Ch 5
ဝိန်ရှောင်ရှောင်က သူမကို တစ်ယောက်ယောက်က စုံစမ်းနေမှန်း မသိပေ။
နောက်နေ့မနက်မှာ ဝိန်ရှောင်ရှောင်က စောစောထပြီး ထမင်းချက်ဖို့ မီးဖိုချောင်ထဲ သွားလိုက်သည်။ သူမတွင် လုပ်စရာများစွာ ရှိနေသဖြင့် နှောင့်နှေးလို့မရပေ။ လုပ်ရမဲ့အရာတွေ မှားသွားရင် မကောင်းပေ။
မနက်စာ စားပြီးနောက် သူမရဲ့ ရတနာ 5 ယောက်ကို ကြည့်ပြီး "ချစ်လေးတို့ ဒီနေ့တော့ မေမေလုပ်စရာလေးရှိလို့ အိမ်မှာ နေနိုင်မလား။"
ကလေးငါးယောက်က ဝိန်ရှောင်ရှောင်ကို ချစ်စရာကောင်းတဲ့ မျက်လုံးကြီးဖြင့် ကြည့်ကာ ချစ်စဖွယ်အသံဖြင့် "မေမေ~"
ရပ်! ရပ်လိုက်တော့!
ဒီနေ့တော့ မေမေက သူတို့ကို အပြင်မခေါ်သွားပေ။ အဲအစား သူမက ပြန်ရောက်တဲ့အခါ လျှို့ဝှက်ချက်တစ်ခု ပြမယ်လို့ ကတိပေးကာ ဝိန်ရှောင်ရှောင်က သူတို့ကို ညင်သာစွာ ချော့သည်။
"ဟုတ်ပြီ ကတိနော်" ဝိန်ဖိန်နဲ့ ဝိန်ရန်တို့က ပြောသည်။ပြောသည်။
"ဟုတ်ပြီ မေမေ သွားပြီနော်။ သူစိမ်းတွေ လာရင် တံခါးမဖွင့်ပေးနဲ့နော်" ဝိန်ရှောင်ရှောင်က ကလေးငါးယောက်ကို ကြည့်ပြီး မှာနေသည်။
အကြီးဆုံးဖြစ်တဲ့ ဝိန်မိုက အရွယ်ရောက်နေတဲ့ လူကြီးလေသံဖြင့် "မေမေ အငယ်လေးတွေကို သား ကောင်းကောင်းဂရုစိုက်ပေါ့မယ်။ မေမေ စိတ်ချလက်ချ သွားနိုင်ပါတယ်။"
ဝိန်ရှောင်ရှောင်က ထိုင်ချလိုက်ပြီး သူ့ပါးကို နမ်းလိုက်သည်။
"သားသားက အရမ်းလိမ္မာတာဘဲ။ တကယ့်ကို မေမေရဲ့ ရတနာလေးဘဲ။"
ဝိန်မိုက ချီးကျူးခံရတဲ့အတွက် ရှက်သွားကာ မျက်နှာနီရဲသွားသည်။
ဝိန်ဟိန်နဲ့ ဝိန်ရှောင်တို့က "မေမေ သားတို့လည်း ရတနာလေးတွေလေ။" လို့ ပြောကာ အသိအမှတ် ပြုခံချင်ကြသည်။
"ဟုတ်တယ် ဟုတ်တယ် ချစ်လေးတို့ အားလုံးက မေမေရဲ့ ရတနာလေးတွေ။ ဒါကြောင့် မေမေ ပြောတာကို နားထောင်နော်။ မေမေ သွားတော့မယ်။" ဝိန်ရှောင်ရှောင်ရဲ့ လေသံက နူးညံ့သိမ်မွေ့နေပြီး သူမမျက်လုံးထဲတွင် မြတ်နိုးမှုတွေ ပြည့်နှက်နေသည်။
ပြောပြီးတာနဲ့ သူမက လွယ်အိတ်ကို ယူပြီး ထွက်လာခဲ့သည်။
ဝိန်ရှောင်ရှောင်က မျိုးစေ့ဈေးကွက်ကို ကားမောင်းသွားခဲ့သည်။ သူမ online ကနေ ဝယ်ထားတာက မလုံလောက်ပေ။
"လောင်ပန် ဒီမှာ မျိုးစေ့တွေ အများကြီး ရှိလား?" ဝိန်ရှောင်ရှောင်က သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ကို မေးသည်။
(လောင်ပန် = သူဌေး)
သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး "စိတ်မပူပါနဲ့။ ကျွန်တော်တို့မှာ မျိုးစေ့ အကုန်ရှိပါတယ်။ လူကြီးမင်းလိုချင်တာ ရှိပါတယ်။" လို့ ပြောသည်။
