အပိုင်း ၁၇၅
Viewers 36k

Chapter 175




ရေချိုးကန်ကို ရေဖြည့်သည့် လုပ်ငန်းစဉ်မှာ အပူချိန်ကို စမ်းသပ်ရန်အတွက် ပိုင်ရဲ့က ပိုအာရုံစိုက်ခဲ့သည်။ ဤအရာက ပိုင်ရဲ့ဒေါသထွက်နေကြောင်း ချီရှင်းချန်ကို ပို၍ယုံကြည်လာစေသည်။


သူက ပိုင်ရဲ့၏လည်ပင်းကို သိုင်းဖက်ပြီး ပါးပြင်ကို နမ်းလိုက်သညိ။နမ်းပြီးသည်နှင့် မလုံလောက်သေးဘူးဟု ခံစားလိုက်ရသည့်အတွက် နေရာတိုင်းကို ပုံစံမကျ နမ်းလိုက်သည်။သူ့ခန္ဓာကိုယ်က ပိုင်ရဲ့ကို ဆက်တိုက်ပွတ်တိုက်နေသဖြင့် ပိုင်ရဲ့ကိုမီးမွှေးပေးသလိုဖြစ်နေသည်။


တစ်ဖက်လူက သူ့လည်စေ့ကို ကိုက်လိုက်သည့်အခါ မီးက လုံးဝ ထိန်းမရတော့ပေ။


ပိုင်ရဲ့က ချီရှင်းချန်၏ ကုပ်ပိုးကို ညစ်လိုက်ပြီး သူ့မျက်လုံးများက မည်းမှောင်လာသည်။ 

"ခေါင်းဆောင်...ကိုယ့်ကို အဆုံးထိ ဂရုစိုက်ပေးရမှာနော်


"ဒါပေါ့" 

ချီရှင်းချန်က ရက်ရက်ရောရော ပြောလိုက်သည်။ 

"ပြော...ဘာကိုဂရုစိုက်ပေးစေချင်တာလဲ"


ပိုင်ရဲ့က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အောက်ကို ရွှေ့လိုက်သည်။ 

"ဒါကိုဂရုစိုက်ပေး"


သူ၏ပူနွေးမှုကြောင့် ချီရှင်းချန် နှလုံး တုန်သွားသည်။ သူ့ခန္ဓာကိုယ်ကို လျှောချပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဝက် ထောက်ချလိုက်သည်။


အရက်မူးနေသည့်လူတွေက စည်းမျဥ်းတွေဘာတွေမရှိသလို ကိုယ့်ကိုကိုယ်လည်းကောင်းကောင်းမထိန်းချုပ်နိုင်ကြပေ။ပိုင်ရဲ့ သူ၏ကြောင်ပေါက်လေးနှင့်တူသော အပြုအမူများကြောင့် သက်သာရာရမည့်အစား၊ပို၍ပင် သက်မသာဖြစ်လာခဲ့သည်။အထူးသဖြင့် အလုတ်အနည်းငယ်တိုင်းမှာ တစ်ဖက်လူက သူ့ကို မျက်လုံးထောင့်လေးကနေ အမြဲဝင့်ကြည့်လာတတ်သည်။မျက်လုံးထောင့်များက စိုစွတ်နေပြီး နှုတ်ခမ်းများကလည်း စိုစွတ်နေသည်။ သူ့မှာ အကြည့်ခံရတိုင်း အသက်ရှု ရပ်သွားရသည်။


နောက်ဆုံးမှာ ပိုင်ရဲ့ သည်းမခံနိုင်တော့ပေ။တစ်ဖက်လူကို တိုက်ရိုက်ဆွဲမလိုက်ပြီး ရေချိုးကန်ထဲကို ဖိချလိုက်သည်။


.........


