အပိုင်း ၇၆
Viewers 25k

Chapter 76




အဖေလင်း ကျိယွီရှောင်ကို ကြည့်လိုက်သည်။


"ဒါက..."


ကျိယွီရှောင် ပြုံးလိုက်သည်။


"ဒါက အဆင်ပြေပါတယ် ဦးလေး...လော့ချင်းအတွက် အရာအားလုံးက ပေးဆပ်ဖို့ ထိုက်တန်ပါတယ်...ကျွန်တော် ဒါကို ဆန္ဒရှိပါတယ်..."


'ဒါပေမဲ့ ငါက အဲ့ဒါကို မလိုချင်ဘူး...'


အဖေလင်း ရင်ထဲ အော်ပြောလိုက်သည်။


"ယွီရှောင် ဒီပြဿနာကို ကြည့်...ဒီလိုလုပ်ရင် မင်းတို့သားအဖကြား ဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိလိမ့်မယ်...ဒါက မသင့်တော်ဘူး...ငါ လော့ချင်းကို မင်းအဖေဆီ သွားတောင်းပန်ခိုင်းလိုက်ပြီး ကျေရာကျေကြောင်း ပြောခိုင်းလိုက်မယ်...လော့ချင်းက မင်းတို့သားအဖဆက်ဆံရေးအပေါ်မှာ သက်ရောက်လို့ မရဘူးလေ...သားအဖချင်း စကားကောင်းကောင်းပြောသင့်တယ်..."


“ရပါတယ်...လော့ချင်းက ဘာမှ မမှားဘူး...ဒါက ကျွန်တော့်အဖေ တရားမျှတတဲ့သူ...သူက ကျွန်တော့်ကို ရွေးချယ်ခွင့်ပေးလိုက်ကတည်းက ကျွန်တော့်ရွေးချယ်မှုကို လက်ခံသင့်တယ်..."


ကျိယွီရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။


"ဒါဆို မင်းတို့သားအဖကြား ဆက်ဆံရေးကရော...''


"ရပါတယ်...ကျွန်တော့်‌ဘေးမှာ လော့ချင်းရှိနေရင် လုံလောက်ပါပြီ...သူအနားမှာရှိနေသရွေ့ ကျန်တာတွေက အရေးမကြီးပါဘူး..."


'သားမိုက်...အချစ်ဦးနှောက်ပဲ...အဲ့ဒါက ဘာအရေးကြီးလို့လဲ...ရည်မှန်းချက် မရှိဘူး...'


အဖေလင်း တွေးလိုက်သည်။


သူ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတယ်...


အဖေလင်းက နှလုံးသားထဲမှ မကျေနပ်ချက်များနှင့်‌ဒေါသများကို ကြိတ်မှိတ်သည်းခံလိုက်ပြီး ကျိယွီရှောင်ကို လှုံ့ဆော်လိုက်သည်။


"ယွီရှောင် ငါတို့က လော့ချင်းနဲ့လက်ထပ်လိုက်လို့ မင်းတို့သားအဖကြား ဆက်ဆံရေးပျက်ပြားသွားတာကို မလိုချင်ဘူး...မင်း ဒီလိုလုပ်ရင် လော့ချင်း အဆင်မပြေဖြစ်လိမ့်မယ်..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်..."


"မင်း ဒီအတွက် စိတ်မကောင်းမဖြစ်ပါနဲ့..."


ကျိယွီရှောင် လင်းလော့ချင်းကို ကြည့်ကာ ပြောလိုက်သည်။


"မင်း ၀မ်းနည်းနေရင် ကိုယ့်နှလုံးသား နာကျင်ရတယ်..."


“ယွီရှောင်…”


လင်းလော့ချင်း စိတ်လှုပ်ရှားသွားသည်။


"မင်း ကိုယ့်ကို ယွီရှောင်လို့ခေါ်တုန်းလား..."


‘အဲ့လိုမခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ...’


