အပိုင်း ၁၇၈
Viewers 36k

Chapter 178




ဇာတ်ကွက်ပြီးသွားပေမဲ့ လူတိုင်း၏မျက်လုံးတွေက ချီရှင်းချန်ကို အာရုံစိုက်နေကြသည်။ ဘယ်သူမှ "ကဒ်" ဟု မအော်ကြသလို ဗီဒီယိုကိုလည်း ဘယ်သူမှ ပြန်မကြည့်ပေ။ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ရှိုက်ငိုသည့်အချိန်မှ ဒါရိုက်တာချမ်က အသက်ပြင်းပြင်းရှူရင်းဆိုသည်။


  "ရှောင်ချီ ပြီးသွားပြီ...ဆင်းလာခဲ့"


တကယ်တမ်းတွင် ချီရှင်းချန် ဆင်းမလာချင်ခဲ့သည် မဟုတ်ပေ။သူက ရှန်းရှင်း၏ ခံစားချက်များထဲတွင် နှစ်မြုပ်နေဆဲဖြစ်ပြီး ခွန်အားမရှိသလောက်ပင် မောပန်းနေပြီဖြစ်သည်။ နောက်ဆုံးမှာ ပိုင်ရဲ့က သူ့ကို အောက်သယ်ချရသည်။


"အိုကေ ပေါင်ပေ့"

ပိုင်ရဲ့က သူ့လက်ဖဝါးနီနီများကို ပွတ်သပ်လိုက်သည်။

"ပေါင်ပေ့ ကောင်းကောင်းလုပ်ခဲ့တယ်... အောင်မြင်မြင်နဲ့ ပြီးအောင်လုပ်ခဲ့တယ်... စိတ်မကောင်းမဖြစ်နဲ့နော် ဟုတ်ပြီလား"


ချီရှင်းချန်က ရေရွတ်လိုက်သည်။ "အဆင်ပြေပါတယ်...ခဏနေရင် နေကောင်းသွားမှာပါ... စိတ်မပူပါနဲ့"


ပိုင်ရဲ့က ဘယ်လိုမှ စိတ်မပူဘဲမနေနိုင်ပေ။သူတို့ပတ်ဝန်းကျင်ကလူတွေကို လျစ်လျူရှုပြီး ရှန်းရှင်းကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းပြီး နောက်ကျောကို ပုတ်ပေးလိုက်သည်။


ဤလှုပ်ရှားမှုသည် အံ့ဖွယ်ကောင်းစွာ အလုပ်ဖြစ်သွားပုံရသည်။ချီရှင်းချန်၏ စိတ်ခံစားမှုတွေ ပြန်ကောင်းလာရန် အချိန်သိပ်မကြာလိုက်ပါချေ။ ဒါရိုက်တာချမ်းတစ်ယောက် ချစ်ခြင်းမေတ္တာပြပွဲကို အတင်းအကြပ် ကြည့်ရှုခိုင်းခံခဲ့ရသည်။ သူမနေနိုင်ဘဲ လည်ချောင်းကို ရှင်းလိုက်သည်။ 


 "အဟမ်း...ခွင့်ပြုပါ"


"ရတယ် ပြောပြော" 

ချီရှင်းချန် ရှက်ရွံ့ပြီး ပိုင်ရဲ့၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။


"ရှောင်ချီ...B Scene မှာ မင်းရဲ့ ဇာတ်ဝင်ခန်းတွေ ပြီးသွားပြီ...မင်း အခု ပြန်သွားပြီး အနားယူလို့ ရတယ်... ငါဆက်နေပြီးတော့ ဗလာ ဇာတ်ကွက်တချို့ကို ရိုက်ကူးမယ်...မနက်ဖြန် မနက်ခင်း A Scene ကို ပြန်သွားမယ်... ပဏာမခန့်မှန်းချက်ကတော့ နှစ်ရက်အတွင်း အပြီးသတ်နိုင်မယ်... ပြီးရင် ထုတ်လုပ်မှုကို စမယ်...ငါတို့က အချိန်ကြပ်နေတာဖြစ်တဲ့အတွက် ပရိုမိုးရှင်းလုပ်တာနဲ့ ထုတ်လွှင့်တာက တစ်ချိန်ထဲဖြစ်တာ အကောင်းဆုံးပဲ"


