အပိုင်း ၄၈
Viewers 9k


🐹အခန်း ၄၈ 

ဝူယိလေးက အနမ်းပေးနည်းအသစ်ကို သင်ယူလိုက်တယ် 


 

များမကြာမီတွင် နေ့လယ်စာ အဆင်သင့်ဖြစ်လေပြီ။


ပိုဆီယာသည် ကမ္ဘာပျက်ကပ် ဖြစ်ပွားချိန်မှစကာ ကုန်းပေါ်သို့ မတက်ရသဖြင့် ချက်ပြုတ်ပြီးသား အစားအစာများအား မစားရသည်မှာ ကြာမြင့်လှပေပြီ။ ကျန်းချိုး ကမ်းပေးလာသည့် ပန်းကန်တစ်လုံးအားယူကာ အနက်ရောင်သေတ္တာ၏အစွန်းတွင် လှဲရင်းဖြင့် ပင်လယ်စာခေါက်ဆွဲ တစ်ပန်းကန်အား အငမ်းမရ စားသောက်လေသည်။


သူ၏ မျက်လုံးတစ်စုံမှာ နျဲ့ရှောင်နှင့် ဟမ်းစတားလေးအား အချိန်နှင့်အမျှ ကြည့်နေပြီး အနည်းငယ် ငေးတိငေးငိုင်လည်း ဖြစ်နေပုံရသည်။


ခေါက်ဆွဲစားနေကြသော နင်ဖုန်းနှင့် အခြားသူများသည် အသင့်စားခေါက်ဆွဲအား လှလှပပ မျက်နှာလေးနှင့် ကျိုးကျိုးနွံနွံစားသောက်နေသော ပိုဆီယာအား မြင်လိုက်ကြသည်။ သူတို့၏ ခေါက်ဆွဲခွက်များမှာ အဆင့်မြင့်အရည်အသွေးရှိ စားစရာတစ်ခုဟုပင် ရုတ်တရက် ခံစားမိလိုက်ကြသည်။


သို့သော်လည်း ထိုသို့တွေးနေစဉ်မှာပင် ခေါက်ဆွဲအား ဆွဲစုပ်စားနေသော ထိုရေသူထီး၏ မျက်လုံးထဲသို့ ခေါက်ဆွဲအရည်ဝင်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။


“ဖာ့ အားးးးးးးးးးးးးး လောင်ဇီရဲ့ မျက်လုံးတော့ ကန်းပါပြီဟဲ့..”


နင်ဖုန်း၊ ကျန်းချိုးနှင့် အခြားသူများ : “…”


ကျွတ်.. မျက်နှာလေးကြည့်ပြီး မျက်ကန်းဖြစ်သွားကြပုံပဲ..


နျဲ့ရှောင်သည် ထိုလူများအား အနည်းငယ်မျှပင် အာရုံမထားဘဲနှင့် ခေါက်ဆွဲများကို အပိုင်းအတိုလေးများအဖြစ် ဖြတ်တောက်ကာ သူ၏ဘေးရှိ ဆန်မုန့်လုံးလေးအား အစာခွံ့ခြင်း၌သာ အာရုံစူးစိုက်ထားလေသည်။


အစာစားနေစဉ် ပျော်ရွှင်မြူးနေသည့် ဆန်မုန့်လုံးလေးကြောင့် နျဲ့ရှောင်မှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရသည်။


လူသားအသွင်သို့ ပြောင်းလဲခြင်း မပြုခြင်းသည် အမှန်တကယ်ကို အတော်လေး ချွေတာရာ ရောက်ပေသည်။ ဆန်မုန့်လုံးလေးအား ကျွေးမွေးရန် ပမာဏအနည်းငယ်သာ လိုအပ်သည်။


*ကျစ်ဟွေ့ကွမ်သည်လည်း အထူးပြုလုပ်ထားသည့် ခွက်ထဲတွင် ခေါင်းနှစ်ကာ စား‌သောက်လျက်ရှိသည်။ လေထုထဲရှိ ရေသူအသားနံ့အား အနံ့ခံရင်း နှစ်ခွက်စာမျှ စားနိုင်လောက်မည်ဟု ခံစားမိလေသည်။ 


ပိုဆီယာသည် မျက်လုံးများ စပ်လာသဖြင့် ရေထဲတွင် ဆေးကြောလိုက်ပြီးမှ ခေါင်းပြန်မော့လာသည်။ ကမ္ဘာသားများနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေကြသည့် အကောင်ကြီးကြီးနှင့် သေးသေးအား ကြည့်လိုက်ပြီး‌ ဝှက်စာဖလှယ်ဖို့ရန် မည်သို့အခွင့်အရေးရှာရမည်ကို စဉ်းစားနေလေသည်။


ထိုနှစ်ကောင်မှာ သူ့ထက် ပိုမိုတည်ငြိမ်နေပြီး သူတို့၏ အပြုအမူများမှာ အတော်လေး အထင်ကြီးဖွယ် ကောင်းနေသည်ကို တွေ့ရှိရသည်။


