အပိုင်း ၁၀၈
Viewers 35k

Chapter 108




ကျိယွီရှောင်က လင်းလော့ချင်းနှင့် ဖုန်း ဆက်ပြောလိုက်သည်။


သူ ဖုန်းချရန် ၀န်လေးနေလေသည်။


သို့သော် လင်းလော့ချင်း မနက်ဖြန်ပင်ပန်းနေမည်ကို စိုးရိမ်၍ တစ်ခဏခန့်သာ စကားထပ်ပြောလိုက်ပြီး ဖုန်းချလိုက်သည်။


လင်းလော့ချင်းက အိပ်ရာပေါ်တွင် လှဲပြီး မျက်နှာကျက်ကို စိုက်ကြည့်နေပြီး ကျိယွီရှောင်အကြောင်းတွေးနေလေသည်။


တကယ် ထူးဆန်းတယ်...သူတို့ မတွေ့ရတာ ရက်ပိုင်းလောက်ပဲရှိသေးတယ်...ဘာလို့ ကျိယွီရှောင်ကို လွမ်းနေရတာလဲ...


သူက ကျိယွီရှောင်ကို အမြဲလွမ်းနေပုံပဲ...


လင်းလော့ချင်းက မျက်လုံးမှိတ်လိုက်ပြီးနောက် အိမ်မက်ကောင်းတစ်ခုပင် မက်ခဲ့လေသည်။


.......

မာပေါ်ကျုံး ပြန်ရောက်လာလေပြီ။ 


နောက်ဆုံးတွင် လင်းလော့ချင်းက အမျိုးသားဇာတ်ဆောင်ထက် ကျော်ကြားသော သရုပ်ဆောင်ကို ပထမဆုံးတွေ့လိုက်ရသည်။


သူက ဆေးရုံကို ဆယ်ရက်ခန့် တက်နေခဲ့‌သော်လည်း နေ‌မကောင်းသည့်အငွေ့အသက် မရပေ။ သူ့မျက်နှာက ကျန်းမာနေပြီး အလွန်အားအင် ပြည့်၀နေလေသည်။ သူက အသက်၅၀၀န်းကျင်ရှိသော်လည်း ၄၀လောက်ဟုသာ ထင်ရသည်။


သူ့ကိုယ်သူ ပြုပြင်ထိန်းသိမ်းမှုကောင်းကြောင်း သိသာပေသည်။


ဒါရိုက်တာကျန်းက မာပေါ်ကျုံး၏ခန္ဓာကိုယ်အတွက် စိတ်ပူသောကြောင့် လီဟန်ဟိုင်း၊ ယောင်မော့မော့တို့နှင့် ဇာတ်၀င်ခန်းကို မရိုက်ခဲ့ပေ။ NGအဆက်မပြတ်ထိနေပါက မာပေါ်ကျုံး၏အနားယူမှုကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင့် သူက လင်းလော့ချင်းနှင့် ဇာတ်၀င်ခန်းကို စီစဉ်ပေးခဲ့ပြီး လင်းလော့ချင်းနှင့် ဦးစွာ ရိုက်ကူးခိုင်းခဲ့သည်။


လီဟန်ဟိုင်းနှင့် ယောင်မော့မော့တွင် အတွက် ကန့်ကွက်စရာ မရှိပေ။ လင်းလော့ချင်းက မာပေါ်ကျုံး၏သရုပ်ဆောင်မှုကို လိုက်နိုင်မလိုက်နိုင်ပင် သိချင်ကြလေသည်။ 


“ဆရာလင်း ကျားရို့...ငါ ဆရာမာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်ဖူးတယ်...သူက လူတွေကို ဖိအားအများကြီးပေးတယ်..."


ယောင်မော့မော့ သက်ပြင်းချကာ ပြောလိုက်သည်။


လီဟန်ဟိုင်းလည်း သဘောတူလိုက်သည်။


"ဒါပေမဲ့ ဒါက အိုင်ဒေါလ်ဒရမ်မာလေ...ရုပ်ရှင်မှ မဟုတ်တာ...ဆရာမာက အရမ်းအလေးအနက် မထားလောက်ဘူး...အဆင်ပြေမှာပါ..."