"ကျွန်တော်သိပါတယ်"

ချီရှင်းချန်က ခေါင်းညိတ်လိုက်သည်။ "အဲဒါအတွက်လည်း ကျွန်တော် ပြင်ဆင်ထားပါတယ်...ပရိုမိုးရှင်းအတွက် စိတ်ပူနေစရာ မလိုပါဘူး...အဲဒါကို လုပ်ဖို့ အဖွဲ့တစ်ဖွဲ့ကို ရှာလိုက်မယ်...ခင်ဗျား ထုတ်လုပ်မှုနောက်ပိုင်းကို အာရုံစိုက်ထားလို့ရပါတယ်"


ဒါရိုက်တာချမ်က ချီရှင်းချန်ကို စိုက်ကြည့်ကာ ဘာမှပြန်မပြောပေ။


သူ စကားမပြောသည်ကိုမြင်ပြီး ချီရှင်းချန်က တစ်ဖက်လူက သူ့အစီအစဉ်ကို မကျေမနပ်ဖြစ်နေသည်ဟု ထင်သွား၏။သူ မေးတော့မည်ပြုချိန်မှာ...


ဒါရိုက်တာချမ်က အသက်ပြင်းပြင်းရှူပြီး ရုတ်တရက် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


"…ဘာလုပ်နေတာလဲ" 

ချီရှင်းချန် ထိတ်လန့်သွားသည်။ 

"ပြန်ထပါဗျာ"


"ငါက တခြားဘာမှ မဆိုလိုပါဘူး...ငါ မင်းကို ကျေးဇူးတင်ချင်တာပါ"


ချီရှင်းချန် ရယ်ရမလား ငိုရမလား မသိ။ 

"ပရောဂျက်ကို စစချင်းတုန်းက ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်ပြီးပြီလေ...ကျွန်တော့်ကို အပြင်လူလို မဆက်ဆံပါနဲ့...မြန်မြန်ထပါ"


"အဲဒီအချိန်က ရင်းနှီးမြှုပ်နှံမှုအတွက် ကျေးဇူးတင်တာ... ဒီတစ်ခါက..." ဒါရိုက်တာချမ်၏ အသံက တုန်ယင်သွားသည်။ 

"ဒီတစ်ခါက ရှန်းရှင်းကို စိတ်ဝိညာဉ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာပါ"


ချီရှင်းချန် သူက ဒါရိုက်တာချမ်ပြောနေသည့် အဆင့်ကို မရောက်နိုင်ကြောင်း ဝန်ခံရပေမည်။တစ်ဖက်လူနှင့် စေ့စပ်ညှိနှိုင်းပြီး နောက်ဆုံးတွင် ထအောင်ဖြောင့်ဖြ နိုင်ခဲ့သည်။ သို့သော်လည်း ဇာတ်ညွှန်းရေးဆရာက သူရိုက်ကွင်းထဲကမထွက်နိုင်မီတွင် ပြေးလာပြီး ပွေ့ဖက်ကာ ငိုလာသည်။ အဆုံးစွန်သော တိုက်ပွဲက အငိုပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။


ပိုင်ရဲ့ကသာ ဇာတ်ညွှန်းရေးဆရာကို မဆွဲထုတ်ခဲ့ဘူးဆိုလျှင်၊သူပါ မျက်ရည်တွေကျလာလိမ့်မည်ဟု ချီရှင်းချန်

 သံသယဖြစ်မိသည်။


"သင်နှင့်ကျွန်ုပ်"က ဇာတ်ကွက်တွေ အလွန်များပြီး အင်မတန်ပင်ပန်းသည်။ ဟိုတယ်ပြန်ရောက်ပြီးနောက် ချီရှင်းချန် သက်တောင့်သက်သာရှိ ရေချိုးသည်။ သူထွက်လာသောအထာ ပိုင်ရဲ့က မှတ်စုစာအုပ်ကို ကိုင်ပြီး ထပ်ရေးခြစ်နေပြန်သည်ကို တွေ့လိုက်ရ၏။


