Ch 7
"ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က သိရင် အဲဒါက လျှို့ဝှက်ချက် မဟုတ်တော့လေ။ တခြားသူက ယူသွားလိမ့်မယ်။ ချစ်လေးတို့ သဘောတူလား?" ဝိန်ရှောင်ရှောင်ကက သူတို့ကို ရှင်းပြသည်။
“မလုပ်ဘူး မလုပ်ချင်ဘူး။” ဝိန်ဖိန်က ပလုတ်တုတ်နဲ့တူစွာ ခေါင်းကို အပြင်းအထန်ခါယမ်းပြီး ပြောသည်။
ကျန်တဲ့လေးယောက်ကလည်း ခေါင်းယမ်းပြသည်။ ဝိန်မိုက ဉာဏ်ကောင်းတာကြောင့် သူတပါးကို ဘာလို မပြောပြရတာလဲဆိုတာကို သဘာဝကျကျ သိသည်။
လူတွေက တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကြောင့် ဒီလိုအရာတွေရှိတယ်ဆိုတာ တစ်ယောက်ယောက်သိရင် မေမေ အန္တရာယ်ကျရောက်မှာ သေချာပါသည်။ မေမေက သူတို့ကိုပြောပြဖို့ ဆန္ဒရှိတယ်ဆိုတာ မေမေက သူတို့ကို ယုံကြည်လိုဖြစ်သလို သူတို့လေးတွေက သူမသားသမီးတွေ ဖြစ်တာကြောင့်လည်း ဖြစ်နိုင်သည်။
ဝိန်ရှောင်ရှောင်က သူတို့ ဘယ်လောက်တောင် နာခံလည်းဆိုတာကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားသည်။
"ဒါဆို ချစ်လေးတို့ ဒီမှာနေချင်လား? အပြင်ထွက်ချင်လား? မေမေက အပြင်ထွက်ရဦးမှာ။"
ကလေးငါးယောက်က ခေါင်းမော့ပြီး ဝိန်ရှောင်ရှောင်ကို အံသြတဲ့ အမူအရာတွေဖြင့် ကြည့်လိုက်သည်။
"ညနေပြန်လာရင် မေမေက ချစ်လေးတို့ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်။ နားထောင်ပြီးသွားရင် ချစ်လေးတို့ သိလိမ့်မယ်။" ဝိန်ရှောင်ရှောင်က သူတို့ကို ကြည့်ပြီး မပြောသင့်ဘူးလို့ ခံစားမိပေမယ့် သူတို့ကို ပြောပြတာက ပိုကောင်းမယ်လို့ ထင်တဲ့ပြီး သူတို့က စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရင် ကူကယ်ရာမဲ့တယ်လို့ မခံစားရတော့ပေ။
"ကောင်းပြီ သားတို့ ဒီမှာနေမယ်။" ဝိန်ဖိန်နဲ့ ဝိန်ဟိန်က ပြောသည်။
ဘာလို့လဲဆိုတော့ သူတို့အားလုံး ဒီနေရာကို အရမ်းသိချင်ပြီး စူးစမ်းချင်နေလို့ ဖြစ်သည်။
ဝိန်မိုက တခြားနေရာကို သွားပြီး ဟိုကြည့်ဒီကြည့်နဲ့ စွဲမက်ဖွယ် ကောင်းတဲ့အရာကို ရှာတွေ့ခဲ့သည်။ သူက တခြားကလေးတွေထက် အများကြီး ရင့်ကျက်လာပေမယ့် သူက ကလေးပဲ ရှိပါသေးသည်။
"ဒါဆို ချစ်လေးတို့ ဒီမှာပဲနေ။ ရေကစားခွင့်မရှိဘူး။" ဝိန်ရှောင်ရှောင်က သူမ လိုချင်တဲ့အဖြေကို ရခဲ့ပြီး သူတို့ငါးယောက်ကို သေချာမှာသည်။
သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာတွင် အပြုံးမရှိဘဲ သူတို့ကို လေးလေးနက်နက် ကြည့်နေသည်။
ဝိန်ရှောင်ရှောင်က နေရာလွတ်ထဲမှ မထွက်သွားခင် သူတို့အားလုံးက နာခံမှုဖြင့် ခေါင်းညိတ်ပြသည် ။
ဝိန်ရှောင်ရှောင်က လက်ကားဈေးကို ကားမောင်းသွားပြီး ဆန်၊ ခေါက်ဆွဲ၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်စသည်ဖြင့် တခြားအရာ အမြောက်အမြားဝယ်ယူခဲ့သည်။
ဆောင်းရာသီအတွက် ၀တ်စုံနဲ့ တခြားပစ္စည်းတွေဝယ်ဖို့ တခြားနေရာတွေကို သွားသည်။
ဝိန်ရှောင်ရှောင်က ဆေးဆိုင်သို့သွားပြီး အအေးမိပျောက်ဆေး၊ အဖျားကျဆေး၊ ရောင်ရမ်းမှု သက်သာစေတဲ့ဆေး၊ ဂွမ်းစများ၊ ပိတ်စများနှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများကို ဝယ်ယူခဲ့သည်။
အရာရာတိုင်းက ပိုက်ဆံအများကြီး ကုန်ကျသည်။
ဝိန်ရှောင်ရှောင်က ပင်ပန်းလွန်းလို့ ကားထဲမှာ မောဟိုက်နေသည်။
"ဟူးဟူး..."
သူမက တကယ်ကို ပင်ပန်းနေပြီ။ သူမသာ အချိန်ကူးပြောင်းနိုင်ရင် ဒီနေရာကို မလာပေ။ ထိုသတ္တဝါအားလုံးက လူသားစားသတ္တဝါများ ဖြစ်သည်။
သူမက သတ္တိရှိသော်လည်း ဇွန်ဘီများကို တိုက်ခိုက်ရန် သတ္တိမရှိပေ။
ဝိန်ရှောင်ရှောင်က ဒီလိုဆိုးရွားတဲ့ ကူးပြောင်းမှုအကြောင်း စိတ်ထဲတွင် ငြီးတွားနေသည်။
ကားပြတင်းပေါက်ပေါ် လက်တင်ပြီး စည်ကားနေတဲ့ မြို့ကို ကြည့်လိုက်ပြီး မကြာခင်မှာ ကြောက်စရာကောင်းတဲ့ ကမ္ဘာပျက်ကပ်တစ်ခုအဖြစ်ကို ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို တွေးတောနေသည်။ သူတို့တွေ ဘယ်လိုခံစားရမလဲဆိုတာကို သူမ သိချင်သည်။
တစ်ချိန်က သူမက သူမရဲ့သူငယ်ချင်းနဲ့ "Train to Busan" ဟုခေါ်သော ဇွန်ဘီရုပ်ရှင်ကို ကြည့်ခဲ့ဖူးသည်။
"ကမ္ဘာကြီးရဲ့အဆုံးက တစ်နေ့တကယ်ရောက်လာရင် ငါတို့ ဘာဖြစ်သွားမလဲ။" လို့ ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်လဲ၊ သိပ်အများကြီး မစဉ်းစားပါနဲ့” လို့ သူမသူငယ်ချင်းတွေက လှောင်ပြောင်သည်။
သူမ အရင်က ပြောဖူးတဲ့ စကားတစ်ခွန်းက ဝိန်ရှောင်ရှောင်ရဲ့ စိတ်ထဲမှာ ပေါ်လာသည်။
ဒါပေမယ့် အခုတော့ အမှန်ဖြစ်နေပြီ။ ဝိန်ရှောင်ရှောင်က ငိုချင်လို ခံစားရသည်။
"ဝူးဝူးဝူး...."
