Chapter 179
"ကောင်းပြီ...ထပ်ဆိုပါဦး"
"ဘဝရဲ့ တစ်ဖက်ခြမ်းကို ကြည့်ပါ
ထိုနည်းဖြင့် သူက ချီရှင်းချန်ကို တစ်လုံးချင်း သင်ပေးခဲ့သည်။ပိုင်ရဲ့ ချီရှင်းချန်ကို ကျေနပ်သည်အထိ သင်ပေးပြီးမှ သူတို့ထွက်လာခဲ့သည်။တကယ်တမ်းတွင် ချီရှင်းချန် သီချင်းကောင်းကောင်း မဆိုတတ်သည် မဟုတ်ဘဲ သူ့ကိုယ်သူ မျှော်လင့်ချက်အမြင့်ကြီးတွေ ထားခဲ့၍ပါပင်။
အားလွင်က ကားပြင်ထားပြီးနေပြီဖြစ်ပြီး အောက်ထပ်ဆင်းရန် ပြောသည်။ချီရှင်းချန် နှင့် ပိုင်ရဲ့သည် ဓာတ်လှေကားထဲတွင် အခြားလူများရှိနေသည့်တိုင် လက်ကို မလွှတ်ဘဲ တချိန်လုံး ဆုပ်ကိုင်ထားခဲ့ကြသည်။
"ည၏မက်မွန်"မှ ထွက်ခွာရန် အချိန်နီးကပ်လာသည်နှင့်အမျှ သူတို့ တစ်စက္ကန့်လေးပင် မခွဲနိုင်ဖြစ်နေကြသည်။
တစ်နှစ်ခွဲကြာပြီးနောက်၊နော်ရာက ယခင်အတိုင်းပါပင်။ ပါပါရာဇီများ၊ သတင်းထောက်များနှင့် ဧည့်ခံအဖွဲ့ အများအပြားသည် တံခါးဝတွင် ထိုင်နေကြသည်။ သက်တော်စောင့်တွေက လူ့နံရံကို အပေါက်ဖောက်ရန် ကူညီပေးနေကြသည်။ပိုင်ရဲ့က ချီရှင်းချန်ကို အကာအကွယ်ပေးရင်း ခန်းမထဲသို့ ဝင်သွားခဲ့သည်။
ခန်းမ၏အတွင်းဆုံးအခြမ်းတွင် ဂုဏ်ထူးဆောင်နံရံ ရှိသည်။ ပထမအကြိမ် သူတို့ရောက်တုန်းက ပိုင်ရဲ့က ဂုဏ်ထူးဆောင်နံရံ၏ထိပ်မှာရှိနေပြီး ချီရှင်းချန် သူ့ကို ရှာမတွေ့နိုင်ခဲ့ပေ။ဒုတိယ အကြိမ်တွင် ချီရှင်းချန်က ပိုင်ရဲ့နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသည်။
ယခုတွင် ပိုင်ရဲ့က ထိပ်ဆုံးတွင်ရှိနေဆဲဖြစ်သော်လည်း ချီရှင်းချန်က သူ့အောက်တွင် ရှိနေသည်။သူတို့နှစ်ဦးသည် နှစ်စင်တီမီတာ သို့မဟုတ် သုံးစင်တီမီတာသာ ကွာဝေးသည်။
ချီရှင်းချန် သူ့နှာခေါင်းဖျားကို ပွတ်သပ်လိုက်သည်။
အချိန်အတော်ကြာအောင် ကြိုးကြိုးစားစားလုပ်ခဲ့ပြီးနောက် မော့ကြည့်လိုက်သောအခါ နောက်ဆုံးတွင် သူ့ကိုမြင်နိုင်ခဲ့သည်။
အသံသွင်းစတူဒီယိုက စတုတ္ထထပ်တွင်ရှိသည်။ဥက္ကလေးချီက ပြောလာခြင်းဖြစ်သည့်အတွက် အကောင်းဆုံးပစ္စည်းတွေပါသည့်စတူဒီယိုကို သူတို့အတွက် သီးသန့်ထားခဲ့သည်။ချီရှင်းချန်က ဤကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။လမ်းလျှောက်ရင်း ချန်နော်ရာနှင့် နှင့် စကားစမြည်ပြောနေခဲ့သည် ။ အသံသွင်းစတူဒီယိုသို့ မရောက်မီ အဝေးက စင်္ကြံအဆုံးတွင် ယောက်ျားလေးနှင့် မိန်းကလေးအုပ်စုတစ်စု စုဝေးနေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် ငယ်ရွယ်သော်လည်း သူတို့၏မျက်လုံးထဲရှိ အကြောင်းအရာသည် တူညီသည် — သိလိုစိတ်၊ သဘောကျမှုနှင့် မျှော်မှန်းချက်။