လင်းလော့ချင်းက မာပေါ်ကျုံးအကြောင်း သေချာမသိသောကြောင့် မှတ်ချက်၀င်မပေးခဲ့ပေ။ သူက ဇာတ်ညွှန်းကိုသာ အလေးအနက် ဖတ်နေလိုက်သည်။


သူ့လိုင်းများကို သေချာမှတ်သားထားပြီးဖြစ်ကာ တိတ်တဆိတ် ပြန်လည်ရွတ်ဆိုနေပြီး ဒါရိုက်တာကျန်း ခေါ်သောအခါ သွားလိုက်သည်။


"ဆရာမာ သူက မန်ဟွားနေရာမှာ သရုပ်ဆောင်တဲ့ လင်းလော့ချင်းလေ...သူက လူသစ်လေးပေမဲ့သရုပ်ဆောင်စွမ်းရည်က မဆိုးဘူး..."


ဒါရိုက်တာကျန်းက လင်းလော့ချင်းကို သူ့ကိုယ်တိုင် မိတ်ဆက်ပေးလိုက်သည်။ သူက လင်းလော့ချင်းအပေါ် အမြင်ကောင်းရှိကြောင်း သိသာလေသည်။


မာပေါ်ကျုံးက မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့မှ လူကို စစ်ဆေးလိုက်သည်။ 


လင်းလော့ချင်းက သူ့ကို ပြုံးပြလိုက်သည်။ သူ တောက်ပသန့်ရှင်းနေပြီး ဘွဲ့မရသေးသည့် ကျောင်းသားတစ်ယောက်သဖွယ် ဖြစ်နေလေသည်။ မာပေါ်ကျုံးက အနည်းငယ် အံ့အားသင့်သွားလေသည်။


"စိတ်နေစိတ်ထား အတော်ကောင်းတယ်..."


"ငါလည်း အဲ့လို ခံစားရတယ်..."


ဒါရိုက်တာကျန်း သဘောတူလိုက်သည်။ 


"သူက မန်ဟွားဇာတ်ရုပ်နဲ့ တော်တော်နီးစပ်တယ်..."


မာပေါ်ကျုံးက ဇာတ်ညွှန်းကို သေချာဖတ်ထားပြီး ဖြစ်သည့်အတွက် ခေါင်းငြိမ့်လိုက်သည်။


အလာပဿလာပ ပြောပြီးနောက် ရိုက်ကူးရေးစရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။


မကြာမီ လီဟန်ဟိုင်း၊ ယောင်မော့မော့၊ ကျန်းချွမ်၊ ဝူကျားနှင့် စုယင်ပင်လျှင် ရိုက်ကွင်းအနားတွင် ၀န်းရံလာကြလေသည်။


စုယင်က ပြိုင်ဆိုင်မှုထဲတွင် မပါ၀င်ခဲ့ရုံသာမက လင်းလော့ချင်းနှင့်လည်း မလေ့ကျင့်ဖူးခဲ့ပေ။ သို့သော် သူ လင်းလော့ချင်းနှင့် သရုပ်ဆောင်ရသောအခါ အနည်းဆုံး ဆယ်ကြိမ်လောက် NGထိခဲ့လေသည်။ သူနှင့်ယှဉ်လျှင် အခြားသရုပ်ဆောင်များက NGနည်းကြလေသည်။


လူအုပ်အလယ်တွင် ရပ်နေစဉ် သူ တစ်ယောက်တည်း ထင်းထွက်နေသလို ခံစားရလေသည်။


ဘာတွေဖြစ်နေတာလဲ...သူက တခြားလူတွေနဲ့ လယ်ဗယ်တူတူလောက်ပဲလေ...ဘာတွေဖြစ်သွားတာလဲ...


မကြာမီ သူ လျှို့ဝှက်ချက်ကို ရှာတွေ့သွားလေသည်။ အဖွဲ့ထဲရှိ အမျိုးသားဇာတ်ဆောင်၊ အမျိုးသမီးဇာတ်ဆောင်၊ ဒုတိယအမျိုးသားဇာတ်ဆောင်၊ တတိယအမျိုးသမီးဇာတ်ဆောင် အားလုံးက သင်ခန်းစာများကို တိတ်တဆိတ် သင်ယူနေကြလေသည်။


'ဟက်...ငါတို့က အတူတူ ကြီးပြင်းလာကြတဲ့ဟာကို...နင်တို့က တိတ်တိတ်လေး ကုထုံးခံယူနေကြတယ်တဲ့လား...'


