အပိုင်း ၁၈၁ (End 2)
Viewers 36k

Chapter 181

[END -2]



နှစ်သစ်ကူး၏ပထမနေ့နံနက်တွင် ချီရှင်းချန် ထောင်ထောင်ကိုနောက်ဆုံးအကြိမ်တွေ့ရန် ထောင်သို့သွားခဲ့သည်။ "ည၏မက်မွန်" ကို ပြန်လည်စတင်ပြီးနောက် သူမသည် မှတ်ဉာဏ်များ ရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူမ အားပေးခြင်းဖြင့်သာ မူရင်းပိုင်ရှင်ထံ စာရောက်မည်ကို အာမခံနိုင်မည်ဖြစ်သည်။


ထောင်ကထွက်လာပြီးနောက် သူ အိမ်မပြန်ခဲ့ပေ။ထိုအစား သူက တက်တူးဆိုင်ကို မောင်းခိုင်းခဲ့သည်။ အသားထဲကို အပ်နှင့်ထိုးလိုက်သည့် ခံစားချက်က အလွန်နာကျင်ပေမဲ့ အစကနေအဆုံး သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုရှိနေခဲ့သည်။


အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု ရရှိပြီးနောက် ချီရှင်းချန်၏ ဖုန်းက ပုံမှန်အားဖြင့် ဆက်တိုင် မြည်နေသော်လည်း သူ လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ့မိသားစုနှင့် နောက်ထပ်တစ်ရက်နေခဲ့သည်။


28 ရက်နေ့ မနက်စောစောမှာ ချိန်းထားသလိုပဲ သူနှင့် ပိုင်ရဲ့တို့က သူတို့၏အိမ်ဖြစ်သော ကမ်းရိုးတန်းမြို့ City G မှာ တစ်ချိန်တည်း လေယာဥ် ဆင်းသက်ခဲ့ကြသည်။


ပိုင်ရဲ့၏ ပွဲဦးထွက် ရှစ်နှစ်ပြည့်၊ သူတို့၏ ပထမဆုံး တွေ့ဆုံမှု နှစ်ပတ်လည်နှင့် ပိုင်ရဲ့၏မွေးနေ့ပွဲကို ထိုနေရာမှာ ကျင်းပခဲ့သည်။သူတို့အတွက်၊ အကောင်းဆုံးအမှတ်တရတွေကို ထိုနေရာမှာ ချိတ်ပိတ်ထားခဲ့၏။


နှုတ်ဆက်ရမယ့်နေရာကို ရွေးရမည်ဆိုလျှင် ဤနေရာမှာ ကျန်ခဲ့သည့် ချိုမြိန်မှုက သူတို့ နှလုံးသားထဲက ခါးသီးမှုတွေကို မောင်းထုတ်ရန် လုံလောက်လေသည်။


ထောင်ထောင်၏ ကွပ်မျက်ချိန်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၅ နာရီ ဖြစ်သည်။ပိုင်ရဲ့ သူ့နာရီကို ကြည့်လိုက်သည်။


"အခု ခုနစ်နာရီထိုးနေပြီ... လက်တွေ့ဘ၀ကို မပြန်ခင် 22 နာရီရှိသေးတယ်... မင်းဘာလုပ်ချင်လဲ"


"မနက်စာ အရင်စားရအောင်" 


ချီရှင်းချန်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ 

"နေ့ချင်းလေယာဥ်စီးရတာ ပင်ပန်းတယ်...ကျွန်တော် ဗိုက်ဆာနေပြီ"


ပိုင်ရဲ့ ချီရှင်းချန်၏ဗိုက်ကို ထိလိုက်သည်။ တကယ်ကို ချပ်နေသည်။မနက်စာဆိုင်ရှာရန် အားလွင်ကိုခိုင်းလိုက်သည်။


မနက်စာဆိုင်များသည် နေရာတိုင်းတွင်ရှိသော်လည်း ထိပ်တန်းနာမည်ကြီးများနှင့် ရုပ်ရှင်ကြယ်ပွင့်များနှင့် လိုက်လျောညီထွေဖြစ်စေမည့်နေရာကို ရှာရန်မလွယ်ကူပါချေ။ အချိန်မဖြုန်းမိစေရန်အတွက် ချီရှင်းချန် သိပ်ဂရုမစိုက်ခဲ့ပေ။ကြုံရာဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။


သူ့တက်တူးထိုးပြီးခါစဖြစ်၍ အစပ်စား၍မရပေ။သို့ပေမဲ့ ပိုင်ရဲ့ကလည်း စပ်သည့်အစားအစာကို မရွေးခဲ့ပေ။ လမ်းသွားလမ်းလာများ၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် စူပါစတားနှစ်ဦး စားပွဲပေါ်ရှိ မနက်စာကို သုတ်သီးသုတ်ပြာ စားကြသည်။


