Chapter 180
[END -1]
ဟွာကျင်းဆုပေးပွဲအပြီးတွင် ချီရှင်းချန်နှင့် ပိုင်ရဲ့တို့သည် ၎င်းတို့၏ဖုန်းများ၊ ကွန်ပျူတာများနှင့် အခြားဆက်သွယ်ရေးကိရိယာများကို ပိတ်လိုက်သည်။ အလုပ်နှင့် ဆက်သွယ်ရေး အားလုံးကို ရပ်တန့်ကာ ရုပ်ရှင်အတူတူကြည့် သီချင်းအတူတူဆိုကာ နေ့တိုင်း အတူနေခဲ့ကြသည်။ ဗိုက်ဆာသည့်အခါ အတူတူ ထမင်းချက်စားကြ၏။ အိပ်ငိုက်သည့်အခါ အချင်းချင်း ပွေ့ဖက်ပြီး အိပ်ပျော်သွားကြသည်။ ချစ်ရသူနှင့်အတူတူရှိနေသည့်အခါ အိပ်မက်တွေကပင် ချိုမြိန်နေခဲ့သည်။
နှစ်သစ်ကူး မတိုင်ခင် ညအထိ သူတို့အတူနေခဲ့ကြသည်။ထို့နောက် ခေတ္တ နှုတ်ဆက်ခွဲခွာပြီး သက်ဆိုင်ရာ နေအိမ်များသို့ ပြန်ခဲ့ကြသည်။ချီရှင်းချန်အတွက်၊ချီမိသားစုသည် ပိုင်ရဲ့မှလွဲ၍ ကမ္ဘာပေါ်တွင် သူ့အတွက် အကြီးမားဆုံးသော စိုးရိမ်မှုဖြစ်သည်။ပိုင်ရဲ့အတွက်တော့ စာအုပ်နှင့်အပြင်လောကက ကွာခြားမှု မရှိပေမဲ့ စာအုပ်ထဲကမိသားစုနှင့် နှစ်နှစ်နီးပါးကြာအောင် ဖြတ်သန်းပြီးနောက် သူ့မိဘနှစ်ပါးကို နွေဦးပွဲတော်ကို နှစ်ယောက်တည်းဖြတ်သန်းခွင့်မပြုနိုင်ပါချေ။
နှစ်သစ်ကူးအကြိုနေ့နံနက်တွင် ချီရှင်းချန် မနှစ်ကကဲ့သို့ နွေဦးပွဲတော်နှစ်ကြောင်းရေးကဗျာများကို ကပ်ရန် ခြံဝန်းအတွင်းသို့ ပြေးသွားခဲ့သည်။နှစ်ကြောင်းရေးကဗျာများကို ကပ်ပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ်က အဖေချီအတွက် ပိုင်ရဲ့ဝယ်ခဲ့သော လက်ဖက်ခြောက်ကို သေတ္တာထဲမှ ထုတ်ယူကာ လက်ဖက်ရည်ပွဲကို စာကြည့်ခန်းထဲသို့ သယ်ဆောင်သွားခဲ့သည်။
အဖေချီရှေ့မှာ စာအိတ်နီအထုပ်ကြီးငါးထုပ်ရှိပြီး တစ်ခုပြီးတစ်ခု စာများရေးနေသည်။သူက သူ့သားသမီးတွေ၏ စာအိတ်နီတွေမှာ စကားလုံးအနည်းငယ်ရေးရသည်ကို သဘောကျပြီး ပိုက်ဆံပေးသည့်အခါ သူတို့ကို အားပေးရန်လည်း မမေ့ပေ။
သူ့သားအငယ်ဆုံးဝင်လာသည်ကိုမြင်သောအခါ အဖေချီက သူ့စုတ်တံကို ချလိုက်သည်။
"ကဗျာတွေကပ်ပြီးပြီလား"
"ဟုတ်ကဲ့"
ချီရှင်းချန်က လက်ဖက်ရည်ခွက်ပြင်ပေးလိုက်သည်။
"အဖေ လက်ဖက်ရည်သောက်ပါဦး"
ချီကော်ပိုရေးရှင်းမှာ အလုပ်များနေပြီး ချီရှင်းချန်မှာလည်း ကိုယ်ပိုင်လုပ်ငန်းရှိသောကြောင့် သားအဖနှစ်ယောက် ယခုလိုမျိုးနှစ်ယောက်တည်းအချိန်ကုန်ဆုံးခဲ့လေသည်။အဖေချီက လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ စုပ်သောက်လိုက်သည်။ချီရှင်းချန်က သူ့နောက်ကျောကို နှိပ်ပေးရင်း ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားစရာတွေအကြောင်း ပြောပြသည်။အဖေချီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ဤသည်က မိသားစု၏ ပျော်ရွှင်မှုပါပင်