ထို့နောက် သူက ပြိုင်ဆိုင်မှုထဲ ၀င်ရောက်လာခဲ့ပြီး လင်းလော့ချင်းအတန်း၏ နောက်ဆုံးကျောင်းသူဖြစ်လာခဲ့သည်။


ဤတစ်ကြိမ်တွင် သူက ငယ်ရွယ်သည့်ဆရာလင်းနှင့် အတွေ့အကြုံရှိသည့် ဆရာမာကို ကြည့်လိုက်လေသည်။ 


သူ့တွင် မာပေါ်ကျုံးနှင့် ရင်ဆိုင်ရသည့် ဇာတ်၀င်ခန်းရှိပြီး ဆရာလင်းသာ ဆရာမာနှင့် ရင်မဆိုင်နိုင်ခဲ့လျှင် သူက ထိုဇာတ်၀င်ခန်းတွင် NGအကြိမ်များစွာ ထိမည်မှာ သိသာလေသည်။


ခက်ခဲလိုက်တာ...အပျင်းထူတဲ့လူတစ်ယောက်အတွက် ဒီလိုဟာမျိုးက ခက်ခဲလွန်းတယ်...


အားလုံး၏အာရုံစိုက်မှုကြားတွင် လင်းလော့ချင်းနှင့် မာပေါ်ကျုံးတို့၏ ဇာတ်၀င်ခန်းကို စတင်လိုက်လေသည်။


အမှန်တွင် မာပေါ်ကျုံးက လင်းလော့ချင်းကို မျက်လုံးထဲ မထည့်ထားခဲ့ပေ။ သူက အောင်မြင်မှုများနှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်လည်း ကြီးလေသည်။ သူက ငွေရှာရန်အတွက် ဤအိုင်ဒေါလ်ဒရမ်မာထဲတွင် သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ကလည်း ငွေအမြောက်အမြား ပေးခဲ့သောကြောင့် သူကလည်း တံခါး၀ရောက်လာသည့် ငွေထုပ်ကို ငြင်းဆန်မည်မဟုတ်ပေ။


ထို့အပြင် အိုင်ဒေါလ်ဒရမ်မာတွင် သရုပ်ဆောင်ခြင်းက လွယ်ကူပေသည်။ ယင်းက ငွေအမြောက်အမြားရပြီး အလုပ်နည်းနည်းသာ လုပ်ရပေသည်။ 


ထို့ကြောင့် မာပေါ်ကျုံးက လင်းလော့ချင်းကို အလေးအနက်မထားခဲ့ပေ။


ငယ်ရွယ်တဲ့သရုပ်ဆောင်သစ်လေးက ဘယ်လောက်များ ကောင်းမွန်နိုင်မှာလဲ...ဒါ့အပြင် လင်းလော့ချင်းက ရုပ်ချောပြီး ငယ်ရွယ်တဲ့သူ...ရုပ်ချောတဲ့ သရုပ်ဆောင်တွေကို နိမ့်ချတာ မဟုတ်ပေမဲ့ သူတို့ သရုပ်ဆောင် မကောင်းတာ အမှန်ပဲလေ...သူတို့က ရုပ်ရည်ကြောင့် နည်းနည်းပဲ အားထုတ်စရာ လိုတဲ့လူတွေ...


မာပေါ်ကျုံးက ထိုသို့တွေးကာ ဒိုင်ယာလော့ကို ပြောလိုက်သော်လည်း လင်းလော့ချင်းမျက်လုံးထဲမှ ခံစားချက်များက တဖြည်းဖြည်း နက်ရှိုင်းလာသည်ကို မြင်သောအခါ သူလည်း တဖြည်းဖြည်း လေးနက်လာလေသည်။


မန်ဟွားက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါရှိကာ ပေါ့ပြက်ပြက် နိုင်လေသည်။ မာပေါ်ကျုံး သရုပ်ဆောင်ရသည့် စွန်းဟောက်က တည်ငြိမ်ကာ မာနကြီးလေသည်။ သူက မန်ဟွား၏ဒေါသကို နှိုးဆွလိုက်ပြီး လင်းလော့ချင်း၏စိတ်ခံစားချက်များက လွတ်ထွက်သွားကာ မာပေါ်ကျုံး၏အော်ရာများကလည်း နည်းပါးလာသည်။ 


အချိန်အတော်ကြာသည့်အထိ တစ်ယောက်မှ စကား မပြောရဲကြပေ။


ထိုစဉ် ဒါရိုက်တာကျန်းက 'ကဒ်'အော်လိုက်လေသည်။ 


"ကောင်းတယ်...ပြီးပြည့်စုံတယ်..."