အခုတလော ပိုင်ရဲ့ကထိုကဲ့သို့ဖြစ်နေသည်။လူတွေ၏ လျှို့ဝှက်ရေးကို စပ်စုတတ်သည့်အလေ့အထ မရှိသည့်အတွက် သူ မမေးခဲ့ပါချေ။


ရေချိုးဂျယ်နံ့ရသောအခါ ပိုင်ရဲ့က မော့ကြည့်လာပြီး လက်မောင်းနှစ်ဖက်ကို ဖွင့်လိုက်သည်။ 

"ဒီကိုလာ ...ကိုယ်ဖက်ထားပါရစေဦး"


ချီရှင်းချန်က လိမ်လိမ်မာမာဖြင့် သူ့ရင်ခွင်ထဲ ဝင်ထိုင်လိုက်သည်။


ပိုင်ရဲ့က သူ့လည်ပင်းကို အနံ့ခံလိုက်သည်။ 

"မင်း ကိုယ့်ရဲ့ရေချိုးဂျယ်လ်ကို သုံးထားတာလား"


ချီရှင်းချန်: "…"


ရာဇ၀တ်မှုကျူးလွန်သည့်ပထမဆုံးအကြိမ်မှာတင် ဖမ်းမိခြင်းခံရသည်။


"အနံ့ကို ကြိုက်လို့လား ...ကြိုက်ရင် သုံးလို့ရတယ်"


ချီရှင်းချန် ပိုင်ရဲ့၏ခါးကို ဖက်ထားလိုကိသည်။ သူက ရေချိုးဂျယ်လ်ကိုပဲကိုကြိုက်သည်မဟုတ်ပေ။ပိုင်ရဲ့ နှင့်ပတ်သတ်သည့် အရာအားလုံးကို သူသဘောကျသည်။


"စကားမစပ်" 

ချီရှင်းချန် သူ့လက်နှစ်ဖက်ကို တင်းကြပလိုက်သည်။ 

"ကျွန်တော် ချန်နော်ရာကို ပရိုမိုးရှင်းလုပ်ခိုင်းမလို့... ဒါပေမဲ့ အဓိက ကြော်ငြာတဲ့လူတွေက ကျွန်တော်တို့ပဲ ဖြစ်နေလိမ့်မယ်...ဘယ်လိုစီစဥ်ရမလဲ"


"မင်းအပေါ်မှာပဲ မူတည်တယ်"

ပိုင်ရဲ့ကဆိုသည်။

"ကိုယ်က ကိုယ်အလုပ်အားလုံးကို ဖျက်ပြီး မင်းနဲ့ အပြည့်အ၀ ပူးပေါင်းမှာပါ"


ရုံတင်ပြီးနောက် နယ်လှည့်ကြော်ငြာခြင်း အပါအဝင် ရုပ်ရှင်ရိုက်ကူးမှု စတင်ချိန်ကစ၍ ရေတွက်မည်ဆိုလျှင် ပိုင်ရဲ့က သူနှင့်အတူ လိုက်ပါရန် နှစ်ဝက်နီးပါးသုံးခဲ့သည်။ချီရှင်းချန်၏ နှလုံးသား နွေးထွေးသွားသည်။သူခေါင်းကိုမော့ပြီး ပိုင်ရဲ့ကိုနမ်းလိုက်သည်။


ပိုင်ရဲ့ကို မည်သို့ လွယ်လွယ်နှင့် အခွင့်ကောင်းယူနိုင်မည်နည်း။ချက်ချင်းပင် သူ့ကို ပြန်နမ်းလိုက်သည်။