လင်းလော့ချင်း တွေးဆကာ ပြောလိုက်သည်။


"ယောကျာ်း~~~"


"ပြောလေ ဇနီးလေး~~~"


"ယောကျာ်းက အရမ်းတော်တာပဲ~~~"


"ဇနီးလေး ပျော်‌နေသရွေ့~~~"


လင်းလော့ချင်းက ကျိယွီရှောင်လက်ကို ချိုမြိန်သောအမူအရာဖြင့် လှမ်းဆွဲလိုက်လေသည်။


ကျိယွီရှောင်က လင်းလော့ချင်း၏လက်ကို ကိုင်လိုက်ပြီး နမ်းလိုက်သည်။


သူတို့နှင့်မျက်နှာချင်းဆိုင် ထိုင်နေသည့်အဖေလင်းနင့်ချန်ဖုန်း :"..."


အန်ချင်လိုက်တာ...


အ်ောဂလီဆန်စရာ ကောင်းလိုက်တာ...


“အဟမ်း...အဟမ်း..."


အဖေလင်း ချောင်းဟန့်လိုက်ပြီး ရှေ့မှ ပူလောင်နေသော မြင်ကွင်းကို နှောင့်ယှက်လိုက်ကာ လင်းလော့ချင်းကို ကြည့်ကာ အပြစ်တင်ရှုတ်ချလိုက်သည်။


"မင်းယောကျာ်းရဲ့အလုပ်က မင်းကြောင့် အဆင်မပြေဖြစ်နေရပြီ...မင်း အပြစ်ရှိစိတ် မခံစားရဘူးလား..."


လင်းလော့ချင်း၏ကောင်းမွန်သည့်အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ခိုင်မာစွာ ပြောလိုက်သည်။


"အဆင်ပြေပါတယ်...ကျွန်တော် ငွေကြိုးစားရှာပြီး သူ့ကို ထောက်ပံ့ပေးမယ်..."


 မင်းကို ငွေကြိုးစားရှာမလား မေးတာမဟုတ်ဘူး...


သူတို့‌ဘယ်လို ပူးပေါင်း‌‌ဆောင်ရွက်ကြမှာလဲ...


"ယွီရှောင်...လော့ချင်းရဲ့အတွေးတွေက ရိုးစင်းတယ်...မင်းက သူ့လို ရိုးရိုးစင်းစင်းတွေးလို့မရဘူး...မင်းက မင်းအဖေရဲ့တစ်ဦးတည်းသောသားပဲ...မင်းက ကုမ္ပဏီကို ဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မှာလဲ...."


“ကျွန်‌တော့်၀မ်းကွဲ ဂရုစိုက်လိမ့်မယ်..."


ကျိယွီရှောင် တည်ငြိမ်စွာ အဖြေပြန်‌ပေးလိုက်သည်။


"ဒါက ဘယ်လိုလုပ် ရမှာလဲ..."


အဖေလင်း မကျေနပ်ပေ။


"မင်း၀မ်းကွဲက စိတ်ပြောင်းလာပြီး ကုမ္ပဏီမှာ ပြဿနာတွေ ရှာလာရင် ဘယ်လိုလုပ်မလဲ...အဲ့အချိန်‌ရောက်မှ နောင်တရရင် နောက်ကျသွားလိမ့်မယ်..."


“ရပါတယ်...ကျွန်တော် ကုမ္ပဏီကိစ္စတွေကို ဂရုမစိုက်တော့ဘူး...ဒါ့ကြောင့် ကုမ္ပဏီက ပြဿနာတွေကို စိတ်မပူတော့ဘူး...လော့ချင်းအတွက်ပဲ စိတ်ပူတော့တယ်..."


"ငါ လိမ္မာပါ့မယ်..."


လင်းလော့ချင်းက အလောတကြီး ၀င်ပြောလိုက်သည်။


"ငါ မင်းကို သိပ်စိတ်မပူစေချင်ဘူး..."


"မင်း ကိုယ့်ကို စိတ်ပူအောင်လုပ်လည်း ရပါတယ်...အခု ဘယ်သူက ငါ့ရဲ့ ပထမဦးစားပေးလဲ..."


