလေးကို ကြည့်လိုက်သည်။ သူကချစ်ဖို့ကောင်းသည့်တိုင် သူနှင့်တကယ်ကို မတူပါချေ။
စစ်ကျွင်းတောက်က သူ့ဖုန်းကိုကြည့်နေပြီး သတင်းအချို့ဝင်လာတာကိုတွေ့လိုက်ကာ တစ်ဖက်ကို စာပြန်လိုက်သည်။
အဖွဲ့သားများက အလုပ်ကို စနစ်တကျလုပ်နေကြသည်။ ကျွမ်းကျင်ဒါရိုက်တာ၊ ကျွမ်းကျင်သည့်သရုပ်ဆောင်များနှင့်၊ ရွာသူရွာသားများကလည်း အလွန်ပင် စိတ်အားထက်သနစိတ်အားထက်သန်ကြသည်။ စစ်ကျွင်းတောက်ကလည်း သူဆက်လက်ကြီးကြပ်နေရန် လိုအပ်သည်ဟု မထင်မိချေ။
ထို့ပြင် လင်းမူကလည်း သူကိုမေးနေလေသည်။
"ခင်များ ဘယ်တော့ ပြန်လာမှာလဲ၊ ဥက္ကဌစစ်"
စစ်ကျွင်းတောက်က ခဏတာတုန့်ဆိုင်းသွားပြီးမှ ပြန်ဖြေလာသည်။
"သဘက္ခါ"
ဝမ်မင်ယီနှင့်ချန်လုမှာ သူသဘက်ခာမှာ ပြန်မည်ဟုကြားလိုက်ရချိန် အံ့သြသွားကြသည်။ သူတို့က စစ်ကျွင်းတောက်က ရွာမှာ တစ်ပတ်ကြာအောင်နေမည်ဟု ထင်ခဲ့ကြသည်။
သူအစောကြီးပြန်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ ဝမ်မင်ယီအတွေးတွင်တော့ ဒါကသာမန်သာဖြစ်သည်။ သူက ကုမ္ပဏီကို တစ်ပတ်ကြာအောင် လျစ်လျူရှုထား၍မရချေ။
"စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်ပါတယ်"
ဝမ်မင်ယီ ကတိပေးလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကတိကို သိပ်မယုံပါချေ။ သူက ကိုးနာရီမှာ ဖြစ်လာမည့် ဝမ်မင်ယီ၏ပုံစံကို စိတ်ပူနေမိသည်။
ထို့ကြောင့် သူချန်လုကိုပြောလိုက်သည်။
"ငါထွက်သွားပြီးရင်၊ မင်းဒီမှာနေရမယ်၊ ငါအစ်မကျန်းနဲ့ ဆွေးနွေးပြီးပြီ၊ မင်းသူမနဲ့ ပူးပေါင်းပေးနိုင်မလား၊ မဟုတ်ရင် မင်မင်တစ်ယောက်တည်း၊ ဘယ်သူမှသူ့ကိုဂရုမစိုက်ပေးရင် အချို့အရာတွေကို သူလုပ်နိုင်မှာမဟုတ်ဘူး"
ချန်လု ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
ဝမ်မင်ယီက သူ့စကားနောက်ကွယ်က စကားလုံးတွေကို သိခဲ့ပြီး မနှောင့်ယှက်ခဲ့ချေ။
သူထွက်မသွားမှီ စစ်ကျွင်းတောက်က သူကိစ္စရှိတဲ့အကြောင်း အစ်မကျန်းနှင့်ပြောခဲ့ပြီး ငွေအချို့ကို သူမကိုပေးလိုက်သည်။
"ကျွန်တော့်ညီလေးက နူးညံ့ပြီးရှက်တတ်တယ်၊ တစ်ခါတစ်လေ သူက သူစိမ်းတွေနဲ့ အပေးအယူလုပ်ဖို့ရှက်နေတတ်တယ်၊ ဒါကြောင့် သူ့အေဂျင့်ကို ဒီမှာနေခွင့်ပေးပါ၊ ဒီတော့ တစ်ခုခုဆိုရင်လည်း မိန်းကလေးချင်း ဆက်ဆံရတာ ပိုလွယ်ကူတာပေါ့"