ပိုင်ရဲ့ကိုတွေ့ရန် ဟန်ချင်းက သူ့ကိုဆွဲခေါ်တုန်းကနှင့် အတူတူပါပင်။
ချန်နော်ရာက ခေါင်းလှည့်ပြီး သူ့လက်ထောက်ကို အမိန့်ပေးလိုက်သည်။ "ပြန်သွားပြီး လေ့ကျင့်ဖို့ ပြောလိုက်...သူတို့ကို ဒီမှာ မနေစေနဲ့"
"အဆင်ပြေပါတယ်"
ချီရှင်းချန်က သူ့ကို ချက်ချင်းတားလိုက်သည်။
"အဲဒါကို စိတ်မပူပါနဲ့...ကြည့်ချင်ရင်ကြည့်ပါစေ"
ပိုင်ရဲ့: "မှန်တယ်...idolတွေကလည်း ထရိန်နင်ဘဝကလာတာပဲ"
ချန်နော်ရာ: "…"
ကောင်းပြီ ငါကတစ်ယောက်တည်း...မင်းတို့က နှစ်ယောက်အားပဲ...ဘယ်နိုင်ပါ့မလဲ...
အသံသွင်းစတူဒီယိုထဲသို့ လှမ်းဝင်လိုက်ရာတွင် ပိုင်ရဲ့၏အဖွဲ့က ခုနကတည်းက ထိုနေရာ၌ရောက်နေပြီဖြစ်သည်။လိုအပ်သော စက်ကိရိယာများအားလုံးကိုလည်း စမ်းသပ်ပြီးဖြစ်သည်။ချီရှင်းချန် မိုက်ကရိုဖုန်းရှေ့တွင် စစ်တိုက်သွားမည့်ပုံစံဖြင့် ရပ်နေသည်။
ပိုင်ရဲ့က သူ့ကို စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးတချို့ပေးခဲ့သည်။
"ကိုယ်တို့မနက်ခင်းကလုပ်ခဲ့သလိုမျိုးသာ ဆိုလိုက်"
ချီရှင်းချန်: "…"
ပိုင်ရဲ့: "မင်းလုပ်နိုင်ပါတယ်"
ချီရှင်းချန်: "မဟုတ်ဘူး...ကျွန်တော်မလုပ်နိုင်ဘူး...ကောက ကျွန်တော့်ရည်းစား...အဲဒါကြောင့် ကျွန်တော့်ကို နှစ်သိမ့်နေရတာ"
ပိုင်ရဲ့ အလွန်အကူအညီမဲ့နေခဲ့သည်။ သူနည်းနည်းလည်းရယ်ချင်သည်။
"ဒါဆို မင်းကို မင်းရဲ့ idol အနေနဲ့ ကိုယ်အမိန့်ပေးမယ်...အခု ကိုယ်ပြောသလို ချက်ချင်း သီချင်းဆိုပါ...ကိုယ့်အချိန်ဇယားက အရမ်းကြပ်တယ်... မင်းနဲ့ ဖြုန်းဖို့ ကိုယ့်မှာ အချိန်မရှိဘူး"
"အိုကေ..."
ချီရှင်းချန်က အာရုံစူးစိုက်စွာ ရပ်လိုက်သည်။
"ကောရဲ့အချိန်တွေကို ကျွန်တော်သေချာပေါက်မဖြုန်းဘူး"
နှစ်ယောက်သား လည်ချောင်းကို စိုစွတ်စေရန် ရေတစ်ခွက်သောက်ပြီး ချက်ချင်းပင် သီချင်းဆိုကြသည်။ အသံသွင်းခြင်းသည် ထပ်ခါတလဲလဲ ချိန်ညှိမှုလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာ၊ သူတို့ နှစ်ယောက်က လေ့ကျင့်မှုကို မရပ်တန့်ခဲ့။ တစ်မနက်လုံးကုန်ပြီးနောက် အသံသွင်းပြီးသွားကြသည်။
အသံညှိဆရာက ၎င်းကို တစ်ကြိမ် နားထောင်ပြီးနောက် သူတို့နှစ်ယောက်ကို လက်မထောင်ပြလိုက်သည်။ပိုင်ရဲ့က ချီရှင်းချန်၏ ကုပ်ပိုးလေးကို ညစ်လိုက်ပြီးပြုံးပြုံးကြီး ပြောလိုက်သည်။
"အဲလက်စ်... မူရင်းအသံကို ဖွင့်လိုက်"
သူတို့နှစ်ယောက်၏အသံများထွက်ပေါ်လာချိန်မှာ ချီရှင်းချန် သူ့လက်ကို ဆန့်လိုက်မည်ဆိုလျှင် ညဥ့်ကောင်းကင်ကို တကယ်ထိသွားနိုင်သလို ခံစားလိုက်ရလေသည်။
........