လင်းလော့ချင်း ရှက်ရွံ့သွားသည်။


"ယောကျာ်း မင်းက အရမ်းကောင်းတာပဲ...မင်း ငါ့ကို အရမ်းချစ်တာပဲလား...ငါ အရမ်း စိတ်လှုပ်ရှားလာပြီ..."


စကားပြောနေစဉ် သူ့မျက်တောင်များက အနည်းငယ် တုန်ရီနေလေသည်။


"အဖေနဲ့အမေရော အရမ်းစိတ်လှုပ်ရှားနေလား...ကျွန်တော်တော့ ဒီလိုရိုးသားတဲ့ခံစားချက်တွေကြောင့် မျက်ရည်ကျမတတ် စိတ်လှုပ်ရှားနေတယ်..."


အဖေလင်း :"..."


ချန်ဖုန်း :"..."


သူတော့ ထပ်အန်ချင်လာပြီ...


သူ ကိုယ်၀န်ရှိတုန်း‌ကတောင် ဒီလောက် မအန်ချင်ခဲ့ဘူး...


လင်းလော့ကျင်း ပြန်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။ သူ့၏အိမ်မှ ကန်ထုတ်ခံထားရသော ဈေးပေါသည့်အစ်ကိုက သူ တစ်ချိန်က အလွန်သဘောကျခဲ့သောလူ၏ဘေးတွင် ထိုင်နေပြီး သူ့မိဘများ၏အမူအရာကလည်း သိမ်မွေ့နေပြီး စိတ်အားထက်သန်စွာ စကားပြောချင်နေကြလေသည်။ ထိုမြင်ကွင်းကြောင့် လင်းလော့ကျင်း မှင်တက်သွားပြီး အပေါက်၀၌ ကြောင်တောင်‌တောင် ရပ်နေမိသည်။


လင်းလော့ချင်း တံခါးဖွင့်သံကြား၍ လှည့်ကြည့်လိုက်သောအခါ သူ့၏ဈေးပေါသည့်ညီ ပြန်လာသည်ကို တွေ့လိုက်ရလေသည်။ ကျိယွီရှောင်က လင်းလော့ချင်းအကြည့်နောက် လိုက်ကြည့်လိုက်သောအခါ အပေါက်၀တွင် ရပ်နေသော လင်းလော့ကျင်းကို တွေ့လိုက်ရပြီး မျက်လုံးချင်း ဆုံသွားကြလေသည်။


လင်းလော့ကျင်းက ကျိယွီရှောင်ကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားလာပြီး နှုတ်ဆက်ရန် တုံ့ဆိုင်းနေလေသည်။ သို့သော် သူ မနှုတ်ဆက်ရသေးမီ ကျိယွီရှောင်က အကြည့်ပြန်ရုတ်သွားပြီး လင်းလော့ချင်းကို ကြည့်နေလေသည်။


“ရှောင်ကျင်း ပြန်လာပြီလား..."


ချန်ဖုန်း ပြုံးကာ ပြောလိုက်သည်။


"မြန်မြန်လာ...သားအစ်ကို ဒီနေ့ပြန်လာလည်တယ်..."


အမှန်တွင် ယနေ့ လင်းလော့ချင်း ပြန်လာမည့်အကြောင်းကို သူ လွန်ခဲ့သည့်ရက်ကတည်းက သိခဲ့လေသည်။ သူ မိဘများက လွန်ခဲ့သည့်နှစ်ရက်ကတည်းက လင်းလော့ချင်းကို မျှော်နေကြခြင်းဖြစ်သည်။ သူ့မိဘများက လင်းလော့ချင်းကို ပြန်အသိအမှတ်ပြုချင်နေသလားဟု တွေးမိသောကြောင့် အလွန်စိတ်တိုခဲ့ရသေးသည်။


ထိုအခါ သူ့အမေက သူ့ကို နှစ်သိမ့်ပေးခဲ့လေသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါ သူ့ကို တကယ် အိမ်ပြန်မလာခိုင်းချင်ဘူး...‌ဒါပေမဲ့ ကျိယွီရှောင်က နင့်အဖေကို ပိုက်ဆံရှာဖို့ ကူညီပေးနိုင်တယ်လေ..."