"စကားမစပ်"
အဖေချီကဆိုသည်။
"နှစ်သစ်ပြီးရင် မင်းရဲ့အချိန်ဇယားကို ဘယ်တော့စမှာလဲ"
ချီရှင်းချန် ခဏတိတ်ဆိတ်နေပြီးနောက် လိမ်ညာလိုက်သည်။
"နှစ်သစ်ကူး ဒုတိယနေ့မှာ ရဲ့ကောဆီကို သွားမယ်...ပြီးရင် အလုပ်စလုပ်မယ်...ကျွန်တော်အိမ်မှာမရှိတဲ့အခါ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်အဖေ"
"စိတ်မပူပါနဲ့ အဖေဂရုစိုက်ပါ့မယ်"
အဖေချီက သူ့သားငယ်၏ ပခုံးပေါ် လက်နှင့် ပုတ်လိုက်သည်။
"မင်းတို့လက်ထပ်မှာကို ငါမျက်လုံးနဲ့ကိုယ်တိုင်မြင်ရဖို့စောင့်နေတုန်းပဲ... ယွမ်ရှောင် နဲ့ ယွီကျီးက ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲမသိဘူး...မြန်မြန်လုပ်ကွာ... အချိန်တန်ရင် အဖေက မင်းအတွက် သေချာပေါက်တခမ်းတနား မင်္ဂလာပွဲကျင်းပပေးမှာ...ရှောင်ပိုင်ကို ငါတို့ချီမိသားစုထဲ လက်ထပ်ဝင်ခဲ့တာကို သေချာပေါက် နောင်တရစေမှာ မဟုတ်ဘူး"
ယခုလိုအချိန်အတော်ကြာပြီးသည်အထိ သူ့အဖေက ပိုင်ရဲ့ကို အားနည်းသူဟု ထင်နေတုန်းပင်။ချီရှင်းချန် တစ်ချိန်တည်းတွင် ရယ်လည်းရယ်ချင်သလို ငိုလည်းငိုချင်လာသည်။ အဆုံးတွင် သူက "ဟုတ်ကဲ့"ဟု ချိုသာစွာပြောလိုက်သည်။
သူတို့မသိလိုက်ခင်မှာ မွန်းတည့်နေလေပြီ။ချီရှင်းချန် သူ့အစ်မကို နှစ်သစ်ကူးအကြိုညစာ တစ်ယောက်တည်း မပြင်ခိုင်းရက်သောကြောင့် ကူညီပေးရန် မီးဖိုချောင်ကို အမြန်သွားခဲ့သည်။
မနှစ်က မီးလောင်ပြီးကတည်းက ချီမိသားစုမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အားလုံးက အတိတ်မှာကျန်ရစ်ခဲ့ပြီဖြစ်၏။
သူတို့၏ရှင်သန်လွတ်မြောက်မှုကို ဂုဏ်ပြုရန်နှင့် လာမည့်နှစ်သစ်ကို ချောမွေ့စွာဖြတ်သန်းနိုင်ရန် ချီယွီကျီးက မနေ့ညက မီနူးရှည်တစ်ခုကို ပြုလုပ်ခဲ့သည်။ချီရှင်းချန် သူ့အ၀တ်အစားများကိုလဲပြီး မီးဖိုချောင်ထဲဝင်သောအခါတွင် သူ့အစ်မက အင်္ကျီလက်များကိုလိပ်တင်ကာ ဝက်သားနှင့်သိုးသားများကို ဓားနှင့်ခုတ်ပိုင်းရန်ပြင်နေသည်ကိုတွေ့လိုက်ရသည်။
မိန်းကလေးတစ်ယောက် ဒီလိုမျိုး ဘယ်လိုလုပ်လုပ်နိုင်ရတာလဲ...