ချီရှင်းချန် ကုတင်ပေါ်မှာ နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည့်အခါ ပထမဆုံးခံစားရသည်က နာကျင်ခြင်းပါပင်။ သူ့ပေါင်တွေမှာ ကိုက်ခဲလွန်း၍ သူနှင့်မဆိုင်တော့သည့်အတိုင်းဖြစ်၏။


ဒုတိယခံစားချက်မှာ စေးကပ်ကပ်ဖြစ်ခြင်းဖြစ်သည်။သူက ညင်သာစွာ လှည့်လိုက်သောအခါ သူ့အနောက်ကနေ တစ်ခုခု လျှံထွက်လာသလိုပင်။


မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သူအနည်းငယ် မှတ်မိပေမဲ့ သူတို့အားလုံးက တစ်စစီဖြစ်နေကြပြီး ပေါင်းစည်း၍မရပေ။အချိန်အတော်ကြာ စေ့စေ့တွေးပြီးသည့်တိုင် အဖြေရှာမရခဲ့ပါချေ။


တစ်စုံတစ်ယောက်က သူ့ကို ခါးကနေ ပြန်ဆွဲခေါ်ထား၏။


ထိုလူ၏ အသံက ပျင်းရိနေဟန်ပေါက်သည်။ 

"ဘယ်သွားမလို့လဲ"


"... ရေသွားချိုးမလို့"


"ကိုယ်နဲ့ နောက်ထပ် နာရီဝက်လောက် ထပ်အိပ်" 

ပိုင်ရဲ့က ပြော၏။ 

"ပြီးရင် အတူတူ ရေချိုးကြမယ်"


"မဟုတ်ဘူး…"

ချီရှင်းချန်က တိုးတိုးလေးပြောလိုက်သည်။ 

"အရမ်း...အရမ်းများတော့... ဗိုက်အောင့်တယ်"


ပိုင်ရဲ့ဘာကအရမ်းများသည်ကို တန်းမသိပေ။စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ ၎င်းကို ထိကြည့်သည့်အခါမှ မသန့်ရှင်းသေးကြောင်း တွေ့ရှိခဲ့သည်။


သူ မျက်မှောင်ကြုတ်လိုက်မိ၏။

"မနေ့ညက ကိုယ် မင်းအတွက် သန့်ရှင်းပေးခဲ့တယ်လေ... ဘာလို့ရှိနေသေးတာလဲ"


"ကောကလာမေးနေတော့ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ" 

ချီရှင်းချန် မျက်နှာ ပူသွားသည်။


"မင်းက ဟန်ဆောင်ကောင်းလွန်းလို့ များလား"


... သူက ဘာကို ဟန်ဆောင်ရမှာလဲ...

ချီရှင်းချန် အရှက်တရားကြောင့် ဒေါသတကြီး ထွက်ပြေးလိုက်သည်။ 


"ပေါက်ကရ...အသိသာကြီးကို ကောအပြစ်ဟာကို… ကျွန်တော့်ကို လာအပြစ်ပုံမချနဲ့"


အမှန်တွင် ပိုင်ရဲ့ မတရားခံရသလို ခံစားရသည်။ မနေ့ညက အချိန်အတော်ကြာပြီးနောက်၊ ဤဟိုတယ်မှာ လိုအပ်သည့်အရာတွေမရှိဘူးဆိုသည်ကို ရုတ်တရက် သတိရသွား၏။ ထိုအချိန်တွင် သူရပ်တန့်ရန် ဆုံးဖြတ်လိုက်သော်လည်း တစ်စုံတစ်ဦးမှ "အဆုံးအထိ သူ့ကို ဂရုစိုက်ရမည်"ဟူသော ယုံကြည်ချက်ကိုလက်ကိုင်ထားပြီး သူ့ကို လွှတ်မပေးခဲ့ပေ။


