Chapter 75
“ဒယ်ဒီက ပါးပါးကို ကူညီပေးနိုင်တယ်..."
ကျိလဲ့ယွီ လင်းလော့ချင်းကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
“ဒါက သဘာ၀ပဲ...”
လင်းလော့ချင်း ပြုံးလိုက်ပြီး ကျိလဲ့ယွီကို လင်းဖေး၏အခန်းဆီ ချီသွားလိုက်ကာ လင်းဖေးဘေးနား ချပေးလိုက်သည်။
"အိုကေ...မင်းတို့နှစ်ယောက် အတူတူ ကစားနေကြပြီး ငါတို့ပြန်လာတာကို စောင့်..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့..."
လင်းဖေးလည်း သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်,..."
ကျိလဲ့ယွီ သူ့လက်သေးသေးလေးကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
လင်းလော့ချင်းက ကလေးနှစ်ယောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေကြသည့်ကို မြင်သောအခါ ပြုံးကာ တာ့တာပြလိုက်ပြီး ထွက်သွားလိုက်သည်။
လင်းဖေးနှင့်ကျိလဲ့ယွီ ပိုမိုနီးစပ်လာရန် သူ တကယ် မျှော်လင့်သည်။ ဤနည်းဖြင့် လင်းဖေးက ကျိလဲ့ယွီကို စောင့်ကြည့်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး လင်းဖေးက သူ့ကို ပညာပေးနိုင်ပြီး လွှမ်းမိုးနိုင်လျှင် အကောင်းဆုံးဖြစ်လေသည်။
ဤသို့ဖြစ်သားလျှင် ကျိလဲ့ယွီက စာအုပ်ထဲမှ တရားဥပဒေကို ချိူးဖောက်ခဲ့သည့် ဗီလိန်ကြီးဖြစ်လာတော့မည် မဟုတ်ချေ။
နောက်ဆုံးတွင် ကျိလဲ့ယွီက သူ့သားဖြစ်ပြီး ကျိလဲ့ယွီ၏ပျော်ရွှင်မှုကို သူ မျှော်လင့်လေသည်။ ကျိလဲ့ယွီက ကမ္ဘာကြီးကို အကျိုးမပြုလျှင်ပင် လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေသည့်သူ ဖြစ်မလာသင့်ပေ။
အခန်းထဲတွင် လင်းဖေးက ကျိလဲ့ယွီကို စာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။
"စာအုပ် ဖတ်ကြရအောင်..."
ကျိလဲ့ယွီ :"..."
"ဒါမှမဟုတ် မင် Tabletနဲ့ကစားချင်လား..."
လင်းဖေး ကျိလဲ့ယွီ၏Tabletကို တွေ့လိုက်ပြီး အကြုံပြုလိုက်သည်။
ကျိလဲ့ယွီ :"..."
ကျိလဲ့ယွီ စာအုပ်ကို လှမ်းယူလိုက်သည်။
"လူကို နှိမ့်ချမနေနဲ့...သား စာအုပ်ဖတ်မယ်..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး ထိုင်ခုံတစ်ခုံ ပေးလိုက်သည်။
"ထိုင်..."
ကျိလဲ့ယွီ ဒေါသထွက်စွာ ထိုင်ချလိုက်သည်။ ထို့နောက် သူ အစွမ်းထက်ကြောင်း ပြသရန် စာအုပ်ကိုဖွင့်လိုက်သည်။
လင်းဖေး တစ်ဖက်လူကို ကြည့်လိုက်သောအခါကျိလဲ့ယွီက ၀မ်းနည်းနေပုံပေါ်သော်လည်း စာအုပ်ကို လေးနက်စွာ ဖတ်နေသည်ကို မြင်လိုက်ရသည်။
သူ ခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်၌ အပြုံးရေးရေးလေး ထွက်ပေါ်လာလေသည်။
လင်းဖေး၏အခန်းထဲမှ ထွက်လာသည့် လင်းလော့ချင်းက ကျိယွီရှောင်၏စာဖတ်ခန်းသို့ သွားလိုက်သည်။
မနေ့ညက အဖြစ်အပျက်ကြောင့် သူ ကျိယွီရှောင်နှင့် တစ်မနက်လုံး စကားသေချာမပြောရသေးပေ။ ယခု သူ ကျိယွီရှောင်ကို တွေ့လိုက်ရသည့်အခါ ရှင်းမပြတတ်အောင် ရှက်ရွံ့သွားမိသည်။
ကျိယွီရှောင်က မနေ့ညက အဖြစ်အပျက်တွေကို ပြန်မပြောလောက်ဘူးမလား...