ချီရှင်းချန်က ဓားကို ကိုင်လိုက်သည်။ "ကျွန်တော်လုပ်မယ်"
"သတိထား... လက်ကို မပြတ်စေနဲ့"
ချီယွီကျီးက တခြားအရာတွေကို ပြင်ဆင်ရန်သွားရင်း ရေရွတ်ကာ ပြန်ပြောလိုက်၏။
ခဏကြာသောအခါ အသားများတစ်ပြီးသွားကာ ငါးကိုကောက်ယူကာ ရေဆေးပြီး သူပြင်ဆင်ထားသည့် ဟင်းရည်ထဲသို့ ပစ်ချလိုက်သည်။
ချီယွီကျီးထိတ်လန့်သွားသည်။
"မြန်မြန် ဆယ်ယ်လိုက်... မင်း ကလီစာတွေ၊ အကြေးခွံတွေကို မဖယ်ရသေးဘူးလေ"
"ငါးအကြေးခွံနဲ့ ကလီစာတွေက အာဟာရပြည့်တယ်လို့ ကျဲပြောတာကို ကျွန်တော်မှတ်မိတယ်"
ချီရှင်းချန်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
"အဲဒါကြောင့် ကျွန်တော် ငါးကို အကုန်ထည့်ချက်လိုက်တာ"
"… ဟိုးအရင်တုန်းကတော့ ဘာမှ မသိခဲ့ဘူး...နောက်ပိုင်းမှာ အဖေနဲ့အစ်ကိုကြီးအနားမှာမရှိလို့ ကုမ္ပဏီကိုအလုပ်သွားလုပ်တဲ့အခါကျမှ ငါ့မိသားစုက ငါ့ကို တကယ်ကို ကောင်းကောင်းကာကွယ်ထားတယ်ဆိုတာ သိလိုက်ရတယ်...ငါ့ကို အိမ်မှုကိစ္စလည်း မလုပ်ခိုင်းဘူး...မင်းတို့အားလုံးက မျက်စိစုံမှိတ်ပြီး ငါချက်ထားတဲ့ ဟင်းတွေကို အရသာရှိတယ်လို့ချီးမွမ်းပေးကြတယ်"
ချီယွီကျီးက လျှာထုတ်လိုက်သည်။
"အနာဂတ်မှာ ပြင်းပြင်းထန်ထန် လေ့လာရမယ်...ငါ မင်းကို ထပ်မလိမ်တော့ဘူး"
"ရပါတယ်"
ချီရှင်းချန်က သူမ၏ ဆံပင်တွေကို နားရွက်နောက်မှာ ညှပ်ပေးလိုက်သည်။ "ဆက်ပြီး သူဌေးသမီးလေးလုပ်နေ... ကျဲကဒီလိုပဲဖြစ်သင့်တာ"
နောက်ဆုံးဟင်းမှာ ကျက်ရန် အချိန်အတော်ကြာ လိုအပ်သည်။ ဟင်းအကျက် စောင့်နေတုန်း ချီရှင်းချန်က ချီယွမ်ရှောင်ကို ရှာရန် အိမ်နောက်ဖေးကို ပြေးသွားခဲ့သည်။
သူက အပြင်သို့ မကြာခဏ ပြေးလွှားတတ်သောကြောင့် ဖာဂါနာမြင်းနှစ်ကောင်ကိုစောင့်ကြပ်ရမည့်တာဝန်က ချီယွမ်ရှောင်အပေါ်ကျလာသည်။
ချီမိသားစုတွင် မွေးမြူရေးသမားများရှိသော်လည်း မြင်းများသည် ပျော်ရွှင်သောစိတ်ဓာတ်ကို ထိန်းသိမ်းထားရန် ၎င်းတို့၏ပိုင်ရှင်များနှင့် နီးစပ်ရန် လိုအပ်သည်။ချီယွမ်ရှောင်က ရက်အနည်းငယ်ကြာတိုင်း ၎င်းတို့ကို လာတွေ့သည်။ယနေ့လည်း ထိုသို့ပါပင်။ သူက ဘရက်ရှ်တစ်ခုကိုကာ မြင်း၏လည်ဆံများကို ဖြီးပေးနေသည်။
ချီရှင်းချန်လည်း ဘရတက်ရှ်တစ်ခုကို ကောက်ယူပြီး အခြားမြင်းတစ်ကောင်ကို သူ့အတိုင်း လိုက်ဖြီးပေးခဲ့သည်။ သို့သော် သူ၏ မှားယွင်းသောနည်းလမ်းကြောင့် သူ၏မျက်နှာကို မြင်းကတံတွေးနှင့် ပက်ဖြန်းလေသည်။