သူမမှာ ဘာလို့ ဒီလောက်ဆိုးတဲ့ ပါးစပ်ရှိနေရတာလဲ။ နည်းပြတစ်ယောက် ဖြစ်ရတာ မလုံလောက်သေးဘူးလား။ ဘာမှလုပ်စရာမရှိရင် သူမတပည့်တွေကို နှိပ်စက်လို့ရတယ်။ ဘာလို့ ဒီလိုပြောလိုက်ရတာလဲ။
(သူမတပည့် be like: ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့လဲ)
အိုကေ အခုတော့ တကယ် ဖြစ်နေပြီ။ သူမက ကလေးငါးယောက်နဲ့ တကယ်နစ်မွန်းနေသည်။ ဝိန်ရှောင်ရှောင်က တကယ် ငိုချင်နေခဲ့သည်။
ခါးသီးတဲ့ မျက်နှာဖြင့် ဝမ်းနည်းစွာ ခေါင်းကို ရိုက်လိုက်သည်။
ထို့နောက် ဖြူဖွေးနူးညံ့တဲ့ မုန်လာဥ ငါးယောက်အကြောင်းကို သူမ ပြန်တွေးကြည့်မိသည်။ ချစ်စရာကောင်းကြတယ် ဒါပေမဲ့.....
ဒီလိုမျိုး သန်မာတဲ့ မျိုးဗီဇတွေနဲ့ ကြီးပြင်းလာဖို့အတွက် အဲဒီလူက ဘာစားခဲ့လဲ မသိပေ။
ဒီလိုနဲ့ သူမက ကလေးငါးယောက် မွေးဖွားခဲ့တယ်။
ထိုအချိန်တွင် အပြစ်တင်ခံနေရတဲ့ အပြစ်သား ပေါင်ရီ့လန်က ပြင်းပြင်းထန်ထန် နှာချေတော့သည်။
ဝိန်ရှောင်ရှောင် တွေးနေတာတွေကို သူသိရင် "ဒါက နားလည်မှုလွဲနေတာပါ။ ငါတို့မိသားစုက မျိုးဆက်နဲ့ချီပြီး ကလေးတစ်ယောက်ဘဲ မွေးတာ။ သူ့မျိုးဆက်မှာ ကံကောင်းပြီး သူနဲ့ သူ့အစ်ကိုဘဲ မွေးလာတာ။" လို့ သေချာပေါက် ပြောမှာ ဖြစ်သည်။
Ch 8
ထိုနေ့တွင် ဝိန်ရှောင်ရှောင်က ကလေးငါးယောက်ကို ကမ္ဘာပျက်ကပ်ရဲ့တည်ရှိမှုနဲ့ ထိုအချိန်တွင်း ဖြစ်ပျက်မည့်အရာများကို ရှင်းပြခဲ့သည်။
ဒါပေမယ့် သူတို့ငါးယောက်ထဲက တစ်ယောက်မှ ကမ္ဘာပျက်ကပ်က ဘာလဲဆိုတာကို နားမလည်နိုင်ခဲ့ပါပေ။နောက်ဆုံးမှာတော့ ဝိန်ရှောင်ရှောင်က ရှင်းပြတာကို စွန့်လွှတ်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ဝိန်ရှောင်ရှောင်က အခုလအတွင်း ပစ္စည်းများကို ဝယ်ယူနေပါသည်။ သူမ အွန်လိုင်းမှဝယ်ထားတဲ့ အဝတ်အစားများနဲ့ အခြားပစ္စည်းများရောက်ရှိနေပြီ ဖြစ်သည်။
ဝိန်ရှောင်ရှောင်က ငှားထားတဲ့ ဂိုဒေါင်ကို ပြန်မပေးခင် ပစ္စည်းတွေကို သူမရဲ့ နေရာလွတ်ထဲကို ထည့်ထားလိုက်သည်။
စားနပ်ရိက္ခာ၊ နေ့စဥ်သုံးပစ္စည်းများ၊ ဆေးဝါး...