သူ့အတွက် အစစအရာရာ ဂရုစိုက်ပေးမည်ဟုလည်း အခိုင်အမာဆိုခဲ့သေး၏။


ထို့ကြောင့် ပိုင်ရဲ့ သူ့နေရာတွင်သူ နေရုံသာတတ်နိုင်ခဲ့သည်။


အကြိမ်ပေါင်းများစွာ နေခဲ့သည်။


သို့သော်လည်း ယခုအချိန်တွင် ချီရှင်းချန်၏ မျက်နှာက ကြည့်မကောင်းလှပေ။တစ်ဖက်လူ စိတ်ဆိုးမှာကြောက်၍ သူမပြောဝံ့ပေ။ သူ၏ နည်းဗျူဟာကို ပြောင်းပြီး အချိန်အတော်ကြာအောင် ချီးမွှမ်းပြီးနောက် တစ်ဖက်လူ၏ မျက်နှာသည် နောက်ဆုံးတွင်ကြည်လင် လာသည်။


နည်းဗျူဟာ အောင်မြင်ခဲ့သည်။ပိုင်ရဲ့ သူ့ချစ်သူကို ရေချိုးရန် ခေါ်သွားခဲ့သည်။ ရေချိုးပြီးသည်နှင့် ခေါင်းသုတ်ပေးရင်းမေးလိုက်သည်။ 

"ဒီနေ့ နေ့လည်အတွက်လက်မှတ်မှာရမလား... မနက်ဖြန်အတွက်မှာရမလား"


ရုပ်ရှင်က ရိုက်ရန်အကုန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။ရိုက်ကူးရေးအဖွဲ့ထဲ ဝင်ပြီးသည်နှင့် စပြီး ရိုက်ကူးနိုင်လေသည်။ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ 

"မနက်ဖြန်က ထောင်ထောင်ကို စီရင်ချက်ချတဲ့နေ့ မဟုတ်လား"


"ဟုတ်တယ်"


"ရိုက်ကူးရေးကိုအခု မသွားဘဲနေရအောင်...ကျွန်တော်နဲ့ အတူ H City ကို ပြန်လိုက်ခဲ့"


"ကောင်းပြီ" 

ပိုင်ရဲ့က ခေါင်းညိတ်လိုက်သည်။ 

"ကြားနာဖို့ တရားရုံးကို သွားမှာလား"


"မဟုတ်ဘူး" 

ချီရှင်းချန် ခဏရပ်လိုက်သည်။ 


"ကျွန်တော် သူနဲ့ တစ်ခုခုကို အတည်ပြုချင်တယ်... ဖြစ်နိုင်ရင် ...ထောင်ရွှမ် သေရမှာမဟုတ်ဘူး"


တရားရုံးကလူသိရှင်ကြားကြားနာသောအခါတွင် နိုင်ငံသားများသည် ၎င်းတို့၏ ID ကတ်များဖြင့် ဝင်ရောက်နားထောင်နိုင်သည်။ ခွင့်ပြုချက်မရှိဘဲ မီဒီယာများအနေဖြင့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ ရိုက်ယူခွင့်မရှိပါချေ။ ထို့ကြောင့် ချီရှင်းချန်နှင့် ပိုင်ရဲတို့၏ ထွက်ပေါ်လာမှုက ရုတ်ရုတ်သဲသဲဖြစ်မသွားစေခဲ့ပေ။


ထောင်ထောင်က ကြီးကြီးမားမားရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး ပြစ်မှုအတွက် ဝန်ခံသဖြင့် ပထမရုံးချိန်းတွင် သူမအား သေဒဏ်ချမှတ်ခဲ့ပြီး နိုင်ငံရေးလုပ်ပိုင်ခွင့်များ တစ်သက်တာလုံး ဆုံးရှုံးခဲ့ရကာ ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးခဲ့ရသည်။နျေးတဝေက သေဒဏ်ချမှတ်ခံရပြီး နှစ်နှစ်ဆိုင်းငံ့ခံရကာ နိုင်ငံရေးလုပ်ပိုင်ခွင့်များ တစ်သက်တာဆုံးရှုံးခဲ့ရကာ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးခဲ့ရသည်။