မပြောလောက်ပါဘူး...
ဟုတ်တယ်...
ပြန်မပြောလောက်ဘူး...
လင်းလော့ချင်း သူ့ကိုယ်သူ အားပေးလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံလောက်အောင် တည်ဆောက်ပြီးနောက် တံခါးကို ဖွင့်လိုက်ပြီး ကိုးရိုးကားယားနိုင်စွာ ပြောလိုက်သည်။
"ငါ့အဖေနဲ့မိထွေးကို သွားတွေ့ဖို့အချိန်ရောက်ပြီ..."
သူ ကျိယွီရှောင်ကို ကြည့်လိုက်ပြီး အကြောင်းအချို့ကြောင့် မျက်နှာနီရဲသွားပြီး ခေါင်းစောင်းလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏လှုပ်ရှားမှုများကို သဘောကျသွားသည်။
"မှန်ရှိလား..."
"ဘာမှန်လဲ..."
လင်းလော့ချင်း မျက်စောင်းထိုးလိုက်ပြီး သံသယဖြစ်စွာ ကြည့်လိုက်သည်။
ကျိယွီရှောင် ထိုင်ခုံနောက်ကို မှီလိုက်ပြီး ပြောလိုက်သည်။
"ငါ ဒီနေ့အရမ်းချောမောနေတဲ့အတွက် မင်းငါ့ကို တိုက်ရိုက်မကြည့်ရဲလို့လေ..."
လင်းလော့ချင်း :"..."
ကျိယွီရှောင်က အရှက်မရှိကြောင်းကို လင်းလော့ချင်း အကြိမ်၁၀၀၀၀မြောက် တွေးလိုက်သည်။
“မင်း ငါ့ကို ကြည့်ရဲပြီလား...”
ကျိယွီရှောင်က တစ်ဖက်လူကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။
“မင်း ပုန်းမနေတော့ဘူးမလား...”
ဘယ်သူက ပုန်းနေလို့လဲ...”
လင်းလော့ချင်း ၀န်ခံရန် ငြင်းဆန်လိုက်သည်။
"ဒါဆို တစ်မနက်လုံးပုန်းနေပြီး ငါ့ကို မကြည့်ရဲစကားမပြောရဲတာ ဘယ်သူလဲ...မင်း မဟုတ်ဘူးလား...အချစ်လေး..."
"ဟမ်..."
လင်းလော့ချင်း နှာမှုတ်လိုက်သည်။
"ငါ အခန်းထဲမှာ အ၀တ်အစားသွားလဲလိုက်ဦးမယ်..."
ပြောပြီးနောက် အိပ်ခန်းထဲသို့ ဦးတည်လျှောက်သွားလိုက်သည်။
ရလဒ်အနေနှင့် မျက်နှာကို အုပ်လိုက်ပြီး စိတ်ထဲတွင် အော်ဟစ်လိုက်လေသည်။
ဒါတွေအားလုံးက ကျိယွီရှောင်အမှားတွေပဲ...ပထမတော့ အဆင်ပြေပေမဲ့ မနေ့ညက အဲ့ဒါလုပ်ဖို့ ကျိယွီရှောင်က တွန်းအားပေးနေတာ...အခု သူ ကျိယွီရှောင်ကို မြင်တိုင်း မနေ့ညက အဖြစ်အပျက်တွေကို ပြန်ပြန်တွေးမိနေလို့ ကျိယွီရှောင်ကို သေချာမကြည့်ရဲတော့ဘူး...
ဒါ့အပြင် ကျိယွီရှောင်က ပုန်းမနေတော့ဘူးလားလို့ မေးလာသေးတယ်...
သူ ပုန်းနေချင်တယ်...
သူ ကျိယွီရှောင်ကို မြင်တိုင်း အရမ်းရှက်တယ်...