ထိုအခါမှ လင်းလော့ချင်းက မန်ဟွား၏ဒေါသများကို ပြန်လည်သိမ်းယူလိုက်လေသည်။


သူက စိတ်ပြန်ငြိမ်သွားစေရန် အသက်ကို ပြင်းပြင်း ရှုသွင်းရှုထုတ် လုပ်လိုက်သည်။ 


မာပေါ်ကျုံးက ထိုအသက်အရွယ်တွင် ထိုကဲ့သို့သော သရုပ်ဆောင်စွမ်းရည်မျိုး ရှိသည့်အတွက်အံ့အားသင့်စွာ ကြည့်လိုက်သည်။


သူက အသက်၂၀လား...


အနုပညာကျောင်းသားလား...


“အသက် ဘယ်လောက်ရှိပြီလဲ...” 


သူ မေးလိုက်သည်။


‌လင်းလော့ချင်းက ဝူရှင်းယွမ်ပေးသည့် ရေခွက်ကိုယူကာ‌ ရေသောက်လိုက်စဉ် မေးခွန်းကို ကြားလိုက်ရသည့်အတွက် ပြန်ဖြေမည်လိုက်စဉ် ရေသီးသွားကာ ချောင်းများဆိုးလာသောကြောင့် ရှောင်၀မ်ကို ကျောကို အမြန်ပုတ်ပေးလိုက်သည်။


ဝူရှင်းယွမ် ပြန်ဖြေလိုက်၏။


"၂၂ပါ..."


လင်းလော့ချင်း လျင်မြန်စွာ ခေါင်းငြိမ့်လိုက်၏။


ချောင်းဆိုးလိုက်သောကြောင့် မျက်နှာက အနည်းငယ်နီရဲနေပြီး ရှက်ရွံ့နေပုံပေါ်လေသည်။


သူ့ကြည့်ရသည်မှာ ပို၍ပင် ငယ်ရွယ်သွားပုံရ၏။


"ဘယ်နှကားလောက် သရုပ်ဆောင်ပြီးပြီလဲ..."


‌"သုံးကား..." 


ဝူရှင်းယွမ် ဖြေလိုက်သည်။


"အရင်နှစ်ကားက ဟာသကားတွေလဲ...သူက ဖျော်ဖြေရေးလောကထဲ ၀င်ခါစဆို‌တော့ သူ့သရုပ်ဆောင်ချက်က သိပ်မကောင်းဘူး...ဒါက သူ့ပထမဆုံးအလုပ်လို့တောင် ပြောလို့ရတယ်..."


အင်‌တာနက်ပေါ်တွင် အချက်အလက်များရှိပြီး လင်းလော့ချင်း၏အတိတ်ကို ဖျောက်ဖျက်ရန် မဖြစ်နိုင်ပေ။ 


ကံကောင်းစွာနှင့် ယင်းဒရမ်မာနှစ်ကားတွင် လင်းလော့ချင်း၏ဇာတ်၀င်ခန်းက အနည်းငယ်မျှသာရှိပြီး ကြည့်ရှုသူကလည်း နည်းပါးလေသည်။ ထို့ကြောင့် သက်ရောက်မှုက မကြီးမားပေ။


‌နောက်ဆုံးတွင် လူတိုင်းမှာ လူသစ်ကာလရှိပြီး ယင်းကို နားလည်နိုင်ပေသည်။


သို့သော် မာပေါ်ကျုံးက နားမလည်နိုင်ခဲ့ပေ။ သူက ယခင်နှစ်ကားတွင် လင်းလော့ချင်း၏သရုပ်ဆောင်ချက်က မည်မျှဆိုးရွားကြောင်းကို မသိခဲ့ပေ။ ထို့ကြောင့် ဝူရှင်းယွမ်၏ ဤဒရမ်မာက လင်းလော့ချင်း၏ပထမဆုံးအလုပ်ဖြစ်ကြောင်း ပြောသောအခါ သူ အလွန် အံ့အားသင့်ခဲ့ရလေသည်။ ယင်းကားလင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်က ထူးချွန်လွန်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။


အရည်အချင်းရှိတဲ့ သရုပ်ဆောင်လား...


