ဆောင်းရာသီရဲ့နွေးထွေးတဲ့နေရောင်ခြည်က S မြို့မှာတော့ နှင်းထုတွေနဲ့အပြိုင် တောက်ပလို့နေပါတယ်။ မြို့နေလူထုကိုအရိုးကွဲအောင်နှိပ်စက်တဲ့ ဆောင်းရာသီလေနီကြမ်းတွေတောင်မှ နေရောင်ခြည်ရဲ့နွေးထွေးမှုအောက်မှာ အရမ်းကြီးအေးစက်မနေတော့ဘူး။
နှစ်နှစ်ကျော်ကြာပြီးအချိန်မှာတော့ မုကျင်က မြို့တော်ရဲ့အကြီးမားဆုံးကစားကွင်းကြီးဆီ ဒုတိယအကြိမ်ရောက်ရှိခဲ့ပြန်ပါပြီ။
ဟိုအရင်တုန်းကလိုပဲ… လူတွေက ကစားကွင်းထဲမှာ သွားလိုက်လာလိုက်နဲ့ရှိနေတုန်းပဲ။ ကလေးတွေရဲ့ရယ်သံတွေလည်း လေထဲမှာပဲ့တင်ထပ်နေတုန်းပါပဲ။
မတူတာတစ်ခုပဲရှိတယ်….. အရင် သူက ကောင်းထျန်းချန်တစ်ယောက်တည်းနဲ့လာခဲ့တာဖြစ်ပေမယ့် ဒီနေ့မှာတော့ ဘေဘီကောင်းလေးပါ သူတို့နဲ့အတူပါလာခဲ့တာဖြစ်ပါတယ်။
ကောင်းထျန်းချန်က တစ်နှစ်သားအရွယ်ဘေဘီကောင်းကို လက်ပေါ်မှာချီထားတယ်။ သူ့အနောက်မှာက တစ်လောကလုံးဘယ်သူမှမရှိသယောင် လက်တွေကိုတွဲထားတဲ့ ကုကျစ်ချန်နဲ့ရှီချူအတွဲရှိတယ်။
မုကျင်ရဲ့နှလုံးသားထဲ ရုတ်တရက် ပျော်ရွှင်မှုတွေအလုံးအရင်းနဲ့လှိုက်တက်လာပါတယ်။ သူ အများကြီးမတောင်းဆိုခဲ့ပါဘူး၊ ဒါပေမယ့် ရရှိပိုင်ဆိုင်ခဲ့ရတယ်။ သူ့ဘဝတစ်လျှောက်လုံး လိုအင်ဆန္ဒတွေကို မရနိုင်တော့ဘူးလို့ထင်ခဲ့ပေမယ့် ဘုရားသခင်က အံ့သြဘနန်းဖြစ်လောက်ဖွယ် ကျေနပ်စရာဇာတ်သိမ်းတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့ပါတယ်။
“ဘာတွေတွေးနေတာလဲ? မတ်တပ်အိပ်ပျော်နေတာလား” ကောင်းထျန်းချန်ရဲ့မျက်နှာပေါ်မှာ အပြုံးကလေးရေးရေးရှိတယ်။ နောက်ပြီး သူ့ရဲ့နက်မှောင်တဲ့မျက်ဝန်းတွေက သူ့ချစ်သူကိုစေ့စေ့စပ်စပ်ကြည့်ရှုနေတယ်။
“ဟင့်အင်း.. ဘာမှမဟုတ်ဘူး.. ပျော်လို့” မုကျင်က ရိုးရိုးသားသားအဖြေပေးတယ်။ သူ့အသံထဲမှာတော့ အဆုံးမဲ့ပျော်ရွှင်မှုတွေပျော်ဝင်နေတယ်။
“မင်း ဘာစီးချင်လဲ?” ကောင်းထျန်ချန်က သူ့ရဲ့ဂရုစိုက်ပြုစုမှုအောက်မှာပြည့်ဝန်းဖောင်းတင်းလာတဲ့ မုကျင်ရဲ့ပါးဖောင်းဖောင်းလေးကိုတို့ထိရင်း မေးပါတယ် “ရိုလာကိုစတာလို့တော့ မပြောနဲ့နော်၊ မယုံဘူး”
“အာ့ဆို… ဟိုဟာ.. ဆိုရင်ရော?” ညွှန်ပြတဲ့လက်ညိုးရဲ့အဆုံးမှာတော့ ချားရဟတ်မြင့်မြင့်ကြီးတစ်ခု ထီးထီးတည်ရှိနေပြီး အရောင်အသွေးစုံတဲ့အိမ်လုံးလေးတွေက ဖြည်းဖြည်းချင်းလည်နေတယ်။