ဂီတထုတ်လုပ်ရေးက ရုပ်ရှင်နောက်ပိုင်း ထုတ်လုပ်ရေးထက် အများကြီး ပိုမြန်သည်။ သုံးရက်အကြာတွင် ပိုင်ရဲ့ ကုန်ချောကို လက်ခံရရှိခဲ့သည်။ အပိုင်းတိုလေးကို ရွေးချယ်ပြီး ဖန်တွေအတွက် အပိုဆုအနေဖြင့် အင်တာနက်မှာ တင်ခဲ့၏။
ပိုင်ရဲ့ နောက်ဆုံးအယ်လ်ဘမ်ထွက်သည်က တစ်နှစ်နှင့်နှစ်လရှိပြီဖြစ်၏။ ညဥ့်ကောင်းကင်တွေက ရူးသွပ်ကုန်ပြီး နားထောင်ရန် အပြေးအလွှား ရောက်လာကြသည်။၎င်းကို နားထောင်ပြီးနောက် အနိုင်ကျင့်ခံရခြင်းအပြင်ကို ထူးဆန်းသောခံစားချက်တစ်ခုကိုလည်းရခဲ့သည်။
အဆိုအကအရာမှာ ချီရှင်းချန်အနေဖြင့် အကောင်းဆုံးကြိုးစားလျှင်ပင် ပိုင်ရဲ့ကို မကျော်နိုင်ပေ။သို့သော်လည်း စည်းချက်တစ်ချက်မလွတ်ဘဲ သီချင်း၏ မူရင်း အနုပညာဖန်တီးမှုကို ဖော်ပြရန်က ပရော်ဖက်ရှင်နယ်မဟုတ်သော အဆိုတော်များအတွက် အမှန်တကယ်ခက်ခဲလေသည်။
ချီရှင်းချန်က ၎င်းကို လုပ်နိုင်ခဲ့၏။
[ရှောင်ချီက ဒီသီချင်းမှာ တစ်မှတ်မှမလျော့ဘူး!]
ပိုင်ရဲ့ မှတ်ချက်များကို ဖတ်ပြီး ကျေနပ်စွာဖြင့် ပို့စ်တင်လိုက်သည်– နားထောင် ကောင်းလား...ငါသင်ပေးထားတာလေ
ညဥ့်ကောင်းကင်များ ပြောစရာစကားမဲ့နေ၏။
ကျေးဇူးပြုပြီး ကြွားနေတာကိုရပ်လိုက်ပါတော့...
ဇာတ်ဝင်သီချင်း၏ ပေါ်ထွက်လာမှုသည် "သင်နှင့်ကျွန်ုပ်" ၏ ရေပန်းစားမှုကို များစွာမြင့်တင်ပေးခဲ့သည်။ အရှေ့လေကို အခွင့်ကောင်းယူပြီး ပိုင်ရဲ့နှင့် ချီရှင်းချန် တခြား ဘာမှမလုပ်ဖြစ်လုနီးပါးပါပင်။ ရုပ်ရှင်ပရိုမိုးရှင်းအတွက်ပဲ သူတို့ကိုယ်သူတို့ မြှုပ်နှံထားကြသည်။
ထို့အပြင် နှစ်သစ်ကူး အကြိုပါတီနှင့် နှစ်သစ်ကူး ပွဲတော်များသို့ ဖိတ်ခေါ်မှုများကလည်း ၎င်းတို့နှစ်ဦးထံ စဉ်ဆက်မပြတ် ရောက်ရှိလာကြပြီး ၎င်းတို့နှစ်ဦး အတူတကွ ဖျော်ဖြေကြမည်ဟု ရိုးသားစွာ မျှော်လင့်နေကြသည်။ပိုင်ရဲ့ နှင့် ချီရှင်းချန် တို့သည် ချန်နယ်တစ်ခုက တိုက်ရိုက်ထုတ်လွှင့်မှုပါတီတစ်ခုကို ရွေးချယ်ခဲ့ကြသည်။
မနှစ်က ပိုင်ရဲ့က စင်ပေါ်မှာ သီချင်းဆိုနေချိန်မှာ ချီရှင်းချန်ကဟိုတယ်မှာ နားထောင်ရင်းစောင့်နေခဲ့သည်။
ဤနှစ်မှာ တစ်ယောက်ဘေးမှာ တစ်ယောက် ပွင့်ပွင့်လင်းလင်း ရပ်ပြီး ကိုယ်ပိုင်သီချင်းတွေ သီဆိုနိုင်ခဲ့ကြသည်။
နှစ်သစ်ကူးအကြိုပါတီပြီးနောက်၊ ချီယွမ်ရှောင် ပြောခဲ့သည့်အတိုင်း "သင်နှင့်ကျွန်ုပ်" ကို နှစ်သစ်ကူးအကြိုတွင် ဖြန့်ချီခဲ့သည်။