ဒီလိုအသက်အရွယ်မျိုးမှာ ရှားရှားပါးပါး မြင်ဖူးတာပဲ...


မာပေါ်ကျုံးက လင်းလော့ချင်းကို ပြုံးကာ ကြည့်လိုက်သည်။


ရှစ်ကျန်းက အလုပ်ပြီး၍ စတုဒီယိုသို့ ပြန်သွားသောအခါ လူတိုင်းက လင်းလော့ချင်းနှင့် မာပေါ်ကျုံး ၏ဇာတ်၀င်ခန်းအကြောင်းကို ပြောနေကြလေသည်။


"ဆရာလင်းရဲ့သရုပ်ဆောင်စွမ်းရည်က ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး...ဆရာမာရဲ့သရုပ်ဆောင်မှုနောက်ကို ‌လိုက်နိုင်တယ်..."


"ဟုတ်ပ...တစ်ကြိမ်တည်း ရိုက်ရတာနော်...ဆရာမာက တစ်ကြိမ်တည်း ရိုက်ရတယ်ဆိုတာ ပုံမှန်ပဲ...ဒါပေမဲ့ မထင်ထားတာက ဆရာလင်းက ဆရာမာနဲ့ ရိုက်ရတာတောင် ‌တစ်ကြိမ်တည်း ရိုက်ရတာပဲ..."


“ဆရာမာက ဆရာလင်းကို တန်ဖိုးထားပုံပေါ်တယ်...သူတို့ ခုနက စကားပြောနေကြတာ...ဆရာမာက ပြုံးနေတာပဲ..."


"ဒါက ပုံမှန်ပါပဲ...ဒါရိုက်တာကျန်းတောင် ဆရာလင်းကို ဘယ်လောက် သဘောကျလိုက်လဲ...ဆရာလင်းက ရုပ်လည်းချောတယ်...သရုပ်ဆောင်လည်း ကောင်းတယ်...ဒီဒရမ်မာထုတ်လွှင့်ရင်သေချာပေါက် နာမည်ကြီးလာမှာပဲ..."


ထိုစကားများကို ကြားသောအခါ ရှစ်ကျန်း၏‌ခြေလှမ်းများက ရပ်တန့်သွားလေသည်။ သူက လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက လီဟန်ဟိုင်း၊ အခြားလူများနှင့်အတူ စကားပြောနေလေသည်။


လီဟန်ဟိုင်းက လင်းလော့ချင်း မာပေါ်ကျုံးနှင့်ရင်ဆိုင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက လင်းလော့ချင်းထက် နိမ့်ကျသည်မှာ မအံ့ဩတော့ပေ။


သူက အခြားလူကို လွှမ်းမိုးနိုင်သော မာပေါ်ကျုံးလို လူမျိုးကို မမြင်ဖူးခဲ့ပေ။ ယခု လင်းလော့ချင်းက မာပေါ်ကျုံးကို အမှီလိုက်နိုင်လေသည်။ 


ဤကား ဖျော်ဖြေရေးနယ်ပယ်တွင် ပုံမှန်ပင်ဖြစ်သည်။ လူသစ်ပေါ်လာပြီး လူဟောင်းများကို ရိုက်ချလေ့ရှိလေသည်။


ဤအခြေအနေမျိုးတွင် သူက နောက်ကောက်ကျ၍ မဖြစ်ပေ။


"မင်းက နောက်ကြရင် မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် သေချာပေါက် နာမည်ကြီးလာမှာပဲ..."


လီဟန်ဟိုင်းက ရိုးသားစွာ ပြောလိုက်သည်။


"ဟုတ်တယ်..."


ယောင်မော့မော့ သဘောတူလိုက်၏။


"နင် မကြောက်ဘူးလား..ငါကတော့ နင့်ကို ကြည့်ပြီး ကြောက်လိုက်တာ..."


"မ‌ကြောက်ပါဘူး..."


