အပိုင်း ၃၀
Viewers 9k



🐹 အခန်း ၃၀

 ဝူယိလေးက ဒယ်ဒီ့ရဲ့ ကလေးလေးပါ 




ဝူဝမ်ချီ၊ သွမ့်ဝမ်ယွီနှင့် အခြားသူများလည်း အပြေးရောက်လာကြသည်။ မြေပြင်ပေါ်တွင် ကောက်ညှင်းထုပ်သဖွယ် ချည်နှောင်ထားခံရသည့် အဆင့် ၃ ဇွန်ဘီအား မြင်သည့်အခါ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချမိကြသည်။


အဆင့် ၃ ဇွန်ဘီအကြောင်း မေးမြန်တော့မည် ပြုစဉ်မှာပင် လူတိုင်းသည် သူတို့မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်ထဲတွင် ဖော့ဆို့ခံလိုက်သလို တုန်လှုပ်သွားကြလေသည်။


ကောင်ငယ်လေးသည် အရေပျော်နေသည့် သကြားလုံးကဲ့သို့ ငိုယိုကာ နျဲ့ရှောင်အား ပွေ့ဖက်လိုသော်လည်း နျဲ့ရှောင်၏ အံ့ဩလောက်ဖွယ်ရာ အရှောင်အတိမ်း စွမ်းရည်ကြောင့် ပွေ့ဖက်မရနိုင်ဘဲ ရှိနေလေသည်။


“အူးဟူးးး ဒယ်ဒီ.. ပေါင်ပေါင်းက အရမ်းကိုပဲ လွမ်းနေတာလို့..”


ထိုစကားအားကြားသည့်အခါ သွမ့်ဝမ်ယွီ၏ နားများ ပြန်လည်အသက်ဝင်လာပြီး သူအကြားမှားခဲ့ခြင်း မဟုတ်ပေ။


အထီးကျန်ခွေးတစ်ကောင်ဟု သူတို့တွေးထင်ခဲ့မိသည့် နျဲ့ရှောင်သည် တကယ်တမ်းတွင် ဤမျှလောက် အရွယ်ရောက်နေသည့် ကလေးတစ်ဦးအား သူတို့၏ မမြင်ကွယ်ရာတွင် တိတ်တဆိတ် ပျိုးထောင်ထားခဲ့လိမ့်မည်ဟု သူမည်သည့်အခါတွင်မျှ စိတ်ကူးထားခဲ့ဖူးခြင်း မရှိခဲ့ပေ။


ဝူဝမ်ချီသည် ကောင်ငယ်လေး၏အသက်အား ခန့်မှန်းလျက်ရှိသည်။ သူ၏လက်ချောင်းများအား ချိုးရေကာ တွက်ချက်လျက်ရှိပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြောလေသည်။


“ဖာ့.. ဘော့စ်ကတော့ ၇ နှစ် ၈ နှစ် လောက်ကတည်းက အရမ်းကို အရည်အချင်း ရှိနေခဲ့တာပါလား..”


ထိုစကားအား နားထောင်ရင်း ကျန်းချိုးသည် လုံးလုံးလျားလျား အရေးနိမ့်ကြောင်း ဝန်ခံလိုက်ရသည်။


ကလေးများနှင့် ပတ်သက်လာသည့်အခါ ဤနေရာတွင်ရှိသည့်လူတိုင်း ရှုံးနိမ့်သွားကြပြီ ဖြစ်သည်။


နျဲ့ရှောင်သည် သူ့အား ကပ်တွယ်နေသည့် ကောင်ငယ်လေးအားကြည့်ကာ ခေါင်းကိုက်လာမိသော်လည်း နှလုံးသားမာကြောစွာဖြင့် ကောင်ငယ်လေးအား အဝေးသို့ တွန်းလိုက်ပြန်သည်။ သူ၏မျက်လုံးများသည် အရည်လဲ့နေသည့် မျက်လုံးတစ်စုံအား ကြည့်လိုက်သည့်အခါ ထိန်းချုပ်မရနိုင်လောက်အောင် နူးညံ့လာမိသဖြင့် ကြမ်းတမ်းသည့် စကားများအား မပြောရဲလောက်အောင် ဖြစ်နေမိသည်။ ထို့ကြောင့် ချိုသာစွာဖြင့် ပြောရပြန်သည်။


“မင်းက လူမှားနေတာပါ.. ကိုယ်က မင်းရဲ့ ဒယ်ဒီ မဟုတ်ပါဘူး..”