နျဲ့ရှောင်ကို စိုက်ကြည့်နေသည့် ပိုဆီယာအား မြင်သည့်အခါ ကျန်းချိုးမှာ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားမိသည်။ ထို့ကြောင့် ပိုဆီယာဆီသို့ လျှောက်သွားပြီး ခွက်အလွတ်အား ယူလိုက်သည်။


“ဗိုက်ပြည့်ပြီမလား.. ကြည့်နေတာ တော်လိုက်တော့.. အဲဒီလူက မင်းလို အရွယ်ကြီးနေတဲ့ ငါးတစ်ကောင်ကို မွေးစားမှာ မဟုတ်ဘူး..”


ပိုဆီယာ၏ အတွေးများ နှောင့်ယှက်ခံလိုက်ရသည်။ ခေါင်းမော့ ကြည့်လိုက်ချိန်တွင် သူနမ်းခဲ့သောလူအား တွေ့လိုက်ရသည်။ ထိုလူ၏ သွင်ပြင်မှာ သူ့အကြိုက်နှင့် အကိုက်ပင်။ မျက်ခုံးပင့်လိုက်ပြီးနောက် အလွန်အမင်း ဆွဲဆောင်မှုရှိရှိ လှပသည့် အပြုအမူဖြင့် လက်ချောင်းလေးများအား သွယ်ဆက်လိုက်သည်။


“အဲဒါဆိုရင် မင်း ငါ့ကို မွေးစားလိုက်ပေါ့..”


“အရူး..”


ကျန်းချိုး ပန်းကန်လုံးအားယူကာ လှည့်ထွက်သွားသည်။ သူ၏ နားသန်သီးလေးများမှာ ရဲရဲနီလို့နေသည်။


နင်ဖုန်း၊ သွမ့်ဝမ်ယွီ၊ ရှောင်ယန်နှင့် အခြားသူများသည် ခေါက်ဆွဲခွက်များအားကိုင်လျက်နှင့် ဖရဲစေ့စားနေကြလေသည်။ 


ကျွတ် ကျွတ် ကျွတ်.. ကျန်းချိုးချိုးလိုမျိုး ခွေးကောင်မှာတောင် တောက်ပတဲ့ နေ့ရက်လေးတွေ ရောက်လာသေးတာပဲ..


နေ့လယ်စာ လျင်မြန်စွာ စားသောက်ပြီးနောက် ခရီးဆက်ကြလေသည်။ နျဲ့ရှောင်သည် ရှဲ့ကျွင်းနှင့် နေရာလဲကာ မောင်းသူနေရာတွင် ထိုင်ပြီး အချိန်မလင့်စေရန် မောင်းနှင်လေသည်။


ထို့နောက် လူတိုင်း မိုးပျံရထား စီးရသည့် အတွေ့အကြုံအား ခံစားလိုက်ကြရတော့သည်။


လွန်ခဲ့သည့် ရက်များတွင် နင်ဖုန်းနှင့် အခြားသူများမှာ နျဲ့ရှောင်အား မည်သည်ကြောင့် ကားမောင်းခွင့် မပြုခဲ့မှန်း ရှဲ့ကျွင်း ရုတ်တရက် နားလည်သွားမိသည်။ အနှီပုဂ္ဂိုလ်မှာ ထရပ်ကားအား တိုက်လေယာဉ်သဖွယ် မောင်းနှင်နေခြင်းပင်။


ရေလှိုင်းများအကြား သွားလာနေလျှင်ပင် တစ်ချက်ကလေးမျှ တုန်လှုပ်ခြင်း မရှိခဲ့သော ရေသူမျိုးနွယ်ဝင် ပိုဆီယာပင်လျှင် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကားမူးနေလေသဖြင့် အနက်ရောင်သေတ္တာထဲ၌သာ ငါးသေတစ်ကောင်သဖွယ် သူ့ကိုယ်သူ နှစ်မြှုပ်ထားလေသည်။


ရှဲ့ကျွင်းမှာလည်း သည်းမခံနိုင်တော့ချေ။ သူ့ကိုယ်သူ *တူအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ကားထဲရှိ အပေါက်တစ်ခုထဲတွင် ဝင်နေလိုက်သည်။ ချက်ချင်းဆိုသလို မူးဝေခြင်း မရှိတော့ပေ။


ရှဲ့ကျွင်း၏ ပြောင်းလဲမှုအား မြင်တွေ့လိုက်ရသည့် ပိုဆီယာမှာ မျက်လုံးများ ပြူးကျယ်လာလေသည်။ 


ဟိုလီရှစ်!!! ချီကျန်းမျိုးနွယ်က လူတွေလည်း ကမ္ဘာကို အပျင်းပြေ ရောက်နေကြတာလား ဟ..