ချီယွမ်ရှောင် မရယ်ဘဲမနေနိုင်။ သူ့ညီကို ဆွဲထုတ်ပြီး လက်ကိုင်ပုဝါကို ထုတ်ကာ မျက်နှာကိုသုတ်ပေးလိုက်သည်။
"မင်းကျေးဇူးကြောင့်...ချီမိသားစုက ဒီနှစ်မှာ ဆက်ရှင်သန်နိုင်တာ"
"အဲ့လို မပြောပါနဲ့"
ချီရှင်းချန်က နှုတ်ခမ်းစူလိုက်သည်။ "ကျွန်တော်လည်း ချီမိသားစုဝင်တစ်ယောက်ပါပဲ"
ချီယွမ်ရှောင်က ခဏရပ်လိုက်သည်။
"ရှင်းရှင်း မင်းငါ့ဆီက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါအမြဲခံစားရတယ်...မင်းကို ငါအတငးမမေးဘူး...ငါကအမြဲတမ်း မင်းရဲ့အစ်ကိုကြီးဖြစ်နေမယ်ဆိုတာ မင်းမှတ်ထားရမယ်...ချီမိသားစုက မင်းနောက်မှာ အမြဲရှိနေမှာ... မင်းစိတ်ထဲမှာ တစ်ခုခုရှိနေရင် ဒါမှမဟုတ် အပြင်မှာ မတရားခံရတယ်လို့ခံစားရရင် အိမ်ပြန်လာပါ...ငါ မင်းကို ပြုစုပျိုးထောင်ဖို့ တတ်နိုင်တယ် ဟုတ်ပြီလား"
"... ဟုတ်ကဲ့"
ချီရှင်းချန် အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။
"နားလည်ပါတယ်... ကျေးဇူးတင်ပါတယ်ကော"
နွေဦးရာသီဖြစ်သောကြောင့် ယခုနှစ် နှစ်သစ်ကူးအကြိုမှာ ယခင်နှစ်များကဲ့သို့ မအေးလှပေ။ တစ်နေကုန်အလုပ်များပြီးနောက်၊ ဟင်းပွဲများအားလုံးအဆင်သင့်ဖြစ်ပြီဖြစ်၏။ချီမိသားစုသည် သပ်ရပ်သောအ၀တ်အစားများကိုလဲကာ ထမင်းစားပွဲဝိုင်းတွင် ထိုင်နေကြသည်။
ညစာ အဆင်သင့်ဖြစ်ပြီဟု သူတို့ မကြေငြာခင်မှာ အန်တီကျန်း၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။
"သခင်လေး ဖြေးဖြေး..."
ချီရှင်းချန်:"..."
ဘယ်သူလာမယ်ဆိုတာ သူသိတယ်...
ချီကျားကျစ်က အနက်ရောင်ဆိုင်ကယ်မောင်းဝတ်စုံကို ၀တ်ဆင်ထားသည်။ သူကထမင်းစားခန်းထဲကို အမြန်ပြေးလာပြီး သူ့ကျောပိုးအိတ်ကို ခွေးခြေပေါ်ပစ်ချလိုက်ကာ ချီရှင်းချန်နံဘေးမှာ တိုးဝှေ့ဝင်ထိုင်လိုက်သည်။
သူက ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ရလဒ်ကောင်းများရရှိခဲ့ပြီး ထောင်ရွှမ် နှင့်သူ သဘောတူထားသည့် တက္ကသိုလ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။ဤစာသင်နှစ်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့သည်။ သူ့အသားအရည်က အရင်ကထက် ပိုမည်းလာပြီး သူ့ခန္ဓာကိုယ်က ကြွက်သားတွေ ပိုသန်မာလာသည်။ သူ့ကိုယ်ပေါ်မှာ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်၏အရိပ်ကို ရေးတေးတေးမြင်နေရပြီဖြစ်သည်။