သူ၏ ဒယ်ဒီအား ရှာတွေ့ပြီ ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေမိခဲ့သော ရှောင်ဝူယိသည် ရေအေးအေးဖြင့် လောင်းချခံလိုက်ရလေသည်။ သူ၏မျက်ရည်များ တစ်စက်ပြီးတစ်စက် စီးကျလာပြီး နျဲ့ရှောင်၏ လက်မောင်းအား ခိုအားလား ဝက်ဝံလေးကဲ့သို့ ဖက်တွယ်ကာ အလွန်ဝမ်းနည်းလို့နေသည်။


“အူးဟူးးးး ဒယ်ဒီက ပေါင်ပေါင်းရဲ့ ဒယ်ဒီပါဆို.. ဘာဖြစ်လို့ ကိုယ့်ပေါင်ပေါင်းကိုယ် မမှတ်မိရတာလဲလို့..” (ㅠ‸ㅠ)


ထို့နောက်တွင် ရှောင်ဝူယိသည် နျဲ့ရှောင်အား ပါးစပ်ဖွင့်ခွင့်ပင် မပေးတော့ချေ။ နေရာတွင်ရှိနေသည့် လူများသည် ကောင်ငယ်လေးသည် နျဲ့ရှောင်၏ ဝါသနာလေးများနှင့် အလေ့အကျင့်လေးများအား မိသားစုရတနာကဲ့သို့ တစ်ခုချင်း ရေတွက်ဖော်ထုတ်နေသည်ကို နားထောင်လိုက်ကြရသည်။


ပါးစပ်သေးသေးလေးမှာ စက်သေနတ်နှင့် တူလေသည်။ ‘တာတာတာ’ ဟူ၍ အဆက်မပြတ် ပြောဆိုသံနောက်တွင် နျဲ့ရှောင်၏ လျှို့ဝှက်ချက်လေးများ ထုတ်ဖော်ခံလိုက်ရတော့သည်။


“ဒယ်ဒီက ပေါင်ပေါင်းရဲ့ ဒယ်ဒီပါနော်.. ဒယ်ဒီက အားလပ်ရက်တွေဆိုရင် အိပ်ရာထဲမှာပဲ အချိန်ဖြုန်းရတာကို သဘောကျတယ်.. ပေါင်ပေါင်းဆီကနေ အနမ်းမရရင် လုံးဝ အိပ်ရာမထဘူး..”


“ဒယ်ဒီက မနက်ခင်း ရေချိုးချိန်တိုင်း တစ်နာရီထက် ပိုကြာအောင် ရေချိုးတတ်တယ်..”


“ဒယ်ဒီက ပန်းပွင့်ကိတ်လေးတွေ စားရတာကိုလည်း ကြိုက်ပေမဲ့ တခြားသူတွေကို လုံးဝမသိစေချင်ဘူး.. အထူးသဖြင့် ကျန်းချိုးချိုး သိသွားရင် မိန်းကလေးဆန်တဲ့အရာတွေကို ကြိုက်တယ်ဆိုပြီး စမှာစိုးလို့..”


“ဒယ်ဒီ့တင်ပါးအောက်မှာ မှဲ့နက်လေးတစ်လုံးလည်း ရှိသေးတယ်..”


……


“ဘူးဟူး.. ဒယ်ဒီက ပေါင်ပေါင်းရဲ့ ဒယ်ဒီ..” ໒( ˵ •‌ ᴗ •‌˵)


လူတိုင်း : “…”


နျဲ့ရှောင်မှာ ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ စိတ်ကူးကြည့်ခဲ့ဖူးခြင်း မရှိခဲ့ပေ။ စာအုပ်တစ်အုပ်အား အဖုံးဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။


ဝူဝမ်ချီနှင့် သွမ့်ဝမ်ယွီတို့သည် သတိမထားမိဘဲနှင့် နျဲ့ရှောင်၏ လျှို့ဝှက်ချက်လေးများအား ကြားလိုက်ကြရသည်။ နျဲ့ရှောင်အား မော့ကြည့်လိုက်သည့်အခါတွင် မျက်နှာထက်တွင် ‘အတိအကျ မှန်ကန်နေသည်’ ဟူ၍ ပြောနေလေသည်။ ထိုလျှို့ဝှက်ချက်များအား ကာကွယ်ဖို့ရန် ဘောစ့်၏ သတ်ဖြတ်ခြင်းခံရမည်ကို ကြောက်ရွံ့မိလာကြသည်။