"သင်နှင့်ကျွန်ုပ်"ရုံတင်ပြသသည့်နေ့မှာ အွန်လိုင်းနှင့် ရုံဝင်ငွေ ယွမ် သန်း80 ကျော်ရခဲ့သည်။စုစုပေါင်း ရုံတင်ငွေ၏ 21.9 ရာခိုင်နှုန်း၊ ပုံမှန်ရုပ်ရှင်များ၏ 19.7ရာခိုင်နှုန်းနှင့် တက်ရောက်မှုနှုန်းမှာ60.3 ရာခိုင်နှုန်းအထိ မြင့်မားသည်။ ၎င်းသည် နှစ်သစ်ကူးအကြို ရုံတင်ချန်ပီယံ တိုက်ရိုက်ဖြစ်လာခဲ့သည်။
ချီရှင်းချန် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့နှလုံးကခုန်နေသည်။သို့ပေမဲ့ သူ့နှလုံးထက်ပင် ပိုခုန်နေသည်က သူ့ဖုန်းပင်၊ ဒါရိုက်တာချမ် အပါအဝင် မရေမတွက်နိုင်သော မိတ်ဆွေသူငယ်ချင်းတွေက ဝမ်းသာကြောင်း မက်ဆေ့ခ်ျတွေ ပို့ကြသည်။
သေချာသည်ပင်၊ ဒါရိုက်တာချမ်နှင့် ဇာတ်ညွှန်းရေးဆရာက ထပ်ပြီး ငိုပြန်တော့သည်။
သို့သော် ယွမ်သန်း80ရုံတင်ငွေက ကြိုတင်ရောင်းချမှုပါ ပါဝင်ပြီး ချီရှင်းချန်သူဆက်လက်မလုပ်ဆောင်နိုင်တော့မည်ကို အနည်းငယ်ကြောက်ရွံ့ခဲ့သည်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူက အန်းရန်ဆီက တ"ဖာ့ခ် ဖာ့ခ်"နှင့်စသည့် ဖုန်းခေါ်ဆိုမှုတွေ နေ့တိုင်း လက်ခံရရှိလိမ့်မည်ဟု မည်သူသိပါမည်နည်း။
"ဖာ့ခ်...ရှင်းရှင်း ရုံတင်ငွေက ယွမ်သန်း 150 ကျော်သွားပြီ"
"ဖာ့ခ်...သိုပန်ရဲ အဆင့်သတ်မှတ်ချက်သက အခု 8.5 "
"ဖာ့ခ်...ရုံတင်ငွေက တစ်ရက်တည်းမှာ ယွမ် သန်း 100 ကျော်သွားပြီ"
"ဖာ့ခ်...အကြီးတန်းရုပ်ရှင်ဝေဖန်ရေးဆရာအများအပြားက ကြယ် ၄.၅ ပွင့်နဲ့အထက် ပေးခဲ့ကြတယ်...ဒီအရှိန်ကိုကြည့်..."သင်နှင့်ကျွန်ုပ်" ရဲ့ဂုဏ်သတင်းက ပေါက်ကွဲတော့မှာဟ"
အန်းရန်ပြောသော နံပါတ်များကို နားထောင်ရင်း၊ချီရှင်းချန် ပို၍ သက်တောင့်သက်သာရှိလာသည်။ ဒါရိုက်တာချမ်၊ ဇာတ်ညွှန်းရေးဆရာနှင့် ရိုက်ကူးရေးအဖွဲ့သားအားလုံး၏ နေ့ရောညပါ ကြိုးစားအားထုတ်မှု၏ရလဒ်ပါပင်။
လေးနက်သောစိတ်ထားသည် ကောင်းသောအလုပ်ကို မလွဲဧကန်ဖြစ်စေပြီး ကောင်းသောအလုပ်နှင့်အတူ ပါလာသမျှအရာအားလုံးသည် ကြိုးကြိုးစားစားလုပ်ဆောင်သူတို့အတွက် ထိုက်တန်သောဆုလာဘ်ပင်ဖြစ်လေသည်။
သူသည် နယ်လှည့်ပရိုမိုရှင်းဆင်းပွဲများအတွက် တစ်မြို့မှတစ်မြို့သို့ နည်းနည်းမှစိတ်မပူဘဲ အေးအေးဆေးဆေးသွားခဲ့ကာ ပြည်တွင်းရုံတင်ငွေ ယွမ်တစ်ဘီလီယံတန် ထိပ်တန်းအမျိုးသားကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်ကို လုံး၀မသိလိုက်ပေ။
ဇန်နဝါရီလကုန်တွင် ချီရှင်းချန် ချီယွမ်ရှောင်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ထောင်ထောင်၏ သေဒဏ်ကို တရားရုံးချုပ်က အတည်ပြုခဲ့ပြီး ကွပ်မျက်မည့်ရက်မှာ ဖေဖော်ဝါရီ ၆ ရက်ဖြစ်သည်။ သို့ရာတွင် နှစ်သစ်ကူးအကြိုနေ့ဖြစ်သောကြောင့် ကွပ်မျက်မှုကို သုံးရက်ရွှေ့ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်သို့ ချိန်းဆိုထားသည်။