ပထမအကြိမ် ရုံးချိန်းအပြီးတွင် အကျဉ်းသားများက အယူခံဝင်ရန် ရွေးချယ်ခဲ့သည်။ ဆယ်ရက်ကြာ အယူခံဝင်ပြီးနောက် ပထမရုံးချိန်းကို အထက်တရားရုံးနှင့် ပြည်သူ့တရားလွှတ်တော်ချုပ်ထံ အစီရင်ခံတင်ပြပြီး အတည်ပြုချက်ရယူမည်ဖြစ်သည်။ အတည်ပြုချက် ပြီးစီးပါက သေဒဏ် အမိန့်ချမှတ်နိုင်သည်။


ယေဘုယျအားဖြင့် အတည်ပြုချက်ကာလသည် ခြောက်လခန့်ကြာမြင့်သည်။ ဤခြောက်လတာကာလအတွင်း ထောင်ထောင်က သူမ၏ထောင်ဒဏ်ကို ကျခံရမည်ဖြစ်သည်။ ဆိုင်းငံ့ပြစ်ဒဏ်ကာလတွင် နျေးတဝေက ပြစ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းမရှိပါက ထောင်ဒဏ် ၂ နှစ်အကြာတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးခံရမည်ဖြစ်သည်။


သက်သေအထောက်အထားများကို အကာအကွယ်ပေးသည့် လုပ်ရပ်က သူ့ကို အထောက်အကူဖြစ်စေသည်ဟု ဆိုနိုင်သည်။


စီရင်ချက်ချပြီးနောက်၊ချီရှင်းချန်က အကျဉ်းသားများကို တွေ့ရန် တောင်းဆိုခဲ့သည်။ အမှု၏အကြီးဆုံးတရားလိုအနေဖြင့် ထောင်က သဘာဝကျကျသဘောတူပြီး ချီရှင်းချန် နှင့် ပိုင်ရဲ့ကို ဧည့်တွေ့ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။


ငါးမိနစ်ခန့်အကြာတွင် ထောင်ထောင်က တစ်ဖက်မှာ ပေါ်လာသည်။ထောင်ထောင်က တစ်လအတွင်း များစွာပြောင်းလဲသွားသည်ကို ချီရှင်းချန် တွေ့လိုက်ရသည်။အတိတ်က ဖြူစင် သိမ်မွေ့သော အသွင်အပြင်က ပျောက်ကွယ်သွားခဲ့ပြီး သူမ၏မျက်လုံးများက တည်ငြိမ်သွားခဲ့သည်။ သူမ၏အသွင်အပြင်က အသက်နှစ်ဆယ်ကျော်အရွယ်ဟု ထင်ရဆဲဖြစ်သော်လည်း အတွင်းမှ အိုမင်းရင့်ရော်မှု ခံစားချက်က ပေါ်လွင်နေသည်။


"မင်း ငါ့ဆီလာခဲ့တာ..." 

ထောင်ထောင်က ဦးစွာဆိုလာသည်။

"အဲဒီစာအုပ်အကြောင်းမေးဖို့ ဟုတ်တယ်မလား"


သူမက လိုရင်းကိုတန်းသွားသည့်အတွက် ချီရှင်းချန်လည်း တည့်တိုးပြောလိုကိသည်။ 


"ဟုတ်တယ်...ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျားပြန်လည်မွေးဖွားနိုင်တယ်ဆိုတာ ကျွန်တော်အတည်ပြုချင်တယ်"


ထောင်ထောင် အံ့သြသွားသည်။ 

"ပြန်လည်မွေးဖွားတာလား"


"ဟုတ်တယ်...ပြန်လည်မွေးဖွားတာ" 

ချီရှင်းချန်က သူ့လက်တွေကို ပိုက်ပြီး ရှေ့ကို ကိုင်းလိုက်သည်။ 


"ကျွန်တော် ဒီစာအုပ်ကို ပြန်စချင်တယ်"