ဝိန်ရှောင်ရှောင်က ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ အမျိုးအစားက တော်တော်စုံတာကို တွေ့လိုက်ရသည်။ သူမက ကြင်နာပုံရပြီး သူမကဲ့သို့ မိန်းကလေးကို မလှည့်စားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီ တစ်မျိုးစီကို အထုပ်တစ်ရာ ပေးပါ။" လို့ ဝိန်ရှောင်ရှောင်က သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက အံ့ဩလွန်းလို့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ "မိန်းကလေး တကယ် ဝယ်မလို့လား။"
"ဟုတ်တယ် အပင်စိုက်ရတာ ကြိုက်တဲ့ သူငယ်ချင်းအတွက် ဝယ်ပေးတာပါ။" လို့ ဝိန်ရှောင်ရှောင်က အဖြူရောင်မုသားကို ပြောလိုက်သည်။
သူမတွင် ရွေးချယ်စရာမရှိပေ။ ဒီလိုမှ မပြောရင် သူမကို သံသယဝင်ပြီး နောက်ကျရင် ပြဿနာ ဖြစ်လာနိုင်သည်။
အထုပ်တစ်ရာက အမျိုးအစားပေါင်း 1000 ကျော်အထိ ရှိမည် ဖြစ်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့မိန်းမကို ခေါ်ပြီး ဝိန်ရှောင်ရှောင်အတွက် မျိုးစေ့တွေကို စတင် ထုပ်ပိုးသည်။ အိတ်ကြီး 6 အိတ် ရလာပြီး အချိန်တော်တော် ယူလိုက်ရပြီး သူမကားပေါ် တင်လိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက အမြန်တွက်ချက်ပြီး "မိန်းကလေး ဒါက စုစုပေါင်း ယွမ် 10,050 ကျပါတယ်။ ယွမ် 10,000 ဘဲပေးလိုက်ပါ။"
"ကောင်းပြီ" ဝိန်ရှောင်ရှောင်က ဖုန်းကို ထုတ်ပြီး QR code ကို စကင်န်ဖတ်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားထံ ငွေလွှဲလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက တော်တော်သဘောကောင်းတယ်လို့ ခံစားရတဲ့အတွက် သူမက "လောင်ပန် နောက်ထပ်လိုအပ်ရင် ဝယ်ဖို့ ပြန်လာခဲ့ပါမယ်။" လို့ ပြောလိုက်သည်။
"ကောင်းပြီ" လို့ သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောသည်။
ကားထဲမှာ ထိုင်ရင်း ဝိန်ရှောင်ရှောင်က လျှို့ဝှက်ထောင့်တစ်ခုကို မောင်းလာပြီး နေရာလွတ်ထဲတွင် မျိုးစေ့အားလုံးကို သိမ်းလိုက်သည်။
ထို့နောက် ဈေးကို သွားပြီး ကြက်မ 5 ကောင်၊ ကြက်ဖ 2 ကောင်၊ ဘဲ၊ ငန်း၊ သိုး (ဆိတ်)၊ ငါး ..... စသဖြင့် အကုန်လုံး ဝယ်ခဲ့သည်။
ဈေးထဲမှာ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲ၊ ပေါင်မုန့်နဲ့ တခြားဖြည့်စွက်စာတွေကို အမြောက်အမြား ဝယ်ခဲ့သည်။ သယမက ပစ္စည်းများ ဝယ်ရာတွင် အဖြူရောင်မုသားကို ပြောခဲ့သည်။
ဝိန်ရှောင်ရှောင်က အရင်က ဂိုဒေါင်တစ်လုံးကို ငှားရမ်းခဲ့ပြီး ထိုနေရာတွင် ပစ္စည်းများကို သိမ်းဆည်းရန် ရည်ရွယ်ထားပြီး နောက်ကျမှ နေရာလွတ်ထဲ လွှဲပြောင်းသည်။
စားစရာများကို ဝယ်ပြီးနောက် ဝိန်ရှောင်ရှောင်က အိမ်သာသုံးစက္ကူ၊ မျက်နှာသုတ်ပုဝါ၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာရည်၊ ကလေးသုံးပစ္စည်းနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူခဲ့သည်။
ဝိန်ရှောင်ရှောင်က သူမ အများကြီးမဝယ်မိဘူးဟု ခံစားမိသော်လည်း နေ့လယ်ရောက်နေပြီဖြစ်ကာ ထမင်းချက်ရန် အိမ်ပြန်ရတော့မည် ဖြစ်သည်။