ရှဲ့ကျွင်းသည် ပိုဆီယာ၏ ထိတ်လန့်တုန်လှုပ်နေသည့်အကြည့်အား ခံစားမိသဖြင့် ပုဆိန်ထဲမှ ရှက်ကိုးရှက်ကန်း ပြောလာသည်။


“ဒါက ငါ့ရဲ့ စွမ်းရည်လေ.. တခြားလူတွေနဲ့ နည်းနည်းတော့ ကွဲနေတယ်မလား.. ဟားဟားဟား.. ဒါပေမဲ့ ငါက ကမ္ဘာပေါ်မှာ မွေးပြီး ကြီးလာတာပါကွ.. လူစင်စစ်နော်.. တူနတ်သားလေး မဟုတ်ဘူး..”


စိတ်ခံစားချက်များ ကပြောင်းကပြန် ဖြစ်သွားရရှာသော ပိုဆီယာ : “...” ငါ့ရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ပါ..


ပိုဆီယာသည် ကားထဲရှိ လူများအား ကြည့်လိုက်ပြီး *“စိတ်တူကိုယ်တူ” မည်မျှရှိနေမည်ကို မပြောနိုင်ချေ။ 


လူတိုင်းသာ ဒီလိုမျိုးဆိုရင် ငါတော့ မနေနိုင်ဘူးနော်.. (╥﹏╥)


ဒယ်ဒီဖြစ်သူ၏ အိတ်ကပ်ထဲတွင် ရှိနေဆဲဖြစ်သည့် ဟမ်းစတားလေးသည် မောင်းသူထိုင်ခုံးတွင် ထိုင်နေလျက်နှင့် အရှိန်ပြင်းပြင်း ကားမောင်းခြင်း အရသာကို တွေ့ကြုံခံစားနေလေသည်။


“ချိ..!!!” ဒယ်ဒီက အရမ်းမိုက်တာပဲ.. d-(´▽`)-b


ညရောက်လာသော်လည်း ယခင်နေ့များ၏ ခရီးသွားနှုန်းအား လိုက်မီစေရန် နှစ်နာရီခန့် ပိုမိုမောင်းနှင်ခဲ့ကြသည်။ ထို့နောက် ဗီလာအားထုတ်ယူကာ အနားယူကြသည်။


အနက်ရောင်သေတ္တာအတွင်း ရေစိမ်နေသည့် ပိုဆီယာအား ပထမထပ် ဧည့်ခန်းတွင် ရွှေ့ပြောင်းနေရာချထားလိုက်သည်။


နင်ဖုန်းသည် ပိုဆီယာ၏ သေတ္တာအတွင်းရှိ ပုလဲများအားကြည့်လိုက်ပြီးနောက် စူးစူးစမ်းစမ်း မေးလေသည်။


“ဒီပုလဲတွေက မင်းရဲ့ မိတ်လိုက်ကာလကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တာလား..”


ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင်နှင့် အခြားသူများ၏ သိချင်စိတ်လည်း တိုးလာသည့်အတွက် ပိုဆီယာအား လှမ်းကြည့်လာကြသည်။


ပိုဆီယာမှာ ထိုအကြောင်းအား ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိချေ။ ခေါင်းညိတ်လိုက်ပြီး လေးလေးနက်နက် ပြောလာသည်။


“ဟုတ်တယ်.. ဒီပုလဲတွေက ထူးခြားတယ်လေ.. သူ့မှာ ထိန်းချုပ်ဆေးတွေ ပါတယ် ဒါပေမဲ့ ရေအလုံအလောက် ရှိဖို့တော့ လိုတာပေါ့.. မိတ်လိုက်ကာလကို ကျော်ဖြတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတူနေဖို့ တစ်ယောက်ယောက် ရှာတာပဲ.. ဒါပေမဲ့ ရေသူတွေက တစ်သက်မှာ တစ်ယောက်ပဲ ရှိရမယ်လေ.. အဲဒါကြောင့် ပြဿနာရှာလိုက်လို့ မရဘူး..”


“ဒါကြောင့်ပဲ စကြဝဠာကြီးမှာ အမြင့်မြတ်ဆုံးမျိုးနွယ်က ငါတို့ ရေသူတွေ ဖြစ်နေရတာပေါ့..”