"ည၏မက်မွန်" ကို ပြန်စနိုင်လျှင် ဘာမှဖြစ်လာတော့မှာမဟုတ်ပေ။ထျန်ချန်မှာရှိသော ဒါဇင်နှင့်ချီသည့် လူတွေ မီးဒဏ်ကို ခံရမှာ မဟုတ်ပေ၊အဖေချီလည်း တစ်ညလုံး မအိပ်ဘဲနေရမှာမဟုတ်ပေ၊ ဒါရိုက်တာလီ၏ ကလေးတွေလည်း သူတို့ အတန်းဖော်တွေ၏ နှိမ့်ချမှုကို ခံရမှာ မဟုတ်ပေ၊နျေးတဝေလည်း ဆင်းရဲသော်လည်း ပျော်ရွှင်သောဘဝမှာရှေ့ဆက်နိုင်လိမ့်မည်။


ချီမိသားစုလည်း ကြီးမားသော စည်းစိမ်ဥစ္စာများ ဆုံးရှုံးခြင်းနှင့် အကျဉ်းချခံရခြင်းကို ရှောင်ရှားနိုင်ပြီး ထောင်ရွှမ်လည်း သေရမည်မဟုတ်ပေ။


မှန်ပေသည်၊ ဤသည်တွေအားလုံးက ထောင်ထောင်၏ ဇာတ်ကြောင်း လိုက်လျှောက်ရန် အတင်းအကြပ်မလုပ်တော့မှုအပေါ်မှာ အခြေခံထားခြင်းဖြစ်သည်။


သို့ပေမဲ့ ချီရှင်းချန်က ဤကိစ္စကို စိတ်မပူခဲ့ပါချေ။ထောင်ထောင်က ထောင်ရွှမ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အသံဖမ်းဘောလ်ပင်ကို သူ့ထံပြန်ပေးသောအခါတွင် သူမ၏ စွဲလမ်းမှုကို စွန့်လွှတ်လိုက်ပြီဟု သူခံစားခဲ့ရသည်။


နောက်ဆုံးတွင်၊ထောင်ရွှမ်က စိတ်ဓာတ်ကြံ့ခိုင်ပြီး အမှီအခိုကင်းသောအစ်မဖြစ်သူကို ပြန်ခေါ်ရန် သူ့အသက်ကို စတေးခဲ့သည်မဟုတ်ပါလော။


၎င်းကိုကြားသောအခါ ပိုင်ရဲ့နှင့်ထောင်ထောင် နှစ်ယောက်စလုံးက ချီရှင်းချန်ကို ကြည့်နေကြသာ်။ "ည၏မက်မွန်" ကို ပြန်လည်စတင်ခြင်းမှာ အရာအားလုံးအစမှပြန်စရန်တစ်ခုတည်း အဓိပ္ပါယ်မရပါချေ...


ထောင်ထောင်ကမေးသည်။

"မင်းနဲ့ ပိုင်ရဲ့က တကယ့်လက်တွေ့ဘဝမှာအသက်ရှင်နေသေးလား"


"အသက်ရှင်နေဦးမှာပါ... ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေက အသေးအမွှားတွေ"


"ဒဏ်ရာတွေက အသေးအမွှားဆိုရင်မင်းမပြောင်းနိုင်သလောက်ပဲ...ငါ ခွဲခြမ်းစိတ်ဖြာပြီးပြီ... ပြီးခဲ့တဲ့ တစ်ခေါက်က ပိုင်ရဲ့ကို ပြန်အရယူဖို့ငါ အစွဲအလမ်းကြီးခဲ့တယ်...အဲဒါကြောင့် မင်းစာအုပ်လောကကနေ လုံးလုံးလျားလျားမထွက်ရသေးခင်မှာ မင်းကိုပြန်ဆွဲထားပြီး ပြန်စနိုင်ခဲ့တာ... မဟုတ်ရင် ယုတ္တိနည်းအရပြောရရင် အဲဒီတုန်းက မင်းလက်တွေ့ဘဝကို ပြန်ရောက်သင့်တာ"


"ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုသာမှန်ရင်" 

ထောင်ထောင်က ဆိုသည်။


"မင်းမှာရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဒီမှာ အေးချမ်းတဲ့ဘဝမှာနေထိုင်ဖို့ အခွင့်အရေးကို စွန့်လွှတ်ရလိမ့်မယ်... မင်းဆန္ဒရှိလား"


ချီရှင်းချန်က ပြုံးလိုက်သည်။


ဆန္ဒရှိလား...