Ch 6
အိမ်ပြန်ရောက်တဲ့အခါ ဝိန်ရှောင်ရှောင်က ဆိုဖာပေါ်တွင် နာခံစွာ ထိုင်နေတဲ့ သူမရဲ့ အဖိုးတန် ကလေးငါးယောက်ကို ကြည့်လိုက်သည်။ TV ကြည့်တဲ့သူက TV ကြည့်၊ အတုံးကစားတဲ့သူက ကစားနေကြကာ လိမ္မာနေကြသည်။
ဝိန်ဖိန်က အသံတချို့ကြားပြီး တံခါးကို လှမ်းကြည့်သည်။
"မေမေ ပြန်လာပြီ" ဟု ဝိန်ရှောင်ရှောင်က ပြုံးပြီး ပြောသည်။
"မေမေ~" ဝိန်ဖိန်က ဆိုဖာပေါ်ကနေ ပြေးဆင်းပြီး ဝိန်ရှောင်ရှောင်ရဲ့ ခြေထောက်ကို ပွေ့ဖက်ပြီး ချစ်စရာကောင်းတဲ့ အမူအရာဖြင့် ကြည့်နေသည်။
"မေမေ သမီး ဒီနေ့အရမ်းလိမ္မာတယ်နော်။" ဝိန်ဖိန်က ဝိန်ရှောင်ရှောင်က ရယ်မောလိုက်ပြီး သူမမျက်နှာပေါ်တွင် 'သမီးကို မြန်မြန်ချီးမွမ်းပါ မေမေ' လို့ ပြောနေသည်။
"ဟုတ်တယ် ချစ်လေးက အရမ်းတော်တယ်။ မေမေ အားလုံးအတွက် ထမင်းချက်ပေးမယ်။"
ဒါပေမဲ့ ဝိန်ရှောင်က ကျေနပ်ပုံမပေါ်ပေ။ သူ့မေမေက သူ့ကို ဂရုမစိုက်တာကို မြင်တော့ နှုတ်ခမ်းလေးစူက စိတ်ပျက်သွားပုံ ပေါ်နေသည်။
ဖြူစင်တဲ့ သူ့မျက်နှာက မကျေနပ်များဖြင့် ပြည့်နှက်နေကာ "မေမေ သားတို့လည်း လိမ္မာတယ်လေ။"
ဝိန်ဟိန်နဲ့ ဝိန်ရန်တို့က ဆိုဖာပေါ်ကနေ ဆင်းကာ ဝိန်ရှောင်ရှောက်ရဲ့ ခြေထောက်ကို ပွေ့ဖက်ပြီး "မေမေ သားတို့လည်း လိမ္မာတယ်လေ။"
ဝိန်ရှောင်ရှောင်က သူတို့ရဲ့ ခေါင်းကို ပွတ်သပ်လိုက်ကာ ဆိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်တဲ့ နှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက် စိတ်ရှုပ်တဲ့ အမူအရာနဲ့ နောက်တစ်ယောက်က မျက်နှာတည်ဖြင့် ထိုင်နေသည်။
ဝိန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ရင်း သူမသားအကြီးဆုံးက 4 နှစ်အရွယ်မှာ ဘာလို့ ဒီလောက်တောင် ရင့်ကျက်နေရတာလဲဆိုတာ သိချင်သွားသည်။
ထို့နောက် သူမက စိတ်ခံစားချက်များကို ရှင်းလင်းလိုက်ပြီး စိတ်ဆိုးနေတဲ့ ဝိန်ရှောင်ကို ကြည့်လိုက်သည်။
သူမက သူ့ဘေးကို သွားပြီး ခေါင်းကို ပွတ်သပ်ကာ "ရှောင်ရှောင် ဘာဖြစ်တာလဲ? စိတ်ဆိုးနေတာလား?"
"မဟုတ်ဘူး!" ဝိန်ရှောင်က မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ငြင်းလိုက်သည်။
စိတ်ထဲတွင် 'ဒီလောက်တောင် ထင်ရှားနေတာကို။ လာမချော့ဘူး။ မေမေက အလိုက်တာ။'
"ရှောင်ရှောင်က မေမေက ထမင်းချက်ရအုံးမှာ။ နောက်မှ အားလုံးကို လျှို့ဝှက်နေရာကို ခေါ်သွားပေးမယ်နော်။" လို့ ဝိန်ရှောင်ရှောင်က တိုးတိုးလေး ပြောသည်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ဝိန်မိုရဲ့ မျက်လုံးများက တောက်ပလာသည်။ တစ်နည်းနည်းဖြင့် သူ့မေမေ ပြောင်းလဲသွားတယ်ဆိုတာ ခံစားရသည်။
ဝိန်ရှောင်က ခေါင်းညိတ်ပြီး "မေမေ မြန်မြန်လုပ်!"