ထိုအချိန်တွင် ကျန်းချိုးသည် လက်ပ်တော့တစ်လုံးထုတ်ကာ အရာအားလုံးအား မှတ်တမ်းတင်ထားချင်မိသည်။ ရယ်မောနေရသတွက် သူ၏ဝမ်းဗိုက်ပင် နာကျင်လာပြီး မျက်လုံးထောင့်တွင် မျက်ရည်စများ ရှိနေသည်။


“အဲတော့ မင်းက တကယ်ကြီး ပန်းပွင့်ကိတ်တွေစားရတာကို ကြိုက်တယ်ပေါ့.. ဟားဟားဟား.. မင်းစားရင် ငါမစပါဘူးကွ.. ဟားဟား.. ဒီအရွယ်ရောက်နေတာတောင် အိပ်ရာထဖို့ အနမ်းပေးရသေးတယ်ပေါ့..”


နျဲ့ရှောင် : “…”


ငါ့ရဲ့ တစ်သက်တာ ဂုဏ်သိက္ခာလေးတွေ..


မျက်ရည်စများဖြင့် သူ့အားကြည့်နေသည့် ကောင်ငယ်လေးအား ကြည့်ရင်း နျဲ့ရှောင်သည် ရုတ်တရက် ခပ်ရေးရေး ခန့်မှန်းမိလာသည်။


နျဲ့ရှောင်သည် ခေါင်းခါကာဖြင့် ထိုအတွေးအား ခေါင်းထဲမှထုတ်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ပြောလေသည်။


“ဒီကိုယ်ရေးအချက်အလက်တွေကို မင်းဘယ်နေရာကနေ သိလာသလဲဆိုတာတော့ ကိုယ်မသိဘူး.. အဲဒါတွေလောက်နဲ့တော့ ကိုယ်က မင်းရဲ့ ဒယ်ဒီဆိုတာ မဖြစ်နိုင်ဘူး..”


အဖွဲ့၏ အထီးကျန်ခွေးတစ်ကောင်ဖြစ်သူ နျဲ့ရှောင်သည် သူ့ထံတွင် မည်သည့်အမျိုးသမီးနှင့်မျှ ကလေးတစ်ဦး ရှိမလာနိုင်ကြောင်း လုံးဝသေချာလေသည်။ ဤမျှလောက် အရွယ်ရောက်နေသည့် သားတစ်ယောက်ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။


တိကျပြတ်သားသည့် စကားလုံးများအား ကြားလိုက်သည့်အခါ ဟမ်းစတားလေး၏ နူးနူးညံ့ညံ့ နှလုံးသားလေး ကွဲကြေသွားရသည်။ နှလုံးသားမဲ့သည့် ကြွက်တစ်ကောင်နှင့်တူသည့် နျဲ့ရှောင်အား မျက်ရည်များဝဲကာဖြင့် စိုက်ကြည့်နေမိသည်။


ဝူဝမ်ချီတို့သည် ထိုမြင်ကွင်းအား သည်းမခံနိုင်တော့ချေ။ စစ်မှန်သည့် စိတ်ခံစားချက်များဖြင့် ဤကောင်လေးမှာ သူ၏ သားအရင်း မဟုတ်သည့်တိုင် သူတို့ကြားတွင် အခြားသော ဆက်ဆံရေးများဖြင့် ချည်နှောင်နိုင်လေသည်။


ကျန်းချိုးသည် နျဲ့ရှောင်အား သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။


“မင်းက ကမ္ဘာပျက်ကပ် အစမှာ ဦးနှောက်ပျက်သွားတာတော့ မဟုတ်ဘူးမလား.. မင်းက လုံးဝကို အမှုမထားဘဲ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတာနေမယ်.. အခုတော့ ကိုယ့်ရဲ့ကလေးကိုယ် မမှတ်မိတော့ဘူး မဟုတ်လား.. မင်းမလိုချင်ဘူး ဆိုရင်လည်း ငါ့ကိုပေးလိုက်လေ..”


