Extra 2
Viewers 36k

ဒီနေ့က တိမ်ထူထပ်တဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ မနက်မိုးလင်းကတည်းက ညမိုးချုပ်မှောင်မည်းတဲ့အထိ ကောင်းကင်ယံတစ်ခုလုံး မီးခိုးရောင်တိမ်တိုက်တွေနဲ့ချည်းပြည့်နှက်နေခဲ့တယ်။ ဒီလိုထိုင်းမှိုင်းလေးလံတဲ့ရာသီဥတုက လူတွေကို အကြောင်းရယ်မသိစိတ်ညစ်ညူးစေပါတယ်။

S မြို့တော်ရဲ့မြောက်ဘက်ပိုင်းမှာ ပုံသဏ္ဍာန်မျိုးစုံတဲ့ဗီလာတွေအများကြီးရှိတယ်။ ဒါက ဇိမ်ခံဗီလာပဲဖြစ်ဖြစ်၊ သာမန်ဗီလာပဲဖြစ်ဖြစ် အရည်အသွေးအကောင်းဆုံးအိမ်တွေကို တစ်နေရာတည်းမှာတွေ့နိုင်တယ်ဆိုရင်လည်းမမှားဘူး။

ညက ကမ္ဘာမြေကိုချဉ်းနင်းဝင်ရောက်လာတဲ့အခါ အိမ်ခြံဝန်းတွေထဲ မီးရောင်တွေလင်းလက်လာခဲ့ပြီး လရောင်ကပိုလို့တောက်ပလာခဲ့တာပေါ့။

အိမ်ကြီးအိမ်ကောင်းတွေကြားထဲကအိမ်တစ်လုံး… အိမ်ရဲ့ဒုတိယထပ်မှာရှိတဲ့ပြတင်းပေါက်တစ်ပေါက်သာ မီးရောင်မှိန်မှိန်လေးလင်းနေတယ်။ နွေးထွေးတဲ့ဝါကျင့်ကျင့်မီးရောင်လေးက မြင်ရသူတွေကို စိတ်အေးချမ်းသာစေပါတယ်။

မုကျင်က ပြတင်းပေါက်နားမှာရပ်ပြီး တစ်စုံတစ်ခုကိုကြည့်နေခဲ့တယ်။

သူ အခုလေးတင်မှ သူ့ကလေးနှစ်ယောက်ကို ချော့သိပ်ပြီးသွားခဲ့တာပါ။ ကောင်းဖင်အန်းက သိပ်ကိုဆိုးလွန်းတဲ့ကောင်လေး.. ဘယ်သူ့ဆီကအမွေဆက်ခံလာလဲမသိဘူး၊ ငယ်ငယ်ကတည်းက သွက်လက်တက်ကြွလွန်လွန်းပြီး လုပ်ချင်ရာလျှောက်လုပ်တတ်တယ်။ အခုလည်းကြည့်… သူသတိမထားမိလိုက်ခင် ဘေးဘက်ကလေးအခန်းထဲ သူ့ခြေထောက်တိုတိုလေးတွေနဲ့ တတောက်တောက်လျှောက်ဝင်သွားပြီး ကောင်းကျားရို့ရဲ့ပါးဖောင်းဖောင်းလေးကိုဆိတ်ဆွဲလိုက်တယ်။ သူ ခက်ခက်ခဲခဲချော့သိပ်ထားခဲ့တဲ့မင်းသမီးလေးကတော့ အနိုင်ကျင့်ခံရလို့ မျက်လုံးတွေတောင်မဖွင့်နိုင်သေးဘဲ နှုတ်ခမ်းတွေစူထော်လာပြီးအော်ငိုတော့တာပဲ။ မုကျင်ခမျာ လုပ်လက်စတွေအကုန်ပစ်ချပြီး သွားပြေးပွေ့လို့ အငိုမတိတ်တိတ်အောင်အသည်းအသန်ချော့လိုက်ရသေးတယ်။

နောက်တော့ ပျော်ရွှင်တက်ကြွနေဆဲကောင်းဖင်အန်းကို သူ့အခန်းထဲထိုးထည့်ပြီးတဲ့အချိန်မှာတော့ နံရံပေါ်ကနာရီလက်တံက (၁၀)ဂဏန်းဆီညွှန်ပြနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းထျန်းချန်ကတော့ ပြန်ရောက်မလာသေးပါဘူး။ မုကျင် စိတ်မသက်မသာဖြစ်လာတော့တာပေါ့။