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
ကျိယွီရှောင်က လူတွေကို သတ်နိုင်တဲ့ မှင်စာပဲ...မှင်စာတစ်ကောင်ပဲ...
ထိုအချိန်တွင် မှင်စာကျိယွီရှောင်က သူ့မိန်းမ ချစ်စရာကောင်းကြောင်း တွေ့နေလေသည်။
ထို့နောက် ကွန်ပြူတာကို ပိတ်လိုက်ပြီး အ၀တ်အစားလဲရန် ကြင်စဦးအခန်းဆီသို့ ဝှီးချဲလ်ကို တွန်းသွားလိုက်သည်။
တံခါးတွန်းဖွင့်လိုက်သည့်အခိုက်အတန့်တွင် အင်္ကျီချွတ်ထားသည့် ကြွေသဖွယ် ဖြူဖွေးသော လင်းလော့ချင်းကို မြင်လိုက်ရလေသည်။
ငါ ဒီထက်စောစော၀င်လာခဲ့ရင် ပိုကောင်းမယ်...
လင်းလော့ချင်းက တံခါးဖွင့်သံကြား၍ နောက်လှည့်ကြည့်လိုက်သောအခါ သူ့ကို ပြုံးကာ ကြည့်နေသည့် ကျိယွီရှောင်ကို မြင်လိုက်ရသည်။
လင်းလော့ချင်း :"!!!"
လင်းလော့ချင်း၏မျက်နှာက သိသိသာသာကို နီရဲလာလေသည်။
"ထွက်သွား..."
"ဒါက ငါတို့အခန်းလေ...ဒါ့အပြင် မင်းက အရမ်းကောင်းတယ်...မသင့်တော်တာ မရှိပါဘူး..."
'မင်းက တကယ်အရှက်မရှိဘူးပဲ...'
"လူရမ်းကား..."
လင်းလော့ချင်း တီးတိုးရေရွတ်လိုက်ပြီး သူ ရွေးချယ်ထားသော ဆွယ်တာအင်္ကျီကို ကောက်၀တ်လိုက်သည်။
ကျိယွီရှောင်က တစ်ဖက်လူ၏အပြုအမူများကို သဘောကျစွာ ကြည့်နေလေသည်။
အရမ်းဖြူစင်လွန်းတယ်...
သူက အရမ်းဖြူစင်လွန်းပေမဲ့ သူ့ကို နေ့တိုင်း နိုးဆော်နေတာ...ဒါက လူတွေကို တစ်ခုခု လုပ်ချင်လာစေတယ်...
သူ့ခြေထောက်တွေသာ ကောင်းခဲ့ရင် လင်းလော့ချင်းက အခုလောက်ဆို အိပ်ရာက ထနိုင်မှာတောင် မဟုတ်ဘူး...
ထိုသို့တွေးမိပြီးနောက် သူ တွေ့လိုက်ရသည့် ဖြူဖွေးသော ကျောပြင်ကို ပြန်သတိရသွားသည်။
ထို့အပြင် မနေ့ညက သူ့ရင်ခွင်တွင် နီရဲနေသော လင်းလော့ချင်းကိုလည်း ပြန်သတိရသွားသည်။အလွန်ဖြူဖွေးသည့်အရာများက နှင်းထဲမှ ဇီးပန်းပွင့်သကဲ့သို့ အလှဆင်မှုအချို့ လိုအပ်သည်။ ထိုကျောပြင်တွင် အနီရောင်ပန်းပွင့်အချို့ ဖူးပွင့်လာရမည်ဖြစ်သည်။
ကျိယွီရှောင်၏အတွေးများက ဒီရေသဖွယ် တဖြည်းဖြည်း မြှင့်တက်လာပြီး ထိုအတွေးများကနှလုံးသားထဲတွင် ပြည့်နှက်လာလေသည်။
သူ ခေါင်းကို ခါယမ်းလိုက်ပြီး ချောင်းဟန့်လိုက်ကာ ထိုအတွေးများကို ဆက်မတွေးရန် သူ့ကိုယ်သူ တားလိုက်သည်။
တစ်ဖက်လူက သူ့ရှေ့တွင် ရှိနေသည့်အပြင် နေ့ခင်းဘက်တွင် ထိုအတွေးများတွေးရန် မသင့်တော်ပေ။
ကျိယွီရှောင် သက်ပြင်းချလိုက်သည်။ နေ့ခင်းဘက်တွင်လည်း ကိလေသာကြီးကြသူများအကြောင်းကို သူ နားလည်သွားလေသည်။
လူတွေရဲ့ဆန္ဒက တကယ်ကိုက်ညီကြတာပဲ...
