Ch 9&10
Viewers 2k

Ch 9


နေရာလွတ်ထဲတွင် ပစ္စည်းများစွာရှိတာကြောင့် RV ကို အလှဆင်ရန် လုံလောက်တာထက် ပိုသည်။


ဝိန်ဖိန်က လှည့်ပတ်ပြေးနေပြီး ဝိန်ရှောင်ရှောင်ဆီကို ပြေးသွားပြီး "မေမေ ဒီကားက အရမ်းလှတယ်!"


"ကြိုက်လား ချစ်လေး?" ဝိန်ရှောင်ရှောင်က ဝိန်ဖိန်ကို ပြုံးပြုံးလေးဖြင့် ကြည့်နေသည်။


"ကြိုက်တယ်။" ဝိန်ဖိန်ရဲ့ ထွားကျိုင်းတဲ့ မျက်နှာလေးက နေရာလွတ်ထဲက အစားအစာတွေကြောင့် အရုပ်လေးလို ဖြူစင်ပြီး နူးညံ့ကာ ချစ်ဖို့ကောင်းနေသည်။


ဝိန်ရှောင်က ခြေထောက်တိုလေးလေးဖြင့် ဝိန်ရှောင်ရှောင်ထံသို့ ပြေးသွားပြီး "မေမေ ပွေ့"


ဝိန်ရှောင်ရှောင်က လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကလေးငါးယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ စတုတ္ထမြောက်ကလေးကလွဲပြီး ကျန်တဲ့လေးယောက်စလုံးက အလွန်ကျန်းမာကြသည်။


စတုတ္ထမြောက်ကလေး ဝိန်ရှောင် သွက်လက်ပြီး ရွှင်လန်းနေပုံရသော်လည်း တကယ်တော့ သူက တွယ်ကပ်နေတတ်ပြီး ကျန်တဲ့လေးယောက်လောက် ခန္ဓာကိုယ်က သန်မာခြင်းမရှိပေ။


ဝိန်ရှောင်ရှောင်က ဝိန်ရှောင်ကို မြေပြင်ပေါ်ကနေ ကောက်ယူပြီး စိုးရိမ်စိတ်ဖြင့် မေးသည်။ "ချစ်လေး ပင်ပန်းနေပြီလား"

 "မေမေ~"


ဝိန်ရှောင်ရဲ့ခန္ဓာကိုယ်က နေရာလွတ်ထဲက စိတ်ဝိညာဉ်ရေကို အများအပြား သောက်သုံးနေသော်လည်း အားနည်းနေဆဲဖြစ်သည်။ စတုတ္ထမြောက်ကလေးက အားနည်းနေတာကို သိပြီး ကျန်တဲ့လေးယောက် ဂရုတစိုက် ဆက်ဆံကြပြီး အငယ်ဆုံးဖြစ်တဲ့ ဝိန်ဖိန်က သူမအစ်ကိုပေါ် အလွန်နူးညံ့သိမ်မွေ့လှသည်။


ဝိန်ရှောင်ရှောင်က ဝိန်ရှောင်ကို သူမရင်ခွင်ထဲ ထည့်ထားပြီး "ချစ်လေးတို့ ပြန်ကြရအောင်" ဆိုပြီး သူတို့လေးယောက်ကို အော်ပြောလိုက်သည်။


ဝိန်ရှောင်ရှောင်က ဝိန်ရှောင်ကို ပွေ့လျက် RV မှ ထွက်လာပြီး ကလေးလေးယောက်က နောက်က‌ လိုက်လာခဲ့သည်။


ညတွင်


မေလက ဖြစ်ပေမဲ့ ရာသီဥတုက သိသာထင်ရှားကာ ပိုအေးလာသည်။


ဝိန်ရှောင်ရှောင်က ရေချိုးခန်းထဲမှ ထွက်လာတဲ့အခါ ကလေးငါးယောက်က ကုတင်ပေါ်မှာ နာခံစွာထိုင်ပြီး ချစ်စဖွယ် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။


ဝိန်ရှောင်ရှောင်က ပြုံးပြီး မေးသည်။ "ဘာဖြစ်နေတာလဲ ချစ်လေးတို့ ဘာလို့ မေမေကို စိုက်ကြည့်နေကြတာလဲ?"