“မင်း လုပ်ရဲ—” 


နျဲ့ရှောင်သည် တွေးတောခြင်းမရှိဘဲနှင့် ပြောမိလိုက်သည်။


ကျန်းချိုးမှာ ဆွံ့အလို့နေမိသည်။


“ကျွတ်.. ကျွတ်.. မဟုတ်ဘူးလို့ ပြောနေတုန်းပဲပေ့ါ..”


နျဲ့ရှောင် : “…”


ပြီးသွားပြီ.. ငါက လှည့်စားခံလိုက်ရပြီ..


နျဲ့ရှောင်သည် သူ၏လက်မောင်းအား ဆုပ်ကိုင်ထားသည့် ကောင်ငယ်လေးအား ခေါင်းငုံ့ကာဖြင့် သေသေချာချာ ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ နူးညံ့သည့် မျက်ခုံးများသည် သူ့အား နားလည်ရခက်သည့် ရင်းနှီးကျွမ်းဝင်မှုအား ပေးလို့နေသည်။ ထိုကောင်လေးအား ကြည့်လေလေ သူ့မိသားစု၏ အကောင်ပေါက်ကလေးနှင့် တူလေလေဖြစ်သည်။


ထိုအချိန်တွင် နျဲ့ရှောင်၏ နှလုံးသားသည် တုံ့ဆိုင်းကာ မသိမသာ တင်းကြပ်လာပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာသည်။


“မင်း.. မင်းနာမည် ဘယ်လိုခေါ်လဲ..”


ရှောင်ဝူယိသည် နျဲ့ရှောင်အား နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ဖြေတော့မည် ပြင်စဉ်မှာပင် အဝေးမှအသံအား ကြားလိုက်ရပြီး နျဲ့ရှောင်၏ မေးခွန်းအား တိုက်ရိုက် ဖြေကြားလိုက်သည်။


“ဝူယိ!!!”


ရှဲ့ကျွင်းသည် ဆယ်ကျော်သက်လေး၏ လုံခြုံမှုအား စိုးရိမ်သည့်အတွက် အခြားသူများ၏ အရှေ့မှ ပြေးလာခြင်းဖြစ်သည်။ စိုးရိမ်စွာဖြင့် ကောင်ငယ်လေး၏ နာမည်အား ခေါ်လိုက်မိသည်။


အနားသို့ရောက်သည့်အခါ လုံခြုံဘေးကင်းစွာဖြင့် ရှိနေသည့် ကောင်ငယ်လေးအား မြင်တွေ့ပြီးနောက် သူ၏နှလုံးသားမှာလည်း တည်ငြိမ်နိုင်တော့သည်။ သို့သော်လည်း မဆူပူဘဲ မနေနိုင်ချေ။


သူတို့၏ ရှောင်ဘော့စ်*မှာ ရိုးရှင်းကာ ဖြူစင်ပြီး ချစ်စဖွယ်ကောင်းကာ ခပ်တုံးတုံးလေး ဖြစ်သဖြင့် ရှဲ့ကျွင်းသည် ခရီးစဉ်တစ်လျှောက် ရင်တမမ ဖြစ်ခဲ့ရသည်။


“အရမ်းအန္တရာယ်များတယ်နော်.. နောက်တစ်ခါ တစ်ယောက်တည်း ရှေ့ကိုပြေးမသွားရဘူး.. နားလည်လား..”


ရှဲ့ကျွင်းသည် ထိုသို့ပြောရင်း အနည်းငယ် ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။


“ဟုတ်သားပဲ.. အဆင့် ၃ ဇွန်ဘီက ဘယ်မှာလဲ.. အမ်.. ဘာဖြစ်လို့ ငိုနေတာလဲ.. ဘယ်သူက အနိုင်ကျင့်တာတုန်း..”