လင်းလော့ချင်း အင်္ကျီလဲပြီးသွားသောအခါ ဘောင်းဘီလဲချင်သည့်အတွက် ကျိယွီရှောင်ကို ကြည့်လိုက်သည်။
သူတို့မျက်လုံးချင်းဆုံခိုက် ကျိယွီရှောင် အနည်းငယ် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။
"ဘာဖြစ်လို့လဲ..."
"မင်းရော အ၀တ်အစားမလဲဘူးလား..."
ကျိယွီရှောင် :"..."
"မင်းပြီးရင် လဲလိုက်မယ်..."
"ငါ အပြင်ထွက်ပေးရမလား..."
ကျိယွီရှောင်:"..."
"ဒီလိုဆို ငါ မင်းကို အပြင်ထွက်ရှောင်ဖို့ ပြောစရာမလိုဘူးမလား..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး အခန်းအပြင် ထွက်သွားလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းအ၀တ်အစားလဲရန်အတွက် အခန်းအပြင်တွင် စောင့်နေစဉ် မနေ့ညက မီးမှိန်နေသောကြောင့် လင်းလော့ချင်း၏မျက်နှာကို သေချာမမြင်လိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်သွားလေသည်။
သို့သော် ပြန်တွေးကြည့်လျှင် ထိုသို့ သေချာမမြင်ရသည်ပင်လျှင် လင်းလော့ချင်းက သူ့ကိုတစ်မနက်လုံး ရှောင်နေလေသည်။ အကယ်၍ သေချာမြင်ခဲ့ရလျှင် လင်းလော့ချင်းက တစ်နေ့လုံး မျက်နှာ ဘယ်ထားရမှန်း သိမည်မဟုတ်ပေ။
သူက တကယ် ချစ်စရာကောင်းလေသည်။ လင်းလော့ချင်းက ရှုပ်ထွေးသော ဖျော်ဖြေရေးလောကတွင် ရှိနေသော်လည်း ဘွဲ့မရသေးသည့်အထက်တန်းကျောင်းသားလေးနှင့် တူနေလေသည်။
'သူက တကယ်ကလေးလေးလိုပဲ...'
လင်းလော့ချင်းက အ၀တ်အစားလဲပြီးသွားသောအခါ တံခါးကို ဖွင့်လိုက်ပြီး ကျိယွီရှောင်ကို အ၀တ်အစားလဲရန် သွားနိုင်ပြီဖြစ်ကြောင်း မာကြောစွာ သတိပေးလိုက်သည်။
ထို့ကြောင့် ကျိယွီရှောင်က ဝှီးချဲလ်ကို အခန်းထဲသို့တွန်းလိုက်ပြီး အ၀တ်အစားတစ်စုံ ရွေးလိုက်သည်။
ထို့နောက် ရှောင်လီကို ခေါ်လိုက်ပြီး လင်းလော့ချင်းနှင့်အတူ အဖေလင်းအိမ်သို့ သွားလိုက်လေသည်။
ဤကား လင်းလော့ချင်းက အဖေလင်းဆီသို့ ပထမဆုံး သွားရောက်ခြင်းဖြစ်သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲကအတိုင်း ဗီလာတစ်ခုလုံးကို 'ချမ်းသာခြင်း'ဟူသော စကားအတိုင်း တန်ဆာဆင်ထားလေသည်။
လင်းလော့ချင်းက နူးညံ့စွာ ပြုံးပြလိုက်သည်။
"အဖေ..."
အဖေလင်းလည်း ပြန်ပြုံးပြလိုက်လေသည်။
"သား ပြန်လာပြီလား...အဖေက မင်းကို မနက်ကတည်းက စောင့်နေတာ..."