သို့သော် သူ၏ မိုက်မဲသော အလေ့အထကို မပြောင်းလဲခဲ့ပေ။ သူက ချီရှင်းချနိကို ပွေ့ဖက်ပြီး ဘေးတစ်ဖက်တစ်ချက်ကို ယမ်းလိုက်သည်။ "ကော...ယောက်ဖရော ဘယ်မှာလဲ...သူ ဘာလို့ ဒီမှာရှိမနေတာလဲ"
ချီရှင်းချန် မရှောင်ဘဲ သူ့ကိုပြန်ဖက်ထားလိုက်သည်။
"မင်းယောက်ဖက နှစ်သစ်အတွက် အိမ်ပြန်သွားတယ်"
"ကျစ်...သူ့ကို ပိုးသတ်ဆေးနည်းနည်းလောက် ကစားခိုင်းချင်လို့ဟာကို...ထားလိုက်ပါတော့"
ချီကျားကျစ်က ရယ်မောလိုက်သည်။ "နောက်တစ်ခါ သူနဲ့ ငါ့ကို ခွဲတွေ့ကြည့်... ငါ မင်းကို ခေါ်သွားပစ်မယ်"
"အိုကေ... ငါအားရင် မင်းနဲ့လာကစားမယ်...ပြဿနာရှာနေတာကို ရပ်လိုက်...စားကြရအောင်"
ချီကျားကျစ် သူ့ကို လွှတ်ပေးလိုက်ပြီးနောက် အငယ်တစ်ယောက်၏ တာဝန်ကို ယူလိုက်သည်။အစ်ကိုအစ်မတွေအတွက် ဟင်းရည်ထည့်ပေးပြီး ဦးလေးအတွက် ဝိုင်ငှဲ့ပေးသာ်။သူ၏အရွယ်ရောက်လာမှုကိုမြင်သောအခါ အားလုံးက ဝမ်းသာသွားကြပြီး ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်လည်ဆုံဆည်းသည့်အထိိမ်းအမှတ် ညစာစားပွဲကို စားကြသည်။
နှစ်သစ်ကူးအတွက် ဖက်ထုပ်များက မရှိမဖြစ်လိုအပ်လေသည်။ အဆင့် 10 ဖက်ထုပ်မာစတာတစ်ယောက်အနေဖြင့် ချီရှင်းချန် နှစ်သစ်ကူးပွဲတော် စတင်ပြီးသည်နှင့် ချီယွီကျီးနှင့် ချီကျားကျစ်တို့အား မုန့်သားနယ်နည်းသင်ပေးသည်။
လမ်းတစ်ဝက်မှာ အီလက်ထရွန်းနစ် တံခါးက တစ်စုံတစ်ယောက် လာနေပြီဆိုတာ ပြသလာသည်။ ယင်းကဘယ်သူလဲဆိုသည်ကို သူ ခန့်မှန်းနိုင်၏။ လက်ကို ဆေးကြောသန့်စင်ပြီး ပြေးထွက်သွားလိုက်သည်။ထင်သည့်အတိုင်း လျန်ကျင်းပါပင်။
လျန်ကျင်းက ဝိုင်နီပုလင်းကို ချီရှင်းချန်ကို ပေးလိုက်သည်။
"အဖေက အန်ကယ်ကို ပေးလိုက်တာ...ငါအထဲမဝင်တော့ဘူး...Happy New Year လို့ ပြောပေးပါဦး"
"ကောင်းပြီ"
ချီရှင်းချန်က ၎င်းကို ယူလိုက်သည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူကပြောလိုက်၏။
"လျန်ကျင်း...ငါထွက်သွားရတော့မယ်"
"ည၏မက်မွန်" တွင် ထောင်ထောင်မှလွဲ၍ လျန်ကျင်း သာလျှင် ချီရှင်းချန်၏ အထောက်အထားအမှန်ကို သိသည်။၎င်းကိုကြားသောအခါ လျန်ကျင်း၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။မေးချင်သော်လည်း စကားကို ပြန်မျိုချလိုက်သည်။
သူမမေးဝံ့။တစ်ဖက်လူ၏ "ထွက်သွားရမည်"က ဘာကိုဆိုလိုသည်ကို သူသေချာမသိပေ။
သူ အလုပ်ကိုပြန်သွားမှာလား ဒါမှမဟုတ်... သူ ဒီနေရာကို ထာဝရ ထားခဲ့မှာလား...