ရှဲ့ကျွင်းသည် ကောင်ငယ်လေး၏ နီရဲနေသည့် မျက်လုံးများကို ကြည့်နေရင်း သူတို့ပတ်ဝန်းကျင်တွင်ရှိသည့် လူ ၄ ဦးအား အထူးသတိပြုမိလိုက်သည်။


မျက်လုံးပင့်ကြည့်လိုက်သည့်အခါ လက်မောင်းများအား ရှောင်ဝူယိ၏ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသော နျဲ့ရှောင်အား မြင်တွေ့လိုက်ပြီး သူ၏စိတ်ထဲတွင် ‘ဖာ့ခ်’ ဟု အဆက်မပြတ် ရေရွတ်နေမိသည်။


“မင်းရဲ့ ဒယ်ဒီက အရမ်းငယ်တာပဲနော် ဝူယိရေ..”


“ဟူးဟူး.. သေချာတာပေါ့.. ငါ့ရဲ့ဒယ်ဒီက အငယ်ဆုံးနဲ့ အခံ့ညားဆုံးပဲ.. ဒါပေမဲ့ ဒယ်ဒီက ငါ့ကို မလိုချင်တော့ဘူးလေ..”


ရှောင်ဝူယိသည် ရှဲ့ကျွင်းအား မျက်ရည်များဝဲကာဖြင့် ကြည့်လိုက်ပြီး အလွန်ဝမ်းနည်း ရန်လိုသည့် လေသံဖြင့် ပြောလေသည်။ သူသည် သေးငယ်ကာ အားနည်းလှပြီး သနားစဖွယ်ကောင်းကာ ကူကယ်ရာမဲ့လို့နေသည်။


ရှဲ့ကျွင်း : “!???”


ရှဲ့ကျွင်းသည် နားမလည်နိုင်အောင် ဖြစ်နေပြီး ပြဿနာအား မသိနိုင်ချေ။ ရှဲ့ကျွင်းနောက်မှ လိုက်ပါလာကြသော ဝူဝမ်ယွီ၊ ရှောင်ယန်နှင့် အခြားသူများသည်လည်း ရောက်ရှိလာကြသည်။


ဝူဝမ်ယွီသည် ဘေးကင်စွာဖြင့် ရှိနေသည့် သူမ၏အစ်ကိုအား မြင်သည့်အခါ စိတ်လှုပ်ရှားနေမိသည်။ ခြေလှမ်းကျဲကြီးများဖြင့် ဝူဝမ်ချီထံသို့ ပြေးသွားကာ ပွေ့ဖက်လိုက်သည်။ ထိုအခြင်းအရာသည် သူ၏နံဘေးတွင်ရှိသည့် “ခုနစ်ဆွေးရှစ်ဆွေး လူအိုများ” အား အပိုင်းပိုင်းအစစ ပြိုလဲသွားစေသည်။


“ဟူးဟူးဟူး.. အစ်ကို.. နောက်ဆုံးတော့ ညီမလေး ရှာတွေ့ခဲ့ပြီလေ.. အစ်ကို အသက်ရှင်နေတာ အရမ်းကောင်းတာပဲ..”


ဝူဝမ်ယွီ၏ ရောက်ရှိလာမှုသည် တိတ်ဆိတ်မှုအား ဖြိုခွဲပြီး အမျိုးသား ၄ ဦး၏ သွင်ပြင်များအား ဖော်ထုတ်လိုက်လေသည်။


ဝူဝမ်ချီသည် ထိတ်လန့်မှင်တက်သည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာသည်။ သူ့ညီမလေး၏ ဦးခေါင်းအား ပွတ်လိုက်သည်။ သို့သော်လည်း သူ၏အကြည့်မှာ ကောင်ငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် အစုန်အဆန် ကြည့်နေမိပြီး သူမျက်နှာတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ထင်ဟပ်နေသည်။


ရှောင်ယန်သည် လေထုထဲရှိ ထူးဆန်းမှုအား ခံစားမိသဖြင့် သူမ၏ မျက်လုံးများသည် ထို ၄ ယောက်ထံ တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ပြီး စိတ်ထဲတွင် သံသယအပြည့် ရှိနေလေသည်။


“ရှင်တို့ ဘာဖြစ်နေကြတာလဲ..”


ဝူဝမ်ယွီသည် သူမအစ်ကို၏ လက်မောင်းများကြားမှ ခေါင်းထုတ်လိုက်ပြီးနောက် နုံးခွေကာ ပုံလျက်သားကျနေသည့် ရှောင်ဝူယိ၏ အသွင်အပြင်အား သတိပြုမိသည့်အခါ အံ့အားသင့်စွာဖြင့် ခေါင်းကလေး စောင်းလိုက်မိသည်။


“ဝူယိရေ.. ဘာဖြစ်လို့လဲဟင်.. နင့်ရဲ့ ဒယ်ဒီကို ရှာတွေ့တာ မပျော်လို့လား.. ဘာဖြစ်လို့ ငိုနေရတာလဲ..”


