Chapter 176
ရိုက်ကူးရေးနေရာသို့ လေယာဥ်ဖြင့်သွားစဥ် ချီရှင်းချန်က ပိုင်ရဲ့ကိုမေးလိုက်သည်။
"ကောရဲ့ခွင့်ပြုချက်မရဘဲ ဆုံးဖြတ်ချက်ချလို့ ကျွန်တော့်ကို အပြစ်တင်နေလားဟင်"
"မတင်ပါဘူး"
ပိုင်ရဲ့က ပြောသည်။
"မင်းနေရာမှာ ကိုယ်ဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်ချက်ချလိမ့်မယ်...ကိုယ် မင်းအတွက် ဂုဏ်ယူတယ်"
"ရဲ့ကော…"
ချီရှင်းချန်က ပိုင်ရဲ့၏ ပုခုံးပေါ်ကို မှီလိုက်သည်။
"ကောကျွန်တော့်ကို မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ...ကျွန်တော်ကောကိုအမြဲတမ်းသဘောကျနေမှာပါ"
ပိုင်ရဲ့က သူ့မေးစေ့ကို ချီရှင်းချန်၏ခေါင်းနှင့်ပွတ်လိုက်ပြီး "အင်း" ဟု ဆိုသည်။
ရိုက်ကူးရေးရေူကို ရောက်သည့်အခါမှာမှောင်နေလေပြီ။ ထုတ်လုပ်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ချိန်အတွင်း ပေါ်မလားနိုင်ခဲ့သည့်အတွက် တောင်းပန်သည့်အနေဖြင့် ချီရှင်းချန် နှင့် ပိုင်ရဲ့က အဖွဲ့သားအားလုံးကို တစ်ဝိုင်းကျွေးခဲ့သည်။
ရိုက်ကူးရေးမှာ အတားအဆီးအရှိဆုံးအရာက ကိုယ်ရေးကိုယ်တာခံစားချက်ဖြစ်၏။စည်းမျဥ်းစည်းကမ်းအရ ဖွင့်ပွဲအပြီး နောက်တစ်နေ့တွင် သူတို့နှစ်ဦး မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မပြောဘဲ "သင်နှင့်ကျွန်ုပ်" ရိုက်ကူးရေးတွင် ပါဝင်ရိုက်ကူးခဲ့သည်။
"သင်နှင့်ကျွန်ုပ်"ရုပ်ရှင်၏နောက်ခံဇာတ်လမ်းက 60ခုနှစ်များကနေ 90ခုနှစ်များအထိဖြန့်ကျက်ထားသည်။60 ခုနှစ်းတွင်, ဇာတ်လိုက်ရှန်းရှင်းကို အလွန်သာမန်ကျသောမိသားစုတွင်မွေးဖွားခဲ့သည်။သားသမီးတွေ အစားစားနိုင်ရေးအတွက် ရှန်းမိသားစုက သားသမီးများကို ပညာတွေသင်ယူရန် ဆပ်ကပ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုအရာက ရှန်းရှင်း၏ဘဝအစဖြစ်သည်။
ရုပ်မြင်သံကြားလူကြိုက်မများသေးသည့်ခေတ်မှာ ဆပ်ကပ်က သက်ကြီးရွယ်အိုတွေနှင့်ကလေးတွေအတွက် အနှစ်သက်ဆုံး ဖျော်ဖြေမှုတစ်ခုပါပင်။ တစ်ချိန်တည်းမှာပင် မိသားစုတစ်ခုက ပွဲတော်များနှင့် မွေးနေ့များတွင် ဆပ်ကပ်အဖွဲ့ကို ဖိတ်ခေါ်နိုင်လျှင် ချမ်းသာသောမိသားစု၏ သက်သေဖြစ်သည်။