နှစ်ယောက်သား နမ်းပြီးရင်းနမ်းကာ တစ်ယောက်ကိုတစ်ယောက်တစ်တိတစ်တိကိုက်ဝါးနေကြသည်။ချီရှင်းချန်မှာ အကြံတစ်ခုရလာသည်။ 

"ရဲ့ကော...ကျွန်တော်တို့ အခုအားနေချိန်မှာ စီးပွားရေးတစ်ခုစလိုက်ရအောင်"


"ကောင်းပြီ ...မင်းဘယ်လိုစီးပွားရေးစချင်လဲ"


"တိုက်ရိုက်ထုတ်လွှင့်မှုဆိုရင်အိုကေလား... အခုမလုပ်ရင် ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြန်သိမ်းသွားလိမ့်မယ်"


ပိုင်ရဲ့က သဘာဝအတိုင်း သဘောတူလိုက်သည်။ သူ့ချစ်သူလေးကို သာမာန်ကျပြီး ဆွဲဆောင်မှုမရှိသည့် အဝတ်အစားတွေကိုလဲဝတ်ရန် တိုက်တွန်းခဲ့သည်။


ထို့နောက် သူက ဖုန်းတင်ကိရိယာကို တပ်ဆင်ကာ ဖုန်းကို တပ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု သတိပေးချက်တစ်ခု ပေးပို့ခဲ့သည်။ သူ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ နှိပ်ဝင်လိုက်သည်။ညဥ့်ကောင်းကင် နှင့် ကြယ်အလင်းတန်းများက အသီးသီး အပြေးအလွှား ရောက်လာသည်။


စင်စစ်အားဖြင့် ဤသည်က သူတို့နှစ်ဦးတွဲပြီး တရားဝင် တိုက်ရိုက် ထုတ်လွှင့်မှုမှာပါသည့် ပထမဆုံး အကြိမ်ဖြစ်၏။ချီရှင်းချန် အနည်းငယ်စိမ်းနေသည်။ သင့်လျော်စွာ နှုတ်ဆက်ပြီးနောက် ပိုင်ရဲ့ သူ့ချစ်သူလေးက ဘာပြောရမှန်း မသိသည့်ပုံပေါ်သည်ကို တွေ့လိုက်ရသောကြောင့် ဖန်များ၏ မေးခွန်းများကို ဖြေရန် အစပြုခဲ့သည်။


"ဟုတ်တယ်... ငါတို့နှစ်ယောက် ဟိုတယ်မှာနေတာ"


"တိုက်ရိုက်မထုတ်လွှင့်တာ ဘယ်လောက်ကြာပြီလဲဆိုရင်... နောက်ဆုံးအကြိမ်က တရုတ်နှစ်သစ်ကူး လေးရက်မြောက်နေ့ မဟုတ်လား...ခုနစ်လ ရှစ်လရှိပြီ"


"Weibo... Weibo မှာ တင်ရတာ ပျင်းတယ်...ပြီးတော့ အခုတလော ရိုက်ကူးရေးတွေ အလုပ်ရှုပ်နေတာကြောင့် ဖုန်းနဲ့ဆော့ဖို့ အချိန်မရှိဘူး"


"နမ်းတဲ့ အခန်းပါလားလို့ မေးနေတာလား" 

ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။ 

"မပါရင် ဒါရိုက်တာကို ထည့်ခိုင်းလို့ရတယ်လေ"


ချီရှင်းချန် ထိုစကားကိုကြားသောအခါ ဒေါသထွက်လာပြီး ပိုင်ရဲ့ကို စိုက်ကြည့်လိုက်သည်။ ထို့အပြင် သူ တစ်ဖက်လူဆက်ပြောရန် လုံးဝခွင့်ပြု၍မရကြောင်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။


ဖန်တွေကလည်း မေးခွန်းတွေ မေးနေကြတုန်းပါပင်။


[ပထမဆုံးအကြိမ် လက်တွဲလုပ်ရတာ ဘယ်လိုခံစားရလဲ... အဆင်ပြေရဲ့လား?]