ထိုစကားကို ကြား‌သောအခါ လင်းလော့ကျင်း၏ခံစားချက် ပိုကောင်းသွားသည်။


သူက ဘယ်သောအခါမှ လင်းလော့ချင်းကို အလေးအနက် မထားခဲ့ပေ။ ထို့ကြောင့် အိမ်မှာနေပြီး လင်းလော့ချင်းကို နှုတ်ဆက်ရန် မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် မနက်ကတည်းက သူ့သူငယ်ချင်းများနှင့် အတူဆော့ကစား စားသောက်ပြီးမှ ပြန်လာခြင်းဖြစ်သည်။


သို့သော် သူ ကျိယွီရှောင်ကို တွေ့လိုက်ရသော စိတ်လှုပ်ရှားသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက သူ့အကြည့်ကို သူ့ကို မမြင်လိုက်သကဲ့သို့ လင်းလော့ချင်းကို စိုက်ကြည့်နေသည့် ကျိယွီရှောင်ပေါ် ပြောင်းလိုက်သည်။


"အစ်ကိုရှောင်..."


သူ ကျိယွီရှောင်ထံ‌ လျှောက်လာပြီး ခေါ်လိုက်သည်။


ကျိယွီရှောင်က သာမာန်ကာလျှံကာ ပြန်တုံ့ပြန်လိုက်ပြီး တစ်ဖက်လူကို လျစ်လျူရှုထားလိုက်သည်။


လင်းလော့ချင်းက သူ့ဘက်ကို လုံး၀မကြည့်သည့် လင်းလော့ကျင်းကို ကြည့်လိုက်သည်။ 


အမေရောသားရော သရုပ်ဆောင်ကောင်းချက်...ဒါပေမဲ့ ကျိယွီရှောင်ကို ကြည့်တဲ့ သူ့အကြည့်ကဘယ်လိုကြီးလဲ...


ကျိယွီရှောင်ကို ကြိုက်နေသလိုကြီး...


ခဏနေဦး...


လင်းလော့ချင်း တစ်ခုခုကို ရုတ်တရက် ပြန်သတိရသွားသည်။


ကျိယွီရှောင် ဒဏ်ရာမရခင်က လင်းလော့ကျင်းက ကျိယွီရှောင်ကို အများကြီး ဂရုစိုက်ခဲ့တာပဲ...ကျိယွီရှောင်ကို တမင်တကာ ချဉ်းကပ်ခဲ့ပြီး ကျိယွီရှောင်ရှေ့ ပေါ်ပေါ်လာနိုင်ဖို့ အဆက်အသွယ်တွေ အများကြီး ရှာခဲ့တယ်...


ဒီလိုတွေ ဖြစ်လာရတာက ချန်ဖုန်းက ကျိယွီရှောင်ဆီ လင်းလော့ကျင်းကို အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့လို့ပဲ...


လင်းလော့ကျင်းက ကျိယွီရှောင်ကို တကယ်မချစ်ခဲ့ဘူးပဲ...နောက်ပိုင်း ကျိယွီရှောင်ဒဏ်ရာရသွားတဲ့အခါ လင်းလော့ကျင်းက နောက်ပြန်ဆုတ်ခဲ့တယ်...သူက ဒုက္ခိတ‌တစ်ယောက်နဲ့လက်ထပ်ပြီး တခြားလူတွေ သူ့ကို လှောင်ရယ်တာကို မခံချင်ဘူးလေ...


လင်းလော့ချင်း ယင်းတို့ကို ပြန်အမှတ်ရသွားပြီး လင်းလော့ကျင်းကို အနည်းငယ် စိတ်၀င်စားမိသွားသည်။


သူ အခု ဘာလုပ်နေတာလဲ...


