"FATED" _________ __________ ___________
သူအဆုံးအစမဲ့သည့် ပင်လယ်ထဲတွင် နစ်မြုပ်နေသကဲ့သို့ခံစားနေရသည်။သူအချိန်ဘယ်လောက်ကြာကြာ အသက်ရှူရခက်သည့်ဒဏ်ကိုခံစားနေရမှန်းမသိပေမယ့် သေချာတာကတော့ သူအခုထိမသေဆုံးသေးပေ။
"မင်္ဂလာပါ Host ကောင်းသောတွေ့စုံခြင်းပါ"
မကြားရတာ ရက်ပေါင်းများစွာကြာခဲ့ရသည့် သက်ရှိတစ်ဦး၏အသံကိုကြားလိုက်ရသည့်အခါ သူစိတ်လှုပ်ရှားစွာဖြင့်မျက်လုံးကိုဖွင့်ကြည့်မိသည်။သို့သော် ထူးဆန်းမှုကိုပါ သူတစ်ပြိုင်နက်ကြုံတွေ့လိုက်ရသည်။
ငါအသက်ရှူလို့ရသွားပြီ။
ငါ ... ငါ အသက်ရှင်ပြီ။
သူမျက်လုံးဖွင့်ကြည့်သည့်အခါမြင်လိုက်ရသည်က နက်ပြာရောင်ပင်လယ်ရေပြင်အောက်မဟုတ်ဘဲ အဖြူရောင်မြူခိုးတွေနှင့်ပြည့်နှပ်နေသည့်နေရာတစ်ခုပင်ဖြစ်၏။
"ဒီမှာလူရှိလားခင်ဗျ!!!"
သူစောနကသက်ရှိတစ်ဦးဦး၏အသံကိုကြားလိုက်ရသည်မှာသေချာပေါက်ပင်။အခုတော့ သူတစ်ဦးတစ်ယောက်ကိုမျှမတွေ့မိချေ။
"တွေ့ရတာ၀မ်းသာပါတယ် host ကျွန်တော်က 'ငြိမ်းချမ်းရေးSystem'ပါ ကျွန်တော်ကို လျို့ လို့လည်းအလွယ်ခေါ်လို့ရပါတယ်..."
"လျို့ ~ ခြောက်?"
"ဟုတ်ပါတယ် အဲ့ဒီ လျို့ ပါ"
"မင်းက ဘယ်နေရာမှာလဲ လျို့~"
သူမြင်နိုင်စွမ်းမရှိသည့်မြူခိုးပတ်၀န်းကျင်ကိုသူလှည့်လည်ကြည့်ရှုမိသည်။သို့သော် မည်သည့်သက်ရှိတစ်စုံတစ်ခုကိုမျှရှာဖွေတွေ့ရှိခြင်းမရှိပေ။
"Host ကအခုချိန်မှာ လျို့ ကိုတွေ့နိုင်စွမ်းမရှိသေးပါဘူး သတ်မှတ်ထားတဲ့ကျင့်ကြံမှုအဆင့်ကိုရောက်မှသာ လျို့ ကိုတွေ့နိုင်စွမ်းရှိမှာပါ~"
"ကျင့်ကြံမှုအဆင့် အဲ့ဒါကဘာလဲ"
"Host ကို လျို့က တာ၀န်တွေတစ်ခုပြီးတစ်ခုပေးမှာပါ အောင်မြင်ရင် ဝိညာဥ်စွမ်းအားတွေတဖြည်းဖြည်းချင်းတိုးတက်လာပြီး နောက်ဆုံး host မှာသန်မာတဲ့၀ိညာဥ်ခန္ဓာရှိလာမှာပါ"
"အဲ့တော့~~~"
"အဲ့ကျရင် သိလာပါလိမ့်မယ် ပြီးတော့ လျို့ ပေးတဲ့ကျင့်ကြံခြင်းနည်းလမ်းကိုလည်းကျင့်ပေးဖို့အကြံပြုပါတယ် ဒါက host အတွက်အရမ်းအရေးကြီးလို့ပါ ဒါမှလည်း လျို့ ကိုလည်းမြင်တွေ့လာနိုင်မှာလေ"