သူမက အရာအားလုံးနီးပါးကို ဝယ်ယူခဲ့သည်။ ထို့အပြင် ကမ္ဘာပျက်ကပ် ရောက်လာတဲ့အခါတွင် သူမက ပစ္စည်းများကို သိမ်းထားနိုင်ပြီ ဖြစ်သည်။
မက်မွန်ပင်များ၊ သစ်တော်သီးပင်များ၊ စပျစ်ပင်များ၊ ပန်းသီးပင်များ၊ လိမ္မော်ပင်များနဲ့ အခြားစိုက်ထားတဲ့ အပင်များအားလုံးက ပွင့်လန်းပြီး အသီးများသီးနေတာကြောင့် ဝိန်ရှောင်ရှောင်က အလွန်ပျော်ရွှင်နေသည်။
ဟင်းသီးဟင်းရွက်များကလည်း ကြီးရင့်လာပြီး အစက မြုံနေတဲ့မြေကို စိမ်းလန်းစိုပြေတဲ့ နေရာအဖြစ် ပြောင်းလဲသွားသည်။ ဒါ့အပြင် မူလ 10 ဧက ကနေ 15 ဧကအထိ ချဲ့ထွင်ခဲ့ပြီး မြစ်အသစ်က ရေတွင်းရေကန်နဲ့ ဆက်စပ်နေပုံရသည်။
၎င်းက သူမကို မယုံနိုင်စရာ တစ်ခုခုကို ရှာဖွေတွေ့ရှိစေပြီး သူမရဲ့ဘိုးဘေးက မသေနိုင်တဲ့ ပြုစုပျိုးထောင်သူဖြစ်ကြောင်းကိုလည်း သူမက သိခဲ့ရသည်။ နေရာလွတ်အထဲတွင် စိုက်ပျိုးရေးအတွက် သက်စောင့်ဆေးဗူးပေါင်းများစွာနဲ့ "စိုက်ပျိုးမှုနည်းပညာ" စာအုပ်ကိုလည်း တွေ့ရှိခဲ့သည်။
ထိုအချိန်မှစပြီး ဝိန်ရှောင်ရှောင်က အချိန်ရတဲ့အခါ နေရာလွတ်ထဲမှာ စိုက်ပျိုးခြင်းကို လေ့ကျင့်ခဲ့သည်။
စိုက်ပျိုးမှုကို Foundation Building၊ Jinshi၊ Completion၊ Dagong၊ Nascent Soul၊ Golden Soul နှင့် Golden Pill ဟူ၍ အဆင့် 7 ဆင့် ခွဲခြားထားသည်။
ဝိန်ရှောင်ရှောင်က လက်ရှိတွင် Golden Soul နဲ့ လေးလှမ်းသာ ကွာတဲ့ Foundation Building ရဲ့ 5 ဆင့်မြောက်တွင် ရှိနေသည်။
သူမရဲ့ နေရာလွတ်အတွင်း ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်များက သူမရဲ့ စိုက်ပျိုးမှုကို လျင်မြန်စွာ တိုးတက်စေတာကြောင့် ၎င်းက သူမအတွက် ဘေးကင်တဲ့ အာမခံချက်တစ်ခု ဖြစ်သည်။
ထိုအချိန်တွင် ကလေးငါးယောက်က စူးစမ်းချင်စိတ်ပြင်းပြနေကြသည်။ ဝိန်ရှောင်ရှောင် ဂရုမစိုက်မိချိန်တွင် ခြင်ဆီသန့်ဆေးတစ်လုံးကို ယူစားလိုက်ပြီး မထင်မှတ်စွာဖြင့် သူတို့ငါးဦးက ပြုစုပျိုးထောင်နိုင်ခဲ့ကြသည်။
ထိုအရာကို ဝိန်ရှောင်ရှောင် သိသွားတဲ့အခါတွင် သူမက ကလေးငါးယောက်ကို ကြိမ်းမောင်းသည်။ သူတို့ကို မကျွေးရခြင်းမှာ နောက်ဆက်တွဲ ဆိုးကျိုးကို သည်းမခံနိုင်မှာ စိုးရိမ်တာကြောင့်ဖြစ်သည်။
ကံကောင်းစွာနဲ့ ကလေးငါးဦးရဲ့ ပြုစုပျိုးထောင်မှုစွမ်းရည်က အလွန်ကောင်းမွန်နေပြီး သူတို့က Foundation Building ရဲ့ ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
အချိန်အများစုတွင် သူတို့က လေ့ကျင့်ရန် နေရာလွတ်တွင်သာ နေကြသည်။