သူ့အချစ်ဟောင်းကို ပြန်သတိရနေတာလား...


အရှက်မဲ့လိုက်တာ...


အမှန်ပင် လင်းလော့ကျင်းက ကျိယွီရှောင်ကို သတိရခဲ့လေသည်။


ထိုစဉ်က ကျိယွီရှောင်သည် ကြော့ရှင်းရည်မွန်လေသည်။ သူ ရပ်သမျှနေရာတိုင်းက ဆွဲဆောင်မှု အရှိဆုံး ရှုခင်းဖြစ်ခဲ့သည်။သူ့အသွင်အပြင်က ချောမောပြီး စိတ်နေစိတ်ထားကလည်း ထူးခြားလေသည်။ သူ့၏ဖီးနစ်မျက်လုံးများက အနည်းငယ် မြှင့်တက်နေပြီး မည်သူကမှ သူ့မျက်လုံးထဲ မ၀င်နိုင်သည့်ပုံပေါ်လေသည်။


လူတိုင်းက သူ့ကို အထီးကျန်ဆန်သူ၊ မာနကြီးသူ၊ ဇီဇာကြောင်သူ၊ နီးစပ်ရန် ခက်ခဲသူဟု ပြောကြသော်လည်း လူတိုင်းက ကျိယွီရှောင်မျက်လုံးထဲသို့ အထူးခြွင်းချက်အဖြစ် ၀င်ရောက်နိုင်ပြီး မျက်နှာသာပေးခံရသူဖြစ်ရန် မျှော်လင့်ကြလေသည်။ 


ထိုလူများထဲတွင် လင်းလော့ကျင်းလည်း ပါဝင်ခဲ့လေသည်။ သူက သူ့၏‌အကောင်းဆုံးပုံရိပ်ဖြင့် ကျိယွီရှောင်ရှေ့ အမြဲပေါ်လာပြီး ကျိယွီရှောင် သူ့ကို ချစ်လာရန် မျှော်လင့်ခဲ့သည်။


သို့သော် မမျှော်လင့်စွာနှင့် သူ့အကြံအစည် မအောင်မြင်မီ ကျိယွီရှောင်၌ တစ်ခုခုဖြစ်သွားခဲ့လေသည်။


ကျိယွီရှောင်၏ခြေ‌‌ထောက်များက ဒဏ်ရာရသွားပြီး မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်သည့်ဒုက္ခိတဖြစ်သွားခဲ့သည်။


ထိုအကြောင်းကို လင်းလော့ကျင်း ကြားလိုက်ရသောအခါ အချိန်အတော်ကြာ စိတ်ဓာတ်ကျသွားခဲ့သည်။ ကျိယွီရှောင်၏ကံဆိုးမှုကြောင့် စိတ်ဓာတ်ကျခဲ့ခြင်း မဟုတ်ပေ။ သူ့ကိုယ်သူအတွက်သာဖြစ်သည်။


ကျိယွီရှောင်က ဒီလိုဖြစ်သွားတော့ သူ ကျိယွီရှောင်ကို ဘယ်လိုလိုက်ရတော့မှာလဲ...ငယ်ရွယ်ချောမောတဲ့သခင်လေးတစ်ယောက်နောက်ကို လိုက်တာက ပုံမှန်ပဲ...ဒါပေမဲ့ ဒုက္ခိတတစ်ယောက်နောက်ကို လိုက်ဖို့ကတော့ ရှက်စရာကောင်းလွန်းတယ်...


ထို့အ‌တွက်ကြောင့် သူ ကျိယွီရှောင်ကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။


သို့သော် တစ်လအကြာတွင် ကျိယွီရှောင်ထံမှ ဖုန်းလက်ခံရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူက သူတို့ကို အခွင့်အရေးပေးရန် ဆန္ဒရှိပြီး သူနှင့်လက်ထပ်ရန် ပြောခဲ့သည်။ ထိုစကားကို ကြားသောအခါ လင်းလော့ကျင်းက အိမ်မက်မက်နေသည်ဟုပင် ထင်ခဲ့လေသည်။


ဒါပေမဲ့ ကျိယွီရှောင်က ဒုက္ခိတလေ...ဒုက္ခိတတစ်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ...