ရှောင်ယန်သည် ထိုအမည်အား ပထမဆုံးအကြိမ် ကြားလိုက်ရသော်လည်း တုံ့ပြန်ခြင်းမရှိပေ။ ထို့အစား သူမ၏နံဘေးတွင် ရှိနေသည့် နင်ဖုန်းမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏မျက်နှာအား လက်ဖြင့်အုပ်ကာ ကောင်ငယ်‌လေးအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။


“ဝူယိလား.. အလုပ်သမားနေ့လေး မဟုတ်ပါဘူးနော်..”


အမှန်တရားကြောင့် တုန်လှုပ်နေကြသည့် လူ ၄ ယောက်မှာ သူတို့၏ မျက်နှာများအား တစ်ပြိုင်နက်တည်း ပွတ်မိလိုက်ကြသည်။


များမကြာမီတွင် ငိုကြွေးနေခဲ့သည့် ကောင်ငယ်လေး၏ နူးညံ့သော်လည်း ဒေါသသံပါနေသည့် အသံလေးအား လူတိုင်းကြားလိုက်ရသည်။


“ဝူယိလေးက အလုပ်သမားနေ့ မဟုတ်ဘူး.. ဝူယိလေးက ဟမ်းစတားလေး..”


ထိုစကားအား ကြားသည့်အခါ ရှောင်ယန်၏ လှပသည့်မျက်လုံးများမှာ ထိတ်လန့်စွာဖြင့် ပြူးကျယ်လာသည်။ သူမသည် ဆယ်ကျော်သက်‌လေးအား ကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ရှိနေလေသည်။


——နျဲ့ရှောင်၏ နံဘေးတွင် ဝူယိဟု အမည်ရှိသည့် ဟမ်းစတားလေးတစ်ကောင် ရှိပြီး ထိုအချက်အား ရန်သူတော်ဟောင်းဖြစ်သည့် ကျန်းချိုးပင်လျှင် သိရှိထားလေသည်။


ရှဲ့ကျွင်း၊ ဝူဝမ်ယွီနှင့် အခြားသူများသည် ထိုအခြေအနေအား နားမလည်နိုင်သည့် မျက်နှာများဖြင့် ကြည့်နေကြသည်။ ထို့နောက်တွင် ရှောင်ဝူယိ၏ ပွေ့ဖက်ခံထားရသော ခံ့ညားပြီး နှစ်လိုဖွယ်ရှိသည့် အမျိုးသားသည် ရုတ်တရက် ခေါင်းငုံ့လိုက်သည်ကို မြင်လိုက်ကြရသည်။


သူ၏လေသံမှာ နူးညံ့သိမ်မွေ့လို့နေပြီး အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ကောင်ငယ်လေးအား ခေါ်လိုက်သည်။


“ချုံပေါင်ပေါင်း လား..”


ရှောင်ဝူယိသည် မျက်ရည်များဖြင့် နှာမှုတ်လိုက်သည်။ သူ့အား အသိအမှတ်ပြုလိုက်ပြီး ဖြစ်သော်လည်း ဆိုးသွမ်းသည့် ဒယ်ဒီဖြစ်သူ နျဲ့ရှောင်သည် သူ၏ နူးနူးညံ့ညံ့ နှလုံးသားလေးအား ထပ်မံကွဲကြေစေမည်ကို ခွင့်မပြုနိုင်သည့်အတွက် စကားမပြောချင်ပေ။


နျဲ့ရှောင်၏လက်မောင်းအားလွှတ်ကာ မျက်ရည်များ သုတ်ရင်း အဝေးသို့ လျှောက်သွားလိုက်သည်။


ဟမ်းစတားလေးတွေလည်း ဒေါသထွက်တတ်တယ်နော်.. ( *︶ ^︶)


“ဟွန့်.. ဒယ်ဒီက ပေါင်ပေါင်းကို မလိုချင်မှတော့ ပေါင်ပေါင်းကလည်း ဒယ်ဒီ့ကို လုံးဝ မလိုချင်တော့ဘူး..”