ဆပ်ကပ်အဖွဲ့တစ်ခုလုံးတွင် ရှန်းရှင်းက အချောဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေက အကောင်းဆုံးပုံစံရှိသောကြောင့် ဖျော်ဖြေပွဲတိုင်းတွင် သူ့ကို တာဝန်ခွဲဝေပေးခြင်းခံရသည်။ ဒေသခံတွေက ပိုးစတန်းလန်းဖြင့်အကွက် နာမည်ကို မမှတ်မိကြသည့်အတွက် မိုးပျံပိုးဟု ခေါ်ကြသည်။
ရှန်းရှင်းက အပြောင်မြောက်ဆုံး မိုးပျံပိုးအင်မော်တယ်များထဲမှ တစ်ဦးဖြစ်သည်။ သူကြွယ်မိသားစုမှာ ဖျော်ဖြေတိုင်း တခြားညီအစ်ကိုတွေက နောက်ကွယ်မှာ စားကြရပေမဲ့ ရှန်းရှင်းက စားပွဲကို အဖိတ်ခံရပြီး အိမ်ရှင်နှင့် အတူစားစားရသည်။ အချိန်ကြာလာသည်နှင့်အမျှ ညီအစ်ကိုများက တဖြည်းဖြည်းနှင့် ဝေးကွာလာကြသည်။ သူ့နောက်ကွယ် သူ့အကြောင်းကိုပြောသည့်အခါတိုင်း သူတို့က ယခုလိုဆိုကြသည်။
"ထွီ...သူ့မှာ ဆွဲဆောင်မှုရှိတဲ့ မျက်နှာရှိတယ်...ဖျော်ဖြေတဲ့အခါ သူ့မျက်လုံးတွေကို ကြည့်ကြည့်... သူဌေးတစ်ယောက်ယောက်ကို မြူဆွယ်နေတာဖြစ်ရမယ်"
ရှန်းရှင်းက ထိုစကားကိုကြားသောအခါ တိတ်တဆိတ် ငိုကြွေးခဲ့ပြီး၊၎င်းနောက် ပြင်းထန်စွာ လေ့ကျင့်ခဲ့သည်။မိုးပျံပိုး ဖျော်ဖြေမှုကို ရပ်ရန်ပင် အဖွဲ့ခေါင်းဆောင်ကို တောင်းဆိုခဲ့သည်။ သူက ထိုကဲ့သို့ လူတွေကို ဆွဲဆောင်ဖြားယောင်းတတ်သော လူမဟုတ်ကြောင်း ညီအစ်ကိုများကို သက်သေပြချင်ခဲ့သည်။
ကံမကောင်းစွာပဲ၊ သူဘာပဲလုပ်လုပ်၊ လူတိုင်းက သူ့အပေါ် မလိုမုန်းထားမှုတွေ ပိုနက်နဲလာသည်။ နောက်ဆုံးမှာ သူ ရိုးရိုးရှင်းရှင်းပဲ သူဌေးတစ်ယောက်နောက်ကို အမှန်တကယ်လိုက်သွားခဲ့သည်။
သူဌေးက သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့ပေမဲ့ ကံမကောင်းစွာနှင့်ပဲ အချိန်တွေ ကြာကြာမခံခဲ့ရပါချေ။သိပ်မကြာခင်မှာပဲ ထိုသူဌေးက ရှုံးနိမ့်သွားသည်။ရှန်းရှင်း သူ၏ ၀င်ငွေရင်းမြစ်ကို ဆုံးရှုံးခဲ့ပြီး ဆက်ကပ်အဖွဲ့သို့ ပြန်မလာနိုင်တော့ပေ။ အိမ်မပြန်ရဲသဖြင့် သူဌေးက ထားခဲ့သော ပိုက်ဆံကို ယူကာ မြို့ကြီးသို့ သွားလေသည်။
မြို့ကြီးပြကြီးမှာ ဆပ်ကပ်တွေ ခေတ်မစားတော့ပေ။သူနှင့် လိုက်လျောညီထွေဖြစ်စေနိုင်သည့် ဆပ်ကပ်အဖွဲ့ကို ရှာမတွေ့ခဲ့ပါချေ။သူ့အရည်အချင်းတွေကို ရောင်းရန် လမ်းပေါ်မှာ ဈေးဆိုင်တစ်ခု ထောင်ခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