ချီရှင်းချန်က ဖုန်းကို ပိုင်ရဲ့ကို ပေးလိုက်သည်။၎င်းကို ဖတ်ပြီးသည်နှင့် ပိုင်ရဲ့က ခဏလောက် ငြိမ်သက်သွားပြီး သူ့ချစ်သူလေး၏ နဖူးလေးကို နမ်းလိုက်သည်။
...........
ဖေဖော်ဝါရီလအစတွင်၊ ဟွာကျင်းဆုပေးပွဲအခမ်းအနားကို City S တွင်ကျင်းပခဲ့သည်။ ထိုနေ့တွင် ရွေးချယ်စာရင်းတွင်ပါဝင်သည့် ရုပ်ရှင်ဖန်တီးသူ ၅၇ ဖွဲ့စလုံး တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံမေးမြန်းခန်းကို ပြည်တွင်း ပြည်ပ မီဒီယာများက စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြသည်။ဤသည်က မကြုံစဖူး ခမ်းနားသော အခါသမယတစ်ခုပါပင်။
သူတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကိုပြသရန် တိတ်တိတ်လေး ဆင်တူဝတ်စုံတွေဝတ်ထားရသည့် ရွှေလင်းယုန်ဆုပေးပွဲနှင့်မတူဘဲ၊ဤတစ်ခါမှာ ချီရှင်းချန်နှင့် ပိုင်ရဲ့တို့က လွန်စွာ ရက်ရောခဲ့ကြသညိ။ကျန်းကျန်းနှင့် ရှောင်မန်တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆံပင်ပုံစံကနေ သူတို့၏ ဖိနပ်တွေအထိ ဆင်တူလုပ်ခဲ့ကြပြီး ဆံပင်တွေကနေပင် ခွေးစာနံ့တွေ ထွက်လာနေသည်။
"သင်နှင့်ကျွန်ုပ်" က ၂၃ ဖွဲ့မြောက်ဖြစ်သည်။ချီရှင်းချန်နှင့် ပိုင်ရဲ့က ကော်ဇောနီပေါ်မှာ ဘေးချင်းကပ်ပြီး လမ်းလျှောက်ခဲ့ကြသည်။ အောက်ကမီဒီယာများက သောင်းသောင်းဖြ ကြိုဆိုကြသည်။
"ဘာလို့ ကျိုရဲ့ရှင်းချန်က လက်ချင်းမတွဲတာလဲ"
"ပိုင်ရဲ့ မင်းရည်းစားကို ဖက်ပြီး ဓာတ်ပုံရိုက်ပါ"
"kiss...kiss"
၎င်းကိုကြားသောအခါ ပိုင်ရဲ့က စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"သူကရှက်တတ်တယ်... အလွန်အကျွံတွေ မတောင်းဆိုပါနဲ့"
ဆန့်ကျင်ဘက်အနေဖြင့် ချီရှင်းချန်က သူ၏ နီရဲနေသောနားရွက် ထိလိုက်ပြီး သူ့ဘက်ကနေစကာ
ပိုင်ရဲ့လက်မောင်းကို သွားကိုင်ခဲ့သည်။
မီဒီယာများက လေချွန်ကာ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကြပြီး ဖလက်မီးရောင်များက အမှောင်ညကို နေ့အဖြစ်သို့ ပြောင်းလဲလုနီးပါးပင်။အော်ဟစ်နေသောလူအုပ်ကြီးအလယ်တွင် ချီရှင်းချန် နှင့် ပိုင်ရဲ့တို့သည် ဘောပင်ကိုယူကာ လက်မှတ်ဘုတ်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
သေးငယ်သော နာမည်နှစ်ခုက တိုးဝှေ့ပူးကပ်ကာ တည်ရှိနေပြီး ၎င်းတို့ကြား နေရာလွတ်က အလွန်သေးငယ်သောကြောင့် မည်သူမျှ ကြားမ၀င်နိုင်ပေ။