ဝိန်ရှောင်ရှောင်က ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ ဝိန်ရှောင်ကို သူမရဲ့ရင်ခွင်ထဲတွင် ထားလိုက်ကာ အနည်းငယ် စိတ်ဆိုးနေပုံရတဲ့ ကလေးငါးယောက်ကို ကြည့်ပြီး "မေမေ့ချစ်လေးတွေကို ဘယ်သူက စိတ်‌ဆိုးအောင်လုပ်လိုက်တာလဲ"


ကလေးငါးယောက် အသံတိတ်နေကြသည်။ သိပ်မကြာခင်မှာပဲ ဝိန်ဖိန်က "မေမေ ဒီနေ့လည်က RV ဝယ်ဖို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အဒေါ်တစ်ယောက် ရောက်လာတယ်။ သူမက မေ‌မေရဲ့သူငယ်ချင်းလို့ ပြောပေမယ့် သမီးအစ်ကိုနဲ့ သမီးက မယုံလို့ သူမအတွက် တံခါးမဖွင့်ပေးလိုက်ဘူး။ သူမက သမီးနဲ့ အစ်ကိုတွေကို အဖေမရှိတဲ့ လူယုတ်မာလေးတွေလို့ ခေါ်တယ်။"


ဝိန်ဖိန်က မကျေနပ်စွာဖြင့် ပြောပြသည်။ သူမမျက်လုံးထဲကနေ မျက်ရည်တွေ ကျလာကာ စိတ်မကောင်းဖြစ်‌တာကို ထိန်းထားပုံပေါ်သည်။ ဝိန်ရှောင်ရှောင့် စိတ်ဆင်းရဲနေတဲ့ပုံပေါ်နေတဲ့ သူမရဲ့မျက်နှာကို ညင်သာစွာ ထိလိုက်ပြီး "မေမေ့ကို ဘာလိုစောစော မပြောတာလဲ။"


ဝိန်ရှောင်ရှောင်ရဲ့ မျက်လုံးများက အေးစက်နေပြီး လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်‌နေသည်။ သူမ ရှိနေရက်နဲ့ ကလေးတွေကို လူယုတ်မာတွေလို့ ခေါ်တဲ့သူကို သူမ သိသည်။


စာအုပ်ထဲက အမျိုးသမီးဇာတ်လိုက် ပိုင်ရှောက်လန်ပင် ဖြစ်သည်။ သူမက မူရင်း အမျိုးသမီးဇာတ်လိုက်ဖြစ်နေရင်တောင် ကမ္ဘာပျက်ကပ်ရောက်တဲ့အခါ သူမကို သတ်ပစ်ရန် တွန့်ဆုတ်နေမှာ မဟုတ်ပေ။


ဝိန်မိုက နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်လိုက်သည်။ ဝိန်ဟိန်က တိတ်ဆိတ်နေပြီး ဝိန်ရန်ရဲ့အပြုံးက ပျောက်ကွယ်သွားကာ ဝိန်ရှောင်က ရင်ခွင်ထဲကနေ သူမကို ကြည့်နေပြီး သူမရဲ့အဖြေကို စောင့်မျှော်နေကြသည်။


"မေမေ သားတို့က အဖေမရှိရင် လူယုတ်မာတွေလား?" ဟု တိတ်ဆိတ်နေတဲ့ ဝိန်ဟိန်က ရုတ်တရက် ပြောလိုက်သည်။


"ချစ်လေးတို့မှာ ဖေဖေမရှိတာ မဟုတ်ဘူး။ ချစ်လေးတို့‌ဖေဖေက တိုင်းပြည်ကို ကာကွယ်နေတဲ့ သူရဲကောင်းတစ်ယောက်မို့လို့ ချစ်လေးတို့ကို လာမတွေ့နိုင်သေားတာ။ ချစ်လေးတို့ဖေဖေက နောက်ရက်အနည်းငယ်ကြာရင် ပြန်ရောက်လာလိမ့်မယ်" ဝိန်ရှောင်ရှောင်က သူတို့အဖေက ဘယ်သူလဲဆိုတာ မသိပေ။ သူတို့လေးရဲ့အဖေဆိုတော့ သူ့အကြောင်းကို အဖြူရောင်မုသား သုံးလို့ရတယ် မဟုတ်လား။