ဝိန်ရှောင်ရှောင်က ထမင်းချက်ရန် သွားကာ အဖိုးတန်ကလေးငါးယောက်က ဧည့်ခန်းထဲတွင် နေနေသည်။
ဝိန်ဖိန်က ဝိန်မိုရဲ့အနားကို သွားပြီး သူ့ကို ပွေ့ဖက်ကာ "ကိုကို ညီမတို့မှာ ဖေဖေရှိလား။"
ဝိန်ဖိန်က စူးစမ်းချင်စိတ် ပြည့်နှက်နေပြီး သူမတို့ငါးယောက်တွင် အစ်ကိုကြီးက ဉာဏ်အထက်ဆုံးနဲ့ အပြတ်သားဆုံးဆိုတာ သူမ သိတာကြောင့် သူ့ကိုမေးခြင်း မမှားနိုင်ပေ။
ဝိန်မိုက သူ့ရင်ခွင်ထဲတွင် သူ့ညီမလေးကို ကြည့်ပြီး အသံတိုးတိုးဖြင့် "ကိုကိုတို့မှာ ဖေဖေ မရှိတာ ဖြစ်နိုင်တယ်။ ကိုကိုတို့က ဖားတွေလိုမျိုး မွေးလာတာ ဖြစ်နိုင်တယ်။"
ဝိန်ဖိန်က တစ်ခစ်ခစ် ရယ်မောရင်း သူမအစ်ကိုကြီးကို "ညီမတို့ကို မေမေ မွေးတာက မဟုတ်ဘူးလား။ ကိုကိုက အကုန်လုံး မသိဘူးဘဲ။ ကိုကိုက အလိုက်တာ။"
ဝိန်ဟိန်၊ ဝိန်ရန်၊ ဝိန်ရှောင်တို့ သုံးယောက်စလုံးက "ဟားဟားဟား" လို့ အသံကျယ်ကြီးနဲ့ ရယ်သည်။
ဝိန်မိုရဲ့ မျက်နှာက စိတ်ဆိုးနေပုံ ပေါ်နေပြီး ဝိန်ဖိန်က "ကိုကို ဒါဆို ညီမလေးတို့ ဖေဖေက ဘယ်မှာလဲ။"
"မသိဘူး။" ဝိန်မိုက ဉာဏ်ကောင်းပေမဲ့ လေးနှစ်ဘဲ ရှိသေးသည်။ သူတို့မှာ အဖေရှိတယ်ဆိုတာ သိပေမဲ့ သူဘယ်မှာလဲဆိုတာ မသိပေ။
ထိုအချိန်တွင် ကလေးတွေရဲ့ အတင်းတုပ်ခြင်းကို ခံနေရတဲ့ ပေါင်ရီ့လန်က ကြိမ်ပေါင်းများစွာ နှာချေခဲ့သည်။
"နေ့လယ်စာ စားချိန် ရောက်ပြီ" လို့ ပြောကာ ဝိန်ရှောင်ရှောင်က ထမင်းပန်းကန်တွေကို သယ်ပြီး မီးဖိုချောင်ကနေ ထွက်လာသည်။
ကလေးတွေက လက်ဆေးဖို့ သွားကြသည်။
ရိုးရှင်းစွာ အိမ်တွင် ချက်ပြုတ်စားသောက်ပြီးနောက် ဝိန်ရှောင်ရှောင်က ကလေးငါးယောက်ကို သူမရဲ့ လျှို့ဝှက်နေရာကို ခေါ်သွားခဲ့သည်။
"ဝါး မေမေ ဒီနေရာက ဘယ်ကလဲ?" လို့မေးကာ ဝိန်ရှောင်က ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။
ဝိန်မိုလည်း သိချင်နေပြီး သယမ ဘာပြန်ပြောမလဲဆိုတာ သိချင်စွာနဲ့ ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်သည်။
"ဒါက မေမေရဲ့ လျှို့ဝှက်နေရာ။ ဒီအကြောင်းကို ဘယ်သူကိုမှ မပြောဘူးလို့ ကတိပေးနိုင်လား။" လို့ ဝိန်ရှောင်ရှောင်က သူတို့ကို လေးလေးနက်နက် မေးလိုက်သည်။
"ဘာလိုလဲ?" လို့ ဝိန်ဖိန်က မေးလိုက်သည်။