ဓာတ်ပုံများနှင့် အင်တာဗျူးများအပြီးတွင် လူတစ်စုသည် ခန်းမထဲသို့ ရောက်ရှိလာပြီး အပေါ်တွင် ၎င်းတို့၏ အမည်များပါသည့်ထိုင်ခုံကို တွေ့ရှိခဲ့သည်။ ဧည့်သည်တော် ၅၇ဖွဲ့ ရောက်ရှိလာပြီး အခမ်းအနားကို တရားဝင် စတင်ခဲ့သည်။
ပထမဆုံး ပေးအပ်မည့်ဆုများမှာ အကောင်းဆုံးဓာတ်ပုံ၊ တည်းဖြတ်မှု၊ အနုပညာဦးတည်ချက်နှင့် အခြားနည်းပညာဆိုင်ရာ ဆုများဖြစ်သည်။ "သင်နှင့်ကျွန်ုပ်" က အမျိုးအစားနှစ်မျိုးအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးဓာတ်ပုံထူးချွန်ဆုရရှိခဲ့သည်။
ထို့နောက် ကျွမ်းကျင်ပိုင်နိုင်မှုဆုနှင့် တစ်သက်တာအောင်မြင်မှုဆုတို့ကို ပေးအပ်သည်။ ၎င်းတို့သည် "သင်နှင့်ကျွန်ုပ်" ၏ အဖွဲ့သားများနှင့် ဘာမှမဆိုင်ပေမဲ့ သဘာဝအားဖြင့် ၎င်းတို့၏ အပြုအမူများသည် အလွန်အမင်းလေးနက်နေကြသည်။ အနုပညာလောကအတွက် တစ်သက်လုံး ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ကြသော စီနီယာတွေက ရုပ်ရှင်ရိုက်ကူးသူတိုင်း၏ လေးစားမှုကို ခံယူထိုက်ပေသည်။
နောက်ဆုံးမှာ အနုပညာဆုတွေအလှည့်ရောက်လာသည်။အနုပညာကဏ္ဍတွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးပေးသည်။"အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုရှင်ပိုင်ရဲ့" ဟု အစီအစဥ်တင်ဆက်သူကကြေငြာသောအခါ ချီရှင်းချန်က သူ့ထိုင်ခုံမှ ခုန်ထလိုက်သည်။
အစီအစဥ်တင်ဆက်သူ မရယ်ဘဲမနေနိုင်။
"ရှင်းချန် မြန်မြန် ထိုင်ပါ...ဆုရတာက မင်းကောင်လေး"
ပိုင်ရဲ့က ချီရှင်းချန်ကို သူ့ထိုင်ခုံပေါ် ပြန်ဆွဲချလိုက်သည်။ သူလုပ်ခဲ့သည့်အရာကို သဘောပေါက်လိုက်သည့်အခါ သူ့မျက်နှာတစ်ခုလုံး ချောမောလှပသည့်ရှက်ရွံမှု တစ်ခုအဖြစ်ဆိုတွန့်ကွေးသွားသည်။
သူ့ချစ်သူ ကျေနပ်စေရန်အတွက် ပိုင်ရဲ့က ဆုဖလားကို အမြန်ယူကာ အားလုံးကို ကျေးဇူးတင်စကားဆိုပြီး ချက်ချင်း ထွက်ခွာလာခဲ့သည်။ချီရှင်းချန် ငိုချင်လာသည်။
"ကျွန်တော် ဘာလုပ်ရမလဲ...မနက်ဖြန်ကျရင် ရှာဖွေမှုစာရင်းထဲမှာ သေချာပေါက်ရောက်နေတော့မှာပဲ"
"အဆင်ပြေပါတယ်"
ပိုင်ရဲ့က သူ့ကျောကို ပုတ်ပေးလိုက်သည်။
"မင်းက ကိုယ့်အတွက် ပျော်သွားတာလေ... ဒီတုံ့ပြန်မှုက ပုံမှန်ပါပဲ"
ချီရှင်းချန်က ပိုင်ရဲ့အတွက် အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။ ကမ္ဘာပေါ်မှာ အရာရာကို ကောင်းကောင်းလုပ်နိုင်သည့်သူတစ်ယောက်ရှိသည်ဆိုသည်က စိတ်ကူးရခက်၏။
နောက်ပြီး ထိုလူက သူ့အပိုင်ဖြစ်နေသည့်အတွက်ပို၍ပင်ပျော်ရသည်။
ချီရှင်းချန် ကော့တက်နေသည့်နှုတ်ခမ်းထောင့်စွန်းများကိုဖိနှိပ်လိုက်သည်။