အစည်းအဝေးနဲ့တိုးပြီး အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့်လည်း မုကျင်က အလောတကြီးဖုန်းမခေါ်ရဲဘူး။ တလောတုန်းကလည်း ကောင်းထျန်းချန်သူ့ကိုပြောထားတာရှိတယ်။ ပရောဂျက်ကြီးကြီးရှိလို့ ဒီရက်ပိုင်းတွေထဲအရမ်းအလုပ်များလိမ့်မယ်တဲ့။ ဒါကြောင့် နောက်ကျမှပြန်လာတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာဖြစ်ပါတယ်။ 

နောက်ကျတဲ့လူကို အလဟဿထိုင်စောင့်နေလို့အကျိူးမရှိတာကြောင့် မုကျင်က ရေချိုးခန်းထဲဝင်ပြီးရေချိုးနေလိုက်တယ်။ သူက ရေငွေ့တွေရိုက်နေတဲ့မှန်ရှေ့မှာမတ်တပ်ရပ်ပြီး သူ့ကိုယ်သူတိတ်တိတ်လေးကြည့်နေမိတယ်။

ဒီသားရေအိတ်ပြားကပ်ကပ်ကြီးက ဖြူဖွေးတဲ့အရေပြားဖြစ်တာကလွဲလို့ ဆွဲဆောင်မှုပြင်းပြင်းထွက်မနေဘူး။ ကောင်းထျန်းချန်ကတော့ နည်းလမ်းအမျိုးမျိုးသုံးပြီး သူ့ကိုဝဖြိုးလာအောင် နေ့တိုင်းကြိုးစားပေးပါတယ်။ ဒါကြောင့် ကောင်းကျားရို့ကိုကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မုကျင်ရဲ့ပိန်ပါးပါးကိုယ်ခန္ဓာက မဆိုစလောက်လေးပြည့်တင်းလာတယ်။

(T/N ဒီသားရေအိတ်= သူ့ကိုယ်လုံး)

ဒါပေမယ့် အဆီအသားတွေကတော့ သူ့ကိုယ်ခန္ဓာပေါ်မှာနေလိုဟန်မရှိဘူး။ အဆက်မပြတ်ဂရုစိုက်နေတဲ့ကြားကတောင် ကောင်းကျားရို့ကိုမွေးပြီးချိန်မှာ သူ့ကိုယ်ခန္ဓာထဲရောဂါသစ်တွေထပ်တိုးလာတယ်။ အိပ်ရာထဲမှာအကြာကြီးလဲလျောင်းခဲ့ပြီးချိန်မှာတော့ မုကျင်ရဲ့ကိုယ်ခန္ဓာမှာစုဆောင်းထားတဲ့ အဆီအသားတွေများများစားစားမကျန်တော့ပါဘူး။ 

ကောင်းထျန်းချန်ကတော့ နောင်တကြီးစွာနဲ့ပြောခဲ့ပါတယ်.. ဒီလိုဖြစ်လာလိမ့်မယ်မှန်း အစောကြီးကတည်းကသာကြိုသိခဲ့ရင် ဒုတိယကလေးမယူချင်ခဲ့ပါဘူးတဲ့..။ ဒါပေမယ့် မုကျင်ကတော့ ဝေဒနာတွေကိုအဆုံးစွန်ထိကျော်ဖြတ်ကာ သူ့အယ်လ်ဖာအတွက် သားတစ်ယောက်သမီးတစ်ယောက်မွေးနိုင်ခဲ့ပြီမို့ ဘုရားသခင်ကိုကျေးဇူးတင်ခဲ့ပါတယ်။

မုကျင်က မှန်ထဲမှာမြင်နေရတဲ့ သူ့ဝမ်းဗိုက်အောက်ပိုင်းကသိသာလွန်းတဲ့အမာရွတ်ကို လက်နဲ့ထိပြီး အမာရွတ်တစ်လျှောက်ပွတ်သပ်ဆွဲသွားခဲ့တယ်။ သူ့နှလုံးသားထဲ စိတ်မချမ်းမြေ့စရာကောင်းတဲ့အတွေးတွေလည်း တဖြည်းဖြည်းပျံ့နှံ့လာပါတယ်။

ရုပ်ဆိုးလိုက်တာ….