“…?” ဘယ်သူ့ကို လာရွှီးနေတာလဲ.. ¬_¬


ပိုဆီယာ၏ စိတ်ကြီးဝင်နေသည့် မျက်နှာကြောင့် နျဲ့ရှောင်အပါအဝင် သူတို့အားလုံး ကျန်းချိုးအား လှည့်မကြည့်ဘဲ မနေနိုင်ကြချေ။


ထိုရေသူမျိုးနွယ်၏ သစ္စာတရား ဆိုသည့်အရာအား သူတို့ အမှန်တကယ်ကို မမြင်နိုင်ပါလေ။


လူတိုင်း၏ စိုက်ကြည့်ခြင်း ခံနေရသူ ကျန်းချိုးမှာ နောက်သို့ ဆုတ်သွားမိပြီး နှုတ်ခမ်းထောင့်များမှာလည်း ထိန်းချုပ်မရနိုင်စွာ မဲ့ကျလာသည်။


ထိုအချိန်မှာပင် နင်ဖုန်းသည် ရုတ်တရက်ဆိုသလို ပြဿနာတစ်ရပ်အား သတိထားမိသွားသည်။ နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးအား တလက်လက် တောက်ပနေသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ပြီးနောက် မေးစေ့အား လက်ဖြင့်ပွတ်ကာ ဆိုလေသည်။


“ရေသူတွေမှာ မိတ်လိုက်ကာလ ရှိတယ်ဆိုတော့ ငါတို့ရဲ့ ဟမ်းစတားနတ်သားလေးမှာကော မိတ်လိုက်ကာလ ရှိမလား သိချင်မိတယ်နော်..”


ထိုစကားအား ကြားသည့်အခါ သွမ့်ဝမ်ယွီနှင့် အခြားသူများသည် တစ်ပြိုင်နက်တည်း ခေါင်းမော့ကာဖြင့် နျဲ့ရှောင်အား အဓိပ္ပါယ်ပါပါ ကြည့်လာကြသည်။


နျဲ့ရှောင် : “…”


နျဲ့ရှောင် ခေါင်းငုံ့လိုက်သည်နှင့် သူ့ပေါင်ပေါင်း၏ အပြစ်ကင်းစင်သော၊ မသိနားမလည်သော မျက်လုံးနက်နက်လေးများနှင့် ဆုံလေသည်။ ရုတ်တရက်ဆိုသလို အိမ်အောက်ထပ်တွင် ဆက်နေရန် မဝံ့ရဲတော့ချေ။ သွမ့်ဝမ်ယွီနှင့် အခြားသူများအား ပြန်ကြည့်လိုက်ပြီး ထိုလူများသည် သူ့မိသားစုမှ ပေါင်ပေါင်းအား အကျင့်ပျက်ကလေးလေး ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ပြုမူနေကြခြင်း ဖြစ်မည်ဟု ခံစားလာမိသည်။


“ပေါက်ကရတွေ ခန့်မှန်းမနေကြနဲ့တော့.. သွားအိပ်ကြ.. မနက်ဖြန် မနက်စောစော ခရီးဆက်ရဦးမယ်..”


နျဲ့ရှောင် လူတိုင်းအား အခန်းတွင်းသို့ ဝင်ရန်ခွင့်ပြုလိုက်ပြီး မည်သူ့ကိုမျှ စကားတစ်ခွန်းမဆိုဘဲနှင့် အပေါ်ထပ်ရှိ အိပ်ခန်းသို့ တက်သွားလေသည်။


သွမ့်ဝမ်ယွီနှင့် အခြားသူများသည် အလျင်စလိုနိုင်နေသည့် ပုံရိပ်အား ကြည့်ကာ ရယ်မောလိုက်ကြသည်။


“ဒီလိုဆို ငါတို့လည်း အိပ်ရာဝင်ကြစို့.. အားလုံးပဲ ဝမ်အန်း..”


“ဝမ်အန်း..”


ပိုဆီယာသည် အခန်းတွင်းသို့ ဝင်သွားကြသူများအားကြည့်ရင်း ဧည့်ခန်းထဲ၌ သူနှင့် ကျားကြီးတို့သာ ကျန်ခဲ့လေသဖြင့် အခွင့်အရေး ရလာပြီဟု ခံစားမိသည်။


သို့သော်လည်း အခန်းအတွင်းသို့ ဝင်ဿွားသည်မှာ စက္ကန့်ပိုင်းသာ ရှိနေသေးသည့် ကျန်းချိုး ရုတ်တရက် ပြန်ထွက်လာပြီး ကျစ်ဟွေ့ကွမ်အား အခန်းအတွင်းသို့ ခေါ်သွားလေသည်။ ထို့နောက် ပိုဆီယာအား ဟန်လုပ်ကြိမ်းမောင်းလိုက်သေးသည်။


“ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး.. မနက်ကျ ငါးအရိုးတွေ မြင်ရမယ်ဆိုရင် ကြောက်ဖို့ကောင်းလို့..”