ဝိန်ရှောင်ရှောင်က ကလေးငါးယောက်ကိုကြည့်ပြီး အပြစ်ရှိသလို ခံစားရသည်။ အစက သူမက ဖခင်မရှိဘဲ နေ့တိုင်းပျော်ရွှင်စွာနေထိုင်မည်ဟု သူမထင်ခဲ့သော်လည်း သူတို့ရဲ့အမူအရာတွေကို မြင်တဲ့အခါတွင် ပြည့်စုံတဲ့မိသားစုနဲ့ ဖခင်ကိုတောင့်တနေကြောင်း ဝိန်ရှောင်ရှောင် သိလိုက်ရသည်။


ဝိန်ရှောင်ရှောင် မသိခဲ့တာက သူတို့ရဲ့အဖေက တိုင်းပြည်ကို ကာကွယ်နေတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူမတို့ဆီကို ရောက်လာတော့မယ်ဆိုတာပါဘဲ။


ချင်းရဲ့က တွေ့ရှိတဲ့ အချက်အလက်ကို ပေါင်ရီ့လန်ကို ပေးလိုက်သည်။


"ဗိုလ်မှူးချုပ် ဒါက အဲဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။" ချင်းရဲ့က ပေါင်ရီ့လန်ရဲ့နောက်ကျောကို ကြည့်ရင်း ပြောလိုက်သည်။


"ကောင်းပြီ! အခု ထွက်သွားလို့ရပြီ။ တစ်ခုခုလိုရင် ဖုန်းဆက်လိုက်မယ်။" လို့ ပေါင်ရီ့လန်က ပြောသည် ။


Ch 10


ပေါင်ရီ့လန်က သူ့လက်ထဲက အချက်အလက်တွေကို အမူအရာမပြောင်းဘဲ ကြည့်လိုက်သည်။


ပထမဆုံး အကြည့်ရောက်တာက ငယ်ရွယ်ပြီး နုပျိုတဲ့ မျက်နှာလေး၊ လခြမ်းလေးလို တောက်ပနေတဲ့ မျက်လုံးနဲ့ ပါးချိုင့်လေးပါကာ တောက်ပစွာ ပြုံးနေတဲ့ မျက်နှာလေး ဖြစ်သည်။


ဝိန်ရှောင်ရှောင် ကလေးတစ်ယောက်ရှိတဲ့ အသက် 23 နှစ်အရွယ် အမျိုးသမီးတစ်ယောက်။ သူမရဲ့မိဘတွေက သူမ အသက် 15 နှစ်မှာ ကားမတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပြီး အဲဒီကတည်းက သူမတစ်ယောက်တည်း နေထိုင်ခဲ့သည်။


မိဘတွေ ထားရစ်ခဲ့တဲ့ငွေကြေးဖြင့် သူမက ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်တစ်ခုသို့ တက်ရောက်ခဲ့သည်။ အသက် 18 နှစ်တွင် သူမက ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကာ အမည်မသိလူတစ်ယောက်နဲ့ ကိုယ်ဝန်ရခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။


ပေါင်ရီ့လန်က ပိုဖတ်လေ ဒေါသပိုထွက်လေ ဖြစ်သည်။


"ဒူ...ဒူ……"


ဖုန်းမြည်သံက ပေါင်ရီ့လန်ရဲ့ အတွေးတွေကို ချိုးဖျက်လိုက်သည်။


အေးစက်တဲ့မျက်လုံးများဖြင့် ပေါင်ရီ့လန်က စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းကို ကြည့်ပြီး ဖုန်းဖြေလိုက်သည်။