ပိုင်ရဲ့က သူ့ကို ပြန်သွားမလားဟု မေးကတည်းက သူဤမေးခွန်းကို တွေးနေသည်မှာ တစ်လကျော်ရှိပြီဖြစ်၏။


တကယ်တမ်းတွင် သူက တစ်ယောက်တည်းနေပြီး ရှင်သန်နိုင်ရန်အတွက် သူ့၏ သေးငယ်သော ဆက်ကပ်ဖျော်ဖြေခနှင့် ပညာသင်ဆုတွေကို အားကိုးနေခဲ့သည်။ စာကျက်ခြင်းမှလွဲ၍ ဘဝ၏တစ်ခုတည်းသောပျော်ရွှင်မှုမှာ ပိုင်ရဲ့၏သီချင်းများကို နားထောင်ခြင်းဖြစ်သည်။


ဤကမ္ဘာကြီးမှာ သူ့အပေါ် တွယ်တာသည့် မိသားစုနှင့် မရေမတွက်နိုငသော ပိုင်ဆိုင်မှုတွေရှိ၏။ သာမန်လူများ တစ်သက်လုံး မစားနိုင်လောက်သော စားကောင်းသောက်ဖွယ်များကို သူစားခဲ့ဖူးသည်။ သူ့ကို သဘောကျသည့်ဖန်တွေလည်းရှိသည်၊ပန်းတွေ၊ လက်ခုပ်သံတွေ၊ ချီးကျူးဂုဏ်ပြုမှုတွေ၊ ...


ပြီးတော့ ပိုင်ရဲ့... 


သူ မျှော်ကြည့်နေခဲ့ရသော ညကောင်းကင်ကြီးက ယခု သူ့ဘေးတွင် ထိုင်ကာ သူ့လက်ကို ဆုပ်ကိုင်ထားသည်။


ဒါတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား...


ရိုးရိုးသားသားပြောရလျှင် သူ ဝန်လေးနေခဲ့သည်။ယခုလိုမိသားစု၏ နွေးထွေးမှုကို သူတစ်ခါမှ မခံစားခဲ့ရဖူးပေ။ သူ့အဖေ၊ သူ့အစ်မ၊သူ့အစ်ကိုကြီး၊သူ့ညီလေးနှင့်လျန်ကျင်းတို့ကို ထားခဲ့ရန် ဝန်လေးနေခဲ့သည်။


ပိုင်ရဲ့ကိုလည်း သူမထားခဲ့နိုင်ပေ။


ထို့ကြောင့် ပိုင်ရဲ့က သူ့ကိုမေးသည့်အခါ ချက်ချင်းပြန်မဖြေနိုင်ခဲ့ခြင်းဖြစ်၏။


ထောင်ရွှမ်၏သေဆုံးမှုက သူ၏အတွေးများကို အတည်ပြုနိုင်ခဲ့သည်။


သူတို့၏ ထွက်ခွာသွားခြင်းကို လူတိုင်း၏ ငြိမ်းချမ်းရေးနှင့် ငြိမ်သက်အေးချမ်းရေးအတွက် လဲလှယ်နိုင်မည်ဆိုလျှင်...


"ကျွန်တော် ကျေကျေနပ်နပ်ကြီး..." 