သူ့ဗိုက်ထဲ အစာရှိလာသည့်အခါ ချီရှင်းချန်၏စိတ်တွေ တက်ကြွလာသည်။ သူက ပိုင်ရဲ့၏လက်မောင်းကိုလှုပ်လိုက်ပြီးပြောလိုက်သည်။ 


"ကျွန်တော်တို့တွဲနေတာကြာပြီ...ရုပ်ရှင်သွားကြည့်တိုင်း တခြားလှုပ်ရှားမှုတွေလုပ်နေတာဖြစ်ဖြစ် နယ်လှည့်ရှိူးတွေလုပ်နေတာဖြစ်ဖြစ်လုပ်နေရတာ ...ပုံမှန်အတိုင်း ရုပ်ရှင်မကြည့်ဖူးသေးဘူး...ရုပ်ရှင်သွားကြည့်ရအောင်"


"ကိုယ်ကြည့်ကြည့်လိုက်မယ်"

ပိုင်ရဲ့ကလက်မှတ်ရောင်းသည့်ဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။ 

"လာမဲ့ကားက မိနစ် 40 အတွင်းမှာပြမှာ... အဲဒါက အချစ်ဇာတ်ကား"


"အဲဒါပဲ" 


ချီရှင်းချန်က ဆုံးဖြတ်လိုက်သည်။မည်သို့ပင်ဖြစ်စေ သူ ရုပ်ရှင်ကြည့်ချင်၍မဟုတ်ပေ။သူ အရင်ကပိုင်ရဲ့နှင့်မလုပ်ဖူးသည့်အရာ တစ်ခုခုကိုလုပ်ချင်ခြင်းသာဖြစ်သည်။


ပိုင်ရဲ့က သူ့အတွေးတွေကို နားလည်၏။ နောက်ဆုံးတန်းအတွက် လက်မှတ်တွေဝယ်ပြီး အားလွင်ကို ရုပ်ရှင်ရုံသွားရန် လမ်းကြောင်းပြစနစ်ကို ဖွင့်ခိုင်းလိုက်သည်။


ရုပ်ရှင်ကြည့်သည့်အခါ အဆာပြေမုန့်က မရှိမဖြစ်ဖြစ်လေသည်။ပိုင်ရဲ့ အရင်ကဝက်သားမစားဖူးပေမဲ့ ဝက်တွေ ပြေးသည်ကို မြင်ဖူးပါ၏။ရုပ်ရှင်ရုံထဲမှာ လက်မှတ်တွေ လဲလှယ်ပြီးသည့်နောက်မှာ ပိုင်ရဲ့ကပြောလိုက်သည်။ 


"ကိုယ့်ကို ဒီမှာ စောင့်နေ...လျှောက်မသွားနဲ့"


ချီရှင်းချန်က သူဘာဆက်လုပ်မည်ကို မသိပေ။ သူက ခေါင်းတညိတ်ညိတ်နှင့် အားလွင်နှင့် ကစားရန် လက်ရန်းကို မှီလိုက်သည်။


သူက maskတပ်ပြီး ဦးထုပ်ဆောင်းထားသည်။ ခေါင်းငုံ့ထားလျှင် သူ့ကိုမှတ်မိဖို့ခက်၏။ ခဏအကြာတွင် ပိုင်ရဲ့က ပေါက်ပေါက်ပုံးကြီးတစ်ပုံး၊ ရေခဲမုန့်နှစ်ခွက်နှင့် မစ်တီးနှစ်ဘူးတို့နှင့်အတူ ပြန်လာခဲ့သည်။


အားလွင်က စိတ်ထဲမှာ ကယ်လိုရီတွေကို အရင်ဆုံး တွက်ချက်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်ကာမေးလိုက်သည်။ 


"ဘော့စ်...ကျွန်တော့်အတွက်ရော..."