ကောင်းကျားရို့ကိုမွေးပြီး နှစ်လကျော်ကြာတဲ့အချိန်ထိအောင် ကောင်းထျန်းချန်ကသူ့ကိုမထိသေးပါဘူး။ ပြီးခဲ့တဲ့လအထိ သူက အိပ်ရာပေါ်မှာပဲလူနာလုပ်နေရတုန်းဖြစ်ပေမယ့် နောက်ပိုင်းမှာ လူကောင်းတစ်ယောက်လို ကလေးထိန်းပြီးအိမ်အလုပ်လုပ်နိုင်နေပြီ။ ဒါပေမယ့် ကောင်းထျန်းချန်ကတော့ သူ့ကိုလာမထိသေးပါဘူး။

သူက အိမ်ပြန်လာတဲ့အချိန်တိုင်း ရေဝင်ချိုးပြီးတန်းအိပ်သွားတာချည်းပဲ။ မုကျင်က အရှက်အကြောက်ကြီးတဲ့လူဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက်တော့ လုံးဝဥဿုံနိုးကြားနေတဲ့အနေအထားမှာ ပျော်ပါးကြဖို့ပြောင်ပြောင်တင်းတင်းဖိတ်ခေါ်ရမှာက နည်းနည်းတော့ရှက်စရာကောင်းနေတယ်။ ဒါပေမယ့် သူက သာမန်အရွယ်ရောက်ပြီးသားအိုမီဂါတစ်ယောက်ပါ၊ ကာမစိတ်ဆန္ဒတွေဘယ်လောက်ပဲတိုရေရှားရေဖြစ်နေပါစေ.. သူလည်း အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်မို့ အနည်းအကျဉ်းတော့ လိုအပ်သေးတာကြောင့်ဖြစ်ပါတယ်။ 

ဘာကြောင့် သူ့ကို ကောင်းထျန်းချန်က မထိတွေ့ချင်တော့တာလဲ? ကလေးမွေးပြီးသွားတဲ့သူ့ကိုယ်ခန္ဓာက ဆွဲဆောင်မှုမရှိတော့လို့လား? 

နှစ်တွေအများကြီးကြာခဲ့ပြီးပါပြီ။ ဒါပေမယ့် မုကျင်ရဲ့သိမ်ငယ်တတ်တဲ့စိတ်ကလေးကတော့ ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ ကောင်းထျန်းချန်က သူ့အချစ်တွေကို မျက်နှာချင်းဆိုင်ဝန်ခံခဲ့တာတောင်မှ သူကတော့ မူမမှန်တဲ့အရိပ်လက္ခဏာတွေပေါ်ထွက်လာတိုင်းမှာ ထိန်းချုပ်မရနိုင်ပူပန်နေရဆဲပါပဲ။

သူ့အတွေးတွေ တဖြည်းဖြည်းနဲ့ အဆိုးဘက်ကိုပြောင်းလာတဲ့အချိန်မှာတော့ ရုတ်တရက်တံခါးပွင့်လာတဲ့အသံကြောင့် မုကျင်ကလန့်ဖြန့်သွားခဲ့တယ်။ သူက တန်းမှာချိတ်ထားတဲ့တဘက်ကိုလှမ်းဆွဲပြီး ကိုယ်မှာခပ်မြန်မြန်ပတ်လိုက်တယ်။ ဒါပေမယ့် ဝင်လာတဲ့လူကတော့ မြင်ဖြစ်အောင်မြင်သွားပါသေးတယ်။

ကောင်းထျန်းချန်တစ်ယောက် အိမ်ပြန်လာတဲ့အချိန်မှာ ပထမထပ်ကမှောင်မည်းနေတာကိုတွေ့လိုက်တယ်။ ဒါကြောင့် မုကျင်အိပ်ခန်းထဲရောက်နေလိမ့်မယ်လို့ တွေးလိုက်ပါတယ်။ တစ်အိမ်လုံးကလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကလေးနှစ်ယောက်အိပ်ပျော်သွားပြီဖြစ်တဲ့အကြောင်း ဖော်ပြနေခဲ့တယ်။

