Chapter 150
Viewers 14k

Chapter 150: ငယ်ချစ်များ


ကံဆိုးစွာဖြင့် ဟယ့်ကျားစစ်၏ မိဘများက သူမအတွက် ရည်မှန်းချက် မြင့်မြင့်မားမားထားခဲ့ကြသည်။ သူတို့ ပထမဆုံးအကြိမ် ထန်မိသားစု၏ ခြံတံခါးဝသို့ ဝင်လာကတည်းက သူမသည် သူမလုပ်ရမည်အား သိထားပြီးဖြစ်၏။ အစကတည်းကပင် သူမရည်ရွယ်ထားသော အရာမှာ ထန်ကျစ်ဟွား၏ အနာဂတ် ဇနီးသည်နေရာပင်။


မည်သို့ပင်ဆိုစေကာမူ အဖိုးကလည်း သူမအား နှစ်သက်သည်။ သူမသာ အသက်မငယ်တော့ပါက သူတို့ကိုယ်တိုင်ပင် သူ့ကို သူမနှင့် ရည်ရွယ်ထားပြီးဖြစ်လိမ့်မည်ဟုပင် သူမ ယုံကြည်ခဲ့၏။


ထို့အပြင် သူမသည် တကယ်လည်း ထန်ကျစ်ဟွားအား ချစ်ခင်လေးစားသည်။ သူသည် ရုပ်ချော၍ သိမ်မွေ့သော အကျင့်စရိုက်လည်း ရှိ၏။ သူတို့သည် နင်းမြို့တော်တွင် ရှိနေစဥ်ကအခါက သူမ၌ ဤကဲ့သို့ ထူးချွန်ထက်မြက်သော ငယ်ချစ်တစ်ယောက်ရှိခြင်းကြောင့် ကျောင်းသားများစွာက မနာလိုအားကျဖြစ်ခဲ့ကြသည်။ ထန်ကျစ်ဟွားသည် သူမအား ချစ်ခင်မြတ်နိုးခြင်းမပါဘဲ ယဥ်ယဥ်ကျေးကျေး ဆက်ဆံခြင်းသာ ဖြစ်ကြောင်း သူမ နက်နက်ရှိုင်းရှိုင်းပင် သ်ိရှိနေလျှင်တောင်မှ သူမသည် သူမ၏ အသွေးအသားထဲမှ မာနကို မထိန်းသိမ်းနိုင်ပေ။ 


ထို့ကြောင့်လည်း သူမသည် အရာအားလုံးကို အနောက်မှာ စွန့်ပစ်ထားခဲ့နိုင်၍ ဟွားနင်ခရိုင်သို့ လာခဲ့ခြင်းဖြစ်၏။ သို့သော် ထန်ကျစ်ဟွားက ကျင်းယွင်ကျောင်း၏ အကျိုးကြောင့် သူမအား ဆူပူလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။


သူမက တောက အရိုင်းအစိုင်းမ တစ်ယောက်ပဲ မဟုတ်ဖူးလား။ အဲဒီအပြင် သူမက သူတို့နဲ့သိတာ ရက်နည်းနည်းပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူတို့ရဲ့ ဆယ်နှစ်ကျော် ခံစားချက်တွေနဲ့ နှိုင်းယှဥ်နိုင်တယ်လား။


ဟယ့်ကျားစစ်သည် အလွန်အမင်း မကျေမနပ် ခံစားနေရပြီး ဒေါသထွက်နေသည်။ သို့သော် သူမသည် ထန်ကျစ်ဟွား၏ စကားလုံးများအတွင်း၌ ပုန်းကွယ်နေသော အဓိပ္ပါယ်ကိုလည်း သိ၏။ သူမသည် ဟယ့်မိသားစု၏ အကြောင်းကို ဘယ်တော့မှ ဟာသမလုပ်ရဲပေ။ သူမ၏ မျက်နှာပေါ်ရှိ တင်းမာနေသော အမူအယာက အေးခဲသွားပြီး နောက်ထပ်စက္ကန့်ပိုင်းအတွင်း၌ သူမ၏ ဒေါသများကို ထိန်းသိမ်းထားလိုက်၍ ပျံ့တံ့တံ့ နံ့တံ့တံ့ စတင်ပြုမူလိုက်သည်။