သူမမြင်ရသည့် မြူခိုးတွေကိုမှင်သေသေမျက်နှာနဲ့စိုက်ကြည့်နေမိသည်။ သူ့အသိဉာဏ်၊သူ့ခန္ဓာ အရာရာဟာပေါ့ပါးနေပြီး ဘာမှမရှိ အရာရာနတ္တိလိုခံစားနေရသည်။သူ ထိုထူဆန်းသည့်ခံစားချက်ကြောင့် လျို့ ဆိုသူကိုမေးလိုက်သည်။
"ငါကဘယ်သူလဲ ငါ့မှာဘာမှမရှိမပိုင်ဆိုင်သလိုခံစားနေရတယ်"
"host အတွက်အခုချိန်မှာမသိသေးတာအကောင်းဆုံးပါ Host နံမည်ကတော့ ရှ၀မ်အန်း ပါ"
"၀မ်အန်း....ကောင်းသောည"
"ဟုတ်ပါတယ် "
သူ့လက်တွေကိုအသာဆန့်ပြီး မြူခိုးတွေကိုတို့ထိမိသည်။ထိုအခါမှကိုယ့်ကိုယ်ကို သတိထားမိသည်။သူ့လက်တွေကလုံး၀ကိုကြည်လင်နေတာပင်။အရာရာကိုအတိုင်းတိုင်းဖောက်ထွင်းမြင်နေရပြီး လက်ဆိုတာကိုသိသာစေသည့်မှုန်၀ါး၀ါးအရာလေးသာရှိသည်။
လျို့ပြောသလိုဆို ငါက၀ိညာဥ်ပေါ့။သူပေးတဲ့တာ၀န်တွေကိုအောင်မြင်ရင်ငါ့၀ိညာဥ်စွမ်းတွေတဖြည်းဖြည်းမြင့်တတ်လာပြီးအကောင်အထည်ရှိလာမယ်ပေါ့။
ဒါပေမယ့် ငါကဘာတွေလုပ်ရမှာလဲ။
ငါဦးနှောက်ကအခုဆို အရာရာဗလာနတ္တိလေ။
ဘာမှမသိဘူး။သူလုပ်ခိုင်းတဲ့တာ၀န်တွေကိုလုပ်နိုင်သည်အထိတွေးတောနိုင်စွမ်းရှိပါ့မလား။
"Host ဒါအတွက်မပူပါနဲ့ သူ့အလိုလိုလိုက်လျောညီထွေဖြစ်သွားပါလိမ့်မယ် အခုကျွန်တော်ပေးတဲ့အရာနှစ်ခုကိုကျွမ်းကျင်အောင်အချိန်ရှိတိုင်းလေ့ကျင့်ပေးပါ...ခဏနေရင်တာ၀န်ထမ်းဆောင်ရမယ့်နေရာကိုကူးပြောင်းရတော့မှာမို့ပါ"
လျို့ ၏ စကားသံအဆုံး သူ့မြင်ကွင်းအတွင်းအနီရောင်အစက်ကလေးနှစ်စက်ပေါ်လာပြီးထိုအစက်လေးများက သူ့နှဖူးအတွင်းသို့၀င်ရောက်ပျောက်ကွယ်သွားသည်။
ခဏကြာသော် သူ၏ ဦးနှောက်ဗလာအထဲတွင်အသိဥာဏ်တစ်ချို့၀င်ရောက်လာသည်။
အနီရောင်ကောင်းကင်မီးတောက်ဖီးနစ်ကျင့်စဥ်____
အဆင့်၉ဆင့်ပါရှိပြီး အမြင့်ဆုံးထိကျင့်ကြံနိုင်ပါက သွေးတစ်စက်မှပြန်လည်မွေးဖွားနိုင်သည်အထိအစွမ်းရှိသည်။ဖင်းဂေါ့ကျင့်စဥ်ဖြစ်၍ ခန္ဓာအသစ်ပြန်ဖြစ်နိုင်စွမ်းမြင့်မားသည်။
မီးတောက်လွှမ်းခြုံဓားသိုင်း_____