ဝိန်ရှောင်ရှောင်က နေရာလွတ်ထဲမှ ထွက်လာပြီး အချိန်ကို ရေတွက်လိုက်ရာ မေလက ဖြစ်နေပြီ ဖြစ်ကာ ကမ္ဘာမဆုံးခင် ရက် 50 ကျော်ကျော်သာ ရှိတော့သည်ကို သိလိုက်ရသည်။
ဝိန်ရှောင်ရှောင်က ဒါကိုစဉ်းစားပြီး သူမ RV တစ်စီး မဝယ်ရသေးဖူးဆိုတာ သိလိုက်ရသည်။ သူမက ရိက္ခာပြင်ဆင်ရန် အပြင်ထွက်ပြီး ထိုအကြောင်းကို စုံစမ်းခဲ့သည်။
ဒီနေ့တော့ RV ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။
မကြာခင်က သူမ ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေကို စိတ်ထဲတွင် မှတ်ထားလေ့ရှိသည်။
ဒီလိုနဲ့ သူမက လူစည်ကားတဲ့ နေရာက ကားအရောင်းဆိုင်ကို မောင်းသွားသည်။
Bao မိသားစု ကားရောင်းဝယ်ရေး
Bao Group ကုမ္ပဏီက ဖွင့်လှစ်ထားတာ ဖြစ်သည်။
(Ml မိသားစုကပါ)
ဝိန်ရှောင်ရှောင်က ကားကိုရပ်လိုက်ပြီး ကားများကို တစ်စီးပြီး တစ်စီးကြည့်ကာ သူမလက်များ အနည်းငယ်ယားယံလာသည်။
"မိန်းကလေး မင်း ဘာလိုအမျိုးအစား ရချင်လို့ပါလဲရှင့်" ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးငယ်က ညင်သာစွာ မေးသည်။
ဝိန်ရှောင်ရှောင်က အဝေးကို လှမ်းကြည့်ပြီး မျက်တောင်ခတ်ကာ နှုတ်ခမ်းလှုပ်ကာ သူမကို ကြည့်ပြီး "ဒီမှာ RV တစ်စီးရှိလား" ဟု မေးသည်။
"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ" အမျိုးသမီးငယ်က ဝိန်ရှောင်ရှောင်ကိုကြည့်ပြီး သူမလိုချင်တဲ့ ကားရှိသည့် နေရာကို ခေါ်သွားခဲ့သည်။
RV တန်းတွင်
"အကျယ်ဆုံးက ဘယ်လောက်စတုရန်းမီတာလဲ" လြိ့ ဝိန်ရှောင်ရှောင်က မေးသည်။
"186 စတုရန်းမီတာ ပေါက်ဈေးက 5 သိန်းပါ" ဟု အမျိုးသမီးငယ်က ပြောသည်။
"ကောင်းပြီ အဲဒါကိုပြပါ။"
ဝိန်ရှောင်ရှောင်က အဲဒါကိုကြည့်ပြီး ကျေနပ်သလို ခံစားလိုက်ရတဲ့အတွက် ချက်ချင်းငွေချေပြီး ဝယ်လိုက်သည်။
စီးလာခဲ့တဲ့ကားကို ယွမ် 1 သန်းနဲ့ ရောင်းလိုက်သည်။
ဝိန်ရှောင်ရှောင်က ဓာတ်ဆီဆိုင်ကို မောင်းနှင်လာပြီး ကားဆီကုန်သွားတဲ့အခါ ၎င်းကို အသုံးပြုနိုင်ရန် လောင်စာဆီ 10 ဗူးဝယ်ခဲ့သည်။
ဝိန်ရှောင်ရှောင်က RV နဲ့ အိမ်ပြန်ရောက်လာတဲ့အခါ ကလေးငါးယောက်က စူးစမ်ချင်စိတ်တွေ ပြည့်နေသည်။
RV တွင် စုစုပေါင်း အထပ်နှစ်ထပ်ပါရှိပြီး ပထမထပ်တွင် အခန်းသုံးခန်းနှင့် မီးဖိုခန်းတစ်ခု ရှိသည်။ ဒုတိယထပ်တွင် အခန်းငါးခန်းရှိပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်ရေချိုးခန်းရှိသည်။
ဒါပေမဲ့ အထဲမှာ ပစ္စည်းအနည်းငယ်သာရှိတာကြောင့် ဝိန်ရှောင်ရှောင်က တစ်ချို့ပစ္စည်းတွေကို ဝယ်ဖို့ လိုအပ်နေသေးပြီး နေရာကလည်း သင့်တော်ပါသည်။