"အစ်ကိုကျစ်ဟွား၊ ဒေါသမထွက်ပါနဲ့။ ခုနတုန်းက ကျွန်မ အမှားတွေ ပြောမိသွားတယ်။ ကျွန်...ကျွန်မက ရှင့်ရဲ့ရည်းစားမဟုတ်ပါဘူး"


သူမ၏ စကားလုံးများသည် ကျင်းယွင်ကျောင်းကို သူမအား ခြိမ်းခြောက်ထားသည့် မယားငယ်တစ်ယောက်နှင့် တူသွားစေ၏။


ချောင်ဟုန်ယဲ့က ဟယ့်ကျားစစ်သည် ခံနိုင်ရည်ရှိသည့် အရိပ်အယောင်တစ်ခုတစ်လေမှပင် မရှိဘဲ အလျင်အမြန် အပိုးကျိုးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ ထိုအခိုက်၌ သူမ၏ ပါးစပ်အား ခြင်တစ်ကောင်က လာပိတ်ထားသလို ခံစားလိုက်ရသည်။ သူမရင်ထဲ၌ အလွန်အမင်း မချင့်မရဲခံစားလိုက်ရ၏။


သို့ရာတွင် ချောင်ဟုန်ယဲ့၏ တုံပြန်မှုကလည်း မြန်သည်။ ဟယ့်ကျားစစ်၏ ကျင်းယွင်ကျောင်းအပေါ် သဘောထားသည် လေးစားမှုမရှိသော်လည်း အကြောက်တရားကို ထိန်းသိမ်းထားကြောင်း သူမပြောနိုင်၏။


မူလက သူမသည် ဟယ့်ကျားစစ်အား ချမ်းသာသည့် အခွင့်အထူးခံ မမလေးတစ်ယောက်ဟု အမှန်တကယ်ပင် ထင်ထားခဲ့သည်။ လူများက ရန်မစ,သင့်သောသူ၊ အပြစ်မပြုသင့်သောသူဟု ထင်ထားခဲ့၏။ သို့ရာတွင် ယခုကိစ္စများကို ကြည့်လိုက်ပါက ထန်ကျစ်ဟွားနှင့် နှိုင်းယှဥ်လျှင် ကွာခြားချက်မှာ နေနှင့်လလိုပင်။


သူမ၏ နှလုံးခုန်သံက ရုတ်တရက် အရှိန်အနည်းငယ် မြန်သွားသည်။ 


ချောင်ဟုန်ယဲ့သည် ထန်ကျစ်ဟွားအား ဂရုတစိုက်ဖြင့် တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများထဲရှိ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရန်အတွက် နှုတ်ခမ်းကို ကိုက်လိုက်၍ ခေါင်းကို အောက်ငုံ့လိုက်၏။


သူမသည် လက်ရှိ သူမနေထိုင်ရသည့်ဘဝကို ရိုးတွင်းခြင်ဆီထဲထိအောင်ပင် မုန်းတီးသည်။


ထန််မိသားစု။ သူမသာ ထန်ကျစ်ဟွား သူမကို ကြိုက်လာအောင် ဆွဲဆောင်နိုင်ပါက နှစ်အနည်းငယ်ကြာလျှင် သူမ၏ ဘဝသည် လုံးဝပြောင်းလဲသွားနိုင်၏။ ထို့အပြင် သူတို့သည် အသက်ငယ်သေးသည်။ ငယ်ရွယ်စဥ်အခါက ခံစားချက်များသည် အရိိုးစင်းဆုံးနှင့် အသန့်စင်ဆုံးပင်။ သူမသည် သူမ၏ စွမ်းရည်များကို ယုံကြည်၏။ ထန်ကျစ်ဟွားက သူမကို ကြည့်နေသရွေ့ ထိုအခိုက်မှာပင် သူ့အား သူမ ဆွဲဆောင်နိုင်မည်ဟု အာမခံနိုင်သည်။


ကောင်းကင်ဘုံက သူမအား ဤအခွင့်အရေးကို ပေးအပ်နှင်းခဲ့သည်မှာ မည်မျှ အံ့သြစရာကောင်းသနည်း။ ပြီးလျှင် အတူတကွကြီးပြင်းလာမှသာ ငယ်ချစ်များဖြစ်နိုင်မည်ဟု မည်သူက ပြောခဲ့သနည်း။ အကယ်၍ သူတို့သာ သူတို့၏ ခံစားချက်များကို ယခုအချိန်မှစ၍ ဖွံဖြိုးလာစေပါက အနာဂတ်တွင် မည်သူကမှ မယှဥ်နိုင်မည်မှာ အသေအချာပင်။


ဟယ့်ကျားစစ် အတွက်မူ...