"ရီ့လန် ချီရှီနဲ့ စေ့စပ်ထားတာကို ဘာလို့ ဖျက်လိုက်တာလဲ။ သူမ ဘယ်လောက်ဝမ်းနည်းနေလဲ သိလား" ပေါင်ရီ့လန်ရဲ့အမေ ယွဲ့ယွီ့နာက မေးသည်။


ပေါင်ရီ့လန်က မထီမဲ့မြင် ပြုံးလိုက်ပြီး "အမေ အိုက်ချီရှီက ဘာလုပ်ခဲ့တာလဲ သိလား? အမေက ကျွန်တော်ကို မေးခွန်းတွေ လာမေးနေတယ်"


"အမေမသိဘူးမလား ကျွန်တော် ပြောပါရစေ။ သူမက အရှက်မဲ့ပြီး ညစ်ပတ်တယ်။ သူမက အထက်တန်းကျောင်းမှာ တခြားအမျိုးသားတွေနဲ့ အတူအိပ်ခဲ့ပြီး တက္ကသိုလ်မှာ ယောက်ျားများစွာနဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။"


"လွန်ခဲ့တဲ့ငါးနှစ်က W City Country Z မှာ ဆေးခတ်ပြီး ကျွန်တော်နဲ့ အတူအိပ်ဖို့ ကြိုးစားခဲ့တယ်။ ထူးဆန်းတဲ့ အခြေအနေတွေကြောင့် သူမအစား မိန်းကလေးတစ်ယောက်နဲ့ အိပ်ခဲ့ရပြီး အဲဒီမိန်းကလေးရဲ့ အနာဂတ်က ကျွန်တော်နဲ့ သူမကြောင့် ပျက်သုဉ်းခဲ့ရသလိုတယ်။ ကျွန်တော်က မစ်ရှင်တစ်ခုရှိလို့ သူမကို ချက်ချင်းမရှာလိုက်ရဘူး။"


"ကိုယ်ဝန်ရှိလို့ ကျောင်းထုတ်ခံခဲ့ရတယ်။ အမေက ကျွန်တော်ကို သူမလို့ အရှက်မဲတဲ့မိန်းမကို လက်ထပ်စေချင်တာလား? ဒါမှမဟုတ် အပြစ်ကင်းတဲ့ မိန်းကလေးနဲ့ လက်ထပ်စေချင်တယ်လား? အမေပြောကြည့်?"


ပေါင်ရီ့လန်ရဲ့အမေက ဖုန်းထဲမှာ အသံတိတ်နေသည်။ သူမကက သူ့ဘေးမှာ ငိုနေတဲ့ အိုက်ချီရှိကို ကြည့်လိုက်တော့ အမေ‌ပေါင်ကလည်း သူမစိတ်ထဲမှာ စိုးရိမ်မှုတွေရှိနေသည်။


သူမသားက ငယ်ငယ်လေးကတည်းက စကားနည်းသည်။ သူမသားက အိုက်ချီရှီထက် အဲဒီအမည်မသိအမျိုးသမီးကို လက်ထပ်ချင်တယ်လို့ ဆိုလိုနေသည်။


အိုက်ချီရှီကို ငယ်ငယ်လေးကတည်းက ကြီးပြင်းလာတာကို ကြည့်ပြီး သူမနဲ့ သူမရဲ့အမေက သူငယ်ချင်းကောင်းတွေဖြစ်သည်။ သူမတွင် သမီးမရှိတဲ့အတွက် အိုက်ချီရှီကို သဘာဝအတိုင်း ချစ်‌ခဲ့သည်။


ဒါပေမဲ့……


သူမသားပြောတာကို ယုံသည်။


ပေါင်ရီ့လန်က အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူ့မိခင်ရဲ့အသံကို မကြားရတာကြောင့် "ချင်းရဲ့က အမေဆီကို အချက်အလက်တွေ ပို့ပေးဖို့ ကျွန်တော် ပို့ခိုင်းလိုက်မယ်။ အဲဒါကို ကြည့်ပြီးတဲ့အခါ ကျွန်တော် ဘာလို့ စေ့စပ်ထားတာကို ပျက်လိုက်တယ်တာလဲဆိုတာ အမေ နားလည်ပါလိမ့်မယ်။"