အဲဒါက အရမ်းကြီးတဲ့အပေးအယူမဟုတ်ဘူးလို့ အစ်မကျန်းကခံစားရပြီး ငွေပေးရန်လည်း မလိုအပ်ပေ။ သူမကငြင်းလိုက်သည်။
"ရပါတယ်၊ ပိုက်ဆံလည်း မလိုပါဘူး၊ အဲဒါက ပြဿနာမှမဟုတ်ပဲကွယ်”
စစ်ကျွင်းတောက်က ထိုစကားတွေကိုကြားပြီးနောက်တွင် တာ့ပေါင်ကိုခေါ်ကာ သူ့လက်ထဲ ပိုက်ဆံတွေကိုထည့်ပေးလိုက်သည်။
"နှစ်သစ်ကူးနေ့ကနီးလာပြီ၊ ဒါကြောင့် ဒါက ကလေးအတွက် နှစ်သစ်မုန့်ဖိုးပါ"
ထိုအရာကိုကြည့်ပြီးနောက် အစ်မကျန်းမှာ ထပ်မံ၍မငြင်းနိုင်တော့ချေ။
"စိတ်မပူပါနဲ့၊ ငါ မင်မင်ကို ဂရုစိုက်လိုက်ပါ့မယ်"
"ကျေးဇူးပါပဲ "
စစ်ကျွင်းတောက်ထွက်သွားခဲ့ပြီး ချန်လုက ပြောင်းလာသည်။ ညစဉ်ညတိုင်း ဝမ်မင်ယီမှာ ရေကိုတိုက်ပွဲဝင်သလိုချိုးရပြီး သူ့အခန်းထဲကို အမြန်ပြန်ပြေးရ၏။ ကံကောင်းစွာဖြင့် ရွာရှိလူများက စောစီးစွာ အိပ်ယာဝင်ကြသည်။ ထို့ကြောင့် သူ့ကိုယ်သူ မဖော်ထုတ်မိချေ။
ယွီရွှမ်ဝမ်က ခန်းကျယ်နှင့်အခြားသရုပ်ဆောင်တွေကို အရင်နေ့မှာ ရိုက်ကူးခဲ့သည်။ ပြီးနောက် ဝမ်မင်ယီရိုက်ကူးရမည့်နေ့ရောက်လာ၏။
ဝမ်မင်ယီက အဖွဲ့ကပြင်ပေးသည့်အဝတ်အစားများကိုလဲလိုက်သည်။ သူကမိတ်ကပ်မပါပဲ ရုပ်ရှင်ထဲ၌ ပေါ်လာ၏။
ယွီရွှမ်ဝမ်က ထိုအရာကိုကြည့်ပြီး တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
"မဟုတ်သေးဘူး ၊ မင်းကအရမ်း ဖြူလွန်းနေတယ်၊ မင်းက ရွာသားနဲ့မတူဘူး၊ မိတ်ကပ်ဆရာမ သူ့မျက်နှာပေါ်မှာ အနက်ရောင်နည်းနည်းခြယ်လိုက်"
မိတ်ကပ်ပညာရှင်မှာ သူ့ဆီကိုပြေးသွားပြီး အနက်ရောင်အတင်းလိမ်းခြယ်ရတော့သည်။
အနက်အချို့ ခြယ်ပြီးနောက်မှာတော့ ယွီရွှမ်ဝမ်က အတော်အတန်စိတ်တိုင်းကျသွားသည်။
"ကောင်းပြီ၊ စမယ်"
ဤဇာတ်ကွက်မှာ ဝမ်မင်ယီက အခြားကျောင်းသားများနှင့်အတူ စာသင်ခန်းထဲတွင် ကောင်းကျယ်စာသင်တာကို နားထောင်နေတာဖြစ်သည်။သူ၏နောက်ကျောက ဖြောင့်မတ်နေသည်။ ကောင်းကျယ်က စင်မြင့်ရှေ့၌ရပ်ကာ သူတို့ကို အလေးအနက် ပြောကြားနေခဲ့သည်။ သင်ပုန်းပေါ်တွင် စာလုံးကြီးနှစ်လုံးရှိနေသည်။
"သင်ယူမှုကိုအားပေးပါ"