ချီရှင်းချန်က ပုံးထဲမှ အပေါ်ဆုံးပေါက်ပေါက်ကို ကောက်ယူပြီး ပိုင်ရဲ့၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ "စား"


"စားဖို့အချိန်ရှိပါသေးတယ်" 

ပိုင်ရဲ့က ဝါးလိုက်သည်။ 

"ဒီမှာ ဓာတ်ပုံရိုက်ခံရ လွယ်တယ်"


"မဟုတ်ဘူး...ဒီတစ်ခုက အထင်းဆုံးအရောင်ရှိတယ်...အဲဒါ ထောပတ်နဲ့သကြားအများဆုံး အုပ်ထားလို့...အဲဒါက အရသာအရှိဆုံးပဲ...အမှောင်ထဲမှာဆို ကျွန်တော်တို့ ရှာလို့မတွေ့ဘူး"


အချိန်အတော်ကြာ အတူနေခဲ့ပြီးနောက် သူ့ချစ်သူက သူ့ကို အကောင်းဆုံးအရာတွေ ပေးရန် အမြဲခေါင်းမာခဲ့သည်။ပိုင်ရဲ့၏ နှလုံးသားတွေ မသိမသာ တုန်ရီသွားခဲ့၏။ သူ့maskကို ဆွဲချလိုက်ပြီး ချီရှင်းချန်ကို ပေါက်ပေါက်အရသာ အနမ်းတစ်ပွင်ပေးလိုက်သည်။


"…"

အားလွင် လွန်စွာ စိတ်လှုပ်ရှားသွားသည်။ 

"မရဘူးလေ ဘော့စ်...ကျေးဇူးပြုပြီး ကျွန်တော့်ကိုဂရုစိုက်ပါဦး...ကျွန်တော့်မှာ အဆာပြေမုန့် မရှိဘူးလေ"


ကံမကောင်းစွာပဲ၊အားလွင်၏ ဆန္ဒပြမှုသည် ထိရောက်မှု မရှိခဲ့ပါချေ။ လက်မှတ်များကို စစ်ဆေးနိုင်ပြီစြိကြောင်း ရုပ်ရှင်ရုံမှ ကြေညာခဲ့သည်။ သူတို့ နှစ်ယောက်က မုန့်ကိုယ်စီဖြင့် စကားပြောရင်း ရယ်ရယ်မောမောလက်မှတ်သွားစစ်ကြသည်။


တရုတ်နှစ်သစ်ကူး ဒုတိယနေ့ နံနက်တွင် ရုပ်ရှင်ရုံ၌ လူသိပ်မရှိပေ။ နောက်ဆုံးအတန်းတွင် စုံတွဲနှစ်တွဲရှိသည်။ပိုင်ရဲ့ ကောင်မလေးတွေက သူတို့ချစ်သူပုခုံးပေါ်မှီပြီး ငိုနေသည်ကို တွေ့လိုက်ရ၏။ သူက လက်ဆန့်ပြီး ချီရှင်းချန်၏ ခေါင်းကို ဖိလိုက်သည်။


သူ အမှီခံရမည့်အစား အကိုက်လိုက်ခံရသည်။


သို့သော် ထိုင်ခုံအောက်၌ သူတို့နှစ်ဦး၏လက်များက တစ်ယောက်လက်ကိုတစ်ယောက် ပို၍ပင်တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြသည်။


ရုပ်ရှင်ပြီးသွားသောအခါမှ အားလွင် မုန့်စားရတော့သည်။ပိုင်ရဲ့က ကျန်နေသော ပေါက်ပေါက်ပုံးတစ်ဝက်ကို သူ့ဆီပစ်ပေးပြီး သူ့ချစ်သူလေးနှင့်အတူ အရုပ်ကောက်စက်ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။


ရုပ်ရှင်ရုံဘေးတွင် ကစားရုံ တစ်ခုရှိသည်။တန်းစီနေသောအရုပ်ကောက်တွေကို မျက်နှာချင်းဆိုင်ရသောအခါ ချီရှင်းချန် လောဘနှင့်မျှော်လင့်ချက်များကြောင့်ရူးတော့မလိုဖြစ်နေသည်။ 


"ရဲ့ကော... လုပ်တတ်လား"


ပိုင်ရဲ့က မျက်ခုံးပင့်လိုက်သည်။ "ယောက်ျားတစ်ယောက်က မရဘူးပြောလို့မရဘူး... မင်းအတွက် ကိုယ် တစ်မျိုးစီ ကောက်ပေးပါရစေ"


"ဘယ်လိုကောက်မှာလဲ"


"ကိုယ့်မှာ ဒါရှိတယ်လေ" 

ပိုင်ရဲ့က သူ့နောက်မှ အကြွေစေ့ကြီးအိတ်ကြီးနှစ်လုံးကို ထုတ်ကာ ဂုဏ်ယူစွာဖြင့် လက်ဖျောက်တီးလိုက်သည်။