သူမသည် တကယ်ပင် ထူးချွန်ထက်မြက်သော်လည်း ထိုအရာများက သူမ၏ အဆင့်အတန်းနှင့် နောက်ခံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုနေရာတွင် ထန်ကျစ်ဟွား ခဏလေးပင် မရှိ၍ မဖြစ်ပေ။


"ကျားစစ်၊ ပြန်ပြောရရင် အဖိုးဟယ့်က သူကွယ်လွန်ခါနီး အိပ်ယာပေါ်လဲနေတုန်း ငါ့ရဲ့အဖိုးကို ဟယ့်မိသားစုကို ဂရုစိုက်ပေးဖို့တောင်းဆိုခဲ့တာ၊ ပြီးတော့ ငါ့ရဲ့အဖိုးက ရှေးတုန်းက အကျိုးကို ထောက်ပြီး နင်တို့မိသားစုကို ဒုက္ခတွေအများကြီးကနေ ကူညီပေးခဲ့တယ်။ ဒါပေမယ့် အဲဒါက ငါ့ရဲ့ထန်မိသားစုက အသိဉာဏ်ထက် ငွေကပိုရှိနေတာဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ နင် ဒီနေရာ ဟွားနင်ခရိုင်အထိ ငါ့နောက်ကို နည်လမ်းပေါင်းစုံနဲ့ လိုက်လာရတဲ့ အကြောင်းရင်းကို ငါသတိထားမိတယ်။ ဒါပေမယ့် ငါ နင့်ကို ဟိုးအရင်ကတည်းက ပြောပြီးပြီ၊ ငါက နင့်ကို ဂရုစိုက်ချင်တာက ငါ့ကိုယ်ငါ နင့်ရဲ့အစ်ကိုလို့ သတ်မှတ်ထားလို့ပဲ။ အကယ်လို့ နင်က အခြားဟာကို လိုချင်နေရင်တော့ တောင်းပန်တယ်၊ ငါ အဲဒါကို မလုပ်ပေးနိုင်ဘူး"


စကားပြောနေစဥ်အတွင်း ထန်ကျစ်ဟွား၏ အသံက တင်းမာနေသည်။


သူပြောပြီးသွားသောအခါ သူက ကျင်းယွင်ကျောင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖန် ဆက်ပြောလိုက်ပြန်၏။


"ကျင်းယွင်ကျောင်းနဲ့ ငါနဲ့ ဆက်ဆံရေးက နင်ထင်နေသလို မဟုတ်ဘူး။ သူ့ကို ထပ်ပြီးတော့ ဒုက္ခမပေးနဲ့။ ဒီလိုမှမဟုတ်ဘဲ နင့်မှာ ဆန္ဒမရှိဘူးဆိုရင်တော့ နင် နင်းမြို့တော်ကိုသာ ပြန်လိုက်တော့"


ဟယ့်ကျားစစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမ၏ တဖျပ်ဖျပ် တုန်ခါနေသော မျက်တောင်များတွင် မျက်ရည်စလေးများ စွန်းထင်းနေပြီး သူမ၏ မျက်နှာက သူမ မှားသွားပြီဟု ခံစားနေရကြောင်း ဖော်ညွှန်းနေ၏။


"ကျွန်မ နားလည်ပါပြီ...အစ်ကိုကျစ်ဟွား၊ ကျွန်မကို ထပ်ပြီးတော့ ဒေါသမထွက်ပါနဲ့တော့နော်။ ကျွန်မ နောက်တစ်ခါ ဒီလိုထပ်ပြီး မလုပ်တော့ပါဘူး"


ဟယ့်ကျားစစ်က လေသံပျော့ပျော့ဖြင့် သူ၏ ပိုမိုကောင်းမွန်သော ဘက်ခြမ်းကို ရရှိနိုင်ရန် ကြိုးစားနေရုံသာ တတ်နိုင်တော့သည်။