လျန်ကျင်းစကားမပြောသည်ကိုတွေ့သောအခါ ချီရှင်းချန်က သူ့လက်ကို လျန်ကျင်းပုခုံးပေါ်တင်လိုက်သည်။
"ဒါပေမဲ့ ငါထွက်သွားတာ ကောင်းပါတယ်...မင်း မင်းရဲ့ ငယ်သူငယ်ချင်း ဆုံးသွားလို့ဆိုပြီး ဝမ်းနည်းနေစရာ မလိုတော့ဘူး...မင်းရဲ့Phosphor Luminouse Bodyက ဒီနေရာမှာ အမြဲရှိနေမှာပါ... ဒါကြောင့် သူ့ကို ပိုကောင်းတဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းလာအောင် ကူညီပေးပါ"
လျန်ကျင်းက မျက်လွှာချသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက မော့ကြည့်ကာ ပြုံးပြလိုက်သည်။ "ဟုတ်ပြီ...ငါလည်း မင်းအနာဂတ်မှာ ဘေးကင်းပြီး ချောမွေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
..........
နာရီက ဆယ့်နှစ်နာရီထိုးသောအခါ၊ ချီရှင်းချန် စာအိတ်နီအကြီးကြီးကို လက်ခံရရှိခဲ့သည်။အဖေချီက သူ့ကို "လေနဲ့လှိုင်းတွေကို ချိုးဖြတ်နိုင်တဲ့ အချိန်ရှိလာလိမ့်မယ်" ဆိုသည့် ကမ္ပည်းရေးထိုးပေးခဲ့သည်။ ကမ္ဘာပေါ်ရှိ ဖခင်များအားလုံးကဲ့သို့ပင်၊ သူ့သားသမီးတွေမှာ သူတို့ကိုယ်ပိုင်ဘဝရှိလာမည်ဟု သူမျှော်လင့်ခဲ့သည်။
စာအိတ်နီများကိုစုဆောင်းပြီး သူ့မိသားစုကို နှစ်သစ်မှာ ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးပြီးသည့်နောက်မှာ ချီရှင်းချန် သူ့အခန်းကို ပြန်သွားခဲသည်။ သူ့စားပွဲရှေ့မှာထိုင်ပြီး ဘောပင်ထုတ်ကာ စာရွက်ကို လှန်လိုက်သည်။ စားပွဲတင်မီးအိမ်၏ နွေးထွေးသော အဝါရောင်အလင်းအောက်တွင် ပထမစာကြောင်းကို သူရေးခဲ့သည်။
[[["ချီရှင်းချန် ...ဟဲလို၊ ငါက မင်းနောက်တစ်ယောက်ပါ...
ဒီစာကို လက်ခံရရှိတဲ့အခါ အံ့သြစရာ ဒါမှမဟုတ် ရယ်စရာဖြစ်နိုင်ပေမဲ့ အဲဒါကို လွှင့်ပစ်မှာမဟုတ်ဘူးလို့ ငါထင်ပါတယ်...ငါပြောချင်တာက မင်းမိသားစုနဲ့ သက်ဆိုင်တယ်...
မင်းအစ်မရဲ့ ချစ်သူ ကျိုးယွီက ဆန်ကုန်မြေလေးတစ်ယောက်...ဒါက ငါတို့နှစ်ယောက်လုံးသိတဲ့အချက်ပါ... ဒါပေမဲ့ ၁၉၁၉ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ သူနဲ့ပဋိပက္ခ မဖြစ်စေနဲ့...ရန်ဖြစ်တာက အသုံးဝင်မှာမဟုတ်ဘူး... သူမင်းကို အနိုင်ကျင့်တဲ့ ဗီဒီယိုဖိုင်ကို မှတ်တမ်းတင်ပြီး မင်းအစ်မကို ပြနိုင်တယ်...သူ့ကို သင်ခန်းစာတစ်ခုပေးတာနဲ့ ယှဥ်ရင် ဆန်ကုန်မြေလေးကောင်ကို မင်းအစ်မနားက ဖယ်ရှားဖို့က ပိုအရေးကြီးတယ် မဟုတ်လား...