လင်းလော့ချင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


သူ မကြောက်ပေ။ သူ ယခင်က နာမည်မရှိသော ဇာတ်ပို့များ၊ ဇာတ်ပို့ဇာတ်ရုပ်သေးများတွင် ပါ၀င်စဉ်က သရုပ်ဆောင်ကြီးများနှင့် အတူ ယှဉ်ရပ်ခဲ့ရပြီး သူတို့၏အရှိန်အဝါနှင့် သရုပ်ဆောင်စွမ်းရည်ကို ဘေးမှ ကြည့်ရှုခဲ့ရသည်။ ယင်းကို သူ ကျင့်သုံးနေသည်မှာ ကြာပြီဖြစ်သည်။


ထို့အပြင် စိတ်ထားကောင်းပြီး သူ့ကို အကြံပေးကြသည့် သရုပ်ဆောင်ကြီးများပင်ရှိလေသည်။ထို့ကြောင့် သူက မာပေါ်ကျုံးကို မကြောက်ပေ။


သူက ဤနယ်ပယ်‌တွင် အ‌တွေ့အကြုံများစွာရှိပြီး စိတ်ဓာတ်ကျမှုများ ၊ ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။ သူက လူမသိသူမသိ အခြေအနေမှ ဤအခြေအနေရောက်လာသောကြောင့် ကျေနပ်နေလေသည်။


ထိုသို့တွေးစဉ် ယခု လူမသိသေးသည့် ရှစ်ကျန်းကို သတိရသွားပြီး ရှာဖွေလိုက်သောအခါ ရှစ်ကျန်းကို တွေ့သွားပြီး ပြုံးပြလိုက်သည်။


ရှစ်ကျန်းက ပြန်ပြုံးပြလိုက်ပြီး လင်းလော့ချင်းတို့ စကားဝိုင်းကို မနှောင့်ယှက်‌တော့ပေ။


မာပေါ်ကျုံး၏ပြန်လာမှုက လီဟန်ဟိုင်းနှင့်ယောင်မော့မော့ကို ဖိအားများစွာ ပေးနိုင်လေသည်။ သူတို့၏သရုပ်ဆောင်စွမ်းရည်က သာမာန်သာ ဖြစ်ကြောင်းကို သိပြီး ဆေးရုံမှ ဆင်းလာသော မာပေါ်ကျုံးကိုလည်း ဒုက္ခမပေးချင်သောကြောင့် လင်းလော့ချင်းထံ ဝီရိယရှိရှိပြေးကာ မာပေါ်ကျုံးနှင့်ဇာတ်၀င်ခန်းများကို လေ့ကျင့်ကြလေသည်။


လင်းလော့ချင်းကလည်း ယင်းကို မငြင်းဆန်ခဲ့ပေ။ အကြံဉာဏ်များပေးကာ စိတ်ရှည်လက်ရှည်သင်ကြားပေးလေသည်။


သူ့တွင် အားလပ်ချိန်ရှိလျှင် ရှစ်ကျန်းထံ ပြေးလွှားကာ ဒိုင်ယာလော့အတူလေ့ကျင့်ပြီး ရင်းနှီးလာအောင် ကြိုးစားသည်။


ရှစ်ကျန်းက ထိုကိစ္စကို အလွန်အံ့ဩနေခဲ့လေသည်။ လင်းလော့ချင်း သူ့ကို အလွန်အထင်ကြီးလွန်းနေသည်ဟု ခံစားရသည်။ သူ့တွင် စာကြောင်း ၃၀လောက်ပင် မရှိပေ။ ယင်းကို သူနှင့် နေ့တိုင်းလေ့ကျင့်နေလေသည်။


သူ ဆွဲချမိမှာကို မကြောက်ဘူးလား...


ထိုသို့မေးလိုက်သောအခါ လင်းလော့ချင်းက ပြုံးကာ ပြန်ဖြေလာလေသည်။ 


"မကြောက်ပါဘူး...အစ်ကိုကျန်းရဲ့ လိုင်းတွေနဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတဲ့ဟာ...ဘယ်လိုလုပ် ကျွန်တော့်ကို ဆွဲချမှာလဲ..."