ကောင်းထျန်းချန်က အိပ်ခန်းထဲဝင်လာခဲ့ပေမယ့် မုကျင်ကိုမတွေ့ဘူး။ ဒါပေမယ့် ရေချိုးခန်းထဲက ရေသံမကြားရဘဲ မီးရောင်တွေထွက်နေတယ်။ သူက ပဟေဠိပေါင်းစုံနဲ့ ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါမှာတော့ နှာခေါင်းသွေးလျှံထွက်လောက်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။

မုကျင်က ရေချိုးတဘက်ကိုလက်ထဲကိုင်ထားတယ်။ နောက်တော့ ကိုယ်မှာမပတ်လိုက်ခင် အဝတ်အစားမကပ်တဲ့အသားအရေဖြူဖွေးဖွေးကို သူကတော့ တွေ့ဖြစ်အောင်တွေ့လိုက်ပါသေးတယ်။

ကောင်းထျန်းချန်က နှစ်စက္ကန့်သုံးစက္ကန့်လောက် ရပ်သွားပါတယ်။ ပြီးမှ ရေချိုးပြီးကာစ အဝတ်ဝတ်ဖို့အချိန်မရလိုက်တာဖြစ်မယ်လို့တွေးပြီး ပြောလိုက်ပါတယ် “ငါပြန်လာတော့ မင်းကိုမတွေ့တာနဲ့ ရေချိုးခန်းထဲရှိမယ်ထင်လို့…” သူက လှည့်ထွက်ဖို့ပြင်ပါတယ် “…ငါ အရင်ထွက်နှင့်ပြီ” 

“ထျန်းချန်… ခဏလောက်” မုကျင်ရဲ့အသားအရေက နီရဲရဲဖြစ်နေတယ်။ ရေငွေ့ပူတွေဟပ်သွားလို့ဖြစ်နိုင်ပါတယ်။ သူက သူ့ရှေ့ကလူကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်တယ် “မင်း… မင်းဟာက မာနေပြီလို့ထင်တယ်”

ကောင်းထျန်းချန်က ငုံ့မကြည့်ဘဲနဲ့တောင် မာတောင့်လာတဲ့သူ့အောက်ပိုင်းကို ခံစားလို့ရတယ်။ ခံစားလို့ရဆို.. ဆရာဝန်ရဲ့စကားကြောင့် သူမုကျင်ကိုမထိတာ နှစ်လ.. သုံးလ.. တော်တော်ကြာပြီလေ။

မုကျင်ရဲ့ဟော်မုန်းရနံ့တွေ တည်ငြိမ်မှုမရှိတာကြောင့် ဟိုလိုသည်လိုဖြစ်နိုင်ချေကို နှစ်လသုံးလရွှေ့ဆိုင်းထားရလိမ့်မယ်လို့ ဆရာဝန်ကညွှန်ကြားထားတာဖြစ်ပါတယ်။

ဘုန်းကြီးတစ်ပါးလိုကျင့်ကြံနေရတာ ကောင်းထျန်းချန်အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ နောက်ပြီး သူ့ချစ်သူက အဝတ်တစ်စမကပ်ဘဲ သူ့ရှေ့မှာရှိနေတယ်။ ဒီရိုက်ချက်က သေးသေးကွေးကွေးမဟုတ်ဘူး။ ကောင်းထျန်းချန်က လက်ကျန်တည်ငြိမ်နေတဲ့စိတ်ကလေးကို ထိန်းချုပ်နိုင်အောင်ကြိုးစားနေဆဲမှာ တံခါးလက်ကိုင်ဘုကိုကိုင်ထားတဲ့သူ့လက်တွေကတော့ တဆတ်ဆတ်တုန်ယင်လာပါတယ်။

ဒါပေမယ့် တဘက်လေးတစ်ထည်ခါးမှာပတ်ထားတဲ့မုကျင်က သူ့နားကိုတိုးလာတယ်။ နောက်တော့ ဖြူလွလွလက်ချောင်းရှည်ရှည်တွေဆန့်ထွက်လာပြီး အပြင်ပြန်ထွက်မယ့်သူ့ကို လှမ်းဆွဲလာတယ်။