ဓားသိုင်း၁၅ကွပ်ပါရှိပြီး ၁ကွပ်တွင်လှုပ်ရှားမှာ ၁၂၅ကွပ်စီပါရှိသည်။ရှေးဖင်းဂေါ့ခေတ်ဦးပိုင်းကတည်းကသိုင်းဖြစ်၍အစွမ်းကတ္တိမကြီးမားသည်။
"host အခုကစပြီးအချိန်ရရင်ကျင့်ကြံပေးပါ လုံး၀မေ့လျော့လို့မရပါဘူး အိုး~ ဒါနဲ့မေ့တော့မလို့ host ရဲ့လက်မှာ အဖြူရောင်လက်စွပ်လေးစွပ်ပေးထားတယ် အဲ့ဒီအထဲမှာ host ကျင့်စဥ်အတွက်လိုအပ်တာတွေအကုန်ရှိတယ် ကောင်းပြီကူးပြောင်းရအောင် နားမလည်တာရှိရင်လည်း ဟိုရောက်မှမေးတော့"
လျို့ ၏စကားသံအဆုံး သူရဲ့ လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သည့်အခါ ဘယ်ဘက်လက်သကြွယ်တွင် အဖြူရောင်ကျောက်စိမ်းလက်စွပ်လေးရှိနေသည်။
သို့သော် အသေအချာပင်မလေ့လာရသေး ရုတ်တရက် သူ့၀ိညာဥ်ကိုအားပြင်းပြင်းဖြင့်တစ်စုံတစ်ခုကစုတ်ယူလိုက်မှုကြောင့် ခေါင်းတစ်ခုလုံးချာချာလည်လည်ကာမူးနောက်နောက်ဖြင့်လောကတစ်ခုလုံးအမှောင်ဖုံး၍သတိလစ်သွားရတော့သည်။
___________________________________________
ဖင်းဂေါ့ကျင့်စဥ်(Fiendgod)ဖျက်ဆီးမရတဲ့ခန္ဓာကိုယ်၊အလွန်ခွန်အားကြီးမားခြင်း၊ခေါင်းသုံးလုံးလက်ခြောက်ဖက်ထွက်အောင်လုပ်နိုင်ခြင်း၊သွေးတစ်စက်မှခန္ဓာကိုယ်အသစ်ပြန်လည်မွေးဖွားခြင်း၊ထာ၀ရတန်ခိုးရှင်ဖြစ်ပြီးမသေဆုံးနိုင်ခြင်း။
ဒီထဲမှာ Zack ရဲ့သားလေးက ခေါင်းသုံးလုံးလက်ခြောက်ဖက်တော့ထွက်မလာပါဘူး စိတ်ချပါလို့🤣
ဖင်းဂေါ့ခေတ် ဆိုတာကတော့ ပန်ကု နဲ့ နွီ၀ါ ကနေစရမှာပဲ။နွီ၀ါ ကိုတော့ ကြားဖူးလောက်မှာပါ Gardian ဖတ်ဖူးရင်ပေါ့။
သူတို့ကိုဒီလိုဖွင့်ဆိုထားပါတယ်။
Pangu:The creator deity who made the universe the Fiendgod of the Primordial Chaos.
Nuwa:Ever since Pangu died after creating the universe , only she , Miss Nuwa , has reached Pangu's level.
ဖန်ကုက စကြာဝဋ္ဌာကို ဖန်ဆင်းပေးပြီး နွီ၀ါက လူသားတွေကိုဖန်ဆင်းပေးတယ်လို့ အဆိုရှိကြပါတယ်။
Zack Note_ယုံတာမယုံတာအသာထား ဒဏ္ဍာရီတွေကဖတ်ရတာတော့အတော်ခံတွင်းတွေ့😌
___________________________________________
L-Zee.U