ထိုဇာတ်ကွက်အဆုံး၌ သူပြောတာကိုနားထောင်နေသည့် ကျောင်းသားများက ထွက်သွားကြပြီး ဝမ်မင်ယီတစ်ဦးတည်းသာ စာသင်ခန်းထဲ၌ ကျန်နေခဲ့သည်။
ကောင်းကျယ်က သူ့အဝတ်အစားကိုလဲနေကာ အချိန်တွေပြောင်းလဲကုန်တာကို ပြနေ၏။ ပြီးနောက် သင်ပုန်းပေါ်ရှိ စကားလုံးနှစ်ခုက "ဆရာ့စကားများ" ဟူ၍ ဖြစ်လာသည်။
ထိုဇာတ်ကွက်နှစ်ခုပြီးသည့်နောက်တွင် ယွီရွှမ်ဝမ်က မိတ်ကပ်ပညာရှင်ကို သူ၏မိတ်ကပ်၊ ဆံပင်ပုံစံနှင့် အဝတ်အစားတွေကို ပြောင်းလဲဖို့ ပြောလိုက်သည်။
ခန်းကျယ်က စာသင်ခန်းအတွင်း၌ စာသင်နေဆဲဖြစ်ပေမယ့် ကျောင်းသားများကတော့ မုန်လာဥခေါင်းသေးသေးလေးများအဖြစ် ပြောင်းလဲကုန်ပြီဖြစ်သည်။ ဝမ်မင်ယီက တံခါးအပြင်ဘက်မှ ကြည့်နေခဲ့သည်။
ထိုဇာတ်ကွက်သုံးခုပြီးသွားသောအခါ၊ အဖွဲ့သားများ၏ အစာစားချိန်ရောက်လာသည်။
ကလေးများက သရုပ်ဆောင်ပြီးသွားချိန်တွင် ရိုက်ကူးရေးအဖွဲ့ဆီက အခကြေးငွေ ရနိုင်သည်။ သူတို့တစ်ယောက်ချင်းစီက ပိုက်ဆံယူဖို့အတွက် တန်းစီနေကြသည်။ သူတို့က ငယ်ရွယ်ကြဆဲဖြစ်ကာ ငွေရပြီးနောက် ချက်ချင်းမပြန်ကြသေးဘဲ ကျောင်းရှေ့မြေကွက်လပ်၌ ကစားနေကြသည်။
ယနေ့နေ့လည်စာက သူကြိုက်တာတွေမဟုတ်တာကိုမြင်ပြီးနောက် ဝမ်မင်ယီက သူ့ဝေစုကို ချန်လုထံပေးကာ သူယူလာသည့်မုန့်များကိုစားရန် အစ်မကျန်းအိမ်ကို ပြန်သွားဖို့ပြင်လိုက်သည်။
သူခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကလေးတွေက မြေပြင်ပေါ်၌ ထောင့်မှန်ကွက်ခုန်ကစားနည်းကို ကစားနေကြတာကိုမြင်လိုက်ရသည်။ ကြည့်ရတာ အလွန်အပြစ်ကင်းစင်ပြီး သူပါ ဝင်ကစားလိုက်သည်။ ကလေးတွေက သူမြန်မြန်နှင့် ကောင်းမွန်စွာ ခုန်နိုင်တာကိုကြည့်ကာ လက်ခုပ်လက်ဝါးတီး၍ အားပေးကြ၏။
"ကောကောက တော်လိုက်တာ"
ဝမ်မင်ယီက ပြုံးလိုက်ပြီး သူ့အိတ်ကပ်ထဲက သကြားလုံးတွေကိုထုတ်ကာ သူတို့ကိုဝေပေးလိုက်သည်။
ခန်းကျယ်စားသောက်ပြီးထွက်လာချိန်၌ ဝမ်မင်ယီက ကလေးတွေကို သကြားလုံးတွေကိုခွဲဝေပေးနေတာကို တွေ့လိုက်ရသည်။ သကြားလုံးတွေက ကလေးပမာဏထက် ပိုနည်းနေသဖြင့် အဆုံးမှာ မလောက်ငှခဲ့ပေ။ သကြားလုံးမရတဲ့ကလေးတွေက ဝမ်းနည်းသွားကြပြီး သူတို့လက်ချောင်းတွေကို လိမ်ယှက်နေခဲ့ကြ၏။