ပိုဆီယာသည် ပြဿနာကောင် ကျန်းချိုး၏ နောက်ကျောအားကြည့်ကာ ဒေါသတကြီးဖြင့် ကျိန်ဆဲရင်း ရေထဲ၌ ပူစီဖောင်းများ ထွေးထုတ်နေတော့သည်။ 


အိပ်ခန်းအတွင်း၌။


ဟမ်းစတားလေးသည် လူသားအသွင်းသို့ ပြောင်းလဲထားပြီး နျဲ့ရှောင် ရေချိုးပြီးသည်ကို စောင့်နေလေသည်။ ထို့နောက် နျဲ့ရှောင်ထံသို့ တိုက်ရိုက် ပစ်ဝင်လိုက်သည်။


နျဲ့ရှောင်သည် ကောင်ငယ်လေးအား လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်ပြီးနောက် ပြုံးလျက် ဆိုလေသည်။


“ဘယ်လိုဖြစ်ပြီး အခန်းထဲရောက်မှ ပြောင်းလိုက်တာတုန်းကွ.. ပေါင်ပေါင်း တစ်နေ့လုံး မပြောင်းချင်ဘူးဆိုတာ ဒယ်ဒီ မှတ်မိတယ်နော်..”


“ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ ပွေ့ဖက်ပြီး အိပ်ချင်လို့ပါဆို..”


ရှောင်ဝူယိသည် သူ၏နက်နက်ရှိုင်းရှိုင်း အတွေးများအတွက် အလွန်ကောင်းမွန်သည့် အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။


နျဲ့ရှောင် ထိုစကားများကြောင့် ကြောင်အသွားသည်။ ကောင်ငယ်လေး၏ ဦးခေါင်းအား လက်ဖြင့်အသာပုတ်ကာ စောင်ပုံထဲသို့ ထည့်ပေးလိုက်ပြီးနောက် သူသည်လည်း ကုတင်ပေါ်သို့ တက်လိုက်သည်။


“ဟုတ်ပါပြီကွာ.. ဒါဆို အိပ်ကြစို့..”


နျဲ့ရှောင်သည် ရှောင်ဝူယိအတွက် သက်သောင့်သက်သာရှိမည့် အနေအထား ရှာဖွေပေးပြီးနောက် မျက်လုံးများ မှိတ်လိုက်တော့သည်။


သို့သော်လည်း ခေတ္တကြာပြီးနောက် ကောင်ငယ်လေး စတင်လှုပ်ရှားလာပြန်သည်။ နျဲ့ရှောင် မျက်လုံးဖွင့်လိုက်သည့်အခါ ရှောင်ဝူယိ၏ ကြည်လင်တောက်ပနေ‌သော မျက်လုံးနက်နက်လေးများအား မြင်တွေ့လိုက်ရသည်။


“ဘာဖြစ်လို့လဲကွ..”


“‌ပေါင်ပေါင်း အိပ်ရာမဝင်ခင် အာဘွား မွမွလေး လိုချင်..” 😗


ရှောင်ဝူယိသည် နျဲ့ရှောင်အားကြည့်ကာ အလိုလိုက်ခံထားသဖြင့် ဆိုးသွမ်းနေသည့် ကလေးသဖွယ် ပူဆာလေသည်။


နျဲ့ရှောင် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး ကောင်ကလေး၏ နဖူးလေးအား ခပ်ဖွဖွ အနမ်းပေးလိုက်သည်။


“အခု အိပ်လို့ရပြီလား ဘိုးဘေးလေး ခင်ဗျ..”


“အဲလိုဟုတ်ဘူးလို့..”


ရှောင်ဝူယိ မျက်ခုံးများ တွန့်ကွေးကာ စိတ်ကျေနပ်မှု မရှိဟန်ဖြင့် ပြောသည်။ ထို့နောက်တွင် ခေါင်းမော့ကာ အပေါ်သို့ တိုးသွားပြီး နျဲ့ရှောင်၏ နှုတ်ခမ်းအား မွချိ ပေးလိုက်သည်။ ထို့နောက်တွင် ပန်းနုရောင် လျှာဖျားလေးအားထုတ်ကာ သားရိုင်းလေးသဖွယ် နူးနူးညံ့ညံ့လေး လျက်နေလေသည်။


စိုစိုစွတ်စွတ် အထိအတွေ့အား ခံစားမိသဖြင့် နျဲ့ရှောင်၏ မျက်လုံးများ ရုတ်တရက် နက်မှောင်လာသလို အသံလည်း အက်ကွဲလာသည်။


“ဘာတွေလုပ်နေတာလဲ ပေါင်ပေါင်းရ..”


“အဲဒီ စိတ်မမှန်တဲ့ငါးနဲ့ ကျန်းချိုးချိုးက ဒီလိုမျိုး အာဘွား မွမွ ပေးနေကြတာကို ပေါင်ပေါင်း မြင်လိုက်ပါတယ်နော်.. သူတို့ကို ကြည့်ရတာ အရမ်းအဆင်ပြေတဲ့ပုံပဲ ဒယ်ဒီရဲ့.. ပေါင်ပေါင်းလည်း လိုချင်တာပေါ့..”