အမျိုးသမီးက သူ့ကို လေးစားသဘောကျပြီး သူနှင့် အတူတူနေချင်သည်ဟု ပြော၏။ရှန်းရှင်း သူမကို ယုံကြည်ခဲ့သည်။ တစ်လလောက်ကြာသောအခါ ထိုအမျိုးသမီးက သူ့စုဆောင်းငွေများနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
ထိုမှသာ သူ လှည့်စားခံရကြောင်း သိလိုက်ရသည်။တစ်ပြားတစ်ချပ်မှမရှိတော့သဖြင့် သူ ကပွဲရုံမှာ အလုပ်သွားလုပ်ရုံသာတတ်နိုင်ဲ့သည်၊ ထိုနေရာတွင် ပိုင်ရဲ့သရုပ်ဆောင်သည့် ကျန်းယွမ်နှင့်တွေ့ဆုံခဲ့သည်။
အစတွင်၊ ဆုတ်ယုတ်ပျက်စီးသွားသော စိတ်ဝိညာဉ်နှစ်ခုက အချင်းချင်း တိုက်မိပြီး ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ရန် အချင်းချင်း၏ ခန္ဓာကိုယ်ကို အသုံးပြုကြသည်။ အချိန်အတော်ကြာပြီးနောက် သူ့မှာ တစ်ဖက်လူအတွက် ခံစားချက်ရေးရေးများ အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။ အချစ်တွေ ပိုနက်ရှိုင်းလာသည့်အခါမှ ရှန်းရှင်းက ကျန်းယွမ် မူးယစ်ဆေးစွဲနေမှန်း မတော်တဆ သိလိုက်ရသည်။ သူ့ကို ဖြောင့်ဖြရန် ကြိုးစားပေမဲ့ မရခဲ့ပေ။ နောက်ဆုံးတွင် ကျန်းယွမ်နှင့်အတူ အသူရာချောက်ထဲသို့ ကျသွားခဲ့သည်။
"သင်နှင့်ကျွန်ုပ်" ၏ ပထမဆုံး ဇာတ်ဝင်ခန်းမှာ ငယ်ငယ်ရွယ်ရွယ် ရှန်းရှင်းနှင့် ကျန်းယွမ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် ဇာတ်ဝင်ခန်းဖြစ်သည်။
"သင်နှင့်ကျွန်ုပ် ...scene 26...take 1...action"
၁၉၈၀ ပြည့်လွန်နှစ်များက ကပွဲရုံတွင်၊ အဖျားခေါင်းလောင်းပုံဘောင်ဘီးဝတ် အမျိုးသားနှင့် အမျိုးသမီးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သူတို့သည် သူတို့၏ခါးကို ရက်ရက်ရောရော လှုပ်ယမ်းကြကာ ခေတ်သစ်လူငယ်များအတွက် ထူးခြားသော ရဲရင့်မှုနှင့် ပွင့်လင်းမှုကို ပြသနေကြသည်။
ကျေးလက်ကလာသည့် ရှန်းရှင်းက ထိုကဲ့သို့သောမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပါချေ။သူက မျက်မှန်ကို သုတ်ရင်း ပတ်ပတ်လည်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"ဟေ့ ရှောင်ကော...မင်းက ဒီမှာ လူသစ်လား"