ကောင်းထျန်းချန်ရဲ့အသက်ရှူသံတွေမြန်လာတယ်။ ရေချိုးပြီးခါစ မုကျင်ရဲ့ကိုယ်ခန္ဓာအပူချိန်က ခါတိုင်းထက်ပိုများနေခဲ့တယ်။ ပန်းရောင်သန်းနေတဲ့အသားအရေမှာ စံပယ်ရနံ့သင်းပျံ့ပျံ့က သူ့နှာခေါင်းထိပ်မှာဝေ့ဝဲသွားခဲ့ပြီး သူ့ရဲ့ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေကို တိုက်စားသွားခဲ့တယ်။

“ထျန်းချန်.. မင်း ငါ့ကိုမထိတာတော်တော်ကြာပြီ” မုကျင်ရဲ့စူးစမ်းချင်ဟန်နူးညံ့တဲ့လေသံလေးက မသိမသာအဖျားခတ်တုန်ယင်မှုနဲ့အတူ ကောင်းထျန်းချန်ရဲ့နားစည်ကိုရိုက်ခတ်လာပါတယ်။

“ငါက အမာရွတ်တွေနဲ့ရုပ်ဆိုးတယ်လို့… မင်း..ထင်နေတာလား၊ မင်း ငါ့ကို နောက်ထပ်မထိချင်တော့ဘူးလားဟင်” မုကျင်ရဲ့ညွှတ်ကျနေတဲ့မျက်ဝန်းတွေမှာ အဓိပ္ပါယ်ဖော်မရတဲ့ခံစားချက်တွေလည်းရှိတယ်။ အသံကလည်း အနည်းငယ်ဝမ်းနည်းဟန်ပေါက်နေပါတယ်။

ကောင်းထျန်းချန်က စိတ်မကောင်းဖြစ်သွားဖို့သာတတ်နိုင်ခဲ့တယ်။ သူ့ချစ်သူရဲ့နှလုံးသားက စိတ်ချလက်ချမဖြစ်သေးမှဘဲကိုး…။ သူ့ဘက်ကခံစားချက်တွေကို ဘယ်လိုပဲဖော်ထုတ်ပြသပေးခဲ့ပါစေ မုကျင်က အဆိုးမြင်နေဆဲပဲ… သူ့ကြောင့် နာကျင်ခံစားရခဲ့ရတဲ့ဒဏ်ရာတွေမှာ အမာရွတ်တွေကျန်ရှိနေဆဲပါပဲ။ 

ကောင်းထျန်းချန်က နောက်ထပ်ရှောင်လွှဲမနေနိုင်တော့ဘူး။ သူ့အိုမီဂါက သူ့ကိုလိုအပ်မှတော့ သူ့ဘက်ကလည်း စိတ်ဆန္ဒအတိုင်းကျူးလွန်လိုက်ဖို့ရာအပြင် ရွေးချယ်စရာမရှိတော့ပါဘူး။ 

သူက တစ်ခွန်းမှပြန်မပြောခဲ့ပါဘူး၊ ခေါင်းကိုငုံ့ပြီး တစ်ဖက်လူဆီ ပြင်းပြင်းပြပြအနမ်းတွေကိုသာပေးခဲ့ပါတယ်။ မုကျင်ရဲ့နှုတ်ခမ်းတွေကို တိမ်တစ်လှည့်နက်တစ်ချီစုပ်ယူကိုက်ခဲရင်း၊ အဆုတ်ထဲကလေတွေကို လုယက်ယူငင်ရင်း တစ်ဖက်သားရဲ့တောင်တောင်အီအီအတွေးတွေကို ပိတ်ဆို့တားဆီးလိုက်ပါတယ်။ 

ကိုယ်ခန္ဓာမှာပတ်ထားတဲ့ရေချိုးတဘက်လေးပြေကျပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။ လူတွေကို နှလုံးခုန်မြန်ပြီးရှက်သွေးဖြာလာစေတဲ့ ညည်းညူသံတွေကတော့ မြူဆိုင်းနေတဲ့ရေချိုးခန်းထဲ ပျံ့လွင့်လာခဲ့ပါတယ်။

…………………..

.

.

ပြီးသွားပါပြီရှင့်.. နောက်တစ်ခန်းမှာ မင်မင့်ကို ကော်ဖီတိုက်ချင် ဝယ်တိုက်လို့ရပါတယ်..

...........