"အဲဒါဆိုရင် ကျွန်တော်ရှာဖွေမှုစာရင်းထဲမှာ ရောက်သွားရင် ဘယ်လိုတုံ့ပြန်ရမလဲ...မှတ်ချက်ရေးပြီစ ရှင်းပြရမှာလား...လူတိုင်းနဲ့အတူတူလိုက်ရယ်ရမလား"
"တုံ့ပြန်ဖို့ မလိုဘူး"
ပိုင်ရဲ့ကဆိုသည်။
"မင်း အကောင်းဆုံး ဇာတ်ဆောင်ဆုရရင် လူအများရဲ့ အာရုံစိုက်မှုက အလိုလို ပြောင်းလဲသွားလိမ့်မယ်"
ချီရှင်းချန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး...အကောင်းဆုံးဇာတ်ဆောင်ဆု မလိုချင်ဘူး...ကျွန်တော့်အတွက်ကတော့ ဒီရိုက်ကူးရေးရဲ့အတွေ့အကြုံက အကောင်းဆုံးဆုပါပဲ"
ထိုစကားကိုပြောနေချိန်မှာ သူ့မျက်လုံးတွေက ရိုးသားနေခဲ့သည်။ပိုင်ရဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။
အကယ်၍ လူတစ်ဦးသည် လက်တွေ့ကျပြီး ဝါးနိုင်သည်ထက် ပိုမကိုက်ပါက၊ မည်သည့်လုပ်ငန်းတွင်မဆို အကောင်းဆုံးဖြစ်မည်မှာ သေချာပေသည်။
"ကောင်းပြီ...အချစ်ကားရိုက်နေတာကို ရပ်လိုက်"
ဒါရိုက်တာချမ်က သူတို့ကို သတိပေးလိုက်သည်။
"အကောင်းဆုံးဇာတ်ဆောင် ဆန်ခါတင်စာရင်းကို ကြေညာတော့မယ်... အေးအေးဆေးဆေးနေ"
အတန်းထဲမှာ ဆရာဆီက အဆူခံလိုက်ရသကဲ့သို့ ချီရှင်းချန် နှင့် ပိုင်ရဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လျှာထုတ်လိုက်ပြီး စခရင်ပေါ်ရှိ ဆန်ခါတင်စာရင်းကို ငြိမ်ငြိမ်လေး ကြည့်နေကြသည်။
ယခုနှစ်အတွက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုအတွက် ဆန်ခါတင် လေးဦးအထိ ပါဝင်ခဲ့သည်။ ချီရှင်းချန် စာရင်း၏အဆုံးတွင် သူ့ကိုယ်သူမြင်လိုက်ရပြီး အံ့သြသွားသည်။
ဆန်ခါတင်စာရင်းဝင်ရန် မမျှော်လင့်ထားပေမဲ့လည်း ကျိုးကြောင်းဆီလျော်မှုရှိလေသည်။ "သင်နှင့်ကျွန်ုပ်"က ဆုများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်ဟွာကျင်းဆုပေးပွဲ၏ အကြီးမားဆုံးအောင်နိုင်သူ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ၎င်းက စျေးကွက်နှင့်အနုပညာနယ်ပယ်နှစ်ခုလုံးဆီက သေချာပေါက် အသိအမှတ်ပြုခံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။
နောက်ထပ် အကောင်းဆုံးဇာတ်ဆောင်
မင်းသားဆုအတွက် ဆန်ခါတင်စာရင်းတင်သွင်းခံရသည်ကို နားလည်၍ရပေသည်။
ချီရှင်းချန်က လုံးဝအလေးမထားခဲ့ပေ။ သူက ခုနက ရှက်စရာကောင်းသည့် အခြေအနေကို တွေးနေတုန်းဖြစ်၏။အစီအစဥ်တင်ဆက်သူက စာအိတ်ဖွင့်သည်ကို စိတ်မပါလက်ပါစိုက်ကြည့်နေခဲ့သည်။
"ဒီနှစ်အတွက် အကောင်းဆုံး ဇာတ်ဆောင်ဆု ရရှိသူကတော့-"
ဘယ်သူဖြစ်နိုင်မလဲ...