ချန်ဖုန်းလည်း ချက်ချင်း ၀င်ပြောလိုက်သည်။
"ဟုတ်တယ်...လော့လော့ လာ ဒီမှာထိုင်ကြ..."
ချန်ဖုန်းက လင်းလော့ချင်းကို အမြဲတစေ'လော့လော့'ဟု ခေါ်ခြင်းအား နှစ်သက်လေသည်။ သို့သော် လင်းလော့ရှီး၊ လင်းလော့ချင်း၊ လင်းလော့ကျင်းတို့အားလုံးတွင် 'လော့'ပါသည့်အတွက် သူ့ကို 'လော့လော့'ဟုခေါ်တိုင်း သူ့စိတ်ထဲတွင် တွေးနေသည့်အရာများကို မည်သူမှ မသိနိုင်ပေ။
လင်းလော့ချင်း ဆိုဖာပေါ်တွင် တည်ငြိမ်စွာထိုင်လိုက်သော်လည်း ကျိယွီရှောင်က မထိုင်ပေ။ သူက ဆိုဖာပေါ်သို့ ပြောင်းရန် ပျင်းသည့်အတွက် ဝှီးချဲလ်ပေါ်တွင်သာ ဆက်ထိုင်နေလိုက်သည်။
အဖေလင်းက ယင်းကို သတိပြုမိပြီး ဒုက္ခိတဖြစ်သွားသည့် ကျိယွီရှောင်က တကယ်အဆင်မပြေကြောင်းတွေးလိုက်သည်။
အခြားတစ်ဖက်တွင် ချန်ဖုန်းက စိတ်သက်ရာရစွာ သက်ပြင်းချလိုက်လေသည်။ သူ့သားကို ကျိယွီရှောင်နှင့် လက်မထပ်ခိုင်းခဲ့ခြင်းက ကံကောင်းကြောင်း လျှို့ဝှက်စွာ တွေးလိုက်သည်။ သူက ဆိုဖာပေါ်တွင်တောင် ထိုင်ရန် အဆင်မပြေချေ။ယင်းက နေ့စဉ်ဘ၀တွင် လွန်စွာ အကျိုးသက်ရောက်လေသည်။
"လော့လော့ သား အိမ်ထောင်ကျပြီးရင်တောင် အမေတို့က မိသားစုတွေပဲ...သား ယွီရှောင်နဲ့ အိမ်ကို မကြာမကြာ လာလည်သင့်တယ်..."
ချန်ဖုန်း နူးညံ့စွာ ပြောလိုက်သည်။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့..."
အဖေလင်းလည်း ယင်းကို မြင်သောအခါ ၀င်ပူးပေါင်းလိုက်သည်။
"မင်းနှလုံးသားထဲမှာ အိမ်တစ်လုံး မရှိခဲ့တာ နှစ်တွေကြာနေရောပေါ့..."
"မဟုတ်ပါဘူး...ကျွန်တော် ဒါကို နားလည်ပါတယ်..."
အဖေလင်း ပိုမိုပျော်ရွှင်သွားသည်။
"မင်း နားလည်ရင် ကောင်းတာပေါ့...အနာဂတ်မှာ ဒါက မင်းအိမ်ပဲ...မင်း အချိန်မရွေး ပြန်လာနိုင်တယ်...အဖေ မင်းကို ကြိုဆိုနေတယ်..."
"ဟုတ်ကဲ့အဖေ..."
ကျိယွီရှောင် အဖေလင်းကို အတော် ရယ်ချင်နေလေသည်။
'ဒါက ဟိုတယ်လား...ကြိုဆိုဖို့ လိုသေးလို့လား...'