ရှောင်ဝူယိသည် သူ၏မျက်နှာသေးသေးလေးအား ရှုံ့မဲ့ကာ အနည်းငယ် ဝမ်းနည်းနေဟန်ရှိသည်။ နျဲ့ရှောင်နှင့် အာဘွားမွမွ ပေးချိန်တိုင်းတွင် ထိုစိုစိုစွတ်စွတ် အထိအတွေ့အား မရရှိခဲ့ပေ။


ထိုစကားအား နားထောင်ပြီး နျဲ့ရှောင်မှာ သူ၏ ပေါင်ပေါင်းအား လမ်းမှားရောက်စေသည့် နှစ်ကောင်ကိုသာ စိတ်ထဲမှ ကြိမ်းမောင်းနေမိတော့သည်။


“ဒယ်ဒီ~ နော်လို့.. ပေါင်ပေါင်းကို သင်ပေးပါလား ဟင်..” 🥺


ရှောင်ဝူယိသည် နျဲ့ရှောင်၏ ညဝတ်အင်္ကျီအား လက်ကလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ကြည့်နေလေသည်။


နျဲ့ရှောင်း ခေါင်းငုံ့လိုက်သည်နှင့် ကောင်ငယ်လေး၏ မျှော်လင့်စောင့်စားနေသော အကြည့်များနှင့် ရင်ဆိုင်ရလေသည်။ လည်ပင်း ‌ခြောက်ကပ်လာပြီး သူ၏ ဦးခေါင်းထဲရှိ ကြိုးတစ်ချောင်းမှာလည်း ထောက်ခနဲ ပြတ်တောက်သွဦးလေသည်။


ယနေ့တွင် သူ သိက္ခာရှိချင်ဟန် မဆောင်ချင်တော့ပေ။


“ဟုတ်ပြီကွာ.. ဒယ်ဒီ သင်ပေးမယ်..”


နျဲ့ရှောင်မှာ ဟမ်းစတားနတ်သားလေး၏ မြှူဆွယ်ဖျားယောင်းခြင်း ခံလိုက်ရလေပြီ။ သူ့ကိုယ်သူ ထိန်းချုပ်ခြင်း မပြုတော့ဘဲ ကောင်ငယ်လေးအနီးသို့ ချဉ်းကပ်သွားသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် စွဲလမ်းမှုတို့ ပျော်ဝင်နေပြီး ဩရှရှ အသံခပ်အက်အက်မှာ ကောင်ငယ်လေး၏ နှလုံးသားအား ငှက်မွေးလေးဖြင့် ကလူကျီစယ်ခံရသယောင် ယားယံလာသည်။ 


ရှောင်ဝူယိသည် ရုတ်တရက်ဆိုသလို ညအမှောင်၏ အရှင်သခင်တစ်ဦးသဖွယ် ပြောင်းလဲသွားသည့် နျဲ့ရှောင်အား ကြည့်ကာ သူ၏ မျက်နှာလေး ချက်ချင်းဆိုသလို ရှက်သွေးဖြာလာသည်။ နျဲ့ရှောင်အားကြည့်ရန် ရှက်လွန်းလှသဖြင့် မသိစိတ်မှ မျက်လုံးလေးများအား မှိတ်လိုက်မိသည်။


သူ၏ လက်ကလေးများမှာ မသိမသာ တောင့်တင်းလို့နေသည်။


နျဲ့ရှောင်သည် ကောင်ငယ်လေး၏ အသွင်အပြင်အားကြည့်ကာ ရယ်မောလိုက်မိပြီး နှုတ်ခမ်းပါးလေးအား တိုက်ရိုက်နမ်းရှိုက်ကာဖြင့် စူးစမ်းလိုစိတ် အပြည့်ရှိနေသည့် ပေါင်ပေါင်းအား ပွင်းလင်းသိသာရှည်ကြာသည့် သင်ခန်းစာတစ်ခု ပေးလိုက်တော့သည်။


ပြီးနောက်တွင် နျဲ့ရှောင်သည် ဆိုးဆိုးဝါးဝါး နမ်းရှိုက်ခံထားရသည့် ကောင်ငယ်လေးအားကြည့်ကာ မျက်လုံးများ ဝေဝါးလာသည်။ ထပ်မံရယ်မောလိုက်ပြီးနောက် ခေတ္တမျှ လွှတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ဖြူဖွေးချောမွေ့နေသည့် ပါးဖောင်းဖောင်းလေးအား ခပ်သာသာ ကိုက်လိုက်သည်။


“အသက်ရှူပါဦး ပေါင်ပေါင်းရဲ့..”


“ဘယ်လိုလဲ သင်ပြီးပြီလား..”