နျဲ့ရှောင်သည် ထိုစကားအား ကြားသည့်အခါ ချက်ချင်းပင် ထိတ်ထိတ်ပျာပျာ ဖြစ်လာမိသည်။ လူအများအပြားရှိနေသည့် နေရာတွင် နျဲ့ရှောင်သည် မသိလိုက်ဘဲနှင့် သူ၏ ဟမ်းစတားလေးအား ချော့မြူလေ့ရှိသည့် စကားများအား ပြောလိုက်လေသည်။


ထိုချွဲပစ်ပစ် စကားလုံးများမှာ နျဲ့ရှောင်အား ရှက်ရွံ့လာစေသော်လည်း ဤအချိန်တွင်မူ သူ့ကိုယ်သူ ဂရုမစိုက်နိုင်တော့ပေ။


ထိုအရာအား မကုစားမိလျှင် သူ၏ ပေါင်ပေါင်းအား ဆုံးရှုံးလိုက်ရပေမည်။


“ဒယ်ဒီက မှားပါတယ်ကွာ.. လာပြီးတော့ ဖက်ပေးပါဦး..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏စကားအား ကြားသည့်အခါ လှည့်ကြည့်လာပြီး လက်မောင်းများဖွင့်ဟကာ စောင့်ကြိုနေသည့် နျဲ့ရှောင်အား မြင်တွေ့လိုက်ရသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသည့်နောက်တွင် သည့်မခံနိုင်တော့သဖြင့် ငိုကြွေးကာ နောက်သို့ပြန်ပြေးလေသည်။


လမ်းတစ်ဝက်တွင် ရှောင်ဝူယိသည် သူ၏ ဟမ်းစတာအသွင်သို့ ပြန်ပြောင်းကာ လေထုထဲသို့ ခုန်ကာဖြင့် နျဲ့ရှောင်၏ မျက်နှာနှင့် ထိကပ်ပွေ့ဖက်လိုက်လေသည်။


နျဲ့ရှောင်၏ နှာတံမြင့်မြင့်အား ပွေ့ဖက်ကာ ‘ဝူးးး ချိဝူးးး ချိ..’ ဟူသည့် သနားစဖွယ် အသံလေးများအား ထုတ်လွှတ်နေလေသည်။


ထိုအပြုအမူမှာ ရှေ့နောက်မညီလှဘဲ တစ်လက်မပေးလျှင် တစ်မိုင်ယူသည်ဟု ဖော်ပြရပေမည်။


ရှဲ့ကျွင်း၊ ဝူဝမ်ယွီနှင့် အခြားသူများသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေမိပြီး ထိတ်လန့်တကြား အော်ဟစ်မိလိုက်ကြသည်။


“အာ—”


မှတ်ချက်။ ။ အရင်က ရှဲ့ကျွင်းတို့အဖွဲ့က ရှောင်ဝူယိကို တာ့ကောလို့ ခေါ်ကြတယ်လို့ ဘာသာပြန်ထားတာပါ။ အခု နျဲ့ရှောင်နဲ့ ပြန်ဆုံကြပြီဆိုတော့ နျဲ့ရှောင်ကို သူ့အဖွဲ့သားတွေက ဘော့စ်လို့ ခေါ်ကြတာနဲ့ ပနံသင့်အောင် ရှောင်ဝူယိကို ရှောင်‌ဘောစ့် (Little boss) လို့ ပြင်လိုက်ပါပြီ။ ( ๑‾‌◡‾‌)✨


မှော်ဆန်လှသည့် “မဟာဟမ်းစတားအသွင်ပြောင်းလဲခြင်း” မြင်ကွင်းသည် လူတိုင်းအား ထိတ်လန့် တုန်လှုပ်သွားစေသည်။ ထိုမြင်ကွင်းမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုသည့်အနေဖြင့် မျက်လုံးများပင် ပွတ်မိလိုက်ကြသည်။


မူလသွင်ပြင်အား ထုတ်ဖော်မိခဲ့သော စိတ်လှုပ်ရှားနေသည့် ရှောင်ဝူယိသည် ဒယ်ဒီဖြစ်သူ၏ မျက်နှာပေါ်တွင် ငိုကြွေးလျက်ရှိနေဆဲဖြစ်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။ သူ၏ လက်ဖဝါး ပိစိလေးများသည် နျဲ့ရှောင်၏ မျက်နှာပြင်ပေါ်မှ လျှောကျသွားပြီး နှာတံတစ်လျှောက် ကျဆင်းသွားလေသည်။