မင်းက လျန်ကျင်းကို ကြိုက်တယ်... ဒီစာကိုဖတ်တဲ့အခါ သူ နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့အတွက် ဝမ်းနည်းနေတုန်းဖြစ်နိုင်တယ်... ဒါပေမဲ့ ဝမ်းနည်းတာက အထောက်အကူမဖြစ်ဘူး... မင်းလုပ်ရမှာက သူ့ကို တကယ်ချစ်လား ဒါမှမဟုတ် နှစ်တွေကြာအောင် သူ့ကို အားကိုးရုံအားကိုးနေမိတာလားဆိုတာ သေချာအောင်ဆန်းစစ်ဖို့ပါပဲ... အချစ်ဆိုတာ သေချာတယ်ဆိုရင်တော့ သူ မင်းကို ကိုယ့်ကိုကိုယ် လေ့ကျင့်ပြီး ပိုကောင်းတဲ့လူဖြစ်အောင် လုပ်ဖို့ ချန်ထားပေးခဲ့တဲ့ အချိန်ကို အသုံးချလို့ရတယ်...သူပြန်လာတဲ့အခါ မင်းဘယ်လောက် တောက်ပနေလဲ မြင်သွားပါစေ...
မင်းရဲ့ညီလေးချီကျားကျစ်က အသိဉာဏ်မဲ့ပြီး အရည်အချင်းမရှိဘူးလို့ မင်းအမြဲတွေးပေမဲ့... သူက တကယ်တော့အဲဒီလိုမဟုတ်ဘူး! သူက မင်းလိုပဲ ထက်မြက်တယ်၊ ကြင်နာတယ်၊ သစ္စာရှိတဲ့ ကလေး...သူအယုံကြည်ရဆုံး ညီအစ်ကိုအနေနဲ့ ပိုမိုကောင်းမွန်သောအနာဂတ်ကို လမ်းညွှန်ပေးဖို့ မင်းမှာ တာဝန်နဲ့ဝတ္တရား ရှိတယ်... သူ့မှာ အပြင်းအထန်နေမကောင်းဖြစ်နေတဲ့ထောင်ရွှမ်ဆိုတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်...ထောင်ရွှမ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ထောင်ရွှမ်နဲ့ သူငယ်ချင်းဖြစ်အောင်ကြိုးစားဖို့ကျားကျစ်ကိုပြောပါ... ယုံလိုက်ပါ သူတို့က မင်းကို သိပ်မကြာခင်မှာပဲ အံ့အားသင့်စရာ ကြီးကြီးမားမား ပေးလိမ့်မယ် ဟားဟား~
နောက်ဆုံးအနေနဲ့ ဒီစာကို မင်းဖတ်မယ်လို့ ငါဘာလို့သေချာနေတာလဲ...မင်းမိသားစုက မင်းကိုချစ်သလို မင်းလည်း သူတို့ကို လေးလေးနက်နက်ချစ်တယ်ဆိုတာ ငါသိတယ်...သူတို့အချစ်နဲ့ မထိုက်တန်ဘူးလို့ ခံစားနေဖို့ မလိုပါဘူး...သူတို့နဲ့ တူညီတဲ့သွေးက မင်းရဲ့သွေးကြောတွေထဲမှာစီးဆင်းနေတာ...သူတို့ထက်ပိုပြီး ဘယ်သူကမှ မင်းရဲ့အချစ်ကို ကောင်းကောင်းမမြင်နိုင်ဘူး...မင်းမှာရှိတဲ့အရာက လူတော်တော်များများ ဘယ်တော့မှရနိုင်မှာမဟုတ်ဘူးဆိုတာ မင်းသိထားရမယ်... ဒါကြောင့် မင်းရဲ့ဝန်ထုပ်ဝန်ပိုးတွေကို စွန့်လွှတ်ပြီး မင်းမိသားစုကို ပွေ့ဖက်ဖို့ နှလုံးသားကို ဖွင့်လိုက်ပါ...
တခြားကမ္ဘာတစ်ခုကို မင်းတွေ့နိုင်လိမ့်မယ်....
စကားတွေ အများကြီးပြောတော့ ငါက စကားကြောရှည်တယ်လို့ မင်းထင်နေလောက်ပြီ...အဲဒါဆို ငါမပြောတော့ဘူး... မင်းကိုကေ
ာင်းချီးအပေးခံရပြီး ချစ်ခြင်းမေတ္တာနဲ့အတူ ထာဝရပျော်ရွှင်ပါစေလို့ တစ်ခြားနေရာတစ်ခုကနေ ဆုတောင်းပေးလိုက်ပါတယ်...
ကမ္ဘာပေါ်က မင်း နောက်တစ်ယောက်
2021.2.7 "
.