ရှောင်ဝူယိ အသက်ရှူနေမိပြီး ပုစွန်ကွေးလေး တစ်ကောင်သဖွယ် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။ သူ၏နှုတ်ခမ်းပါးမှာ အနမ်းခံထားရသဖြင့် နီနီရဲရဲ ဖောင်းအိအိလေး ဖြစ်နေသော်လည်း မျှော်လင့်မထားစွာ သူတို့နှစ်ဦး၏ နှုတ်ခမ်းပါးနှင့် သွားများ အတူတကွ ပေါင်းစပ်သွားသည့် ခံစားချက်အား သဘောကျ နှစ်သက်မိလေသည်။


သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နျဲ့ရှောင်၏ ရနံ့များဖြင့် ထွေးပွေ့ခံထားရသကဲ့သို့ လွန်စွာ သက်သောင့်သက်သာ ရှိလှပြီး အရည်ပျော်ကျလုမတတ်ပင်။


“ဒီ အာဘွား မွမွကို ပေါင်ပေါင်း သဘောကျတယ်လို့..” 🫣


ရှောင်ဝူယိသည် ရှက်သွေးဖြာနေသည့် မျက်နှာလေးအား လက်ကလေးများဖြင့် အုပ်ထားသည်။ အသက်ဝဝ ရှူပြီးသည့်နောက်တွင် နျဲ့ရှောင်၏ ညဝတ်အင်္ကျီအား လက်ကလေးများဖြင့် ဆုပ်ကိုင်လိုက်ပြန်ပြီး မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။ နှင်းဆီနီရောင်သန်းနေသည့် ပါးစပ်ကလေးများအား ဖွင့်ချည်ပိတ်ချည် လုပ်ပြီးနောက် ဆိုလေသည်။


“‌ပေါင်ပေါင်း သင်ပြီးပေမဲ့ ထပ်လိုချင်နေတုန်းပဲလို့..”


ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင်မှာ ဤသို့သာ တွေးမိတော့သည်။ ‘ငါ့ရှေ့က နတ်သူငယ်လေးက အနမ်းတောင်းနေတာ မဟုတ်ဘဲ ငါ့အသက်ကို လိုချင်နေတာများလား..’


သို့သော်လည်း အောင်အောင်မြင်မြင် ဆွဲဆောင်ထားခံရသည့် နျဲ့ရှောင်မှာ ထိန်းမထားနိုင်တော့ဘဲနှင့် ရှောင်ဝူယိအား သူ၏အောက်သို့ပို့ကာ နမ်းရှိုက်ပြန်သည်။ အကြိမ်ပေါင်းများစွာ နမ်းရှိုက်ပြီးနောက်တွင် နျဲ့ရှောင်မှာ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ အသက်ရှူသံများ ကမောက်ကမ ဖြစ်လာသည်။


နျဲ့ရှောင် အဆုံးထိ သည်းခံထားပြီး နောက်တစ်ခေါက် မဆက်ရဲတော့ချေ။ ကောင်ငယ်လေး၏ နီရဲစိုအိနေသည့် နှုတ်ခမ်းဖူးလေးအား လက်ချောင်းများဖြင့် ခပ်ဖွဖွ သုတ်လိုက်ပြီးနောက် ကောင်ငယ်လေးအား ရင်ခွင်ထဲထည့်ကာ အက်ကွဲနေသည့်အသံဖြင့် ပြောလေသည်။


“ဒီနေ့အတွက် အာဘွား မွမွက လုံလောက်သွားပြီ.. ဒီလောက်နဲ့ တော်တော့နော်.. လိမ်လိမ်မာမာလေး အိပ်မယ်..”


ရှောင်ဝူယိသည် စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းလေးအား တစ်ချက်ကိုက်လိုက်သည်။ မျက်လုံးများ မှိတ်လိုက်ပြီး‌နောက် နာနာခံခံဖြင့် နျဲ့ရှောင်၏ လက်မောင်းထဲ ခေါင်းတိုးဝှေ့ကာ အိပ်လေသည်။


“ဝမ်အန်း ဒယ်ဒီ..”


“…အိ? ဘာလား.. ဒယ်ဒီရေ.. ပေါင်ပေါင်းကို စောင်ထဲကနေ လာထိနေတာကြီး ရှိနေတယ်..”


“ဘာမှမဟုတ်ပါဘူးကွာ.. မလှုပ်နဲ့နော် လိမ္မာတယ်..”


နျဲ့ရှောင်၏ အသက်ရှူသံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်လာသည်။ အောက်ဘက်သို့ ဆင်းတော့မည့် ရှောင်ဝူယိ၏ လက်များအား ဖမ်းဆုပ်လိုက်ပြီးနောက် ခေါင်းငုံ့ကာဖြင့် ရှောင်ဝူယိ၏ ဆံပင်များအား ညင်သာစွာ နမ်းရှိုက်လိုက်သည်။


“တစ်ခုခု ရှိနေတာပါဆို..”