ချီရှင်းချန်က ဆိုလိုက်၏။

"စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်"


ပိုင်ရဲ့က သူ၏လက်ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်လာသည်။ သူ့အတွက်က စာအုပ်ထဲက အရာအားလုံးက သူ့မူလဘဝနှင့် အတူတူပါပင်။သည်မှာနေသည်နှင့် ပြန်သွားသည်ကြားမှာ ဘာကွာခြားမှုမရှိပါချေ။သို့သော် ဤအတွက် ချီရှင်းချန် မည်မျှ အနစ်နာခံရမည်ကို သူသိသည်။


သူ့ချစ်သူက အလွန်ကြင်နာတတ်ပြီး ကောင်းမွန်သောလူတစ်ယောက်ဖြစ်၏။


ထောင်ထောင်က ချီရှင်းချန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ 

"အခုတော့ သူမင်းကိုဘာလို့ကြိုက်လဲဆိုတာ ငါသိသွားပြီ... ငါကတကယ်တမ်းကျ မင်းလောက်မကောင်းဘူးပဲ... ဒါပေမဲ့ နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်... စဉ်းစားပြီးပြီလားတော့ မသိဘူး"


ထောင်ရွှမ်က ခဏရပ်လိုက်သည်။ 

"'ဘက်ဂျက်ခရီးသွားကြမယ်'မှာ မင်းတို့ပထမဆုံးတွေ့တဲ့ပုံစံက တစ်ယောက်နဲ့တစ်ယောက် မသိတာ သိသာတယ်... ဆိုလိုတာက မင်'ည၏မက်မွန်' ကို စွန့်ခွာပြီးတာနဲ့ အချင်းချင်ချစ်မိခဲ့ကြတဲ့ အတွေ့အကြုံ အပါအဝင် စာအုပ်ထဲမှာရှိတဲ့ အရာအားလုံးကို မေ့သွားနိုင်တယ်... မင်း...လက်ခံနိုင်လား"


ချီရှင်းချန်က မျက်လွှာချလိုက်သည်။ ဤသည်မှာ စိတ်ပိုင်းဖြတ်နိုင်ရေးအတွက် သူ တစ်လကြာအောင် ရုန်းကန်နေရသည့် အဓိကအကြောင်းရင်းဖြစ်သည်။


ပိုင်ရဲ့နှင့်သူစိမ်းတွေဖြစ်သွားမည်ကိုတွေးလိုက်တိုင်း သူ့နှလုံးသားက ဓားတုံးတုံးနှင့် ထပ်ခါထပ်ခါ အခုတ်ခံနေရသလို ခံစားရသည်။ တွေးခေါ်နိုင်စွမ်းတွေ ဆုံးရှုံးလုနီးပါးအထိ နာကျင်ခဲ့ရ၏။ သူ ပိုင်ရဲ့ကို အင်မတန်သဘောကျရပါသည်။သဘောကျလွန်း၍ မကောင်းသည့် အဆုံးသတ် မတွေးချင်သည်အထိပါပင်။


သို့ပေမဲ့ ပိုင်ရဲ့မှာလည်း လက်တွေ့ကမ္ဘာမှာ မိသားစုရှိ၏။ပိုင်ရဲ့သာ စာအုပ်ထဲမှာ သူနှင့်အတူရှိနေခဲ့ပြီး မေ့မျောနေခဲ့လျှင် သို့မဟုတ် အသက်ရှုပင်ရပ်သွားခဲ့လျှင် သူ့မိသားစု မည်မျှထိ ရင်ထုမနာဖြစ်သွားလိမ့်မည်နည်း။


ပိုင်ရဲ့၏နောက်လိုက် ညဥ့်ကောင်းပင်တွေ မည်မျှ ဝမ်းနည်းကြေကွဲကြလိမ့်မည်နည်း။


သူ ဤမျှ တစ်ကိုယ်ကောင်းဆန်၍ မရပေ။


ပါးစပ်ကိုဖွင့်လိုက်သော်လည်း အသံမထွက်လာ။ သူက အနည်းငယ် အသက်ပြင်းပြင်းရှူပြီး "လက်ခံနိုင်ပါတယ်"ဟု ပြောတော့မည်ပြုလိုက်၏။


ထိုအချိန်မှာ သူ့ဘေးနားကလူက သူ့အစားပြောလိုက်လေသည်။

"အဆင်ပြေပါတယ်...ငါ သူ့ကိုမှတ်မိနေမှာပါ"


.