“အိုကေ.. ငါ မင်းနဲ့လိုက်စီးပေးမယ်”
“ထားလိုက်ပါတော့… ငါတို့ကလေးကို ဘယ်လိုလုပ်မှာလဲ?” အောက်တိုဘာဖွား တစ်နှစ်သားအသားလုံးကောင်လေးကတော့ ပင်ပန်းသွားပုံရလို့ သူ့အဖေရဲ့လက်မောင်းကြားထဲမှာ တိတ်တိတ်လေးဇိမ်ယူနေတယ်။
“ကိစ္စမရှိပါဘူး၊ ရှီချူကြည့်ပေးလိမ့်မှာပေါ့” ကောင်းထျန်းချန်က သူ့သားကို အနောက်ဘက်ကရှီချူလက်ထဲပစ်ထည့်ပေးခဲ့ပြီး မုကျင်ကိုလက်ဆွဲကာ ချားရဟတ်ကြီးရှိရာကိုထွက်လာခဲ့ကြတယ်။
ချားရဟတ်ကြီးက ဖြည်းဖြည်းချင်းလည်နေပြီး S မြို့ရဲ့အဆုံးမရှိကြွယ်ဝချမ်းသာခြင်းတွေကို အပေါ်စီးကနေမြင်ရအောင်ပြုလုပ်ပေးနေတယ်။ အဝေးကလာတဲ့သီချင်းသံသဲ့သဲ့ကလေးကတော့ ညနေခင်းရဲ့တိတ်ဆိတ်မှုတွေကိုဖြိုခွင်းပေးပါတယ်။
မုကျင်ရဲ့နှလုံးသားလေးက အသာအယာခုန်နေတယ်။ သူက ပြတင်းပေါက်အပြင်ဘက် ဟိုအဝေးကိုလှမ်းကြည့်နေတယ်။ လေတစ်ဝှေ့ဖြတ်တိုက်သွားပြီးနောက်မှာတော့ သူ့ရဲ့အညိုရောင်ဆံပင်တွေ လူးလူးလွန့်လွန့်ဖြစ်ကျန်ခဲ့ပါတယ်။
သူ့ရဲ့လွင့်မျောနေတဲ့စိတ်တွေက ကောင်းထျန်းချန်ရဲ့ပွေ့ဖက်မှုကြောင့် အခုလက်ရှိကိုပြန်ရောက်လာတယ်။ သူက စွဲလမ်းလုနီးပါးဖြစ်နေပြီဖြစ်တဲ့ တစ်ဘက်လူရဲ့ရင်းနှီးကျွမ်းဝင်လှတဲ့မွှေးရနံ့တွေကို ရှူရှိုက်မိပါတယ်။ သစ်လွင်လတ်ဆတ်တယ်၊ ပေါ့ပါးညင်သာတယ်၊ နေရောင်ခြည်ရဲ့အထိအတွေ့လိုပဲ သူ့ရဲ့စိတ်အစဉ်ကိုငြိမ်းအေးစေတယ်။
သူက လက်ဖဝါးကိုဖြန့်ပြီး သူ့လက်ချောင်းတွေကို တစ်ဘက်လူရဲ့လက်ချောင်းတွေကြားထဲတိုးဝင်သွားလိုက်တယ်။ သူတို့ရဲ့လက်ချောင်းတွေ အတူတကွဆုပ်ကိုင်ထားခဲ့ကြတယ်။
ဒါက သူတို့ရဲ့အလှပဆုံးဖွင့်ဟဝန်ခံခြင်းဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အောက်ဘက်မှာရှိတဲ့ ရှီချူနဲ့ကုကျစ်ချန်တို့နှစ်ယောက်က ကစားကွင်းထဲနေရာအနှံ့မှာတွေ့နေရတဲ့ခုံတန်းရှည်ပေါ်မှာ ထိုင်နေကြပါတယ်။ ရှီချူရဲ့ပေါင်ပေါ်မှာတော့ စကားပြောတတ်ခါစ တစ်နှစ်သားကလေးလေးရှိတယ်။ ကလေးလေးက သူ့ပါးစပ်သေးသေးလေးထဲကနေ စကားတွေမပီမသရေရွတ်နေတယ်။
ကလေးလေးရဲ့နူးညံ့တဲ့ပါးပြင်ဖွေးဖွေးလေးက အခွံချွတ်ထားတဲ့လိုင်ချီးသီးလေးလိုပဲ။ တောက်ပြောင်ပြီး ချောမွေ့လှပလွန်းနေတာ ရှီချုက မနေနိုင်မထိုင်နိုင် လက်ချောင်းတွေနဲ့ ဖွဖွထိကြည့်ရတော့တာပေါ့။