"မင်းတို့ထဲကဘယ်သူတွေက ဒီကလေးတွေကို တစ်ဝက်ခွဲပေးမလဲ"
သူက သူ့ဘေးနားရှိ ကလေးတွေ၏ခေါင်းကို ထိလိုက်ရင်း
"ငါတို့အားလုံးက သူငယ်ချင်းကောင်းတွေမလား၊ မင်းတို့ကတော့စားနေပြီး သူတို့ကျ ဘာမှမရှိကြဘူး"
ထိုကလေးတွေက တစ်ဦးနှင့်တစ်ဦးသိနေကြပြီး ဆက်ဆံရေးကောင်းကြသည်။ ထိုအရာကိုကြည့်ပြီးနောက် သူတို့က သဘောထားကြီးစွာဖြင့် ဆိုလာသည်။
"သားဟာရဲ့တစ်ဝက်ကိုပေးလိုက်"
"သားဟာရောပဲ"
"သားလည်းရတယ်"
ဝမ်မင်ယီက ''ဝိုး''ဟု အံ့သြနေသောလေသံဖြင့် ချီးမွမ်းခဲ့သည်။
''မင်းတို့အာလုံး ဘာလို့ဒီလောက်ချစ်ဖို့ကောင်းကြတာလဲ၊ နတ်သားနတ်သမီးလေးတွေများလား''
ကလေးများက နှုတ်ခမ်းကိုကိုက်ပြီး ရှက်ရွံစွာရယ်ခဲ့သည်။
ဝမ်မင်ယီက သူတို့ကို သကြားလုံးတွေ ခွဲဝေဖို့ ကူညီပေးလိုက်ပြီး သိမ်မွေ့စွာပြောလိုက်သည်။
''ကြင်နာတတ်ပြီးဖော်ရွေတဲ့ ကလေးတွေက ဆုတွေရတယ်၊ ဒါကြောင့် ကောကောက မင်းတို့ကို စားစရာတွေ ထပ်ပေးမယ်''
လူတိုင်းက သူ့ကိုသဘောကျစွာ ကြည့်ရင်း အံ့သြတကြီး မေးကြသည်။
"အဲဒါကဘာလဲ"
''မင်းတို့အားလုံး ဘာစားချင်ကြလဲ''
ဝမ်မင်ယီကမေးလိုက်သည်။
တစ်ချို့ကလေးများက ဘီစကစ်လိုချင်ကြသည်။ တစ်ချို့က မုန့်ကြွပ်လိုချင်ကြသည်။ တစ်ချို့ကတော့ သကြာလုံးလိုချင်ကြသည်။
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်ပြီး
''ကောင်းပြီ၊ ကောကော ပြန်ပြီးတော့ ရတနာသေတ္တာထဲမှာ ဘာတွေရှိလဲလို့ သွားကြည့်တာကိုစောင့်ဦး၊ ပြီးရင် မင်းတို့ကို တစ်ခုခုပေးမယ်''
ကလေးများက "အဟေး'' ဟူ၍ အော်ဟစ်တုံ့ပြန်ကာ ချက်ချင်းပင် သူနားသို့ ကပ်လာကြသည်။
ခန်းကျယ်က ထိုမြင်ကွင်းကို အဝေးမှကြည့်ကာ သူကကောင်းမွန်သောသဘောထားရှိပြီး အပြစ်ကင်းသည့်ကလေးလေးနှင့်တူသည်ဟု တွေးလိုက်သည်။ သူက ဤကလေးများနှင့်လွယ်ကူစွာ ကစားနိုင်ခဲ့သည်။
အားလုံးပြီးတဲ့နောက်မှာတော့ သူကငယ်သေးတာပါပဲ။ ခန်းကျယ်က ခေါင်းခါလိုက်ကာ တည်းအိမ်သို့ပြန်၍အနားယူရန် ပြင်လိုက်သည်။
ဝမ်မင်ယီက သူ့အတွက် ခေါက်ဆွဲပြုတ်ရန် အစ်မကျန်းအိမ်သို့ ပြန်လာရင်း သူထွက်မလာခင် ခရီးဆောင်သေတ္တာကိုဖွင့်ကာ ဘီစကစ်၊ အာလူးချောင်းကြော်နှင့် ချောကလက်များကို ယူလာခဲ့လိုက်သည်။