ထိုစကားကိုပြောပြီးနောက် သူသည် ဖုန်းကိုချကာ "ချင်းရဲ့" ဟု အေးစက်စက်အသံဖြင့် အော်လိုက်သည်။


ချင်းရဲ့က တံခါးကနေ ဝင်လာပြီး "ဗိုလ်ချုပ်"


"ဒီစာရွက်စာတမ်းနှစ်ခုကို Emperor Villa ကို သွားပေးလိုက်" ဟု ပေါင်ရီ့လန်က အေးဆေးတည်ငြိမ်စွာ အမိန့်ပေးပါသည်။


ချင်းရဲ့က ဖိုင်ကို ယူပြီး ထွက်သွားသည်။


ဝိန်ရှောင်ရှောင်ရဲ့ မျက်နှာက ပေါင်ရီ့လန်ရဲ့ စိတ်ထဲတွင် ပေါ်လာပြီး 'အိုက်ချီရှီထက် ချစ်စရာကောင်းတဲ့ ကောင်မလေး' ဟု တွေးနေမိသည်။


လွန်ခဲ့တဲ့ငါးနှစ်က W City မှာ သူ့အစ်ကိုရဲ့ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဆေးခတ်ထားတဲ့ ဝိုင်တစ်ခွက်ကို မှားသောက်မိပြီး အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ခဲ့သည်။


ထိုကိစ္စကို မစုံစမ်းခင်မှာ သူ့အထက်အရာရှိတွေက သူ့ကို ပြတိုက်တစ်ခုက ပျောက်ဆုံးသွားတဲ့ ရတနာတွေကို စုံစမ်းဖို့ Country M ကို စေလွှတ်လိုက်ပါသည်။ ခက်ခဲတဲ့အတွက် ပျောက်ဆုံးသွားတဲ့ ရတနာတွေကို ရှာဖွေဖို့ လေးနှစ်ကျော် အချိန်ယူခဲ့ရသည်။


ရန်သူရဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို သတိမထားမိဘဲ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခံရခဲ့သည်။ နှလုံးမထိဖို့ 0.001 မီလီမီတာသာ ရှိတော့သည်။ သူ သတိမေ့မြောနေတာက တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး အခုမှ နိုးလာတာ ဖြစ်သည်။


သူ မသေတာ အံ့ဩစရာပါဘဲ။ သူ့အထက်လူကြီးတွေက သူ့ကို တာဝန်ပြန်မထမ်းဆောင်ခင် တစ်နှစ်လောက် အနားယူခိုင်းသည်။


အိုက်ချီရှီနဲ့ လက်ထပ်ဖို့ကို သူ မေ့မြောနေချိန်မှာ သူ့အမေက သဘောတူခဲ့ပေမယ့် သူ သဘောတူတယ်လို့ မဆိုလိုပါ‌ပေ။


သူကြောင့် နာကျင်ခဲ့ရတဲ့အမျိုးသမီးအပေါ် အပြစ်ရှိသလို ခံစားရပြီ သူမနဲ့ တစ်ခါမှမတွေ့ဖူးတဲ့ကလေးကို တွေ့ပြီး ပြုပြင်ဖို့စီစဉ်ထားသည်။


ချင်းရဲ့က နာရီဝက်အကြာတွင် Emperor Villa ကို ရောက်ရှိလာပြီး စာရွက်စာတမ်းကို ပေါင်ရီ့လန်ရဲ့မိခင်ကို ပေးကာ ထွက်လာခဲ့သည်။


အိုက်ချီရှိက မျက်မှောင်ကြုတ်သွားပြီး ‌‌ ပေါင်ရီ့

လန်ရဲ့မိခင်လက်ထဲရှိ အချက်အလက်များကိုကြည့်ရင်း နှလုံးသားထဲတွင် မသက်မသာဖြစ်ကာ ပြင်းထန်တဲ့ သတိပေးချက်ကို ခံစားလိုက်ရသည်။