အမျိုးသမီးဇာတ်ဆောင်ကိုအဓိကထားရှိသည့် ဝတ္ထုတစ်ပုဒ်အနေဖြင့် 'ည၏မက်မွန်' ၏တည်ရှိမှုက ထောင်ထောင်ကို တာဝန်ထမ်းဆောင်ရန်ဖြစ်လေသည်။ချီရှင်းချန်နှင့်ထောင်ထောင် အတည်ပြုနိုင်ခဲ့သည်က သူမ စိတ်လိုလက်ရ သေဆုံးသွားလျှင် စာအုပ်ထဲက ကမ္ဘာကြီးက ဆက်လက်လည်ပတ်နေဦးမည်ဖြစ်သည်၊သို့ပေမဲ့ သူမဆန္ဒမရှိလျှင် ဇာတ်ကွက်က မူလအခြေအနေအတိုင်း ပြန်ပြီး အစကနေပြန်စမှာဖြစ်သည်။အမျိုးသမီးဇာတ်ဆောင်က သူမလိုချင်သည့် ရလဒ်ကို မရမချင်းဤအတိုင်းသံသရာ လည်နေလိမ့်မည်။


ချီရှင်းချန် ထောင်ဝင်စာလာမတွေ့ခင်မှာ ထောင်ထောင် သူမအပိုင်မဟုတ်သည့်အရာတွေကို အတင်းအကြပ် မလုပ်နိုင်ဘူးဆိုသည်ကို သိထားပြီးသားဖြစ်သည်။ သူမ သေခြင်းတရားကို ငြိမ်းချမ်းစွာလက်ခံပြီး အောက်ဘုံတွင် ထောင်ရွှမ်နှင့် ပြန်လည်ပေါင်းစည်းရန် စီစဉ်ခဲ့သည်။


ယခု ချီရှင်းချန်မှာ တောင်းဆိုချက်တစ်ခုရှိလာသဖြင့် သူမ ခဏလောက် စဉ်းစားလိုက်၏။ 


"ကောင်းပြီ ငါကြိုးစားမယ်...ငါတကယ်ပြန်လည်မွေးဖွားနိုင်ရင် ချီမိသားစုနဲ့ဝေးဝေးနေပြီး ထောင်ရွှမ်ရဲ့ရောဂါကို တတ်နိုင်သမျှအမြန်ဆုံးကုသပေးမယ်...သူ့ကို လုံခြုံပြီး ကျန်းမာတဲ့ဘဝနဲ့ နေထိုင်သွားစေမယ်... ငါကျရှုံးခဲ့ရင် ကျေးဇူးပြုပြီးထောင်ရွှမ်နဲ့အတူတူ သင်္ချိုင်းတစ်ခုထဲမှာပဲ မြုပ်နှံပေးပါ...


သူနဲ့အတူ မြုပ်နှံခံရဖို့ မထိုက်တန်ဘူးဆိုတာ ငါသိပါတယ်...အဝေးကနေပဲ သူ့ကို

ကြည့်နေချင်ရုံပါ"


လူတစ်ယောက်ကသေခါနီးအချိန်မှာ သူ့စကားတွေကလည်း ကျိုးကြောင်းဆီလျော်လာသည်။ဧည့်တွေချိန်က ကုန်ခါနီးပြီဖြစ်၏။ချီရှင်းချန် ထောင်ထောင်ကို ကတိပေးပြီး ပိုင်ရဲ့နှင့်အတူ တူ ထောင်မှ ထွက်ခွာလာခဲ့လေသည်။