ထိုစကားများကို ကြားလိုက်သောအခါ ရှစ်ကျန်းက လင်းလော့ချင်းစကားများ၏ လေးနက်မှုကိုသဘောပေါက်လိုက်လေသည်။


လင်းလော့ချင်းက သူ့သရုပ်ဆောင်စွမ်းရည်က ကောင်းသည်ဟု တွေးနေခြင်းဖြစ်သည်။


ထိုအသိအမှတ်ပြုမှုကြောင့် ရှစ်ကျန်း ရင်ထဲထိသွားလေသည်။ သူ့ကို တစ်စုံတစ်‌ယောက်က အသိအမှတ်မပြုသည်မှာ ကြာပြီဖြစ်သည်။ အစပိုင်းတွင် လူများက သူ့ကို "ရှစ်ကျန်း မင်းသရုပ်ဆောင် စွမ်းရည်က အရမ်းကောင်းတာပဲ..."ဟု ပြောကြသော်လည်း နောက်ပိုင်း သူ့၏ဇာတ်ရုပ်နှင့်လိုင်းများက သေးငယ်သထက်သေးငယ်လာသောအခါ သူ့ကို မည်သူကမှ ဂရုမစိုက်တော့ပေ။


လူများက သူ့ကို မေ့သွားသောအခါ ကမ္ဘာကြီးကလည်း သူ့ကို မေ့သွားလေသည်။ 


တစ်ချိန်က သူ ပါ၀င်ခဲ့သော ဇာတ်လမ်းများမှဒါရိုက်တာများ၊ သူနှင့်အတူ သရုပ်ဆောင်ခဲ့သော သရုပ်‌ဆောင်များက သူ့ကို မမှတ်မိကြတော့ပေ။ သူနှင့်အတူ သရုပ်ဆောင်လောကထဲသို့ ၀င်ခဲ့သော သူငယ်ချင်းကပင် ထပ်တွေ့သောအခါ သူ့ကို လျစ်လျူရှုခဲ့လေသည်။


သူက အဖွဲ့တစ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သို့ ကူးပြောင်းနေရသော သွားလာနေရသော ဖြတ်သွားဖြတ်လာနှင့်တူ၏။ ဖြတ်သွားဖြတ်သွား၏ပုံစံကို တစ်ယောက်မှ မမှတ်မိကြပေ။ ပခုံးချင်း တိုက်မိခဲ့သူကပင် ထိုလူက သူ့ကို မမှတ်မိခဲ့ချေ။


ယခု တစ်စုံတစ်ယောက်က သူ့ပခုံးကို ဆုပ်ကိုင်ကာ ပြောလာလေသည်။


"မင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ..."


.....


ဆောင်းဦးရာသီက ချမ်းအေးသည်မှာ သိသာသော်လည်း‌ ယနေ့နေရောင်ခြည်က နွေးထွေးနေပေသည်။


ဆောင်းဦးရာသီက အ‌တော်ကောင်းတဲ့ ရာသီဥတုပဲ...


ကျိယွီရှောင်က လင်းလော့ချင်း၏ရိုက်ကူးရေး ချောမွေ့အောင် လင်းဖေးနှင့်သင့်တော်သည့် ကျောင်းများကို ရွေးချယ်ပေးနေလေသည်။


“ပထမ မူလတန်းကျောင်း...သူက မြို့တော်က ပထမအလယ်တန်းကျောင်းနဲ့ ချိတ်ထားတာ...လင်းဖေးသာ အဲ့မှာတက်ရင် အလယ်တန်း၊ အထက်တန်း ဆက်တက်နိုင်တယ်...ပထမ အလယ်တန်းကျောင်းက ဒီနှစ်နှစ်အတွင်း အရမ်းရေပန်းစားနေတာ...လွန်ခဲ့တဲ့နှစ်နှစ်အတွင်း‌ ကောလိပ်၀င်ခွင့်စာမေးပွဲ အဆင့်တစ်က သူတို့ ကျောင်းကပဲ ထွက်လာတာ...ကျောင်းက သင်ယူမှုနဲ့ အဆင့်တွေကို အရမ်းအလေးထားတယ်...ဒါက ဖေးဖေးအတွက် သင့်တော်တယ်...မင်းရော ဘယ်လိုထင်လဲ..."


ကျိယွီရှောင်က သက်ဆိုင်ရာ အချက်အလက်များကို လင်းလော့ချင်းထံ ပို့ပေးလိုက်ပြီး ဗီဒီယိုကောလ် ခေါ်လိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်ကို အကြွင်းမဲ့ ယုံကြည်လေသည်။ ထို့ကြောင့် သူက ကျိယွီရှောင် ပို့ပေးသည့်အချက်အလက်များကို မစစ်ဆေးခဲ့ပေ။ 


"မင်းရဲ့ရွေးချယ်မှုက မှားယွင်းမယ်မထင်ဘူး...ဒါပဲ ရွေးကြတာပေါ့..."