ချီရှင်းချန်က အရင်ဖြေသည်။ "ပူးပေါင်းဆောင်ရွက်မှု ကောင်းပါတယ်"


ပိုင်ရဲ့: "ကောင်းပါတယ်...သူက ငါ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို မကြာခဏ ချီးကျူးတယ်"


[ရိုက်ကူးရေးမှာ အားလပ်ချိန်မှာရော ဘာလုပ်ခဲ့လဲ?]


ချီရှင်းချန်:"'သင်နှင့်ကျွန်ုပ်' ရုပ်ရှင်ရိုက်တဲ့ကာလက အရမ်းတိုတယ်...ဒါကြောင့် အားလပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ"


ပိုင်ရဲ့:"ဇာတ်ညွှန်းဖတ်ပြီး အတူတူသရုပ်ဆောင်တာ၊ဇာတ်ဝင်ခန်းတွေကို သုံးသတ်တာစသဖြင့်ပေါ့... ညဘက်ဆို သူ့ကို ဂိုက်လုပ်ဖို့ အကောင့်သေးသေးလေးကိုသုံးတယ်"


ချီရှင်းချန်: "…"


သူအရင်က ဂိမ်းမဆော့ခဲ့ပေမဲ့ မကြာသေးမီက သူ ပိုင်ရဲ့နှင့် အချိန်ဖြုန်းခဲ့ပြီး ပိုင်ရဲ့က တစ်ခါတစ်ရံမှာ ဂိမ်းတွေဆော့တတ်သည်ကို သတိထားမိခဲ့သည်။ထို့ကြောင့် သူစမ်းသုံးကြည့်ရန် ဂိမ်းတစ်ခုကို ဒေါင်းလုဒ်လုပ်ခဲ့ပေမဲ့ ပိုင်ရဲ့က ရှာဖွေတွေ့ရှိသွားခဲ့သည်။


[ဟားဟားဟား! အဖွဲ့ထဲမှာ အချင်းချင်း ဘယ်လိုဆက်ဆံကြလဲ... သံသယကို တမင်ရှောင်ကြလား]


ချီရှင်းချန်: "အလုပ်ပေါ်မှာပဲ အဓိကအာရုံစိုက်ထားပါတယ်"


ပိုင်ရဲ့ : "သံသယကိုတမင်ရှောင်စရာမလိုပါဘူး...လုပ်စရာရှိတာကို လုပ်တယ်...အချိန်ကြာလာတာနဲ့အမျှ သူတို့အကုန်လုံး ကျင့်သားကျလာကြတယ်"


ချီရှင်းချန်: "…"


သူက အသက်ပြင်းပြင်းရှူပြီး ပိုင်ရဲ့၏ခြေထောက်ကို စားပွဲအောက်ကနေ ခြေဖျားနှင့် ပွတ်လိုက်သည်။


သူ့ချစ်သူ၏ ကရုဏာကို တောင်းခံနေသည့် အချက်ပြမှုကို လက်ခံရရှိလိုက်ရာ ပိုင်ရဲ့က မျက်ခုံးပင့်ကာ ရပ်လိုက်သည်။


သေချာသည်ပင်၊ဖန်တွေက သူတို့ဘာလုပ်နေသည်ကို မသိခဲ့ကြသလို မှတ်ချက်ကဏ္ဍကလည်း လျင်မြန်စွာ ပြန်လည်အသစ်အသစ်တွေဖြစ်လာနေသည်။


[ 'သင်နှင့်ကျွန်ုပ်' ဘယ်တော့ထွက်မှာလဲ ]



[ဒီဇာတ်ကားပြီးရင် မင်းတို့မှာ တခြားပူးပေါင်းမှုတွေ ရှိမှာလား]


ချီရှင်းချန်:" 'သင်နှင့်ကျွန်ုပ်' ကို နှစ်သစ်ကူးနေ့လောက်မှာ လွှတ်ပေးဖို့ ရှိတယ်...သတင်းရရင် မင်းတို့ကို ကျွန်တော် အကြောင်းကြားမယ်...ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး…"


သူ ဘာပြောရမှန်းမသိ။


အနာဂတ်မှာ အရာရာတိုင်းကို မသိနိုင်ပါချေ။


"ပူးပေါင်းဆောင်ရွက်မှုရှိတယ်"


ဤအခိုက်အတန့်မှာ ပိုင်ရဲ့က ရုတ်တရက်ပြောလိုက်၏။

"ငါတို့ မကြာခင် သီချင်းတစ်ပုဒ် အသံသွင်းဖို့ ရှိတယ်"


... သီချင်း ...