ဒါ့အပြင် သူ့ခြေထောက်တွေက ဒဏ်ရာရသွားတာ...တခြားဘယ်နေရာ ဒဏ်ရာရသွားသေးလဲမှမသိတာ...တခြားနေရာသာ ဒဏ်ရာထပ်ရနေရင် သူက နေရင်းထိုင်ရင်း မုဆိုးဖိုဖြစ်ရဦးမယ်...


လင်းလော့ကျင်း ထိုသို့ မဖြစ်ချင်ပေ။ သူက ဒုက္ခိတတစ်ယောက်နှင့် လက်ထပ်ရန် ဘယ်သောအခါမှ စိတ်မကူးခဲ့ပေ။ ဒုက္ခိတတစ်ယောက်ကို ပြုစုစောင့်ရှောက်ရခြင်းက အလွန်ကြောက်စရာကောင်းလေသည်။


ထို့အပြင် ကျိယွီရှောင်တွင် ၀န်ထုပ်၀န်ပိုးကလေးတစ်ယောက်ရှိကာ ယင်းက သူ ပထွေး‌တစ်ယောက်ဖြစ်လာခြင်းနှင့်တူပြီး လက်ထပ်ပြီးလျှင် လူနှစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရမည်ဖြစ်သည်။


သူ အဲ့လို မလုပ်နိုင်ဘူး...


လင်းလော့ကျင်းက ထိုကိစ္စကို သူ့အမေကို ပြောပြခဲ့သည်။ သူ့အမေက ထိုအကြောင်းကို နားထောင်ပြီးနောက် ကျိယွီရှောင်ထံ အဖြေပြန်မပေးရန် တားခဲ့သည်။ 


ချန်ဖုန်းတွင် ပိုကောင်းသည့်အကြံတစ်ခုရှိလေသည်။ လင်းလော့ချင်းကို လင်းလော့ကျင်းနေရာတွင် အစားထိုးရန်ဖြစ်သည်။


ယင်းက အန္တရာယ်များသော်လည်း အောင်မြင်ပါက သူတို့က ကျိမိသားစုသစ်ပင်ကြီးပေါ် တက်နိုင်ပြီဖြစ်ကာ စက်ဘီးအစား ဆိုင်ကယ်ပြောင်းစီးနိုင်ပြီဖြစ်သည်။ ချန်ဖုန်းက ထိုသို့လုပ်ရဲလေသည်။


သူက အိမ်ထောင်ရှိသည့်အမျိုးသားတစ်ယောက်နှင့် ဖောက်ပြန်ပြီးကတည်းက ကိုယ်ကျင့်တရားပျက်ပြားသွားပြီးဖြစ်သည်။


လင်းလော့ကျင်းကလည်း လင်းလော့ရှီးနှင့်လင်းလော့ချင်းတို့ကို အမြဲ မနှစ်သက်ခဲ့သည့်အတွက် ထိုသို့လုပ်ဆောင်ခြင်းအပေါ် ထင်မြင်ချက် မရှိပေ။ လင်းလော့ရှီးက သေသွားပြီဖြစ်ပြီး လင်းလော့ချင်းကလည်း ဒုက္ခိတတစ်ယောက်နှင့်လက်ထပ်လိုက်လျှင် သူ့အတွက် အကောင်းဆုံးဖြစ်လေသည်။