"မင်း မစစ်ဆေးတော့ဘူးလား..."


"ငါ မင်းကို ယုံတယ်...မင်းက အရမ်းအစွမ်းထက်တဲ့ဟာ...မင်းရွေးချယ်မှုက အကောင်းဆုံးပဲ..."


"ဒီလိုဆို ဖေးဖေးကို နှစ်ရက်အတွင်း ကျောင်းအပ်ဖို့ စီစဉ်လိုက်မယ်..."


"အိုကေ..."


လင်းလော့ချင်းက အနည်းငယ် ၀မ်းနည်းနေလေသည်။ 


"ငါ သူ့ကို ကျောင်းလိုက်ပို့ဖို့ ခွင့်ယူလို့မရဘူး..."


ကျိယွီရှောင်က လင်းဖေးကို ကျောင်းလိုက်ပို့ပေးခြင်းက ကျိယွီရှောင်အတွက် ပြဿနာများလေသည်။ သို့သော် ကျောင်းပြောင်းသည့် ပထမဆုံးရက်တွင် မိဘတစ်ယောက်ပါရန် လိုပြီး ကျိယွီရှောင်ကသာ လိုက်ပို့ပေးရမည်ဖြစ်သည်။


"မင်းကိုပဲ ဒုက္ခပေးရတော့မယ်...ကျားရို့ ရှုရှု..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"မင်းသာ မကြာခင် ပြန်မလာရင် ဖေးဖေးက ငါ့ကို ပိုသဘောကျတော့မှာပဲ..."


"ကြိုးစားကြည့်လေ~~~"


လင်းလော့ချင်းက ကျိယွီရှောင်ကို ပြုံးကာ ကြည့်လိုက်သည်။


ကျိယွီရှောင်က လင်းလော့ချင်းနှင့် ဆွေးနွေးပြီးနောက် လင်းဖေးကို ထိုအကြောင်းပြောပြလိုက်သည်။


လင်းဖေးတွင် ထင်မြင်ချက် မရှိပေ။ ကျောင်းတက်ရလျှင် ဘယ်ကျောင်းတက်ရတက်ရ အဆင်ပြေလေသည်။ 


သို့သော် သူ ဂရုမစိုက်သော်လည်း အခြားတစ်ယောက်က ဂရုစိုက်၏။


ကျိယွီရှောင်က ကျိလဲ့ယွီကို ပြောလိုက်သည်။


"ရက်နည်းနည်းကြာရင် မင်းအစ်ကို ကျောင်းသွားရတော့မယ်..."


'ကောင်းတာပေါ့...သူက အိမ်က စောစောထွက်ရပြီး နောက်ကျမှ ပြန်ရောက်တဲ့ တစ်ဦးတည်းသောလူ မဟုတ်တော့ဘူး...'


သို့သော် နောက်တစ်ခဏတွင် ကျိယွီရှောင်၏စကားကို ထပ်ကြားလိုက်ရလေသည်။


"ဒါပေမဲ့ မင်းကိုကိုကျောင်းက မင်းကျောင်းနဲ့အရမ်းဝေးတယ်...လမ်းလည်း မတူဘူး...အဲ့တော့ မင်းကိုကိုက ဦးလေးလီရဲ့ကားနဲ့ သပ်သပ်သွားလိမ့်မယ်..."


ကျိ

လဲ့ယွီ : “!!!”


“အရင်အတိုင်း တူတူသွားလို့မရဘူးလား..."


ကျိလဲ့ယွီ အံ့ဩသွားသည်။ 


"အရင်က လမ်းသင့်တယ်လေ...နည်းနည်းလောက် ဆက်သွားရရုံပဲ...အခုက အရှေ့ဘက်နဲ့ တောင်ဘက် လုံး၀ လားရာမတူဘူး...လမ်းကြောင်းမတူလို့ ကျောင်းတူတူသွားလို့ မရဘူး..."


ကျိလဲ့ယွီ ၀န်လေးစွာ နှုတ်ခမ်းစူလိုက်လေတော့သည်။