စကေးမလောက်ရင် ငွေလောက်အောင်သာရှာဆိုသည်က ဘာကိုဆိုလိုကြောင်း သူက ပြည့်စုံစွာ ရှင်းပြခဲ့သည်။ အကြွေစေ့နှစ်အိတ်ကို လောင်းထည့်လိုက်ပြီးနောက် သူပြောသည့်အတိုင်း အရုပ်တစ်မျိုးစီကိုကောက်နိုင်ခဲ့သည်။


အရုပ်ကောက်စက်တွေက အများကြီးရှိသဖြင့် ထားစရာနေရာမရှိတော့ပေ။ချီရှင်းချန် သူ့အိတ်ကပ်ထဲမှာ အနည်းငယ်၊ သူ့ခါးမှာ အနည်းငယ်နှင့် သူ့လက်ထဲမှာ အများကြီးကိုင်ထားသည်။ဖြတ်သွားသော မိန်းကလေးများက သူ့ကိုမြင်သောအခါ မနေနိုင်ဘဲရပ်ပြီးဓာတ်ပုံရိုက်ကြသည်။


ကောင်မလေးတစ်ယောက်က လှသည်ကိုမြင်ပြီး အားလွင်က စုပ်သတ်လိုက်သည်။ 


"ရှင်းရှင်း... မင်း အဲဒါတွေကို ကုန်အောင်မှမဆော့နိုင်ပဲ... သူ့ကို တစ်ခုပေးလိုက်ပါ"


ချီရှင်းချန်၏ခေါင်းကို အလွန်ကြီးမားသော ဆိုဒ်အကြီးစား အရုပ်ကြီးက ဖုံးအုပ်ထားသည်။သူ့အတွက် စကားပြောရခက်လေသည်။ 

"မပေးဘူး"


ပိုင်ရဲ့: "ကိုယ့်ဘာကိုယ်ကောက်"


အားလွင် : "... ဝူး ဝူး ဝူး ဝူး"


သို့သော် ငိုပြီးနောက် အားလွင်တစ်ယောက် သူ့ဘော့စ်၏ ညွှန်ကြားချက်ကို နားထောင်ပြီး နောက်တစ်နေရာသို့သွားလိုက်ဆဲဖြစ်သည်။သူတို့ တစ်ရက်အတွင်း မရေမတွက်နိုင်သော နေရာများသို့ သွားခဲ့သည်။ သူ ပိုပိုပြီး ထူးဆန်းသလိုခံစားရသည်။


သူ့ဘော့စ်က ဒီကမ္ဘာကြီးနိဂုံးချုပ်တော့မလိုမျိုး ဘာလို့လုပ်နေတာလဲ... သူကစားနိုင်သမျှ အကုန်နီးပါး ကစားခဲ့တယ်...


ကံမကောင်းစွာပဲ၊ သူအဖြေမရခဲ့ပါချေ။ပင်လယ်ကမ်းစပ် အစားအသောက်ဆိုင်မှာ တုတ်ထိုးစားပြီးသည့် လူနှစ်ယောက်က သူ့ကို ပစ်ပစ်ခါခါ ထားခဲ့သည်။ သူတို့က လက်ချင်းတွဲပြီး သူတို့နှစ်ယောက်ကမ္ဘာရှိရာ အိမ်ငယ်လေးသို့ ပြန်လာခဲ့ကြသည်။


အိမ်ထဲသို့ဝင်ပြီးနောက် ရေချိုးရန် အလျင်စလိုမဖြစ်ခဲ့ကြပေ။ ဘေးချင်းကပ်လျက် ကုတင်ပေါ်တွင် လှဲနေကြသည်။သက်တောင့်သက်သာရှိလွန်း၍ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းက အော်ဟစ်နေကြသည်။


ချီရှင်းချန် သူ့ဗိုက်လုံးလုံးကို ပွတ်သပ်လိုက်သည်။ 

"ရဲ့ကော...ကျွန်တော်တို့ ဒီနေ့ ဘာတွေလုပ်ကြလဲ"


"ရုပ်ရှင်ကြည့်၊ အရုပ်ကောက်၊ ဗီဒီယိုဂိမ်းတွေကစား၊ ချားစီး၊ သရဲအိမ်သွား၊ ရိုလာကိုစတာစီး၊ ကမ်းခြေမှာ အသားကင်စားတယ်... အိုး ကိုယ်တို့ မိနစ် ၂၀ လောက်ရေထဲမှာ ကစားခဲ့ကြသေးတယ်"


"အများကြီးကစားပြီးပြီဆိုတော့..."