“*ပေါင်းရာ လိမ္မာပါကွာ.. ပြဿနာ မရှာနဲ့နော်.. ”


ကောင်ကလေး၏ အသက်ရှူသံ တည်ငြိမ်သွားသည်အထိ သည်းခံနေခဲ့ရသည်။ ထို့နောက် နျဲ့ရှောင်မှာ လုံခြုံသွားလေပြီ။ ဂရုတစိုက်ဖြင့် သူ၏ခန္ဓာကိုယ်အား ဆွဲယူကာ ကုတင်ပေါ်မှ ညင်သာတိတ်ဆိတ်စွာ ဆင်းပြီးနောက် ရေချိုးခန်းအတွင်သို့ ဝင်သွားလိုက်သည်။


အချိန်အတော်ကြာပြီးနောက်မှ နျဲ့ရှောင် ကုတင်ပေါ်သို့ ပြန်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေငွေ့များ ဖုံးလွှမ်းနေလေသည်။


ထို့နောက် သူသည်လည်း အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားတော့သည်။

***


သို့သော်လည်း နျဲ့ရှောင်၏အဖွဲ့ အိပ်မောကျနေစဉ်တွင် ကမ္ဘာပျက်ကပ်၏ အခြေအနေမှာ ပိုမိုဆိုးဝါးပြင်းထန်လာပြီး မကြာမီတွင် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး ကြီးမားသည့် အခက်အခဲနှင့် ရင်ဆိုင်ရတော့မည်ပင်။


အရာအားလုံး၏ တရားခံသည် လက်ခုပ်တီးကာ ဝမ်းသာအားရဖြင့် ကုန်းမြေပေါ်မှ ထွက်ခွာသွားပြီး ကြယ်စင်များအကြားရှိ လျှို့ဝှက်ဓာတ်ခွဲခန်းရှိရာသို့ ပြန်သွားလေသည်။ သူ၏ အချိန်များအား လှောင်အိမ်တစ်လုံး သန့်စင်ရာတွင်သာ နှစ်မြှုပ်ထားတော့သည်။


ထို့နောက်တွင် ထိုလှောင်အိမ်များကိုသာ ယူဆောင်ကာဖြင့် သူဖန်တီးထားခဲ့သည့် ဂြိုလ်များသို့သွားကာ မင်းသားလေးအား လွယ်လင့်တကူ ဖမ်းဆီးနိုင်မည် ဖြစ်သည်။


အသက်ဓာတ်နှင့် အာကာသ-အချိန် ကို ထိန်းချုပ်နိုင်စွမ်းရှိသည့် မင်းသားလေးသည် ကမ္ဘာပျက်ကပ် ဖြစ်ပွားနေသော ကမ္ဘာမြေ၏ မျှော်လင့်ချက် အလင်းရောင်လေးပင်။


ဘယ်လောက်တောင် ရှာဖို့ လွယ်လိုက်သလဲနော်.. မဟုတ်ဘူးလား..

 *


*ကျစ်ဟွေ့ကွမ်စားတဲ့ ခွက်ဆိုတာက ဘေစင်ဆိုဒ်လောက်ရှိတဲ့ ခွက်ကြီးပါ။ သူက ဘေစင်အရွယ်လောက်ရှိတာကို ထည့်ရေးထားတယ်။ ဒါပေမဲ့ မြန်မာလို့ ဘာသာပြန်ထည့်ရေးရင် ထောက်နေလို့ ဖြုတ်ထားလိုက်ပြီး အခုမှ ပြန်ရှင်းပြတာပါ။ 


*ရှဲ့ကျွင်းရဲ့စွမ်းရည်က အရိုးရှည်တပ်တူ ဖြစ်ပြီး လျှိုတာ့ရှန်ရဲ့ စွမ်းရည်က ပုဆိန်ပါ။ ဒါပေမဲ့ ဒီအပိုင်းမှာ ရှဲ့ကျွင်း ပုံစံပြောင်းတာကို ပုဆိန်လို့ ရေးထားတယ်။ မှားရေးတာလားတော့ မသိပေမဲ့ သုံးခါတောင် ပုဆိန်လို့ ရေးထားတာပါ။ ဒါပေမဲ့လည်း ဘာသာပြန်တဲ့အခါ အရှေ့အပိုင်းတွေမှာ ဖော်ပြလာခဲ့ပြီးဖြစ်တဲ့ မူရင်းသဏ္ဌာန် (အရိုးရှည်တပ်)တူ လို့ပဲ ရေးလိုက်ပါတယ်။


*အပိုင်း ၄၃ ရဲ့ အဆုံးသတ်မှာ “people with same trade (စိတ်တူကိုယ်တူ)” လို့ ဖော်ပြခဲ့ပြီး အဲဒါကို အခု ‘comrades’ လို့ ပြောင်းသုံးထားတာပါ။ အဲဒါကြောင့် comrades ကို စိတ်တူကိုယ်တူ သို့မဟုတ် ရဲဘော်ရဲဘက် အဆင်သင့်သလို သုံးပါမယ်။ 


*နျဲ့ရှောင်က ပေါင်ပေါင်းလို့ ခေါ်ရာကနေ ဒီနေရာမှာ “ပေါင်း” လို့ ခေါ်လိုက်တာပါ။