ချီရှင်းချန် ပိုင်ရဲ့ဘက်သို့ လှည့်လာပြီး သူ့မျက်လုံးများ ရှုပ်ထွေးသွားသည်။


ပိုင်ရဲ့ သူ့ချစ်သူလေး၏ ချစ်စရာကောင်းတာ ပုံစံကို သဘောတကျရယ်ပြီး မေးစေ့လေးကို လက်ဖျားနှင့် ကုတ်ခြစ်လိုက်သည်။ 

" 'သင်နှင့်ကျွန်ုပ်' အတွက် သီချင်းတစ်ပုဒ်ရေးခဲ့တယ်...ကိုယ်နဲ့တွဲဆိုချင်လား"


ချီရှင်းချန်၏ ရင်ဘတ်က တဒိန်းဒိန်းမြည်နေပြီး ကျယ်လောင်လွန်းသဖြင့် ဘာမှ မကြားရပေ။ သူကြားနိုင်သမျှက သူ့နှလုံးခုန်သံသာဖြစ်၏။


ရှစ်နှစ်ကြာအောင် သူလိုက်ခဲ့သော သူ့idolက သူနှင့်အတူ သီချင်းဆိုရန် ဖိတ်ခေါ်လာသည်။


သူ့အိမ်မက်တွေ အကောင်အထည်ပေါ်လာတာ ဘယ်လောက်ကံကောင်းလိုက်သလဲ...


အဆင်မပြေသည့် ဇာတ်ဝင်ခန်းတွေကို ပြန်လည် ရိုက်ကူးပြီးသည့် နောက်မှာ "သင်နှင့်ကျွန်ုပ်"က ပြင်းထန်သော ထုတ်လုပ်မှု နောက်ပိုင်းအပိုင်းထဲမှာ တရားဝင် ဝင်ရောက်လာပါတော့သည်။ကြော်ငြာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒါရိုက်တာချမ်းက အပိုင်းတိုနှစ်ခုဖြတ်ရန် နေ့ရောညပါ လုပ်ဆောင်ခဲ့သည်။ တစ်ခုက ရှန်းရှင်းမိုးပျံပိုး ဖျော်ဖြေသည့် အခန်းဖြစ်ပြီး နောက်တစ်ခုက ကျန်းယွမ်နှင့် ရှန်းရှင်း တို့ကြားက အပြန်အလှန်ဆက်ဆံမှုပါပင်။


"ကျိုရဲ့ရှင်းချန်ပထမဆုံးတွဲလုပ်ခြင်း"ဟူသော ထွင်လုံးဖြင့် မူလက ဖန်များကပဲ "သင်နှင့်ကျွန်ုပ်" ကို စောင့်မျှော်နေကြသည်။ သို့သော်လည်း ပထမအပိုင်းကို လွှင့်ပြီးနောက်၊ဖြတ်သွားဖြတ်လားများ၏ အမြင်များ ပြောင်းလဲသွားသည်-


[ဟေး... ဒီဇာတ်ကားက အရည်အသွေးကောင်းတယ်...ဖန်တွေဆီက ငွေရှာဖို့အတွက်နဲ့ ဖြစ်ကတတ်ဆန်းဖန်တီးထားတဲ့ အစုတ်အပြတ်ရုပ်ရှင်နဲ့ မတူဘူး]


[ချီရှင်းချန်ရဲ့ သရုပ်ဆောင်ချက်က အံဩစရာကောင်းလောက်အောင်မိုက်တယ်]