ထို့နောက် နှစ်ယောက်သား လက်ဝါးရိုက်လိုက်ပြီး ထိုကိစ္စကို စတင်စီစဉ်ခဲ့ကြသည်။ 


ယခု လင်းလော့ကျင်း ကျိယွီရှောင်ကို တွေ့လိုက်ရသောအခါ ကျိယွီရှောင်က ယခင်အတိုင်းဖြစ်လေသည်။ သူက ချောမောပြီးခန့်ညားကာ ဖီးနစ်မျက်လုံးများကလည်း အနည်းငယ်မြှင့်တက်နေဆဲဖြစ်ပြီး မည်သူကိုမှ မကြည့်သေးပေ။ 


သို့သော် သူ လင်းလော့ချင်းကို ကြည့်သောအခါ လင်းလော့ချင်း၏ပုံရိပ်က သူ့မျက်၀န်းထဲ ထင်ဟပ်နေလေသည်။


လင်းလော့ကျင်းက မခံချိမခံသာမဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျိယွီရှောင်ကိုဒုက္ခိတစ်ယောက်ဟု တွေးနေခြင်းကြောင့်ဖြစ်သည်။ သို့သော် ယခုအခါ ကျိယွီရှောင်၏ချောမောမှုနှင့်ထူးခြားသည့် စိတ်နေ‌စိတ်ထားက ယခင်အတိုင်းဖြစ်နေလေသည်။


'သူသာ ဒုက္ခိတမဖြစ်ခဲ့ရင် ငါ သူ့ကို လက်ထပ်ခဲ့မှာ..."


လင်းလော့ကျင်းက လင်းလော့ချင်းကို လျစ်လျူရှူထားပြီး ကျိယွီရှောင်ကို စိုက်ကြည့်နေသည်ကို ချန်ဖုန်း မြင်သောအခါ အမြန်လှမ်းဆွဲလိုက်ကာ ထိုင်ခိုင်းလိုက်ပြီး လင်းလော့ချင်းကို ပြုံးကာ ပြောလိုက်သည်။


"ရှောင်ကျင်းက မူလက သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားမလို့လေ...ဒါပေမဲ့ သား ပြန်လာတယ်ကြားလို့ အမြန်ပြန်လာခဲ့တာ...သူက သူ့အစ်ကိုအကြောင်းကို အမြဲတွေးနေတာလေ..."


ထိုစကားကို ကြားသောအခါ လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ဖော်ရွေစွာ ခေါင်းငြိမ့်လိုက်သည်။


"ကျွန်တော် သိပါတယ်...ကျွန်တော်ညီက အရမ်းကောင်းတယ်...မဟုတ်ရင် သူက ကျွန်တော့်ကို ယွီရှောင်နဲ့ လက်ထပ်ဖို့ အခွင့်အရေး ပေးခဲ့မှာမဟုတ်ဘူး...‌ ကျေးဇူးအများကြီးတင်တယ် ရှောင်ကျင်း...မင်းကြောင့်သာ မဟုတ်ရင် ငါ့အတွက် မဆင်မခြင်ပြုမူပြီး ဒီအတွက် ဘယ်တော့မှ နောင်တ မရတဲ့လူကို ရှာ‌တွေ့ခဲ့မှာ မဟုတ်ဘူး...ကျေးဇူးပဲ..."


လင်းလော့ကျင်း :"..."


လင်းလော့ကျင်းက လည်ချောင်းထဲတွင် ယင်ကောင်များ ရှိနေသကဲ့သို့ ရွံ့ရှာစရာကောင်းသည့်ခံစားချက်ကို ခံစားလိုက်ရသည်။


ဒါက ဘာလဲ...


လင်းလော့ချင်းနဲ့ကျိယွီရှောင်ကို လက်ထပ်ခိုင်းခဲ့တာက လင်းလော့ချင်း ပျော်ရွှင်ဖို့ မဟုတ်ဘူး...သူ အရှက်မကွဲချင်လို့ပဲ...


လင်းလော့ချင်းက ကျိယွီရှောင်နဲ့ လက်မထပ်ချင်ဘဲ လက်ထပ်ရမယ်ဆို သုံးသန်းပေးဆိုပြီး သုံးသန်းတောင်းခဲ့တယ်လို့ သူ့အမေပြောခဲ့တယ်လေ...(သူက သိန်းလိုက် သန်းလိုက်နဲ့ 🥺)


ဘာလို့ သူ့ကို ကျေးဇူးတင်နေတာလဲ...