ထိုအချိန်တွင် ဘယ်ဘက်မှ ပျင်းရိသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ရှန်းရှင်း လှည့်ကြည့်လိုက်သောအခါ ဘားကောင်တာမှာ ပျင်းတိပျင်းရွှဲ ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုလူ၏ဆံပင်ပုံစံသည် ထိုအချိန်က ရေပန်းအစားဆုံးဖြစ်သည်။ သူ့မှာ နှာတံမြင့်မြင့်နှင့် မှေးကျဥ်းသောမျက်လုံးများရှိသည်။ရှန်းရှင်း ဤမျှ ရုပ်ရည်ချောမောသော လူတစ်ယောက်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် အံ့ဩသွားခဲ့သည်။ ထိုလူက တတိယအကြိမ်မြောက် "ဘီယာနှစ်ခွက်ပေးပါ" ဟုပြောသောအခါတွင် သူ အသိစိတ်ဝင်လာကာ ဝိုင်နှစ်ခွက်ကို အမြန်ငှဲ့ပေးလိုက်သည်။
သို့သော်လည်း ကျန်းယွမ်က ထွက်မသွားခဲ့ပေ။ထိုအစား သူက ဘီယာတစ်ခွက့ကို ရှန်းရှင်းဆီကို တွန်းလိုက်သည်။ "ကိုယ်နဲ့ အတူတူသောက်"
ရှန်းရှင်းက မည်သို့ ငြင်းဆန်ရဲမည်နည်း။
"မင်းကိုငါမသိဘူး...ဒါကြောင့် မင်းရဲ့ဟာကို ငါမသောက်နိုင်ဘူး"
"သောက်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် သိမသွားဘူးလား"
ကျန်းယွမ်က ရှန်းရှင်း၏ ဖန်ခွက်ကို တွန်းပေးနေခြင်းအား ရပ်လိုက်သည်။ "ဒါမှမဟုတ် မင်းက ကိုယ်နဲ့ မိတ်မဖွဲ့ချင်ဘူးလား"
"ငါ...အိုး"
ရှန်းရှင်းစကားမဆုံးခင်မှာ ဝိုင်ဖန်ခွက်က ကြမ်းပြင်ပေါ် မတော်တဆပြုတ်ကျပြီး ဖန်ခွက်က တစ်ပတ်နှစ်ပတ်လှိမ့်ရင်း ကွဲသွားသည်။
အဝါရောင်ဝိုင်ကို ကြည့်ရင်း ရှန်းရှင်းက ဆောလျင်စွာ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် ...ငါ ပိုက်ဆံပြန်လျော်ပေးပါ့မယ်"
စကားပြောနေရင်းနှင့် သူ့အိတ်ကပ်ထဲကို နှိုက်လိုက်ပေမဲ့ ဘာမှ ရှာမတွေ့ပေ။
သူမျက်နှာပျက်နေသည်ကိုမြင်ပြီး ကျန်းယွမ်က ညှိနှိုင်းလာသည်။
"ဒီလိုဆိုရင်ရော... မင်းက ကိုယ်နဲ့တစ်ခွက်သောက်ပေး... ဘာမှမဖြစ်ဘူးလို့ ဟန်ဆောင်လိုက်မယ်"
သူဘာလုပ်နိုင်မှာလဲ... သူမှမလျော်နိုင်တာ...
ရှန်ရှင်း သူပြောသည့်အတိုင်း ဝိုင်ထပ်ငှဲ့ရုဲသာတတ်နိုင်ခဲ့သည်။ ခေါင်းကို နောက်ပြန်လှည့်ပြီး လည်ချောင်းထဲ တကျိုက်တည်း လောင်းချလိုက်သည်။
ကျန်းယွမ်က ယခုလိုမျိုး သောက်သည်ကို တစ်ခါမှ မတွေ့ဖူးပေ။ သူ တဟားဟား ရယ်လိုက်မိသည်။ ရယ်ပြီးနောက် ရှန်းရှင်း၏ နီရဲနေသော ပါးပြင်များကို ကြည့်လိုက်သည်။