“သားလေးရေ.. မင်းရဲ့ဖေဖေနှစ်ယောက်ကတော့ မင်းကိုမလိုတော့ဘူး၊ နောက်ပိုင်းကျရင် ဦးဦးနဲ့ပဲလာနေတော့”
အိုးမိုင်ဂေါ့.. ကိုင်လို့ကောင်းလိုက်တာ၊ ဘာဖြစ်လို့ဒီလောက်တောင်အိနေရတာလဲ? အထိအတွေ့လေးက ရှီချူရဲ့နှလုံးသားထဲမှာပျော်ဝင်ပြီးအီဆိမ့်သွားတယ်။
“မင်း ဒီကလေးကို အရမ်းသဘောကျတာပဲလား?” ကုကျစ်ချန်က သူ့ဘေးနားကကောင်လေးရဲ့ ပါးအို့နီရဲရဲမျက်နှာလေးကိုကြည့်ပါတယ်။ ကောင်လေးက နှုတ်ခမ်းတွေကိုဆူထော်ပြီး ဘေဘီကောင်းကို မျက်နှာပြောင်ပုံစံအမျိုးမျိုးလုပ်ပြနေတယ်။
ကုကျစ်ချန်ရဲ့မျက်ဝန်းထဲ ချစ်ခင်မြတ်နိုးစိတ်တွေ ပြောမပြတတ်လောက်အောင်ပြည့်လာတယ် “ဘယ်လိုလဲ မင်းလည်းတစ်ယောက်လောက်မွေးလိုက်လေ”
အံ့သြစရာမရှိပါဘူး။ သူ့စကားကြောင့် ရှီချူရဲ့ကလေးဆန်တဲ့မျက်နှာလေးက ပိုလို့တောင်ရှက်သွေးကလေးတွေရဲတက်လာတယ်။ သူက ကုကျစ်ချန်ကို လှလှပပမျက်စောင်းလှမ်းထိုးလိုက်ပြီး အတွေးကြမ်းကြမ်းတွေကိုထုတ်ပြောလိုက်ပါတယ်။
“ရတယ်လေ မွေးပေးမယ်၊ ခင်ဗျားသာထောင်ကျခံနိုင်ရင်ပေါ့၊ အနည်းဆုံးကသုံးနှစ်၊ အများဆုံးကသေဒဏ်!”
ဒီခွင့်လွတ်ချင်စရာမကောင်းတဲ့ပါးစပ်လေးက သူ့ချစ်သူရဲ့အနမ်းအောက်မှာ ရုတ်တရက်ပိတ်ကျသွားခဲ့ရတယ်။ ပထမတော့ ရှီချူက တောင့်တင်းပြီးကြက်သေသေသွားသေးတယ်။ နောက်မှ အနမ်းတွေကြောင့်ပျော်ဝင်လာပြီး ခွင့်ပြုပေးခဲ့ပါတယ်။
ဒါက သူ့အဆုတ်ထဲကလေတွေအကုန်လုံး ဆုပ်ထုတ်ခံရလုနီးနီးအသက်ရှုကျပ်လာတော့မှပဲ တစ်ဘက်လူက မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်တော့တာ။ ဒါပေမယ့် သူ့နားထဲမှာတော့ အခုလေးတင်ပြောလိုက်တဲ့ တစ်ဘက်လူရဲ့စကားသံတိုးတိုးက ပဲ့တင်ထပ်ပြီးကျန်နေခဲ့ပါတယ်။
“တစ်လပဲကျန်တော့တယ်၊ ဆန္ဒတွေမစောနဲ့၊ ကိုယ်စောင့်ပေးမှာပေါ့”
…………………
.
.
(T/N .. ကြည့်ရတာ ရှီချူက အသက်မပြည့်သေးပါဘူး၊ ဒါကြောင့် သူ့ကိုအတင်းအကျပ်လုပ်ရင် ထောင်သုံးနှစ်လို့ပြောတာပါ၊ အဲဒါကြောင့် ကုကုက တစ်လပဲကျန်တော့တာလေတဲ့၊ ငါစောင့်မယ်တဲ့၊ ပေါက်သလားဟေ့မောင်တို့ရေ… ပေါက်သလားဟေ့မယ်တို့ရေ… အိုင်ကတော့ ပေါက်ဖို့တော်တော်ကြီးစဉ်းစားယူလိုက်ရတယ်၊ နောက်ဆုံးအကြောင်း တစ်လပဲကျန်တော့တယ်ဆိုတာ ဘာပြောတာပါလိမ့်ပေါ့..၊ ရှီချူအကြောင်းက အပိုင်း(၃၀)မှာ တစ်ခွန်းတည်းသောပါပါတယ်နော်၊ ကုကုဆိုင်က အလုပ်သမားလေးပါ)…