[ငါပြောရဦးမယ်...မင်းသားရဲ့အကြည့်ကြောင့် ငါ နည်းနည်းဆွဲဆောင်ခံလိုက်ရတယ် (ရှင်းရှင်းရဲ့ မျက်လုံးတွေ)]


[ချီရှင်းချန်က ဘာမိတ်ကပ်မှ လိမ်းမထားပုံပဲ...သူ့အသားအရည်နဲ့ ရုပ်ရည်ကြည့်ကောင်းမှုက ကျစ်ကျစ်... သူအခုတလော ကြည့်ကောင်းနေတယ်လို့ ပြောတာက ချဲ့ကားတာ မဟုတ်ဘူးပဲ]


ဒုတိယဗီဒီယိုကို လွှင့်တင်လိုက်သောအခါတွင် ဖန်များပွဲခံရမည့်အလှည့်ဖြစ်သည်။


[ဖာ့ခ် ဖာ့ခ် ဖာ့ခ် ငါတော့သွားပြီ!!]


[ဒါကအဓိပ္ပါယ်မရှိဘူးမဟုတ်လား??ငါ နှာခေါင်းသွေးလျှံတော့မယ်...ဖာ့ခ်!]


[ရဲ့ကော... မင်းအရမ်းတော်တာပဲလို့ ငါပြောနိုင်တယ်...ရှောင်ချီရဲ့ ရှက်နေတဲ့အမူအရာက တမင်လုပ်ယူထားတာမဟုတ်ဘဲ တကယ်ကြီးဆိုတာကိုငါအလေးအနက် သံသယဖြစ်မိတယ် (ခွေးခေါင်း)]


[ဖာ့ခ်...ကျိုရဲ့ရှင်းချန်CPဖန်တွေကို ငါအရမ်းအားကျနေပြီ... ငါ့ရဲ့ CP ကသာ ဒီလိုဆိုရင် ငါ အခု အေးအေးဆေးဆေး အနားယူနိုင်နေပြီ]


ဗီဒီယိုကလစ်ကို ထုတ်ပြီး ၄၈ နာရီအကြာတွင်၊ မုန်းတီးသူ အနည်းငယ်ဆီမှလွဲ၍ မှတ်ချက်များ အားလုံးနီးပါး ကောင်းမွန်ခဲ့သည်။ ထို့အပြင် နော်ရာု ဖောင်းပွမှုဖန်တီးရန် ရေတပ်ကို ငှားရမ်းရန် မလိုအပ်ခဲ့ပေ။၎င်းသည် သူ့ဘာသာသူ ခေတ်စားနေသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။


ချန်နော်ရာ ပင်လျှင် ချီရှင်းချန်ကို မနေနိုင်ဘဲဖုန်းဆက်ပြောမိသည်။

"ဥက္ကဋ္ဌချီ... မင်းကသာ ပရိုမိုးရှင်းဘတ်ဂျက်အတွက် အရမ်းပြောနေတာ... ကျွန်တော်တို့က အဲဒီလောက် ငွေအများကြီး မလိုဘူး"


"ရပါတယ်... ထားလိုက်ပါ" 

ချီရှင်းချန်က ဆိုလိုက်သည်။ 

"ချန်ကော ...နေ့ခင်းဘက် အားလပ်ချိန်မှာ အသံသွင်းစတူဒီယိုကို ပြင်ဆင်ပေးပါဦး...မနက်ဖြန်ကျ သုံးမှာ"


ပိုင်ရဲ့၏ သူဌေးဟောင်းဖြစ်သော နော်ရာ၏ အသံသွင်းကိရိယာများက အတော်လေးကောင်း၏။ယခု အသံသွင်းရန် နေရာတစ်ခုကို ရှာတွေ့ပြီဖြစ်ကာ ပိုင်ရဲ့မှာလည်း ထုတ်လုပ်ရေးအဖွဲ့ရှိပြီး အရာအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်၏။


ချန်နော်ရာက ခေါင်းညိတ်လိုက်သည်။ချီရှင်းချန် ဖုန်းချလိုက်ပြီး "အရှေ့လေမရှိလို့သာ" ဆိုသည့် စကားလုံးကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။


- ဂီတနုတ်တွေ


QAQ မလေ့လာရသေးဘူး...