"မင်း အရင်က မသောက်ဖူးဘူးလား"
"အင်း"
ရှန်းရှင်းက သူ့မျက်နှာကို အုပ်ကာ ခေါင်းယမ်းလိုက်သည်။
"အခုမှရောက်တာလား"
"... ငါ ဒီကို ရောက်နေတာ တစ်လကျော်ပြီ"
"မင်းက ပိတ်ဘောင်းဘီပိတ်မဝတ်တော့ သူ့တို့ မင်းကိုရယ်နေလိမ့်မယ်"
ကျန်းယွမ်က သူ့အောက်ပိုင်းကို တစ်ချက်ကြည့်လိုက်သည်။ "မနက်ဖြန် မင်းအလုပ်ရှိသေးတယ် မဟုတ်လား...ကိုယ် မင်းကို နိုင်ငံခြားကတင်သွင်းတဲ့ ဂျင်းဘောင်းဘီတစ်ထည် ယူလာပေးမယ်...မင်းရဲ့ တင်ပါးက အဲဲဒါနဲ့ဆို လှနေမှာ"
ရှန်းရှင်း၏မျက်နှာက ပို၍ပင်နီရဲလာသည်။ကျန်းယွမ်က တစ်ခုခုကို ချက်ခြင်းနားလည်သွားပြီး ရှန်းရှင်းကိုဦးတည်ကာ လေချွန်လိုက်သည်။ထို့နောက် သီချင်းတစ်ပုဒ်ကိုညည်းရင်း ကခွင်ကိုသွားကာ ကခုန်တော့လေသည်။
"ကဒ်"
"ကောင်းလိုက်တာ"
ဒါရိုက်တာချမ်က လော်စပီကာကိုမြှောက်လိုက်ပြီး သူ့မျက်လုံးတွေက အံ့သြမှုများနှင့် တောက်ပနေသည်။
"ရှောင်ပိုင်... မင်းက ကျီစယ်တဲ့နေရာမှာတကယ်စကေးရှိတာပဲ...မင်းသရုပ်ဆောင်တာက မဖွယ်မရာဖစ်လွန်းသွားမှာကို ငါကြောက်နေတာ... အခုမြင်လိုက်ရတော့ မင်းနဲ့တောင်အတူတူ အိမ်လိုက်ပြန်သွားချင်သေးတယ်"
ဘာလဲ... သူက ပိုင်ရဲ့နဲ့ အိမ်လိုက်ပြန်ချင်နေတာလား...
ချီရှင်းချန်က သူ့အားမျက်လုံးထဲကနေ ဓားမြှောင်များပစ်လွှတ်ကာ စိုက်ကြည့်နေသည်။
ဒါရိုက်တာချမ်: "... ခုနက ငါဘာမှမပြောခဲ့သလို ဟန်ဆောင်လိုက်... အားလုံးပဲ နောက်ရိုက်ကွက်အတွက် အဆင်သင့်လုပ်ထား"
"ဟားဟားဟား"
ဝန်ထမ်းများက ရယ်မောလိုက်ကြသည်။
တကယ်တော့ ဒါရိုက်တာတင်မကဘဲ ချီရှင်းချန်လည်း ပိုင်ရဲ့၏လေချွန်သံကြောင့် ဆွဲဆောင်ခြင်းခံခဲ့ရသည်။သူ၏ ရှက်ရွံ့မှုသည် တမင်လုပ်ယူထားခြင်းမဟုတ်ပေ။အမှန်အကန်ဖြစ်၏။
ပိုင်ရဲ့က ဇာတ်ကောင်တစ်ခုကိုယူခဲသည်။ သူ၏သရုပ်ဆောင်စွမ်းရည်က ဤမျှလောက်ကောင်းမည်ဟု ချီရှင်းချန်မမျှော်လင့်ထားပေ။ချီရှင်းချန် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့လက်ချောင်းများက ဘောင်းဘီရှည်ကို ကုတ်ခြစ်နေမိလေသည်။ သူ့နှလုံးသားထဲမှာ သူကအော်ဟစ်နေခဲ့သည်။
အားးး... ငါ့idol ကတော့ ငါ့idolပီသပါပေတယ်....
အရမ်းမိုက်တယ်...အား အား...လိုက်မယ်...သူ့နောက်ကို လိုက်မယ်...
.