သူက အမှန်တရားကို သကြားဖုံးထားသည့်အဖေလင်းကို ကြည့်နေလိုက်သည်။
အဖေလင်းနှင့်ချန်ဖုန်းက အချိန်အတော်ကြာစကားပြောနေကြပြီး လင်းလော့ချင်းကိုပင် ဖက်ကာ ငိုနေကြလေသည်။ သူတို့၏ခံစားချက်များက ကောင်းကင်နှင့်မြေကြီးကိုပင် ရွေ့နိုင်လေသည်။ နောက်ဆုံးတွင် သူတို့က အချင်းချင်း အရိပ်အယောင်ပြလိုက်ကြပြီး အဓိကအချက်ဆီ သွားလိုက်သည်။
"လော့ချင်း မင်းက အခု ယွီရှောင်နဲ့လက်ထပ်ပြီးပြီဆိုတော့ ကြီးပွားလာပြီလို့ ပြောလို့ရတယ်...အနာဂတ်မှာ မင်းက အဆုံးအစမရှိ ဆက်ချမ်းသာလာဦးမှာပဲ...မင်းရဲ့ဆင်းရဲတဲ့အဖေကို သနားပါဦး...အခုတလော စီးပွားရေးလုပ်ရတာ ခက်ခဲတယ်...အဖေ့မှာ စီးပွားရေးပါတနာတွေနဲ့မိတ်ဆွေကောင်းတွေ ရှိပေမဲ့ အချိန်ရောက်လာတော့ ထွက်သွားကြတယ်လေ..."
သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး လင်းလော့ချင်း သူ့ကို မေးလာချိန်ကို စောင့်လိုက်သည်။
လင်းလော့ချင်း ပူးပေါင်းလိုက်၏။
"ဘာလို့လဲ..."
"ဘာလို့ရမှာလဲ...အဖေတို့ကုမ္ပဏီလေးက သေးငယ်ပြီး မကျော်ကြားဘူးလေ...အဲ့ဒါကြောင့် သူတို့ကအထင်သေးကြတယ်လေ...သူတို့က လူတွေကို နှိမ့်ချတဲ့ ခွေးတွေပဲ...ငါတို့ နောက်ကြရင် ပိုကြီးပြီး ပိုသန်မာလာရင် သူတို့ ငါ့ဆီကို ငိုယိုပြီး လာကပ်ရင်တောင်မှ သူတို့ကို လျစ်လျူရှုထားမှာ...တကယ်လို့ အဖေတို့နဲ့ ပူးပေါင်းမဲ့ကုမ္ပဏီကြီးရှိနေရင် ကုမ္ပဏီရဲ့ကျော်ကြားမှုက တိုးလာပြီး ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်လိမ့်မယ်..."
အဖေလင်း အသင့်ပြင်ထားသည့် စကားများကို ပြောပြီးနောက် လင်းလော့ချင်းကို မျှော်လင့်တကြီး ကြည့်နေလိုက်သည်။
သူ ဘာဆိုလိုချင်လဲဆိုတာ သိသင့်တယ်မလား...
ထို့နောက် လင်းလော့ချင်း၏ဖြူစင်စွာ ပြန်ဖြေလာသံကို ကြားလိုက်ရသည်။
"ဪ..."
'ဒီကောင် နားမလည်ဘူးလား...'
သူ ဘာပြောချင်လဲ မသိဘူးလား...
ဒီလိုဆို ရှင်းလင်းအောင် ထပ်ပြောရမှာပေါ့...
"ဒီလိုမျိုး ဩဇာကြီးမားတဲ့ကုမ္ပဏီကြီးတစ်ခုကို အဖေ ဘယ်မှာရှာရမလဲ..."
လင်းလော့ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါက ရှာရခက်လောက်တယ်..."
'ဘာတွေ ပြောနေတာလဲ...မင်း ဘေးက ဟာကြီးကို မမြင်ဘူးလား...'
ယင်းကို မြင်သောအခါ ချန်ဖုန်းက လျင်မြန်စွာ ၀င်ပူးပေါင်းလိုက်သည်။
"ယွီရှောင်ရဲ့မိသားစုက အဆင်မပြေဘူးလား...အခု အမေတို့မိသားစုနှစ်စု အိမ်ထောင်ရေးမှာပေါင်းစည်းပြီးဆိုတော့ လုပ်ငန်းအတူ ပူးပေါင်းလိုက်ရင် ပျော်ရွှင်မှုနှစ်ဆဖြစ်လာပြီး အပြန်အလှန် အကျိုးကျေးဇူးတွေ ရကြမှာပဲ...အကျိုးဖြစ်ထွန်းနိုင်တဲ့ရေက အပြင်လူတွေရဲ့လယ်ကွက်တွေထဲ မစီးသွားသင့်ဘူးလေ..."