"တကယ်လား ..."


လင်းလော့ကျင်း သူ့ကို ကြည့်လိုက်သည်။


"အစ်ကိုရှောင်က မင်းအတွက် ဘာကို မဆင်မခြင် ပြုမူခဲ့တာလဲ..."


လင်းလော့ချင်းက တစ်ဖက်လူက ထိုအကြောင်းကို မကြားလိုက်သည်ကို သိသွားပြီး ပြောပြလိုက်သည်။


"ဘာရယ် မဟုတ်ပါဘူး...သူ့‌အဖေက ငါ့ကို သဘောမကျလို့ သူက ကုမ္ပဏီကနေ နုတ်ထွက်ပြီး ငါ့ကို လက်ထပ်ခဲ့တာလေ...ပြီးတော့ သူ့မိသားစုကို ဂရုမစိုက်တော့ဘူးလေ...ဒါက တော်တော် အဆင်အခြင်မဲ့တယ်...ဒါပေမဲ့အဖေနဲ့အဖေက အဲ့အတွက် စိတ်လှုပ်ရှားနေကြ တာ...မင်းရော စိတ်လှုပ်ရှားလား...'


လင်းလော့ကျင်း : “!!!”


သူ ကျိယွီရှောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သောအခါ ကျိယွီရှောင်ပြုံးနေသည်ကို မြင်လိုက်ရလေသည်။


ကျိယွီရှောင်က ပြုံးနေတယ်...လင်းလော့ချင်းစကားတွေကြောင့် ပြုံးနေတယ်...


သူ အရင်တုန်းက ကျိယွီရှောင်ရှေ့မှာ ရပ်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်...ဒါပေမဲ့ ဒီလူက သူ့ကို စက်ဆုပ်လို့ ထွက်သွားဆိုပြီး နှင်ခဲ့တယ်...ဒါပေမဲ့ အခု အဲ့လူက လင်းလော့ချင်းကြောင့် ပြုံးနေတယ်တဲ့လား...


လင်းလော့ကျင်း ယင်းကို လက်မခံနိုင်ပေ။


"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့...အစ်ကိုရှောင်က အဲ့လိုလူမျိုးမဟုတ်ဘူး..."


ပြောပြီးနောက် သူ ကျိယွီရှောင်ကို ကြည့်လိုက်ပြီး တစ်ဖက်လူထံမှ အဖြေကို စောင့်လိုက်သည်။


၎င်းကို မြင်သော ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး လင်းလော့ချင်းဆီမှ ကြားဖူးသည့် စကားကို ကိုးကားပြောလိုက်သည်။


"ဘာလို့ မဟုတ်ရမှာလဲ...တစ်ယောက်ယောက်က သူ့တောင်ပံတွေကို ချိုးလိုက်ရင် ငါ ကောင်းကင်ကို ဖျက်စီးပစ်မယ်...တစ်ယောက်ယောက်က သူ့ကို တားရင် ငါ အဲ့လူတွေကို သတ်ပစ်လိုက်မယ်...ဘုရားသခင်က တားရင်တောင် ဘုရားသခင်ကို သတ်ပစ်မယ်...

ငါ့အဖေက ခြွင်းချက်မဟုတ်ဘူး..."


လင်းလော့ကျင်း :"..."


ဘာပြောရမလဲ မသိသည့် အဖေလင်း : "..."


အလွန်အံ့ဩနေသည့် ချန်ဖုန်း :"..."


ကူရာမဲ့စွာ ခြေချောင်းလေးများ ကွေးမိသွားသည့် လင်းလော့ချင်း :"...."


ကောကောက ဒီစကားတွေကို ဘယ်လိုလုပ် မှတ်မိတာလဲ...


အရမ်းမိုက်တယ်...


ထိချက်က နှစ်ဆပဲ...