အောင်မြင်စွာပြီးဆုံးသွားသော ပထမဆုံးဇာတ်ဝင်ခန်းက "သင်နှင့်ကျွန်ုပ်" ကို ကောင်းမွန်သောစတင်မှုတစ်ခု ပေးခဲ့သည်။ နောက်ပိုင်းမှာ သူတို့ နှစ်ယောက် ပိုအဆင်ပြေလာသည်။သေချာသည်ပင်၊ သူတို့က ချစ်သူတွေဖြစ်သဖြင့် တမင်အဆင်ပြေအောင်ပေါင်းနေစရာမလိုပေ။
ဆယ်ရက်အတွင်း သူတို့နှစ်ဦးသည် ရှန်းရှင်းနှင့်ကျန်းယွမ်ကြားရှိ ဇာတ်ဝင်ခန်းအများစုကို ပြီးဆုံးသွားခဲ့သည်။ "သင်နှင့်ကျွန်ုပ်" ဇာတ်ကားရိုက်ကူးရေးက တော်တော်လေး တင်းကျပ်၏။ချီရှင်းချန် တစ်နေ့လုံး ညှစ်ထုတ်ခံရသည်ကိုပင် အလွန်ပျော်နေသည်။
အိပ်ရာပေါ်ကဇာတ်ဝင်ခန်းမှာမှ ဆင်ပြောင်ကြီးအမြီးတစ်သလိုဖြစ်နေမည်ဟု မည်သူကထင်ပါမည်နည်း။
1980 ခုနှစ်များ၏ အထင်ကရ အဆောက်အဦးတွင် ပိုင်ရဲ့၏ တောင်းဆိုချက်အရ ကင်မရာအဖွဲ့ကို ရှင်းလင်းခဲ့ပြီး ကင်မရာနှစ်လုံးသာ ကျန်ရှိတော့သည်။
သို့သော်လည်း ချီရှင်းချန် သူ့အဝတ်အစားများကို ချွတ်ခါနီးတွင် ပိုင်ရဲ့က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်ဘူး...ဖော်လွန်းတယ်"
"... ငါ့ဘိုးဘေးရယ်"
ဒါရိုက်တာချမ်က ခေါင်းကုတ်လိုက်သည်။
"သူ့ရဲ့ အပေါ်ပိုင်းကို ဖုံးပြီး အောက်ပိုင်းကို လုံနေအောင် အုပ်ထားတယ်...မယုံရင်ကြည့်၊ သူက လုံခြုံရေး ဘောင်းဘီ သုံးစုံ ဝတ်ထားတယ်"
ပိုင်ရဲ့က ကြည့်ပြီးသော်လည်း မကျေနပ်သေး။
ဒါရိုက်တာချမ်မှာ ရွေးချယ်စရာမရှိပေ။ နောက်ဆုံးတွင် သူ ချီရှင်းချန်နှင့်ပိုင်ရဲ့ကို လည်ပင်းအပေါ်ပိုင်းပဲရိုက်ကာ အောက်ပိုင်းအတွက် ကိုယ်လုံးတီးအစားထိုးများ ရှာရန် ဆုံးဖြတ်ခဲ့သည်။
ပိုင်ရဲ့က ကျေနပ်သွားသည်။ နောက်ဆုံးမှာ သူ၏အရုပ်ဆိုးနေသော မျက်နှာကြီးကို ချွတ်လိုက်ပြီး ကုတင်ပေါ် လှဲလိုက်သည်။ချီရှင်းချန် ကော်လာပါသည့် ရှပ်အင်္ကျီအကြီးကြီးကို လဲဝတ်ကာ ပိုင်ရဲ့၏ခါးနှင့်ခွကြား ကြားနေရာပေါ် တက်စီးလိုက်သည်။
ဇာတ်ညွှန်းစာရေး၏ ဘုတ်ပြားရိုက်သံထွက်လာသည်နှင့် ချီရှင်းချန် သိသိသာသာ စိတ်လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး လိမ်လိုက်သည်။
ဒါရိုက်တာချမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကဒ် နောက်တစ်ခေါက်"