ချီရှင်းချန်က သူ့လက်ချောင်းတွေနှင့် ရေတွက်လိုက်သည်။ 


"ရဲ့ကော... အခုဘယ်နှနာရီရှိပြီလဲ"


ပိုင်ရဲ့က သူ့နာရီကို ကြည့်လိုက်သည်။ "သန်းခေါင်ရောက်ခါနီးပြီ"


အချိန်ကိုကြားပြိး နှစ်ယောက်သား စက္ကန့်အနည်းငယ် ငြိမ်သက်သွားကြသည်။ ထို့နောက် ချီရှင်းချန်က ပိုင်ရဲ့၏ အင်္ကျီကို ဆွဲကိုင်လိုက်သည်။ 


"ရဲ့ကော ရေသွားချိုးရအောင်...အတူတူ...ကျွန်တော်တို့မှာ အတွဲတွေအနေနဲ့ လုပ်စရာတစ်ခုပဲ ကျန်တော့တယ်"


ပိုင်ရဲ့ သူဘာကိုရည်ညွှန်းသည်ကို သိ၏။ ထပြီး သူ့ကိုရေချိုးခန်းထဲ သယ်သွားခဲ့သည်။


တစ်နေ့တာလုံး သူတို့နှစ်ယောက်လုံး မှတ်ဉာဏ်အစကပြန်စမည့်အကြောင်း မပြောခဲ့ကြပေ။နေက ပုံမှန်အတိုင်း မြင့်လာမည့်အတိုင်း။မနက်ဖြန် မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ယောက်မျက်နှာကိုတစ်ယောက် မြင်ရမည့်အတိုင်းပင်။


သို့သော် သူတို့နှစ်ဦးစလုံး "မနက်ဖြန်" ဟူသော စကားလုံးသည် မည်မျှလေးလံသည်ကို နှလုံးသားထဲတွင် သိထားကြသည်။


ယင်းက ဘဝသစ်တစ်ခုကို ကိုယ်စားပြုလေသည်။


မေ့ပျောက်ခြင်းကိုလည်း ကိုယ်စားပြုသည်။


ပိုင်ရဲ့က ချီရှင်းချန်ကို နံရံမှာ ဖိကပ်လိုက်သည်။ နှစ်ယောက်သား အရူးအမူးနမ်းကြသည်။ အချင်းချင်း နောက်ဆုံးလက်ကျန်အောက်ဆီဂျင်ကို ညှစ်ထုတ်ရသည်အထိ နမ်းကြသည်။ သူတို့ ချစ်သူကို သူတို့၏ ခန္ဓာကိုယ်ထဲ ဆွဲသွင်းလိုနေသည်ဟုထင်ရသည်အထိ နမ်းခဲ့ကြသည်။


နေရာက တဖြည်းဖြည်း ပူလာသည်။ ပိုင်ရဲ့၏လက်က ချီရှင်းချန်၏တီရှပ်ထဲကို ရောက်သွားသည်။ သူ့လက်ကို ရင်ဘတ်ပေါ်သို့ လျှောဝင်လိုက်သောအခါတွင် သူ့လက်ချောင်းများကနူးညံ့ချောမွေ့မှုနှင့် ဆန့်ကျင်ဘက်ခံစားချက်ကို ထိမိသွားလေသည်။


"ဒါက ဘာလဲ…"

သူ မျက်မှောင်ကြုတ်ကာ တီရှပ်ကို မြှောက်လိုက်သည်။


ထို့နောက် သူ့ချစ်သူလေး၏ ဘယ်ဘက်ရင်ဘတ်တွင် လပုံတက်တူးကို တွေ့လိုက်ရသည်။


ချီရှင်းချန် သူသေချာပေါက်မြင်သွားမည်မှန်း သိသည်။ ရှက်ရွံ့စွာနှင့် သူက ရှင်းပြလိုက်၏။ 


"တက်တူးက အသားကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ထဲမှာ ဒီဇိုင်းကို ထာဝရချန်ထားနိုင်တယ်လေ...ရဲ့ကော ကျွန်တော်ကောကို ဒီနည်းနဲ့မှတ်မိနေချင်တယ်"



ပိုင်ရဲ့၏လက်ချောင်းများက ပုံကို ပွတ်သပ်လိုက်သည်။သူက ရုတ်တရက် ပြုံးလိုက်သည်။


"တိုက်ဆိုင်လိုက်တာ...ကိုယ်လည်း မင်းကို ဒီလိုပုံ

စံနဲ့မှတ်မိနေချင်ခဲ့တာ"


ပိုင်ရဲ့က သူ့အင်္ကျီကို ချွတ်လိုက်သည်။ သူ့ ဘယ်ဘက်ရင်အုံက တူညီသည့် အနေအထားမှာ ရှိနေ၏။


တောက်ပနေသောကြယ်သဏ္ဍာန် တက်တူးတစ်ခုရှိသည်။


.