'အန်တီက မျက်နှာပေါ် ရွှေချတတ်တာပဲ...'
လင်းလော့ချင်း တွေးလိုက်သည်။
လင်းမိသားစုနှင့်ကျိမိသားစုကြားမှ အိမ်ထောင်ရေးက လက်ထပ်ထိမ်းမြားမှုထက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် တူလေသည်။
ကျိမိသားစုနှင့်လင်းမိသားစု ပူးပေါင်းရေးကအပြန်အလှန် အကျိုးကျေးဇူးရမည်မဟုတ်ပေ။ထို့ကြောင့် အကျိုးဖြစ်ထွန်းနိုင်သည့်ရေက အပြင်လူများ၏လယ်ကွက်များထဲ မစီးဆင်းသွားနိုင်ပေ။ ထိုအစား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ပစ်မှတ်ထားခြင်းဟု ခေါ်နိုင်ပေသည်။
လင်းလော့ချင်း အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒါ...ဒါပေမဲ့ ဒီကိစ္စက အလုပ်မဖြစ်မှာကို စိုးရိမ်မိတယ်..."
"ဘာလို့လဲ..."
ချန်ဖုန်း မေးလိုက်သည်။
"သားနှင့်ယွီရှောင်က ခင်ပွန်းတွေပဲလေ...နှစ်ဖက်မိသားစုအချင်းချင်း ပူးပေါင်းတာက ပုံမှန်ပဲမလား..."
"ဟုတ်တယ်လေ..."
အဖေလင်း တွန်းအားပေးလိုက်သည်။
"ငါတို့က မင်းမိဘတွေ မဟုတ်ဘူးလား..."
“ဒါပေမဲ့ ယွီရှောင်က ကုမ္ပဏီက နုတ်ထွက်လိုက်ပြီး ကုမ္ပဏီကိစ္စတွေကို ဂရုမစိုက်တော့ဘူးလို့ လူသိရှင်ကြား ကြော်ညာပြီးပြီ..."
အဖေလင်း :"..."
ဘာဖြစ်သွားတာလဲ...
ဒါက ဘယ်အချိန်က ဖြစ်သွားတာလဲ...
ဘာလို့ သူ မသိလိုက်တာလဲ...
"ဘယ်လိုဖြစ်သွားတာလဲ..."
အဖေလင်း နားမလည်နိုင်စွာ မေးလိုက်သည်။
လင်းလော့ချင်း သက်ပြင်းချလိုက်သည်။
"ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေပါ...ယွီရှောင်အဖေက ကျွန်တော့်ကို သဘောမကျတဲ့အတွက် ကျွန်တော်တို့လက်ထပ်တာကို သဘောမတူဘူး...ဒါ့ကြောင့် ယွီရှောင်က ကုမ္ပဏီက နုတ်ထွက်ပြီး ကျွန်တော့်ကို လက်ထပ်ဖို့ပဲ တတ်နိုင်တယ်...ကျွန်တော်နဲ့အာဏာကြားမှာ သူက ကျွန်တော့်ကို ရွေးချယ်ခဲ့တာလေ...ဒါက အချစ်ရဲ့ဆွဲဆောင်မှုပဲ...အမေနဲ့အဖေ စိတ်လှုပ်ရှားနေလား...ကျွန်တော်တော့ အရမ်းစိတ်လှုပ်ရှားတယ်..."
အဖေလင်း : "
...!!!"
ချန်ဖုန်း :"...!!!"
ဘာကို စိတ်လှုပ်ရှားရမှာလဲ...
ဒီအချစ်ဦးနှောက်က ဘာလဲ...
သူ ရူးသွားတာလား...
တစ်ဖက်တွင် ကျိယွီရှောင်က ထိုစကားများကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်သည်။ ယင်းက သူ့စကားများကို ကော်ပီကူးထားခြင်း ဖြစ်လေသည်။
သူ့ဇနီးက သင်ယူထားသမျှ လက်တွေ့အသုံးချနိုင်တာပဲ...သူကတော့ အဲ့ဒါကြောင့် စပြီး စိတ်လှုပ်ရှားလာပြီ...