ဒုတိယတစ်ခေါက်မှာ ခန္ဓာကိုယ်က ပိုကောင်းလာပေမဲ့ အမူအရာက ရှက်လွန်းနေသည်။
ဒါရိုက်တာချမ်: "နောက်တစ်ခေါက်"
တတိယအခေါက်တွင် ခန္ဓာကိုယ်နှင့် အသွင်အပြင်က နေရာကျသော်လည်း အသံ မမှန်ပေ။ပိုင်ရဲ့ ဆက်မထိန်းနိုင်တော့ဘဲ ကိုယ်ကိုမတ်ပြီး ချီရှင်းချန်၏ နားထဲမှာ တိုးတိုးလေးပြောလိုက်၏။
"မင်း ကိုယ့်ပေါ်မှာ ဆက်လိမ်နေမယ်ဆိုရင် ကိုယ် ရိုက်ကူးရေးမလုပ်နိုင်တော့မှာ စိုးရတယ်"
သူထိုသို့ပြောလိုက်သောအခါ ချီရှင်းချန်၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ ဤတဟူးဟူးအုံကြွလာသည့် နွေဦးအချစ်ကို အသုံးချကာ ဒါရိုက်တာချမ်က ကင်မရာကို ဂရုတစိုက်ရိုက်ကူးရန် လမ်းညွှန်ခဲ့ပြီး နောက်ဆုံးတွင် ဤဇာတ်ဝင်ခန်းက ပြီးဆုံးသွားခဲ့သည်။
ညနေပိုင်းတွင် ပိုင်ရဲ့က ချီရှင်းချန်ကို ပွေ့ဖက်ပြီး မကျေနပ်သောလေသံဖြင့်ဆိုသည်။
"ဒီကပြန်သွားပြီးရင် ဆက်ပြီး သရုပ်ဆောင်ချင်သေးလား...အဲဒါကို ကိုယ့်စတူဒီယိုနဲ့ လက်မှတ်ထိုးပါ... မင်းလက်ခံထားတဲ့ဇာတ်ဝင်ခန်းတွေကို ကိုယ် ကိုယ်တိုင်ကိုယ်ကျ စစ်ကြည့်မှရမယ်"
ယနေ့ခေတ်တွင် အချစ်ခန်းကြီးကြီးမားမားတွေက ခွင့်ပြုမထားပါချေ။
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "မလိုဘူး...ကျွန်တော် ကောလိပ်မှာ ဇီဝဗေဒ ဘာသာရပ်ကို လေ့လာခဲ့တယ်... ဖြစ်နိုင်ရင် ဘွဲ့ရပြီးရင် ဇီဝဗေဒ ဆရာဖြစ်ချင်တယ်...အားလပ်ချိန်မှာ ကလေးတွေကို ဆပ်ကပ်ပညာသင်ပြချင်တယ်"
"ဒါဆို ကိုယ်မင်းကို ချီလောင်ရှီးလို့ ခေါ်ရမှာပေါ့"
ပိုင်ရဲ့က သူ့နားရွက်ကို နမ်းလိုက်သည်။ "ချီလောင်ရှီး...ကိုယ့်မှာမေးစရာရှိတယ်"
ချီရှင်းချန်က သူ့အနမ်းကြောင့် ယားသွားပြီး လည်ပင်းကို ကျုံ့လိုက်သည်။ "ဘာမေးစရာရှိလို့လဲ ပြောပါဦး"
"ကိုယ်တို့ နေ့ခင်းမှာ လုပ်ခဲ့တဲ့ဟာကို ကိုယ်မသိဘူး...ကိုယ့်ကို သင်ပေးပါလား"
သူစကားပြော
နေစဉ်တွင် ပိုင်ရဲ့က ချီရှင်းချန်ကို သူ့လက်နှစ်ဖက်ဖြင့်ဆွဲမလိုက်သည်။ချီရှင်းချန်တစ်ယောက် ပိုင်ရဲ့၏ခါးနှင့်ခွကြား ကြားနေရာတွင် နားမလည်နိုင်စွာ နေရာချထားခံလိုက်ရလေသည်...