သူက ဘယ်လိုသီချင်းဆိုရမှန်းမသိသည်မဟုတ်ပဲ သူလိုချင်သည့်ခံစားချက်ကိုရအောင် မသီဆိုနိုင်ခြင်းပင်။သူ့အိမ်မက်တွေ တကယ်ဖြစ်လာတော့မည် ခံစားချက်က သူ့ကို အနည်းငယ်မျှ ကြောက်ရွံ့စေသည်။ သူကောင်းကောင်းမသီဆိုနိုင်လျှင် စိတ်ပျက်မှာကိုကြောက်သလို ပိုင်ရဲ့ရေးထားသည့် သီချင်းအတိုင်းဖြစ်မလာမှာကိုလည်း ကြောက်သည်။


သူ၏စိတ်ရှုပ်ထွေးနေသောအမူအရာကိုမြင်သောအခါ အစီအစဉ်အကြောင်းစဉ်းစားနေသည့် ပိုင်ရဲ့က သူ့နားကြပ်ကို ချွတ်လိုက်သည်။ 


"မနေ့ကဆို အရမ်းကောင်းတယ်"


ချီရှင်းချန်:"မဟုတ်ဘူး... တစ်ခုခုလိုအပ်နေသလို ခံစားရတယ်"


"ဘာလိုအပ်နေတယ်ထင်လဲ...ကိုယ့်ကိုပြောကြည့်"


"ဘယ်လိုပြောရမလဲ…ဆိုနေတာက အသက်မပါသလိုဖြစ်နေပြီး လူတွေ ကျွန်တော့်နေရာကနေဝင်ခံစားမိဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ ကျွန်တော့် ကျွန်တော့်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းကြီးကို သုံးနေတဲ့ဟာကို"


ပိုင်ရဲ့ ခဏလောက်စဉ်းစားလိုက်သည်။ "မင်း ကျွမ်းကျင်မှု နည်းနည်း ထပ်ထည့်ရမယ်"


သူက ဂစ်တာကိုဆွဲကိုင်ပြီး ပြောရင်းနှင့်သီချင်းဆိုသည်။

"ဥပမာ၊ ဒီစာကြောင်း—ဘဝရဲ့တစ်ဖက်ခြမ်းကိုကြည့်ပါ...သီချင်းတစ်ခုလုံးရဲ့ စကားရပ်မှာ ဒီဟာက ပျော်ရွှင်စရာအပိုင်းဖြစ်သင့်တာမို့ 'တစ်ဘက်ခြမ်း' ဆိုတဲ့ စကားလုံးကို ဖိဆိုပြီး နောက်ဆုံး စာလုံးကို မြင့်ဆိုသင့်တယ်... ဆိုကြည့်"


ချီရှင်းချန် သူ၏ ညွှန်ကြားချက်အတိုင်း သီချင်းကို သီဆိုခဲ့သည်။


ပိုင်ရဲ့က ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး...လုံလုံလောက်လောက် မပျော်ဘူး"


"ဒါပေမဲ့ ကျွန်တော်အရမ်းပျော်နေပြီလေ....."


ပိုင်ရဲ့ သူ့ချစ်သူကိုလည်ပင်းကနေ သူ့ရှေ့သို့ ဆွဲ

ခေါ်လိုက်သည်။၎င်းနောက် ခေါင်းငုံ့ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ 

"အခု နည်းနည်း ပိုပျော်လာပြီလား"


"ဟုတ် ဟုတ် ဟုတ်" 

ချီရှင်းချန်က ကြက်ကလေးဆန်စေ့ကောက်သလို ခေါင်းညိတ်သည်။


"ကောင်းပြီ...ထပ်ဆိုပါဦး"


"ဘဝရဲ့ တစ်ဖက်ခြမ်းကို ကြည့်ပါ..."