နျဲ့ရှောင်မှာ နူးညံ့ညံ့အမွေးလေးများ မျက်ရည်စများဖြင့် ပေကျံသွားလေသည်။ ဆန်မုန့်လုံးလေး ပြုတ်ကျတော့မည်ကို ခံစားမိသဖြင့် လက်တစ်ဘက်ဖြင့် ဖမ်းလိုက်ရသည်။


ဖက်ထုပ်လေးသည် ပြုတ်ကျသွားပြီး နျဲ့ရှောင်၏ ရင်ဘက်ပေါ် ဆင်းသက်လိုက်သည်။ ထို့နောက်တွင် ဒယ်ဒီဖြစ်သူ၏ လက်မအား ဖမ်းဆုပ်ကာ “ဝူးချိ ဝူးချိ” ဟူသည့် အသံလေးများဖြင့် ဆက်လက်ငိုကြွေးလေသည်။ ပဲစေ့လေးများနှင့်တူသည့် မျက်ရည်တို့သည် သူ၏ အမွေးဖွားဖွားလေးများအပေါ် တစ်စက်ချင်း လိမ့်ဆင်းကျလာပြီး ငိုရှိုက်သံများအကြား ကျို့ထိုးသံလေးများလည်း ပါဝင်နေလေသည်။


နျဲ့ရှောင်သည် ဤမြင်ကွင်းကို မြင်ရသည့်အတွက် နှလုံးသားလေး နူးညံ့သွားလေသည်။ လက်ချောင်းထိပ်ကလေးများဖြင့် ဆန်မုန့်လုံးလေး၏ ဦးခေါင်းလေးအား ညင်သာစွာ ပွတ်သပ်ပေးရင်း အလွန်နူးညံ့စွာဖြင့် နှစ်သိမ့်ချော့မြူလိုက်သည်။


“လိမ္မာတဲ့ ကောင်ကလေး.. မငိုနဲ့တော့နော်.. ဒယ်ဒီ့ရဲ့အမှားပါကွာ.. ဒယ်ဒီက ချုံပေါင်ပေါင်းကို မမှတ်မိခဲ့ဘူးဆိုတာ ကလေးလေးကို မလိုချင်တော့လို့ မဟုတ်ပါဘူးကွာ.. နော်..”


ထိုစကားအားကြားသည့်အခါ ဟမ်းစတားလေးသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီးနောက် မျက်ရည်များ စိုစွတ်နေသည့် မျက်လုံးလေးများဖြင့် နျဲ့ရှောင့်အား မော့ကြည့်လာသည်။ ထို့နောက်တွင် သူ၏ လက်ကလေးများနှင့် ခြေထောက်ကလေးများအား သုံးကာ နျဲ့ရှောင်၏ လက်မောင်းမှတဆင့် ပုခုံးပေါ်သို့ တွယ်တက်လာသည်။


နျဲ့ရှောင်၏ လည်ပင်းအား လက်ကလေးများဖြင့် ဖက်လိုက်ပြီး သူ၏ ခြေထောက်ကလေးအား ထောက်ကာဖြင့် နျဲ့ရှောင်၏ နားစည်ရှိရာသို့ အသာအယာ မှီတွယ်လိုက်သည်။


“ချွပ်...”


ဒယ်ဒီက ပေါင်ပေါင်းကို မလိုချင်လို့ မရဘူး..


နျဲ့ရှောင်သည် ဆန်မုန့်လုံးလေး ပြုလုပ်နေသည့်အရာအား န

ားလည်သည့်အတွက် ဤနေရာတွင် ရှိနေကြသူတိုင်းမှာ ဖြူဖွေးညီညာသည့် သွားတန်းတစ်ခုနှင့် ရှားရှားပါးပါး အပြုံးအား မြင်တွေ့လိုက်ကြရသည်။ သူ၏အပြုံးမှ တောက်ပလွန်းလှသဖြင့် အခြားသူများအား မျက်စိကျိန်းသွားတော့မတတ် ဖြစ်စေသည်။