ချီရှင်းချန် သူ့ကိုယ်သူ တွေးနေမိသည်။အနောက်က အစ်ကိုကြီးဖြစ်နိုင်တယ်...
နောက်အခိုက်အတန့်မှာ အစီအစဉ်တင်ဆက်သူက ဆုရသူအမည်ကို ကြေညာလိုက်သည်။
"ချီရှင်းချန်ပါ... ဂုဏ်ယူပါတယ် ချီရှင်းချန်"
ချီရှင်းချန်:"…"
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူဘယ်လိုဖြစ်နိုင်မှာလဲ...အိပ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်...
ချီရှင်းချန် ပိုင်ရဲ့ကို အူကြောင်ကြောင် ကြည့်လိုက်သည်။ သူ့တုံ့ပြန်မှုက လူတိုင်းကို ရယ်စေပြန်သည်။
အူကြောင်ကြောင်ဖြစ်နေသည့် သူ့ကို ဒါရိုက်တာချမ်က စင်မြင့်ပေါ် တွန်းတင့လိုက်သည်။ သူ ကြီးလေးသောဆုဖလားကို လက်ခံရရှိပြီး နားမလည်နိုင်သော ကျေးဇူးတင်စကားများစွာကိုပြော ခဲ့သည်။
ချီရှင်းချန်ပြောပြီးသွားသည့်အခါ အစီအစဉ်တင်ဆက်သူက ပြုံးပြီးဆိုသည်။
"ဧကရာဇ်တစ်ယောက်ဖြစ်လာအောင်တိုက်ခိုက်နိုင်တဲ့ လူကအနည်းငယ်ပဲ ရှိပါတယ်...ဒါက ရှင်းချန်ရဲ့ ထူးချွန်မှုကို သက်သေပြဖို့ လုံလောက်နေပါတယ်...ဒီလို ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်မှာ ပိုင်ရဲ့မှာ ချီရှင်းချန်ကို ပြောစရာရှိမလားလို့ တွေးမိတယ်"
အစီအစဉ်တင်ဆက်သူက ပိုင်ရဲ့ကို လှမ်းကြည့်လိုက်သည့်အခါ ကင်မရာက ပရိသတ်ဘက်ကို လှည့်သွားသည်။ အစီအစဥ်တင်ဆက်သူက မိုက်ကို ပိုင်ရဲ့ကို ပေးလိုက်သည်။ပိုင်ရဲ့က သူ့(အစီစဥ်တင်ဆက်သူ)ကို ကျေးဇူးတင်စကားပြောပြီး မတ်တပ်ထရပ်လိုက်သည်။
သို့သော်လည်း သူ့အကြည့်တွေက ဘယ်တော့မှ ရွေ့မသွားပါချေ။ မီးမောင်းထိုးပြထားသည့် ဆုဖလားကိုင်ဆောင်ထားသူပေါ်မှာ သံမှိုစွဲနေသည်။
ထိုလူငယ်လေးက အမြဲတမ်း အ
လုပ်ကြိုးစားပြီး နှိမ့်ချတတ်သည်။
ပိုင်ရဲ့ မေးစေ့ကို အနည်းငယ် ပင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ရှိနေပုံရသည်။
"မင်း ကိုယ့်ကို မျှော်ကြည့်ခဲ့ဖူးတယ်... အခုကစပြီး ကိုယ်မင်းကို မျှော်ကြည့်ရမဲ့ အလှည့်ရောက်လာပြီ"